Channel Myanmar

Content at random


Movies

Quiz Lady (2023) 6.8
Quiz Lady (2023)  Quiz Lady ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်ထွက် ဟာသ ဇာတ်မြူးကားလေးတစ်ကားဖြစ်ပါတယ်. ဒီဇာတ်ကားမှာက တကယ့် လူသိများမင်းသားမင်းသမီးတွေဖြစ်တဲ့ Grey Anatomy က Sandra Oh,Crazy Rich Asians ထဲက Awkwafina, သက်ကြီးပိုင်း ဆရာကြီးတွေဖြစ်တဲ့Will Ferrel, Holland Taylor တို့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်..ဇာတ်ကားလေးက ဟာသကားဆိုပေမဲ့ ကလိထိုးရယ်ခိုင်းတာမျိူး မဟုတ်ပဲသူတိ့ကို ကြည့်ရင် တစိမ့်စိမ့်သဘောကျလာလို့ ရယ်မောပျော်ရွှင်နေရမဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေး ပြောပြရမယ်ဆိုရင်တော့ မင်းသမီးအန်းဟာငယ်ငယ်လေးကတည်းက TV က လာတဲ့ Quiz အစီအစဥ်တစ်ခုကို နေ့စဥ့်မပြတ်ကြည့်ပြီး ကြီးပြင်းလာတဲ့ အသက် ၃၀ကျော်အရွယ် အူတူတူကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့အမေကတော့ သူမကို အကြွေးတွေနဲ့ထားခဲ့ပြီးသူနေထိုင်ရာ လူအိုရုံကနေပါ ပြေးသွားခဲ့ပါတယ်။ လုပ်သမျှ မဖြစ်ထွန်းတဲ့သူအစ်မနဲ့ ပြန်ဆုံစည်းပြီး အမေဖြစ်သူရဲ့ အမွေဆိုးကို ရင်ဆိုင်ဖြေရှင်းရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးတစ်လျှောက်လုံးမှာ မြင်တွေ့ရမှာကတော့ မင်းသမီးရဲ့ Character development, ...
movie

Quiz Lady (2023)

Across the Line: The Exodus of Charlie Wright (2010) 5.2
Across the Line: The Exodus of Charlie Wright (2010) Across the Line: The Exodus of Charlie Wright (2010) ======================================ချာလီရိုက်စ်ဟာ အမေရိကန်ပြည်ထောင်စုကနေ ဒေါ်လာ ၁၀ ဘီလီယံကျော် လိမ်လည်ခဲ့သူပါ။ အက်ဖ်အိုင်က လိုက်ဖမ်းပေမယ့် မမိခဲ့ပါဘူး။ ဒီလိုနဲ့ ချာလီ လည်း ခြေရာဖျောက်ပြီး မက္ကဆီကို နိုင်ငံထဲက တီဟွာနာဆိုတဲ့ မြို့မှာ ပုန်းနေ ခဲ့ပါတယ်။ တကယ်တမ်းမှာ ချာလီက လူတစ်ယောက်ကို လိုက်ရှာနေခဲ့တာပါ။ဒါပေမယ့် မက္ကဆီကိုက ဂိုဏ်းတစ်ဂိုဏ်းက သူ့ဆီကနေ ပိုက်ဆံကိုလိုချင်လို့ လိုက်ဖမ်းပါတော့တယ်။ ချာလီလိမ်သွားခဲ့တဲ့သူတွေထဲက ရုရှားမာဖီးယား ဂိုဏ်းခေါင်းဆောင်ဟာလည်း ကြေးစားတွေ လွှတ်ပြီး ချာလီ့ကို ဖမ်းခေါ်ခိုင်း ပါတယ်။ ဒီလိုနဲ့ ချာလီတစ်ယောက် ဒေသခံဂိုဏ်း၊ အက်ဖ်ဘီအိုင်နဲ့ ကြေးစား တွေ လက်ထဲကနေ လွတ်အောင် ပြေးဖို့ ဖြစ်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.87 GB) / (777 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 34Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, ...
movie

Across the Line: The Exodus of Charlie Wright (2010)

2010
Honey, I Shrunk the Kids (1989) 6.4
Honey, I Shrunk the Kids (1989) Honey, I Shrunk the Kids (1989) ======================= IMDb Rating - 6.4/10ကာတွန်းစာအုပ်တစ်ခုကနေ Live Action ရိုက်ပြီး ဝက်ဝက်ကွဲအောင်မြင် သွားတဲ့ သိပ္ပံစိတ်ကူးယဉ် ဟာသ မိသားစုဇာတ်လမ်းတစ်ခု ဟောလိဝုဒ်နဲ့ ဒစ်စနေး ရုပ်ရှင်သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ လုံးဝမမျှော်လင့်ထားပဲ ဝင်ငွေ အရ အမြတ်အစွန်းကြီးသွားလို့ အတည်အခံ့ ရုပ်ရှင်ကြီးတွေကြားမှာတောင် ဝင်ငွေအကောင်းဆုံးကားတွေထဲ ကန့်လန့် ကန့်လန့် ပါသွားသေးတယ်။ ပထမကတော့ ရုပ်ရှင်ဆက်တင်တွေကို အသေးစိတ် ဖန်တီးထားပုံပါ။ဒီဘက်ခေတ်လို CGI တွေ တစ်လှေကြီးနဲ့ နုရွဖုထနေတာမျိုးမဟုတ်ဘဲ တစ်ခု ချင်းစီကအစ သေသေချာချာ လုပ်ထားရတာမလို့ အထင်ကြီးမိပါတယ်။ ဒုတိယကတော့ မိသားစုဇာတ်လမ်းပီပီ စိတ်ထားသင်ခန်းစာတွေ၊ မိဘနဲ့ သားသမီးကြားက အထင်အမြင်လွဲပုံလေးတွေ၊ မောင်နှမတွေကြားထဲက အချစ်တွေကို လှလှပပ ကြည့်ရဦးမှာပါ။အဲဒါနဲ့ပဲ တီဗီဇာတ်လမ်းတွဲတွေ၊ sequel ရုပ်ရှင်တွေ ဆက်ထွက်လာခဲ့တဲ့ အမှိုက်ထဲကရွှေဖြစ်ဇာတ်ကားပေါ့။ ဒီဇာတ်ကားကို Young Sheldon ထဲမှာ မစ်စီ က တဖွဖွ ထည့်ပြောနေတာ သတိထားမိမှာပါ။ Honey I Shrunk the ...
movie

Honey, I Shrunk the Kids (1989)

1989
North Face (2008) 7.4
North Face (2008)  North Face ရုပ်ရှင်ဟာ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ်အခြေခံပြီးရိုက်ကူးထားတဲ့ ဂျာမန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်.၁၉၃၆ ခုနှစ်မှာ ဥရောပတောင်တန်းတွေထဲက အန္တရာယ်အများဆုံးတောင်တွေထဲက တောင်ကြီးရဲ့ မြောက်ဘက်ခြမ်းကို အခြားနိုင်ငံက တောင်တက်သမားတွေနဲ့ ယှဉ်ပြိုင်တက်ရောက်တဲ့ ဂျာမန်တောင်တက်သမား ၂ ဉီးရဲ့အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်.ဂျာမန်သမိုင်းနောက်ခံ ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Phillip Stolzl မှရိုက်ကူးတင်ဆက်ထားပါဖြစ်ပါတယ်. ၂၀၀၉ ခုနှစ် ဂျာမန်ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆု, အကောင်းဆုံး အသံဆုတို့အပြင် ရုပ်ရှင်ဝေဖန်ရေးဆု ၂ ဆုကိုလည်း ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(2.8GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre...Adventure, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Joe Joe
movie

North Face (2008)

Moon Students (2023) 5.4
Moon Students (2023) Moon Students (2023)~ IMDb - 5.4/10, Rotten Tomatoes - 92% ~သူငယ်ချင်းတစ်စုနဲ့ ဒုက္ခရောက်နေတဲ့ ပါမောက္ခတစ်ဦး Pandemic အတွင်း စိန်ခေါ်မှုတွေနဲ့ စာသင်နှစ်ကို ဖြတ်ကျော်ပြီး သူတို့ရဲ့စစ်မှန်တဲ့အသံတွေကို ရှာဖွေဖို့ ကြိုးစားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။လူမျိုးရေးခွဲခြားတာတွေ၊ လူမည်းတွေအတွက် Black Lives Matter ကြိုးပမ်းမှုတွေနဲ့ Apollo 11 အာကာသယာဉ် လပေါ်ဆင်းသက်ခဲ့တာတွေကိုပါ ထည့်သွင်းပြီး အဆိုးဆုံးအချိန်တွေမှာတောင် ကိစ္စတွေပြီးအောင်လုပ်နိုင်တာ ကျော်လွှားနိုင်တာကို မက်ဆေ့ပေးထားပါတယ်။ အချိန်အပိုင်းအခြားတွေကို လပြည့် လဆုတ် Moon Phase တွေနဲ့ ယှဉ်ပြထားပါသေးတယ်။ဇာတ်လမ်းအစမှာ COVID ကြောင့် Lockdown မချခင် အတန်းနောက်ဆုံးရက်မှာ ပါမောက္ခက ကျောင်းသား၂ယောက်ကို Presentation ပေးခိုင်းပါတယ်။ သူတို့၂ယောက်က မပြင်ဆင်ရသေးဘဲ အလွဲတွေဖြစ်တဲ့အတွက် ရုံးခန်းခေါ်ခံရပြီး ပြသာနာတက်ခဲ့ပါတယ်။ ဒီကျောင်းသားတွေရော ဆရာရောက ကိုယ်ချစ်ရတဲ့သူတွေ ...
movie

Moon Students (2023)

2023
Moon Garden (2022) 6.2
Moon Garden (2022) Moon Garden (2022)~ IMDb - 6.2/10, Rotten Tomatoes - 86% ~ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဆုတွေအများကြီးရထားပြီး ၅နှစ်အရွယ်ကလေးမလေးရဲ့ အံ့ဩစရာ သရုပ်ဆောင်ကောင်းပုံကို ချီးကျူးရမယ့် Fantasy ကားကောင်းဖြစ်ပါတယ်။အမ်မာဆိုတဲ့ ကလေးမလေး ကိုမာဖြစ်နေတုန်း အိပ်မက်ဆိုးလိုနေရာထဲမှာ အပြန်လမ်းရှာဖွေတဲ့ခရီးစဉ်အနေနဲ့ ပုံဖော်ထားတာပါ။အမ်မာရဲ့ဖခင်က အမြဲအလုပ်များနေပြီး မိခင်နဲ့ဖခင် တစ်ချိန်လုံးအချေအတင်ဖြစ်တာကို ကြုံတွေ့နေရသူလေး အမ်မာဟာ တစ်ညတော့ သူ့အဖေနဲ့အမေ အကြီးအကျယ်ရန်ဖြစ်စကားများတာကို တွေ့သွားပြီး လှေကားပေါ်က ပြေးဆင်းရာကနေ ချော်ကျပြီး ကိုမာ၀င်သွားပါတယ်။ ကိုမာ၀င်နေတုန်း Wonderland လို ထူးထူးဆန်းဆန်းနေရာမှာ ကြောက်စရာသတ္တဝါတွေလိုမျိုးတွေ့ရပြီး ရေဒီယိုကလာတဲ့သူ့အမေရဲ့ အသံကနေတစ်ဆင့် အိမ်အပြန်လမ်းကို ရှာဖွေရပါတော့တယ်။မိဘတွေမသင့်မြတ်တဲ့ကြား နေရတဲ့ကလေးရဲ့ စိတ်ဒဏ်ရာတွေ ကြောက်ရွံ့မှုတွေကို အမ်မာရဲ့စိတ်ကူးပုံဖော်မှုအတိုင်း စီးမျောခံစားရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 790MB Quality ...
movie

Moon Garden (2022)

2022
Pain Hustlers (2023) 6.5
Pain Hustlers (2023) Pain Hustlers (2023)"ဆရာဝန်ဆိုတာလည်း လူတိုင်းလိုပဲ လောဘကြီးပြီး တဏှာရူးတာပါပဲ" တဲ့။ ဒီသဘောတရားကိုလက်ကိုင်ထားပြီး မီလီယံဖြစ်သွားခဲ့တဲ့ ဆေးကုမ္ပဏီတွေအကြောင်း ပြသထားတာပါ။ ဆေးကုမ္ပဏီတွေရဲ့အမြတ်ဟာ ဆေးတွေရောင်းရရင် အရမ်းကိုကြီးပါတယ်၊ ဝန်ထမ်းတွေအတွက်ကော်မရှင်ကလည်း အရမ်းကိုများပါတယ်။ ဒီတော့ ဆရာဝန်တွေ သူတို့ဆေးတွေကို ညွှန်းပေးဖို့ စည်းရုံးရပါတယ်။ အပြိုင်တွေများလွန်းတဲ့အခါ ရိုးရိုးစည်းရုံးရမဲ့အစား မက်လုံးပေးတာတွေ လာဘ်ထိုးတာတွေ မြူဆွယ်တာတွေ ပါလာပါတော့တယ်။တကယ်တော့ ဆရာဝန်တွေကို ဆေးညွှန်းပေးဖို့ လာဘ်ထိုးခွင့်မရှိပါဘူး။ လာဘ်ထိုးရင် အရေးယူခံရပါတယ်။ ဒါဆို လာဘ်မထိုးဘဲ ဆေးဝါးမိတ်ဆက်ပွဲတွေမှာ ရှင်းလင်းပြောကြားပေးဖို့ ဖိတ်ပြီး ဉာဏ်ပူဇော်ခပေးလိုက်ရင်ရော။ ဒီလိုပွဲတွေကို ရိုးရိုးမလုပ်ဘဲ ကမ်းခြေတွေ ဟိုတယ်တွေမှာ အစားကောင်းအသောက်ကောင်းတွေ၊ ဆော် ဘဲ အလန်းလေးတွေနဲ့ လုပ်ပေးလိုက်ရင်တော့ လာဘ်ထိုးတာမဟုတ်တော့ဘူးပေါ့။ ဒီနည်းနဲ့ မီလီယံနာဖြစ်လာတဲ့ ဆေးကုမ္ပဏီတစ်ခုရဲ့လက်ချက်ကြောင့် သူတို့ထုတ်တဲ့ ဘိန်းပါတဲ့ဆေးတွေစွဲပြီး ဆေးလွန်ပြီး လူသေမှုတွေအထိ ဖြစ်လာတဲ့အကြောင်းကို ပြသထားတာပါ။ဒါဟာ အမေရိကန်ရဲ့ ဖြစ်ရပ်မှန် ဆေးဝါးလောက ...
movie

Pain Hustlers (2023)

2023
The End of Sex (2022) 5.1
The End of Sex (2022) The End of Sex [2022]( IMDb 5.1/10, RT 61%)ဂျော့ရှ်နဲ့ အမ်မာတို့ဟာ ဆယ်ကျော်သက်ကတည်းက မေတ္တာရှိခဲ့ကြသူတွေပါ... တက္ကသိုလ်ပြီးကတည်းက လက်ထပ်ခဲ့ကြတဲ့ သူတို့လင်မယားရဲ့ အိမ်ထောင်သက်ဟာ ဆယ်စုနှစ်တွေချီနေပါပြီ... ဒီလိုကြာညောင်းလာတဲ့နောက်မှာတော့ အိမ်ထောင်သည်တွေ ကြုံနေကြဖြစ်တဲ့ လိင်ကိစ္စ ခမ်းခြောက်ခြင်းဟာလည်း သူတို့ကြားက ပြဿနာတစ်ရပ်ဖြစ်လာပါတော့တယ်... သူတို့သမီးလေးတွေ တောတွင်းစခန်းချခရီးထွက်တဲ့ ရက်သတ္တပတ်မှာ အပီအပြင်ချစ်ကြည်နူးဖို့ ရည်ရွယ်ထားပေမယ့် တကယ်တမ်းလက်တွေ့ကြုံတွေ့ရချိန်မှာတော့ နှစ်ဦးသားလုံး စိတ်တွေကုန်ခမ်းနေခဲ့ကြပါတယ်... အိမ်နီးနားချင်း လင်မယား ဒီအမှုကိစ္စကြောင့်ပဲ ပြတ်စဲကြတာကို မျက်မြင်တွေ့လာရတဲ့အခါ သူတို့လည်း ဒိလိုမဖြစ်ဖို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပါတော့တယ်... အစက ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်ခဲ့ကြပေမယ့် အလွဲလွဲအချော်ချော်ပဲ ဆက်တိုက်ဖြစ်ခဲ့ကြရတဲ့အပြင် သူတို့နှစ်ဦးစလုံးမှာလည်း တခြားသူတွေနဲ့ ဇာတ်လမ်းလေးတွေ ကိုယ်စီဖြစ်လာရပါတော့တယ်.... ဒီလိုအဖြစ်တွေကို ကြုံတွေ့သိမြင်လာရတဲ့အခါ သူတို့အိမ်ထောင်ရေးကရော ဘယ်လိုဆက်ဖြစ်သွားမှာလဲ... သူတို့ဖြေရှင်းချင်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ကြရဲ့လား ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | ...
movie

The End of Sex (2022)

2022
The Crime Is Mine (2023) 6.6
The Crime Is Mine (2023) The Crime is Mine (2023)၂၀၂၃ မှာ ထွက်ရှိလာတဲ့ Drama/ Comedy အမျိုးအစား ပြင်သစ်ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ်။ IMDb rating 6.6 နဲ့ Rotten Tomatoes 100% ရရှိထားတာပါ။ တကယ်လည်း ရယ်ရသလို၊ တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးမို့လို့ အချိန်ပေးရကျိုးနပ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ပေါ်လင်းနဲ့ မက်ဒလိန်းတို့ဟာ ဘဝကို ရုန်းကန်နေရတဲ့ သူငယ်ချင်း နှစ်ယောက်ပါ။ တိုက်ခန်းကျဉ်းကျဉ်းလေး ငှားနေရင် ငှားခလည်းမပေးနိုင်၊ အကြွေးတွေလည်း တင်နေတာမို့ အကြွေးရှင်တွေကလည်း ပတ်ပတ်လည်ဝိုင်းနေပါတယ်။ မက်ဒလိန်းကတော့ နာမည်မကြီးတဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ပါ၊ ပေါ်လင်းကတော့ ရှေ့နေမလေးပါ။ မက်ဒလိန်းကို နာမည်ကြီး ထုတ်လုပ်သူ တစ်ယောက်ဖြစ်တဲ့ မွန်ဖဲအ်ဟုန်က ပြဇာတ်မှာ ဇာတ်ကောင်တစ်နေရာ ပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်ကာ မတော်တရားလုပ်ဖို့ ကြံပါတာမို့ မက်ဒလိန်းလည်း ထွက်ပြေးခဲ့ရပါတယ်။ နောက်တစ်နေ့မှာ မက်ဒလိန်း ထွက်ပြေးပြီးမကြာခင် မွန်ဖဲအ်ဟုန် အသတ်ခံလိုက်ရကြောင်း သူတို့ သိသွားခဲ့ပါတယ်။ နာမည်ကြီးအောင်လို့ သူငယ်ချင်း ၂ ယောက်ပေါင်းပြီး ...
movie

The Crime Is Mine (2023)

2023
The Aviary (2022)
The Aviary (2022) The Aviary [2022]ကန္တာရရဲ့အလယ်မှာ အေဗာရီဆိုတဲ့အရပ်မှာ စိတ်ကျန်းမာရေးကုထုံးနဲ့ လူတွေကို ကုသပေးနေတဲ့ ဂေဟာတစ်ခုရှိပါတယ်... ဆက်သ်ဆိုတဲ့ လူဟာ ဒီနေရာကို ဦးဆောင်နေသူပေါ့... တစ်နေ့မှာတော့ သူတို့ဂေဟာက နံပါတ် ၂ဖြစ်တဲ့ ဂျီလီယန်ဟာ သူ့သူငယ်ချင်း ဘလဲရ်နဲ့အတူ ဒီဂေဟာကနေ ထွက်ပြေးလာခဲ့ပါတယ်... ဂေဟာထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သွေးထွက်သံယိုမှုတွေပါ ပါဝင်လာတာကြောင့် အသက်အန္တာရာယ် မကျရောက်လိုတဲ့ ဂျီလီယန်ဟာ ဆက်သ်လက်က လွတ်အောင် ထွက်ပြေးလာခဲ့တာပါ... ဂျီလီယန်ဟာ လွတ်မြောက်ရုံထွက်ပြေးလာပေမယ့် အတူလိုက်ပါလာတဲ့ ဘလဲရက်ကတော့ ဆက်သ်ရဲ့ လက်တော့ပ်ကိုပါ အပါယူလာခဲ့ပါတယ်... အရေးကြီးသက်သေခံမှတ်တမ်းတွေပါတဲ့ ဒီလက်တော့ပ်နဲ့သာဆို ဆက်သ်ကို တစ်သက်တစ်ကျွန်းထောင်ကျသွားအောင် လုပ်ပစ်နိုင်တာမို့ ဂျီလီယန်ရဲ့ ခရီးဟာ သူ့လွတ်မြောက်ရေးတင်မဟုတ်ပဲ အေဗာရီက လူတွေအားလုံး လွတ်မြောက်ရေးပါ ဖြစ်လာပါတော့တယ်... ဒီလွတ်မြောက်ရေးခရီးမှာတော့ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲက အကြီးအမားဆုံးအရာကတော့ ဆက်သ်ပါပဲ... ဆက်သ်ဟာ သူတို့ စိတ်တွေကို ထိုးနှောက်ဖျက်ဆီးထားပြီးပါပြီ... ပုံမှန်မဟုတ်တဲ့ သူတို့စိတ်အခြေအနေ.... နောက်ကတကောက်ကောက်လိုက်နေတဲ့ ဆက်သ်.... ဒါတွေအားလုံးကနေ သူတို့ လွတ်မြောက်ပြီး လိုရာပန်းတိုင်ကို ရောက်သွားနိုင်ကြမလား... ရှုစားကြရမှာပဲ ဖြစ်ပါတယ်အညွှန်း ...
movie

The Aviary (2022)

2022
Sarasin Bridge of Love 2216 (2023)
Sarasin Bridge of Love 2216 (2023) ဆာရာဆမ်တံတားမှ အချစ်တော်ပုံ (2023)ဂုဏ်အလွှာ ပကာပနတွေကြားမှာ အချစ်ဆိုတဲ့အရာက ဘယ်လောက်ထိအရေးပါမလဲ?အားလုံးရော ချစ်ခရီးလမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူးလျှောက်လှမ်းနိုင်ကြရဲ့လား?ဒီဇာတ်လမ်းလေးထဲမှာလည်း အလွှာပကာသနခြားတဲ့သူနှစ်ဦးရဲ့ ချစ်ဇာတ်လမ်းလေးကိုပုံဖော်ထားတာပါ အဖေကိုအရမ်းကြောက်ပြီး ချောမောစာတော်တဲ့ ပညာရေးကောလိပ်ကျောင်းသူလေးအူး ဖူးခက်ပညာရေးကောလိပ်တက်တဲ့ ကျောင်းသူလေးအူးဟာ ဖူးခက်ကနေ ဆာရာဆမ်ကို လိုင်းကားစီးပြီးအမြဲကျောင်းသွားရပါတယ်ငယ်ငယ်ထဲက မိဘစွန့်ပစ်ခံရပြီး အပျိုကြီးသောဆီမှာ မွေးစားခံလိုက်ရတဲ့ဒမ် ဒမ်ရဲ့အမေတံငါသည်ဟာ ဒမ်ကိုမွေးပြီးလိုင်းကားပေါ်စွန့်ပစ်ထားခဲ့ရာကနေ အပျိုကြီးကမွေးစားခဲ့တာပါ မွေးစားသားပေမဲ့ ဒမ်ဟာသူ့အမေသောကိုအရမ်းချစ်ပြီး အလုပ်မျိုးစုံလုပ်ရှာကျွေးသူတင်ယောက်ပါ အမေကိုချစ်တဲ့အချစ်အပြင် ဒမ်မှာနောက်ထပ်ချစ်ရတဲ့လူတစ်ယောက်ရှိပါသေးတယ် အဲ့ဒါကတော့ အူးပါငယ်ငယ်ထဲက မတွေ့ခဲ့ကြရတော့တဲ့အူးနဲ့ဒမ် ဘယ်လိုပြန်ဆုံကြမလဲ? သူတို့ခံစားချက်တွေအတိုင်း ချစ်ခွင့်ရကြမလား? ဘယ်လိုတွေကြုံတွေ့ကြမလဲ?ဆိုတာ ဇာတ်လမ်းလေးသာကြည့်ကြည့်ပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.9GB| 796MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kong Hou Encoder ..... Aaron
movie

Sarasin Bridge of Love 2216 (2023)

2023
Medical Examiner Dr.Qin : Blood Wedding ( 2023 ) 5.9
Medical Examiner Dr.Qin : Blood Wedding ( 2023 ) မှုခင်းဆရာဝန်ဒေါက်တာချင်ရဲ့ သွေးမင်္ဂလာပွဲကွင်းဆက် လူသတ်မှုအကြောင်း ဇာတ်ကားလေးလာပါပြီ။ ဒီတစ်ခါမှာတော့ မှုခင်းဆရာဝန်ဒေါက်တာချင်နဲ့သူ့ရဲ့တွဲဖက်ရဲအရာရှိလင်ဟာ မင်္ဂလာပွဲမှာယဇ်ပူဇော်ပွဲအခမ်းအနားလိုအပြင်အဆင်နဲ့ သတို့သမီးသတ်ခံရတဲ့အမှုကိုစုံစမ်းရတာဖြစ်ပါတယ်။အဲဒီအမှုက လွန်ခဲ့တဲ့(၁၅)နှစ်တုန်းက သတို့သမီးသတ်ခံရတဲ့အမှုနဲ့ တစ်ပုံစံထဲဖြစ်နေလို့ အမှုတွဲပေါင်းပြီးစုံစမ်းနေတုန်းမှာပဲ နောက်ထပ်ပုံစံတူသတို့သမီးသတ်ခံရတဲ့အမှုကပေါ်လာပြန်တယ်။ ဒီအမှု(၃)မှုကိုအမှုတွဲပေါင်းပြီးစုံစမ်းနေတဲ့အချိန်အတွင်းမှာ ဒေါက်တာချင်ဟာမင်္ဂလာပွဲကျင်းပဖို့ပြင်နေပြီး သူ့ရဲ့မင်္ဂလာပွဲနေ့မှာ ကွင်းဆက်လူသတ်မှုထဲကအတိုင်းပစ္စည်းတွေကိုတွေ့ရတော့ သတို့သမီးကိုစိတ်ပူပြီးလိုက်ရှာတဲ့အချိန်မှာ သတို့သမီးဟာပျောက်နေပါတယ်......လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ လက်ရှိအမှု(၂)မှုကဒေါက်တာချင်တို့ ဘယ်လိုဖော်ကြမလဲ။ သေဆုံးခြင်းရဲ့နောက်ကွယ်ကအကြောင်းအရင်းတွေက ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရင်းတွေဖြစ်နေမလဲ ဆိုတာကိုဆက်ပြီးအဆုံးထိ ကြည့်ပြီး အဖြေကကိုယ်ထင်ထားတာနဲ့တူရဲ့လားဆိုတာကြည့်လိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Medical Examiner Dr.Qin : Blood Wedding ( 2023 )

Riam Fighting Angel (2020) 54
Riam Fighting Angel (2020) Riam Fighting Angel (2023)တောသူမလေးအီလျမ်းက ဦးစားပေးမခံရတာကြောင့် အစ်မဖြစ်သူရမ်ကို မနာလိုအူတိုနေတဲ့ကလေးမလေးပါ သူ့အမေက အစ်မရမ်လောက် သူ့ကိုမချစ်ဘူးဆိုပြီး အားငယ်နေတတ်တဲ့သူလေးပေါ့တစ်နေ့ကျ အပျိုစင်ရှာပုံတော်ထွက်နေတဲ့သွားနီဓားပြတစ်အုပ် အီလျမ်းကိုလာဖမ်းကြပါတယ် အမေနဲ့အစ်မဖြစ်သူ လျမ်းကိုကာကွယ်ပြီး အဖမ်းခံလိုက်တာကို မြင်ရတော့ အီလျမ်းက သူချစ်တဲ့မိသားစုကို သွားကယ်ဖို့ စွန့်စားခန်းထွက်ရပါတော့တယ် အီလျမ်းက သူ့အပေါင်းအဖော်လေးဦးနဲ့အတူ တောကျိုးတောင်ကြားကို အန္တရာယ်မျိုးစုံကြုံပြီး ဖြတ်သန်းလာခဲ့ပြီးနောက် ဓားပြလက်ထဲကနေ သူ့မိသားစုကို ဘယ်လိုနည်းနဲ့ ကယ်ထုတ်ပြီး ဓားပြဗိုလ်ကို ဘယ်လိုအပြတ်ရှင်းခဲ့ကြမလဲဆိုတာတော့ဒီရုပ်ရှင်ထဲမှာ ဟာသအလွဲများစွာနဲ့ အီလျမ်းတို့အုပ်စုကို မငြီးငွေ့ဘဲ ကြည့်ရှုရမှာဖြစ်ပါတယ်အညွန်းနဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... Aaron
movie

Riam Fighting Angel (2020)

2020
Kill the Drug Lords ( 2023 ) 6
Kill the Drug Lords ( 2023 ) မူးယစ်ဆေးဝါးရောင်းဝယ်အသုံးပြုနေတဲ့ ဂိုဏ်းကြီးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့ ချင်းရုံနဲ့ ချင်းဟန့်ညီအကိုနှစ်ယောက်ဟာ အမှုအခင်းတွေကို ဖန်တီးပြီးတော့လုပ်ကြံသတ်ဖြတ်နေကြတဲ့သူတွေပါညီဖြစ်သူချင်းရုံ ဖန်တီးခဲ့တဲ့ အိမ်ခြံမြေပွဲစားရဲ့ယာဉ်တိုက်မှုနဲ့ ချင်းချန်ဆိုတဲ့လူတစ်ယောက်သေနတ်နဲ့ကိုယ်ဟာကိုယ်အဆုံးစီရင်သွားခဲ့တဲ့ အမှုအခင်းနှစ်ခုကို ရဲတပ်ဖွဲ့မှသံသယရှိနေပြီး အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားနေကြတယ်။အကိုဖြစ်သူချင်းဟန့်ရဲ့ လောကရဲ့ထိပ်ဆုံးကိုရောက်ချင်တဲ့လောဘနဲ့ ညီဖြစ်သူနဲ့ဘယ်လိုတွေ လက်တွဲပြီးတော့ အကောင်အထည်ဖော်ကြမယ်ဆိုတာနဲ့ ရဲမှုခင်းတပ်ဖွဲ့ကလဲ သူတို့ညီအကိုနှစ်ဦးရဲ့ ရာဇဝတ်မှုတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Action Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yinnwe Encoded by LK
movie

Kill the Drug Lords ( 2023 )

Mangkujiwo 2 (2023) 7.1
Mangkujiwo 2 (2023) Mangkujiwo 2 (2023) (မှန်သရဲ) IMDb 7.4/10မျှော်လင့်စောင့်စားနေခဲ့တဲ့ မှန်သရဲကတော့ ၂အနေနဲ့ ထွက်ရှိလို့လာခဲ့ပါပြီ အရင်က ၁ ကို ပြန်လည်အစဖော်ပေးရမယ်ဆိုရင် စုန်းမအဖြစ် သမုတ်ပြီး လူတောမတိုးအောင်အခန်းထဲပိတ်ခံရပြီး နတ်ဆိုးသားကောင်ဖြစ်ခဲ့ရတဲ့ ကွန်တီနဲ့ အမေ့အတွက်လက်စားချေခဲ့တဲ့ သူ့သမီးလေးအူမာ.. အူမာရဲ့သဘာဝလွန်စွမ်းအားကတော့ ဒေါသထွက်ပြီဆိုတာနဲ့ လူစိတ်ပျောက်ပြီး ခွန်အားတွေအဆမတန်ကြီးထွားလာတာပါပဲ ဒါကို သူ့အမေက ဝင်ကူညီပေးတယ်လို့မှတ်ယူထားသူပေါ့ပထမပိုင်းမှာ ပြီးဆုံးသွားတဲ့ နတ်ဆိုးရိုးရာတွေကို ဒုတိယပိုင်းမှာ ဘယ်သူတွေက ထပ်မံပြီးလှုပ်နှိုးအသက်သွင်းကြမလဲ ဒီမှာ ထပ်မံပေါ်ပေါက်လာမဲ့ လူစွမ်းကောင်းကတော့ ရင်ဘာ .. ၆နှစ်တစ်ခါပူဇော်လေ့ရှိတဲ့ယဇ်ပူဇော်ပွဲထဲ အဖေဖြစ်သူပါ ပါဝင်ခဲ့ရလို့ ကလဲ့စားချေဖို့အတွက် လိုက်လံရှာဖွေရင်း အူမာနဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာတယ်ဝိညာဉ်တွေကိုမြင်ရတဲ့အူမာနဲ့ ခေတ်ပညာတတ် သိပ္ပံဆန်ဆန်တွေးတတ်တဲ့ ရင်ဘာတို့၂ယောက် ဘယ်လိုပူးပေါင်းသွားကြမလဲ အူမာ့ဘဝရဲ့ဇာတ်လမ်းမှန်ကို စုံစမ်းရင်းသိလာရတဲ့ အမှန်တရားတွေနဲ့ သူတို့ထိန်းသိမ်းရမဲ့ ပရလောကနဲ့ မျက်မှောက်ခေတ်ကိုဆက်စပ်နေတဲ့ ဒီမန်ကူဂျီဝိုမှန်ကြီးကို သူတို့ကာကွယ်နိုင်ပါ့မလား အဖေ့အတွက်လက်စားချေမှုကိုရော အောင်မြင်နိုင်ပါ့မလားဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ် )Genre..... Horror Quality…. 1080p | 720p File size… 1.7GB | 734MB Format… ...
movie

Mangkujiwo 2 (2023)

2023
Karmalink (2022) 6.1
Karmalink (2022) Karmalink (2022)Sci-Fi, Mystery အမျိုးအစား ကမ္ဘောဒီးယားဇာတ်ကားတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အတိတ်ဘဝကို အိပ်မက်တွေကနေ ပြန်မှတ်မိနေတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။အရင်ဘဝက ရတနာတစ်ခုကို တစ်နေရာမှာ မြှုပ်ထားခဲ့တယ်ဆိုပြီး ခဏခဏအိပ်မက်မက်နေတဲ့သူပါ။ တစ်နေ့ သူတို့ရပ်ကွက်နေရာမှာ ကျည်ဆံရထားလမ်း ဆောက်လုပ်မှာကြောင့် အိမ်ရာတွေရွှေ့ပေးဖို့ ဖိအားပေးခံလာရတဲ့အပြင် မိသားစုကလည်း စီးပွားရေးအဆင်မပြေတဲ့အခါမှာတော့ သူ့အိပ်မက်ထဲက ရတနာကို သူငယ်ချင်းတွေနဲ့အတူတူလိုက်ရှာဖို့ ကြိုးစားပါတော့တယ်။သူ့အတိတ်ဘဝက တကယ်ရှိခဲ့တာလား၊ သူ့အိပ်မက်ထဲကအတိုင်း အဲဒီရတနာကို တကယ်ရှာတွေ့ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုကြရအောင်ပါ။အညွန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Sci-fi, Drama Quality…. 1080p | 720p File size…  2.2GB | 1GB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron
movie

Karmalink (2022)

2022
In My Mother’s Skin (2023) 5.4
In My Mother’s Skin (2023) In My Mother's Skin (2023)ရယူခြင်းကိုသာမြင်ပြီး ပေးဆပ်ရမယ့်တန်ကြေးကိုမမြင်ရခြင်းရဲ့နောက်ကွယ်မှာ နတ်ဆိုးနဲ့အပေးအယူလုပ်သူတွေ တော်တော်များများဟာ အကျိုးထက်အဆိုးနဲ့ကြုံရတာများပါတယ်။ တချို့ကလည်း ဒီနတ်ဆိုးနဲ့အပေးအယူလုပ်တယ်ဆိုတာကို ဒဏ္ဍာရီစကားသက်သက်လို့ပဲမှတ်ယူကြပါတယ်။အခုဒီကားလေးကတော့ နတ်ဆိုးနဲ့အပေးအယူလုပ်မိတဲ့ ကောင်မ‌လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ဒါတွေတကယ်ရှိမရှိဆိုတာကိုတော့ ကိုယ့်အယူအဆနဲ့ကိုယ် လိုရာဆွဲတွေးနိုင်ပါကြောင်း...ဒုတိယကမ္ဘာစစ်အပြီးမှာ ဖိလစ်ပိုင်နိုင်ငံလည်း ဂျပန်စစ်မီးကြောင့် တော်တော်လေးအထုအထောင်းခံလိုက်ရပါတယ်။ အယ်လ်ဒိုတို့ကလည်း ချမ်းသာတဲ့မိသားစုဖြစ်ခဲ့ပေမဲ့ စစ်ဒဏ်နဲ့နင်းပြားဖြစ်ပြီးတော့ အခြေအနေမဟန်လှပါဘူး။ ဒါ့အပြင် အယ်လ်ဒိုတစ်ယောက်က ပဋိပက္ခတွေကြားမှာ စစ်ထွက်ရဖို့ ဖြစ်လာပြီး အယ်လ်ဒိုကို ရွှေတွေခိုးပါတယ်စွပ်စွဲသူကတစ်ဖက်၊ ဖက်ဆစ်ဂျပန်ကောင်တွေရဲ့ အကုန်သုတ်သင်ရှင်းလင်းရေးကတစ်ဖက်နဲ့ ပြဿနာစုံကြားမှာ မိန်းမနဲ့သမီးကိုထားရစ်ခဲ့ပါတော့တယ်။ စစ်မီးဒဏ်ကြောင့် စားစရာမရှိရတဲ့ကြားထဲ အမေဖြစ်သူကပါရောဂါသည်းလာလေတော့ သမီးကြီးဖြစ်သူတာရာတစ်ယောက် အမေက တောထဲမသွားဖို့ အတန်တန်တားထားတဲ့ကြားထဲကမှ တောထဲသွားရင်း နတ်သမီးတစ်ပါးနဲ့ တွေ့လာတဲ့အခါ...တောကြီးမျက်မည်းထဲမှာ ကလေးပီပီ မဲမဲမြင်ရာ နတ်သမီးလို့ဇွတ်ထင်ပစ်လိုက်ပြီး သူ့ရဲ့အကူအညီကို လက်ခံလိုက်ချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါစို့လား။အညွန်းနဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1GB | 504MB Format… mp4 Duration…. ...
movie

In My Mother’s Skin (2023)

2023
Ghost Rookie (2023) 6
Ghost Rookie (2023) Ghost Rookie (2023)ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ''Ghost Rookie ''ဆိုတဲ့ 2023 ထွက်သရဲကားလေးပါ သူကသရဲကားဆိုပေမယ့်ရုပ်ဆိုးဆိုးသရဲမဟုတ်ပဲ သရဲအလှလေးနဲ့ သရဲအဆင်လေးတွေပါနော် ဝင်း ဆိုတဲ့ ကောင်လေးက မွေးတည်းက ကံဆိုးမှုနဲ့မွေးလာလို့ ဘဝတစ်လျှောက်လုံးအဆင်မပြေဖြစ်နေတဲ့ကောင်လေးပါ တစ်နေ့မှာသူကထုံးစံအတိုင်းအပြင်ထွက်ပြီး အလုပ်လုပ်ရင်းကံဆိုးပြီးမတော်တဆသေ သွားတဲ့အခါ တမလွန်ဘဝမှာ သူ အသက်ရှိစဥ်တုန်းက မိဘနှစ်ပါးအပေါ် တာဝန်မကျေခဲ့ရတဲ့အတွက် ထီပေါက်အောင်လုပ်ပေးဖို့ကြိုးစားပါတော့တယ် ဝင်းတစ်ယောက်မိဘတွေကိုထီပေါက်အောင်လုပ်ပေးပြီး နောက်ဘဝမှာစိတ်ချလက်ချနဲ့ပြန်ပြီးဝင်စားနိုင်ပါ့မလားဆိုတာကြည့်လိုက်ရအောင်နော်အညွန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.3GB | 607MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie

Ghost Rookie (2023)

2023
Big Momma’s House 2 (2006) 4.8
Big Momma’s House 2 (2006) Big Momma's House 2 (2006) ======================ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma's House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.0 GB) / (1.0 GB) Quality............BLU-RAY 1080p ...
movie

Big Momma’s House 2 (2006)

2006
Big Momma’s House (2000) 5.2
Big Momma’s House (2000) Big Momma's House (2000) =====================စုံထောက်မင်းသားက မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး အမှုလိုက်တဲ့ကားလို့ ကျွန်တော်တို့ငယ်ငယ်က သိခဲ့တဲ့ Big Momma's House ကို CM ပရိတ် သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Big Momma's House (1,2,3)ဆိုပြီး 3ကားရှိတဲ့ထဲက ဒါကတော့ (2000)ခုနှစ်မှာ ထွက်ခဲ့တဲ့ ပထမ ဆုံးကားဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်ကလည်း အရမ်းကြိုက်ခဲ့ရတဲ့ ငယ်ဘဝအမှတ်တရကားဖြစ်ပြီး ဒီကားက ကျွန်တော့်ထက် ၅နှစ်တောင် ကြီးပါသေးတယ်။ဇာတ်လမ်းအညွှန်းကတော့ FBIရဲဝန်ထမ်း မယ်လ်ကွန်ဟာ ထောင်ဖောက် ပြေးတဲ့အကျဉ်းသားကို ပြန်လိုက်ဖမ်းတဲ့မစ်ရှင်မှာ ထောင်ဖောက်အကျဥ်း သားရဲ့ ရည်းစားဟောင်းကောင်မလေးရှယ်ရီပီးယားစ်ရဲ့ ကွဲကွာနေတဲ့အဘွား ဖြစ်သူ (Big Momma-မေမေကြီး)ရဲ့အိမ်ကို စောင့်ကြည့်ရတဲ့တာဝန်ကိုယူ ရပါတယ်။ တစ်နေ့ မေမေကြီးမရှိခိုက် ရှယ်ရီက အိမ်ကိုပြန်လာမယ်ဆိုတဲ့ သတင်းကြောင့် မယ်လ်ကွန်က မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး မေမေကြီးနေရာ ဝင်နေလိုက်ပါတယ်။ အဲဒီနောက် အလွဲပေါင်းစုံနဲ့ မယ်လ်ကွန့်မစ်ရှင်ကြီး စတင်တော့တာပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.93 GB) / (939 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie

Big Momma’s House (2000)

2000

Genres

Archives