Channel Myanmar


King of Thorn (2009)

King of Thorn    

TV-MA 120 min AdventureAnimationHorror

6.3
IMDB: 6.3/10 2,170 votes

, , , , , , , , ,

1 win & 2 nominations.

Japan

54081

Report error

IMDb – 6.3/10
My anime list – 7.1 /10

“ဖြစ်​ချင်​တဲ့ဆန္ဒသာမရှိဘူးဆိုရင်

အိပ်​မက်​​တွေဟာတကယ်​ဖြစ်​လာမှာမဟုတ်​ဘူး”

2009ခုနှစ်​ထုတ်​ဒီဂျပန် ​anime ​လေးဟာ​ပြောရမယ်​ဆိုရင်​​တော့

Netflixကထုတ်​တဲ့ Annihilationရုပ်​ရှင်​ရဲ့

ဇာတ်​​ကြောင်းနဲ့နည်းနည်းဆင်​ပါတယ်

ဇာတ်​​ကြောင်းကို

ပါးပါး​လေးပုတ်​ရမယ်​ဆိုရင်​​တော့ဖြင့်

၂၀၁၂ခုနစ်​နှစ်​လည်​ပိုင်း​လောက်​မှာ

ကမ္ဘာ​ပေါ်မှာ​ရောဂါတစ်​မျိုးစတင်​ပျံ့နှံ့လာခဲ့ပါတယ်

ရောဂါကူးစက်​ခံရသူ​တွေဟာ နာရီအနည်းငယ်​အကြာမှာ

အ​သွေးအသား​တွေတစ်​ကိုယ်​လုံး

ကျောက်​သားပမာ မာ​ကျောပြီး​သေဆုံးသွား​လေ့ရှိလို့

ဂရိဒဏ္ဍာရီလာ မျက်​နှာမြင်​တာနဲ့​ကျောက်​ဖြစ်​​စေတဲ့

မီဒူဆာနာမည်​ကို​ပေးထားခဲပါတယ်

ကူးစက်​ခံရပြီဆိုတာနဲ့​သေဆုံးဖို့

ရာခိုင်​နှုန်း၁၀၀ရာခိုင်​နှုန်းရှိတာမလို့

တစ်​ကမ္ဘာလုံးအုတ်​​အော်​​သောင်းနင်းနဲ့

သွေးပျက်​ကုန်​ကြတယ်​လို့​ပြောရင်​လည်းမမှားပါဘူး

ကုသ​ရေး​ဆေး​တွေကိုမ​ပေါ်​သေး​ပေမယ့်

ရောဂါကူးစက်​ခံရလား

မခံရဘူးလားကို​ရောဂါပိုးပမာဏကိုတိုင်းတာပြီး

သိနိုင်​တဲ့အထိ​တော့​ရောက်​လာခဲ့ပါတယ်

ဒါ​ပေမယ့်​လည်း​ရောဂါကိုထိထိ

ရောက်​​ရောက်​မကိုင်​တွယ်​နိုင်​ဖြစ်​​နေဆဲပါ

အဲ့ဒီအချိန်​မှာပဲ​ဆေးဝါးကုမ္ပဏီတစ်​ခုဟာ

ရောဂါကူးစက်​ခံရတဲ့လူ​တွေအတွက်​ထိ​ရောက်​တဲ့

နည်းလမ်းတစ်​ခုကိုချပြခဲ့ပါတယ်

အဲ့ဒါက​တော့​ရောဂါကူးစက်​ခံရသူ​တွေဟာ

Cold sleep capsule center(CSCC)

ပ​ရောဂျက်​နဲ့ ခန္ဓာကိုယ်​ရဲ့ဇီဝဖြစ်​စဉ်​​တွေ​နှေး​ကွေးသွား​အောင်​လုပ်​ပြီး

ပျောက်​ကင်း​အောင်​ကုသတဲ့​ဆေး​ပေါ်

လာတဲ့အထိအိပ်​​ပျော်​​နေ​စေမယ့်​နည်းလမ်းပဲ

ကနဦးအ​နေနဲ့လူအ​ယောက်​၁၆၀ကို​ရွေးချယ်​ခဲပြီး

ပ​ရောဂျက်​ကိုစလုပ်​ခဲ့ပါတယ်

ဒါ​ပေမယ့်​ နှစ်​တစ်​ရာ​လောက်​ပဲ

အိပ်​​ပျော်​​စေဖို့ရည်​ရွယ်​ထား​ပေမယ့်

အိပ်​​ပျော်​​နေသူ​တွေပြန်​နိုးထလာချိန်​မှာ​တော့

ဆူးပင်​ကြီး​တွေနဲ့ပြည့်​နှက်​​နေတဲ့

အ​ခြေအ​နေနဲ့ကြုံ​တွေ့လိုက်​ရပါတယ်

အဲ့ဒီဆူးပင်​ကဘယ်​က​ရောက်​လာလဲ

စမ်းသပ်​ခံလူ​တွေဘယ်​​လောက်

ကြာ​အောင်​အိပ်​​ပျော်​သွားခဲ့တာလဲ

CSSCပ​ရောဂျက်​ရဲ့အဓိကရည်​ရွယ်​ချက်​က​ရောဘာလဲ

မီဒူဆာ​ရောဂါက​ရော

ဘယ်​က​ရောက်​လာတာလဲစတာ​တွေကို

စိတ်​ဝင်​စားစွာကြည့်​ရှုရမှာပါ

ရုပ်ရှင်ကား နဲ့ အညွှန်း ကို

Dr. Nyan မှ ဘာသာပြန်ပြီး ရေးပေးထားပါတယ်

King of Thorn (2009)
King of Thorn (2009)
King of Thorn (2009)
King of Thorn (2009)


No downloads available

Genres



Related movies