Channel Myanmar

Happy Ghost 4 (1990)

Happy Ghost IV    

N/A 88 min ComedyFantasyHappy GhostHorror

5.7
IMDB: 5.7/10 114 votes

, , , , , , , , ,

N/A

Hong Kong

519926

Report error

1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 4 ဖြစ်ပါတယ်..
အရှေ့က ၃ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်

Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ်

ဒီကားက Happy Ghost 3 အနောက်က ထွက်ခဲ့တယ်ဆိုပေမယ့်
ဇာတ်လမ်းဇာတ်ကွက်တွေ
ဘာမှဆက်စပ်မှုမရှိပါဘူး.
အကြောင်းအရာသီးသန့်သာဖြစ်ပါတယ်…

အရှေ့တုန်းက ထွက်ခဲ့တဲ့ ၁ , ၂ , ၃ ကလည်းမင်းသားပဲတူပြီး
ဇာတ်လမ်းဇာတ်ကွက်တူညီခြင်းမရှိလို့ ကြည့်ရတာ
ကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူး

အရင်အပိုင်းတွေရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်
ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်က
ပညာရှိစာမေးပွဲကို
အကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့်
အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာ
သူ့မိန်းမကိုယ်တိုင်က
ထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက်

ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ
သတ်သေခဲ့ပါတယ်လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲ
တွယ်ကပ်နေခဲ့ပါတယ်တစ်နေ့မှာ မြို့က
ကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေ
ကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကို
ရောက်ရှိသွားပါတယ်
ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့
သိရှိပြီး ဘဝရဲ့ အဓိပ္ပါယ်တွေကို
သေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့
လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ်
ဒါက အပိုင်း ၁ ပါ..
အပိုင်း ၂ ကနေ ၄ အထိက လူပြန်ဝင်စားပေမယ့်

Happy Ghost က ပြန်ဝင်စားတဲ့လူရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့
ဆက်ပြီးရှိနေတဲ့အကြောင်းတွေပါ……..
ဒီနံပါတ်လေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့
Happy Ghostရဲ့ကူညီပေမယ့် အလွဲလွဲအချော်ချော်ဖြစ်နေတာကြောင့်
လက်ရှိဘဝကအားကွေ့ဟာတော်တော်စိတ်ညစ်နေရပါပြီ။
အဲဒါကြောင့် သူ့ရဲ့အရင်ဘဝအစောင့်အရှောက်သရဲHappy Ghostကို
အမြန်ထွက်သွားစေချင်နေလှပြီ။ အဲဒီလိုနဲ့အရင်ဘဝကကောင်းမှုတွေ
အရမ်းလုပ်ခဲ့တာကြောင့် ဘုရားဖြစ်တော့မှာဖြစ်လို့ထွက်သွားရတော့မယ့်အချိန်မှာမှ
မကျွတ်မလွတ်သရဲတစ်ကောင်ကရန်ညှိုးထားပြီး
အားကွေ့ရဲ့ကောင်မလေးကိုလိုက်သတ်တဲ့အတွက် ပြန်လာပြီး ကယ်ရပါပြန်ပါတော့တယ်။

အဲဒါအပြင် ရည်းစားလုဘက်ရဲ့တပည့်ကလဲ အားကွေ့ကိုသတ်ဖို့ကြိုးစားနေတော့
အလွဲလွဲအချော်ချော်နဲ့ အန္တရာယ်တွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာ
အားလုံးပဲဆက်ကြည့်လိုက်ပါဦးနော်။
Happy Ghostဆိုတဲ့အတိုင်း အားလုံးကိုပျော်ရွှင်စေနိုင်မှာသေချာပါတယ်။

Quality : Bluray 1080p , 720p
Format : mp4
Genres : Comedy , Fantasy , Horror
Runtime : 1h 28 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Nu Mon
Encoded by LK

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies