Channel Myanmar

Content at random


Movies

The Fence (2022) 6.9
The Fence (2022)  စတိဗ်ဆိုတဲ့ ကောင်လေးကသူရှာထားတဲ့ပိုက်ဆံတွေစုပြီးဆိုင်ကယ်လေးတစ်စီးကိုဝယ်ခဲ့ပါတယ်။ဝယ်ပြီးသိပ်မကြာခင်မှာပဲအိမ်ရှေ့မှာရပ်ထားတုန်းအခိုးခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ရဲသွားတိုင်တော့သူက သူ့အစ်ကိုအန်ဒရူးရဲ့ညီဖြစ်နေတာကိုသိသွားတော့ ရဲတွေကမကူညီချင်သလိုထုံးစံအတိုင်းအင်တင်တင်လုပ်ပါတော့တယ်။သူ့အစ်ကိုအန်ဒရူးဆိုတာက အမြဲတမ်းထိုးလိုက်ကြိတ်လိုက်နဲ့လူကြမ်းတစ်ယောက်မလို့ အခုလဲခံဝန်နဲ့လွတ်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့စတိဗ်တစ်ယောက် သူ့ဆိုင်ကယ်လေးကိုဘယ်သူခိုးသွားတယ်ဆိုတာကိုလိုက်စုံစမ်းရင်းနဲ့ သတင်းအတိအကျရလာတဲ့အခါ သူ့အသက်အရွယ်နဲ့ ဘာမှလုပ်မရတဲ့အတွက်သူ့အစ်ကိုကိုပဲ လူမိုက်ငှားပြီးခေါ်သွားခဲ့ပါတော့တယ်။သူ့အစ်ကိုကလဲမဆီမဆိုင်နဲ့ရဲတွေနဲ့ သူ့ကြားမှာပဲကြီးလှော်ဆားညှပ်နေတဲ့သူ့ ညီကိုသနားပြီးအတတ်နိုင်ဆုံးလိုက်ကူညီပေးခဲ့ပါတယ်။ဒီလိုနဲ့ဆိုင်ကယ်တော့ပြန်မရခဲ့ပေမဲ့လျော်ကြေးတော့ပြန်ရခဲ့ပါတယ်။ဒါပေမယ့်တကယ်တမ်းအပြစ်ရှိတဲ့လူကဆိုင်ကယ်သူခိုးမဟုတ်ပဲ နဲ့ ညီအစ်ကိုနှစ်ယောက်လုံးနဲ့ရန်စရှိနေတဲ့လူတွေဖြစ်တဲ့အခါမှာတော့ဘာတွေဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…2.45GB / 744MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie

The Fence (2022)

[18+] Flux Gourmet (2022) 5.9
[18+] Flux Gourmet (2022) Flux Gourmet (2022)* သွေးထွက်သံယိုဇာတ်ဝင်ခန်းများနှင့် ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများကြည့်ရှုရန်မသင့်ပါ *~ IMDb - 5.9/10, Rotten Tomatoes - 85% ~ဒီရုပ်ရှင်ကို ဘာအကြောင်းလဲလို့မေးရင် နည်းနည်းဖြေရခက်မယ်။ အကြောင်းအရာတွေက ရှုထောင့်ပေါင်းစုံကနေ တစ်မျိုးစီပြထားတာကြောင့်ပေါ့။ ဟင်းချက်တာပါတယ်၊ အနုပညာပါတယ်၊ သီချင်းတွေအသံတွေပါတယ်၊ ဟာသတွေပါတယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေပါတယ်၊ ဘာညာကွိကွတွေပါတယ်။မကြည့်ခင်မှာ အရင်ဆုံး သူတို့တည်တဲ့ ဇာတ်လမ်းနဲ့အလုပ်အကိုင်သဘောတွေအရင်ပြောရပါလိမ့်မယ်။ Sonic Catering ကို ဒီရုပ်ရှင်ထဲကအတိုင်းဆိုရင်တော့ မြန်မာလိုအဓိပ္ပာယ်ခြုံမိဖို့ "ဟင်းသံလုပ်သရုပ်ဆောင်ခြင်း" လို့ခေါ်နိုင်ပါတယ်။ဒါရိုက်တာ Peter Strickland ကလည်း ဒီရုပ်ရှင်ဟာ သူ့ဘဝနဲ့ အနီးစပ်ဆုံးရုပ်ရှင်ဖြစ်မယ်လို့ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် အဲဒီလို Sonic Catering Band တစ်ခုကို တည်ထောင်ခဲ့ဖူးလို့ပါတဲ့။ASMR တွေနဲ့မတူတာက Sonic Catering ဟာ ပြဇာတ်ကသလို ပရိသတ်ရှေ့မှာပဲ ဟင်းချက်တယ်၊ ဟင်းချက်ရာကထွက်တဲ့အသံတွေကိုဖမ်းပြီး အသံညှိစက်တွေနဲ့ အမျိုးမျိုးချိန်ညှိတယ်။ ...
movie

[18+] Flux Gourmet (2022)

2022
Rev (2020) 6.6
Rev (2020) Genre – Action, Drama, Thriller IMDB – 5.1/10ကျွန်တော့်နာမည်က မိုက်ကီ၊ အထက်တန်းကျောင်းသားဘဝကတည်းကရဲကားကိုခိုး မောင်းပြီး အဖမ်းခံရဖူးတယ်။အဲဒါနဲ့ ပြီးသွားရောလားဆိုတော့ မပြီးဘူး ပိုဆိုးလာတယ်ပေါ့။ဖြစ်ချင်တာက အိုင်တီနည်းပညာရှင်၊ App ကောင်းကောင်းလေး တီထွင်ပြီးအသက် ၂၀ မပြည့်ခင် အနားယူချင်တဲ့ကောင်မျိုး။ဒါပေမဲ့ ဘဝပေး မကောင်းပါဘူး ကွန်ပြူတာဆိုင်ဝင်လုပ်လည်းအလုပ်ပြုတ်လာပြီး ကျွမ်းကျင်တဲ့ကားသူခိုးအလုပ်ဆက်လုပ်တော့လည်း ရဲက ဖမ်းခံရပြန်တယ်။ဆရာသမားရဲတွေက အဲဒါကို ထောင်ထဲတန်းမထည့်ပဲကျွန်တော်က ကားခိုးတာကျွမ်းကျင်တော့ အပေးအယူလာလုပ်တယ်“မင်း မဟုတ်ရင် တစ်သက်တစ်ကျွန်းလောက် ကျမှာနော်” ဘာညာနဲ့ဖြဲခြောက်တော့ ကြောက်လန့်ပြီး သူတို့ပြောတာ လက်ခံလိုက်တယ်။အဲဒါက ဘာလဲဆိုတော့ ကားသူခိုးဂိုဏ်းထဲကို သူလျှိုအနေနဲ့ ဝင်ရမှာတဲ့၊ဒါနဲ့ ခေါင်းဆောင်ရဲ့ လမ်ဘော်ဂီနီကားကို ခိုးပြလိုက်တော့ခေါင်းဆောင်က သဘောကျပြီး ကျွန်တော့်ကို သူ့အဖွဲ့ထဲ ဆွဲခေါ်ခဲ့ရော။သူ့နာမည်က ချာလီ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တယ် ယုတ်မာတာမျိုးမရှိဘူးကျွန်တော့်ကိုလည်း ယုံကြည်ပြီး ပစားပေးတယ်။သူ့တွဲဖက် အာဖရိကကနေ ပြန်လာတဲ့ ဆမ်မီဆိုတဲ့ကောင်ကရော အပေါက်ဆိုးတယ် ယုတ်မာတယ်ကျွန်တော့်ကို ...
movie

Rev (2020)

2020
The Recruit (2003) 6.6
The Recruit (2003) Legend ကြီး AL Pacino နဲ့ Colin Farell တို့ အပြိုင်ကြဲထားတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.ထက်မြက်တဲ့နည်းပညာသမားတစ်ယောက်ဖြစ်သူ ဂျိမ်းစ်ကိုစီအိုင်အေမှာ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး စီနီယာနည်းပြ အနေနဲ့ငယ်ရွယ်တဲ့အရည်အချင်းရှိသူတွေကို လူသစ်စုဆောင်းဖို့ ရှာဖွေနေခဲ့တဲ့ ဝေါ်တာဘက်ခ်ကအဖေ ဖြစ်သူရဲ့အကြောင်းကို သိချင်တဲ့ ဂျိမ်းစ်ရဲ့အညှာကို ချုပ်ကိုင်ပြီး သူဖြစ်စေချင်သလိုစီအိုင်အေထဲဝင်နိုင်အောင် အပါခေါ်သွင်းခဲ့ပါတယ်."မွေးမြူရေးခြံ" လို့ အမှည်ဝှက်ပေးထားတဲ့ သူတို့ရဲ့လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ဂျိမ်းစ်ကိုစမ်းသပ်မှု အဆင့်ဆင့်ကို ဖြတ်ကျော်စေခဲ့ပါတယ်.နောက်ဆုံးစမ်းသပ်မှုကို မအောင်မြင်ခဲ့တဲ့ဂျိမ်းစ်တစ်ယောက် စိတ်ဓာတ်ကျပြိုလဲနေခဲ့ပေမယ့်ဝေါ်တာဘက်ခ်က လန်ဂလေက ဌာနချုပ်မှာနေရာတစ်ခုရအောင် စီစဉ်ပေးခဲ့ပြီးN.O.C – (Non-Offical Cover) နော့အနေနဲ့ ဌာနကအတွင်းသူလျှိုဖြစ်သူ လေလာရဲ့ချုပ်ကိုင်စေခိုင်းသူကိုရှာဖွေဖော်ထုတ်ရမယ့် တာဝန်တစ်ခုကို ချပေးခဲ့ပါတယ်ဒီနေရာအရောက်မှာတော့ ဂျိမ်းစ်အနေနဲ့သူ့ရဲ့ အော်ပရေးရှင်းကို ပြီးအောင် လုပ်နိုင်မှာလားလေလာရဲ့ နောက်ကွယ်က စေခိုင်းသူကရော ဘယ်သူဖြစ်မလဲ. ဝေါ်တာဘက်ခ်အနေနဲ့ကရော ဂျိမ်းစ်ကို နော့အနေနဲ့တပ်ဖွဲ့ထဲ ခေါ်ခဲ့တဲ့ အဓိကရည်ရွယ်ချက်ကရောဘာလဲဇာတ်လမ်းအဆုံးအထိ လှည့်စားနိုင်ဖို့ မပျက်ကွက်ခဲ့တဲ့ဒီဇာတ်ကားလေးကို CM ကနေ ပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက် ရပါတယ်. File size…  ...
movie

The Recruit (2003)

2003
The Prey (2011) 6.6
The Prey (2011) IMDb -6.6/10 ~ Rotten Tomatoes - 70%ဖရန့်ခ် အေဒရီယန်ဟာ ဘဏ်ဓားပြမှုနဲ့ ထောင်ကျ‌ နေတာဖြစ်ပြီးဓားပြမှုကနေရလာတဲ့ ပိုက်ဆံ တွေဝှက်ထားတဲ့နေရာကိုလည်းသူကလွဲရင်ဘယ်သူမှမသိပါဘူး။ဒီလိုကြောင့်လည်း ထောင်ထဲက သူ့ရဲ့တွဲဖက်တွေပစ်မှတ်ထားရန်ရှာတာကို ခံနေရသူပါ။သူ့ရဲ့ထောင်တွင်းအခန်းဖော်ကတော့ ဂျင်း လူးဝစ် မူရေးဖြစ်ပြီးဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကို စော်ကားမှုနဲ့ ထောင်ကျနေသူပါ။တနေ့မှာ မူရေးကို တခြားထောင်သားတွေက ပညာပေးနေချိန်ဖရန့်ခ်ကကြည့်မနေနိုင်တော့ပဲ ဝင်ကယ်ပေးလိုက်ရင်း မူရေးနဲ့ရင်းနှီးသွားခဲ့ပါတယ်။မူရေးကတော့ အမှုမခိုင်လုံမှုကြောင့် ကွင်းလုံးကျွတ်လွတ်သွားခဲ့ပြီးဖရန့်ခ်ရဲ့မိသားစုကိုလည်းစောင့်ရှောက်ပေးပါ့မယ်လို့ပြောခဲ့ပြီး ထောင်ကထွက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်း ကာဂါလို့ခေါ်တဲ့ ပြင်သစ်အထူးတပ်ဖွဲ့ခေါင်းဆောင်ကဖရန့်ခ်ဆီကိုလာပြီး မူရေးအကြောင်းတွေမေးမြန်းတဲ့အခါမှာတော့မူရေးကသူထင်ထားသလိုမဟုတ်ပဲ အမှောင်ဘက်ခြမ်းကြီးစိုးတဲ့စိတ္တဇတယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါဘာတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ပြင်သစ်နောက်ခံစကားပြောဇာတ်ကားကောင်းလေးဖြစ်တဲ့အပြင်Rating တွေလည်း ကောင်းတာမလို့သည်းထိပ်ရင်ဖိုအက်ရှင်ကားချစ်သူတွေ အကြိုက်‌တွေ့စေမှာပါ။ File size…  2 GB /  940 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder….  Min Wai Translated ...
movie

The Prey (2011)

2011
[18+] Sisid (2022) 6.1
[18+] Sisid (2022) အဏ္ဏဝါဇီဝပညာရှင် ဂျေဆင်နဲ့သူ့ဇနီးတို့ဟာ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့ဖြစ်တဲ့ ပိုလာ,မင်ဒိုရိုကို ငါးဘေးမဲ့ဇုန် တည်ထောင်ထိန်းသိမ်းဖို့တာဝန် နဲ့အတူလာခဲ့ကြပါတယ်၊ ဂျေဆင်ရဲ့ ဇနီးဖြစ်တဲ့ကင်ဆာဝေဒနာသည် အက်ဘီမှာတော့တစ်ခြားရည်ရွယ်ချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူမရှိတော့တဲ့တစ်နေ့မှာ သူချစ်ရတဲ့ခင်ပွန်းသည်ကိုစိတ်ချလက်ချထားခဲ့နိုင်တဲ့အဖော်တစ်ယောက်ရှာဖွေပေးခဲ့ချင်တာပါပဲ။ မြို့တော်ဝန်က ဂျေဆင်ရဲ့လက်ထောက်အဖြစ် ဒင်းနစ်ဆိုတဲ့မြို့ခံကောင်လေးတစ်ယောက်ကို တာဝန်ချထားပေးခဲ့ပါတယ်။ ဂျေဆင်နဲ့ဒင်းနစ်ဟာ ပင်လယ်ထဲကိုခရီးထွက် ရေအောက်ကိုအတူတူငုပ်ကြရင်း တစ်ယောက်အပေါ်တစ်ယောက်အကြည့်တွေ၊ မတော်တဆအထိအတွေ့တွေကို သာယာမိရာကနေ မရှောင်နိုင်ပဲရှေ့ဆက်တိုး အချစ်နယ်ကျွံမိကြပါတော့တယ်။ တကယ်တော့ ဒင်းနစ်စ်မှာလဲသက်တူရွယ်တူကောင်မလေးရှိပြီး အဲ့ဒီကောင်မလေးကိုယ်ဝန်ရှိကြောင်းသိရ၊ လက်ထပ်ဖို့ အတင်းပူဆာလာတဲ့အခါမှာ..။ဆိုင်သူကိုယ်စီနဲ့ သူတို့ဇာတ်လမ်းကို ဘယ်လိုရှေ့ဆက်ကြမလဲ? မဆိုင်သူတွေမနစ်နာရမယ့်လမ်းကို ဘယ်လိုရွေးချယ်ကြမလဲ? သူတို့တွေရဲ့ အချစ်ဟာပျော်စရာဇာတ်သိမ်းလေးတွေ့ကြုံရပါ့မလား?Palitan ကိုရိုက်ခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်အကောင်းဆုံးဒါရိုက်တာဆုရှင် Brillante Mendoza ရဲ့လက်ရာပါပဲ။ ဇာတ်လမ်းက ရိုးရိုးလေးနဲ့ဆန်းသလို သူ့ကားတွေထုံးစံ ရုပ်ရှင်ဆန်တဲ့ဒိုင်ယာလော့တွေ ကြီးကြီးကျယ်ကျယ် ဘာညာမရောင်းပဲ ရှင်းရှင်းလေးနဲ့ပြေပြေပြစ်ပြစ်တင်ဆက်ထားပါတယ်။သာယာလှပတဲ့နယ်မြို့လေးနဲ့ ရေအောက်က သန္တာကျောက်တန်းတွေ ကျွန်းတွေရဲ့အလှအပကို Cinematography အမိုက်စားတွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ BL ဘက်ကိုနွယ်တဲ့ဇာတ်ကားဖြစ်ပေမယ့် မင်းသမီးတွေဘက်ကိုလဲ အသားပေးမှုမလျော့တာကြောင့် လင်းတဲ့အခန်းတွေလင်းပေမယ့် မှောင်တဲ့အခန်းတွေလဲတော်တော်မှောင်ပါတယ်။ File size…(2.2 GB) / (1 GB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:55:48 Subtitle….Myanmar Subtitle(Hardsub) Encoder….RGB Translated ...
movie

[18+] Sisid (2022)

You’re Next (2011) 7.5
You’re Next (2011) IMDb - 6.6/10 ~ Rotten tomatoes - 79%ဒေးဗစ်ဆန် မိသားစုက ချမ်းသာကြပေမဲ့လည်းသူတို့ရဲ့မိသားစုဝင်အချင်းချင်းဆက်ဆံရေးကတော့ မကောင်းကြပါဘူး။မိသားစုဝင်တွေလည်း စုံစုံလင်လင်အတူမရှိရတာကြာပြီဖြစ်တဲ့အတွက်ပေါလ်နဲ့ အာဘရီတို့က သူတို့ရဲ့ 35 နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးကိုကလေး ၄ ယောက်နဲ့အတူ လူသူမနီးတဲ့ တောထဲကအိမ်ကြီးမှာလုပ်ရင်းမိသားစုဝင်အချင်းချင်းပြန်ပြီးနွေးထွေးမှုရအောင်လုပ်ဖို့ အစီအစဥ်ဆွဲခဲ့ကြပါတယ်။ဒီလိုနဲ့ သူတို့အကုန်အကုန်လုံးပျော်ပျော်ပါပါး နှစ်ပတ်လည်နေ့ကိုအောင်ပွဲခံတဲ့ညမှာပဲ မျက်နှာဖုံးနဲ့လူသ-တ်သမားတွေရောက်လာပြီးလူတိုင်းကိုလိုက်သ-တ်ပါတော့တယ်။ဒီအခြေအနေမှာ သူတို့မိသားစု အသက်ရှင်ကြမလားသူတို့ရဲ့ မိသားစုကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဒီလူသ-တ်သမားတွေကရော ဘယ်က‌နေပြီး ဘာကြောင့်ရောက်လာကြလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2011 ထွက်ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့အပြင် အသ-တ်အဖြတ်ခန်းတွေ၊ သွေးသံရဲရဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်တာမလို့ ၁၈ နှစ်အောက်ကလေးတွေတော့မကြည့်ရှုသင့်ပါဘူး။  File size…  1.2 GB /  500 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT
movie

You’re Next (2011)

2011
[18+] Bugaw (2023) 5.4
[18+] Bugaw (2023) Bugaw (2023)ဒလောရက်စ်ဟာ သူတို့ရွာမှာ ပြည့်တန်ဆာအဖြစ် အသက်မွေးပြီး သူ့အလုပ်တွေအတွက် ရက်ချိန်းတွေ၊ ဈေးနှုန်းတွေ၊ ဖောက်သည်တွေနဲ့ချိတ်ဆက်တာကနေ အလုပ်လုပ်မယ့်နေရာတွေကိုလိုက်ပို့တာအထိ သူ့ဖခင်ကတာဝန်ယူပါတယ်။ သူရော ဖခင်ဖြစ်သူရော နှစ်ဦးလုံးရဲ့ ရည်မှန်းချက်က အငယ်နှစ်ယောက်ဖြစ်တဲ့ အိုင်းဆက်စ်နဲ့ဂလိုရီယာတို့ကိုပညာတတ်ကြီးဖြစ်ပြီး ဒီဘဝကနေရုန်းထွက်နိုင်ဖို့ပါပဲ။တစ်နေ့တော့ သူ မလိုက်လျောတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဖောက်သည်တစ်ဦးနဲ့ အချင်းများရာကနေ သူတို့ဖခင်သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သူ့ဖခင်နေရာကို မောင်ငယ် အိုင်းဆက်စ်က တာဝန်ယူလာခဲ့ပြီး တစ်ဖြည်းဖြည်းသိလာရတာတွေကတော့ သူ့ဖခင်ဟာ သူတို့ဝင်ငွေတွေထဲက မနည်းလှတဲ့ ပမာဏတစ်ခုကို နယ်မြေရဲတစ်ယောက်ကိုအချိန်မှန်မှန်ဆက်ကြေးပေးနေခဲ့ရတယ်ဆိုတာပါ။ ငွေအင်အားလူအင်အား ဘာကိုမှမယှဉ်နိုင်တဲ့ မိဘမဲ့ မောင်နှမသုံးယောက်ဟာ ရဲတောင်းဆိုတဲ့အတိုင်း ဆက်လက်ငုံ့ခံ လိုက်နာနေခဲ့ပေမယ့် အဲ့ဒီရဲက တစ်ဖြည်းဖြည်းအတင့်ရဲလာတဲ့အခါမှာတော့...ဒီဘဝကနေ ဘယ်လိုနည်းနဲ့ အလွတ်ရုန်းကြမလဲဆိုတာကိုယ်တိုင်အဖြေရှာလိုက်ကြပါ။ကြည့်လည်းကြည့်ကောင်းလှသလို မြင်နေတွေ့နေကျမဟုတ်တဲ့ မင်းသမီးအသစ်လေးတွေကိုလည်း ပွဲထုတ်ပေးထားပါသေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 690MB Quality - 1080p, 720p IMDb Rating - ...
movie

[18+] Bugaw (2023)

2023
Disquiet (2023)
Disquiet (2023) ဇာတ်လမ်းရဲ့အစမှာတော့ ဆမ်ကသာမာန်ဘဝမှာပဲရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့အိမ်ထောင်ရှင်တစ်ယောက်ပေါ့ ၊ တနေ့ကျတော့ဆမ်ဟာ car accident အကြီးအကျယ်ဖြစ်ရာကနေဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံမှာသတိရပြီးနိုးလာတော့ ဘေးပတ်လည်မှာဘယ်သူမှမရှိတော့တဲ့အပြင်ဖုန်းလိုင်းတွေလည်းမမိတော့ပါဘူး၊ ဆမ်လည်းလူတွေ့လိုတွေ့ငှါးလိုက်ရှာတဲ့အခါ ဘာမှန်းမသိတဲ့အဘိုးကြီးတစ်ယောက်တိုက်ခိုက်တာစခံရပါတော့တယ်၊ အဲ့လိုနဲ့ဆမ်လည်းဆေးရုံကမူမမှန်တာသိသွားတော့ထွက်ပြေးဖို့ကြိုးစားရပါပြီ၊ ဆမ်ကဆေးရုံထဲမှာပိတ်မိနေတာသူတစ်ယောက်တည်းမဟုတ်မှန်းသိလိုက်ရတော့သူလဲအားတက်ပြီးထွက်ပေါက်အတူတူကြိုးစားရှာကြပါတယ်၊ ထွက်ပြေးဖို့ကြိုးစားတာကလည်းအဲ့လောက်မလွယ်ကူခဲ့ပါဘူး၊ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ၊ ဖုန်းလိုင်းတွေမရ၊ဆေးရုံဘေးပတ်လည်မှာလည်းအမှောင်ထုတွေပြည့်နှက်နေတဲ့အပြင် ဆမ်တို့ကိုတားဆီးဖို့ဆိုပြီးစောင့်နေတဲ့လက်ရဲဇက်ရဲလူလိုလိုမကောင်းဆိုးဝါးလိုလိုတွေကအနောက်ကနေလိုက်နေတာဆိုတော့ ဆမ်တို့အဖွဲ့အသက်ရှင်လျက်အဲ့ဆေးရုံကြီးကနေထွက်နိုင်ပါ့မလား၊ အဲ့ထဲမှာပဲထာဝရနေသွားရမလား ပဟေဠိတွေနဲ့ ရင်ဖိုဖိုကြည့်ရမှာပဲဖြစ်ပါတယ် ။ File size…(930 MB)/(520 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Thriller, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Disquiet (2023)

Sins of the Preacher’s Wife (2023)
Sins of the Preacher’s Wife (2023) Review အချစ်ဆုံးသူငယ်ချင်းရဲ့ သတ်သေမှုကြောင့် အပြစ်ရှိသလိုခံစားနေရဲ့ ဘတ်ဟာ သူ့မိသားစုနဲ့အတူ မြို့ငယ်လေးကိုပြောင်းရွှေ့နေထိုင်ခဲ့တယ် တစ်နေ့မှာတော့ တရားဟောဆရာတို့ ဇနီးမောင်နှံ နဲ့တွေ့ဆုံရင်းနှီးသွားရာက ဘတ်ဟာ သူ့ကလေးကို တရားဟောဆရာရဲ့ ဇနီးဖြစ်သူ မယ်ရီယန် ရဲ့ နေ့ခင်းစောင့်ရှောက်ရေးမှာသွားထားပါတော့တယ် မယ်ရီယန်ဟာ ကလေးကိုစောင့်ရှောက်ရင်း လက်မလွှတ်ချင်လောက်အောင် စွဲလမ်းသွားတဲ့အချိန်မှာ ဘာတွေလုပ်မလဲ အမြဲတမ်းစောင့်ကြည့်ခံရသလို ခံစားနေတဲ့ ဘတ်ကရော တကယ်စောင့်ကြည်ခံနေရတာလား ဘတ်ရဲ့သူငယ်ချင်းကရော ဘာလို့သတ်သေသွားတာလဲ ဆိုတာကိုစိတ်ဝင်တစားကြည့်ရှုသွားရမှာဖြစ်ပါတယ် File size…(1.5 GB)/(728 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

Sins of the Preacher’s Wife (2023)

Devils(2023) 7.5
Devils(2023) Devils(2023)************ Oh Dae Hwan နဲ့ Jang Dong Yoon တို့လို နာမည်ကြီး သရုပ်ဆောင်(၂) ယောက်အဓိကပါဝင်တယ်... The Childe တို့လို vibe မျိုးတော့မဟုတ်ပေမဲ့ Crime ကိုမှ Plotက နည်းနည်းဆန်းကျယ်တယ်လို့ဆိုရမယ်... စုံထောက်ချွဲဂျယ်ဟွမ်ဆိုတာ ရဲလောကမှာတော့ လူမုန်းများလှပေမဲ့ တော်တဲ့အရည်အချင်းကိုတော့ အသိအမှတ်ပြုခံရတယ်...သူဟာ တွဲဖက်တစ်ယောက်နဲ့ ကွင်းဆက်လူသတ်မှုကိုစုံစမ်းနေတုန်း တရားခံလူသတ်သမားဖြစ်သူ ချာဂျင်းဟျော့ဟာသူ့ရဲ့ တွဲဖက်ကိုသတ်လိုက်တယ်...လုပ်ဖော်ကိုင်ဖက်ကိုဆုံးရှုံးလိုက်ရတဲ့ စုံထောက်ချွဲဂျယ်ဟွမ်ဟာချာဂျင်းဟျော့ဆိုတဲ့ လူသတ်ကောင်နောက်ကို အငြိုးကြီးကြီးလိုက်ရာက‌နေတစ်နေ့မှာတော့ အကြီးစားထိခိုက်မှုဖြစ်ပြီး လူသတ်ကောင်နဲ့ ဝိညာဉ်ချင်းလဲသွားပါတော့တယ်...ဆိုတော့စုံထောက်မျက်နှာနဲ့လူသတ်ကောင် ၊လူသတ်ကောင်မျက်နှာနဲ့စုံထောက် တူမလိုလိုနဲ့လုံးဝကွဲပြားသွားတဲ့ ၂ယောက်ဖြစ်သွားတယ်..ဝိညာဉ်ချင်းလဲသွားတဲ့အနေအထားမှာ စုံထောက်နဲ့လူသတ်ကောင်တို့ဘယ်လို တစ်ယောက်နဲ့တစ်ယောက်အနိုင်တိုက်ကြမလဲဆိုတာကိုတော့...File size…1.6GB/ 641MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46min Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by  Miri,Treasure Htet & Stary
movie

Devils(2023)

Bhuvanavijayam (2023) 6.9
Bhuvanavijayam (2023) Bhuvana Vijayam(2023) IMDb-6.9/10ပေါ့ပေါ့ပါးပါးနဲ့ အပျင်းတော်ပြေစေမယ့် တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိကြတယ်။အဲဒီဆန္ဒတွေက အောင်မြင်မှုနဲ့အတူ တွဲပါလာတတ်ကြပါမယ့် အဲဒီအောင်မြင်မှုအတွက် အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်ကြရတာ။ အမြဲတမ်းရှုံးနေတဲ့လူတောင် တခါတလေအောင်နိုင်ပါသေးတယ်။အကြိမ်ရေနည်းပေမယ်လို့ပေါ့။ အဲဒီလိုအချိန်တွေမှာ ဘုရားရဲ့ပါဝင်မှုက ရှိလာတတ်တာပဲ။ဒီဇာတ်လမ်းကလည်း ဘုရားတွေထဲကမှ ဘဟူဗာနာဗီဂျေယမ်ဆိုတဲ့လူသားရဲ့ဇာတ်လမ်း။ သေဆုံးပြီးနောက် ဘယ်လိုတွေဖြစ်လဲဆိုတာရယ်ရုပ်ရှင်တစ်ကားအတွက် နောက်ခံဇာတ်ကြောင်းတွေ မတူညီကြတဲ့ လူခြောက်ယောက် ဇာတ်ညွှန်းအတွက်ပြိုင်ကြတာကို ပေါ့ပေါ့ပါးပါးနဲ့ ခွီရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.04GB / 863MB Quality…WEB DL /720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni
movie

Bhuvanavijayam (2023)

2023
47 Meters Down (2019) 5.6
47 Meters Down (2019) CM Fan တွေ အတွက် အလုပ် အားလပ်ရက်မှာ အကောင်းဆုံး ကြည့်ရဖို့  ရုပ်ရှင်တစ်ကား ပေးချင်ပါတယ် ဒါကတော့ လွန်ခဲ့တဲ့လတွေက ရုံတင်သွားတဲ့ စွန့်စားမှု သည်းထိပ်ရင်ဖို ရုပ်ရှင်ပါပဲ။ ဗီလိန်ကတော့ငါးမန်းကြီးတွေပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်း ကောင်မလေး ၄ ယောက် ရေအောက်မှာ မြှပ်နေတဲ့ မြို့ဟောင်းကို သွားစူးစမ်းကြတယ်။ မထင်မှတ်တာတွေဖြစ်ပြီး ပိတ်မိသွားတယ်။ ငမန်းတွေ ပါးစပ်ကနေ လွတ်အောင် ပြေးကြရတာတွေပါပဲ။ ဒီလို survival အမျိုးအစား ရုပ်ရှင်တွေကို နှစ်သက်တတ်သူတွေအတွက် ခံစားလို့ကောင်းမှာပါ။   File size…  6 GB /  3 GB / 1.18 GB Quality… WEB Dl 4K / 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Adventure/Survival Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Little Neo
movie

47 Meters Down (2019)

2019
4K HEVC
The Little Mermaid (2023) 7.2
The Little Mermaid (2023) The Little Mermaid (2023)ဒစ္စနေးရဲ့ နောက်ဆုံးထွက် ကာတွန်းကနေ လူရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ ရေသူမလေး လာပါပြီ။ လူမည်းမင်းသမီးသုံးတဲ့အတွက် မျိုးစုံဝေဖန်ခံနေရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ လူမျိုးရေးကြောင့်မဟုတ်ဘဲ မူရင်းဇာတ်ကောင်တွေကို အတင်းလူမည်းပြောင်းတဲ့အတွက်ပါ။ ထောက်ခံသူတွေ ကြိုက်သူတွေလည်း ရှိကြပါတယ်။ ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြတာ ကောင်းပါတယ်။ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။ ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။ ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။ တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။ အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။ အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့ အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။ ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ...
movie

The Little Mermaid (2023)

2023
4K HEVC
Chuyện Xóm Tui: Con Nhót Mót Chồng (2023)
Chuyện Xóm Tui: Con Nhót Mót Chồng (2023) Chuyện Xóm Tui: Con Nhót Mót Chồng (2023)IMDb 7.1/10အဖေတစ်ခု သမီးတစ်ခုနေလာကြတဲ့ မစ္စတာရှင်းနဲ့ နယော့ အဖေက အရက်ကိုသိပ်ကြိုက်သလို သမီးက ခိုးရတာဝါသနာ အချင်းချင်းအမြဲသတ်နေပေမဲ့ ၂ယောက်က အရမ်းချစ်ကြတဲ့သားအဖပေါ့ဒီလိုနဲ့ တစ်ရက်ကျ မစ္စတာရှင်းက သမီးဖြစ်သူကို အိမ်ထောင်ချပေးဖို့ အတွေးဝင်လာတယ် သမီးအသက်ကလည်း မငယ်တော့တာမို့ သမက်လောင်းရှာဖို့ ခရီးစပါတော့တယ် တစ်ရပ်ကွက်တည်းသားချင်းတွေက နယော့ရဲ့စရိုက်ကိုသိနေတော့ ဝေးဝေးကရှောင်ရင်း.... သူ့သမီးအတွက် ခင်ပွန်းလောင်းရှာနိုင်သွားမလား ဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်လိုဂျင်းတွေထည့်မလဲဆိုတာတော့...ရယ်ရတဲ့ကားလည်းဖြစ် ပညာလည်းရတာမို့ ခဏတာဘဝ‌အမောတွေ ဖြေဖျောက်နိုင်စေရန် တင်ဆက်ပေးလိုက်ရပါတယ်(အညွန်းနဲ့ ဘာသာပြန်တွေကတော့Yunni~BpL~Aditi~Zwe Yan ~Cherry~V တို့ပဲ ဖြစ်ပါတယ်) File size…1.8GB / 809MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni~BpL~Aditi~Zwe Yan ~Cherry~V
movie

Chuyện Xóm Tui: Con Nhót Mót Chồng (2023)

2023
Starship Troopers (1997) 7.6
Starship Troopers (1997) Genre – Action, Adventure, Sci-fi IMDB – 7.3/10ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်းပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီးလူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ်အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကိုရိုက်ကူးထားတဲ့လူပါ။နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effectစကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic ...
movie

Starship Troopers (1997)

1997
Starship Troopers 2: Hero of the Federation (2004) 5.0
Starship Troopers 2: Hero of the Federation (2004) Bugsလို့ခေါ်တဲ့ တိုက်ခိုက်နှုန်းအားပြင်းထန်တဲ့ ဂြိုလ်သားပိုးကောင်တွေနဲ့တိုက်ပွဲမှာအဆင့်မြှင့်Laser Gunတွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တာတောင်ဗိုလ်ကြီးJack Shepherdတို့အဖွဲ့ဟာ ဆုံးရှုံးမှုတွေများခဲ့ပြီး အနီးဆုံးကင်းထောက်စခန်းတစ်ခုမှာပုန်းခိုရင်းကယ်ဆယ်ရေးအဖွဲ့လာရောက်တဲ့အချိန်ကိုစောင့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.အဲ့ဒီကင်းထောက်စခန်းမှာ သူတို့ထပ်အရင်ရောက်နှင့်ထားပြီးသူတွေလဲရှိပါတယ်.ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ရင်းနဲ့ Bugsတွေအကြောင်းကိုတစ်စထက်တစ်စပိုပိုသိလာတဲ့အခါမှာ အဲ့ဒီဂြိုလ်သားပိုးကောင်တွေဟာလူသားမျိုးနွယ်တစ်ခုလုံးကိုပါဖျက်ဆီးဖို့အကြံအစည်ရှိနေတာကိုသိလိုက်ရပါတော့တယ်.ဒါကိုသူတို့အဖွဲ့ဘယ်လိုကယ်တင်မလဲ?ဒီအဖွဲ့အစည်းထဲမှာရော ဂြိုလ်သားပိုးကောင်တွေကရောထွေးဝင်ရောက်နှင့်ပြီးသားလားဆိုတာတော့ဇာတ်လမ်းထဲမှာပဲအဖြေရှာလိုက်ကြတာပေါ့.Military, science,fiction,horrorအမျိုးအစားဖြစ်ပြီး runtimeက ၉၂မိနစ်ပါ. ၂၀၀၄ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့်ယောကျာ်းလေးတွေက ဒီဇာတ်ကားမှာအသုံးပြုထားတဲ့လက်နက်ကြီးတွေကိုအခုထိသဘောကျဆဲဖြစ်ပါတယ်.Starship trooperအနေနဲ့ ၃ကားထွက်ရှိတာမလို့ပိတ်ရက်အတွက်အနားယူရင်းကြည့်ဖို့ အကောင်းဆုံးပါပဲ. File size…  2.2 GB /  790 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22m Genre .....  Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by.... Charm
movie

Starship Troopers 2: Hero of the Federation (2004)

2004
Starship Troopers 3: Marauder (2008) 5.0
Starship Troopers 3: Marauder (2008) 2008 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Starship troopers 3 ပိုးကောင်တွေနဲ့လူတွေရဲ့ကြားက တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတာပါ။ရိုခုဆန်မှာ ပိုးကောင်စစ်ပွဲဖြစ်ပွါးခဲ့ပြီးနောက် ရိုခုဆန်ဒေသခံတွေကစစ်ပွဲကို ဆန့်ကျင်လာခဲ့ပါတယ်၊ အဲဒါကြောင့် ဒေသခံတွေဟာသူတို့နယ်မြေအတွင်းရှိ စစ်သားတွေကို မထီမဲ့မြင်ဆက်ဆံလာပါတယ်။တစ်နေ့မှာတော့ စစ်ဌာနချုပ်ကနေ ဗိုလ်ချုပ်ကြီးအိုမာအနုတ်၊ဗိုလ်ချုပ်ဟောင်ဇာနဲ့ လိုလာဘက်ခ်တို့ လာရောက်လှည့်ပတ်ကြည့်ရှုပါတယ်။အဲဒီအချိန်မှာပဲ ရိုခုဆန်မှာရှိတဲ့ ပိုးကောင်တွေကိုဟန့်တားထားတဲ့ခြံစည်းရိုးလုံခြုံရေး ပျက်ဆီးသွားလို့ ဗိုလ်ချုပ်ဟောင်ဇာကစစ်မြေပြင်ကို ထိန်းချုပ်ပြီး ဗိုလ်ချုပ်ကြီးအိုမာနဲ့လိုလာဘက်ခ်တို့ကဌာနချုပ်ကိုပြန်သွားကြပါတယ်...ဗိုလ်ချုပ်ကြီးအိုမာတို့ယာဉ်ဟာ လမ်းခုလတ်မှာစက်ချို့ယွင်းပြီးကန္တာရတစ်ခုမှာ ပျက်ကျသွားပါတယ်၊ ဌာနချုပ်ကိုကယ်ဆယ်ရေးအကူအညီလှမ်းတောင်းပေမယ့် ဌာနချုပ်က လျစ်လျူရှုခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးအိုမာတို့ ဌာနချုပ်ကိုပြန်နိုင်မလား...ကန္တာရထဲမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကိုဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရအောင် File size…  2.4 GB /  1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni
movie

Starship Troopers 3: Marauder (2008)

2008

Genres

Archives