Channel Myanmar

Report error

Garadi (2023) “ချန်ပီယံ”
IMDb – 8.8/10

နပန်းနှစ်သက်တဲ့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်အတွက် ကန်နေဒါနပန်းရုပ်ရှင်လေးကို
တင်ဆက်ပေးလိုက်ပါတယ်။

ဆိုရီနဲ့ ရှန်ကာရာဆိုတဲ့ညီကိုနှစ်ယောက်က ချန်ပီယံနပန်းသမားတို့မွေးထုတ်ပေးတဲ့
မြို့ရဲ့ ဂုဏ်သတင်းကြီးတဲ့ အိမ်တော်မှာ နေကြတယ်။
ဘယ်သူမှယှဉ်လို့မရပါဘူးဆိုတဲ့ မြို့တော်ရဲ့ နာမည်ကျော်နပန်းသမားကြီးက
ဆိုရီတို့ရဲ့အဖေ နပန်းသမားကြီးကြောင့်နဲ့ မတော်တဆသေဆုံးသွားတဲ့နောက်မှာ
ဆိုရီတို့အဖေကို လူသတ်သမားလို့တံဆိပ်ကပ်ခံရပြီးနောက် လက်သည်မပေါ်ဘဲ အသတ်ခံလိုက်ရပါတော့တယ်။

မျိုးရိုးအစဉ်အလာအတိုင်း အဖေနပန်းသမားကြီးလိုပဲ သားကြီးဖြစ်တဲ့ ရှန်ကာရာ
အရွယ်ရောက်လာချိန်မှာတော့ မြို့ဂုဏ်ကိုဆောင်မဲ့ ချန်ပီယံကြီးဖြစ်ဖို့
ဖိုင်နယ်ပွဲစဉ်မထိုးသတ်ခင်မှာ မတရားမှုကို ငြိမ်မခံနေတဲ့အတွက်ကြောင့်နဲ့ပဲ လူသတ်သမားရဲ့သားက
လူသတ်သမားပဲဖြစ်မယ်ဆိုပြီး နပန်းနည်းပြဆရာကြီးက အိမ်တော်ကနေရော မြို့ကနေပါနှင်ထုတ်လိုက်ပါတော့တယ်။

ဒီလိုနဲ့ ညီငယ်ဖြစ်သူ ဆိုရီတစ်ယောက် နပန်းလေ့ကျင့်သင်ကြားရာနေရာမှာ လက်တိုလက်တောင်းလုပ်ရင်း
တစ်ယောက်တည်း ကျန်နေခဲ့ပါတော့တယ်။
နပန်းကို ရူးရူးမူးမူးစွဲလန်းပေမဲ့ အဖေနဲ့အစ်ကိုဖြစ်သူလို ရာဇဝတ်သားဖြစ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့
သင်ပေးခဲ့ခြင်းမရှိပါဘူး။
ဒါပေမဲ့ ဆိုရီတစ်ယောက် အရူးအမူးစွဲလန်းရတဲ့ နပန်းပညာကို တိတ်တဆိတ်လေ့ကျင့်လာခဲ့တဲ့နောက်မှာ…၊
အဖေဖြစ်သူကို သတ်သွားတဲ့ နောက်ကွယ်ကလူတစ်စုနဲ့ အကြောင်းရင်းကို သိရှိသွားချိန်မှာတော့…။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

File size…3.8GB / 1.7GB
Quality…WEB DL 1080p /720p
Format…mp4
Duration….2h 26m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies