ဒီဇာတ်လမ်းလေးကတော့ Comedyကိုမှ LGBTQ ပုံစံလေးနဲ့
ဇာတ်အိမ်တည်ထားပါတယ်…။
Dark Comedyလေးတွေနဲ့ ဗရုတ်သုတ်ခ ဂေးတို့ဘဝကို ပီပီပြင်ပြင်
မြင်တွေ့ရဦးမယ့်ကားလေးပါပဲ…။
ဇာတ်လမ်းနာမည်ဖြစ်တဲ့ Down Lowဆိုတဲ့အတိုင်း သိုသိုသိပ်သိပ်ဖုံးဖုံးဖိဖိနဲ့
ကြိတ်ပုန်းဂေးနေတဲ့ အိမ်ထောင်ရှင်ကြီးအကြောင်းပေါ့…။
ဇာတ်လမ်းအကျဥ်းလေးကတော့
ဂေရီဟာ နောက်တစ်လသာအသက်ရှင်ရတော့မယ့် ရောဂါရှင်အိမ်ထောင်သည်ကြီးပါ…။
သူမသေခင်လေးမှာ တစ်သက်လုံးဖုံးဖိလာခဲ့တဲ့ ဆန္ဒလေးတွေကို ဖြစ်မြောက်အောင်
အကောင်အထည်ဖော်ကြည့်မယ်ဟဲ့ဆိုပြီး ဂေးနေကြောင်းမိသားစုကို ဖွင့်ပြောလိုက်ပါတယ်…။
ဖွင့်ပြောပြီးချက်ချင်းပဲ ဇနီးနဲ့သားနှစ်ယောက်က ပစ်သွားလို့ တစ်ကိုယ်တည်းကြေကွဲနေရသူပေါ့…။
ဒီလိုနဲ့ ပွ့င်ချင်တာတောင် ပြည့်ပြည့်ဝဝ မပွင့်ရဲ မပွင့်တတ်တော့ပါဘူး…။
တစ်ကိုယ်တည်းဘဝဖြစ်သွားပြီးနောက် သူ့ဆန္ဒလေးတွေပြည့်ဝအောင်ဆိုပြီး
ဂေးအနှိပ်သည်လေးတစ်ယောက်ကို ငှားလိုက်ပါတယ်….။
ဒီမှာစပြီး ငါးပါးမှောက်တဲ့ဇာတ်လမ်းကစတော့တာပါပဲ…။
အပုန်းကြီးနဲ့ အနှိပ်သည်လေးတို့ နှစ်ယောက်ပေါင်းလောင်းကျော်ပြီး ဘယ်လို
ဗရုတ်ကျဦးမလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီဗျာ….။
File size…1.17GB / 469MB
Quality…WEB-DL 1080p 5.1 CH/ 720p
Format…mp4
Duration….1h 30m
Genre ….. Comedy
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Themes
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။