Channel Myanmar

Content at random


Movies

Plastic (2014) 6.0
Plastic (2014) Plastic (2014) =========== IMDb Rating - 6.0/10ဒီဇာတ်လမ်းရဲ့အစက ဆမ်၊ ဖို့ဒီ၊ ရိတ်ဆီနဲ့ ရာဖာတို့ လက်စတစ်တွေနဲ့ အကြွေးဝယ်ကတ်အတုတွေပွားပြီး လိမ်စားနေ သူငယ်ချင်းအဖွဲ့ပေါ့။ တစ်နေ့ကျ ရိတ်ဆီနဲ့ ရာဖာတို့ လူချမ်းသာတစ်ယောက်ကို ဓားပြတိုက်ပြီး သူ့ကတ်တွေကို ယူလာခဲ့တယ်။ အဲဒီမှာပဲ ကပ်ဆိုးကြီးကျလာတော့တာပဲ။သူတို့ဓားပြတိုက်သွားတဲ့ ဟယ်ရီရဲ့သူဌေး မာဆယ်က ဆမ်တို့ကောင်လေး လေးယောက်ကိုဖမ်းပြီး သူ့ကိုပိုက်ဆံတွေ မတရားအကြွေးဆပ်ခိုင်းတော့ တာပါပဲ။ အကြွေးအပြင် အတိုးတွေပါ တစ်သက်လုံးဆပ်ရမယ်ပြောတော့ အကုန်လုံးကြေအောင် နှစ်ပတ်အတွင်း ဒေါ်လာနှစ်သန်းဆပ်ဖို့ ဆမ်သဘော တူလိုက်ရတယ်။ အဲဒီမှာပဲ သူတို့အဖွဲ့ ဘယ်လိုတွေ ပလက်စတစ်တွေနဲ့ ကတ်အတုလုပ် ငွေရှာရမလဲဆိုတာ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ဆက် လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin, May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.6 GB) / (637 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 42Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Thwal Htoo Zin, ...
movie

Plastic (2014)

2014
Alabama Moon (2009) 6.4
Alabama Moon (2009) Alabama Moon (2009) ================= IMDb Rating - 6.4/10ဇာတ်ကားကတော့ လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုကို ရှု့ထောင့်တစ်မျိုး ကနေ တင်ဆက်ပေးတာပါ။ ဒီဇာတ်ကားကို ကလေးသရုပ်ဆောင် ကားအဖြစ်ပုံဖော်ထားပေမယ့်၊ နောက်ခံဇာတ်လမ်းကတော့ ကြည့်ရှု သူပရိတ်သတ်တွေ တွေးတောကြဖို့ပါပဲ။မွန်းနဲ့ သူ့ရဲ့အဖေတို့ဟာ အစိုးရရဲ့ ထိန်းချုပ်ကွက်ကဲမှုအောက်မှာရှိတဲ့ လူ့အဖွဲ့အစည်းကနေ လွတ်မြောက်ဖို့အတွက် သစ်တောထဲမှာ သီးသန့် ကလေးသွားနေကြတာပါ။ ဒီအခါမှာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အကြောင်း အရာတွေကိုတော့ မွန်းဆိုတဲ့ ကလေးက ရင်ဆိုင်သွားရပါတယ်။အစိုးရရဲ့ ထိန်းချုပ်မှုအောက်က လူ့အဖွဲ့အစည်းရဲ့ အခက်အခဲနဲ့ တောထဲမှာ သွားနေကြတဲ့ သားအဖရင်ဆိုင်ရတဲ့ ပြသနာတွေကို ယှဥ်ထိုးပြီးတော့ ရိုက် ကူးသွားတာဖြစ်ပြီး ဘယ်နည်းလမ်းက ကောင်းသလဲဆိုတာကတော့ ကြည့် ရှုတဲ့ပရိတ်သတ်က ဆက်လက်တွေးတောရမှာပါ။ ဒီဇာတ်ကားနဲ့ပဲ မွန်း အဖြစ် သရုပ်ဆောင် ကလေး သရုပ်ဆောင် Jimmy Bennet ဟာ Young Best Artist ဆုအတွက် Best Performance in a Feature Film - Leading Young Actor ...
movie

Alabama Moon (2009)

2009
Bee Season (2005) 5.5
Bee Season (2005) Bee Season (2005) =============ဒီကားနဲ့ အဓိကဇာတ်ရုပ်ဖြစ်တဲ့ Flora Crossက 2006 Best Young Actress မှာ အဲ့ခေတ်အခါက ဟယ်ရီပေါ်တာဇာတ်ကားထဲက Emma Watson, The Chronicles of Narnia ဇာတ်ကားထဲက Georgie Henley တို့နဲ့အတူ ဆန်ခါတင်စာရင်းဝင်ခဲ့တာပါ။ ဒီကားထဲမှာ ဘာသာ ရေးနဲ့နှီးနွှယ်နေတဲ့အတွက် စိတ်ဝင်စားစရာအချက်တွေပါဝင်နေပါတယ်။ ပြီးတော့ Bee Season ဆိုတာ သူတို့နိုင်ငံမှာ ကလေးတွေအတွက် ကျင်း ပတဲ့စာလုံးပေါင်းပြိုင်ပွဲပါ။ စကားလုံးတွေက ဂူဂဲလ်ခေါက်ရှာကြည့်ရင် တောင် နားမလည်နိုင်တဲ့အထိကြမ်းတာပါ။ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့အဓိကဇာတ်ဆောင် ၄ယောက်ရဲ့အေးတိအေး စက်သရုပ်ဆောင်မှုတွေအပြင်၊ ဘာသာရေးအမြင်မတူမှုတွေနဲ့ဆန်းသစ်တဲ့ စကားလုံး၊အတွေးအခေါ်တွေကို မြင်တွေ့ရမှာပါ။ကယ်လီဖိုနီးယား၊အုတ်ကလန်းမှာနေကြတဲ့ နော့မန်းတို့မိသားစုက ကြည်နူး အားကျစရာကောင်းတဲ့မိသားစုလေးပါ။ အိမ်ထောင်ဦးစီးအဖေဖြစ်သူက ဘာသာရေးပိုင်းလေ့လာလိုက်စားတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပြီး သူရဲ့ဘာ သာရေးအမြင်တွေကိုလည်း မိသားစုအပေါ်ချပြပြီး မိသားစုဝင်တိုင်းကို ဂျူး ဘာသာဝင်အဖြစ် ကူးပြောင်းစေခဲ့သူပေါ့။ သားအကြီးဖြစ်သူက ဖအေကို အားကျ‌တော့ ဖအေစိတ်ကျေနပ်စေမယ့်အရာမှန်သမျှလုပ်ပေးတယ်၊ ဖြစ်ချင် တော့ သမီးအငယ်ဖြစ်သူ အယ်လိုင်ဇာက စီရင်စုစာလုံးပေါင်းပြိုင်ပွဲမှာ အနိုင် ရလိုက်တော့ ဖအေဖြစ်သူရဲ့အာရုံစိုက်မှုတွေက သမီးအငယ်အပေါ် ကျရောက် လာတဲ့အခါ နော့မန်းမိသားစုရဲ့ကံကြမ္မာ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File ...
movie

Bee Season (2005)

2005
Sushi Girl (2012) 6.0
Sushi Girl (2012) Sushi Girl (2012) ==============ဖစ်ရှ်တစ်ယောက် ထောင်က လွတ်လာတဲ့နေ့မှာပဲ သူ့ရဲ့ ဘော်ဒါဟောင်း ဒုခ် ရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရတယ်။ လွတ်မြောက်မှုအတွက် ဂုဏ်ပြုဖို့ပေါ့။ ဒါပေမဲ့ ဒုခ် လက်စသတ်ချင်နေတဲ့ ကိစ္စတစ်ခုရှိနေတယ်။ ဖစ်ရှ်ဟာ ဓားပြ တိုက်မှုနဲ့ ထောင်ထဲမှာ ၆နှစ်တာ ကုန်ဆုံးခဲ့တယ်။ အပေါင်းအပါတွေကို တစ်ယောက်မှ မဖော်ထုတ်ဘဲ သူတစ်ယောက်တည်း အပြစ်ခံယူခဲ့တယ်။ဒီ့အတွက် ဒုခ်က စွန့်ပစ်ခံထားရတဲ့ စားသောက်ဆိုင်တစ်ခုမှာ ဖစ်ရှ်အတွက် ဆူရှီကို ခမ်းခမ်းနားနား ထူးထူးခြားခြား ပြင်ဆင်ပေးထားတယ်၊ ဆူရှီအခင်း အကျင်းမှာတော့ ဝတ်လစ်စလစ်နဲ့ မိန်းကလေးတစ်ယောက်ဟာ တည်ခင်း စရာဗန်းအဖြစ် စားပွဲပေါ် လဲလျောင်းနေပေးရတယ်။ သူ့အလုပ်ဟာ သက်မဲ့ ပန်းကန်ဖြစ်ပေးဖို့ ဘာပဲကြားကြား ဘာပဲမြင်မြင် ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့ မိန်းကလေး။ ဒီလို ထူးခြားတဲ့ ဂုဏ်ပြုညစာစားပွဲလေးဟာ ထင်မှတ်မထား တာတွေ ဖြစ်လာတဲ့အခါ ဒီမိန်းကလေး ဘယ်လိုနေမလဲဆိုတာကိုတော့ ကြည့်ရှုခံစားရင်ခုန်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File Size..........(1.46 GB) / (538 MB) Quality............WEB-DL 1080p / ...
movie

Sushi Girl (2012)

2012
A Radiant Girl (2021) 6.1
A Radiant Girl (2021) A Radiant Girl (2021) ================ IMDb rating - 6.1/10ဒီဇာတ်ကားလေးကတော့ 1942 မှာဂျူးလူမျိုးတွေကိုဖိနှိပ်ချုပ်ချယ် ခဲ့တဲ့ အမှောင်ခတ်ကာလအကြောင်းကို drama လေးရောနှောပြီး ရိုက်ကူးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... 1942 ခုနှစ်ပဲရစ်မြို့ နွေရာသီလေးမှာ Jewish French လူမျိုးဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် အီရင်းဆိုတဲ့မိန်းကလေးတစ်ယောက်က ဘဝ မှာရည်မှန်းချက်တွေအပြည့်နဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ် ချင်တဲ့ အိပ်မက်လေးနဲ့ ဘဝကိုကြိုးစားရှင်သန်နေပါတယ်။ သူ့ဘဝ အတွက် အချစ်ဆိုတဲ့အရာကိုစူးစမ်းလေ့လာနေပြီး ဘဝမှာပထမဆုံး သောအရာတွေကို လက်တည့်စမ်းကြည့်ရင်းနဲ့ပေါ့။တစ်နေ့မှာတော့ သူ့ရဲ့မိသားစုမှာအမှောင်ရိပ်တစ်ခုလွှမ်းမိုးလာပါတယ်။ သူ့ရဲ့တက်ကြွနေတဲ့စိတ်ဓာတ်လေးကို ဘယ်အရာတွေက ဘယ်လိုရိုက် ချိုးပစ်လိုက်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာစိတ်ဝင်စားဖွယ်ကြည့်ရှူ ခံစားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.24 GB) / (475 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History Translator.......June Encoder..........SWM
movie

A Radiant Girl (2021)

2021
Big Mommas: Like Father, Like Son (2011) 4.4
Big Mommas: Like Father, Like Son (2011) Big Mommas: Like Father, Like Son (2011) ===============================Big Momma's House သုံးကားရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မိန်းမဝဝ ဝတ်စုံကြီးဝတ်ရတာ မယ်လ်ကွန်တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဇာတ်ကားနာမည်အတိုင်း ဘမျိုးဘိုးတူအဖေတူသား ထရန့်ပါ,ပါလာပါပြီ။ Big Momma's House (1)ထဲက ပေါက်စနထရန့်လည်း ဆယ်ကျော်သက် အရွယ်ရောက်လာပြီး သူ့ရဲ့ရက်ပါအိပ်မက်ကြောင့် မယ်လ်ကွန်နဲ့ အတိုက်အခံတွေဖြစ်နေပါတယ်။ (အခုထရန့်က ရှေ့၂ကားမှာပါခဲ့တဲ့ ထရန့်ငယ် ဘဝသရုပ်ဆောင်မဟုတ်ပါဘူး၊ လူသစ်ဖြစ်ပါတယ်၊ ဤကားစကားချပ်)။ချက်ကော့ဖ်ဆိုတဲ့လူဆိုး လူသတ်လိုက်တာကိုထရန့်မြင်သွားတာကတစ်ချက်၊ ချက်ကော့ဖ်လိုက်ရှာနေတဲ့ယူအက်စ်ဘီကို မယ်လ်ကွန်လည်း လက်ဦးမှုယူဖို့လုပ် နေတာကတစ်ချက်နဲ့ သားအဖနှစ်ယောက် ယူအက်စ်ဘီဖွက်ထားတဲ့‌နေရာဖြစ်တဲ့ ဂျော်ဂျီယာမိန်းကလေးအနုပညာကျောင်းမှာ ယူအက်စ်ဘီရှာရင်း၊ ထရန့်ကိုလည်း ဖွက်ရင်း မိန်းမဝဝ ဝတ်စုံကြီးတွေဝတ်ပြီး ဟန်ဆောင်နေလိုက်ကြပါတယ်။ ဒီလိုနဲ့ မိန်းကလေးကျောင်းမှာ အထီးနှစ်ကောင်...အဲလေ သားအဖနှစ်ယောက်ရောက်လာ ပြီး ဘယ်လိုတွေခွီရဦးမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.84 GB) / (1.0 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Ngwe ...
movie

Big Mommas: Like Father, Like Son (2011)

2011
Honey, I Blew Up the Kid (1992) 4.9
Honey, I Blew Up the Kid (1992) Honey, I Blew Up the Kid (1992) =======================ဒုတိယ ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း နည်းနည်းလေးတော့ fail နေမယ်။ fail fail လေးပဲ ကောင်းပါတယ် ဆိုသလိုပါပဲ။ Honey I Shrunk the Kids ရဲ့ အောင်မြင်မှုနဲ့ဝင်ငွေကိုတော့ မမီခဲ့ပေမဲ့ အခုကားလည်း ဆက်လက်အောင်မြင် ခဲ့ပါတယ်လေ။ ပြောရရင် မိသားစုကား သိပ္ပံစိတ်ကူးယဉ်ကားတွေ ရလေ့ရှိတဲ့ အောင်မြင်မှုကိုတော့ တင်းပြည့်ကျပ်ပြည့် ရခဲ့တယ်ပေါ့ဗျာ။ ပထမကားကို မမီရကောင်းလားလို့တော့ အပြစ်တင်မစောလိုက်ပါနဲ့။ သူက တစ်ခေတ်တစ် ကားဆိုသလို ထူးခြားဆန်းပြား မမျှော်လင့်ဘဲ ပေါက်သွားတာမလို့ ဘေးမဲ့ပေး လိုက်ကြပါ။ဒီဇာတ်ကားမှာတော့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ နည်းပညာကိုယူပြီး နိုင်ငံတော် အဆင့်အနေနဲ့ ထပ်မံမွန်းမံဖို့ လုပ်နေတာပေါ့လေ။ ဒီတစ်ခါကတော့ မချုံ့တော့ ဘူးဗျ။ ကြီးအောင်လုပ်မှာ။ ဒီမှာလည်း သူက အပယ်ခံ သိပ္ပံပညာရှင်‌ပါပဲ။ ဒီလိုနဲ့ စလင်စကီ သားအဖနှစ်ယောက် သားငယ်လေး အာဒမ် ကိုခေါ် ပြီး ဓာတ်ခွဲ ခန်းကို ...
movie

Honey, I Blew Up the Kid (1992)

1992
Dick Figures: The Movie (2013) 6.6
Dick Figures: The Movie (2013) Dick Figures: The Movie (2013) =======================ဒီကာတွန်းရုပ်ရှင်က Visual artist တွေအပျင်းကြီးလို့ တုတ်ချောင်း တွေပဲ လုပ်ထားတာလားမသိပေမယ့်၊ သူ့ရဲ့ theme နဲ့သူရပ်တည်ပြီး Dick figure ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတွဲတွေ အများကြီးထွက်ပြီး အောင်မြင်ထားတာပါ။ Rick and Morty, Family Man Dark Joke ဆန်ဆန် Humor တွေကို ကြိုက်နှစ်သက်တဲ့ animation fan ဆိုရင် သေချာပေါက်မြည်းစမ်းကြည့်ဖို့ ပြောချင်ပါတယ်။ဇာတ်လမ်းအညွှန်းက ရက်ဒ်နဲ့ ဘလူးဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကောင်မလေးကို မွေးနေ့လက်ဆောင်ပေးဖို့အတွက် အပေါင်ဆိုင်သွား ရင်း အပေါင်ဆိုင်က ရက်ကွန်းဘိုးတော်က ဂျပန်ပြည်က နှစ်တစ်ထောင် ကံကြမ္မာဓားကြီးကို သူဆီယူလာပေးရင် မင်းကောင်မလေး လုံးဝကြွေ သွားစေမယ့် လက်ဆောင်ကြီးကို ပေးမယ်လို့ပြောလိုက်တာကနေစပါ တယ်။ တစ်ခုရှိတာက ဒီဓားကို နတ်ဆိုးနင်ဂျာစစ်တပ်ကြီးက စောင့်ရှောက် ကာကွယ်နေတဲ့အတွက်လွယ်လွယ်နဲ့ရမှာ မဟုတ်ပါဘူး။ ရက်ဒ်နဲ့ဘလူး နှစ်ယောက် အလွဲအလွဲအချော်အချော်တွေလုပ်ရင်း ဓားတစ်ချောင်းအ တွက်စွန့်စားခန်းတွေ ထွက်ခဲ့ကြပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.2 ...
movie

Dick Figures: The Movie (2013)

2013
Snapshot of Love (2023) 5.5
Snapshot of Love (2023) Snapshot of Love (2023) ==================ပါပါရာဇီသမားလေး အေဒရီရန်က နာမည်ကြီးနေတဲ့ တက်သစ်စမင်းသား ပါကာဘန်းနက်ရဲ့ ရုပ်ရှင်ပထမဆုံးရုံတင်ပွဲ ကော်ဇောနီမှာ ဓာတ်ပုံလုရိုက်ရင်း သူ့အိတ်ထဲက ပန်းသီးပြုတ်ကျသွားပြီး ပါကာလျှောက်နေတဲ့ ကော်ဇောနီပေါ် ကျသွားလေရဲ့။ အဲဒီလိုနဲ့ သရုပ်ဆောင်မင်းသား ပါကာလည်း ပန်းသီးနင်းမိရင်း မှောက်ပြီး ဂွမ်းတော့တာပါပဲ။ ဓာတ်ပုံသမားတွေကလည်း အမိအရ ပုံတွေရိုက် ရင်း ပါကာက မေ့ပါလဲသွားလို့ ထမလာနိုင်တော့ နောက်​နေ့ အတင်းအဖျင်း မဂ္ဂဇင်းတွေမှာ မင်းသားပါကာဘန်းနက် ကော်ဇောနီပေါ် အရက်မူးပြီး မှောက် သွားပါတယ်လို့ သတင်းခေါင်းစဥ်အတပ်ခံရပါရော။သူ့ကိုယ်သူ လိပ်ပြာမလုံတဲ့ အေဒရီရန်က ပါကာအတွက် စိတ်မကောင်းဖြစ်ပေမဲ့ သူ့ရဲ့အလုပ်ရှင်ကိုမလွန်ဆန်နိုင်တော့ အမှန်တရားကိုမချပြနိုင်ခဲ့ဘူး။ အဲဒီအချိန် ပါကာရဲ့အေဂျင်စီကလည်း အေဒရီရန်တို့ရဲ့မဂ္ဂဇင်းကို တရားစွဲမယ်တွေလုပ်တော့ အလုပ်ရှင်က အေဒီရန့်ကို ခဏအလုပ်နားပစ်လိုက်ရတယ်။ အေဒရီရန်လည်း အလုပ်ပျက်သွားလို့ သူ့အဒေါ်ရှိတဲ့မြို့ဆီ နေဖို့သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ပါကာဘန်းနက်ကလည်း သူ့အဒေါ်ရဲ့တည်းခိုခန်းမှာ လာငှားနေတဲ့သူဖြစ်နေပြီး အဲဒီမှာဇာတ်လမ်းစတော့တာပါပဲ။ နောက်ပိုင်း နာမည်ကြီးမင်းသားနဲ့ သူ့သတင်း ထောက် ပါပါရာဇီတို့ရဲ့ ဘယ်လိုအချစ်ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလာမလဲဆိုတာ ကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.57 ...
movie

Snapshot of Love (2023)

Disco Inferno (2023) 4.0
Disco Inferno (2023) Disco Inferno (2023) ===============ဒီဇာတ်လမ်းလေးက Horror ဇာတ်လမ်းတိုအမျိုးအစားလေးပါ။ ဇာတ်လမ်းအစမှာ ကလေးအရမ်းလိုချင်တဲ့ မိန်းမကြီးတစ်ယောက် က သူကလေးမရနိုင်လို့ ဘုရားကျောင်းက စစ်စတာတစ်ယောက် ကိုသတ်ပြီး သူ့ကလေးကို ခိုးသွားခဲ့တယ်။ အဲ့လိုနဲ့ နှစ်နှစ်ဆယ်ကျော် ကြာပြီးနောက် ဘုရားကျောင်းပျက်အစား ကလပ်အသစ်ပေါ်လာပြီး အကပြိုင်ပွဲတစ်ခုကျင်းပကြတယ်။အဲဒီက ပြိုင်ပွဲဝင်တွေထဲ မယ်လ်နဲ့ ဘရန်ဒန်တို့စုံတွဲလည်း ပါဝင်ပြီး အကပြိုင်ပွဲမစခင်မှာ မယ်လ်တစ်ယောက် သန့်စင်ခန်းခဏဝင်ရင် ပြန်ထွက်လာတော့ ဘုရားကျောင်းပျက်ထဲ ရောက်နေလေရဲ့။ နောက် ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတိုလေးမှာပဲ ဆက်လက်ကြည့်ရှုကြပါကုန်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(470 MB) Quality............WEB-DL 1080p Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Thwal Htoo Zin Encoder..........SWM
movie

Disco Inferno (2023)

2023
Body Parts (2023) 5
Body Parts (2023) Body Parts (2023)Horror ဆိုကြည့်ချင်ကြတဲ့သူတွေအတွက် ဇာတ်လမ်းပုံစံဆန်းဆန်းလေးနဲ့ movie လေးတစ်ခုတင်ဆက်ပေးပါဦးမယ်ဘာလို့ဆန်းတယ်လို့ ပြောရလဲဆို ရုပ်ရှင်တစ်ခုလုံးက ဇာတ်အိမ်တစ်မျိုးတည်းကိုပဲ ပြသွားတာမျိုးမဟုတ်ဘဲ မတူညီတဲ့ ဇာတ်လမ်း ၅ မျိုးကို ပုံစံအဖုံဖုံနဲ့ တင်ဆက်သွားတာပါဒီဇာတ်လမ်းမှာဆို Stink, A Child Who Sees Ghosts, exorcism.net, The Person Who Lived, String ဆိုပြီး ဇာတ်လမ်း ၅ မျိုးပါဝင်ပါတယ်တစ်ခုချင်းစီရဲ့ ရှုထောင့်နဲ့ အယူအဆ၊ တစ္ဆေသရဲဆိုတာကို ပုံဖော်တဲ့နေရာမှာ မတူညီတဲ့အတွက် ကြည့်ရင်းပျင်းလာတာမျိုး၊ အကြောက်ပေါ့သွားမှာတွေ စိတ်ပူဖို့မလိုပါဘူးနော်... ကိုရီးယား horror တွေ ကြိုက်တတ်တဲ့သူဆို ဒါလေးက မဆိုးဘူးလို့ပဲ ညွှန်းရမှာပဲ..ဇာတ်လမ်းအသေးစိတ်ကိုတော့ ခေါင်းစဉ်ခွဲလေးတွေကို ဖတ်ပြီး ခန့်မှန်းမိမယ်ထင်လို့ ထည့်မရေးတော့ဘူး ဘယ်လိုဇာတ်လမ်းတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… ...
movie

Body Parts (2023)

2023
Oregon (2023) 4.7
Oregon (2023) Oregon (2023) ============တစ်နေ့တည်းမှာ ဖြစ်ပျက်သမျှ အကြောင်းအရာတွေကို ဇာတ်အိမ် တည်ပြီး လူ့ဘဝအထွေထွေကို ချပြသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရမယ်။ အခက်အခဲတွေကနေ သင်ယူစရာတွေလည်း ရလာကြလိမ့်မယ်။ဒါ ဘဝပဲ မဟုတ်လား။၁၉၈၅ ခုနှစ် နွေရာသီတစ်ရက်မှာတော့ အစ်စတန်ဘူဆိုတဲ့ မြို့လေး ဆီကို ဟာကန်နဲ့ဂါရီဆိုတဲ့ စုံတွဲတစ်တွဲ ရောက်လာခဲ့ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဆယ်လန် ဆိုတဲ့ သူငယ်ချင်းမလေးကို တိပ်ခွေ လေးတစ်ခွေ ပြန်ပေးဖို့ပါပဲ။ ဖြစ်ချင်တော့ အဲဒီရက်မှာမှ ဆယ်လန်က ခရီးသွားနေတယ်တဲ့။ ဒီတော့ ဆယ်လန့်ရဲ့ အခန်းအပေါ်ထပ်မှာရှိတဲ့ အပေါက်လေးကနေ တိပ်ခွေကို ပစ်ချပေးဖို့ ကြိုးစားကြ‌တာပေါ့။ (တော်တော်အူကြောင်ကြောင်နိုင်တယ်ဆိုပေမဲ့ အကြောင်းရင်းကို သိရင်တော့ နားလည်သွားကြပါလိမ့်မယ်)အဲဒီမှာပဲ တိုက်ခန်းစောင့်ကြီးက သူတို့ကို ပိုင်နက်ကျူးကျော်သူတွေ ဆိုပြီး စွပ်စွဲရာကနေ ရန်တွေစဖြစ်ကြတော့တာပေါ့။ ဒီလိုနဲ့ စုံတွဲနှစ် ယောက်လည်း ရဲစခန်းကို ရောက်လာပြီး ကြုံရဆုံရစခန်းအမှတ်တရ တွေ စတင်လာပါတော့တယ်။ အရှေ့မှာ ညွှန်းခဲ့သလိုပဲ တစ်နေ့တာကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတာဖြစ်တဲ့အတွက် အချိုးအကွေ့တွေတော့ မပါခဲ့ပါဘူး။ ဒါပေမဲ့ ကြည့်ရှုပြီးရင်တော့ အတွေးတစ်ခု ကျန်နေစေခဲ့မဲ့ ဇာတ်လမ်းမျိုးဆိုတာကတော့ ငြင်းလို့မရနိုင်တဲ့ အချက်တစ်ခုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Oregon (2023)

2023
Darah Perawan Bulan Madu (2007) 5.5
Darah Perawan Bulan Madu (2007) Darah Perawan Bulan Madu / Virgin Blood on Honeymoon (2007)ဒီတစ်ခါမှာတော့ အင်ဒို‌ သည်းထိတ်ရင်ဖိုဇာတ်လမ်း‌လေး လာပါပြီ။ စီးပွားရေးလောကမှာ ဒိတ်ဒိတ်ကြဲ‌တွေဖြစ်ကြတဲ့ ပူထရာနဲ့ အာမီရာတို့ လက်ထပ်လိုက်ကြပြီး ‌‌ ဟန်းနီးမွန်းကိုတော့ အနားယူဖို့အတွက် မြို့ပြနဲ့ဝေးရာ ခေါင်လီလှတဲ့ ပူထရာ့ကိုယ်ပိုင်ကျွန်းဆီ ထွက်လာခဲ့ကြပါတယ်။ ကြင်စဦးမောင်နှံ‌နှစ်ယောက် ချိုမြိန်စွာ အချိန်ကုန်ဆုံးဖို့ မျှော်လင့်ထားခဲ့ပေမဲ့ ပူထရာ့စံအိမ်မှာ ထူးဆန်းမှုအရိပ်အယောင်တွေ စတင်လာပါတော့တယ်။ သတို့သမီးအသစ်စက်စက်ကို အယောင်ပြခြောက်လှန့်နေတဲ့အရာက ဘာများဖြစ်မလဲ... စံအိမ်ပိုင်ရှင် ပူထရာကရော အာမီရာကို ဘာကြောင့် ကျွန်းပေါ်ခေါ်လာခဲ့သလဲဆိုတာ ကြည့်ရမှာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်။Genre..... Horror, Romance Quality…. 1080p | 720p File size… 1.3GB | 593MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat Encoder ...
movie

Darah Perawan Bulan Madu (2007)

2009
Mount Chiak (2023) 5.9
Mount Chiak (2023) Mount Chaik (2023)ကိုရီးယားရုပ်ရှင်လောကမှာ မြင်တွေ့နေကျမရှိတဲ့ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။Mount Chiak (ချီအာ့တောင်) လို့ အမည်ရတဲ့ ဒီဇာတ်ကားလေးမှာဆိုရင် လူငယ်လေး ၅ ယောက်ဟာ စက်ဘီးစီးဖို့အတွက် ချီအာ့တောင်ကို ထွက်ခွာလာခဲ့ကြပါတယ်။ ချီအာ့တောင်ဟာဆိုရင်တော့ အရင်ကတည်းက တစ္ဆေအကြောင်း၊ အပိုင်းပိုင်းဖြတ်သတ်တဲ့လူသတ်မှုအကြောင်း၊ လူပျောက်မှုအကြောင်းတို့နဲ့ သတင်းကျော်ကြားတဲ့ တောင်တစ်ခုပါ။ဒီလိုနဲ့ သူတို့ ၅ ယောက် တောင်ပေါ်ကို ရောက်ရှိသွားချိန်မှာတော့ ဘယ်တုန်းကမှ တွေးမထားဖူးတဲ့ ဖြစ်ရပ်တွေကို ခြောက်ခြားဖွယ် ကြုံတွေ့လာရပါတော့တယ်။ အရင်ကလည်း လူပျောက်ဆုံးမှုတွေ လူသေမှုတွေ ရှိဖူးထားတဲ့ ကြောက်မက်ဖွယ် ဒီတောင်ပေါ်ကနေ သူတို့ ၅ ယောက် လွတ်မြောက်နိုင်ပါ့မလား၊ ဘယ်လိုထိတ်လန့်စရာတွေနဲ့ ကြုံတွေ့သွားရဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။Casts တွေအနေနဲ့ဆိုရင်လည်း Yoon Kyun-Sang, Kim Ye-Won, Lee Tae Hwan နဲ့ Bae Geu-Rin တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ စိတ်ပျက်စေရမှာ မဟုတ်ပါဘူး။အညွှန်း နဲ့ ...
movie

Mount Chiak (2023)

2023
Nightshift (2020) 6.1
Nightshift (2020) Nightshift (2020)2020 က ထွက်ရှိထားတဲ့ Nightshift (Phillipines) ဇာတ်ကားလေးဟာ Horror အမျိုးအစားဖြစ်ပြီး ရင်ခဲွရုံတစ်ခုကို အခြေတည်ထားတဲ့အတွက် ထိတ်လန့်စရာတွေ Jumpscare တွေနဲ့ ပြည့်နေပါတယ်။ မုန်တိုင်းထန်တဲ့ ညတစ်ညမှာ ရင်ခဲွရုံမှာတာ၀န်ကျတာ တစ်ပတ်ပဲရှိသေးတဲ့ လက်ထောက် Jessie တစ်ယောက်ဟာ လူသေအလောင်းတွေကြား နေသားမကျသေးဘဲ ဖြစ်ရိုးဖြစ်စဥ္ တွေကအစ ထိတ်လန့်တတ်သူပါ။ Jessie ကို တာ၀န်ကျတဲ့ အလောင်းခဲွစိတ်ဆရာ၀န်က လေ့လာမှတ်သားသင့်တာတွေကို ရှင်းပြတတ်ပါတယ်။ ဒါပေမယ့်လည်း အလောင်းတွေက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ထက် ပိုမိုတဲ့ အပြုအမူတွေကို စတင်လာတဲ့အခါမှာတော့ Jessie တစ်ယောက် ဆက်ပြီး နေနိုင်ပါ့မလား၊ သဘာ၀ဖြစ်ရိုးဖြစ်စဥ်ရော ဟုတ်ရဲ့လား ဆိုတာကို ဒီ ၁နာရီ ၃၅မိနစ်ကြာမြင့်တဲ့ ဖိလစ်ပိုင် Horrr ဇာတ်ကားက ပြောပြပေးသွားမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1GB | 491MB Format… ...
movie

Nightshift (2020)

2020
Solo (2018) 5
Solo (2018) Solo [2018]( IMDb 5/10, RT 38% )အယ်လ်ဗာရိုဟာ မိသားစုဝင်တွေ ချစ်ရသူတွေနဲ့ ခပ်ဝေးဝေးမှာ နေပြီး သူ့ဘဝကို သူရှာဖွေနေသူပါ... ကမ္ဘာပတ် ရေလွှာလျှောစီးရင်း ဘဝကို စိတ်လွတ်လက်လွတ်နဲ့ အဖြေလိုက်ရှာနေသူပေါ့... သူကျင်လည်ရာ အရပ်က လူတွေမှန်သမျှကိုလည်း သူဟာ ခင်တွယ်တာထက် သူ့ကိုယ်ကျိုးအတွက်သာ အသုံးချပေါင်းသင်းခဲ့ပါတယ်... ဒိလိုနဲ့ တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ မတော်တဆမှုနဲ့အတူ ချောက်ကမ်းပါးပေါ်က ပြုတ်ကျသွားပါတော့တယ်... အောက်ရောက်တဲ့အခါ ဦးခေါင်းခွံထိ၊ လက်ကျိုး၊ တင်းပါးဆုံရိုးကျိုးတဲ့အပြင် ကျောက်အငူလေးဖြစ်တာမို့ ရေတက်တဲ့အခါ လှိုင်းနဲ့အတူ မြောပါသွားပါတော့တယ်... ဒဏ်ရာပေါင်းစုံနဲ့ သေလုမြောပါး ဖြစ်နေတဲ့အချိန်မှာ အယ်မာရိုတစ်ယောက် သူ့ဘဝကို သူပြန်ဆန်းစစ်မိပါတော့တယ်...ဇာတ်လမ်းလေးကတော့ သေခါနီး လူတစ်ယောက် ကြုံတွေ့ရတဲ့ အဖြစ်ကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်... အယ်လ်ဗာရို လွတ်မလွတ်ကိုတော့ ပရိတ်သက်ကြီးကိုယ်တိုင် ရှုစားကြည့်လိုက်ကြပါခဗျအညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime, Thriller Quality…. 1080p ...
movie

Solo (2018)

2018
Room No.7 (2017) 5.8
Room No.7 (2017) Room No. 7 (2017) (အညွှန်း) ==================== လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာ အရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။ ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်း လစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်း သူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့် DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။ စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် .. အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် .. ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် .. ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ...
movie

Room No.7 (2017)

2017
Vacancy (2007) 6.2
Vacancy (2007) Vacancy (2007)ဇာတ်လမ်းအကျဉ်းကတော့ ဒေးဗစ်နဲ့ အေမီတို့စုံတွဲဟာ မိဘတွေရဲ့ နှစ်ပတ်လည်ပါတီကိုသွားရင်း လမ်းမှာ မျက်စိလည်လမ်းပျောက်နေတဲ့အပြင် ကားပါပျက်သွားပါတယ်။ အဲဒါနဲ့ အခြေအနေအကြောင်းကြောင်းကြောင့် လမ်းမှာတွေ့ရတဲ့ မိုတယ်တစ်ခုမှာပဲ ဝင်တည်းဖြစ်သွားပါတယ်။ မိုတယ်အခန်းထဲမှာ ပေးထားတဲ့ ဇာတ်ကားတွေကို အပျင်းပြေဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သွေးသံရဲရဲနဲ့ လူသတ်ကားတွေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဇာတ်ကားတွေအားလုံးက ရိုက်ထားတဲ့ပုံစံတွေ အတူတူဖြစ်နေပြီးတော့ ရိုက်ထားတဲ့နေရာက သူတို့တည်းတဲ့ မိုတယ်အခန်းထဲမှာပဲဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ လူသတ်သမားတွေလက်ထဲကနေ ထွက်ပြေးနိုင်ဖို့ အချိန်နောက်ကျသွားပါပြီ။ ညဘက်ကြီး ဘယ်မှာရောက်နေမှန်းမသိတဲ့အပြင် လူသတ်သမားတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ သူတို့စုံတွဲ လူသတ်သမားတွေလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p File size… 897MB | 488MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron
movie

Vacancy (2007)

2007
Over Drive (2018) 5.8
Over Drive (2018) Over Drive (2018)ဒီတစ်ခေါက်ကြည့်ရှုရမယ့် ဇာတ်ကားလေးကတော့ One Piece Live Action မှာ Zoro အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေးရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ 2018ခုနှစ်ကထွက်ရှိခဲ့ပြီး ဇာတ်ကားနာမည်ကတော့ Over Driveပဲဖြစ်ပါတယ်။Hiyama Naozumi က ငယ်ရွယ်ပြီးအရည်အချင်းရှိတဲ့အပြင် ပြဿနာရှာတတ်တဲ့ ပြိုင်ကားမောင်းသူတစ်ယောက်ဖြစ်ပါတယ်။ Hiyama Atsuhiroကတော့ Spica Racing ကုမ္ပဏီရဲ့ ကားပြင်ဆရာတစ်ယောက်ဖြစ်ပြီး Naozumiရဲ့ အစ်ကိုတစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ဆက်ဆံရေးက ကြီးလာတဲ့အခါမှဘာလို့ပြောင်းလဲသွားရတာလဲဆိုတာရယ် Seiko Cup Rally Seriesမှာ ချန်ပီယံဖြစ်ပြီး WRCကို ဝင်ရောက်နိုင်ဖို့အတွက် ညီအစ်ကိုနှစ်ယောက်လုံး ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ပြီး အနိုင်ရရှိအောင်ကြိုးစားကြမလဲဆိုတာကိုစောင့်ကြည့်ရင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ကားပြိုင်ပွဲတွေကိုပါကြည့်နိုင်မှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p File size… 2.2GB } 974MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Khaing Encoder ..... Aaron
movie

Over Drive (2018)

2018

Genres

Archives