Channel Myanmar

Karan Arjun (1995)

ActionBollywoodDramaFantasy

7.0
IMDB: 7.0/10 votes

248171

Report error

Karan Arjun (1995)
**********
အက်ရှင်လဲ အလန်းဇယား အကြမ်းကြီး ၊ ဒရမ်မာလဲ ပါရမယ်…..သဲထိတ်ရင်ဖိုလဲ ဖြစ်ရမယ်ဆိုတဲ့ ပရိသတ်တွေအတွက် ၁၉၉၅ ၊ ဇန်နဝါရီလ (၁၃)ရက်နေ့က ရုံတင်ခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင်ဒရမ်မာရုပ်ရှင် “Karan Arjun ” အကြောင်းလေးတင်ပေးလိုက်ပါတယ် ။ ဒီဇာတ်ကားမှာတော့ ဘောလီးဝုဒ် ရဲ့ ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ ရှာရွတ်ခန် ၊ ဆယ်လ်မားန်ခန်း ၊ ကာဂျိုး ၊ ဟောလီးဝုဒ်ရော ဘောလီးဝုဒ် ရောရဲ့အကျော်အမော် ဗီလိန်သရုပ်ဆောင်ကြီး အမ်းမရစ်ရှ်ပူရီး ၊ ဂန္တဝင်မင်းသမီးကြီး ရာခီး ၊ Mamta Kulkarni တို့က သရုပ်ဆောင်ထားကြလို့ ကြည့်ရတန်တဲ့ ဇာတ်ကားကောင်းလေးပါ ။

ဒီဇာတ်ကားကို လက်ပွားမင်းသားလို့ သိကြတဲ့ Hritik Roshan ရဲ့ဖေဖေ ဒါရိုက်တာကြီး ရာကေ့ရှ်ရိုရှန်ကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ် ။ ရာကေ့ရှ်ရိုရှန် ရဲ့ ဇာတ်ကားတွေကို သတိထားကြည့်မိရင် များသောအားဖြင့် အက်ရှင် ၊ဖိုက်တင် ၊ စွန့်စားခန်းတွေ ပါလေ့ရှိတဲ့အပြင် အမြဲမြင်နေကျ ခမ်းနားကြီးကျယ်လှတဲ့ ရွှေမြို့တော်တို့နဲ့ ဝေးရာ တောတောင်ရေမြေ သဘာဝရှုခင်းတွေနဲ့ ပြည့်နက်နေတဲ့ ကျေးလက်ဇနပုဒ်တွေ ၊ လှပတဲ့ သစ်တောအုပ်တွေမှာ ရိုက်ကူးလေ့ရှိတာက သူ့ရဲ့ထူးခြားချက်တစ်ခုလို့ပဲ ဆိုရမယ်ထင်ပါတယ် ။ ပြီးတော့ သူ့ရဲ့ ဇာတ်ကားတိုင်းလိုလိုဟာ အင်္ဂလိရှ်အက္ခရာ “K “နဲ့ အစချီလေ့ရှိတာကိုလဲ သတိထားမိကြမယ်ထင်ပါတယ် ။ ဥပမာ.. “Koyal ” “Karan Arjun ” “Kaho Naa Pyar Hai ” “Koi Miligaya ” ” Khrish ” တို့ပေါ့ ။
ဒီဇာတ်ကားဟာ ဘတ်ဂျတ် ရူပီ ၆ ကုဋေအကုန်ကျခံရိုက်ကူးခဲ့ပြီး ၊ ရူပီ ကုဋေ ၅၃.၅၈ ပြန်ရခဲ့ကာ ၁၉၉၅ခုနှစ် ရဲ့ ဒုတိယဝင်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင် အနေနဲ့ရပ်တည်ခဲ့တယ် ။ (ဘာလို့ဆို ၁၉၉၅ ရဲ့ ဝင်ငွေအကောင်းဆုံး(၁) ဇာတ်ကားက DDLJ ဖြစ်နေခဲ့လို့ပါပဲ)

ဇာတ်လမ်းအကျဉ်း
*************
ဒူရ်ဂါဆင်းဂ် (Raakhee) ဟာ ဆင်းရဲနုံချာလှတဲ့ အမျိုးသမီးကြီးပေမဲ့ တည်ငြိမ်ရိုးသားပြီး ၊ ကရန်(ဆယ်လ်မားန်) နဲ့ အာဂျွန်(ရှာရွတ်) ဆိုတဲ့ သားနှစ်ယောက်ကို လူလားမြောက်ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တဲ့ အာဂ မုဆိုးမအမျိုးသမီးကြီးပါ ။ တစ်နေ့မှာ သူမရဲ့ ယောက္ခထီး (Thakur) ရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီဖြစ်ကြောင်း လူတစ်ယောက်က သူမကို လာရောက်အကြောင်းကြားတာကို သားနှစ်ယောက်ကြားသိသွားခဲ့တယ် ။ ဒူရ်ဂါဆင်းဂ် က Thakur ဟာ သားတို့ရဲ့ဘိုးဘိုးဖြစ်ကြောင်း နဲ့ သူမခင်ပွန်း ဟာ သူ့ဖေဖေ (နယ်မြေဧကများစွာတို့ရဲ့ အရှင်သခင် သူဌေးကြီး) သဘောမတူတဲ့ကြားက သူမကို လက်ထပ်ခဲ့လို့ သူမတို့ကို အမွေပြတ်စွန့်လွှတ်ခဲ့တာ ဖြစ်ကြောင်း ၊ ခု သူ( Thakur) မဆုံးခင်မှာ သူ့ရဲ့မြေးနှစ်ယောက်ကို အမွေလွှဲပေးချင်လို့ လာခေါ်တာဖြစ်ကြောင်း သားနှစ်ယောက်ကို ဖွင့်ပြောပြခဲ့တယ် ။

ဒူရ်ဂျန်း(Amrish Puri) ဟာ Thakur ရဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက် ။ သူက Thakur ရဲ့ နယ်မြေများစွားနဲ့ တစ်သက်စားမကုန်တဲ့ အမွေတွေကို တစ်ယောက်တည်း မောင်ပိုင်စီးလိုမှုနဲ့လောဘ ရမ္မက်မီးတောက်နေသူ ။ ဒူရ်ဂျန်းဟာ မြေးနှစ်ယောက်အလာကို မျှော်နေရှာတဲ့ Thakur ကို ဒီစည်းစိမ်းအာဏာတွေကို သူလိုချင်လွန်းလို့ Thakurရဲ့သား (ကရန်-အာရ်ဂျွန်ရဲ့ဖေဖေ) ကိုလွန်ခဲ့တဲ့ နှစ်များစွာကတည်းက သူကိုယ်တိုင် သတ်ခဲ့တာ ဖြစ်ကြောင်း ဖွင့်ပြောပြီး ၊ Thakur ကိုလဲ သတ်ခဲ့တယ် ။ ဒါ့အပြင် ရောက်ရှိလာခဲ့တဲ့ မြေးနှစ်ယောက်ဖြစ်တဲ့ ကရန် – အာရ်ဂျွန် ညီအစ်ကိုကိုလဲ ဒူရ်ဂျန်း နဲ့ အဖွဲ့က သူ့မေမေမုဆိုးမကြီး ဒူရ်ဂါဆင်းဂ် ရှေ့မှာ ရက်ရက်စက်စက် လူမဆန်စွာ ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့တယ် ။ အသည်းနှလုံးအိမ်တစ်စစီ ကြွေခဲ့ရတဲ့ ဒူရ်ဂါဆင်းဂ် ဟာ ဒီအဖြစ်ကို လုံးဝ မခံမရပ်နိုင်ခံစားရရှာပြီး ၊ ကာလီမယ်တော်ကို တိုင်တည်သစ္စာပြုကာ သူ့ရဲ့သားနှစ်ယောက် လု့လောကကို ပြန်လည်မွေးဖွားလာပြီး ၊ ဒီလိုလူမဆန်တဲ့သစ္စာမဲ့တဲ့ လူယုတ်မာတွေကို ကလဲ့စားခြေသုတ်သင်နိုင်ပါစေကြောင်း ကျိန်ဆိုခဲ့တယ် ။ ဒူရ်ဂါဆင်းဂ် ရဲ့ ကျိန်စာတွေ အယုတ်တမာမှူအပေါင်း သရဖူဆောင်းထားတဲ့ ဒူရ်ဂျန်းကို သင့်ပါ့မလား ။ ကရန်-အာရ်ဂျွန် ညီအစ်ကိုကရော လူ့လောကကို တစ်ဖန်ပြန်လည်ဝင်စားမွေးဖွား့ပါ့ဦးမလား ဆိုတာ ဆက်ကြည့်လိုက်နော် ။ လုံးဝကို အကြမ်းကြီးနော် ။

♠ဘောလီးဝုဒ် ရဲ့ အခန့်ညားဆုံးမင်းသားလေး Hrithik Roshan အတွက် ဒီဇာတ်ကားဟာ သူ့ရဲ့ ပထမဦးဆုံး လက်ထောက်ဒါရိုက်တာ လုပ်ခဲ့တဲ့ ရုပ်ရှင်ပါတဲ့ ။
♠ဇာတ်ကားတစ်ကားလုံးကို ရာဂျစ်စတန် မှာရိုက်ကူးခဲ့ပြီး ၊ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေရိုက်တဲ့ ရွာကတော့ ရာဂျစ်စတန် ပြည်နယ် ၊ အယ်လ်ဝါခရိုင်ရှိ ဘန်ဂါ့သ်ရွာမှာ ရိုက်ကူးခဲ့တယ် ။
♠ ဒီဇာတ်ကားထဲက ဒူရ်ဂါမယ်တော် ဘုရားကျောင်း ကတော့ အဂျ်မာရ်အနီးရှိ ပူရ်ကားရ်ရွာမှာ တည်ထားတဲ့ မယ်တော်ကျောင်းပါတဲ့ ။
♠ဒီ ကရန်- အာရ်ဂျွန် အတွဲအတွက် Sunny Deol နဲ့ Ajay Devgan အတွဲကို အရင်ကမ်းလှမ်းခဲ့ပြီး ၊ သူတို့က ရိုက်ရက်မပေးနိုင်လို့သာ ဆယ်စုနှစ်တွေကြာသည့်တိုင် မမေ့နိုင်တဲ့ ကျနော်တို့ရဲ့ SRK -Sallu အတွဲကို ကြည့်မြင်ခွင့်ရခဲ့တာပါ ။
♠Filmfare Best Action Award နဲ့ Filmfare Best Editing Award ရခဲ့တယ် ။
♠ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်တေးတွေကို Rajesh Roshan (ဒါရိုက်တာ ရာကေ့ရှ်ရိုရှန် ရဲ့ ညီ) ကိုယ်တိုင်သီကုံးရေးဖွဲ့ခဲ့ပြီး ၊ ဒီသီချင်းတွေရဲ့ မူပိုင်ခွင့်တွေကိုတော့ Times Magnetic မှ အစောပိုင်းကတည်းက ဝယ်ယူသွားခဲ့တယ် ။
♠ ဒီဇာတ်ကားနာမည် ကို အစောပိုင်းတုန်းက “Kaaynaat ” လို့ပေးထားခဲ့တာပါတဲ့ ။
♠ ကရန်ဇာတ်ကောင်အတွက် ဆယ်လ်မားန် ကို ရွေးချယ်ဖို့ရှာရွတ်က မရမက တောင်းဆိုခဲ့တယ် ။
♠ ရှာရွတ် နဲ့တွဲမဲ့ မင်းသမီးကို ဂျူဟီးချော်လာကို အရင်ရွေးချယ်ဖို့စဉ်းစားခဲ့ပြီး ၊ ကာဂျိုးကို အတည်ပြုရွေးချယ်ခဲ့တယ် ။ ဆယ်လ်မားန် နဲ့တွဲမဲ့မင်းသမီးကိုလဲ Nagma ကို အရင်ရာထားခဲ့ရာကနေ Mamta Kulkarni ကို နောက်ဆုံးရွေးချယ်ဖြစ်သွားခဲ့တယ် ။
#HN(SRK UNIVERSE MYANMAR)

(ရုပ်ရှင်အညွှန်းကို SRK Universe Myanmar Page မှ ကူးယူဖော်ပြပါသည်။)

File size…(3.7 GB)/(1.5 GB)
Quality….WEB-DL 1080p/720p
Format…mp4
Duration….02:56:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Taylor



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Karan Arjun (1995)


No downloads available

Genres



Related movies