Channel Myanmar

Content at random


Movies

After (2012) 5.4
After (2012)  IMDb 5.4/10 ဘတ်စ်ကားစီးရင်း စကားစမြည်ပြောနေကြတဲ့ ခရီးသည်နှစ်ယောက်ဟာ ရုတ်တရတ်ကြီး သူတို့အသီးသီးရဲ့အိမ်ကို ပြန်ရောက်သွားကြပါတယ်။ ခရီးသည်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အန်နာဟာ ပုံမှန်နေ့တွေလိုပဲ အလုပ်ကိုသွားတက်တဲ့အခါ အလုပ်မှာ လူတစ်ယောက်မှမရှိတော့တာကို တွေ့လိုက်ရပါတယ်။ အလုပ်မှာမှ မဟုတ်ဘူး တစ်မြို့လုံးကလူတွေအကုန်ပျောက်ဆုံးနေတာပါ။ လူတွေအားလုံးဘယ်ကို ထွက်သွားကြတာလဲ… အကြောင်းရင်းကရော ဘာဖြစ်မလဲဆိုတာကို Thriller/Mystery အမျိုးအစားလေးဖြစ်တဲ့ ဒီ After အမည်ရှိဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါဦးရှင်။ File size…(1 GB)/(455 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

After (2012)

The Angels’ Share (2012) 7.0
The Angels’ Share (2012)  IMDb 7/10 အထိရထားပြီး ဟာသဒရမ်မာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့လူမှုရေးအလုပ်နဲ့ပြစ်ဒဏ်ချခံထားရတဲ့အပြစ်သားတစ်စုကအတိတ်ကအမဲစက်ကြောင့်အပယ်ခံလိုဖြစ်နေရတာပါ သူတို့ကတော့အကျင့်ဆိုးတွေကိုပြင်ဖို့ကြိုးစားနေကြပေမဲ့ဘယ်သူကမှအရေးပေးမဆက်ဆံကြပါဘူး ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးတာကြောင့်သူတို့ဝီစကီအရသာမြည်းစမ်းပွဲကိုသွားရင်းအခွင့်အရေးကောင်းတစ်ခုကိုရသွားခဲ့ကြပါတယ်။ဝီစကီတွေဟာအရက်တွေထဲမှာတော့လူကြိုက်များတဲ့အရက်တစ်မျိုးဖြစ်ပြီးအဆင့်အတန်းမှီဝီစကီကောင်းကောင်းတစ်လုံးဟာဈေးအဆမတန်ပေးရနိုင်ပါတယ် ဒါပေမဲ့တကယ်ရူးသွပ်တဲ့သူတွေကတော့အလုအယက်ဝယ်ကြတုန်းပါပဲ သူတို့ရသွားတဲ့အခွင့်အရေးကတော့ဝီစကီတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးထုတ်ပြီးရောင်းစားဖို့ပါပဲ သူတို့အုပ်စုတွေရည်မှန်းချက်ပြည့်ဝဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့အကြံအစည်ကရောအောင်မြင်နိုင်ပါ့မလားဆိုတာကိုကြည့်ရှူရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်File size…(1.9 GB)/(988 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Angels’ Share (2012)

The Warrior (2001)
The Warrior (2001) ကိုရီးယားနဲ့ တရုတ်တို့ကြား သံတမန်ဆက်ဆံရေးဟာမင်သံတမန်အဖွဲ့သေသွားချိန်မှစပြီးနှစ်နိုင်ငံကြားဆက်ဆံရေးက ယိုယွင်းခဲ့ရပါတယ်။မင်ဧကရာဇ်က ဂိုလျောသံတမန်တွေကိုသူလျှိုလို့စွပ်စွဲပြီးနယ်နှင်ဒဏ်ပေးပြီး နှင်ထုတ်လိုက်ပါတယ်။အပြန်လမ်းမှာ သံတမန်စစ်သူကြီးတို့အဖွဲ့ဟာ မွန်ဂိုတပ်သား‌တွေပြန်ပေးဆွဲလာတဲ့မင်တိုင်းပြည်ရဲ့ မင်းသမီးလေးကိုမွန်ဂိုတပ်သားတွေလက်ထဲကနေကယ်တင်ဖို့ဖြစ်လာပါတယ်…မင်းသမီးလေးကို အန္တရာယ်ကင်းကင်းနဲ့ မင်တိုင်းပြည်ကို ပြန်ပို့နိုင်ပါ့မလားမွန်ဂိုတွေက‌ရော မင်းသမီးလေးကို ပြန်ခေါ်သွားနိုင်မလားဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ပါဦးနော်ခေါင်းဆောင်စိတ်ဓာတ်နဲ့ အနစ်နာခံမှုတွေကိုသေချာလေးရိုက်ပြထားတာမလို့ လုံးဝကိုအချိန်ကုန်မှန်းမသိလိုက်ပဲကြည့်ရတန်စေမယ့်ကားလေးပါနော် File size…  3.98 GB /  1.76 GB Quality… WEB Dl 1080i / 720p Format… mp4 Duration…. 2h 39m Genre .....  Action , War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie

The Warrior (2001)

2001
The Goat and Her Three Kids (2022) 7.4
The Goat and Her Three Kids (2022) The Goat and Her Three Kids (2022)~ IMDb rating - 7.4/10 ~၁၉ ရာစုရဲ့လူကြိုက်အများဆုံး ရောမအိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တဲ့ ''The Goat and Her Three Kids'' ရဲ့ Film Adaptation ကိုတင်ဆက်ပေးလိုက်ပါတယ်။လူသူမနီးတဲ့တောအုပ်ထဲက အိမ်ငယ်လေးတစ်လုံးမှာ မုဆိုးမတစ်ယောက်နဲ့ သူ့သားသုံးယောက်နေထိုင်ကြတယ်။ သားသုံးယောက်ကိုကျွေးမွေးဖို့အတွက် အမေဖြစ်သူက နေ့တိုင်းပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်။ အငယ်ဆုံးသားလေးက လိမ္မာရေးခြားရှိသလောက် အကြီးနှစ်ယောက်က ဆိုးသွမ်းပြီး မိဘကိုကူညီရကောင်းမှန်းမသိပါဘူး။ဒီလိုနဲ့တစ်နေ့မှာ အမေဖြစ်သူက ရိက္ခာရှာဖို့ခရီးမထွက်ခင် သူ့သားတွေကို တံခါးဂျက်ချပြီး အိမ်ထဲမှာပဲနေဖို့ သူ့အသံမကြားမချင်း ဘယ်သူလာလာတံခါးမဖွင့်ပေးဖို့မှာခဲ့ပါတယ်။ အမေပြန်အလာကိုစောင့်နေကြတုန်းမှာ အိမ်ရှေ့ကနေ သူတို့အမေဆိုပြနေကျသီချင်းသံကိုကြားလိုက်ရပါတယ်။ သူ့အမေနဲ့သူတို့ပဲသိတဲ့သီချင်းကို ဘယ်သူကများအလွတ်ရနေပါလိမ့်... အကြီးနှစ်ယောက်က စူးစမ်းလိုစိတ်နဲ့ တံခါးကိုဖွင့်ပေးလိုက်ပါတယ်။ သူတို့ရှေ့မှာစောင့်ကြိုနေတဲ့အန္တရာယ်ကိုတော့ မသိခဲ့ကြပါဘူး...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, ...
movie

The Goat and Her Three Kids (2022)

2022
Wicked City (1987) 6.7
Wicked City (1987) (အသက်မပြည့်သေးသူများ လုံး၀ မကြည့်သင့်ပါ) IMDb 6.7/101987ထွက်တာဆိုတော့မင်မင်တို့တောင်မမွေးသေးဘူးဗျဒါပေမယ့် old but gold ထဲမှာပါတဲ့ကားတွန်းပါသိသလောက်တော့Novel ခြောက်အုပ်ထွက်တဲ့ထဲကပထမဆုံးအုပ်ကို anime movieထုတ်တာလို့ပြောတာပဲတခုတော့ရှိတယ်မုဒိန်းကျင့်တဲ့အခန်းတို့ဘုတဲ့အခန်းတို့မဟားဒယားများပါတယ်ပြီးတော့Hentaiမဖြစ်ရုံတမယ်တကယ်ကိုကွက်ကွက်ကွင်းကွင်းပြတာတွေပါလို့မိသားစုနဲ့ယောင်လို့တောင်မကြည့်မိပါစေနဲ့နားရင်းအုပ်ခံရပါလိမ့်မယ်ငယ်ရွယ်သူများတကယ်ကိုကြည့်ဖို့မသင့်ပါ ဇာတ်လမ်းအကျဥ်းကမ္ဘာနှင့် မိစ္ဆာကမ္ဘာကြား စစ်ပွဲကို တားဆီးရန် ငြိမ်းချမ်းရေးသ​ဘောတူညီမှုယူထားတာဟာနှစ်​ပေါင်းရာနှင့်ချီ၍ အသက်ဝင်ခဲ့ပြီး သ​ဘောတူညီမှုကို သက်တမ်းတိုးရန်သတ်မှတ်ထားသော်လည်း မကောင်းသော အင်အားစုများက ​အနှောက်အယှက်​တွေ ​ပေးလာခဲ့ပါတယ်။မိစ္ဆာအကိုက်ခံရသော လူသား Taki Renzaburo (Greg Snegoff) နှင့်Sexy demon Makie (Alexandra Kenworthy) တို့ဟာငြိမ်းချမ်း​ရေးကိုပျက်ပြား​စေတဲ့အ​ဖျက်အ​မှောင့်​တွေနဲ့ပတ်သတ်လာချိန်မှာ​တော့.....  File size…  1.34 GB /  656 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 22m Genre .....  Action , Comedy, Adult Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr.Nyan
movie

Wicked City (1987)

1987
Sync (2023)
Sync (2023) Sync (2023) IMDb - 7.3/10အခုတစ်ခါမှာတော့ Rating ကောင်းပြီး ဇာတ်လမ်းတင်ဆက်ပုံ ထူးထူးခြားခြားနဲ့ကြည့်ရမဲ့ Horror/ thriller ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း အလုပ်မှာ အဆင်မပြေတာတွေအမြဲကြုံနေကြတော့ သူငယ်ချင်းလေးယောက် စိတ်လွတ်ကိုယ်လွတ်ပျော်ဖို့ နေ့ချင်းပြန်ခရီးတစ်ခု စီစဉ်ခဲ့ကြပါတယ်။ သို့ပေမဲ့ လမ်းခရီးမှာ ကားချို့ယွင်းချက်ကြောင့် လူတစ်ယောက်ကို မတော်တဆတိုက်မိပြီး ထွက်ပြေးခဲ့ကြတဲ့အချိန်မှာတော့ ...အပြစ်ရှိတဲ့သူတွေဟာ အပ်ကျရင်တောင်ကြောက်တတ်ကြတာမလို့ သူတို့လေးယောက်ကို ဘယ်လိုအရာတွေကခြောက်လှန့်နေမှာလဲ အရင်နဲ့မတူ တမူထူးတဲ့ ခြောက်နည်းခြောက်ဟန်တွေကြား သူတို့ကိုယ်လွတ်ရုန်းဖို့ ဘယ်လိုတွေချောက်တွန်းကြမလဲဆိုတာ ထင်မှတ်မထားတဲ့ Plot twist နဲ့ စိတ်ခြောက်ခြားဖွယ် ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ BpL~ Yunni ~ Aditi ~ Cherry ~ V တို့ပဲဖြစ်ပါတယ်) File size…875MB / 389MB Quality…1080p WEB DL/ 720p Format…mp4 Duration….1h 17mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Moon ~ BpL~ Yunni ~ Aditi ~ Cherry ~ ...
movie

Sync (2023)

2023
The Venture Bros.: Radiant is the Blood of the Baboon Heart (2023) 8.4
The Venture Bros.: Radiant is the Blood of the Baboon Heart (2023) The Venture Bros.: Radiant is the Blood of the Baboon Heart (2023) =============================================== IMDb Rating - 8.4/10IMDB 8.4 လောက်အထိရထားပြီး အသစ်စက်စက်ထွက်ရှိထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဒေါက်တာဗန်ချာရဲ့ သားနှစ်ယောက်အနက် သားကြီးဖြစ်သူ ဟန့်ခ်ဗန်ချာပျောက်သွားပြီး တစ်နိုင်ငံလုံး က လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့အေဂျင်စီတွေ စွမ်းအားရှင်အဖွဲ့တွေ လိုက်ရှာကြတဲ့ ပုံစံကနေ စထားပါတယ်။တကယ်တော့ ဟန့်ခ်ဆိုတာ လိုတရဘဝကို ရခဲ့တဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူ ပျောက်ဆုံးသွားတာကလည်း သူကိုယ်တိုင်ပဲ သူ့ရဲ့ တည်ရှိမှုကို ပြန်ရှာဖွေဖို့အတွက် စွန့်စားခန်း ခရီးတစ်ခု ထွက်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပျောက်ဆုံးနေတဲ့ အမေနဲ့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ ပုံရိပ်တွေကြားထဲကနေ ဟ့န်ခ်တစ်ယောက် ဖခင်ဖြစ် သူ ဗန်ချာရဲ့လျှို့ဝှက်ချက်တွေနဲ့ အန္တရာယ်ရှိ စွမ်းအားရှင်အဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ ဆုံမိတဲံအခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ စိတ်ဝင်တစားဆက်လက်စောင့် ကြည့်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.4 GB) / (545 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie

The Venture Bros.: Radiant is the Blood of the Baboon Heart (2023)

2023
Cut, Color, Murder (2022) 6.2
Cut, Color, Murder (2022) Cut, Color, Murder (2022)အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ ...
movie

Cut, Color, Murder (2022)

2022
Dream Palace(2023) 8.2
Dream Palace(2023) Dream Palace(2023)******************ယောက်ျားဖြစ်သူကို လုပ်ငန်းခွင်မတော်တဆမှုကြောင့် ဆုံးရှုးခဲ့ရပြီးနစ်နာကြေးရခဲ့တဲ့ပိုက်ဆံနဲ့ Dream Palaceလိုခေါ်တဲ့ တိုက်ခန်းအသစ်ဆီ ပြောင်းလာတဲ့ဟယ်ဂျောင်... အိမ်အသစ်မှာ အဆင်မပြေတာတွေရှိလို ကုမ္ပဏီကို တိုင်ကြားချင်ပေမယ့်အခြားနေထိုင်သူတွေက ဒီသတင်း ပေါက်ကြားပြီး တိုက်ခန်းစျေး ကျသွားမှာကိုပဲ စိတ်ပူနေကြပါတယ်.... တစ်ချိန်တည်းမှာပဲ မိတ်ဆွေဟောင်းဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီး သူမနေတဲ့ တိုက်ခန်းမှာပဲဈေးသက်သာစွာနဲ့ တိုက်ခန်းဝယ်ယူနိုင်အောင် ကူညီပေးခဲ့ပါတယ် တိုက်ခန်းစျေးကျသွားမှာကို စိုးရိမ်နေကြတဲ့ အခြားနေထိုင်သူတွေနဲ့ဟယ်ဂျောင်ကြားမှာဘယ်လိုပဋိပက္ခတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး....File size : 1.8GB/ 667MB Quality : WEB-DL 1080p/ 720p Format : mp4 Duratio : 1h 51min Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae
movie

Dream Palace(2023)

2023
They Cloned Tyrone (2023) 6.7
They Cloned Tyrone (2023) They Cloned Tyrone (2023)ဇာတ်လမ်းနာမည် They Cloned Tyrone ကိုကြည့်တာနဲ့ လျှို့ဝှက်ချက်တွေပြည့်နေမယ့်ဇာတ်လမ်းဆိုတာ သေချာတာပေါ့။ They ဆိုတာကဘယ်သူလဲဆိုရင် ကလုန်းပွားတာတွေနဲ့တခြားနည်းပညာတွေကို လက်ကလိနေကျဖြစ်တဲ့အစိုးရပဲပေါ့။ ဒီဇာတ်လမ်းမှာတော့ ဖွန်တိန်းကသာမန်လူတစ်ယောက်ပဲ။ သူကဆေးအရောင်းအဝယ်လုပ်တယ်။ ဆေးရောင်းသူတွေအချင်းချင်း အကျော်အခွဇယားလေးဘာလေးပဲရှိတယ်။ တစ်နေ့တော့ သူကလူတစ်ယောက်စီမှာအကြွေးသွားတောင်းပြီး ပြန်အထွက်မှာ သူ့နဲ့မတည့်တဲ့ဆေးရောင်းသူတွေကသူ့ကိုသေနတ်နဲ့ပစ်သွားပါလေရော။ ပစ်တာမှတစ်ချက်ထဲတောင်မဟုတ်ဘူး သုံးလေးချက်။ ဒါပေမဲ့နောက်နေ့ကျတော့ သူပြန်ရောက်လာတယ် အကြွေးပြန်လာတောင်းပြန်ရော။ သူသေနတ်နဲ့ပစ်ခံရတာလဲမမှတ်မိသလို ဘာဒဏ်ရာဒဏ်ချက်မှလဲမရှိပါဘူး။ ဒါဆိုမနေ့က ဖွန်တိန်းက ဘယ်ရောက်သွားလဲ။ အဲ့ဒီကိစ္စကိုလိုက်စုံစမ်းရင်း သူတို့ရပ်ကွက်တစ်ခုလုံးက အစိုးရရဲ့ထိန်းချုပ်ခံစမ်းသပ်ခံတွေဖြစ်နေတာကိုသိလိုက်ရတော့ ဘာတွေများဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့း ဘာသာပြန်ထားတာကတော့ Rashida နဲ့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Mystery, Action, Comedy, Sci-fi Quality…. 1080p | 720p File size… 3.8GB | 1.1GB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Mary Christ Encoder ..... Aaron
movie

They Cloned Tyrone (2023)

The Divide (2011) 5.8
The Divide (2011)  2011 ခုနှစ်ထွက် Science-Fiction ကားတစ်ကား တင်ဆက်ပေးပါရစေ။အမေရိကန်နိုင်ငံကို နျူကလီးယားဗုံးကျဲအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေဟာတိုက်ခန်းမြေအောက်ထပ်မှာ စုပြုံနေကြပါတယ်။ နျူကလီးယားလက်နက်အစွမ်းကြောင့် ဓာတုအဆိပ်သင့်မှုမပြီးမချင်း မြေအောက်ခန်းမှာပဲအလုံပိတ်နေကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီအချိန်မှာ ဇာတ်လမ်းစပါပြီ။ လူဆိုတာကတော့ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့အတိုင်းအရေးကြုံလာရင် တစ်ကိုယ်ကောင်းဆန်တာတွေ ကတုံးပေါ်ထိပ်ကွက်တာတွေလုပ်ချင်ကြစမြဲပါပဲ။ အစားအစာခွဲတမ်းတွေ၊ ရေခွဲတမ်းတွေစတာတွေနဲ့အချင်းချင်းစမန်ခုတ်ကြနဲ့ အချင်းချင်း သံသယတိုးပွားလာမှုတွေအပြင်ပြင်ပကရန်ပြုသူတွေပါ ထပ်ရောက်လာတဲ့အခါ...။ ပြင်ပရန်သူကိုတိုက်ထုတ်ဖို့နေနေသာသာ မိမိတို့အဖွဲ့ထဲမှာတင် စိတ်ဝမ်းကွဲနေပါရော။မြေအောက်ခန်းထဲမှာ သူတို့ဘယ်လောက်ကြာကြာဆက်နေနိုင်မလဲ၊ရန်သူတွေကိုရော ဘယ်လိုရင်ဆိုင်မလဲ၊ ပြင်ပကိုရော အန္တရာယ်ကင်းစွာထွက်လာနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှူလိုက်ပါဦးနော်။  File size…2.43GB/ 765MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JANE
movie

The Divide (2011)

Where the Devil Can’t Go, He Sends a Woman 2 (2023) 5.7
Where the Devil Can’t Go, He Sends a Woman 2 (2023)  ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ IMDb 5.7/10 ရရှိထားတဲ့ ပိုလန်စကားပြော Comedy/Crime/Drama ကားလေးပါ။ ဇာတ်လမ်းကတော့ ၁၉၉၀-၂၀၀၀ခုနှစ် ဝန်းကျင်က ပိုလန်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေကြားထဲက လူလိမ်တစ်ဖြစ်လည်း ကုန်သည်ဖြစ်သူ ခါဇုမီယက်ဇ်ဘွန်ချက်ဇ်ရဲ့ မျိုးစုံကြိုးခုန်တတ်တဲ့၊ စီးပွားရေးကွက်ကျော်ရိုက်၊ ကလိမ်စေ့ငြမ်းစင်ပုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကျ ကွက်ကျော်ရိုက်တတ်ပေမယ့် ကားခိုးမှုတွေများနေတဲ့နိုင်ငံမှာ သူ့ကားအခိုးခံရမှာကြောက်လို့ ကားစတီယာရင်ကို ဘယ်သွားသွားချွတ်ယူသွားတတ်တဲ့ ခါဇုတစ်ယောက် နိုင်ငံပိုင်ကုမ္ပဏီတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ပြီး သန်းပေါင်းများစွာကို ဘယ်လိုအိတ်ထဲထည့်ခဲ့သလဲ၊ သတင်းအချက်အလက်တွေရယူဖို့ ဘယ်လိုလမ်းကြောင်းကနေ ကြိုးစားခဲ့သလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာကို ရှုစားရမှာပါ။ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူ့ကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိကိုရော ဘယ်လိုနှစ်ပေါက်တစ်ပေါက်ရိုက် လှည့်ထွက်ခဲ့သလဲ၊ အဲဒီ ရဲအရာရှိကရော သူ့ကို တကယ်ဖမ်းဆီးနိုင်ပါ့မလား၊ ဂျင်ပေါ်ကထုံးဖြစ်တဲ့ ခါဇုတစ်ယောက် ငွေနဲ့ပတ်သက်လာတဲ့အခါ ယုံကြည်ရတဲ့မိတ်ဆွေတွေကို အရင်အတိုင်း ဆက်ယုံကြည်နိုင်မှာလား၊ ခါဇုကိုရော သူ့ရဲ့မိတ်ဆွေတွေက နောက်ဆုံးအချိန်ထိ ယုံကြည်ပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ...
movie

Where the Devil Can’t Go, He Sends a Woman 2 (2023)

Imaginur (2022) 7.6
Imaginur (2022)  ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မှတ်ဉာဏ်ချွတ်ယွင်းနေတဲ့ရောဂါဝေဒနာသည်တွေကိုမာရောဂါ ခံစားနေတဲ့ဝေဒနာသည်တွေကိုမြင်ဖူးကြမှာပါ၊သူတို့ပြောဆိုနေတဲ့စကားလုံးတွေက ဆက်စပ်မှုမရှိပေမယ့် သူတို့စိတ်မှတ်ဉာဏ်ထဲမှာဘာတွေမြင်နေ ကြားနေလို့ဒီစကားလုံးတွေပြောဆိုနေတာလဲဆိုတာသိဖို့ခက်ခဲပါတယ်. ဒီဇာတ်လမ်းလေးက ဒီလိုရောဂါဝေဒနာသည်တစ်ယောက်ရဲ့စိတ်မှတ်ဉာဏ်ထဲမှာဖြစ်ပျက်နေတဲ့အကြောင်းအရာကိုဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဇူဟယ်ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ ကားတိုက်ခံရပြီးတော့ ဆေးရုံကိုရောက်သွားတယ်။ဒါပေမယ့် ဆေးရုံကိုရောက်သွားတာက သူဖြစ်တဲ့ဝေဒနာကိုကုသဖို့မဟုတ်ဘဲသူ့အဖေကိုဆေးစစ်ဖို့ဖြစ်နေတယ်၊ ဆေးရုံကိုသွားရတဲ့အကြောင်းကိုလုံးဝမမှတ်မိဘဲ သူ့အဖေကိုတွေ့တော့မှ ဆေးလာစစ်မှန်းသိရတယ်၊ကြားကာလမှာဖြစ်သွားတဲ့အကြောင်းအရာတွေကိုမမှတ်မိတဲ့အတွက်ကြိုးစားပြီးရှာဖွေကြည့်ပေမယ့် အဖြေမရခဲ့ပါဘူး၊ဒီလိုနဲ့ဆေးရုံမှာ တွေ့တဲ့အမျိုးသမီးတစ်ယောက်က သူ့ကို ဆရာဝန်တစ်ယောက်ရဲ့လိပ်စာကဒ်လေးပေးလိုက်တယ်၊ သူ့ဝေဒနာပိုဆိုးလာတဲ့အတွက်မယုံကြည်ပေမယ့်လိပ်စာကဒ်ထဲကဆရာဝန်ဆီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်၊ဆရာဝန်က သူ့အကြောင်းကိုအလုံးစုံသိနေတဲ့အပြင်အိပ်မွေ့ချပြီးကုသမှသာပျောက်မယ်ဆိုတဲ့အကြောင်းပြောလာတဲ့အတွက်ကုသဖို့ဆုံးဖြတ်လိုက်တဲ့အခါမှတော့........  File size…1.09GB/ 546MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 30m Genre ….. Drama , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Imaginur (2022)

Trapped in the Farmhouse (2023) 5.1
Trapped in the Farmhouse (2023) ဒီဇာတ်ကားက 2023 ခုနှစ်​မှာ​ အသစ်​ထွက်ရှိလာတဲ့ သည်း​ထိတ်​ရင်​ဖို​ Horror/Thriller အမျိုးအစားဇာတ်​ကားပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ရည်းစား​ဖြစ်သူ​ရဲ့​ အနိုင်​ကျင့်နှိပ်စက်မှုကြောင့် ထွက်ပြေး​လာတဲ့​ အမ်မာဆိုတဲ့အမျိုး​သမီးတစ်ဦး​ဟာ အိမ်ကိုပြန်လာတဲ့လမ်းခရီးမှာ မုန်တိုင်း​နဲ့တိုးပြီး​ အိမ်​တစ်အိမ်မှာဝင်ရောက်ပြီးခိုလှုံခဲ့ရပါတယ်။ အဲဒီအိမ်က လူသူမနီးတဲ့အရပ်မှာ တည်ရှိနေတာဖြစ်ပြီး အိမ်​ရှင်ဖြစ်သူကလည်း သဘောကောင်းပုံရပါတယ်။ ဒါပေမဲ့​ အမ်မာ​တစ်ယောက်​ တဖြည်း​ဖြည်း​နဲ့သိလာတာက ဒီအိမ်နဲ့အိမ်ရှင်ဖြစ်သူဟာ သူထင်ထားသလိုမရိုးရှင်းဘဲ လျှို့ဝှက်​ချက်​တွေရှိနေတာကိုပါပဲ။မုန်တိုင်း​ကမပြီးသေးတာကြောင့် အဲဒီအိမ်မှာပဲ ခဏဆက်နေဖို့ဆုံးဖြတ်လိုက်မိတဲ့အခါမှာ​ ပိုမို​ဆိုးရွား​တဲ့ကံကြမ္မာတစ်ခုက သူ့ကိုအခန့်သားစောင့်​ကြို​နေပါတော့တယ်။ ဇာတ်လမ်း​က​ Thriller အမျိုးအစား​ဖြစ်တဲ့​အတွက်​ ရင်လှိုက်သည်းဖိုရုပ်ရှင်ဝါသနာပါသူတွေ နှစ်သက်​နိုင်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အမ်မာ​နေရာမှာ​ The​ Perfect​Wedding​ Match​ ထဲက​ Jenna​ Michno​ က​ သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​တစ်လျှောက်လုံးမှာ​ မိုးတွေရွာပြီး မိုးကြိုး​မုန်​တိုင်း​တွေ၊ လေဆင်​နှာမောင်းတွေတိုက်ခတ်နေတာဖြစ်တဲ့အတွက်​ ဒီလို​မိုးတွင်းထဲမှာ ကြည့်လို့ပျော်ကောင်းပျော်စေမဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…(745 MB) Quality….Webrip  720p Format…mp4 Duration….01:30:00 Genre...Tv Movie, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Trapped in the Farmhouse (2023)

Wild Bones (2022)
Wild Bones (2022) ဒီဇာတ်ကားကတော့ အိမ်တွင်းရေးပြဿနာတွေနဲ့ ကြီးမားတဲ့စိတ်ဒဏ်ရာတွေအကြောင်းကိုရိုက်ပြထားတဲ့ Psychological Horror Dramaကားတစ်ကားပါ။ ဒီဇာတ်ကားမှာ ညီအမနှစ်ယောက် အိပ်မက်ဆိုးတစ်ခုအကြား သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးစားကြပုံကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်အကျဉ်းကတော့ ဖေး နဲ့ အဲလစ်တို့ဟာ ရှုပ်ထွေးလှတဲ့အတိတ်ကိုယ်စီနဲ့ ညီအမနှစ်ယောက်ပါ။ ဒီရှုပ်ထွေးလှတဲ့အရာတွေဟာ သူတို့နှစ်ယောက်ရဲ့ အဖေဖြစ်သူ ပျောက်ဆုံးသွားပြီးနောက်ပိုင်းမှာ ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ ဖေးကတော့ သူ့အဖေပျောက်ဆုံးသွားရခြင်းကို လွဲမှားစွာမှတ်ယူထားပြီး သူမရဲ့ဘ၀ကို တိုက်စားခွင့်ပေးထားပါတယ်။ ဒါပေမယ့် ညီမဖြစ်သူ အဲလစ်က‌တော့ ဖေးကိုဆက်သွယ်လာပြီး သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့အဖေဟာ သူတို့အတွက် အိမ်တစ်လုံးထားခဲ့ပေးတယ်ဆိုတာကို ထုတ်ဖော်ပြောလာ‌ပါတယ်။သူ့အဖေရဲ့ အိမ်ကို အမွေဆက်ခံဖို့အတွက် ဖေး ဟာ သူမကို အတိတ်က စိတ်ဒဏ်ရာ‌တွေပေးခဲ့တဲ့ တရားခံဖြစ်သူ သူမရဲ့မိခင်ရင်းနဲ့ ရင်ဆိုင်ရမှာပါ။ ညီအမနှစ်ယောက်ဟာ သူတို့ရဲ့ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားကြရင်း သူတို့ဟာ လိမ်ညာမှုတွေနဲ့ပြည့်နှက်နေတဲ့ ပင့်ကူအိမ်ထဲမှာ ဖမ်းခံထားရပြီး ဘယ်သူ့ကိုယုံရမလဲ ဘယ်အရာကိုယုံကြည်ရမလဲဆိုတာ မသေချာ ...
movie

Wild Bones (2022)

(18+) Intimate Confessions of a Chinese Courtesan (1972) 7.1
(18+) Intimate Confessions of a Chinese Courtesan (1972) တရုတ်မလေးတွေရဲ့ ခစ်ခစ် ဆိုပြီး ရှက်ပြုံးလေးနဲ့ ပါးစပ်လေးကို လက်လေးနဲ့ကာလိုက်တဲ့ အမူရာလေးတွေက ချစ်ဖို့ကောင်းတာ ငြင်းလို့ရမယ်မထင်ဘူး.....အဲဒီထဲမှာ အေးနုလည်းပါတာပေါ့ အေးနုရဲ့ဘဝက ခက်ခဲတယ် ကြမ်းတမ်းတယ် တရုတ်ပြည်ကြီးမှာ သူဌေးတွေ ထင်တိုင်းကြံလို့ရတဲ့အချိန် ဥပဒေဆိုတာ ဘောင်မဝင်တဲ့အချိန် အေးနု အပျိုဖေါ်ဝင်စမှာပဲ မသမာသူဂိုဏ်းတဂိုဏ်းရဲ့ ပြန်ပေးဆွဲချင်းကို ခံလိုက်ရပါတယ် ပြန်ပေးဆွဲလို့ရတဲ့ အချောအလှလေးတွေကို လေးရာသီ ဆိုတဲ့နာမည်ကြီး ဆောင်ကြာမြိုင်ကိုရောင်းကြတယ်အေးနုအတွက်တော့ ငရဲတစ်ခုလိုပဲ ဒါပေမဲ့အေးနုက အတော်တော့စိတ်မာတယ် သူရသလောက်ငြင်းဆန်တယ် နောက်ဆုံးတော့ အေးနု နားလည်သွားတာက ဗျူဟာပြောင်းပြီး သူ့ကို ဒီဇာတ်သွင်းသူတွေကို လက်စားချေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ် အေးနုရဲ့ လက်စားချေမှုတွေက သိမ်မွေ့ပြီး လိင်ကိစ္စတွေ ပါနေတာဖြစ်လို့ တရုတ်ရှေးဟောင်း အရသာလေးတမ်းတနေတဲ့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.43GB / 720MB Quality…1080p BluRay / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+) Intimate Confessions of a Chinese Courtesan (1972)

1972
Cabin Girl (2023)
Cabin Girl (2023) ပုံမှန်သရဲကားတွေလိုမဟုတ်ဘဲပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ horror thriller film လေးဖြစ်ပါတယ်... အေဗာရော်ဘင်ဆိုတဲ့ကောင်မလေးကကားနဲ့ခရီးတွေသွားရင်းဘလော့ဂ်ရိုက်ရတာကိုဝါသနာပါတဲ့ဘ‌လော့ဂါလေးပါ တစ်နေ့မှာတော့သူကားအက်စီးဒင့်ဖြစ်ပြီးခရီးမသွားတော့ဘဲမြို့ငယ်လေးတစ်မြို့မှာအခြေချဖို့ဆုံးဖြတ်လိုက်ပါတော့တယ် မြို့စွန်ကသစ်သားအိမ်လေးကိုဝယ်ခဲ့ပေမဲ့ ဖြစ်ချင်တော့အရင်ကသတ်သေသွားဖူးတဲ့ဟန်နာဆိုတဲ့ကောင်မလေးတစ်ယောက်နေသွားတဲ့အိမ်ဖြစ်နေပြီး အေဗာကတော့အိမ်ထဲမှာလည်းသရဲမကိုခနခန‌တွေ့နေရတာကြောင့်အဲ့အကြောင်းကိုအရမ်းစိတ်ဝင်စားသွားခဲ့ပါတယ် အေဗာတစ်ယောက် ဟန်နာရဲ့အမှုအကြောင်းကိုလိုက်စုံစမ်းရင်းဘလော့တွေရိုက်ရင်းနဲ့ဘာတွေရှာတွေ့သွားမလဲ အိမ်မှာရှိနေတဲ့သရဲကရောတကယ်ဟန်နာဟုတ်ရဲ့လား သူအေဗာ့ဆီကဘာတွေလိုချင်နေတာလဲဆိုတာကိုကြည့်ရှုရမှာပါ ။ File size…(828 MB) Quality….Webrip  720p Format…mp4 Duration….01:28:00 Genre...Western, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Cabin Girl (2023)

One More Chance ( 2023 ) 6.2
One More Chance ( 2023 ) ဟောင်ကောင် မင်းသားကြီး Chow Yun-fatရဲ့2023မှာ နောက်ဆုံးထွက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်တစ်နေကုန် လောင်းကစားဝိုင်းမှာပဲ အချိန်ဖြုန်းလေ့ရှိပြီး အကြွေးပတ်လည်ဝိုင်းနေတဲ့ အားဟွေးဆီကို တစ်နေ့မှာတော့ သူ့ရည်းစားဟောင်းဖြစ်သူ လီရှီးဟာ သားဖြစ်သူ လီရန်ကို ခေါ်ပြီးရောက်လာခဲ့ပါတယ်။အားဟွေးဟာ လီရန်ရဲ့ ဖခင်အရင်းဖြစ်ကြောင်း၊ လီရန်ကို တစ်လခေါ်ထားပြီး စောင့်ရှောက်ပေးထားဖို့နဲ့ တစ်လပြည့်ရင် ပြန်လာခေါ်မှာဖြစ်ကြောင်း၊ စောင့်ရှောက်စရိတ်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သိန်းပေးမှာဖြစ်ကြောင်း လီရှီးက ပြောပြတဲ့အခါမှာတော့ အားဟွေးဟာ အကြွေးဆပ်ဖို့ ငွေလိုနေတာဖြစ်လို့ လီရန်ကို လက်ခံထားခဲ့ပါတယ်။ဒီလိုနဲ့ လီရန်နဲ့ ပြောဆိုဆက်ဆံကြည့်တဲ့အခါ လီရန်ဟာ သာမန်ကလေးတစ်ယောက်မဟုတ်ဘဲ အော်တစ်ဇင်ကလေးတစ်ယောက်ဖြစ်ပြီး အထူးလိုအပ်ချက်တွေလည်း ရှိတာကြောင့် ပြုစုပျိုးထောင်ရာမှာ အခက်အခဲရှိကြောင်း သိသွားခဲ့ပါတယ်တစ်လပြည့်လို့ ချိန်းဆိုထားတဲ့နေ့မှာ လီရှီးပေါ်မလာတဲ့အခါကျမှ အားဟွေးတစ်ယောက် လီရှီးက လီရန်ကို သူ့ဆီမှာ ဘာဖြစ်လို့အပ်ခဲ့လဲဆိုတာ သဘောပေါက်သွားခဲ့ပါတယ်ဒီတော့ လီရှီးက ဘာဖြစ်လို့ သားဖြစ်သူကို အားဟွေးဆီမှာထားခဲ့ပြီး ပေါ်မလာတာလဲ အော်တစ်ဇင်သားလေးနဲ့ အားဟွေးတစ်ယောက် ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းမှာလဲ ဒီအတိုင်းပဲ လောင်းကစားအလုပ်ကို စွဲလမ်းနေပြီး ဘဝကို ဖြစ်သလိုဖြတ်သန်းနေဦးမှာလားဆိုတာ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Family , Drama Runtime : 1h 54 ...
movie

One More Chance ( 2023 )

The Starling Girl (2023) 6.8
The Starling Girl (2023)  IMDb 6.9/10 ရရှိထားတဲ့ drama ဇာတ်ကားဖြစ်ပြီး ရှေးရိုးစွဲပြီးဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ခရစ်ယာန်လူ့အဖွဲ့အစည်းတစ်ခုကိုဇာတ်အိမ်တည်ထားတာပါ ဂျမ် ဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာဘာသာရေးတအားကိုင်းရှိုင်းတဲ့မိသားစုတစ်စုရဲ့သမီးဖြစ်ပြီး ဓမ္မတေးအကအဖွဲ့မှာလည်းတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ် သူတို့လူ့အသိုင်းအဝိုင်းဟာဘာသာရေးကိုတအားကိုင်းရှိုင်းလွန်းပြီးအပြစ်သေးသေးလေးလုပ်မိရင်တောင်အပြစ်ကင်းအောင်ပြန်ပေးဆပ်ခိုင်းတာမျိုးတွေလည်းရှိတာကြောင့် ဂျမ်တစ်ယောက် တရားဟောဆရာကိုစရင်ခုန်မိသွားပြီးသူနဲ့နီးစပ်သွားတဲ့အခါ ဘာသာရေးအရကျင့်ဝတ်တွေကိုဖောက်ဖျက်မိသွားပါတော့တယ် ဂျမ်ထင်ထားသလိုဒါကအချစ်စစ်ရောဟုတ်ရဲ့လား ဒီအချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်သွားမလဲ သူတို့အတူအခက်အခဲတွေကိုရောကျော်ဖြတ်နိုင်ပါ့မလားဆိုတာကို‌ကြည့်ရှုရမှာပါFile size…(1.9 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Starling Girl (2023)

Genres

Archives