Channel Myanmar

Bachelor Party (2024)

N/A    

Not Rated 2h 25m BollywoodComedy

6.4
IMDB: 6.4/10 147 votes

, , , , , ,

India

82313

Report error

Bachelor Party (2024) “ကြိုးပြတ်သွားသော ခိုင်းနွား”
=========================
IMDb 6.6 ရထားပြီး အမှန်အကန်ရယ်ရမယ့် ကန်နားဒါး ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…

ဇာတ်လမ်းအကျဥ်းကတော့ ဆန်တို့ရှ်က ရိုးသားကြိုးစားပြီး ဘော့စ်က အားထားရတဲ့ဝန်ထမ်း – မိသားစုကို လိုလေသေးမရှိရလေအောင်
ထောက်ပံ့တဲ့လူကောင်းတစ်ယောက်ဖြစ်ပေမဲ့ အိမ်ပြန်ရောက်လာရင်တော့ ကြင်သူသက်ထားရဲ့ ခြေသုတ်ခုံဘဝကို ရောက်သွားပါတယ်…

ဆန်ဒယာက ဘာအလုပ်မှမလုပ် အိမ်ဖော်ငှားပြီးယောကျာ်းရှာသမျှစည်းစိမ်ကို သုံးဖြုန်းတဲ့အပြင် … ဆန်တို့ရှ်ကို ခိုင်းနွားလိုဆက်ဆံ…
အလုပ်ကပြန်ရောက်ရင် ရေတစ်ခွက်တိုက်ဖို့နေနေသာသာ တစ်စက်လေးမှ အဖတ်မလုပ်ပဲ ယောကျာ်းကို မီးဖိုချောင်မှာ ညအိပ်ခိုင်းတဲ့
ချစ်စရာ ဇနီးချောလေးတစ်ယောက်ပေါ့ ဒါတွေကို သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ တစ်နေ့ ဆန်တို့ရှ်တစ်ယောက် ပါတီတစ်ခုမှာ
ငယ်သူငယ်ချင်းနဲ့ ပြန်ဆုံပြီး သူတို့ရဲ့ ကျောင်းဆရာ အပါအဝင် သုံးယောက်ပေါင်း လောင်းကျော်ရင်း နွားသိုးကြိုးပြတ်သလို
ရူးသွပ်မှုလယ်ဗယ်လ် အဆုံးစွန်ရောက်သွားတဲ့ စွန့်စားခန်းတွေကို ရယ်ရယ်မောမော ရှုစားရမှာဖြစ်ပြီး
ဆန်တို့ရှ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့ ယောကျာ်းတစ်ယောက် ပြန်ဖြစ်လာပါ့မလားဆိုတာကို…

မီဆိုဂျီနီ အဆင့်ထိ မရောက်ပေမယ့်လို့ ဖီးမေးလ် အန်ပါဝါးမန့်နဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ မေးလ်အန်ပါဝါးမန့်ကို ဦးစားပေးထားတဲ့အတွက်
မမတို့ညီမလေးတို့အကြိုက်တွေ့မယ့် ကားလေးပါနော် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

File size…2GB /1.1GB 
Quality…WEB DL 1080p /720p
Format…mp4
Duration….2h 12m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Bachelor Party (2024)


No downloads available

Genres



Related movies