Channel Myanmar

Report error

Joram (2023) “ဂျိုရမ်”

IMDb 7.4 ရထားတဲ့ ဟင်ဒီ thriller ရုပ်ရှင်ကားသစ်ဖြစ်ပြီး
ဝေဖန်ရေးဆရာတွေ ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုနဲ့
သရုပ်ဆောင်ဆုတွေ ဆန်ခါတင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်

ခေတ်ပျက်တစ်ခုမှာ တည်ထားပြီး အရာရာယိုယွင်းနေတဲ့ အုပ်ချုပ်ရေးနဲ့အတူ
ငတ်မွတ်မှုတွေ အာဏာပိုင်တွေရဲ့ လျှို့ဝှက်ချက်တွေ ကြားထဲမှာ ရုန်းကန်ရတဲ့
လူတွေအကြောင်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ်

ဇာတ်လမ်းကို အဓိကဇာတ်ကြောင်းနှစ်ခုနဲ့ တည်ဆောက်ထားပါတယ်…
ဖခင်တစ်ယောက် ၃ လသားအရွယ် သမီးလေးကို ပိုက်ပြီး အာဏာပိုင်တွေရဲ့ လက်ကနေ ထွက်ပြေးနေရပုံကို ပြထားပြီး နောက်ထပ် ဇာတ်သွားတစ်ခုမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဇာတ်လမ်းကို ပုံဖော်ထားပါတယ်

Dasru တစ်ယောက် ဘာဖြစ်လို့ ထွက်ပြေးနေရလဲ
သူ့ရဲ့ အတိတ်က ဘာတွေများ အရှုပ်အရှင်းတွေ ရှိခဲ့လဲ…
အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့
ကားလိပ်ချသည့်တိုင် ဇာတ်လမ်းရဲ့ လျှို့ဝှက်ဆန်မှု မပျောက်သွားပဲ
သမီးအတွက် အရာရာကို ရင်ဆိုင်မယ့် ဖခင်တစ်ယောက်ရဲ့ သတ္တိကို မြင်တွေ့ရမှာပါ

အိန္ဒိယရုပ်ရှင်တွေရဲ့ သမာရိုးကျ ဒိုင်ယာလော့ခ်အခြေခံတဲ့ ရုပ်ရှင်တွေနဲ့ အတော်လေးကွဲထွက်ထားပြီး
“အပြောထက် အပြ” ကို ဦးစားပေးဆိုသလို မျက်စိပသာဒဖြစ်ဖွယ် အလှတရားထက်
ရက်စက်ကြမ်းကြုတ်တဲ့ လက်တွေ့လောကကို အရှိအတိုင်း တင်ဆက်ထားတဲ့
ဒီဇာတ်ကားလေးကို ပရိသတ်ကြီး ခံစားပေးကြပါဦး

အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

File size…1.97GB / 869MB
Quality…WEB DL 1080p / 720p
Format…mp4
Duration….1h 59m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Joram (2023)
Joram (2023)
Joram (2023)
Joram (2023)


No downloads available

Genres



Related movies