Zawgyi
*******
Unicode
*******
ဇာတ်လမ်းကတော့ဖုန်းကျပျောက်တဲ့ကိစ္စကစပါတယ်…
.ဖုထျန်ဆိုတဲ့ကောင်လေးတစ်ယောက်ကတစ်နေ့မှာအလုပ်ဆီ
အလောတကြီးသွားရင်းနဲ့တက္ကစီကားပေါ်မှာမတော်တဆဖုန်းမေ့ကျန်ခဲ့ပါတယ်…
.နောက်တော့ဖုန်းကောက်ရတဲ့လူကဖုန်းကိုပြန်ပေးခဲ့ပေမဲ့
ပြန်မပေးခင်မှာဖုထျန်ရဲ့ချစ်သူတောက်ယဲ့မာမေဆိုတဲ့
အနက်ရောင်ဆံပင်ရှည်နဲ့ကောင်မလေးကိုတွေ့ပြီးစွဲလန်းသွားလို့
ဖုထျန်ဖုန်းထဲမှာရှိတဲ့အချက်အလက်တွေအားလုံးကိုကော်ပီကူးယူခဲ့ပါတယ်….
အဲ့ချိန်ကစပြီး ထူးဆန်းတဲ့မက်ဆေ့တွေ Linkတွေက
ဖုထျန်ဖုန်းထဲသာမကမာမေရဲ့ဖုန်းထဲထိပါခဏခဏဝင်လာတတ်ပါတယ်….
တစ်ဖက်မှာလည်းတောင်ပေါ်မှာသေဆုံးသူမည်သူမည်ဝါမှန်းမသိတဲ့
အမြုပ်ခံထားရတဲ့မိန်းကလေးအလောင်းငါးလောင်းတွေ့ရှိလို့
ကွင်းဆက်လူသတ်တရားခံကိုကြိုးစားရှာဖွေရင်းအလောင်းတွေမှာ
တူညီတဲ့အချက်ကအနက်ရောင်ဆံပင်ရှည်နဲ့မိန်းမဖြစ်ပြီးဆံပင်တွေကလည်းအရိတ်ခံထားရပါတယ်….
ဖုန်းကနေတစ်ဆင့် ကိုယ့်အချက်အလက်တွေခိုးယူခံခဲ့ရတဲ့
သူတို့နှစ်ယောက်ကဘယ်လိုဖြေရှင်းကြမလဲ ဘာကြောင့်လဲ
တောင်ပေါ်မှာတွေ့ခဲ့တဲ့အလောင်းတွေကရော ဘယ်သူက
သူတို့ကိုသတ်တာလဲ ဘာကြောင့်လဲ….
တရားခံကတစ်ယောက်တည်းပဲလားဆိုတာ
ပဟေဠိအမျိုးမျိုးနဲ့ကြည့်ရှုရမှာဖြစ်တာမို့ လက်လွတ်မခံပဲ
ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေနော်
Translated & Review By Mine
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။