Channel Myanmar

Report error

ဒီတခါတော့ အဟောင်းပေမယ့်ကောင်းနေသေးတဲ့

ဟာသဇာတ်မြူးကားလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ.

Imdb 5.8ရထားပြီး Comedy/Heistဆိုတော့

လူတိုင်းကြိုက်ကြမယ့် ကားလေးပေါ့ဗျာ.

ဇာတ်လမ်းအကျဉ်းကတော့ ဘရစ်ဂတ်ရဲ့ခင်ပွန်း ဒွန်ဟာ

နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အလုပ်ကနေ ပြုတ်သွားတာကြောင့်

တသက်လုံး အေးဆေးနေခဲ့တဲ့ ဘရစ်ဂတ်တို့မိသားစုဟာ

ဒုက္ခရောက်တာပေါ့ဗျာ. ခင်ပွန်းဒွန်ကလဲ အလုပ်ပြုတ်ပြီး

စိတ်ဓာတ်တွေ တဖြုတ်ဖြုတ်ကျတာကြောင့်
ဘာမှမလုပ်နိုင်ဖြစ်ပြီး စီးပွားရေးအခြေအနေက ပို

ဆိုးလာခဲ့ပါတယ်. ဘယ်လောက်တောင် ဆိုးလဲဆို

သူတို့အိမ်ဖော်ကိုတောင် လခမပေးနိုင်လို့ အကြွေးတောင်းခံရတဲ့ထိပါပဲ.

ကံကောင်းချင်တော့ အဲ့ဒီအိမ်ဖော်မလေးကပဲ

ဘရစ်ဂျတ်ကို အလုပ်တစ်ခုလုပ်ဖို့ အကြံပေးခဲ့ပါတယ်.

အဲ့ဒီအလုပ်ကတော့ ဘဏ်မှာ သန့်ရှင်းရေးလုပ်တာပါပဲ. ဘရစ်ဂျတ်ကလဲ

ငွေလိုနေတာဆိုတော့ ဝင်လုပ်တာပေါ့ဗျာ.

ဝင်လုပ်ရင်းနဲ့ ပဲ ဘဏ်ရဲ့ဟာကွက်တချို့ကို တွေ့ပြီး အဲ့ဒီကနေ

ငွေရပေါက်အကြီးကြီးဖြစ်သွားတာပေါ့.

ဒါပေမယ့် သူတစ်ယောက်တည်းလုပ်ဖို့ကျ

အဆင်မပြေတာကြောင့် ဘဝတူ ဘဏ်ဝန်ထမ်းအဖော်နှစ်ယောက်စုပြီး

သုံးယောက်ပေါင်းကာ ကွက်ကျော်ရိုက်ကြပါတယ်.

သူတို့ရဲ့ ငွေရပေါက်ဟာ တရားမဝင်တော့ လူအင်အားပိုလိုလာလို့

လူစုရင်းနဲ့ အုပ်စုတစ်ခုလိုဖြစ်ပြီး အတူတူ ကွက်ကျော်ရိုက်ကြရင်း

အလွဲတွေဖြစ်ပြီး တိုင်ပတ်တာကို ရိုက်ပြထားတဲ့

ဟာသဇာတ်မြူးလေးပေါ့ဗျာ. ဒီဇာတ်လမ်းကိုကြည့်ရင်

ဘဝအမောတွေ
ကျိန်းသေပြေစေမှာမလို့ ကြည့်ဖြစ်အောင်

ကြည့်လိုက်ကြပါဦးဗျာ

 

 

File Size – 1.1 gb

Quality – bluray 1080p

Subtitle –  burmese

Translator – YK

Encoder – Thit San Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Mad Money (2008)
Mad Money (2008)


No downloads available

Genres



Related movies