Channel Myanmar

Content at random


Movies

Unseen (2023) 5.6
Unseen (2023)  IMDb 5.6/10 ထိရရှိထားပြီးHorror & thriller အမျိုးအစားဖြစ်ပါတယ် ရည်းစားနဲ့လမ်းခွဲတဲ့အခါကိုယ့်ရည်းစားကစိတ္တဇဟုတ်မဟုတ်အရင်စစ်ဆေးကြည့်တာမမှားပါဘူး မှန်ကြောင်မလေးအမ်မလီကတော့သူ့ကိုမမေ့နိုင်တဲ့‌စိတ္တဇရည်းစားဟောင်းချာလီပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ် အမ်မလီကချာလီ့လက်ကနေထွက်ပြေးဖို့ကြိုးစားပေမဲ့မျက်မှန်မရှိတော့လို့ဘာကိုမှကောင်းကောင်းမမြင်ရတော့ပါဘူး အဲဒီအချိန်မှာအမ်မလီတစ်ယောက်ဖုန်းဆက်ရင်းဘယ်သူမှန်းမသိတဲ့သူတစ်ယောက်ကိုအကူအညီလှမ်းတောင်းရပါတော့တယ် မမြင်ရတဲ့အမ်မလီနဲ့အကူအညီပေးတဲ့သူတို့ပူးပေါင်းပြီးချာလီရဲ့လက်ကလွှတ်မြောက်နိုင်မလား၊ သူတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တမမနဲ့စောင့်ကြည့်ရမှာပါ။File size…(1.3 GB)/(730 MB)/(360 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:16:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

Unseen (2023)

Southern Mao and Northern Ma ( 2023 ) 5.9
Southern Mao and Northern Ma ( 2023 ) ယခုတစ်ခေါက် CM ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ plot twist တွေနဲ့ ပြည့်နက်နေတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်မှာ ထူးဆန်းတဲ့ တောင်နတ်ကျောင်းက လူသတ်မှုက ရှန်းဟိုင်ဂိတ်အပြင်က ကျီဆွေမြို့ရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးခဲ့ပါတယ်။ မြို့စားရဲ့ သခင်လေးတို့အဖွဲ့ ခရီးထွက်လာရာမှာ သခင်လေးတစ်ယောက်ထဲ ရူးသွပ်ပြီး ပြန်လာတာက လွဲရင် ကျန်လူအားလုံး သေဆုံးခဲ့ရပါတယ်။ မြို့ပေါ်မှာလည်း ဒီလူသတ်မှုက သရဲမ လုပ်တာလို့ ပြောနေကြပြီး အားလုံးက စိုးရိမ်နေကြပါတယ်။မြို့ထဲက ဦးလေးရင်းဟာ ဆေးပညာဖြင့် သခင်လေးရဲ့ ရောဂါကို ကုသပေးခဲ့ပေမယ့်လဲ အမြစ်ပြတ်မပျောက်နိုင်ပဲ မကြာခဏ ရောဂါပြန်ဖောက်နေပါတယ်။ပိုင်လျိုဟွေး ဆိုတဲ့ ဆာ့မန်ပညာရှင်အဖွဲ့က ကျီဆွေမြို့ကို ရောက်လာပြီး သခင်လေးအတွက် တရားပွဲလုပ်ပေးပြီး မိစ္ဆာနှင်ပေးမှပဲ သခင်လေးမှာ ချက်ချင်းသက်သာသွားခဲ့ပါတယ်။ သူတို့ ၃ ယောက်ကိုလည်း နတ်အဖြစ် ပူဇော်ခဲ့ကြပါတယ်။အဲ့နောက်မှာတော့ မြို့ထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ထွက်ပေါ်လာပါတော့တယ်။ ရေကန်ထဲမှ သရဲမ၊ မိစ္ဆာတပ် လမ်းဖြတ်ခြင်း စတဲ့ ဒီလိုကိစ္စတွေမှာ ပြည်သူတွေကလည်း နတ်သား ၃ ပါးကို အကူအညီတောင်းကြပါတော့တယ်။ဦးလေးရင်းက ဖြစ်ရပ်မှန်တွေကို လိုက်လဲစုံစမ်းပြီး ဒီအရာအားလုံးက ပိုင်လျိုဟွေးတို့ ...
movie

Southern Mao and Northern Ma ( 2023 )

Kunlun Kingdom ( 2023 ) 5.9
Kunlun Kingdom ( 2023 ) စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ တောင်ပေါ်မှာရှာဖွေလေ့လာရင်း မိစ္ဆာနဂါးကျောက်ဖြစ်ရုပ်ကြွင်းအသက်ဝင်လာတာနဲ့ကြုံခဲ့ရပြီး လေ့လာရေးတစ်ဖွဲ့လုံးဒုက္ခရောက်ခဲ့ကြပါတယ်အဖွဲ့ထဲမှာ လီရှန်းရဲ့မိဘနှစ်ပါးလုံးပါဝင်ခဲ့တာဖြစ်ပြီး နှစ်အတော်ကြာအောင်ထိ လီရှန်းဟာ မိဘတွေရဲ့ဘာသတင်းအစနမှပြန်မကြားခဲ့ရပါဘူးတခြားအဖွဲ့ဝင်များရဲ့ မိသားစုတွေကလည်း လီရှန်းရဲ့မိဘနှစ်ပါးကို လူသတ်တရားခံဆိုပြီးစွပ်စွဲခဲ့ကြပါတယ်မတရားစွပ်စွဲခံရတာကို သက်သေပြနိုင်ဖို့ လီရှန်းတစ်ယောက် ဘယ်လိုစူးစမ်းရှာဖွေမှုတွေလုပ်ရင်း ဘာတွေသိလာရမလဲငယ်ငယ်ကတည်းက‌အတူတူကြီးပြင်းခဲ့တဲ့ လုယောင်နဲ့ လောင်ယွီကရော သူငယ်ချင်းအတွက်ဘယ်လို အသက်စွန့်ပြီးကာကွယ်ကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Kyawt Encoded by LK
movie

Kunlun Kingdom ( 2023 )

War of the Worlds: The Attack (2023) 4.0
War of the Worlds: The Attack (2023) War of the Worlds: The Attack (2023) ========================== Genre: Horror, Sci-fi, Thrillerဟတ်ရယ် ဟန်နာရယ် အိုဂီရယ် နက္ခတ္တဗေဒပညာရှင် သူငယ်ချင်း ၃ ယောက် ရှိကြပါတယ်။ တစ်ရက်တော့ ကမ္ဘာမြေပေါ်ကို အာကာ သထဲကနေ အစိမ်းရောင် အလင်းတန်းတွေ ပြုတ်ကျလာပါတယ်။ ဒီမှာ သူငယ်ချင်း ၃ ယောက်သား ဥက္ကာခဲကြွေတယ်ဆိုပြီး လိုက်ပြီး စူးစမ်းလေ့လာဖို့လုပ်တုန်း ဒါတွေဟာ ဥက္ကာခဲမဟုတ်ပဲ အင်္ဂါဂြိုလ် ပေါ်က ဂြိုလ်သားတွေ ရောက်လာတယ်ဆိုတာ သိလိုက်ရပါတယ်။အဲဒီမှာ ရန်သူလား မိတ်ဆွေလားမသိရတုန်း ဂြိုလ်သားတွေက အလျင် အမြန်ပဲ တိုက်ခိုက်ကြတဲ့အခါ အိမ်ကိုထွက်ပြေးလာပါတယ်။ သူတို့ ဘာဆက်လုပ်ရမလဲ စဉ်းစားနေကြတုန်း စစ်တပ်အမြှောက်တပ်ထဲက စစ်သားတစ်ယောက်က သူတို့ဆီ ဂြိုလ်သားတွေလက်ကနေ ထွက်ပြေး ရောက်ရှိလာပါတယ်။ အဲဒီမှာ သူငယ်ချင်း ၃ ယောက်ရယ် စစ်သားကြီးရဲ့ အကူအညီနဲ့ ဒီလို ဂြိုလ်သားခေတ်ပျက်ကြီးမှာ ဘယ်လိုအသက်ရှင်အောင် လုပ်ကြမလဲ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ သိပ္ပံဆန် ဆန် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ...
movie

War of the Worlds: The Attack (2023)

2023
Road Kill (2019) 5.8
Road Kill (2019) Road Kill (2019)ဒီ korea ကားလေးကတော့ အိုဝန်းဆိုတဲ့လူတစ်ယောက်က နယ်ဘက်ခရီးသွားရင်း လမ်းမှာ မတော်တဆဖြစ်တဲ့အကြောင်းပါ။တောင်တက်လမ်းပေါ်ကားမောင်းနေတုန်း သူလူတစ်ယောက်ကို ဝင်တိုက်မိတယ် ဒါမဲ့ ကားရပ်ကြည့်လိုက်တော့ ရိုးရိုးစာခြောက်ရုပ်ဖြစ်နေတယ် ဒါနဲ့ဆက်မောင်းရင်းမှ သူကိုယ်တိုင် ကားအက်စီးဒန့်ဖြစ်ရော ...သတိရလာတော့ သူ့ကို မိသားစုတစ်ခုက ကယ်ထားကြတယ်။ သဘောကောင်းကောင်း ရိုးသားတဲ့တောင်ယာသမားတွေဆိုတော့ အကုန်ကူညီပေးတယ်။ ဒါပေမဲ့ ပြန်မရတာ တစ်ရက်ကနေ ၂ရက်ဖြစ် ထူးဆန်းတာတွေလည်း တွေ့ရတော့ ဘာဆက်ဖြစ်ကြမလဲ?(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mal Ei ပါ။)File Size          : 1.3GB, 577MB, 330MB Quality            :1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration  ...
movie

Road Kill (2019)

2019
Mavka: The Forest Song (2023) 7.4
Mavka: The Forest Song (2023) Mavka: The Forest Song (2023) ====================== IMDb Rating - 7.4/10ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb - 7.4 ရထားတဲ့ အသစ်ထွက် Animation movie တစ်ခုပါ။ အရမ်းလှပတဲ့ graphics တွေနဲ့ scenery အမိုက်စားတွေကို ချပြထားတဲ့ အပြင်ကိုမှ စလယ်ဆုံး မရိုးရတဲ့ plot တစ်ခုကတော့ အဆစ် ပေါ့။ ကဲ ရှည်ရှည်ဝေးဝေး ဆိုမနေတော့ပါဘူး။ ဇာတ်လမ်း အညွှန်းလေး စလိုက်ကြရအောင်။ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင် တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက် နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင် ရှင်လူသားတစ်ယောက်က သူ့ရဲ့မွေးကာစရောဂါသည် သမီး လေးကို ကယ်တင်ဖို့အတွက် တောစောင့်နတ်ကြီးဆီကနေ ဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ အဲဒီသမီးဖြစ် သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုး မသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ် ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကို အပိုင်သိမ်းဖို့ ကြိုးစားတော့တာပါပဲ။အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေ စတင်လာခဲ့လိုက်တာ မက်ဗ်ကာဆိုတဲ့ နတ်သမီးလေးတို့ခေတ် ထိဆိုပါတော့။ ...
movie

Mavka: The Forest Song (2023)

2023
[18+] Sanctuary (2022) 6.5
[18+] Sanctuary (2022) Sanctuary (2022)~ IMDb - 6.5/10, Rotten Tomatoes - 90% ~ဘဝရဲ့အဓိပ္ပာယ်ကဘာလဲ၊ ငါတို့ဒီကိုဘာကြောင့်ရောက်လာရသလဲ၊ ငါတို့ကကော ဘယ်လိုလူတွေလဲ၊ ငါဆိုတဲ့လူအစစ်အမှန်က ဘယ်သူလဲ ဆိုတဲ့မေးခွန်းတွေဟာ စိတ္တဗေဒပညာရှင်တွေတင်မက သာမန်လူတွေပါ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်မိနေကျ မေးခွန်းတွေပါ။အနုပညာဆိုတာ လူတွေရဲ့ အတွေးတွေကို အသက်ဝင်လာအောင် မှော်သွင်းပေးတဲ့ မှော်တောင်ဝှေးတစ်ခုဖြစ်ပြီး အနုပညာရှင်ဆိုတဲ့ မှော်ဆရာတွေရဲ့ ပဉ္စလက်နဲ့ပေါင်းလိုက်တဲ့အခါ ခေတ်ကိုအံတုနိုင်တဲ့ မှော်ဝင်အနုပညာတွေဖြစ်လာပါတယ်။ဒီလို အနုပညာကတဆင့် နက်ရှိုင်းတဲ့အတွေးတွေအထိခေါ်သွားနိုင်တဲ့ ရုပ်ရှင်အမျိုးအစားတွေထဲ Psychological Thriller ရုပ်ရှင်တွေက ထိပ်ဆုံးတန်းကနေ အမြဲပါဝင်နေကျပါ။ Taxi Driver ကစလို့ Donnie Darko, The Machinist နဲ့ American Psycho တို့လိုရုပ်ရှင်တွေ အထိ ဒီလိုရုပ်ရှင်တွေက လူတွေရဲ့ မွန်းကြပ်တဲ့ဘဝလူနေမှုပုံစံနဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကြားဘဝကို တနည်းနည်းနဲ့ ဆွဲခွာချပစ်ဖို့ ကြိုးပမ်းချက်တွေလို့ပြောရင်မှားမယ်မထင်ပါဘူး။အခု Sanctuary ရုပ်ရှင်ဟာ ဟယ်လ်ဆိုတဲ့ ...
movie

[18+] Sanctuary (2022)

2022
The Devil Wears Prada (2006) 6.9
The Devil Wears Prada (2006) The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Prada‌ဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ "ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား"မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို "မိုးဖွဲလေးကျနေတာပါ"လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် "ဒါပဲ"ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ...
movie

The Devil Wears Prada (2006)

Surrounded (2023) 5.5
Surrounded (2023) IMDb rating - 5.5/10 လွတ်လပ်တယ်ဆိုတာကို ပရိတ်သတ်ကြီးတို့ ဘယ်လိုခံယူထားပါသလဲ။ဒီရုပ်ရှင်မှာတော့ လူမည်းအမျိုးသမီးတစ်ယောက် ခံယူထားတဲ့ လွတ်လပ်ခြင်းရဲ့အနှစ်သာရကို ထိထိမိမိရိုက်ကူးတင်ဆက်ပြသထားပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... Mo Washington က လွတ်လပ်ခွင့်ရထားတဲ့ အမျိုးသမီးတစ်ဦးပါ။ အမေရိက civil war ဖြစ်ပြိးကတည်းက သူလွတ်မြောက်နေတာ ၅ နှစ်တာရှိပြီဆိုပေမဲ့ ဦးတည်ရာမဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ တစ်နေ့တော့ ကော်ရိုရာဒိုမှာ မြေပိုင်ဆိုင်ခွင့် သူမမှာရရှိခဲ့ပါတယ်။ ဒီတော့ သူမရဲ့မျိုးနွယ်စုအတွက် ခိုနားရာနေရာတစ်ခုအဖြစ် ဖန်တီးပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယောက်ျားလေးအသွင်ယူပြီး ကော်ရိုရာဒိုကိုသွားမယ့် လှည်းနဲ့လိုက်ပါလာခဲ့‌ေပမဲ့ အဲဒီလှည်းက လမ်းမှာ အတိုက်ခိုက်ခံလိုက်ရတဲ့အခါမှာ ဘဏ်ဓားပြကြီး Tom Walsh ...အလိုရှိဆုံးတရားခံအဖြစ်သတ်မှတ်ခံထားရတဲ့သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးတစ်ယောက်က သူကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကြားကနေ ဘယ်လိုအောင်အောင်မြင်မြင် ရုန်းထွက်သွားမလဲဆိုတာကို ဒီကြည့်ရှူခံစားရမှာပါ။ File size…(1.3 GB)/(790 MB)/(370 Mb) Quality….Webrip 1080p / 720p ...
movie

Surrounded (2023)

The Notebook (2004) 7.8

The Notebook (2004)

1080p HEVC
Hobo with a Shotgun (2011) 6.1
Hobo with a Shotgun (2011) Hobo with a Shotgun (2011)သွေးထွက်သံယို ကြမ်းကြမ်းရမ်းရမ်းမှ ကြိုက်တတ်တဲ့ ရုပ်ရှင်ပရိတ်သတ်များအတွက် ဒီဇာတ်ကားက လက်လွှတ်ခံလို့ မရတဲ့အထဲမှာပါပါတယ်။ ပြောင်းချောသေနတ်တစ်လက်နဲ့ ပတ်ကြမ်းနေတဲ့ အိမ်မဲ့ယာမဲ့တစ်ယောက်ကို ဒီဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။သူဟာအစပိုင်းမှာ မြက်ရိတ်စက်လေးတစ်ခု ဝယ်ချင်တဲ့အတွက် ကြုံရာကြပန်းလုပ်ပြီး ပိုက်ဆံရှာဖို့ မြို့တစ်မြို့ကိုတက်လာခဲ့တယ်။ ဒါပေမယ့် သူရောက်လာခဲ့တဲ့မြို့ဟာ အထိန်းအကွပ်မရှိ ဗရမ်းဗတာဖြစ်နေတာကို တွေ့လိုက်ရတဲ့နောက်မှာ ...ရဲတွေကအစ တစ်မြို့လုံးဟာ လူတစ်ယောက်ရဲ့ လက်အောက်မှာ ဝပ်ဆင်းနေပြီး သူသေဆိုသေ ရှင်ဆိုရှင်ရတဲ့ဘဝမှာ နေနေကြရတာပါ။ နောက်ပိုင်း ဒီအရှုပ်တော်ပုံထဲကို ဘယ်လိုမှမလွဲသာ မရှောင်သာရောက်ရှိသွားခဲ့ပြီးတော့ လမ်းပေါ်က လူမိုက်လူရမ်းကားတွေကို တစ်ကိုယ်တော် ပြောင်းချောသေနတ်တစ်လက်တည်းနဲ့ လိုက်လံရှင်းလင်းပုံကို အက်ရှင် ဟော်ရာဆန်ဆန် ကြည့်ရှုခံစားရမှာဖြစ်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zwel Zan Aung ပါ။)File Size          : 4.1GB, 1.3GB, 536MB Quality    ...
movie

Hobo with a Shotgun (2011)

2011
The Day (2011) 5.2
The Day (2011) The Day (2011)သွေးသံတရဲရဲနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အတိုက်အခိုက် ဇာတ်ကားမျိုး Zombie ဇာတ်ကားမျိုး သဘောကျတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် The Day (2011) ဇာတ်ကားလေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ဒီကားလေးက အဖြူအမည်းနဲ့ production budget လျှော့ချပြီး ရိုက်ထားပေမဲ့ Cartlonian Film Festival မှာ Best Motion Picture award အတွက် စံကာတင် အရွေးခံခဲ့ရတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ တစ်ကမ္ဘာလုံး ကပ်ဘေးကျရောက်ပြီး လူမကျ ဇွန်ဘီးမကျတဲ့ လူသားစား အကောင်တွေရဲ့ လိုက်လံ သတ်ဖြတ် စားသုံးခြင်းကို ခံနေရတဲ့ ခေတ်ကာလကြီးဖြစ်ပါတယ်။အဲ့ကာလမှာ လူ ၅ ယောက်တစ်စုဟာ ထွက်ပြေးတိမ်းရှောင်ရင်း အိမ်တစ်အိမ်မှာ အခြေချကာ သွေးဆာနေတဲ့ လူသားစားအကောင်တွေကို လက်ကျန်ကျည်ဆန်လေးနဲ့ ရင်ဆိုင် တိုက်ခိုက်ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလှည့်ကွက်လေးတွေလည်း ပါတာမလို့ စိတ်ဝင်စားဖို့ကောင်းပြီး ရိုက်ချက်တွေကလည်း မိုက်တာမလို့ ...
movie

The Day (2011)

2011
Detective Dee And Thunder Fire ( 2023 ) 6
Detective Dee And Thunder Fire ( 2023 ) ဒီတစ်ခေါက်မှာတော့ အမှုစစ်ဒီးရန်ကျယ်ရဲ့အမှုတွဲတွေထဲက နောက်ဆုံးထွက်ထားတဲ့ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်း... ဘုရင်မ အုပ်စိုးနေတဲ့ ရှန့်ယွမ်ပထမနှစ်မှာ သဘာဝဘေးအန္တရာယ်ဆိုး တွေ ကျရောက်လာတာကြောင့် တိုင်းပြည်မှာ ပြည်သူတွေရဲ့ အပြစ်တင်မှုတွေဖြစ်ပေါ်လာခဲ့တယ် ဘုရင်မဟာ ပြည်သူတွေရဲ့အပြစ်တင်သံတွေကို လျစ်လျူရှူခဲ့ပြီး နန်းတွင်း ဆရာကြီးရဲ့ အဆိုမိန့်အတိုင်းနန်းဆောင်ကို ဆောက်လုပ်ပြီး နတ်နဂါးကို ခေါ်ဆောင်ဖို့ပြုလုပ်ခဲ့ပါတယ်ဒါပေမယ့် နတ်နဂါးကြီး သက်ဝင်လှုပ်ရှားလာတဲ့အခါမှာတော့ နတ်နဂါးကြောင့် နန်းဆောင်ကြီး မီးလောင်သွားပြီး အနီးအနားကလူတွေအပြင် အမှုစစ်တွေကပါ သဘာဝလွန် ထူးဆန်းစွာ သေဆုံးလာကြတဲ့အခါ.....ဒီထူးခြားဆန်းကြယ်တဲ့ အမှုကြီးကိုဖြေရှင်းဖို ပြောင်းရွှေ့မိန့်ကျလာတဲ့ ဒီးရန်ကျယ် အတွက် ဘယ်လိုဖြေရှင်းချက်တွေပြုလုပ်လာမလဲဆိုတာကို ထုံးစံအတိုင်းဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Mon Encoded by LK
movie

Detective Dee And Thunder Fire ( 2023 )

Clean Job(2023) 6.7
Clean Job(2023) Clean Job(2023)*************** ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အိမ်သန့်ရှင်းရေးအလုပ်လုပ်တဲ့ လူမည်းအမျိုးသမီးတစ်စုအကြောင်းရိုက်ကူးထားတဲ့Comedy Dramaကားလေးပါ။ သူတို့သန့်ရှင်းရေးက အိမ်ထဲရှိသမျှပစ္စည်း အကုန်ရှင်းအောင် "မ"သွားတဲ့အလုပ်ပါ... ချမ်းသာတဲ့လူတွေဆီကို အိမ်သန့်ရှင်းရေး၊အိမ်စေအဖြစ် ဟန်ပြလုပ်ပြပြီး ယုံကြည်မှုရအောင်လုပ်တယ်... အိမ်ရှင်တွေရဲ့ ဘယ်အချိန်အပြင်ထွက်တယ် ဘယ်အချိန်ပြန်လာတယ်၊အဝင်အထွက်တွေ၊ ကင်မရာတွေ၊ လျှို့ဝှက်နံပါတ်တွေအကုန်သိအောင်လုပ်ပြီးမှ အိမ်ဖောက်ထွင်းကြတဲ့ အမျိုးသမီးတစ်စုပေါ့။ ဒီအလုပ်ကို ဘယ်လိုစလုပ်ခဲ့ကြတာလဲဆိုတော့... ကင်ဘာလေရဲ့ မိခင်ဖြစ်သူဟာ ချမ်းသာတဲ့မိသားစုတစ်ခုရဲ့အိမ်စေဖြစ်ပါတယ်။ အမေဖြစ်သူဆုံးသွားတော့ ကင်ဘာလေဟာ သူဌေးအိမ်ကနှင်ချခံရပြီး ‌အမျိုးရင်းဦးလေးရှိတဲ့အောက်ခြေလူတန်းစားတွေကြားရောက်သွားပါတယ်။ အဲ့ဒီနေရာက ပညာမတတ်တဲ့ အမျိုးသမီးတွေဟာ ချမ်းသာတဲ့ အိမ်တွေမှာအိမ်ဖော်အဖြစ်အလုပ်သွားလုပ်ကြပြီး ဖိနှိပ်ခံ၊ အမှိုက်လိုဆက်ဆံခံရ၊ အလုပ်ဖြုတ်ခံနေရပါတယ်။ ဒါတွေကို မြင်တွေ့ရတာများလာတော့ နဂိုကတည်း သူဌေးအိမ်တွေကိုနာကျည်းချက်ရှိတဲ့ ကင်ဘာလေဟာ ပြန်တိုက်ဖို့ကြံပါတော့တယ်... ဒီလိုနဲ့ပဲ သန့်ရှင်းရေးအမျိုးသမီးတစ်စုက အိမ်တွေကို ဘယ်လိုဖောက်ထွင်းကြမလဲ၊ ကင်ဘာလေရဲ့နာကျည်းမှုကရောဘာလဲ နာကျည်းမှုတွေနဲ့ မကောင်းမှုပြုလုပ်ခဲ့ကြတဲ့သူတို့တွေ ဥပဒေလက်ကလွှတ်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။File Size :(1.8GB)& (814MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:31:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo ...
movie

Clean Job(2023)

Fitoor (2016)
Fitoor (2016) Charles Dickens ရဲ့ Great Expectations (မြန်မာဘာသာပြန် "မျှော်တလင့်လင့်")ဝတ္ထုကိုအခြေခံထားတဲ့ အချစ်ရိုမန့်ဒရမ်မာ ဇာတ်လမ်းလေးပါ။မင်းသား Aditya Roy Kapur နဲ့ မင်းသမီး Katrina Kaif တို့အပြင် Ajay , Tabu စတဲ့နာမည်ကြီးတွေပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့...ဆင်းရဲသားအခိုင်းအစေကောင်လေးနဲ့ အိမ်ကြီးရှင်ရွှေမင်းသမီးကောင်မလေးတို့ ချစ်ကြိုးသွယ်ကြချိန်မှာထုံးစံအတိုင်း အိမ်ကြီးရှင်မင်းသမီးအမေကြီးက အကွက်တွေရွှေ့ ပြီး သူတို့ရဲ့တွေ့ဆုံခြင်းကိုခွဲလိုက်ပါတယ်။စစ်မှန်တဲ့ချစ်ခြင်းတရားဆိုတာ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အချိန်ရဲ့တိုက်စားမှုကို မှတ်ကျောက်တင်ခံနိုင်တယ်ဆိုတဲ့အတိုင်းဝေးကွာသွားတဲ့ သူတို့နှစ်ယောက် ပေါင်းစုံနိုင်ပါ့မလားဆိုတာ......။IMDb Rating (5.4) သာ ရရှိထားတဲ့ဇာတ်ကားဖြစ်ပေမယ့် မင်းသမီး ကပ်ထရီနာကဖ် ပရိတ်သတ်တွေတော့ လက်လွတ်မခံသင့်ပါဘူး...ရင်းဂစ် ၅၅ သိန်းထိ ကုန်ကျခံ ပုံသွင်းထားတဲ့ ဆံကေသာအရောင်တောက်တောက်နဲ့ သူမကို တောက်ပလှပစွာခံစားရမှာပါ။ဇာတ်ကားတစ်ခုလုံးက အလွမ်းတွေချည်း ရွာချထားတဲ့မိုးရာသီတစ်ခုလို အုပ်မှိုင်းမျောလွင့်နေပြီးမင်းသား Aditya Roy Kapur ကလဲ အဲဒီ့ရာသီဉတုနဲ့ တော်တော်လိုက်ဖက်တာကို တွေ့မြင်ရပါမယ်။ File size…(6.3 GB)/(1.8 ...
movie

Fitoor (2016)

4K HEVC
Aladdin (2019) 7.4
Aladdin (2019) ဒီကားလေးကတော့ သိပ်ပြီးမိတ်ဆက်စရာမလိုလောက်အောင် အားလုံးသိထားပြီးတဲ့ ကားလေးဖြစ်ပါတယ်... Disney ကနေထုတ်လုပ်ပြီးတော့ ၂၀၁၉  မှာ Animation ကို Live Action အသွင်ပြောင်းပြီးရိုက်ကူးပြီးတင်ဆက်ခဲ့ပါတယ်... Animation မှာအရမ်းကိုအောင်မြင်ခဲ့တဲ့ဒီကားလေးက အခု Live Action မှာကော အောင်မြင်မလားဆိုတာကို ဒီကားလေးကိုကြည့်ပြီးဆုံးဖြတ်လိုက်ရအောင်လား......ဇာတ်ကားထဲမှာ အာလာဒင်ဆိုတဲ့ သူခိုးတစ်ယောက်က မြို့သူအယောင်ဆောင်ပြီး မြို့ထဲကိုထွက်လာတဲ့ မင်းသမီးလေးနဲ့တွေ့ပြီးချစ်မိသွားကြတယ်... သူခိုးတစ်ယောက်နဲ့မင်းသမီးတစ်ပါးနဲ့ မဖြစ်နိုင်တော့ ဂျဖာက အာလာဒင်ကိုဖမ်းပြီး မီးခွက်ခိုးခိုင်းတာကနေပြီးတော့ မီးခွက်စောင့်ကြီး တဖြစ်လဲ Will Smith နဲ့တွေ့ဆုံပါတော့တယ်...Will Smith မီးခွက်ပုံစောင့်ပုံကြီးနဲ့ ပိုစတာထွက်လာတုန်းကဆိုရင် တော်တော်လေးကို ကြည့်ရဆိုးပြီလို့ တွက်ခဲ့ဖူးတယ်.... ဒါပေမယ့် ကိုယ်တိုင်ကြည့်လိုက်တဲ့အခါမှာတော့ Will Smith တစ်ယောက် သူ့ရဲ့အကောင်းဆုံး Genie ပုံစံကိုပြသနိုင်ခဲ့ပါတယ်...Disney ရဲ့ထုံးစံအတိုင်းပဲ နောက်ခံတီးလုံးအမိုက်စားတွေနဲ့ Live Action အနေနဲ့ထွက်ရှိလာခဲ့တဲ့ ဒီကားလေးဟာ ကလေးဘဝတွေကိုပြန်လည်တမ်းတနိုင်အောင် ရိုးရိုးလေးနဲ့ရိုက်ကူးထားတဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်...... File size…(6.8 GB)/(2.2 GB)/ (1.3 GB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:07:58 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littelneo
movie

Aladdin (2019)

2019
4K HEVC
Scoop (2006) 6.6
Scoop (2006) Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie

Scoop (2006)

Lakadbaggha(2023) 6.5
Lakadbaggha(2023) Lakadbaggha 2023 IMDb - 6.3/10Zee5 ကနေအသစ်ထွက်ရှိထားတဲ့ အိန္ဒိယမှုခင်းအက်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က Asur ဇာတ်လမ်းတွဲမှာရဲမေအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးချောရီဒီး နဲ့ အက်ရှင်ကားတွေဆိုပိုင်နိုင်လှတဲ့ မင်းသားအန်ရှုမန်က အာဂျွန်အဖြစ်ပါဝင်ထားပါတယ်။ ခပ်သွက်သွက်အက်ရှင်တွေနဲ့ တိရစ္ဆာန်ချစ်တတ်တဲ့သူတွေ ပိုပြီးအကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်း အာဂျွန်ဟာ တိရစ္ဆာန်လေးတွေကိုချစ်တတ်တဲ့ သာမန်စာပို့သမားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ခွေးလေးပျောက်သွားတာကိုလိုက်ရှာရင်း တရားမဝင်တိရစ္ဆာန်မှောင်ခိုလုပ်ငန်းတစ်ခုကို တွေ့သွားခဲ့တယ်။ အဲ့ထဲမှာတော့ ရှားပါးအိန္ဒိယမျိုးစိပ်(Hyena)ဆိုတဲ့ ခွေးမျိုးစိပ်ကိုအဓိကထားမှောင်ခိုကြတယ်။ ဒါကိုသိတဲ့ အာဂျွန်ဟာ လူသိမခံဘဲ စေတနာ့ကင်းသမားတစ်ယောက်လို အသွင်ယူပြီး တားဆီးဖို့ကြံစည်ပေမဲ့ ဥပဒေဘောင်အတွင်းကလုပ်တာမဟုတ်တာကြောင့် ရဲတွေကသူ့ကိုအကြမ်းဖက်သမားလို့ ခေါင်းစဉ်တပ်လိုက်တဲ့အခါမှာ‌တော့ အာဂျွန်ဟာခွေးလေးတွေကိုကယ်တင်ပြီး မှောင်ခိုလုပ်ငန်းကို တားဆီးနိုင်ပါဦးမလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~BpL~Cherry~V~ThaikSan~Zwe တို့ပဲဖြစ်ပါတယ်။ File size…2.01 GB / 900MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~BpL~Cherry~V~ThaikSan~Zwe
movie

Lakadbaggha(2023)

2023

Genres

Archives