Channel Myanmar

About Cherry (2012)

About Cherry    

R 98 min AdultDrama

4.8
IMDB: 4.8/10 8,179 votes

, , ,

N/A

USA

1079661

Report error

mv5bmtm1ndcznjy2nv5bml5banbnxkftztcwnzi0mdc0oa-_v1_sx1500_cr001500999_al_
mv5bmtqxnty2mzeyml5bml5banbnxkftztcwmzaymdc0oa-_v1_

Director: Stephen Elliott ရိုက်ကူးတင်ဆက်ထားပြီး

September 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ ဖော်ချွတ်အလှပြ ဓါတ်ပုံရိုက်ပြီး ဘ၀ ကို အသက်မွေးတဲ့

မိန်းကလေး တစ်ယောက်အကြောင်း ရုပ်ရှင်ဇတ်ကားလေးပါ….

အိန်ဂျယ်လီနာ ဟာ အ၀တ်လျှော် ပင်မင်းဆိုင်မှာ အလုပ်လုပ်တဲ့

မိန်းကလေးပါ သူ့မှာ ကြည့်ရှုရမယ့် အရက်ဂျိုးကပ် နေတဲ့ အမေနဲ့

အရွယ်မရောက်သေးတဲ့ ညီမလေး တစ်ယောက် ရှိပါတယ်

သူတို့ က အရက်စွဲနေတဲ့ အမေယူထားတဲ့ ပထွေးနဲ့ နေရပါတယ်

အိန်ဂျယ်လီနာ မှာလဲ အိမ်မှာ မနေရဲလောက်အောင်ပါပဲ

အလုပ်က ပြန်လာပြီး အရက်မူးနေတဲ့ ပထွေးက မကောင်းကြံမှာစိုးလို့

ညည ညီမလေးဖြစ်သူကို ဖက်ပြီး အိပ်ရပါတယ် ညီမဖြစ်သူကိုလဲ စောင့်ရှောက်ရင်း

ကိုယ့်ကိုကိုယ်လဲ ကာကွယ်နေရတာပေါ့…

တစ်ရက်မှာတော့ ကလပ်မှာ ဂစ်တာ တီးတဲ့ အိန်ဂျယ်လီနာ ရဲ့ ရည်းစားကနေ

ဖော်ချွတ် ဓါတ်ပုံရိုက်ဖို့ ကမ်းလှမ်းလာပြီး ဒေါ်လာ ၅၀၀ ပေးမယ်လို့ ဆိုပါတယ်

မိသားစု အတွက် ငွေလိုနေတဲ့ အိန်ဂျယ်လီနာ တစ်ယောက်

လက်ခံ ဓါတ်ပုံရိုက်ပြီး နောက် အမေ နဲ့ ညီမလေး က သိသွားလို့

အရှက်ရတယ်လို့ ပြောလာပါတယ် သူမ အနေနဲ့ ထိုပိုက်ဆံတွေကို

မိသားစုအတွက်သုံးတာ ဖြစ်ပြီး ယခုလို မိသားစုကနေ အရှက်ရတယ်ပြောလာတဲ့အတွက်

ဝမ်းနည်းပြီး သူငယ်ချင်းဖြစ်သူ နဲ့ တစ်ခြားမြို့မှာ အိမ်ငှားနေရင်း

အလှပြ ဓါတ်ပုံရိုက် အဖွဲ့နဲ့ စပ်ဆက်လို့ လိင်အတု လုပ်ပြီး

အွန်လိုင်းတင်ရောင်းတဲ့ အဖွဲ့နှင့် ချိတ်မိကာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပါတော့တယ်

အိန်ဂျယ်လီနာ တစ်ဖြစ်လဲ ချယ်ရီ ဖြစ်လာမယ့် အလှပြ မိန်းကလေး တစ်ယောက်ရဲ့

ဘ၀မှာ အချစ်တွေ ဘ၀တွေ မိသားစု တွေ နဲ့ ဘယ်လိုရင်ဆိုင်ရတယ်ဆိုတာ

ဒီဇတ်ကားလေးကို ကြည့်ရှုရင်း သိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်…

 

(သစ်ဆန်းခန့်)

 

Download Link
==============

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No links available
No downloads available

Genres



Related movies