Channel Myanmar

[18+] My Father, Myself (2022)

AdultBLDrama

IMDB: /10 votes

449218

Report error

My Father, Myself (2022)

မက်သရူးရဲ့ဖခင်ဟာလယ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး ငယ်ရွယ်စဉ်မှာပဲမလိုသူတွေရဲ့လုပ်ကြံမှုကြောင့်
သေဆုံးခဲ့ရပါတယ်။ဖခင်သေဆုံးချိန်မှာ သူ့ရဲ့ခေါင်းကိုင်အဖလည်းဖြစ်၊ ဖခင်ဖြစ်သူရဲ့ရှေ့နေ၊အရင်းနှီးဆုံးမိတ်ဆွေ
တစ်ယောက်ဖြစ်တဲ့ ရောဘတ်ရဲ့စောင့်ရှောက်မှုအောက်ကိုမက်သရူးရောက်ရှိခဲ့ပါတယ်။
ရောဘတ်ရဲ့ဇနီး၊ သမီးဖြစ်သူတို့ကလည်း မက်သရူးကိုအရင်းအချာနဲ့မခြားနွေးနွေးထွေးထွေးကြိုဆိုစောင့်ရှောက်ခဲ့ကြသလို
ပျိုးထောင်မှုကောင်းတွေရရှိခဲ့တဲ့အတွက် မက်သရူးဟာ ပညာရေးမှာပေါက်မြောက်ထူးချွန်ခဲ့ပြီး လိုင်စင်ရရှေ့နေဖြစ်
ဘားစာမေးပွဲကိုပါ ထိပ်ဆုံးက အောင်မြင်ခဲ့ပါတယ်။

ဒီအချိန်မှာပဲအရွယ်ရောက်ခံစားချက်တွေပြောင်းလဲလာပြီဖြစ်တဲ့အတွက် ရောဘတ်ရဲ့သမီးငယ် မီကာက သူ့ကိုချစ်တဲ့
အကြောင်း၊ သူ့မိခင်ကိုယ်တိုင်ကလည်း သဘောတူညီကြောင်းပြောလာခဲ့ပါတယ်။ သိပ်ချစ်ခင်စည်းလုံးကြတဲ့မိသားစုတစ်ခုအနေနဲ့ရော
ပတ်ဝန်းကျင်တစ်ခုလုံးကပါ သူ့ကိုမွေးစားသားလို့သိထားကြတဲ့အတွက်ပါ အနာဂတ်အတွက် ဘာအနှောင့်အယှက်မှမရှိပြေပြစ်ချောမောနေတဲ့
အခြေအနေတစ်ခုကိုမက်သရူးရော မွေးစားဖခင်ဖြစ်သူ ရောဘတ်ကိုယ်တိုင်ကပါ အင်တင်တင်ဖြစ်နေခဲ့ကြရာကနေ သူတို့မိသားစုအတွက်
မုန်တိုင်းတစ်ခုအစပျိုးလာပါတော့တယ်။ အဲ့ဒီလျှို့ဝှက်ချက်တွေဘယ်ကစအမြစ်တည်လာခဲ့လဲဆိုတာ ဆက်လက်ရှုစားကြပါ။

trailer ထွက်ရှိချိန်မှာ LGBT+ အသိုင်းအဝိုင်းအပေါ်မကောင်းတဲ့ရိုက်ခတ်မှုတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်တကြီးဝေဖန်ချက်တွေထွက်ပေါ်လာခဲ့ပေမယ့်
ဒါရိုက်တာကတော့ ဒါဟာသူ့မွေးရပ်မြေမှာတကယ်ရှိခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် ဒီလိုဇာတ်လမ်းတိုင်းဟာ
အပြုသဘောဖြစ်နေစရာမလိုဘူးလို့ဆိုခဲ့ပါတယ်။
အငြင်းပွားမှုတွေရှိနေခဲ့ပေမယ့်လည်း Metro Manila Film Festival မှာ ဆန်ကာတင်ဆုခုနှစ်ခုဝင်ခဲ့ပြီး ဆု ၃ ခုဆွတ်ခူးခဲ့ပါသေးတယ်။

ဒီဇာတ်လမ်းကိုကြည့်တဲ့အခါ ဆရာမဂျူးရဲ့ ဖေဖေ့သူငယ်ချင်း ဝတ္တုကိုအမှတ်ရစရာဖြစ်ပါလိမ့်မယ်။
ဘယ်နေရာတွေမှာတိုက်ဆိုင်တူညီနေမလဲဆိုတာတော့ ကိုယ်တိုင်အဖြေရှာကြစေချင်ပါတယ်။

File size…(1.6 GB) / (710 MB)
Quality….WEB-DL 1080p /720p
Format…mp4
Duration….01:43:23
Subtitle….Myanmar Subtitle(Hardsub)
Encoder….RGB
Translated by ALS



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies