ဒီတစ်ခေါက်မှာလဲ CM Fan တွေကို ဟာသ ကားလေး တစ်ကားနဲ့
မိတ်ဆက်ပေးချင်ပါတယ် တစ်ကားလုံး ရယ်နေရလို့
စိတ်ညစ်တာတွေတောင် ပျောက်သွားပါလိမ့်မယ်
တစ်ခုရှိတာတော့ ညစ်ညမ်းအပြုအမှု နဲ့ ညစ်ညမ်းစကားလေးတွေ
အနည်းငယ်ပါတာကြောင့် မိသားစု နဲ့ ကြည့်ရင်တော့ သိပ်ပြီး
အဆင်ပြေမယ် မထင်ပါဘူး ဒါလေး တစ်ခုပါပဲ
ဇတ်လမ်း ပုံစံကတော့
ဒီစီ ဆိုတဲ့ လူဟာ သူ့ ဘဝ ကြီးလို့ သက်မှတ်ထားတဲ့
ကစားကွင်းကြီး တစ်ခု ပိုင်ပါတယ် ကစားကွင်းလို့သာ
ပြောရတာ ကစားစရာ ပစ္စည်းက မစုံလင် ဘာမှ မခိုင်ခံ
ညစ်ပတ်စုတ်ပြတ်နေတဲ့ ကွင်းလေး တစ်ခုထဲမှာ
အဖြစ်သဘော လုပ်ထားတဲ့ ကစားကွင်းတစ်ခုဖြစ်ပြီး
ဘာမှ အထိန်းမကွပ်မရှိ လုပ်ချင်ရာလုပ်နေတဲ့ သူဖြစ်ပါတယ်
တစ်ရက်မှာတော့ ကွာရှင်းထားတဲ့ ဒီစီ မိန်းမဆီကနေ
သမီးလေး ဖြစ်သူ ဘိုဂီ လာလည်ပါတယ်
ဘိုဂီ လာလည်တုန်း တစ်ခဏ ဒီကစားကွင်းကို
အောင်မြင်အောင် လုပ်ဖို့ကြံရွယ်ရင်း
ဘဏ်က အကြွေးတွေလဲ ဆပ်ချင်နေတဲ့
ဒီစီ တစ်ယောက် ဘယ်လို ပေါက်တက်ကရတွေ
လုပ်ပြီး ကမောက်ကမ တွေ ဖြစ်မယ်ဆိုတာ
ဟား ဖို့ ပြင်ရင်း ကြည့်ရှုလိုက်ရအောင်
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့
Bommy Chan ဖြစ်ပြီး Thit San Khant မှ
တင်ဆက်ပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။