Channel Myanmar

Família (2023)

Famiria    

2h 1min Drama

IMDB: /10 votes

Japan

84392

Report error

Familia (2023)

ဇနီးဆုံးပြီးနောက်ပိုင်း ရိုးရာ မြေအိုးဖုတ်ပညာကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ဆယ်ဂျီ ကာမီရဟာ
အသက်အရွယ်တော်တော်ရနေပြီး အေးချမ်းစွာနဲ့ တောင်ပေါ်ရွာလေးမှာ နေထိုင်သူတစ်ယောက်ပါ။
တစ်နေ့မှာတော့ အာဖရိကမြောက်ပိုင်းက သားဖြစ်သူက နိုင်ငံခြားသူလေးတစ်ယောက်ကို လက်ထပ်ခေါ်လာပြီး စက်ရုံအလုပ်ကိုထွက်တော့မယ့်အကြောင်း၊
အဖေဖြစ်သူလိုပဲ မြေအိုးတွေလုပ်ပြီး အသက်မွေးပြီး ဂျပန်မှာပဲ အခြေပြန်ချတော့မှာတဲ့ အကြောင်း ပြောလာပါတော့တယ်။
ဆယ်ဂျီ နေတဲ့ ရွာ မနီးမ​ေ၀းမှာလည်း ဘရာဇီးကနေ ရွေ့ပြောင်းနေထိုင်လာသူတွေ စုနေတဲ့ အိမ်ရာ၀င်းထဲက မာကို ဆိုတဲ့လူငယ်လေးဟာလည်း
ဂျပန်လူဆိုးလူမိုက်အဖဲွ့နဲ့ ရန်ပဲွဖြစ်ရာကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။
ခေတ္တ အိမ်ပြန်လာတဲ့ ဆယ်ဂျီရဲ့သားဖြစ်သူ ဆာတိုရု က လူမိုက်တွေရန်ကနေ ကယ်တင်ရာကနေ မာကိုတို့ မိသားစုနဲ့ ဆယ်ဂျီတို့ မိသားစု ခင်မင်သွားကြပါတယ်။
ဒီလိုနဲ့ အလုပ်ထွက်ဖို့ အယ်ဂျီးရီးယားနိုင်ငံကို ဆာတိုရုတို့ ဇနီးမောင်နံှ ခေတ္တပြန်သွားခဲ့ပါတယ်။
မာကိုတို့သူငယ်ချင်းတစ်သိုက်နဲ့ မာကိုရဲ့ ချစ်သူ ဟာလည်း နယ်ခံလူမိုက်ခေါင်းဆောင်ရဲ့ အဆက်မပြတ်ခြိမ်းခြောက်ခံလာရပြီး၊
ခေတ္တပြန်သွားတဲ့ ဆာတိုရုတို့ဟာလည်း ထင်မှတ်မထားတဲ့ကြမ္မာဆိုးကြီး ကြုံတွေ့ရပါတော့တယ်။

ဆယ်ဂျီ ဆာတိုရု နဲ့ မာကို တို့ သုံးယောက်အကြား အကြောင်းအရာတွေ ဘယ်လိုချိတ်ဆက်ပြီး
ကံကြမ္မာဆိုးကို ကျော်သွားနိုင်မလားဆိုတာကိုတော့ ဒီ Familia ဇာတ်ကားကိုကြည့်ပြီး အဖြေရှာကြည့်လိုက်ကြပါစို့နော်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။

Genre….. Drama
Quality…. 1080p | 720p
File size… 1.7GB | 834MB
Format… mp4
Duration…. 2h 1min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Sai Naung Naung
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies