ဘက်စကတ်ဘောနည်းပြ ကလိုက်ဒ်နဲ့ သူ့ဇနီး စတက်ဖနီတို့က
ကွာရှင်းလိုက်ကြပြီး ကလေးနှစ်ယောက်ကို ကလိုက်ဒ်က ခေါ်သွားခဲ့ပါတယ် ။
အိမ်ပြောင်းလာတာဖြစ်တဲ့ ကလိုက်ဒ်တို့ သားအဖသုံးယောက်ဟာ
ခြံဝန်းတစ်ခုမှာ ပစ္စည်းအဟောင်းတွေ ရောင်းနေတာနဲ့ လိုတာတွေ
ဝင်ဝယ်ကြပါတော့တယ် ။
အဲဒီနေရာမှာ ကလိုက်ဒ်ရဲ့ သမီးငယ်လေး အမ်မလီ မျက်စိကျသွားတဲ့
ပစ္စည်းကတော့ ရှေးဟောင်းသေတ္တာတစ်လုံးပါပဲ ။ သေတ္တာအဖုံးပေါ်မှာ
ဟီဘရူးဘာသာစကားနဲ့ “ သတိပေးချက် : မဖွင့်ရ သေတတ်သည်” လို့
ရေးထားတဲ့ သေတ္တာကို အမ်မလီလေး ဖွင့်နိုင်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ ။
သေတ္တာထဲမှာရှိနေတာကရော ဘာဖြစ်မလဲ ။ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့
အမ်မလီကို ကလိုက်ဒ်တို့ မိသားစု ကယ်နိုင်ပါ့မလားဆိုတာကို ၂၀၁၂ ခုနှစ်တုန်းက
ထွက်ရှိခဲ့တဲ့ The Possession ရုပ်ရှင်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ ။
အဓိက ဇာတ်ဆောင် တဖြစ်လဲ အမ်မလီ့အဖေ ဘတ်စကတ်ဘောနည်းပြ
ကလိုက်ဒ်အနေနဲ့ကတော့ Walking Dead နဲ့ Grey’s Anatomy တို့မှာ ပါဝင်ထားတဲ့
မင်းသားကြီး Jeffrey Dean Morgan က ပါဝင်သရုပ်ဆောင်ထားပါတယ် ။
File size…1.54GB / 802MB
Quality…WEB-Rip 1080p / 720p
Format…mp4
Duration….1h 32m
Genre ….. Horror , Mystery , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Ashley
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။