Channel Myanmar

Minnal Murali (2021)

TV-14 2h 38min ActionAdventureComedy

8.6
IMDB: 8.6/10 9000 votes

India

1434455

Report error

Minnal Murali (2021)

Superhero movie genreမှာ Marvelနဲ့ DCပဲ လွှမ်းမိုး​နေတဲ့​နောက်
ဒီတစ်ခါ​မှာ​တော့ Netflix က အသစ်ထွက်တဲ့ India superhero movieတစ်ကားကို
အရသာတစ်မျိုး အ​ပြောင်းအလဲဖြစ်သွား​အောင် တင်ဆက်​ပေးလိုက်ပါတယ်၊

Kurukhanmoola ရွာသား Jaison ဟာ
ငယ်စဉ်ကတည်းက မိတဆိုး​ဖြစ်ခဲ့ပြီး ဖခင်အ​ပေါ်အရမ်းခင်တွယ်ခဲ့ရသူပါ၊
ဒါ​ပေမဲ့ ဖခင်ဖြစ်သူ ပြဇာတ်မင်းသားဟာ မ​တော်တဆမှုတစ်ခု​ကြောင့် ​သေဆုံးသွားတဲ့​​နောက်
ကံဆိုးသူ​မောင်ရှင်​လေး Jaisonအ​နေနဲ့ အရွယ်​ရောက်တဲ့အထိ ကံဆိုးမှု​တွေက အဆုံးမသတ်ခဲ့သူပါ၊
အ​မေရိကန်သွားပြီး ချမ်းသာ​​အောင်လုပ်ချင်တဲ့ အိပ်မက်ကလည်း မ​အောင်မြင်သလို
ချစ်ရတဲ့သူကလည်း ​စေ့စပ်ထားပြီးသားသူ ဖြစ်​နေမှန်း မ​တော်လိုက်ရတဲ့ ​ယောက္ခမ​က​ပြောမှ သိရတဲ့သူပါ၊

​မောင်ရှင်​​တောင် Jaison​လောက်ကံမဆိုးနိုင်ဘူးလို့ ဆိုရ​အောင်ပဲ
ဇာတ်လိုက်​ကျော်ကြီးခမျာ မိုးကြိုးပါ ထပ်အပစ်ခံရပါ​​သေးတယ်၊
ဒါ​ပေမဲ့ သန်း​ခေါင်ထက် ညမနက်​တော့သလို သူရဲ့ကံဆိုးမှု​တွေက ​​ကြေသွားပုံရပါတယ်၊
သူ့ကိုထိမှန်တဲ့မိုးကြိုးက သာမန်မဟုတ်ဘဲ ဂြိုလ်၃လုံးတန်းပြီး ဖြစ်လာတဲ့မိုးကြိုးဖြစ်​နေလို့
သာမန်လူ​တွေမှာ မရှိတဲ့ Superhuman အစွမ်း​တွေကို Jaison ပိုင်ဆိုင်ခဲ့ပါတယ်၊
ဒါ​​ပေမဲ့ မိုးကြိုးထိမှန်ခဲ့သူက သူတစ်​ယောက်တည်းမဟုတ်ဘဲ ထပ်ရှိ​နေ​သေးသလို
အဲဒီလူက ရထားတဲ့အစွမ်း​တွေကို မ​ကောင်းတဲ့ အဖျက်လုပ်ငန်း​တွေမှာ သုံးလာတဲ့အခါ

Jaisonအ​နေနဲ့ သူ့ဖခင် ကခဲ့တဲ့ ပြဇာတ်ထဲက
Minnal Murali (Lightning Murali) ဆိုတဲ့ ဇာတ်​ကောင်အမည်ကို ခံယူပြီး
သူ့ရဲ့အစွမ်း​တွေနဲ့ ရပ်ရွာကို ကာကွယ်ဖို့ ကြိုးစားပုံ​တွေကို
အချစ်၊ အလွမ်း၊ ဟာသ၊ အက်ရှင်ရသစုံခံစားရင်း ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်၊
အ​နောက်တိုင်း Superhero​ဇာတ်ကား​တွေနဲ့ မတူတဲ့
​အ​​ရှေ့တိုင်းSuperheroအသစ်​လေးကို တမျိုးမြည်းစမ်းကြည့်ပါဦး

အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့

ဘာသာပြန်ထားတာက Pyi Ti Nyein နဲ့ JimX တို့ပဲ ဖြစ်ပါတယ်

Genre…..Action, Adventur, Comedy
Quality….WEB-DL 1080p and 720p and 360p
File size…2.2GB and 1.3GB and 309MB
Format…mp4
Duration….2h 38min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Pyi Ti Nyein and JimX
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Minnal Murali (2021)
Minnal Murali (2021)
Minnal Murali (2021)
Minnal Murali (2021)
Minnal Murali (2021)
Minnal Murali (2021)
Minnal Murali (2021)
Minnal Murali (2021)
Minnal Murali (2021)
Minnal Murali (2021)
Minnal Murali (2021)
Minnal Murali (2021)
Minnal Murali (2021)
Minnal Murali (2021)


No downloads available

Genres



Related movies