Channel Myanmar

Content at random


Movies

(18+) Madame Bamboo (1991) 5.4
(18+) Madame Bamboo (1991) Madame Bamboo ဆောင်ကြာမြိုင်ဇာတ်လမ်းလို့ပြောရမှာပေါ့ ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်ဇာတ်လမ်းတော့မဟုတ်ဘူး စိနပြည်ဆောင်ကြာမြိုင်ဇာတ်လမ်းပါ sex and zen တို့လို တရုတ်ကားတွေ ကြိုက်တဲ့သူတွေအတွက်ကတော့ဒီဇာတ်ကားက တရုတ်တွေရဲ့ထုံးစံအတိုင်း ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းနှယ် ချပြထားတာကြည့်ရမှာပါ ဆောင်ကြာမြိုင်ကိုရောင်းစားခံရတဲ့ ကောင်မလေးတွေ သူတို့ဘဝဇာတ်ကြောင်းတွေ ပြန်ပြောင်းပြောပြတာကို ကြည့်ရှုရင်း တရုတ်ပြည်ရဲ့ ရှေးခတ်မိန်းမတွေကို ပိုးစိုးပက်စက်နှိမ့်ချထားတဲ့ အကြောင်းတွေကို ထုံးစံအတိုင်း မျက်စိပသာဒဖြစ်ဖွယ်လေးနဲ့ နှလုံးသွင်းရှုစားကြတာပေါ့ဗျာ File size…2.1GB / 1GB Quality…1080p HQ WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+) Madame Bamboo (1991)

1991
DAD IS HERE ( 2022 ) 5.9
DAD IS HERE ( 2022 ) IQIYIကနေ ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ပုံမှန်ကားတွေနဲ့မတူ တမူထူးခြားစွာနဲ့စိတ်ကူးယဉ်ဆန်ဆန်ဟာသပုံစံရိုက်ကူးထားပါတယ်Lingdianအဆိုတော်အဖွဲ့ရဲ့Vocal Zhou Xiao Ou (ချင်ယွင်ဖေး)က အားကိုးလို့မရ တည်ကြည်မှုမရှိ တိုးတက်ချင်စိတ််မရှိ ဒီ“မ”သုံးလုံးနဲ့ပြည့်စုံနေတဲ့ ဖခင်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ် သမီးဖြစ်သူ ချင်ရှောင်ရှောင်ကတော့ အဖေနဲ့ဆန့်ကျင်ဘက် အေးတိအေးစက် ဖော်ရွေမှုသိပ်မရှိတဲ့ စာတော်တဲ့သူတစ်ယောက်မိုးရွာတဲ့တစ်ရက်မှာ သားအဖနှစ်ယောက်က မတော်တဆဖြစ်ပြီး ဝိဉာဉ်ပြောင်းလဲသွားခဲ့တယ် “မ”သုံးလုံးနဲ့ပြည့်စုံနဲ့တဲ့အဖေဖြစ်သူက သမီးရဲ့ကျောင်းသူဘဝမှာ ရှုပ်ယှက်ခတ်သွားအောင်လုပ်ခဲ့တယ် တစ်ချိန်တည်းမှာပဲ သမီးဖြစ်သူရဲ့ဖိအားတွေကိုနားလည်လာခဲ့တယ်သမီးဖြစ်သူကလည်း အဖေရဲ့ဘဝကိုဖြတ်သန်းတော့မှ အဖေတစ်ယောက်ရဲ့ဘဝကဘယ်လိုရှိလဲနားလည်လာခဲ့ကြတယ် အချင်းချင်းရဲ့ဘဝကိုနားလည်ပြီး ပြဿနာတွေ ဖိအားတွေကို ဘယ်လိုဖြေရှင်းမလဲ ဘာတွေပြောဆိုကြမှာလဲ တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုပေးဆပ်ကြမလဲဆိုတာကို ဝမ်းနည်း/ဝမ်းသာ ခံစားချက်နှစ်မျိုးနဲ့ ဘဝကိုသရုပ်ဖော်ထားတာကို ကြည့်ရှုရမှာဖြစ်ပါတယ် ….. Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

DAD IS HERE ( 2022 )

Sinam (2022) 5.9
Sinam (2022) Sinam (2022)Sinam ဆိုတာ အိန္ဒိယလို '' rage / anger '' လို့ အဓိပ္ပါယ်ရပါတယ်၊ အမျက်ဒေါသပေါ့။ စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနိုင်တဲ့ မှုခင်းစုံထောက် ရုပ်ရှင်မျိုးမို့ သည်းထိတ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားမျိုးပေါ့ဗျာ။အစပိုင်းမှာ ရိုးသားဖြောင့်မတ်ပြီး၊ အကြောက်အလန့်မရှိတဲ့ ပါရီဆိုတဲ့ ရဲအရာရှိတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ပါရီမှာ ကြင်နာပြီးနွေးထွေးတဲ့ ဇနီးချော ဒေါက်တာမလေး မက်ဒူနဲ့ သမီးလေး ဘာဂရာတို့လည်းရှိတယ်ဗျ။ နွေးထွေးတဲ့အသိုက်အမြုံလေးပေါ့ဗျာ။တနေ့မှာ လူသတ်မှုနဲ့သံသယရှိတဲ့ တရားခံကို တရားခွင်ကို တင်သွင်းတဲ့နေ့မှာပဲ တရားရုံးရှေ့ လူအုပ်ကြားထဲမှာ လူသတ်မှုတစ်ခုဖြစ်သွားပါတော့တယ်။ အသတ်ခံလိုက်ရတဲ့သူက ပါရီတာဝန်ယူပြီး လိုက်ပို့တဲ့ တရားခံဖြစ်သူပါပဲ။ ဒီတော့ တာဝန်တွေအားလုံး ပါရီ့ပုခုံးပေါ်ပုံကျလာတာပေါ့။ ဘယ်သူ့လက်ချက်လဲ ဆိုတာကို ရေဆုံးမြေဆုံးလိုက်ဖော်ရင်း ပါရီသိလာရမယ့် ဒုစရိုက်လောကတွေအကြောင်း၊ နောက်ကွယ်က ကြိုးကိုင်မှုတွေနဲ့ ရှောင်လွှဲမရတဲ့ ထိခိုက်မှုတွေကြားမှာ ပါရီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ။ မိသားစုကိုရော ကာကွယ်နိုင်ပါ့မလား။ အမှုမှန်ကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ကြည့်ရမယ့် Action/Thriller မို့ အခုပဲ Channel Myanmar မှာဝင်ရောက်ကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ File size…2.08GB  / 881MB Quality…1080p True WEB DL  / 720p Format…mp4 Duration….1h 55m Subtitle….Myanmar ...
movie

Sinam (2022)

2022
On the Line (2022) 5.3
On the Line (2022) On the Line (2022)စကားလေးတစ်ခုရှိပါတယ်။ " အပျော်ကနေ အပျက် " တဲ့ ။ ဒီဇာတ်ကားလေးကတော့ အဲဒီစကားလေးနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးပါ။Elvis ဟာ သန်းခေါင်ယံချိန်မှာ တင်ဆက်လေ့ရှိတဲ့ "On the Line " လို့ ခေါ်တဲ့ ရေဒီယိုရှိုးရဲ့ host တစ်ယောက်ပါ။ ရှိုးရဲ့သဘောသဘာ၀ကတော့ နောက်ပြောင်ကျီစယ်တာတွေ သူများတွေကို ဖဲ့တာနှက်တာတွေ ပယ်ပယ်နယ်နယ် ပြောတာတွေကို အဓိကထားတင်ဆက်တာပါ။ ဒီလို ရေပန်းစားရှိုးတစ်ခုကို ကိုင်တွယ်ရတဲ့ Elvis ကိုယ်တိုင်ကလည်း ဘ၀င်ခေါင်ခိုက်တတ်တဲ့ပုံစံရှိပြီး ‌ နောက်ပြောင်ကျီစယ်မှုတွေမှာ ကန့်သတ်ချက်မထားတတ်တဲ့သူမျိုးပါ။ အဲဒီလို သူ့ရဲ့အမူအကျင့်ကပဲ တစ်ညမှာ သူ့ကို ပြန်လည် ဒုက္ခပေးဖို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာပါတော့တယ်။ မထင်မှတ်ထားတဲ့ လူတစ်ဦး သူတို့ရှိုးကို ဖုန်းခေါ်လာပြီး အဲဒီညမှာ သူတို့အားလုံးကို ဒုက္ခပေးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့.....။အဲဒီလို ဒုက္ခပေးတဲ့သူက ဘယ်သူပါလဲ? Elvis ကရော ဘာတွေများလုပ်ခဲ့မိလို့ သူက Elvis ကို ဒုက္ခပေးဖို့ တန်းတန်းမတ်မတ်ကြီးရောက်လာတာလဲ ? ဒီလို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ...
movie

On the Line (2022)

2022
Raymond & Ray (2022) 6.2
Raymond & Ray (2022) Raymond & Ray (2022)ဒီရုပ်ရှင်ကိုတော့ The Sopranos လို မာစတာပိစ်စီးရီးကြီးမှာ ဝင်ရိုက်ဖူးပြီး ဆုရဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးရေးသားဖူးတဲ့ Rodrigo Garcia လို့ခေါ်တဲ့ ဒါရိုက်တာက ရိုက်ကူးထားပြီး Legend actor ဆရာကြီးနှစ်ပါးဖြစ်တဲ့ Ethan Hawke နဲ့ Ewan McGregor တို့က Main character နှစ်ယောက် ရေမွန်နဲ့ရေး အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကတော့ Comedy, Drama ပေမဲ့ Black Comedy လို့ပြောရင် ပိုတိကျပါမယ်။ အီသန်နဲ့ အီဝန်ဟာ ရေးနဲ့ ရေမွန်ဆိုတဲ့ အဖေတူ မအေကွဲ ညီအစ်ကိုတွေပါ။ သူတို့၂ယောက်စလုံးရဲ့ အမေတွေကလည်း သူငယ်ချင်းတွေပါ၊ သူတို့အခေါ်အရတော့ ဖွတ်ဖွတ်ကြေဇနီးများကလပ်ဝင်တွေလို ဖြစ်နေကြသပေါ့။ သူတို့အဖေက သူတို့၂ကောင်ကို ငယ်ငယ်ကတည်း အသေအနိုင်ကျင့် နှိပ်စက်ပါတယ်။ သူတို့၂ယောက်စလုံးက သူတို့အဖေကို မုန်းကြပါတယ်။ နှစ်အတော်ကြာပြီး ...
movie

Raymond & Ray (2022)

2022
Nenu Meeku Baaga Kavalsinavaadini (2022) 7.7
Nenu Meeku Baaga Kavalsinavaadini (2022) Nenu Meeku Baaga Kavalsinavaadini (2022) =======================================အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တေလဂူရိုမန့်ဟာသကားလေးပဲဖြစ်ပါတယ်...ပျော်ရွှင်တဲ့မိသားစုကနေ ဆင်းသက်လာပေမယ့် ကိစ္စတချို့ကြောင့် မိသားစုနဲ့ဝေးကွာနေရတဲ့ တယ်ဂျူဆိုတဲ့ကောင်မလေးဟာ ဘဝကို ပေါ့ပေါ့ဆဆနဲ့ ဖြတ်သန်းနေပြီး အရက်နွံထဲနစ်နေခဲ့ရပါတယ်...။သူ့ကို အကြိုအပို့လုပ်ပေးတဲ့ တက္ကစီဒါရိုက်ဘာကောင်လေးရဲ့နာမည်ကိုတော့ ဗီဗစ်လို့ခေါ်တယ်...။တယ်ဂျူဟာ ယောက်ျားတွေနဲ့ အချစ်ကို စိတ်နာပြီး ဘဝကိုရေစုန်မျောလိုက်နေတယ်တစ်ရက်တော့ ဗီဗစ်ဟာ တယ်ဂျူကို သူမဘဝပျက်မယ့်အရေးကနေ ကယ်တင်ခဲ့ပါတယ်...ဒီလိုနဲ့ သူတို့နှစ်ဦးစကားလက်ဆုံကျကြရင်း တယ်ဂျူဟာ သူ့မရဲ့ပျော်ရွှင်စရာမိသားစုဇာတ်ကြောင်းနဲ့ သူမရဲ့နောက်ကြောင်းကို ပြောပြပါတော့တယ်...။ဗီဗစ်မှာလည်း သူ့ဘဝနောက်ကြောင်းလေးက ရှိနေပြန်တော့...။သူတို့နှစ်ဦးရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတွေနဲ့ သူတို့နှစ်ဦးပတ်သက်ပုံ လှည့်ကွက်လေးတွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားပေးပါဦးနော်...။ဒီတော့ လူအယောက် 1.3K က IMDb 7.7 ပေးထားတဲ့ ဒီတေလဂူရိုမန့်ဟာသကားလေးဟာ ကြည့်လို့ကောင်းတဲ့ကားလေးပါလို့ ညွှန်းပေးလိုက်ပါတယ်နော်...။ File size…2.21GB / 1.1GB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & HayMan
movie

Nenu Meeku Baaga Kavalsinavaadini (2022)

2022
Dear Zoe (2022) 5.1
Dear Zoe (2022) Dear Zoe (2022)(1080p ရပါပြီ)9/11 (စက်တင်ဘာလ ၁၁ ရက်နေ့) US ရဲ့ မမေ့နိုင်တဲ့ ဝမ်းနည်းပူဆွေးစရာကောင်းသောနေ့ ... အဲ့နေ့မှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အမြွှာအဆောက်အဦးကို လေယာဉ်တစ်စင်း ဝင်တိုက်ခဲ့လို့ လူအများအပြား သေကြေပျက်စီးခဲ့ကြတယ်။Dear Zoe ဆိုတဲ့ ဒီဇာတ်လမ်းလေးကတော့ အဲ့လို လူအများအပြား သေကြေပျက်စီးခဲ့တဲ့ 9/11 နေ့မှာ ဇိုဝီဆိုတဲ့ ကလေးမလေးတစ်ယောက် သေဆုံးခဲ့ရပြီး (9/11 ဖြစ်စဉ်ကြောင့်မဟုတ်) ကျန်ရစ်သူ မိသားစုဝင်တွေ အထူးသဖြင့် ကလေးမလေးရဲ့ အစ်မဖြစ်သူ တက်စ် (Sadie Sink) တစ်ယောက် ဘယ်လို စိတ်ဒဏ်ရာတွေနဲ့ ပူဆွေးခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။တက်စ် တစ်ယောက် သူ့ညီမလေး သေရတာ သူ့ကြောင့်ပါဆိုပြီး လိပ်ပြာမလုံ ဝမ်းနည်း ပူဆွေး စိတ်ဒဏ်ရာ ရတာတွေကို ဘယ်လိုများ ပြန်လည် ကုသနိုင်မလဲ? သူ့ညီမလေးကရော ဘယ်လိုပုံစံနဲ့ သေဆုံးသွားခဲ့တာလဲ? ဇာတ်လမ်းလေးကို ...
movie

Dear Zoe (2022)

2022
The Takeover (2022) 5.2
The Takeover (2022) The Takeover (2022)(1080p ရပါပြီ)ဒီကားလေးကတော့ Crime action, Thriller ကားလေးပါ။Mel က ငယ်ငယ်တည်းက ကွန်ပျူတာကျွမ်းကျင်ပြီး တော်ပါတယ်။ ခုတော့ ဆော့ဝဲလ်တွေကို အမှားစစ်တဲ့အလုပ်လုပ်နေပြီး နောက်ကွယ်မှာ သူငယ်ချင်းတွေနဲ့ Hacker လုပ်ပြီး မကောင်းတဲ့သူတွေကို ဟက်ပြီး လူတွေကိုကူညီနေပါတယ်။တစ်ရက်တော့ လူမပါဘဲ အော်တိုမောင်းတဲ့ဘတ်စ်ကားကို ဆော့ဝဲလ်စစ်ပေးရင်း Mel တစ်ယောက် ထူးဆန်းတဲ့ကုတ်ကိုတွေ့ပါတယ်။ အဲ့ကုတ်ကို ရှင်းပစ်ခဲ့ပြီး သူငယ်ချင်းတွေနဲ့ လူတစ်ယောက်ကို ဟက်ပါတယ်။ ကံဆိုးစွာနဲ့ပြီး ဟက်ပြီးတဲ့အချိန်မှာ Melရဲ့ အိမ် အဖောက်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ အခြေအနေတွေက ပိုဆိုးလာခဲ့ပြီး လူတွေက သူ့နောက်ကို နောက်ယောင်ခံလိုက်လာပြီး လူသတ်တယ်လို့ပါ စွပ်စွဲလာကြတဲ့အခါ ...Mel ဘာလုပ်မိတာလဲ? သူအပြစ်မရှိကြောင်းရော ဘယ်လိုသက်သေပြမလဲ? ဆိုတာတော့ ရုပ်ရှင်လေးထဲ ဆက်ကြည့်လိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size          : ...
movie

The Takeover (2022)

2022
The Independent (2022) 5.3
The Independent (2022) The Independent(2022) ====================== ဂျွန်ဆီးနားကြီးကို တည်တည်တံ့တံ့နဲ့ အမေရိကန် သမ္မတောင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးသမားတစ်ယောက်အဖြစ်တွေ့ရမှာပါအမေရိကန် နိုင်ငံရေးလောကရဲ့ ဒီမိုကရက်တစ်နဲ့ ရီပါ့ဘလစ်ကန်တွေကြား အားပြိုင်မှုက ထင်သလောက်မရိုးရှင်းပဲ နောက်ကွယ်က မဲအသာစီးရအောင် လွှမ်းမိုးထိန်းချုပ်နေတဲ့ လက်မဲကြီးတွေရှိနေပါတယ်... နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေ၊ စီးပွားရေးခရိုနီကြီးတွေက ရွေးကောက်ပွဲကာလမှာ ပြည်သူကိုဖူးဖူးမှုတ်ပြီး အာဏာရရေးအတွက် ယှဉ်ပြိုင်နေကြတဲ့အချိန်ဖြစ်ပါတယ် နိတ်စတာလင်ဆိုတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုရှင်တစ်ယောက်က နိုင်ငံရေးလောကထဲဝင်လာပြီး တစ်သီးပုဂ္ဂိုလ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်က သူ့ရဲ့တည့်တိုးဟောပြောချက်တွေကြောင့် လူတွေကြားထဲမှာ ရေပန်းစားကြော်ကြားလာပါပြီ နှစ်ကောင်တဲ့ပြေးနေတဲ့ ပြိုင်ပွဲတစ်ခုကနေ နိတ်စတာလင်ပါ ဝင်ရောက်လာပြီး ... ဒီမိုကရက်တစ်...ရီပါ့ဘလစ်ကန်နဲ့ နိတ်စတာလင်ရဲ့ Independent ပါတီဆိုပြီး အင်အားကြီး ၃ ခုဖြစ်လာပါတယ်.... ဒီအကြောင်းကို ဝါရှင်တန်ခရိုနီကယ်က အလုပ်သင် ဂျာနယ်လစ်လေးတစ်ယောက်က သတင်းလိုက်ရင်း နောက်ကွယ်က ပါတီကြီးတစ်ခုရဲ့ငွေကြးအလွဲသုံးစားလုပ်မှုနဲ့ မသမာစွာ ယှဉ်ပြိုင်မှုတွေကိုပါ တွေ့ရှိလိုက်ရတာကြောင့် ဒီအကြောင်းတွေကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားရင်း နောက်ဆုံး အမေရိကန်ရဲ့ သမ္မတက ဘယ်သူဖြစ်သွားမလဲဆိုတာကို ကြည့်ရမယ့် နိုင်ငံရေး နဲ့ အမေရိကန်ရဲ့ဂျာနယ်လစ်ဆင် လောကကို ကောင်းကောင်းကြီး နားလည်သွားစေမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ် Dialouge ကောင်းကောင်းတွေနဲ့ ဇာတ်ကားကိုဆွဲဆောင်သွားပြီး ကတုံးပေါ်ထိပ်ကွက်ဆိုသလို လူအချင်းချင်း ဉာဏ်နီဉာဏ်နက်တွေနဲ့ အာဏာကုန်လုကြတဲ့ နိုင်ငံရေးကားကောင်းတစ်ခုဖြစ်ပါတယ်(အညွှန်းနဲ့ ...
movie

The Independent (2022)

2022
Raise the Red Lantern (1991) 8.1
Raise the Red Lantern (1991) Raise the Red Lantern (1991)~ IMDb - 8.1/10, Rotten Tomatoes - 97% ~Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက ...
movie

Raise the Red Lantern (1991)

1991
Hanuman Shadow Master (2022) 7.3
Hanuman Shadow Master (2022) ဒါကတော့ မွေ့ထိုင်းအတိုက်အခိုက်တွေကို အခြေခံပြီး သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်ရဲ့ ကမ္ဘာပျက်ကိန်းကို ရာမရဲ့ စစ်သူကြီး ဟာနုမန်က သေမင်းနတ်ဘုရားအနေနဲ့ အင်္ဂလိပ်လိုတွေပြောပြီးဝင်တားတဲ့ကားမျိုးဖြစ်လို့ နည်းနည်းတော့ကြောင်ပါတယ်။ဒါပေမဲ့ Ong-bak ဆန်ဆန် အက်ရှင်တွေနဲ့ ပဟေဠိဆန်ဆန် ရိုက်ချက်တွေကြောင့် အပျော်ကြည့်အနေနဲ့တော့ အဆင်ပြေမယ့်ကားမို့ တင်ပေးလိုက်ပါတော့တယ်။မင်းသားကတော့ စားစရာနေစရာမရှိလို့ ဆေးရုံပျက်တစ်ခုမှာ ညစောင့်ကင်းသမားလာလုပ်ရတဲ့သူပေါ့။ သူ့အတိတ်ကို ဆေးရုံမှာမှီခိုနေရတဲ့လူတွေကလည်းမသိကြဘူး။ ကြည့်တဲ့သူတွေပဲသိမှာပါ သူက ဂန်းစတားဟောင်းကြီး မွေ့ထိုင်းကျွမ်းတယ်ဘာညာပေါ့။ ဒါပေမဲ့ ဟာနုမန်နတ်ဘုရားက မြင်းသည်တော်လေးယောက်နဲ့ချဖို့ အသုံးချတာကိုခံလိုက်ရတဲ့အခါ ပိုပြီးကြမ်းလာပြီး နတ်ဆိုးတွေနဲ့ပါ ချနိုင်သွားတာပေါ့။ အဲတော့ ချကြတယ်ပေါ့။ ကြည့်ကြည့်လိုက်ပါ။ File size…1.35GB /600MB Quality… 1080p WEBRIP /720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson
movie

Hanuman Shadow Master (2022)

New Seven Heroes and Five Gallants (2018) 6
New Seven Heroes and Five Gallants (2018) ဒီကားလေးကတော့ မှုခင်းရေးရာနဲ့သိုင်းဇာတ်လမ်းကို ပေါင်းစပ်ထားတဲ့ဇာတ်လမ်းလေးပါ 2016ကထွက်ရှိထားတဲ့ Three Heroes and Five Gallantsကို movieအနေနဲ့ပြန်ရိုက်ကူးထားတာပါ~နန်ရီရွာ~ လူတွေမရှုမလှသေဆုံးမှုတွေကြောင့် ကလေးတွေကြားမှာပင် တဘောင်လင်္ကါတွေနဲ့ကျော်ကြားနေသောမြို ဟုတ်ပါတယ် တစ်နှစ်ထဲမှာတင် လူ၁၂ယောက်ပျောက်ဆုံးသေဆုံးပြီး သေဆုံးသူတွေကလည်း ဒုက္ခသည်တွေ ဆင်းရဲတဲ့မိသားစုဝင်တွေဖြစ်တာကြောင့် လူသေဆုံးမှုကိုအဲ့လောက်အရေးအရာမလုပ်ခဲ့ကြပါဘူးတဖြည်းဖြည်းအစောင့်တွေပါ သေဆုံးလာတဲ့အခါမှာ တေ ာ့ ရုံး တော်က ပညာရှိလူကြီးမင်းပေါင်ကိုစေလွှတ်ကာ ထိုကိစ္စကိုစစ်ဆေးစေခဲ့ပါတယ် ပညာရှိပေါင်ဟာ သူ့တပည့်ပေါင်ရှင်းနဲ့အတူတူသွားရင်း ထိုကိစ္စကိုစစ်ဆေးဖိုလုပ်ရင်း သူရဲကောင်းနန်ရှ ကျန်းတာ့ရှနဲ့တွေ့ဆုံခဲ့ပါတော့တယ်အဲ့လိုနဲ့သူတိုသုံးယောက်ဟာ စုံစမ်းရေးကိစ္စတွေလုပ်ရင်း သံသယရှိသူလုရိသောင်ကို စစ်ဆေးတဲ့အခါ ကူညီပေးမဲ့ သူရဲကောင်းနောက်တစ်ယောက် ပိုင်ယွီထန်းနဲ့ထပ်တွေ့ကြုံခဲ့ပါတယ် အဆင်ပြေပြေတွေ့ကြုံခဲ့တာတော့မဟုတ်ပါဘူး အခက်အခဲတွေကိုသူတိုလေးယောက်ဘယ်လိုကျော်ဖြတ်မလဲ? ဘယ်လိုတွေကြုံတွေ့ရမလဲ? နောက်ကွယ်မှာ ဘယ်လိုလှည့်စားမှုတွေရှိမလဲဆိုတာ ဇာတ်လမ်းလေးကိုကြည့်ရှူလိုက်ရအောင်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Historical , Crime Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

New Seven Heroes and Five Gallants (2018)

The High Note (2020) 6.4
The High Note (2020) The High Note (2020)~ IMDb - 6.4/10, Rotten Tomatoes - 71% ~မာဂရက် ရှားဝုဒ် (မက်ဂ်) ဆိုတဲ့ ကောင်မလေးဟာ တန်းဝင်အဆိုတော်ကြီး ဂရေ့စ် ဒေးဗစ် ရဲ့ အတွင်းရေးမှူးလေးတစ်ယောက်ပေါ့။ မက်ဂ်ရဲ့ မိခင်က အဆိုတော်၊ ဖခင်က ရေဒီယိုအစီအစဉ်မှူးဆိုတော့ ဂီတနဲ့ ရင်းနှီးသူဖြစ်ပြီး ဂီတအကြောင်း ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ဂရေ့စ်ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်လာချင်တာပါ။ ဒါပေမဲ့ ငယ်ရွယ်နုနယ်လွန်းတာကြောင့် ယုံကြည်မှုမရရှာတော့ တိတ်တိတ်လေးခိုးပြီး သီချင်းလေးတွေ အစမ်းထုတ်လုပ်ကြည့်နေသူပေါ့။ဒီလိုနဲ့ အသံသိပ်ကောင်းပြီး ဆွဲဆောင်အားပြင်းတဲ့ ကောင်လေးတစ်ယောက်ကို ချစ်လည်းချစ်မိ၊ အသံကိုလည်း ကြွေခဲ့ရတဲ့ မက်ဂ်က သူ့ကို သီချင်းတွေ ထုတ်လုပ်ပေးဖို့ ကြိုးစားကြည့်တယ်။ ဂရေ့စ်ဆီရယ်၊ ကောင်လေးဆီရယ် အပြန်အလှန် ပြေးပြေးလွှားလွှားနဲ့ သူ့ရဲ့ ထုတ်လုပ်ရေးမှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်လာတဲ့အခါ၊ မက်ဂ်တစ်ယောက် ငါးရံ့နှစ်ကောင်ဖမ်းရင်း ...
movie

The High Note (2020)

2020
(21+) The Key(1983) 5.4
(21+) The Key(1983) လူတွေက အသက်အရွယ်လေး ရလာကြရင် အချစ်ကို ပုံစံပြောင်းပြီးခံစားချင်လာကြတယ် အိမ်ထောင်သည်တွေလည်း အိမ်ထောင်သက်တမ်းကြာလာတဲ့အခါ အချစ်ကို ပုံစံပြောင်းပြီး ခံစားချင်လာကြတယ် ဒါပေမဲ့ အိမ်ထောင်ရေးမှာတော့ စဉ်းမျည်းတွေ ထိန်းချုပ်တာ များတယ်လေ ဖွင့်ချချင်ပေမဲ့လည်း အိမ်ထောင်သည်ဆိုတဲ့ ဘောင်အတွင်းက ဘယ်လိုမှမလွတ်နိုင်ဘူးလေပရော်ဖက်ဆာ နီနို တစ်ယောက် ငယ်ရွယ်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမချောလေး ထရေဆာ နဲ့ အိမ်ထောင်ကျပြီး သမီးလေး လီဆာ ရှိပါတယ် သူတို့က အထက်တန်းလွှာ မိသားစုတစ်ခုဖြစ်ပါတယ် ပရော်ဖက်ဆာမှာ သူများနဲ့မတူတဲ့ လိင်ပျော်ပါးလိုစိတ် အတွေးရှိနေပါတယ် အဲဒါကတော့ သမရိုးကျ ဘောင်အပြင်ဖက်ထွက်ဖို့ပါပဲ ဟုတ်ပါတယ် သူက သူ့အမျိုးသမီး ချောချောလေး တစ်ခြားကောင်လေးနဲ့ အိပ်တာကို မနာလိုစိတ်နဲ့ အရသာခံ ကြည့်ချင် တွေးချင်နေတဲ့ သူပါပဲ ထရေဆာမှာ သူ့သမီးလီဆာနဲ့ သဘောတူတဲ့ကောင်လေး တစ်ယောက်ရှိပါတယ် လာဆလို ပါပဲပရော်ဖက်ဆာ နီနိုက သူ့အကြံကိုအကောင်ထည်ဖေါ်ဖို့ ဇာတ်လမ်းဆင်ရပါတော့တယ် ဒါပေမဲ့ သူ့မှာကန့်သတ်ချက်တွေရှိတယ်လေ တိုက်ရိုက်ဖွင့်ဟဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ သူတို့ ဇနီးမောင်နှံသာ သိနိုင်တဲ့ ဆက်သွယ်နည်းနဲ့ ကြိုးစားပါတော့တယ် တစ်ကယ်တော့ မီးကို ကစားနေသလိုပါပဲ ကိလေသာဆိုတာ အပူတွေလေ မီးလို့ပဲ တင်စားလိုက်ပါတယ် ဇာတ်လမ်းလေးက ဝထ္တုလေး တစ်ပုဒ်ဖတ်နေရလို ...
movie

(21+) The Key(1983)

1983
Indian Pink (2022) 9.2
Indian Pink (2022) Indian Pink (2022)အားလုံးပဲ လွမ်းနေကြလောက်မယ့် F4 ထဲက ဆံနီလေး Kim Hyun Joong ရဲ့ Indian Pink Movie လေး ရပါပြီ။ဒီဇာတ်ကားထဲမှာဆိုရင် ပုံမှန်မြင်တွေ့နေကျ Kim Hyun Joong ရဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့မတူဘဲ စိတ္တဇဆန်ဆန်ကြမ်းတမ်းခက်ထန်တဲ့ပုံစံမျိုးကို ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ အသည်းကွဲနေတဲ့ လူတစ်ယောက်ရဲ့ စိတ္တဇဆန်ဆန်အတွေးတွေအကြောင်းကို ပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ်။ အပြစ်ကင်းစင်တဲ့ အပြုံးတွေရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ မကောင်းဆိုးဝါးဆန်ဆန်သဘောသဘာဝတွေ၊ သွေးအေးရက်စက်မှုတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး မထင်ထားတဲ့ ဇာတ်လမ်းဇာတ်အိမ်မျိုးနဲ့ တင်ဆက်ထားတာလည်းဖြစ်ပါတယ်။စိတ်ဝင်စားစရာ ဇာတ်ကွက်တွေအပြင် အပြုံးချိုချိုနဲ့ Kim Hyun Joong တစ်ယောက် ဒီဇာတ်ကားထဲမှာ ဘယ်လိုတွေပြောင်းလဲပြသွားမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုခံစားနိုင်လို့ K-Drama Fans တွေ လက်လွှတ်မခံသင့်ပါဘူးနော်။သွေးသံတရဲရဲနဲ့ ရက်စက်ကြမ်းကြုတ်တဲ့အခန်းတွေပါလို့ Rating ကိုတော့ 18+ သတ်မှတ်ထားပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ...
movie

Indian Pink (2022)

2022
Exist Within (2022) 5
Exist Within (2022) Exist Within (2022)Thriller ရုပ်ရှင်တွေကို သဘောကျတတ်တဲ့သူတွေအတွက် ပဟေဠိတွေ အများကြီးပါဝင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါဦးမယ်အွန်းဆူဟာ စာရေးဆရာမအဖြစ် ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ကုန်ကြမ်းရှာတဲ့အချိန်မှာ ပတ်ဝန်းကျင်က အဖြစ်အပျက်ကိုပဲ ဇာတ်လမ်းအဖြစ် ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်အဲဒီအချိန်မှာပဲ သူနေတဲ့အခန်းရဲ့အပေါ်ထပ်က အမြဲတမ်းလိုလို အသံတွေကြားရပြီး ကြားရတဲ့အသံကလည်း တစ်ပုံစံတည်းဖြစ်နေတာပါ အဲဒီအသံနောက်ကိုလိုက်ပြီး ကုန်ကြမ်းရှာရာမှာတော့ ကိစ္စတွေ အများကြီး ကြုံတွေ့လိုက်ရပါတယ်သူ့အနေနဲ့ အကြောင်းအရင်းကိုရှာတွေ့နိုင်မလား စာရေးဖို့အတွက် ဇာတ်လမ်းကောင်းတစ်ပုဏ်ရလားမလားဆိုတာကိုတော့ ကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်Genre..... Thriler Quality…. 1080p | 720p | 480p File size… 896MB | 432MB | 202MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August
movie

Exist Within (2022)

2022
Come Back Home ( 2022 ) 6.3
Come Back Home ( 2022 ) ဒီနေ့မှာဆိုရင် CM ကပရိသတ်ကြီးကို နာမည်ကြီးဟောင်ကောင်မင်းသား “Donnie Yen” ရဲ့ ဇာတ်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ -အေးခဲလှတဲ့ဆောင်းရာသီတစ်ခုအချိန်မှာ ရှန်းကျန့်ခရီးသွားအဖွဲ့နဲ့အတူ မိသားစုတစ်စုဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ချန်ပိုင်တောင်ဆီကို မောင်းနှင်လာခဲ့ကြပါတယ် မူလအစတုန်းကတော့ အရမ်းကိုမှပျော်ရွှင်စရာကောင်းတဲ့ ခရီးစဥ်တစ်ခုဖြစ်ခဲ့ပေမဲ့လို့ ဖခင်ဖြစ်သူ အားသယ်(Donnie Yen) ရဲ့ ပေါ့ဆမှုတစ်ခုကြောင့် အသက် (၈) နှစ်အရွယ်သားဖြစ်သူ ပျောက်ဆုံးသွားမှု ဖြစ်ပေါ်လာခဲ့တဲ့အခါမှာတော့...?သူတို့လင်မယားနှစ်ယောက်ဟာ သားဖြစ်သူပျောက်ဆုံးသွားခဲ့သည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေဆီကို အကူအညီတောင်းခံခဲ့ကြပြီး ရှာဖွေရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ကြပါတော့တယ် ရှာဖွေရင်း ရှာဖွေရင်းနဲ့ ပုံမှန်ဘေးကင်းချိန်သတ်မှတ်ချက် (၄၈) နာရီအထိ ကျော်လွန်လာခဲ့ပေမဲ့လဲ ကလေးရဲ့အရိပ်အယောင်ကိုတောင်မတွေ့ခဲ့ရပါဘူး တောင့်တင်းခိုင်မာတဲ့လူကြီး အရွယ်တွေတောင် တောင့်ခံနိုင်ဖို့ ခဲယဥ်းလှတဲ့ ဒီရာသီဥတုအလယ်မှာ အသက် (၈) နှစ်အရွယ်ကလေးငယ်လေးတစ်ယောက် တောင့်ခံနိုင့်ပါ့မလားဆိုတဲ့ သံသယတွေက ကယ်ဆံရေးအဖွဲ့တွေဆီ ရိုက်ခတ်လာခဲ့တဲ့အခါမှာတော့...?❐ သူတို့ရဲ့ကယ်ဆယ်ရေးလုပ်ငန်းစဥ်ဟာ ဘာတွေဆက်ဖြစ်သွားမှာလဲ? ❐ အရာရာအားလုံးကိုအံတုပြီး သူတို့တွေဆက်လက်ရှာဖွေကြမလား? ❐ ပျောက်ဆုံးနေတဲ့ ကလေးငယ်လေးကရော ဘေးကင်းကင်းနဲ့အိမ်ကိုပြန်ရောက်နိုင်ပါ့မလား? ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ရှင် ဟောင်ကောင်မင်းသားကြီး “Donnie Yen” ရဲ့ဇာတ်ကားလေးဖြစ်တာမို့ ပိုလို့တောင်လက်မလွှတ်သင့်ပါသေးတယ် အခုပဲကြည့်လိုက်ရအောင်လားနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres ...
movie

Come Back Home ( 2022 )

Honest Candidate 2 (2022) 5.1
Honest Candidate 2 (2022) Honest Candidate 2 (2022)"မုသားမပါ လင်္ကာမချော" တဲ့ လောကကြီးမှာ သင်က လုံးဝလိမ်လို့မရတဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဘယ်လိုဖြစ်မယ်ထင်ပါသလဲအူတက်အောင်ရယ်ရမယ့် Honest Candidate 2 မှာဆိုရင်တော့ အလိမ်အညာစကားတွေပြောရတာကို ကျင့်သားရနေတဲ့ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ဂျူဆန်းဆုဟာ ရုတ်တရက်ကြီးဖြစ်သွားတဲ့ မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့အလိမ်စွမ်းရည်တွေ ပျောက်ဆုံးကုန်တာကို တွေ့ရမှာပါလိမ်ရင် ကြို့ထိုးတာလောက်တင် မကဘဲ အလိမ်အညာစကားဆို လုံးဝပြောမရတော့တဲ့အပြင် တည့်တိုးစကားလုံးတွေချည်းပဲ ပါးစပ်က ထွက်လာတော့တာမို့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ အခက်တွေ့နေတာဖြစ်ပါတယ်ဒီလိုနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ၃ ကြိမ်တိုင် အနိုင်ရရှိခဲ့ပြီးဖြစ်တဲ့ ဂျူဆန်းဆုဟာ ၄ ကြိမ်မြောက်မတိုင်ခင် အခုလိုဖြစ်သွားခဲ့ပြီးတဲ့နောက်မှာတော့ နိုင်ငံရေးလောကမှာ သူဘယ်လိုဆက်ပြီး ရပ်တည်သွားမလဲ၊ ၄ ကြိမ်မြောက် ရွေးကောက်ပွဲမှာရော အနိုင်ရရှိသွားဦးမှာလားဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ အလောင်တွေပျော်စေမယ့် ဇာတ်ကားလေးတစ်ကားပါပဲသရုပ်ဆောင်တွေအနေနဲ့လည်း Reply 1988 ထဲက Ra Miran, The Grid ထဲက Kim Mu Yeol တို့အပြင် ဟာသသရုပ်ဆောင်တွေဖြစ်ကြတဲ့ Park JinJoo နဲ့ ...
movie

Honest Candidate 2 (2022)

2022
Satan’s Slaves 2: Communion (2022) 7.4
Satan’s Slaves 2: Communion (2022) Satan's Slaves 2: Communion (2022)2017 တုန်းက ထွက်ခဲ့တဲ့ အင်ဒိုနီးရှားသရဲကား Pengabdi Setan ရဲ့အဆက်က ယခုနှစ် 2022 မှာ ထွက်ရှိလာပါပြီ IMDb 7.4 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်နှမတွေက အဖေနဲ့အတူတူ တိုက်ခန်းမှာနေကြပါတယ်။ တိုက်ခန်းမှာနေရတာ အဆင်ပြေတယ်လို့ တွေးနေကြပေမယ့် ဂျကာတာမြောက်ပိုင်းကို မုန်တိုင်းဝင်လာတဲ့တစ်နေ့မှာ သူတို့အမေရဲ့ အတိတ်ဆိုးကလည်း အဲဒီနေ့မှာပဲ သူတို့ဆီရောက်လာပါတယ်။ မုန်တိုင်းဝင်လို့ ရေတွေတက် မီးပျက်တဲ့ညမှာပဲ Rini တို့မောင်နှမတွေ သူ့မိဘတွေရဲ့ အတိတ်ဆိုးကနေ လွတ်အောင် ပြေးနိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama, Horror, History Quality…. 1080p | 720p | 480p File size… 1.86GB | 822MB | 430MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle ...
movie

Satan’s Slaves 2: Communion (2022)

2022

Genres

Archives