၂၀၁၈ထဲမှာထွက်တဲ့ကားတွေမှာ အနာဂတ်မှာဘာတွေဘယ်လိုဖြစ်နိုင်မလဲဆိုတာတွေးတောရိုက်ထားတဲ့ကားတွေအတော်များသားဗျ
အခု Future World ဆိုတဲ့ကားကလဲ နာမည်အတိုင်း အနာဂတ်ကမ္ဘာမှာ အခြေတည်ထားပါတယ်
လူသားတွေအချင်းချင်းစစ်ပွဲတွေဖြစ်ခဲ့ကြတယ် သေကြေပျက်စီးကုန်ကြတယ်
ဘယ်လောက်ထိအကြီးအကျယ်ဖြစ်ခဲ့သလဲဆိုရင် ပစ်စရာကျည်ဆံတောင်မရှိတဲ့ခေတ်ဖြစ်သွားတယ်
အဲ့တော့ စစ်ပွဲကြီးအပြီးကျန်ခဲ့တဲ့လူတွေကရော ဘယ်လိုရှင်သန်နေထိုင်ကြလဲ
လောကကြီးရဲ့ထုံးစံအတိုင်း ကောင်းတာလုပ်တဲ့လူနဲ့ဆိုးတာလုပ်တဲ့လူပဲရှိတာဆိုတော့ သူ့ဘာသူအဖွဲ့လေးတွေနဲ့ဖွဲ့နေကြတယ်ပေါ့ဗျာ
ဆိုးတဲ့လူတွေက အဖွဲ့လေးတွေနဲက သူ့တို့သူတို့ စစ်ခေါင်းဆောင်(warlord)လို့ခံယူပြီးသောင်းကျန်းနေကြတယ်ပေါ့
ဒီဇာတ်ကားရဲ့ဇာတ်လိုက်ကတော့ အိုအေစစ်လို့ခေါ်တဲ့နေရာမှာနေကြတဲ့လူစုထဲက မင်းသားပေါ့
သူ့အမေဖြစ်သူ စစ်ပွဲရဲ့အကျိုးဆက်ဖြစ်တဲ့ ရောဂါကိုခံစားနေရသူ သေလုမျောပါးဝေဒနာသည်အဖြစ် တရုတ်မင်းသမီး (Lucy Lui)ကသရုပ်ဆောင်ထားပါတယ်
မင်းသားက အမေ့ကိုဆေးကုသဖို့အတွက် နတ်ပြည်ကမ်းခြေ(Paradise Beach)ကိုသွားချင်နေတယ် အဲ့နေရာမှာဆေးရတယ်ကြားထားတာကိုး
အဲ့လိုနဲ့ မင်းသားရဲ့ဆေးရှာပုံတော်ခရီးစဉ်စရတော့တာပေါ့
ဇာတ်လိုက်မင်းသမီးကတော့ အက်ရှ်လို့ခေါ်တဲ့ စက်ရုပ်မလေး သူကဟိုးစစ်ပွဲကြီးကတည်းက ရှိနေခဲ့တာ သူကသတ်ဖြတ်ရတာတွေကိုမုန်းတီးနေတယ် သူကိုယ်တိုင်ဘဝတစ်ခုပိုင်ဆိုင်ချင်နေတယ်
မင်းသားတစ်ယောက် ဆေးကိုရှာတွေ့သွားမလား
သူရှာနေတဲ့ဆေးကရောတကယ်ပဲရှိနေလို့လား စက်ရုပ်မလေးနဲ့ရောဘယ်လိုနှစ်ပါးသွားမလဲဆိုတာတွေကတော့ဇာတ်ကားဒေါင်းကြည့်ကြပါကုန်
ဒီကားရဲ့ Cast List ကတော့ အလန်းဗျ
ဗီလိန်အဖြစ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ James Franco, Resident Evil မင်းသမီး Milla Jovovich တို့ပါဝင်ထားတယ်
ပြီးတော့ ထူးခြားချက်အနေနဲ့ Snoop Dogg တောင်ပါလိုက်သေးတယ်ဗျ
ဒီဇာတ်ကားထဲမှာ အဖော်အချွတ်အခန်းအချို့နဲ့ စကားလုံးရိုင်းရိုင်းတချို့ပါဝင်နေတာကြောင့် ချင့်ချိန်ပြီးဒေါင်းနိုင်ပါတယ်ခင်ဗျ
(ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)
File Size : (750 MB) and (320 MB)
Quality : WEB-DL 720p
Running Time : 1hr 30min
Format : Mp4
Genre : Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.WEB-DL.XviD.AC3-FGT
Translated by Hein Min Tun
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။