The Little Mermaid (1989)_____IMDb – 7.6/10
Won 2 Oscars. Another 10 wins & 8 nominations
Rating 7.6 အထိရရှိထားတဲ့ Disney ရဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်….
ဒီကားလေးထဲမှာပါတဲ့ ရေသူမလေးအေရီရယ်ဟာ Disney ကပွဲထုတ်ထားတဲ့
မင်းသမီးလေးတွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူး…
ပင်လယ်ပြင်ရေအောက်ရဲ့အလှအပတွေကို ဒီကားလေးထဲမှာတဝကြီးခံစားရမှာလည်းဖြစ်ပါတယ်….
ဒီကားလေးဟာ ကျွန်တော်တို့ငယ်ငယ်လေးတည်းက မိန်းကလေးတိုင်းရဲ့ပါးစပ်ဖျားမှာ
ရေပန်းစားနေတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်…..
ဒီကားလေးရဲ့ဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်ဖြင့်
ပင်လယ်ပြင်ကိုရွက်လွှင့်လာတဲ့မင်းသားလေးကို ချောမောလှပတဲ့ ရေသူမလေးအေရီရယ်က
မြင်မြင်ချင်းမေတ္တာသက်ဝင်သွားမိပါတယ်….
ဒါကြောင့် ပင်လယ်ပြင်ကိုပိုင်စိုးချင်နေတဲ့ ပင်လယ်စုန်းမကြီးဆီမှာ
လူသားဖြစ်အောင်ဖန်ဆင်းပေးဖို့ သူမရဲ့အသံနဲ့အပေးအယူလုပ်ခဲ့ပါတယ်….
ဒီကို အချစ်ကြောင့် ဘာကိုမှမမြင်ပဲလုပ်လိုက်မိတဲ့ရေသူမလေးအေရီရယ်တစ်ယောက်
တကယ့် အချစ်စစ်ကိုကောရနိုင်ပါ့မလား
သူမရဲ့သူငယ်ချင်းရေသတ္တဝါလေးတွေကကော သူမကိုဘယ်လိုကူညီပေးကြမလဲ
သူမကို ရက်စက်ကြမ်းကြုတ်လှတဲ့ ပင်လယ်စုန်းမကြီးဆီကနေကယ်တင်လို့ရနိုင်မလားဆိုတာတွေကို
ရသစုံလင်စွာ ကြည့်ရှု့အပန်းဖြေလို့ရမယ့် Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…
Quality…..BluRay 720p
Duration…..01:23:00
Format…Mp4
File Size…(593 MB)
Encoder…..Moe Myint Lwin
Translator…..Myat Ko Ko
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။