Channel Myanmar

Content at random


Movies

Come Back Home (2022) 5.3
Come Back Home (2022) Come Back Home (2022)ဒီတစ်ခေါက်မှာတော့ The Servant, Special Delivery အစရှိတဲ့ရုပ်ရှင်တွေမှာပါဝင်ထားတဲ့ မင်းသား Song Sae Byeok နဲ့ အားလုံးရဲ့အချစ်တော် Ra Mi Ran တို့အဓိကပါဝင်ထားတဲ့ ဟာသ၊ အက်ရှင်ရုပ်ရှင်လေးကိုတင်ဆက်ပေးချင်ပါတယ်။လီကီဆဲဟာ ငယ်ငယ်လေးတည်းက လူရွှင်တော်တစ်ဦးဖြစ်ဖို့ အိပ်မက်ရှိခဲ့ပြီး သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဆိုးလ်မြို့ကြီးကိုတက်လာခဲ့ပါတယ်။ ဒါပေမယ့် အခက်အခဲတွေ၊ မတတ်သာတဲ့အခြေအနေတွေကြုံလာပြီး မွေးရပ်မြေကိုပြန်လာတဲ့အခါမှာတော့ ဖခင်ကြီးရဲ့သေဆုံးမှုကြောင့် သူတို့ဒေသရဲ့အကြီးဆုံးလူမိုက်ဂိုဏ်းကြီးတစ်ခုကို ဆက်ခံဖို့ဖြစ်လာပါတော့တယ်။လူရွှင်တော်အဖြစ် ဘဝကိုဖြတ်သန်းလာတဲ့ လီကီဆဲတစ်ယောက် လူမိုက်ဂိုဏ်းကြီးနဲ့ဘယ်လိုဇယားတွေရှုပ်ပြီး၊ ဘာကိစ္စတွေကိုဖော်ထုတ်မလဲ နှစ်ပေါင်းများစွာနေမှပြန်တွေ့ရတဲ့သူငယ်ချင်းတွေကရော သူ့ကိုဘယ်လိုကူညီကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ကြည့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.5GB } 780MB | 350MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Come Back Home (2022)

2022
Fearless Love (2022)
Fearless Love (2022) Fearless Love (2022)ဘယာနက ကင်းတဲ့ ချစ်ခြင်းသတ္တိ ====================================== ချစ်သူတွေက ဘယ်လိုအကြောင်းအရာတွေကြောင့်လမ်းခွဲကြရတာလဲ ပလွိုင်နဲ့ဒင်ဟာ လက်ထပ်ခွင့်တောင်းရာကနေ လမ်းခွဲပြတ်​ဆဲခဲ့ရတဲ့ချစ်သူတွေပေါ့တစ်နေ့ကျ သူတို့နှစ်ဦးက လက်စွပ်ကုမ္ပဏီတခုအတွက် ချစ်ဟန်ဆောင်ပြီး လက်ထပ်ခွင့်တောင်းရမဲ့ အခန်းသရုပ်ဆောင်ဖို့အကြောင်းဖန်လာတော့တယ် သူတို့နှစ်ဦးပြန်နီးစပ်မဲ့ ဒီကြော်ငြာကိုရိုက်ကူးဖို့ အယုဒ္ဓယဘက်သွားရင်း နည်းပြဘောရီဘွန်နဲ့မတော်တဆဆုံကြတယ် သူတို့၃ဦးက လမ်းခုလပ်တနေရာအရောက် ရွာတခုထဲက ဦးလေးပေါ်ဆီမှာ ဝင်တည်းခဲ့ကြစဥ်မှ‌ာတော့ ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တခုနဲ့အတူကြုံခဲ့ကြရပါတော့တယ်။သူတို့ ၃ဦး ဒီသရဲရန်ကနေလွှတ်မြောက်သွားနိုင်ပါ့မလား သရဲထန်ခွန်ကလည်း ဘာအကြောင်းကြောင့် ပလွိုင်နဲ့ဒင်ကိုလိုက်သတ်နေရတာလဲ သူတို့ရိုက်ကူးမဲ့ ဒီကြော်ငြာကရောပြီးဆုံးသွားနိုင်ပါ့မလား ပလွိုင်နဲ့ဒင်ရဲ့ဇာတ်လမ်းကလည်း ဘယ်အချင်းအရာတွေနဲ့တွယ်ငြိလာမလဲဆိုတာရသစုံပါဝင်တဲ့ Fearless loveမှာ ခံစားချက်အမျိုးမျိုးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance, Horror Quality…. 1080p | 720p | 480p File size… 1.68GB | 897MB | 493MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wuityi Tun Encoder ..... August
movie

Fearless Love (2022)

2022
Beating Heart ( 2022 ) 6.2
Beating Heart ( 2022 ) ဒီတစ်ခေါက် CM ရဲ့ တရုတ်ကားချစ်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရမယ်ဆိုရင် ဂျပန်ကားလေး 1 Litre of Tears နဲ့ ပုံစံချင်းဆင်သလို ရှိတယ်ပြောလို့ရတယ်... ဘာလို့လဲဆိုတော့ ကျန်းရှောင်းယွီဆိုတဲ့ ကောင်မလေးကလည်း အာယာ့ ချန် လိုမျိုုးပဲ ရုတ်တရက်ချော်လဲရာကနေ ဆေးစစ်ဆေးကြည့်ပြီးနောက်မှ ရောဂါပြင်းကြီးဖြစ်နေတယ်ဆိုတာကို သိလိုက်ရတာမလို့ပါ...ရှောင်းယွီလေး ကျောင်းတွင်း မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ထိပ်ဆုံးက ပြေးနေခဲ့ရာကနေ ရုတ်တရက် ချော်လဲသွားပြီး မေ့မြောသွားခဲ့ပါတယ်... ဒီလိုနဲ့ ဆေးရုံကိုလည်းရောက်ရော ဆေးစစ်ချက်က " ဦးနှောက်ကင်ဆာ" တဲ့... ဖြစ်ချင်တော့ ရှောင်းယွီလေး က single mom တစ်ယောက်တည်းအားနဲ့ နေရတဲ့အပြင် လူကြီးရောဂါသည် အဖိုးကလည်း ရှိနေပြန်တော့ သူ့ရောဂါကို ကုဖို့ဆိုတာ သိပ်မလွယ်ကူဘူးပေါ့...ဒီလိုနဲ့ တစ်ဖက်မှာလည်း သူနဲ့ သွေးအမျိုးစားချင်းတူပြီး မွေးရာပါနှလုံးအားနည်းနေတဲ့ ယန်ဇီဆိုတဲ့ ကောင်မလေးလည်း ရှောင်းယွီ အရေးပေါ်ရောက်ချိန်မှာ သူလည်းရောက်လာတာပေါ့.. ယန်ဇီကတော့ ရှောင်းယွီဘဝနဲ့ မိုးနဲ့မြေပေါ့... ဒါပေမယ့် သူလည်း single daddy ရဲ့ သမီးလေးပေါ့... သို့ပေမယ့် သူ့ single daddy က စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်ကြီးဖြစ်နေတာပေါ့... အခု ...
movie

Beating Heart ( 2022 )

Selena Gomez: My Mind & Me (2022) 8.2
Selena Gomez: My Mind & Me (2022) Selena Gomez: My Mind & Me (2022)Selena Gomez ဆိုတဲ့ ကောင်မလေးဟာ ကျွန်တော်တို့ ကလေးဘဝတည်းက Disney ဇာတ်လမ်းတွေ သီချင်းတွေမှာ တောက်လျှောက်မြင်တွေ့ခဲ့ရပြီး ဖန်သားပြင်ကနေလည်း ပျောက်မသွားသူဆိုတော့ ကျွန်တော်တို့နဲ့ အတူတကွကြီးပြင်းလာခဲ့ရသလိုပါပဲ။အနုပညာအလုပ်တွေဟာ စိတ်ဖိစီးမှုများတယ်၊ အလွန်ပင်ပန်းတယ်ဆိုတာ ကျွန်တော်တို့ ခဏခဏမြင်‌နေကြားနေကျပါ။ ဒီတော့ ကလေးလေးဘဝတည်းက အနုပညာရှင်ဖြစ်လာသူ Selenaအတွက်ရော စိတ်ပင်ပန်းမှုတွေ ဘယ်လောက်ရှိနေပြီလဲ။Selenaဟာ အသက်၇နှစ်တည်းက အလုပ်တွေမရပ်မနား လုပ်ခဲ့ရပါတယ်။ အသက်၂၀ကျော်အရွယ် Selena အအောင်မြင်ဆုံးအချိန်မှာပဲ အချစ်ရေးလွန်ဆွဲမှုဟာ သတင်းသမားများရဲ့ ထိုးနှက်စရာဖြစ်လာပါတယ်။ ဘယ်သွားသွားဘာလုပ်လုပ် လူပုံအလယ်မှာ ဒီအကြောင်းတွေချည်း အက်ကြောင်းထပ် အမေးခံရတာပါပဲ။တကယ်တမ်း ကျွန်တော်တို့တွေ အနုပညာရှင်တစ်ယောက် သူတို့အနုပညာလက်ရာတွေကို သဘောကျလို့ အားပေးရာမှာ သူတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကိုရော ဝင်ရောက်စွက်ဖက်ခွင့် ရှိပါရဲ့လား။ ရောဂါရဲ့နှိပ်စက်မှုတွေ၊ သတင်းသမားတွေရဲ့ ထိုးနှက်မှုတွေ အစရှိသဖြင့် နေရာပေါင်းစုံကဖိအားတွေနဲ့ပေါ့။ဒီလိုနဲ့ ကောင်မလေးအအောင်မြင်ဆုံးဖြစ်နေချိန်မှာ မှောင်အတိပြီးတဲ့ ချောက်နက်ထဲကို ...
movie

Selena Gomez: My Mind & Me (2022)

2022
An Organized Killer (2022)
An Organized Killer (2022) An Organized Killer (2022)ဂရေ့စ်နဲ့ဂျိမ်းစ်တို့ဟာ အိမ်ထောင်ရေးသက်တမ်းတစ်ခု ကြာမြင့်ပြီးတော့မှ အဆင်မပြေမှုတွေကြောင့် ပူပူနွေးနွေးကွာရှင်းထားတဲ့ ဇနီးမောင်နှံဖြစ်ပြီး ချာလီလို့ခေါ်တဲ့ ၁၆ နှစ်သမီးလေးတစ်ယောက်ရှိပါတယ်။ဂရေ့စ်ဘက်ကတော့ ဂျိမ်းစ်ကို ဖောက်ပြန်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ခါးသီးနေခဲ့ပေမယ့် ဂျိမ်းစ်ဘက်ကတော့ ပြန်ပေါင်းထုတ်ဖို့လိုလားနေတာပေါ့။ဒီလိုနဲ့ တရားဝင်ကွာရှင်းပြီး ပိုင်ဆိုင်မှုတွေခွဲဝေပြီးချိန်မှာ ဂရေ့စ်နဲ့ချာလီတို့ အိမ်အကြီးကြီးထဲမှာ ၂ ယောက်တည်းနေရဖို့ဖြစ်လာလေတော့ သူငယ်ချင်းတွေရဲ့တိုက်တွန်းချက်နဲ့အတူ သူတို့မိသားစုထဲကိုဝင်ရောက်လာတဲ့ အိမ်ငှားလစ်လစ်သ်ဂျုန်းစ်နဲ့ သကြားမေမေဂရေ့စ်ရဲ့ပူပူနွေးနွေး ရည်းစားအသစ်လေး အဲလက်စ်..... ဒီလူ ၂ ယောက်က ဂရေ့စ်တို့ရဲ့ အဖုအထစ်များနေတဲ့ အိမ်ထောင်ရေးကို ဘယ်လိုပြဿနာတွေ သယ်ဆောင်လာမလဲ။ ဂရေ့စ်အကြောင်းတွေအကုန် စုံစမ်းပြီးရောက်လာတဲ့ အကြံသမားလစ်လစ်သ်ရဲ့ ပစ်မှတ်က ဘာများဖြစ်မလဲ။ နဂိုထဲကအဆင်မပြေဖြစ်နေတဲ့ ဂရေ့စ်တို့အိမ်ထောင်ရေးကရော ပြန်အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့....တစ်ခါတစ်လေမှာတော့ ကိုယ့်ရှေ့တည့်တည့်မှာရပ်နေတဲ့ရန်သူထက် နောက်ကျောဓားထိုးမယ့်မိတ်ဆွေက ပိုပြီးကြောက်စရာကောင်းပါတယ်ဆိုတဲ့အချက်လေးကို ရိုက်ပြထားတဲ့ An Organized Killer ဆိုတဲ့ဒီရုပ်ရှင်လေးဟာ ကြည့်ရှုသူပရိတ်သတ်အတွက် တွေးစရာတစ်ခုရသွားစေမှာ အသေအချာပါပဲ။အညွှန်း နဲ့ ဘာသာပြနကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Romance Quality…. 1080p | 720p | 480p File size… ...
movie

An Organized Killer (2022)

Aloners (2021) 6.8
Aloners (2021) Aloners (2021)Aloners ဆိုတဲ့ကားလေးကတော့ 2021 မှာထုတ်လွှင့်ထားတဲ့ Rating 6.8/10 ရရှိထားတဲ့တစ်ကိုယ်တည်းသမားတွေရဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာဆိုရင်တော့ Aloners ဆိုတဲ့ခေါင်းစဥ်လေးအတိုင်း တစ်ကိုယ်တည်းသမားတွေရဲ့ဘဝ ခံစားချက်ကိုဖော်ပြထားတာဖြစ်ပါတယ်ဂျီနာဆိုတဲ့မိန်းကလေးဟာ credit card နဲ့ပတ်သက်တဲ့ Call-center ကအရည်အချင်းရှိတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တယ် ဒါပေမယ့်လည်းသူကတစ်ခြားသူတွေနဲ့ရင်းရင်းနှီးနှီးနေရတာကိုမကြိုက်ပဲသူတစ်ယောက်တည်းပဲနေလေ့ရှိတယ်အဲလိုနဲ့ဝန်ထမ်းအသစ်ကောင်မလေးနဲ့ဆုံမိတဲ့အခါမှာတော့ သူ့ရဲ့ခံစားချက်တွေကအရင်လိုပဲတစ်ယောက်တည်းပဲဆက်ဖြစ်နေဦးမလား ဒါမှမဟုတ်ပြောင်းလဲသွားမလားဆိုတာကြည့်ရှူလိုက်ရအောင်ပါနော်အညွှန်း နဲံ ဘာသာပြန်ကတော့ Yong Hom ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.1GB | 457MB | Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Yong Hom Encoder ..... August
movie

Aloners (2021)

2021
Clerks III (2022) 6.4
Clerks III (2022) Clerks III (2022)IMBb - 6.6ဒန်တီနဲ့ ရန်ဒယ်တို့ Clerks III နဲ့အတူ ပြန်လာပါပြီ Clerks III မှာတော့ ဒန်တီတို့က Quick Stop စတိုးဆိုင်ပိုင်ရှင်တွေ ဖြစ်နေကြပါပြီတစ်နေ့တော့ အဲလိုင်းယက်စ်နဲ့ ငြင်းရင်းခုံရင်းကနေ ရန်ဒယ်တစ်ယောက် နှလုံးဖောက်ပြီး ဆေးရုံရောက်သွားပါတယ်သေမင်းခံတွင်းဝကနေ လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ ရန်ဒယ်က မဟာစိတ်ကူးကြီးတစ်ခုကို အကောင်အထည်ဖော်ဖို့ လုပ်ပါတော့တယ် အဲဒီ မဟာစိတ်ကူးကြီးကတော့ သူ့ဘဝအကြောင်းကို ဇာတ်ကားရိုက်ဖို့ပါQuick Stop စတိုးဆိုင်မှာ ဒန်တီနဲ့ သူကြုံခဲ့တဲ့ ကိစ္စတွေကို သူကိုယ်တိုင် ဇာတ်ညွှန်းရေး ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင်ပါတော့တယ်ရန်ဒယ်ရဲ့ ဇာတ်ကားက သူနဲ့ ဒန်တီအကြောင်း ရိုက်ထားတာဖြစ်လို့ ပြီးခဲ့တဲ့ Clerks I နဲ့ Clerks II တို့ရဲ့ရိုက်ကွင်းတွေကို ကြည့်နေရသလို ခံစားရမှာပါClerks ကားတွေရဲ့ ထုံးစံအတိုင်း ပြောင်မြောင်လှတဲ့ ဒိုင်ယာလော့ခ်တွေကြောင့် ခွီလည်း ခွီနေရမှာပါClerks I, Clerks II နဲ့ ...
movie

Clerks III (2022)

2022
Coffin Homes (2021) 5.2
Coffin Homes (2021) Coffin Homes (2021)ဟောင်ကောင်ကားတွေဆိုရင် ပေးချင်တဲ့ messageကို ဘဝအမောပြေအောင် ရယ်စရာလေးတွေနဲ့ ပညာသားပါပါရောစပ်တဲ့နေရာမှာ နာမည်ကြီးပါပဲ။ အခုကားလေးကတော့ ဒီလိုရောစပ်တဲ့နေရာမှာ ကျွမ်းကျင်ပြီးသား Director ကြီး Fruit Chan ရဲ့ ခေါင်းတလားတိုက်ခန်းများဆိုတဲ့ ကားလေးပါ။‌အိမ်ခြံမြေဈေးတွေ အဆမတန်ထောင်တက်နေတဲ့ ဟောင်ကောင်လိုနေရာမှာ လူတစ်ယောက် ကျောတစ်ခင်းစာနေရာရဖို့အတွက် တိုက်ခန်းအကန့်‌လေးတွေကို ဈေးကြီးပေးပြီး ဝယ်ကြရပါတယ်။ ဒီလိုနဲ့ လူတွေဟာ သက်သာရာရှာရင်း တစ်ကွေ့မှာတော့ နာနာဘာဝတွေနဲ့ ဆုံကြရတော့တာပါပဲ။တိုက်ခန်းပိုင်ရှင်တွေရဲ့ ဈေးကစားမှုတွေ၊ ပေါပေါပဲပဲရနိုင်တဲ့ လူသေထားတဲ့ အခန်းတွေကိုဝယ်၊ အခန်းတွေထဲမှာ အခန်းပိစိတွေကန့်ပြီး ငှားစားကြတဲ့ကြားက အိမ်ငှားတွေနဲ့ အခန်းထဲက မကျွတ်မလွတ်သရဲတွေ ဘယ်လိုအတူယှဉ်တွဲနေထိုင်ကြမလဲဆိုတာကို အိမ်ခြံမြေအကျိုးဆောင်ဘက်၊ ငှားစားတဲ့အိမ်ရှင်ဘက်နဲ့၊ ဗီလာပိုင်ရှင်မိန်းမကြီးဘက် စတဲ့ ရှုထောင့်သုံးမျိုးကနေကြည့်ရှုရမှာပါ။Far East Flim Festival 2021 မှာ ပြသခွင့်ရတဲ့ Fruit Chan ရဲ့လက်ရာ၊ ဟာသနဲ့ Horror ရောထားတဲ့ ဇာတ်လမ်းလေးကိုကြည့်ပြီး ဟောင်ကောင်လူမှုဝန်းကျင်ကို တစ်ချက်လောက်မြည်းစမ်းကြည့်လိုက်ပါဦးလို့...အညွှန်း နဲ့ ဘာသာပြန်ကတော့ Aegi Xue ပဲ ဖြစ်ပါတယ်။Genre.....Comedy, Horror Quality…. ...
movie

Coffin Homes (2021)

2021
Critical Eleven (2017) 7.2
Critical Eleven (2017) Critical Eleven (2017)၂၀၁၇ ခုနှစ်တုနးက ထွက်ရှိထားတဲ့ အင်ဒို အချစ်အိမ်ထောင်ရေး ဇာတ်ကားကောင်ုးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကတော့ လေယာဉ်ပေါ်မှာ ဆုံတဲ့ ဖူးစာ လို့ ပြောရမှာပါပဲ။ အယ်လီဆိုတဲ့အမျိုးသားနဲ့နှင့် အာဉာဏ်လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဟာ Jakarta ကနေ Sydney ကို သွားတဲ့လေယာဉ်ပေါ်မှာပထမဆုံးတွေ့ဆုံကြပါတယ်။ မြင်မြင်ချင်းအချစ်လို့ခေါ်ရမလိုပဲ သူတို့တစ်ယောက်ကိုတစ်ယောက်‌ လေယာဉ်‌ပေါ်မှာတင်ချစ်သွားကြပါတယ်။အဲဒီနောက်မှာ‌ေတာ့ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိလာပါတယ်။ ဘ၀ဆိုတာ အမြဲတမ်း‌ေဖြာင့်ဖြူး‌ေနတာမဟုတ်ပါဘူး အချိုးအကွေ့အလှည့က်အ‌ေပြာင်းဆိုတာရှိပါတယ်။ တစ်‌နေ့မှာတော့ သူတို့နှစ်ယောက်ရဲဆက်ဆံရေးကို သွေးတိုးစမ်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ပေါ်ပေါက်လာပါတာ့တယ်။ အဲဒီ ဖြစ်ရပ်ဆိုးရဲ့ နောက်ကွယ်မှာ ဘာတွေ ဆကဖြစ်မယ် ဆိုတာတော့ ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin Yati Ko ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.75Gb | 982MB | 547MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle ...
movie

Critical Eleven (2017)

Green in my Heart (2020)
Green in my Heart (2020) Green in my heart (2020)Green in my heartဆိုတဲ့ Drama လေးကတော့ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ မင်းသမီးဟာ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး မင်းသားကတော့ မင်းသမီးရဲ့သူငယ်ချင်းလည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်ဆိုလည်းဟုတ်ပါတယ်။ သူငယ်ချင်းဆက်ဆံရေးကနေ ချစ်သူဘဝကို အဆင့်တက်လိုက်ရင် ကြုံလာရမယ့်ပြဿနာတွေကိုတွေးပူပြီး သူငယ်ချင်းဆက်‌ဆံရေးကိုပဲ ထိန်းထားချင်တဲ့ မင်းသမီးနဲ့ ချစ်သူဘဝကို အဆင့်တက်ချင်တဲ့မင်းသား သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားမလား သူငယ်ချင်းအနေနဲ့ပဲ ဆက်ရှိနေမလားဆိုတာ‌ ဒီဇာတ်လမ်းလေးထဲမှာ ရိုမန့်တစ်ဆန်ဆန် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Jaung Min Soe ပဲ ဖြစ်ပါတယ်။Genre..... Romance, Drama Quality…. 1080p | 720p | 480p File size… 824MB | 346MB | 152MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jaung Min Soe Encoder ...
movie

Green in my Heart (2020)

2019
R.I.P.D. 2: Rise of the Damned (2022)
R.I.P.D. 2: Rise of the Damned (2022)  2013 တုန်းက RIPD ရုပ်ရှင်ကို ကြည့်ဖူးသူကြည့်ဖူးမှာပါ။ Deadpool မင်းသားနဲ့ ရိုက်ထားတဲ့ကားရှိပါတယ်။ မကြည့်ဖူးသေးရင်လည်း ချန်နယ်မြန်မာမှာ တင်ထားပါတယ်။ အခုကားကတော့ အဲဒီ ၂၀၁၃ ကားရဲ့ ခေတ်မတိုင်ခင် ၁၈ ရာစု ကောင်းဘွိုင်ခေတ်က ရွိုင်ရဲ့ မူလဇာတ်လမ်းပါ။ ဒီတော့ ဓာတ်ဘူးမင်းသား ရိုင်ရန်ရေးနိုးတော့ မပါတော့ပါဘူး။ဒါပေမဲ့ RIPD 1 လိုပဲ အတော်လေး ကောင်းပါတယ်။ ကောင်းဘွိုင်ခေတ်အရသာတစ်မျိုးပေါ့။ ဇာတ်လမ်းအကျဉ်း ရွိုင်ဆိုတဲ့ ရဲမှူးတစ်ယောက်ဟာ ရထားတွဲကို လာတိုက်တဲ့ ဓားပြတွေကို ပြန်တိုက်ရင် သေသွားခဲ့ပါတယ်။ သူသေသွားပြီးတော့ ကောင်းကင်ဘုံနဲ့ငရဲကိုမရောက်ခင် RIPD ကိုရောက်သွားပါတော့တယ်။RIPDကတော့ငရဲပြည်ကနေထွက်ပြေးလာပြီးလူ့ပြည်မှာ သောင်းကျန်းနေတဲ့ ဝိညာဉ်တွေကို ဖမ်းဆီးနှိမ်နင်းရတဲ့ တမလွန်ရဲဌာနတစ်ခုပါပဲ။ ဒီရုပ်ရှင်မှာလည်းငရဲကနေ လွတ်လာတဲ့ ငရဲပြေးတစ်သိုက်ဟာ ငရဲတံခါးကိုဖွင့်ပြီး ငရဲကျဝိညာဉ်တွေအကုန်လုံးကို ကမ္ဘာကြီးထဲကိုဆွဲခေါ်ပြီး ကမ္ဘာကိုအုပ်စိုးဖို့ ပြင်ဆင်နေကြတာကို RIPD ရဲ့ အေးဂျင့်နှစ်ယောက်က ဘယ်လိုတားဆီးမလဲဆိုတာ တွေ့ရမှာပါပဲ။ ...
movie

R.I.P.D. 2: Rise of the Damned (2022)

Dangerous Game: The Legacy Murders (2022)
Dangerous Game: The Legacy Murders (2022) Dangerous Game : The Legacy Murders (2022)"Escape Movies" တွေကိုကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားလာပါပြီ။"Dangerous Game: the Legacy Murders" ဆိုရင် ကွင်းဆက်လူသတ်သမားအပြင် မျိုးဆက်လူသတ်သမားများလို့ပါပြောလို့ရပါတယ်။ အယ်လီဆန်ဆိုတဲ့အဖိုးကြီးက တစ်ချိန်တုန်းက ကဒိတ်ဒိတ်ကြဲစီးပွားရေးသမားဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ ဝှီးချဲပေါ်က ထမရတဲ့ လူအိုကြီးတစ်ယောက ဖြစ်နေပါပြီ။ သူက သူ့သားထဲက ကိုင်လ်က သူ့ရဲ့အမွေအနှစ်တွေစီးပွားရေးလုပ်ငန်းတွေကိုခိုးသွားတဲ့ သူခိုးကောင်ဆိုပြီး စွပ်စွဲပါတယ်။ နောက်တော့ ကျွန်းတစ်ကျွန်ပေါ်မှာအိမ်ကြီးဆောက်ပြီး သူ့အိမ်တော်ထိန်းနဲ့နှစ်ယောက်ထဲနေပါတယ်။ သားနှစ်ယောက်ကလဲ နားအေးရင်ပြီးရော ဆိုပြီး လွှတ်ထားကြပါတယ်။ တစ်နေ့တော့အဖိုးကြီးက သူ့သားနှစ်ယောက်နဲ့မြေးတွေကို သူ့မွေးနေ့အတွက်ကျွန်းပေါ်ကိုလာဖို့ဖိတ်ခဲ့ပါတယ်။ အဲဒီညမှာ ဘယ်သူ့ဆီကမှန်းမသိတဲ့ ဘုတ်ပြားဂိမ်းရောက်လာပါတယ်။ ဂိမ်းက လူသတ်သမားကိုရှာရမယ့်ဂိမ်းဖြစ်ပြီး သူတို့ထဲကတစ်ယောက်သာအသက်ရှင်ကျန်မှာပါ။ လူသတ်သမားကဘယ်သူဖြစ်မလဲ။ အဖိုးကြီးလား။ သူ့သားကိုင်လ်ပဲလား။ မျိုးဆက်လူသတ်သမားများဆိုတဲ့အတိုင်း ဒီဇာတ်လမ်းကို အပြင်မှာတကယ်ရှိခဲ့တဲ့ အမေရိကန်ရဲ့ပထမဆုံးကွင်းဆက်လူသတ်သမားနဲ့လဲ ချိတ်ဆက်ဖန်တီးထားတာမို့ စိတ်ဝင်စားစရာ "Escape Movie" ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… ...
movie

Dangerous Game: The Legacy Murders (2022)

2022
[18+] Kara Krus (2022)
[18+] Kara Krus (2022) Kara Krus (2022)အန်ဒယ်လာဟာ သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ သူ့အပေါ် အရိပ်အကဲကြည့် အလိုလိုက် အောင်မြင်တဲ့ရှေ့နေ ခင်ပွန်းသည်၊ ချစ်စဖွယ်သမီးငယ်လေးနဲ့ အတူနေမိခင်တို့ကြောင့် သူ့ဘဝမှာ လိုလေသေးမရှိဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် ဘယ်သူမှမသိပဲ အန်ဒယ်လာတစ်ယောက်တည်း ရင်ဆိုင်နေရတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ ဘယ်သူမှအနားမရှိချိန်မှာ ရောက်လာတတ်တဲ့ လယ်နာဆိုတဲ့ သူနဲ့ တစ်ထေရာတည်းတူတဲ့ မိန်းမငယ်တစ်ယောက်ပါပဲ။လယ်နာဟာ သူသတိလွတ် မိန်းမောချိန်တွေမှာ သူ့ခန္ဓာကိုယ်ကို ဝင်ရောက်ပြီး ကလပ်တက် လျှောက်သွား ယောက်ျားတကာနဲ့ ပျော်ပါးတာမျိုးတွေ လုပ်တတ်ပါတယ်။ အဆိုးဆုံးအချက်ကတော့ သူနဲ့ဆက်ဆံပြီးတဲ့ယောက်ျားတွေကို မထင်ရင်မထင်သလို သတ်ပစ်တဲ့အထိ သောင်းကျန်းတာပါပဲ။ ဒါတွေကို သူအမျိုးမျိုးဟန့်တားပေမယ့် မအောင်မြင်ပဲ တစ်နေ့မှာတော့ လယ်နာက ဒီလိုတစ်လှည့်စီမနေနိုင်တော့ပဲ သူ့ခန္ဓာကိုယ်ကိုအမြဲတမ်းအပိုင်စီးတော့မှာဖြစ်ကြောင်း ခြိမ်းခြောက်လာပါတော့တယ်။လယ်နာဟာ သူ့အနားမှာစွဲကပ်နေတဲ့ မကျွတ်လွတ်တဲ့ ဝိညာဉ်တစ်ခုလား...? ဒါမှမဟုတ် သူ့ကိုယ်တိုင်ရဲ့စရိုက်ခွဲတစ်ခုလား...? အတိတ်ရဲ့ခြောက်လှန့်မှုတစ်စုံတစ်ရာများလားဆိုတာ‌တော့ ကိုယ်တိုင်ပဲ ခန့် "မှန်း" ရင်း ဆက်လက်အဖြေရှာလိုက်ကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias ...
movie

[18+] Kara Krus (2022)

2022
Tadka (2022) 7.2
Tadka (2022) Tadka 2022ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ အသစ်စက်စက် အိန္ဒိယ အချစ်ဟာသကားလေးပါ... အချစ်တော် "တာ့ပ်ဆီး"လေးလဲပါတယ်ဆိုတော့ ပရိသတ်ကြီးကြိုက်ကြမယ်ထင်ပါတယ်..... ဇာတ်လမ်းအညွှန်းလေးကတော့ တူကာရမ်(Nana Patekar)က အစားအသောက်တွေကိုနှစ်သက်တဲ့ ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ပြီး လူပျိုကြီး တစ်ကိုယ်တည်းသမားပေါ့.. မဒူရား (Shriya Saran)ကတော့ ရေဒီယိုတင်ဆက်သူတစ်ဦးဖြစ်ပါတယ်တစ်နေ့မှာတော့ မဒူရာနဲ့ ဖုန်းမှားခေါ်မိရာက လေလှိုင်းထဲကနေတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် သဘောကျမိသွားကြပါတယ်.. ကိုလူပျိုကြီးတူကာရမ်ကတော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပါပဲ ဖုန်းထဲမှာတော်ကီတွေလွှတ်ပစ်ပြီး ချုပ်တာပေါ့..ဒါပေမယ့်တကယ်တမ်းလူချင်းတွေ့ကြမယ်ဆိုတော့ မထုံတက်တေးနဲ့မထော်မနမ်းတွေလုပ်မိမှာလဲစိုး..ဒီလိုနဲ့ တူကာရမ်ရဲ့တူဖြစ်သူ ခပ်နောက်နောက်လူငယ်လေး ဆစ် (Ali Fazal) နဲ့ အရမ်းဟော့တဲ့ နီကိုလ် ( Taapsee)တို့က လူအစားဝင်ပြီးတွေ့ကြတဲ့အချိန်မှာ နီကိုလ်းရဲ့အလှမှာမျောသွားတဲ့ ဆစ်က အရွယ်ချင်းကွာတယ် အဆင်မပြေဘူးဘာညာပေါ့...ကိုလူပျိုကြီးတူကာရမ်ရဲ့ ကြီးမှဝက်သက်ပေါက်ရတဲ့အချစ်ဇာတ်လမ်းမှာ သူတို့လေးယောက်ဘယ်လိုတွေများ မီးစင်ကြည့် ကကြမလဲဆိုတာ ကြည့်ရင်းရယ်ရင်းနဲ့ပဲ ဆက်လက်အားပေးလိုက်ကြပါဦး.... File size…1.94GB / 938MB Quality…1080p True HD / 720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Taylor ~ Thet Ko
movie

Tadka (2022)

2022
Kingslayer (2022) 4.1
Kingslayer (2022) Kingslayer (2022) ==============အင်္ဂလန်ပြည်ကြီးရဲ့ မင်းသားတစ်ပါး ဖြစ်တဲ့ ရစ်ချတ်ဟာ ရှေးအစဉ်အလာတွေနဲ့ ဆန့်ကျင်ပြီး မြင်းဇောင်းက အစေခံမလေး လီယာနဲ့ ချစ်ကျွမ်းဝင်နေသူပါ။ ဖခင်ဖြစ်သူ ဒုတိယမြောက် ဟင်နရီ ဘုရင်ကြီး နတ်ရွာစံပြီးတဲ့နောက် ရစ်ချတ်ဟာ အင်္ဂလန်ပြည်ရဲ့ ထီးနန်း ကို ဆက်ခံဖို့ ဖြစ်လာပါတယ်။လီယာကို တမ်းတမ်းစွဲဖြစ်နေတဲ့ ရစ်ချတ်ဟာ နန်းတက်ပွဲ မတိုင်ခင် နှစ်ရက်အလိုမှာ Kingswood လို့ခေါ်တဲ့ တော်ဝင်မျိုးနွယ်တွေပဲ အမဲ လိုက်ခွင့်ရှိတဲ့ တောအုပ်ထဲမှာ ချစ်သူ လီယာနဲ့ ချိန်းတွေ့ပြီး ချစ်ကြည်နူး ကြပါတော့တယ်။ ထီးနန်းကိုချောင်းနေတဲ့ ရစ်ချတ်ရဲ့ ညီဖြစ်သူ ဂျွန်က အဲဒီအခွင့်အရေးကို အမိအရ အသုံးချပြီး Kingswood တောအုပ်ထဲ ကြေးစားတွေလွှတ်ပြီး ရစ်ချတ်ကို အပြတ်ရှင်းဖို့ ကြံစည်တဲ့အခါမှာတော့။ 1189 ခုနှစ်ကနေ 1199 ခုနှစ်အထိ အင်္ဂလန်ပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ Lionheart လို့ အမည်တွင်ခဲ့တဲ့ ပထမမြောက် ရစ်ချတ်ဘုရင်ရဲ့  Kingswood တောအုပ်ထဲက စွန့်စားခန်းတွေကို ရှုစားကြရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Roman NoX ဖြစ်ပါတယ်)File Size..........(1.7 GB) ...
movie

Kingslayer (2022)

2022
Million Dollar Man (2018) 5.4
Million Dollar Man (2018) Million Dollar Man (2018) ====================== (Kenshin နဲ့ Death Note ထဲက ဇာတ်လိုက်ခေါင်းဆောင်မင်းသား နှစ်လက်ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေး လာပါပြီ)ထီဆုကြီးပေါက်ရင် ဘာလုပ်ချင်လဲ။ဇိမ်ခံပစ္စည်းတွေဝယ်ချင်လား။ ရှိသမျှမုန့်တွေ လျှောက်ဝယ်စားချင်လား။ အပန်းဖြေခရီးတွေထွက်ပြီး အေးဆေးနှပ်ချင်လား။ကျွန်တော်တို့ဘဝမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ ထီပေါက်ရင်ဆိုတဲ့ အိပ်မက်ကိုမက်ပြီး စိတ်ကူးနဲ့ ရူးခဲ့ရတဲ့အချိန်တွေ ရှိခဲ့ကြမှာပါ။တွေးကြည့်ရင် ငွေဆိုတဲ့ဘုရားက လူသားတွေကို အမျိုးမျိုးစေခိုင်းနိုင်တာနော်။ တစ်ဘဝလုံး ငွေနောက်ကိုပဲလိုက်ရင်း ဘဝပျော်ရွှင်မှုအစစ်အမှန်က ဘာလဲဆိုတာမသိတော့တဲ့သူတွေ၊ "ငွေ"ဆိုတဲ့ အဆုံးအစ မရှိတဲ့ ကိန်းဂဏန်းတန်ဖိုး သတ်မှတ်ချက်တွေအတွက် ပျော်တော်ဆက်ရင်း ဘဝနေဝင်သွားကြတဲ့သူတွေကို တွေ့မိတဲ့အခါမျိုးမှာ ခဏတာသံဝေဂရမိပေမယ့် သူနဲ့ကင်းကွာပြီးမနေနိုင်ပြန်တော့ ဒီငွေနတ်ဘုရားရဲ့ ကျေးကျွန်ဘဝနဲ့ထာဝရ ခြေချုပ်မိနေကြတာပေါ့။အခု ဒီကားထဲက ဇာတ်လိုက်ကတော့ အကြွေးနွံထဲ နစ်မွန်းနေတဲ့ဘဝကနေ (ယန်း)သန်း ၃၀၀ ထီဆုကြီးထပေါက်ပြီး ဒီငွေကိုဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံးအသုံးချရမလဲဆိုတာ သူ့အချစ်ဆုံးသူငယ်ချင်းဆီ သွားတိုင်ပင်ပြီးနောက် နှစ်ယောက်သား ပါတီပေးအောင်ပွဲခံကြပြီး နောက်နေ့မနက်နိုးလာချိန်မှာတော့ သူ့ သူငယ်ချင်းနဲ့အတူ ထီပေါက်တဲ့ငွေတွေပါမရှိတော့ကို သိလိုက်ရပါတယ်။နေ့ချင်းညချင်း မီလျံနာဘဝက သုညဘဝကို ပြန်ရောက်သွားတော့မယ့့် အခြေအနေမှာ အပူတပြင်း သန်း ၃၀၀ ရှာပုံတော်ဖွင့်ရင်း ခရီးစဥ်တစ်လျှောက်မှာ လူမျိုးမျိုးနဲ့ တွေ့ခဲ့ရပြီးနောက် ငွေဆိုတာဘာလဲဆိုတဲ့ ...
movie

Million Dollar Man (2018)

2018
Sheep Without a Shepherd (2019) 6.8
Sheep Without a Shepherd (2019) Sheep without a Shepherd (2019)Sheep without a shepherd ရုပ်ရှင်ခေါင်းစဉ်က ထူးထူးဆန်းဆန်းပါလားပေါ့။ တရုတ်ကားတို့ထုံးစံအတိုင်း အင်္ဂလိပ်နာမည်ကိုကြုံသလိုပေးမိတယ်ထင်တာ။ ဒါပေမဲ့လည်း Drshym ကို remake ပြန်ရိုက်ထားတာဆိုတော့ ဘယ်လိုမျိုးလဲသိချင်ခဲ့မိပါတယ်။ ရုပ်ရှင်ကိုအစအဆုံးကြည့်ပြီးသွားတော့ ဘာလို့အဲ့ဒီလိုပေးဖြစ်ခဲ့လဲဆိုတာ ခံစားမိသွားခဲ့ပါတယ်။ ပိုထူးခြားတာက remake လို့မထင်ရလောက်အောင်ကို တကယ်ကောင်းတဲ့ကားလေးတစ်ကားလို့ ထင်မိပါတယ်။ဒီကားလေးထဲမှာ သိုးနဲ့ပတ်သက်တဲ့စကားလေးနှစ်ခွန်းပါပါတယ်။ ပထမတစ်ခွန်းက မျက်စိမှုန်တဲ့သိုးလေးတွေက အကောင်ကြီးတွေစားတာကိုခံရတယ်တဲ့။ ဒုတိယတစ်ခွန်းက သိုးလေးတွေက စားစရာသာပေးထားရင် သူတို့သိုးမွှေးတွေကိုရိတ်ပစ်လည်း ဂရုမစိုက်ပါဘူးတဲ့။ အန္တရာယ်ကိုကြိုမမြင်နိုင်ဘူးပေါ့။ အဲ့ဒါကြောင့် သိုးလေးတွေကဖြူစင်သလို သနားဖို့လည်းကောင်းပါတယ်။ ပြီးတော့ သူတို့ကိုစောင့်ရှောက်ပေးဖို့ သိုးထိန်းကောင်းတစ်ယောက်လည်း လိုအပ်ပါတယ်။လီဝေကျယ်ဆိုတဲ့ ရုပ်ရှင်ရူးအင်တာနက်ပိုင်ရှင်ဆီမှာ ဖိန်ဖိန်ဆိုတဲ့ သမီးလေးရှိပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတို့ထုံးစံအတိုင်း အိမ်မှာအဖေနဲ့သိပ်မတည့်ကြပါဘူး။ သူတို့မိသားစုကို ၁၈၀ ဒီဂရီပြောင်းလဲသွားအောင် လုပ်လိုက်တာကတော့ ဖိန်ဖိန်ရဲ့နွေရာသီစခန်းလေးပဲဖြစ်ပါတယ်။အရွယ်နုနယ်တဲ့သိုးငယ်လေး ဖိန်ဖိန်လေးကတော့ သိုးထိန်းမရှိတဲ့အချိန် နွေရာသီစခန်းမှာ လူငယ်သဘာဝအတိုင်း မှားခဲ့မိရာကနေ ချန်ပန်းတစ်မြို့လုံး အုတ်အုတ်သဲသဲဖြစ်သွားတဲ့အထိ ပြဿနာတွေကြီးမားသွားခဲ့ပါတယ်။ ဖိန်ဖိန်ကို ကျူးလွန်စော်ကားတဲ့သူက တစ်ခြားသူမဟုတ်ဘဲ ရဲမှူးကြီးရဲ့သားဖြစ်နေတော့ သာမာန်ပြည်သူတစ်ယောက်နဲ့ အာဏာပိုင်ရဲအရာရှိတို့ကြား လွန်ဆွဲမှု၊ ဉာဏ်ကစားမှုတွေကို စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ။အညွှန်း နဲ့ ...
movie

Sheep Without a Shepherd (2019)

2019
Weird: The Al Yankovic Story 7.5
Weird: The Al Yankovic Story Weird The Al Yankovic Story (2022)ဒီ movie genre ကတော့တော်တော်ထူးခြားတယ်ပြောရမယ်။ Biography ကိုမှ ဟာသပြုထားသရော်ထားတဲ့ Biography Parody အမျိုးအစားပါ။ ဒီတော့ဘယ်သူ့ Biography လဲမေးရင် တစ်ခေတ်တစ်ခါက parody songs တွေရဲ့ဘုရင်ကြီး Weird Al ရဲ့Biography ပါပဲ ဒီဟာသပြုအထုပ္ပတ္တိကို Weird Al ကိုယ်တိုင်ပူးတွဲရေးသားထားပြီး သရုပ်ဆောင်တာကလဲထူးထူးခြားခြားဇာတ်လမ်းတွေသရုပ်ဆောင်နေကျ အားလုံးအချစ်တော်ဟယ်ရီပေါ်တာမင်းသားဆိုတော့ တကယ့်ကြည့်ကောင်းတဲ့ဇာတ်လမ်းပါပဲ။ အဆိုကျော်ကြီးတစ်ယောက်ရဲ့ အထုပ္ပတ္တိကိုကြည့်ရမယ့်အပြင် ဟာသပြုထားတော့သာမန်အထုပ္ပတ္တိဇာတ်လမ်းတွေလိုပျင်းစရာလဲမကောင်းတော့ဘူးပေါ့။ ဒါက Weird Al ဘဝဖြစ်ရပ်မှန်နဲ့ဇာတ်လမ်းပြန်ဖန်တီးထားတယ်ဆိုတော့ ဒါကြည့်ပြီးရင်တော့ဘယ်အချက်တွေကများအမှန်လဲဆိုပြီး သိချင်စိတ်နဲ့ အားလုံး ဂူဂဲလ်ရောက်သွားကြမှာသေချာတယ်ဗျာ။ဒီဇာတ်လမ်းမှာ ပေါ့ပ်ကွင်းမက်ဒေါနားနဲ့အချစ်ဇာတ်လမ်းပါပါသေးတာမို့ Weird Al ပြောတာက လက်ရှိသူ့နာမည်နဲ့ပတ်သက်ပြီး ဂူဂဲမှာအရှာဖွေဆုံးက သူနဲ့မက်ဒေါနားတကယ်ပတ်သက်ခဲ့သလားဆိုတာပါပဲဆိုတော့ အမြန်ကြည့်ပြီး ဂူဂဲလ်မှာအမြန်သာပြေးရှာလိုက်ကြပါတော့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Music Quality…. 1080p | 720p | 480p File size… 1.6GB | 863MB | 465MB Format… mp4 Duration…. 1h ...
movie

Weird: The Al Yankovic Story

2022
Microhabitat (2017) 7.4
Microhabitat (2017) Microhabitat ( 2017 ) ----------------------------အိမ်မဟုတ်တောင် လူတစ်ယောက်အတွက် နေစရာ အမိုးတစ်ခု အကာတစ်ခုနဲ့ နေရာတစ်ခုတော့ အနည်းဆုံးရှိဖို့က မရှိမဖြစ်ပေါ့။ မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ အမိုးတစ်ခု အကာတစ်ခုထက် ပိုပြီးလုံခြုံတဲ့နေရာတစ်ခု လိုလိမ့်မှာပဲ။ အစစအရာရာဈေးတွေတက်လာပြီး လခတွေမတက်လာတဲ့အခါကျတော့ နေဖို့ထိုင်ဖို့တင် တော်တော်များများသုံးလိုက်ရတဲ့အခါ တခြားကိုယ်နှစ်ခြိုက်တဲ့အရာတွေကို လျှော့ချရဖို့ဖြစ်လာတယ်။စီးကရက်ဟာ ဈေးတက်တဲ့ခေတ်မှာ ဇိမ်ခံပစ္စည်းပါပဲ။ စီးကရက် တစ်နေ့တစ်ဘူးကို တစ်လစာစုလိုက်ရင် အိမ်ငှားခတစ်လစာလောက်ရှိတယ်။ အကုန်ဈေးတက်လာပြီး နေဖို့စားဖို့နဲ့တင် ရသမျှကုန်တဲ့အခါကျ စီးကရက်တို့ ဝီစကီတို့ကို လျှော့တာလို့ ဖြတ်တာတို့ လုပ်ရမယ့် အခြေအနေဆိုက်သွားပါလိမ့်မယ်။Microhabitatထဲက "မီဆို" ကတော့ စီးကရက်နဲ့ ဝီစကီကို ဖြတ်မယ့်အစား အိမ်နဲ့မနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ သူက အရင်က သူ့ဆီလာနေခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အိမ် တစ်အိမ်ပြီး တစ်အိမ်သွားနေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နှစ်တွေလည်းကြာ ဘဝတွေလည်းပြောင်းနဲ့ တစ်အိမ်မှ အဆင်မပြေခဲ့ပါဘူး။ မပြောင်းလဲတဲ့သူဆိုလို့ သူပဲကျန်တာကိုး။ ဒီလိုနဲ့သူ သူ့ဘာသာ အခန်းကျဉ်းလေးငှားဖို့ ရှာခဲ့တယ်။ စုတ်ပြတ်သက်နေတဲ့ အခန်းတောင် သူ တတ်နိုင်တဲ့ဈေးမှာ မရှိနေဘူး။ ဒီအချိန်အထိ မီဆိုရဲ့ ...
movie

Microhabitat (2017)

2017
Sin Sisters 2 (2010)
Sin Sisters 2 (2010) Sin Sisters 2 (2010) ====================== Comedy, Romance, Thriller၂၀၁၀ ကထွက်ခဲ့တဲ့ ထိုင်းဟာသကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၁၈+ အခန်းနဲ့ စကားလုံးအသုံးအနှုန်းတွေပါတာကြောင့် ကိုယ့်ဘာသာ ချင့်ချိန်ကြည့်ကြဖို့ အကြံပေးပါရစေမိန်းမလှလေး ၅ ယောက်ကို အခန်းကြီးတစ်ခုထဲမှာ ကြိုးတုပ်ပြီး ဖမ်းဆီးထားရာကနေ စပါတယ် အဲ့ဒီမိန်းမ ၅ ယောက်က ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်၊သရုပ်ဆောင်၊ မော်ဒယ် နဲ့ အလှမယ် စသည်ဖြင့် လူသိရှင်ကြားနာမည်ကြီးသူတွေပါ... ဒါပေမယ့် သူတို့အားလုံးမှာ လိင်ကိစ္စနဲ့ပတ်သတ်ပြီး မကောင်းတဲ့အတိတ်တွေကိုယ်စီရှိခဲ့ပါတယ် ဒီအတိတ်တွေကို ဖမ်းဆီးပြန်ပေးဆွဲတဲ့ သူက ဝန်ခံခိုင်းပြီး အပြစ်အရှိဆုံးလို့ ယူဆရတဲ့သူကို အသက်ရှင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်... ဒီ ၅ ယောက်ဟာက သူတို့ကျူးလွန်ခဲ့တဲ့ တဏာရာဂလိင်ဇာတ်လမ်းတွေကို ဘယ်သူက အဆိုးဆုံးလဲဆိုတာကို ယှဉ်ပြိုင်ပြောဆိုရင်း အသက်ရှင်လွတ်မြောက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်...(အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။)Genre..... Comedy, Romance, Thriller Quality…. 1080p | 720p | 480p File size… ...
movie

Sin Sisters 2 (2010)

2010

Genres

Archives