ဆပ်ကပ်မှာကပ်နေရတဲ့ခါးကုန်းလူရွှင်တော်တစ်ယောက်ရှိပါတယ်
ဆပ်ကပ်ပိုင်ရှင်ကအစ ရထားတွဲစောင့်အဆုံး
အကုန်လုံးက၀ိုင်းနှိမ်ပြီးအနိုင်ကျင့်ဆက်ဆံကြတဲ့အပြင်
နာမည်တောင်မရှိရှာပါဘူး
သူရဲ့အားနေတဲ့အချိန်လေးတွေကိုတော့
အသေးစိပ်ကျလက်တွေ့ဆန်ပြီးလှပလွန်းတဲ့လူခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပုံဆွဲနေလေ့ရှိပြီး
အလုပ်ချိန်ဆိုရင်တော့သူကြိတ်ချစ်နေရတဲ့ကျွမ်းဘားမယ်လေးလော်ရယ်လိုင်းကို
ခိုးကြည့်နေတတ်တဲ့တောက်တိုမယ်ရလူရွှင်တော်တစ်ယောက်ပါ
သူရဲ့ဘ၀ကဆပ်ကပ်နဲ့လော်ရယ်လိုင်းရယ် ကာယဗေဒကိုပုံဆွဲနေရတဲ့အချိန်တွေရယ်
အဲ့လိုဟာတွေနဲ့ပဲကုန်ဆုံးနေရတော့မယ်ဆိုပြီး
အရာရာကိုလက်လျှော့ပြီးအရှုံးပေးထားပါတော့တယ်
ဒါပေမယ့်ဖျော်ဖြေပွဲတစ်ခုမှာလော်ရယ်လိုင်းဟာမမျှော်လင့်ပဲမတော်တဆမှုတစ်ခုဖြစ်ရင်း
ဒေါက်တာဖရန်ကင်စတိုင်းနဲလူရွှင်တော်တို့တွေ့ကြဖို့အကြောင်းဖန်လာပါတော့တယ်
အဲ့ဖြစ်ရပ်ကသူ့ရဲ့ဘ၀တစ်ခုလုံးကို
ကျွမ်းထိုးမှောက်ခံပြောင်းလဲသွားစေပါတော့တယ်
ဒီကားကညီအစ်ကို၊ဆရာတပည့်ဆက်ဆံရေးကိုဖော်ကျူးထားပုံက
တော်တော်ကြည့်လို့ကောင်းပါတယ်
လော်ရယ်လိုင်းနဲ့လူရွှင်တော်ရဲ့ကြည်နူးစရာအခိုက်အတန့်တွေနဲ့
အင်မတန်ကျေနပ်စရာကောင်းမယ့်သမိုင်းလှန်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ်
အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ
Translated by Tariq L Walker
Encoded by sithu
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။