Channel Myanmar

Report error

Aaja Mexico Challiye (2022)

IMDb-6.8/10

ဘွဲ့ရပညာတတ်လူငယ်တွေနိုင်ငံရပ်ခြားကို ထွက်ကုန်ကြတာမြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး:3
Saunkan Saunkne ကားထဲက မယားနှစ်ယောက်နဲ့ အခွီမင်းသားကြီး Amy Virk က
ဒီကားမှာတော့ မျက်ရည်လည်တဲ့အထိမတူတဲ့ဇာတ်ရုပ်နဲ့သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ
အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ပန်မန်ဟာ အများနည်းတူ အမေရိကန်သွားပြီး
အလုပ်လုပ်၀င်ငွေတွေရှာချင်နေတဲ့တက်ကြွပန်ချာပီလူငယ်လေးတစ်ယောက်ပါ
နိုင်ငံရပ်ခြားကိုပို့ပေးတဲ့ အေဂျင်စီတွေခြေချင်းလိမ်နေတဲ့အချိန်ကာလတစ်ခုပေါ့

အမေရိကန်ကို သွားချင်လွန်းနေတဲ့ပန်မန်ကို
အေဂျင်စီကတောင်းတဲ့မတန်တဆဈေးနဲ့ တစ်အိမ်လုံးကအနစ်နာခံပြီးပို့ပေးလိုက်ကြတယ်
ခရီးစဉ်တစ်လျောက်တက်ကြွနေတဲ့ကောင်လေးဟာ
လေဆိပ်အဆင်းမှာတော့ လွဲချော်မှုတွေစလာပြီ
အေးဂျင့်ဆိုတဲ့လူကလည်းဖုန်းမကိုင်တော့ပါဘူး
အဲဒီချိန်မှာပဲ သူ့လိုအမေရိကန်အိမ်မက်နဲ့အလိမ်ခံလိုက်ရတဲ့လူတွေနဲ့ဆုံဆည်းပြီး
ဒုက္ခသုခတွေကြုံလာရပါတော့တယ်

ဒီလိုနဲ့ပန်မန်အပါအ၀င် အမေရိကန်အိမ်မက်တွေနဲ့လူတွေဟာ အေးဂျင့်ကျေးဇူးနဲ့
အမေရိကန်မရောက်ပဲ မက္ကဆီကိုက တောကြီးထဲရောက်သွားချိန်မှာတော့….
စိတ်တောင်မကူးခဲ့ဖူးတဲ့ မက္ကဆီကိုတောကြီးထဲမှာ ဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲ
သူတို့တွေ ဒီအခက်အခဲတွေကျော်ပြီးအမေရိကန်ကိုရောက်နိုင်ပါဦးမလား ရှူစားကြည့်ပါဦး

File size…2.7GB / 1.25GB
Quality…1080p  WEB DL /720p
Format…mp4
Duration….2h 5m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Yunni ~ BpL ~ Cherry



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Aaja Mexico Challiye (2022)


No downloads available

Genres



Related movies