Channel Myanmar

Results: the hunger games

The Hunger Games: The Ballad of Songbirds & Snakes (2023) 7.2
The Hunger Games: The Ballad of Songbirds & Snakes (2023)   နာမည်ကျော်ဟန်းဂါးဂိမ်းစ် ဇာတ်လမ်းရုပ်ရှင်တွဲတွေရဲ့ ၂၀၂၃ နောက်ဆုံးထွက်ရုပ်ရှင်လာပါပြီ။ "တေးသီငှက်တို့နဲ့မြွေတွေရဲ့ အချစ်သီချင်း" တဲ့။ လောလောဆည် ရုပ်ထွက်က Webrip အကြည်ဖြစ်ပေမဲ့ အသံက Cam အသံဖြစ်နေတုန်းပါပဲ။ Webdl နဲ့ 4K ထွက်လာရင် ထပ်အပ်ဒိတ်ပေးမှာပါ။ ဟန်းဂါးဂိမ်းစ်ဒါရိုက်တာ Francis Lawrence ကပဲ ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်အဖြစ် Billy the Kid စီးရီးရဲ့မင်းသား Tom Blyth နဲ့ Shazam ထဲကမင်းသမီးလေး Rachel Zegler တို့ပါဝင်ထားပါတယ်။ ဇာတ်ပို့နေရာမှာတော့ Game of Thrones ထဲက အားလုံးရဲ့အချစ်တော် Peter Dinklage ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီရုပ်ရှင်ကိုတော့ ဟန်းဂါးဂိမ်းတွေစတင်ပြီး ၁၀ နှစ်အကြာမှာ အခြေခံထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ နောက်ပိုင်းမှာ ပါနမ်မြို့တော်ရဲ့ သမ္မတဖြစ်လာပြီး ဗီလိန်ကြီးဖြစ်လာတဲ့ ကိုရီရိုလေးနပ် စနိုး ပါပဲ။ Hunger Games ...
movie

The Hunger Games: The Ballad of Songbirds & Snakes (2023)

4K HEVC
The Hunger Games: Mockingjay – Part 2 (2015) 6.6
The Hunger Games: Mockingjay – Part 2 (2015) The Hunger Games: Mockingjay - Part 2 (2015) IMDb Rating (6.5) / Rotten Tomatoes (70%) ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာ အရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။ တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော နောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ.......။ The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(3 GB)/(1.2 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:16:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myo Nyunt
movie

The Hunger Games: Mockingjay – Part 2 (2015)

2015
4K HEVC
The Hunger Games: Mockingjay – Part 1 (2014) 6.6
The Hunger Games: Mockingjay – Part 1 (2014) The Hunger Games: Mockingjay - Part 1 (2014) IMDb Rating (6.6) / Rotten Tomatoes (70%) ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။ The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(3 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC Format…mkv/mp4 Duration….02:02:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Aye Chan Su
movie

The Hunger Games: Mockingjay – Part 1 (2014)

2014
4K HEVC
The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire (2013) IMDb Rating (7.5) / Rotten Tomatoes (90%) ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။ The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie

The Hunger Games: Catching Fire (2013)

2013
4K HEVC
The Starving Games(2013)
The Starving Games(2013)   The Hunger Games ရုပ်ရှင်စီးရီးကိုတော့ တော်တော်များများရင်းနှီးကြမယ် ထင်ပါတယ်ဗျ။ ခရိုင် ၁၂ခုကနေ ယောက်ျားလေးတစ်ယောက် မိန်းကလေး တစ်ယောက်စီ ရွေးချယ်ခံရပြီး ကစားပွဲထဲမှာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူဖြစ်တဲ့အထိ တိုက်ခိုက်ရတဲ့ ဂိမ်းမျိူးပါ။ ယခုတင်ဆက်ပေးလိုက်တဲ့ The Starving Gamesကတော့ The Hunger Gamesကို parodyအဖြစ် သရော်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သူ့ရဲ့မူရင်းဇာတ်လမ်း အတိုင်းကိုမှ မထင်မှတ်ထားတဲ့ ဟာသတွေ အများကြီး ထည့်ထားတဲ့ အခွီဇာတ်ကားပဲဖြစ်ပါတယ်။   မူရင်းဇာတ်လမ်းထဲကလိုပဲ ဇာတ်လိုက်မင်းသမီးဟာ သူ့ညီမဖြစ်သူ ဂိမ်းကစားဖို့အရွေးချယ်ခံလိုက်ရတာကို လက်မခံနိုင်ပဲ သူ့ကိုယ်သူ သူ့ညီမကိုယ်စား ဝင်အရွေးခံခဲ့ရာကနေ ဇာတ်လမ်းစပါတယ်။ ဒီလိုနဲ့ ဂိမ်းထဲမှာ ဘယ်လိုတလွဲတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဟာသပေါင်းစုံနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။   File size…2.29GB / 1.01GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 23m Genre ..... Adventure , Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato
movie

The Starving Games(2013)

True Detective (Complete) Season(1-4) 8.283
True Detective (Complete) Season(1-4) HBO ကလွှင့်တဲ့ အမိုက်စား crime drama စီးရီးတစ်ခုလာပါပြီ။ ဒီစီးရီးကို ၂၀၁၄ ခုနှစ်မှာ season 1 စတင်ထုတ်လွှင့်ခဲ့ပြီး season တစ်ခုမှာ အပိုင်း(၈)ပိုင်းပါဝင်ပါတယ်...စီစင်တစ်ခုစီက မဆက်စပ်ဘဲ သီးခြားဇာတ်လမ်း၊ ဇာတ်အိမ်နဲ့ဖြစ်ပါတယ်။ဝူဒီဟာရယ်ဆန်၊ မက်သယူးမက်ကော်နယ်တို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီစီးရီးဟာ 2014 primetime Emmy Award ရရှိထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ IMDb Rating 8.9 နဲ့  Rotten Tomatoes 77% ရရှိထားပြီး ဒီစီးရီးက Rating ကြောင့် Plot ကြောင့်အပြင် ပါဝင်တဲ့မင်းသမီးတွေရဲ့ ဝတ်လစ်စလစ်ခန်းတွေကြောင့်လဲနာမည်ကြီးခဲ့ပါတယ်။ Season 1 မှာဆိုရင် မျက်ဝန်းလဲ့ပြာပြာနဲ့ Alexandra Daddario , Banshee စီးရီးရဲ့မင်းသမီးချော Lili Simmons နဲ့ Michelle Monaghan တို့လို မင်းသမီးတွေပါဝင်ထားပါတယ်။ဒါပေမယ့် မင်းသမီးတွေထက် မင်းသားကြီး Matthew McConaughey ကိုသာ ...
8.283
TMDb: 8.283/10 2516 votes
tv

True Detective (Complete) Season(1-4)

2014
Escobar: Paradise Lost (2014) 6.5
Escobar: Paradise Lost (2014) Pablo Escobar ဆိုတဲ့ ကိုလံဘီယာက   မူးယစ်ရာဇာကို ရုပ်ရှင်၊ စီးရီးများအဖြစ် ပုံဖော်ခဲ့ကြတဲ့ ဇာတ်လမ်းတွေ အများကြီးရှိခဲ့ကြပါတယ်။   ဒီ Escobar Paradise Lost ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ ပုံမှန်ချဉ်းကပ်နေကြ ဇာတ်လမ်းပုံစံမျိုးတွေထက် အချစ်နဲ့ အန္တရာယ်ကြားထဲက သည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးကို အသားပေး ဖော်ပြထားပါတယ်။ ပါဘလို အက်စကိုးဘားအဖြစ် Benicio Del Toro က   သရုပ်ဆောင်ထားပြီး Josh Hutcherson က နစ်ခ်ဘရေဒီ အဖြစ် ပါဝင်ထားပါတယ်။   The Usual Suspects, Che, Sicario စတဲ့ ဇာတ်ကားတွဲ တွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ Legend ကြီး Benicio Del Toro နဲ့ The Hunger Games ဇာတ်လမ်းတွဲတွေရဲ့ စတား Josh Hutcherson တို့ အားပြိုင်မှုကိုလည်း တွေ့ရပါတယ်။ နစ်ခ်ဘရေဒီဟာ ကိုလံဘီယာမှာ အစ်ကိုနဲ့အတူ အလုပ်လုပ်နေပြီးတော့ မာရီယာနဲ့ တွေ့ဆုံပြီး ချစ်မိသွားခဲ့တာဖြစ်ပါတယ်။ မာရီယာကလည်း မူးယစ်ရာဇာ Pablo Escobar ရဲ့ တူမ ဖြစ်နေပြန်ပါတယ်။ အစပိုင်းမှာတော့ သူတို့အချစ်ရေးက အားလုံးကလည်း သဘောတူကြည်ဖြူတဲ့အတွက် ဖြောင့်ဖြူးသလိုရှိခဲ့ပေမယ့်.. အက်စကိုးဘားမိသားစုထဲ ပိုပြီးဝင်ရောက်လာလေ ...
movie

Escobar: Paradise Lost (2014)

2014
Night Swim (2024)
Night Swim (2024) Night Swim (2024) Saw နဲ့ The Conjuring တို့ရဲ့ ဖန်တီးရှင် James Wan ကိုယ်တိုင် ပရိုဂျူဆာလုပ်ထားတဲ့ စူပါနေထရယ်ဟော်ရာကားသစ်ပါ။ Blumhouse Productions နဲ့ Atomic Monster ကုမ္ပဏီ၂ခုပေါင်းစည်းပြီးနောက် ပထမဆုံးထွက်လာတဲ့ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကျန်းမာရေးကြောင့် အနားယူထားတဲ့ ဘေ့စ်ဘောကစားသမား "ရေးဝေါ်လာ" နဲ့ သူ့မိန်းမ ကျောင်းဝန်ထမ်းအိဗ်တို့ဟာ အိမ်ငှားဖို့ အိမ်အသစ်လိုက်ရှာရင်း စိတ်တိုင်းမကျတာနဲ့ အိမ်အကျယ်ကြီးနဲ့ ရေကူးကန်ကြီးပါတာကို ဈေးသက်သက်သာသာနဲ့ရောင်းနေတဲ့ အိမ်တစ်လုံးကို ဝယ်ဖြစ်သွားကြတယ်။ သရဲကားတို့ရဲ့ ပုံသေနည်းအတိုင်းပဲပေါ့။ နောက် နည်းနည်းဟောင်းနေတဲ့ အိမ်ကိုပြန်ပြင်ကြသလို ပျက်နေတဲ့ ရေကူးကန်ကိုလည်း ပြန်ပြင်ကြတယ်။ သူတို့တစ်မိသားစုလုံး ရေကူးကန်ကြီးရထားလို့ ပျော်ပျော်ပါးပါးနဲ့ နေ့တိုင်းနီးပါးရေကူးကြတယ်။  ဒီကနေမှ ကျန်းမာရေးမကောင်းတဲ့ ‌ရေးဝေါ်လာက အဲဒီရေကူးကန်မှာ ရေကူးရင်းနဲ့ တစ်စတစ်စချင်း ကျန်းမာရေးပြန်ကောင်းလာခဲ့တယ်။ ထူးတော့ထူးခြားနေပေမဲ့ အကောင်းပဲဖြစ်နေတာဆို‌တော့ သူတို့တွေ စိတ်ထဲသိပ်တော့မထားခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တစ်မိသားစုလုံး ...
movie

Night Swim (2024)

2024
4K HEVC
Champions (2023) 6.7
Champions (2023) Champions (2023) ================ IMDb Rating - 6.7/10 Comedey, Drama, Sport ဒီဇာတ်လမ်းလေးကတော့ Basketball ကိုကျောရိုးယူထားပြီး ကြည့်နေတဲ့သူတွေကိုပါ ဟာသဆန်ဆန်နဲ့ စိတ်ကြည်နူးမှုလေး ကို ခံစားစေနိုင်တဲ့ Sportဇာတ်လမ်းလေးကောင်းတစ်ခုပါ။ ဒီဇာတ်ကားမှာတော့ Now You See Me, Vernon, The Hunger Games စတဲ့ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Woody Harrelson က နည်းပြ Marcus Marakovich အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့.. Marcus Marakovich ဟာကစားသမားတွေကို လက်ရွေးစင် အသင်းအထိရောက်အောင် လေ့ကျင့်ပေးနိုင်တဲ့ အရည်အချင်း ရှိတဲ့နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ကစားပွဲတွေအတွက် ကစား နည်းပုံစံတွေကိုသာ အာရုံစိုက်လေ့ရှိပြီး အသင်းသားတွေကိုတော့ စိတ်ထဲတောင်မထားတဲ့သူပေါ့။ ဒီလိုလူကတစ်နေ့မှာတော့ အရက် မူးမူးနဲ့ကားမောင်းရင်း ရဲကားတစ်စီးကိုတိုက်မိသွားပါတယ်။ တရားရုံးကသူ့ကို ဉာဏချို့တဲ့နေတဲ့ အသင်းသားတွေကို ရက် ၉၀ ကြာ နည်းပြအဖြစ်လေ့ကျင့်ပေးဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အသင်းသားတွေကို ဂရုမစိုက်တတ်တဲ့ Marcus တစ်ယောက်က တော့ သေချာဂရုစိုက်ပြီး လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တဲ့ အသင်း သားတွေနဲ့ စိတ်ပျက်နေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်ထက်တစ်ရက် သူ့အသင်းသားတွေက ထင်ထား တာထက် ပိုပြီးလုပ်နိုင်စွမ်းရှိတာကို သူသတိထားမိလာပါတယ်။ နည်းပြနဲ့အသင်းသားတွေကြားက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူတဲ့ပုံစံတွေ ...
movie

Champions (2023)

2023
Cocaine Bear (2023) 6.4
Cocaine Bear (2023) Cocaine Bear (2023) ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားတဲ့ ဟာသ ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကားဖြစ်ပါတယ်။ ကိုကိန်း ၇၅ ပေါင်လောက်ကို စားမိခဲ့တဲ့ ဝက်ဝံနက်ကြီးတစ်ကောင်းအကြောင်းပါပဲ။ မူရင်းအဖြစ်အပျက်မှာတော့ ယနေ့ခေတ်တန်ကြေးနဲ့ ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိတဲ့ ကိုကိန်းတွေကို စားပစ်ပြီး ဝက်ဝံက ဆေးလွန်သေသွားခဲ့တာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ဆေးကွဲပြီးသောင်းကျန်းပြပါလိမ့်မယ်ဗျာ။ ဒါရိုက်တာကတော့ Hunger Games နဲ့ Pitch Perfect ရုပ်ရှင်တွေမှာ သရုပ်ဆောင်လုပ်ခဲ့တဲ့ မင်းသမီး Elizabeth Banks ပဲ ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်တုန်းက သွန်တန်ဆိုတဲ့ဘိန်းမှောင်ခိုသမားတစ်ယောက်ဟာ ကိုကိန်းတွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ လေထီးမပွင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီ ကိုကိန်းမှုန့်တွေကို ဝက်ဝံတစ်ကောင်က စားမိသွားပြီး သောင်းကျန်းတဲ့ ဒဏ်ကို၊ ရဲတွေ၊ ခရီးသွားတွေ နဲ့ ဘိန်းဖြူတွေပြန်လိုက်ယူတဲ့ဘိန်းမှောင်ခိုအဖွဲ့တွေ ကောင်းကောင်းကြီးခံရပုံကို ရိုက်ပါထားတာပါပဲ။ ဟာသဆိုပေမဲ့ ကိုက်တာဖြတ်တာပြတ်တာတွေနဲ့ ဆဲတာတွေပါလို့ R rated သတ်မှတ်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... ...
movie

Cocaine Bear (2023)

Silver Linings Playbook (2012) 7.7
Silver Linings Playbook (2012) "အချစ်ဆိုတဲ့အရာကို ကမ္ဘာဦးထဲက လူတွေအမျိုးမျိုး အဓိပ္ပာယ်ဖွင့်လာခဲ့ကြတယ်။ ဒါပေမယ့် တခါတရံမှာ အချစ် ဟာ ကျွန်တော်တို့ထင်မှတ်မထားတဲ့နေရာမျိုးကနေ ဘွားခနဲ ရုတ်တရက် ပေါ်လာတတ်တာမျိုးဗျ ..." ခုဒီ Silver Linings Playbook ဆိုတဲ့ကားကတော့ ဒါရိုက်တာ David O. Russell ရဲ့လက်ရာဖြစ်ပြီး မင်းသား Bradley Cooper နဲ့ မင်းသမီးချော Jennifer Lawrence တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီကားဟာ အော်စကာ စကာတင်စာရင်းမှာ ၈ဆုတိတိ လျာထားခံခဲ့ရပြီး Jennifer Lawrence က Best Actress ဆုရရှိခဲ့ပါတယ်။ Hunger Games ဇာတ်လမ်းတွေနဲ့ ပိုပြီးထင်ရှားလာတဲ့ Jennifer Lawrence ကို ခုလို တကယ့် Hollywood Superstar တယောက်ဖြစ်စေခဲ့တဲ့ ကားလို့ပြောရင် လွန်မယ်မထင်ပါဘူး။ ကဲပါ … ရှည်ရှည်ဝေးဝေးမပြောပဲ ဇာတ်လမ်းအကျဉ်းလေးကို မိတ်ဆက်ပေးရအောင်ပါ ...
movie


Genres

Archives