Channel Myanmar

Jersey(2019)

Jersey    

Not Rated 157 min DramaSport

9.0
IMDB: 9.0/10 1,706 votes

, , , , , , , , ,

N/A

India

1176384

Report error

Jersey(2019)

IMDb…9.0

ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ဘာမှမညွှန်းခင် သေချာပေါက်ပြောရဲတာတစ်ခုကတော့
ဒီဇာတ်ကားဟာ
Top Ten India Movies of 2019 မှာ သေချာပေါက် 1 to 5 ဝင်မယ့်ကားပါ

တောင်ပိုင်းကားတွေနဲ့သိပ်မရင်းနှီးတဲ့ကျွန်တော့်အတွက်တော့
ဒီဇာတ်ကားဟာ တောင်ပိုင်းဂုဏ်ဆောင်ကားတစ်ကားပါပဲ
ဒီထဲက သရုပ်ဆောင်တွေဟာလည်းတော်ကြသလို
ဇာတ်လမ်း၊ ဇာတ်အိမ်ကလည်း တကယ့်ကို စင်လုံးချောပါ
အထူးသဖြင့် မင်းသားဖြစ်သူက သရုပ်ဆောင်တွေကလည်း
အပိုအလိုမရှိ တကယ့်ကိုကောင်းပါတယ်…

အိုဗာအက်တင်တွေ၊ အိုဗာအက်ရှင်တွေ၊ က,တာ ခုန်တာတွေမပါဘဲ
ဇာတ်ကားကောင်းမှကြည့်ချင်သူတွေအတွက်တော့ တကယ့်ဇာတ်ကားကောင်းတစ်ကားပါပဲ

အထူးသဖြင့် အိန္ဒယကားတွေဆို ကုလား၊ ကုလားနဲ့ ကြည့်မရဖြစ်နေသူတွေ ဒီကားကိုကြည့်ကြည့်ပါ
သူတို့ရုပ်ရှင်အဆင်တန်းဘယ်လောက်မြင့်လဲ မြင်တွေ့ရမှာ

ဒီလောက်စာတွေအများကြီးရေးနေတာ အလကားမဟုတ်ပါဘူးဗျာ
ဇာတ်ကားကောင်းတစ်ကား လူတိုင်းကိုကြည့်စေချင်တဲ့ဆန္ဒကြောင့်ပါ

ဘာကြောင့်လဲဆိုတော့ လက်ရှိ 2019 ထွက်ထားသမျှ အိန္ဒိယကားတွေထဲမှာ Rating အမြင့်ဆုံးလို့လည်းပြောလို့ရလို့ပါဗျာ

IMDb 9/10 ထိရရှိထားပြီး ဝေဖန်ရေးသမားတွေအကြား ကောင်းသတင်းမွှေးနေပါတယ်။

ဇာတ်လမ်းလေးပြောရရင် …

အာရ်ဂျွန် . . . တချိန်က နာမည်ကြီး ခရစ်ကက်ကစားသမားတစ်ယောက်
စံချိန်ကောင်းများစွာနဲ့ သူ့ခေတ်သူအခါမှာ အကောင်းဆုံးပဲ

အခုတော့
အကြောင်းအမျိုးမျိုးကြောင့် ခရစ်ကက်နားလိုက်ပြီ
ပိုဆိုးတာ လက်ရှိအလုပ်လေးကလည်းပြုတ်နေတာ ၂ နှစ်ရှိပြီ
ဇနီးဖြစ်သူ ဆာရာကတော့ မညည်းညူဘဲ အိမ်ထောင့်တာဝန်ကိုယူထားပါတယ်
ဒါပေမဲ့ …

သားလေးရဲ့ အသက် ၇ နှစ်ပြည့်မွေးနေ့မှာ
သားဖြစ်သူက တသက်နဲ့တခါ မွေးနေ့လက်ဆောင်အဖြစ်
ခရစ်ကက်ဂျာစီလေးတစ်ထည်ဝယ်ပေးဖို့ တောင်းဆိုပါလေရော

ဂျာစီဖိုးကဘယ်လောက်လဲဆိုတော့ ၅၀၀ ရူပီ

ဒီ ၅၀၀ ဟာ လူတစ်ယောက်အတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ
သုံးရက်တိုင်တိုင် သူလှည့်ရှာလို့မရခဲ့ဘူး
ဒီ့အတွက်နဲ့ ပြဿနာပေါင်းစုံ သောကပေါင်းစုံပါ တက်ခဲ့ရတယ်

ဒီအချိန်မှာ အာရ်ဂျွန် သူ့အခြေနေသူ ကောင်းကောင်းကြီးသိသွားတော့တာပဲ
အဲ့ဒိတော့ သူစွန့်လွှတ်ခဲ့တဲ့ခရစ်ကက်လောကထဲ
နောက်တစ်ကြိမ်ပြန်ဝင်ဖို့ ကံဖန်လာခဲ့လေတယ်

အသက် ၃၆ နှစ်ဖြစ်နေမှ ခရစ်ကက်မှာ အောင်မြင်မှုပြန်ရှာနိုင်ပါ့မလား …

(ခရစ်ကက်နဲ့ပတ်သတ်တဲ့အသုံးနှုန်းတွေဟာ သိပ်မရင်းနှီးတာကြောင့်
ဘာသာပြန်လိုအပ်ချက်များရှိပါက သည်းခံပေးကြပါကုန်)

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…

File Size : (1.1 GB) and (429 MB)
Quality : WEB-DL 720p,
Format…mp4
Duration…02:30:00
Genre : DramaSport
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zaw Htoo
Encoded by Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Jersey(2019)


No downloads available

Genres



Related movies