Channel Myanmar

Content at random


Movies

Kingslayer (2022) 4.1
Kingslayer (2022) Kingslayer (2022) ==============အင်္ဂလန်ပြည်ကြီးရဲ့ မင်းသားတစ်ပါး ဖြစ်တဲ့ ရစ်ချတ်ဟာ ရှေးအစဉ်အလာတွေနဲ့ ဆန့်ကျင်ပြီး မြင်းဇောင်းက အစေခံမလေး လီယာနဲ့ ချစ်ကျွမ်းဝင်နေသူပါ။ ဖခင်ဖြစ်သူ ဒုတိယမြောက် ဟင်နရီ ဘုရင်ကြီး နတ်ရွာစံပြီးတဲ့နောက် ရစ်ချတ်ဟာ အင်္ဂလန်ပြည်ရဲ့ ထီးနန်း ကို ဆက်ခံဖို့ ဖြစ်လာပါတယ်။လီယာကို တမ်းတမ်းစွဲဖြစ်နေတဲ့ ရစ်ချတ်ဟာ နန်းတက်ပွဲ မတိုင်ခင် နှစ်ရက်အလိုမှာ Kingswood လို့ခေါ်တဲ့ တော်ဝင်မျိုးနွယ်တွေပဲ အမဲ လိုက်ခွင့်ရှိတဲ့ တောအုပ်ထဲမှာ ချစ်သူ လီယာနဲ့ ချိန်းတွေ့ပြီး ချစ်ကြည်နူး ကြပါတော့တယ်။ ထီးနန်းကိုချောင်းနေတဲ့ ရစ်ချတ်ရဲ့ ညီဖြစ်သူ ဂျွန်က အဲဒီအခွင့်အရေးကို အမိအရ အသုံးချပြီး Kingswood တောအုပ်ထဲ ကြေးစားတွေလွှတ်ပြီး ရစ်ချတ်ကို အပြတ်ရှင်းဖို့ ကြံစည်တဲ့အခါမှာတော့။ 1189 ခုနှစ်ကနေ 1199 ခုနှစ်အထိ အင်္ဂလန်ပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ Lionheart လို့ အမည်တွင်ခဲ့တဲ့ ပထမမြောက် ရစ်ချတ်ဘုရင်ရဲ့  Kingswood တောအုပ်ထဲက စွန့်စားခန်းတွေကို ရှုစားကြရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Roman NoX ဖြစ်ပါတယ်)File Size..........(1.7 GB) ...
movie

Kingslayer (2022)

2022
Million Dollar Man (2018) 5.4
Million Dollar Man (2018) Million Dollar Man (2018) ====================== (Kenshin နဲ့ Death Note ထဲက ဇာတ်လိုက်ခေါင်းဆောင်မင်းသား နှစ်လက်ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေး လာပါပြီ)ထီဆုကြီးပေါက်ရင် ဘာလုပ်ချင်လဲ။ဇိမ်ခံပစ္စည်းတွေဝယ်ချင်လား။ ရှိသမျှမုန့်တွေ လျှောက်ဝယ်စားချင်လား။ အပန်းဖြေခရီးတွေထွက်ပြီး အေးဆေးနှပ်ချင်လား။ကျွန်တော်တို့ဘဝမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ ထီပေါက်ရင်ဆိုတဲ့ အိပ်မက်ကိုမက်ပြီး စိတ်ကူးနဲ့ ရူးခဲ့ရတဲ့အချိန်တွေ ရှိခဲ့ကြမှာပါ။တွေးကြည့်ရင် ငွေဆိုတဲ့ဘုရားက လူသားတွေကို အမျိုးမျိုးစေခိုင်းနိုင်တာနော်။ တစ်ဘဝလုံး ငွေနောက်ကိုပဲလိုက်ရင်း ဘဝပျော်ရွှင်မှုအစစ်အမှန်က ဘာလဲဆိုတာမသိတော့တဲ့သူတွေ၊ "ငွေ"ဆိုတဲ့ အဆုံးအစ မရှိတဲ့ ကိန်းဂဏန်းတန်ဖိုး သတ်မှတ်ချက်တွေအတွက် ပျော်တော်ဆက်ရင်း ဘဝနေဝင်သွားကြတဲ့သူတွေကို တွေ့မိတဲ့အခါမျိုးမှာ ခဏတာသံဝေဂရမိပေမယ့် သူနဲ့ကင်းကွာပြီးမနေနိုင်ပြန်တော့ ဒီငွေနတ်ဘုရားရဲ့ ကျေးကျွန်ဘဝနဲ့ထာဝရ ခြေချုပ်မိနေကြတာပေါ့။အခု ဒီကားထဲက ဇာတ်လိုက်ကတော့ အကြွေးနွံထဲ နစ်မွန်းနေတဲ့ဘဝကနေ (ယန်း)သန်း ၃၀၀ ထီဆုကြီးထပေါက်ပြီး ဒီငွေကိုဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံးအသုံးချရမလဲဆိုတာ သူ့အချစ်ဆုံးသူငယ်ချင်းဆီ သွားတိုင်ပင်ပြီးနောက် နှစ်ယောက်သား ပါတီပေးအောင်ပွဲခံကြပြီး နောက်နေ့မနက်နိုးလာချိန်မှာတော့ သူ့ သူငယ်ချင်းနဲ့အတူ ထီပေါက်တဲ့ငွေတွေပါမရှိတော့ကို သိလိုက်ရပါတယ်။နေ့ချင်းညချင်း မီလျံနာဘဝက သုညဘဝကို ပြန်ရောက်သွားတော့မယ့့် အခြေအနေမှာ အပူတပြင်း သန်း ၃၀၀ ရှာပုံတော်ဖွင့်ရင်း ခရီးစဥ်တစ်လျှောက်မှာ လူမျိုးမျိုးနဲ့ တွေ့ခဲ့ရပြီးနောက် ငွေဆိုတာဘာလဲဆိုတဲ့ ...
movie

Million Dollar Man (2018)

2018
Sheep Without a Shepherd (2019) 6.8
Sheep Without a Shepherd (2019) Sheep without a Shepherd (2019)Sheep without a shepherd ရုပ်ရှင်ခေါင်းစဉ်က ထူးထူးဆန်းဆန်းပါလားပေါ့။ တရုတ်ကားတို့ထုံးစံအတိုင်း အင်္ဂလိပ်နာမည်ကိုကြုံသလိုပေးမိတယ်ထင်တာ။ ဒါပေမဲ့လည်း Drshym ကို remake ပြန်ရိုက်ထားတာဆိုတော့ ဘယ်လိုမျိုးလဲသိချင်ခဲ့မိပါတယ်။ ရုပ်ရှင်ကိုအစအဆုံးကြည့်ပြီးသွားတော့ ဘာလို့အဲ့ဒီလိုပေးဖြစ်ခဲ့လဲဆိုတာ ခံစားမိသွားခဲ့ပါတယ်။ ပိုထူးခြားတာက remake လို့မထင်ရလောက်အောင်ကို တကယ်ကောင်းတဲ့ကားလေးတစ်ကားလို့ ထင်မိပါတယ်။ဒီကားလေးထဲမှာ သိုးနဲ့ပတ်သက်တဲ့စကားလေးနှစ်ခွန်းပါပါတယ်။ ပထမတစ်ခွန်းက မျက်စိမှုန်တဲ့သိုးလေးတွေက အကောင်ကြီးတွေစားတာကိုခံရတယ်တဲ့။ ဒုတိယတစ်ခွန်းက သိုးလေးတွေက စားစရာသာပေးထားရင် သူတို့သိုးမွှေးတွေကိုရိတ်ပစ်လည်း ဂရုမစိုက်ပါဘူးတဲ့။ အန္တရာယ်ကိုကြိုမမြင်နိုင်ဘူးပေါ့။ အဲ့ဒါကြောင့် သိုးလေးတွေကဖြူစင်သလို သနားဖို့လည်းကောင်းပါတယ်။ ပြီးတော့ သူတို့ကိုစောင့်ရှောက်ပေးဖို့ သိုးထိန်းကောင်းတစ်ယောက်လည်း လိုအပ်ပါတယ်။လီဝေကျယ်ဆိုတဲ့ ရုပ်ရှင်ရူးအင်တာနက်ပိုင်ရှင်ဆီမှာ ဖိန်ဖိန်ဆိုတဲ့ သမီးလေးရှိပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတို့ထုံးစံအတိုင်း အိမ်မှာအဖေနဲ့သိပ်မတည့်ကြပါဘူး။ သူတို့မိသားစုကို ၁၈၀ ဒီဂရီပြောင်းလဲသွားအောင် လုပ်လိုက်တာကတော့ ဖိန်ဖိန်ရဲ့နွေရာသီစခန်းလေးပဲဖြစ်ပါတယ်။အရွယ်နုနယ်တဲ့သိုးငယ်လေး ဖိန်ဖိန်လေးကတော့ သိုးထိန်းမရှိတဲ့အချိန် နွေရာသီစခန်းမှာ လူငယ်သဘာဝအတိုင်း မှားခဲ့မိရာကနေ ချန်ပန်းတစ်မြို့လုံး အုတ်အုတ်သဲသဲဖြစ်သွားတဲ့အထိ ပြဿနာတွေကြီးမားသွားခဲ့ပါတယ်။ ဖိန်ဖိန်ကို ကျူးလွန်စော်ကားတဲ့သူက တစ်ခြားသူမဟုတ်ဘဲ ရဲမှူးကြီးရဲ့သားဖြစ်နေတော့ သာမာန်ပြည်သူတစ်ယောက်နဲ့ အာဏာပိုင်ရဲအရာရှိတို့ကြား လွန်ဆွဲမှု၊ ဉာဏ်ကစားမှုတွေကို စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ။အညွှန်း နဲ့ ...
movie

Sheep Without a Shepherd (2019)

2019
Weird: The Al Yankovic Story 7.5
Weird: The Al Yankovic Story Weird The Al Yankovic Story (2022)ဒီ movie genre ကတော့တော်တော်ထူးခြားတယ်ပြောရမယ်။ Biography ကိုမှ ဟာသပြုထားသရော်ထားတဲ့ Biography Parody အမျိုးအစားပါ။ ဒီတော့ဘယ်သူ့ Biography လဲမေးရင် တစ်ခေတ်တစ်ခါက parody songs တွေရဲ့ဘုရင်ကြီး Weird Al ရဲ့Biography ပါပဲ ဒီဟာသပြုအထုပ္ပတ္တိကို Weird Al ကိုယ်တိုင်ပူးတွဲရေးသားထားပြီး သရုပ်ဆောင်တာကလဲထူးထူးခြားခြားဇာတ်လမ်းတွေသရုပ်ဆောင်နေကျ အားလုံးအချစ်တော်ဟယ်ရီပေါ်တာမင်းသားဆိုတော့ တကယ့်ကြည့်ကောင်းတဲ့ဇာတ်လမ်းပါပဲ။ အဆိုကျော်ကြီးတစ်ယောက်ရဲ့ အထုပ္ပတ္တိကိုကြည့်ရမယ့်အပြင် ဟာသပြုထားတော့သာမန်အထုပ္ပတ္တိဇာတ်လမ်းတွေလိုပျင်းစရာလဲမကောင်းတော့ဘူးပေါ့။ ဒါက Weird Al ဘဝဖြစ်ရပ်မှန်နဲ့ဇာတ်လမ်းပြန်ဖန်တီးထားတယ်ဆိုတော့ ဒါကြည့်ပြီးရင်တော့ဘယ်အချက်တွေကများအမှန်လဲဆိုပြီး သိချင်စိတ်နဲ့ အားလုံး ဂူဂဲလ်ရောက်သွားကြမှာသေချာတယ်ဗျာ။ဒီဇာတ်လမ်းမှာ ပေါ့ပ်ကွင်းမက်ဒေါနားနဲ့အချစ်ဇာတ်လမ်းပါပါသေးတာမို့ Weird Al ပြောတာက လက်ရှိသူ့နာမည်နဲ့ပတ်သက်ပြီး ဂူဂဲမှာအရှာဖွေဆုံးက သူနဲ့မက်ဒေါနားတကယ်ပတ်သက်ခဲ့သလားဆိုတာပါပဲဆိုတော့ အမြန်ကြည့်ပြီး ဂူဂဲလ်မှာအမြန်သာပြေးရှာလိုက်ကြပါတော့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Music Quality…. 1080p | 720p | 480p File size… 1.6GB | 863MB | 465MB Format… mp4 Duration…. 1h ...
movie

Weird: The Al Yankovic Story

2022
Microhabitat (2017) 7.4
Microhabitat (2017) Microhabitat ( 2017 ) ----------------------------အိမ်မဟုတ်တောင် လူတစ်ယောက်အတွက် နေစရာ အမိုးတစ်ခု အကာတစ်ခုနဲ့ နေရာတစ်ခုတော့ အနည်းဆုံးရှိဖို့က မရှိမဖြစ်ပေါ့။ မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ အမိုးတစ်ခု အကာတစ်ခုထက် ပိုပြီးလုံခြုံတဲ့နေရာတစ်ခု လိုလိမ့်မှာပဲ။ အစစအရာရာဈေးတွေတက်လာပြီး လခတွေမတက်လာတဲ့အခါကျတော့ နေဖို့ထိုင်ဖို့တင် တော်တော်များများသုံးလိုက်ရတဲ့အခါ တခြားကိုယ်နှစ်ခြိုက်တဲ့အရာတွေကို လျှော့ချရဖို့ဖြစ်လာတယ်။စီးကရက်ဟာ ဈေးတက်တဲ့ခေတ်မှာ ဇိမ်ခံပစ္စည်းပါပဲ။ စီးကရက် တစ်နေ့တစ်ဘူးကို တစ်လစာစုလိုက်ရင် အိမ်ငှားခတစ်လစာလောက်ရှိတယ်။ အကုန်ဈေးတက်လာပြီး နေဖို့စားဖို့နဲ့တင် ရသမျှကုန်တဲ့အခါကျ စီးကရက်တို့ ဝီစကီတို့ကို လျှော့တာလို့ ဖြတ်တာတို့ လုပ်ရမယ့် အခြေအနေဆိုက်သွားပါလိမ့်မယ်။Microhabitatထဲက "မီဆို" ကတော့ စီးကရက်နဲ့ ဝီစကီကို ဖြတ်မယ့်အစား အိမ်နဲ့မနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ သူက အရင်က သူ့ဆီလာနေခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အိမ် တစ်အိမ်ပြီး တစ်အိမ်သွားနေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နှစ်တွေလည်းကြာ ဘဝတွေလည်းပြောင်းနဲ့ တစ်အိမ်မှ အဆင်မပြေခဲ့ပါဘူး။ မပြောင်းလဲတဲ့သူဆိုလို့ သူပဲကျန်တာကိုး။ ဒီလိုနဲ့သူ သူ့ဘာသာ အခန်းကျဉ်းလေးငှားဖို့ ရှာခဲ့တယ်။ စုတ်ပြတ်သက်နေတဲ့ အခန်းတောင် သူ တတ်နိုင်တဲ့ဈေးမှာ မရှိနေဘူး။ ဒီအချိန်အထိ မီဆိုရဲ့ ...
movie

Microhabitat (2017)

2017
Sin Sisters 2 (2010)
Sin Sisters 2 (2010) Sin Sisters 2 (2010) ====================== Comedy, Romance, Thriller၂၀၁၀ ကထွက်ခဲ့တဲ့ ထိုင်းဟာသကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၁၈+ အခန်းနဲ့ စကားလုံးအသုံးအနှုန်းတွေပါတာကြောင့် ကိုယ့်ဘာသာ ချင့်ချိန်ကြည့်ကြဖို့ အကြံပေးပါရစေမိန်းမလှလေး ၅ ယောက်ကို အခန်းကြီးတစ်ခုထဲမှာ ကြိုးတုပ်ပြီး ဖမ်းဆီးထားရာကနေ စပါတယ် အဲ့ဒီမိန်းမ ၅ ယောက်က ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်၊သရုပ်ဆောင်၊ မော်ဒယ် နဲ့ အလှမယ် စသည်ဖြင့် လူသိရှင်ကြားနာမည်ကြီးသူတွေပါ... ဒါပေမယ့် သူတို့အားလုံးမှာ လိင်ကိစ္စနဲ့ပတ်သတ်ပြီး မကောင်းတဲ့အတိတ်တွေကိုယ်စီရှိခဲ့ပါတယ် ဒီအတိတ်တွေကို ဖမ်းဆီးပြန်ပေးဆွဲတဲ့ သူက ဝန်ခံခိုင်းပြီး အပြစ်အရှိဆုံးလို့ ယူဆရတဲ့သူကို အသက်ရှင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်... ဒီ ၅ ယောက်ဟာက သူတို့ကျူးလွန်ခဲ့တဲ့ တဏာရာဂလိင်ဇာတ်လမ်းတွေကို ဘယ်သူက အဆိုးဆုံးလဲဆိုတာကို ယှဉ်ပြိုင်ပြောဆိုရင်း အသက်ရှင်လွတ်မြောက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်...(အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။)Genre..... Comedy, Romance, Thriller Quality…. 1080p | 720p | 480p File size… ...
movie

Sin Sisters 2 (2010)

2010
Sin Sisters (2002)
Sin Sisters (2002) Sin Sisters (2002)(18+ Warning အဖော်အချွတ်အခန်းများ၊ လိင်ဆက်ဆံခန်းများနှင့် အသုံးအနှုန်း ကြမ်းတမ်းသည်များ ပါသည့်အတွက် မိသားစုနှင့်အတူ ကြည့်ရှု့ရန် မသင့်တော်ပါ)ဂျန်၊ ဂျွိုင်း၊ မာအင်း၊ ဂွိုင်နဲ့ ဂျွန် တို့ သူငယ်ချင်း ၅ ယောက်ဟာ အထက်တန်းအတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ တက္ကသိုလ်အပြီးမှာတော့ အသုဘတစ်ခုမှာ သူငယ်ချင်းတွေ ပြန်ဆုံဖြစ်ကြပါတယ်။ သူငယ်ချင်းတစ်စုတို့ ဂျွန်ရဲ့ အိမ်မှာ တစ်ညစုအိပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။အဲညမှာ မုန်တိုင်းတိုက်လာပြီး မီးပျက်သွားပါတော့တယ်။ ဒီလိုနဲ့ သူငယ်ချင်း ၅ ယောက် စုပြီး ထွေရာလေးပါး စကားပြောကြရင်း သူတို့ရဲ့ ရှက်စရာအကောင်းဆုံး လိင်ကိစ္စတွေကို ပြောဖြစ်ခဲ့ကြပါတယ်။ တစ်ယောက် တစ်လှည့် ကိုယ့်အကြောင်းကိုယ် ပြောကြရင်း ထူးဆန်းလာတာကတော့......အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Adult, Comedy Quality…. 1080p | 720p | 480p File size… 3.2GB | 1.26GB | ...
movie

Sin Sisters (2002)

2002
The Forgiven (2021) 6.0
The Forgiven (2021) နာမည်ကျော်မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Ralph Fiennes, Jessica Chastain တို့အပြင် အားလုံးအချစ်တော်မင်းသားကြီး Matt Smith ပါ၀င်အားဖြည့်ထားတဲ့ Mystery drama ကားလေးပါ။ လူချမ်းသာဆရာ၀န်တစ်ယောက်ဖြစ်သူ David နဲ့သူ့ဇနီး Jo တို့ဟာမော်ရိုကိုနိုင်ငံကို အပန်းဖြေခရီးထွက်လာကြပါတယ်။ မိတ်ဆွေတစ်ယောက်ရဲ့ပါတီပွဲတစ်ခုကိုအမှီသွားနိုင်ဖို့ David ဟာအရက် သောက်ထားပြီး အရှိန်ပြင်းပြင်းနဲ့ ကားမောင်းနေရာက ဒေသခံမော်ရိုကိုကောင်လေးတစ်ယောက်ကို ကားနဲ့တိုက်သတ်လိုက်မိပါတယ်။ ဒီမတော်တဆမှုနောက်ဆက်တွဲကနေ David တို့ဇနီးမောင်နှံရဲ့ဘ၀လည်းပြောင်းလဲသွားပါတော့တယ်။ ဥရောပတိုက်သားတွေနဲ့ ဒေသခံမူစလင်တွေကြား ယဉ်ကျေးမှုကွဲပြားပုံတွေကြောင့် နားလည်မှုတွေလွဲမှားကုန်တာတွေကိုလည်း စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပါ။File size…(1.86GB) / (903MB) / (416MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Forgiven (2021)

Bloody Milk(2017) 7.0
Bloody Milk(2017) ဆုတွေရထားတဲ့ပြင်သစ်ကားလေးပါ။ နို့စားနွားမွေးမြူရေးခြံပိုင်ရှင်ပီရာဟာ နွားတွေအပေါ်ချစ်ခင်ကြင်နာတတ်ပြီး ခြံတစ်ခြံလုံးကို တစ်ယောက်တည်းထိန်းသိမ်းလုပ်ကိုင်ရင်း နွားနို့အရည်အသွေးပထမအဆင့်ရထားသူပါ။ ဒါပေမယ့် ဘယ်လ်ဂျီယံနိုင်ငံမှာပြန့်ပွားနေတဲ့ ကြောက်မက်ဖွယ်နွားရောဂါပိုးရဲ့လက္ခဏာတွေကို သူ့ရဲ့နွားတစ်ကောင်မှာတွေ့လာရတဲ့အခါ ကျန်တဲ့နွားတွေပါသုတ်သင်ရှင်းလင်းမခံရအောင် တာဝန်ရှိသူတွေကိုအသိမပေးပဲ တစ်ယောက်တည်းဖြေရှင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဇာတ်အေးကားလေးတွေ၊သရုပ်ဆောင်ဦးစားပေးကားတွေကိုကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။File size…(1.87GB) / (921MB) / (480MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:30:00 Genre...Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein
movie

Bloody Milk(2017)

Feed Me (2022)
Feed Me (2022) Feed Me (2022)အားလုံးကို သိပ်မကြာသေးခင်က လောလောလတ်လတ် အသစ်ထွက်ရှိထားတဲ့ Dark Comedy အမျိုးအစား ဟော်ရာဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDB rating အရ Horror ကားအနေနဲ့ဆိုရင် ကြည့်ပျော်ရှုပျော်ထက်ပိုတဲ့ မဆိုးလှတဲ့အနေအထားလို့ ပြောရမှာပါ။ဇနီးသည်သေသွားလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေနဲ့ ယူကျုံးမရဖြစ်နေပြီး ဇနီးသည်ပုံရိပ်ကိုထင်ယောင်ထင်မှားမြင် စိတ်ကျရောဂါ၀င် ထရော်မာရနေတဲ့ ဂျိတ်ဆိုတဲ့သူကို အရက်ဆိုင်မှာ သူစိမ်းတစ်ဦးက မင်းရဲ့၀န်ပိုးတွေ အကုန်ဖယ်ရှားပေးနိုင်တယ်လို့ပြောပြီး ထူးဆန်းတဲ့အပေးအယူတစ်ခုနဲ့ ချည်းကပ်လာပါတယ်။ အဲဒီအပေးအယူက သေချင်နေတဲ့ဂျိတ်ကို တဖြည်းဖြည်း သတ်ပေးပြီး ဂျိတ်ရဲ့အသားကိုတော့သူစားမယ်ဆိုတာပါပဲ။ ဇနီးသေဆုံးမှုကြောင့် အပြစ်တင်စိတ်တွေနဲ့ပြည့်နေတဲ့ ဂျိတ်ကရော ဒီကမ်းလှမ်းချက်ကိုလက်ခံလိုက်ပါ့မလား။ အဲဒါအပြင် မထင်မှတ်ထား‌တာတွေကိုပါ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာ သွေးသံရဲရဲပြကွက်တွေ လူသားစားတာတွေပါတာကြောင့် Gore Movie တွေကို ကြိုက်နှစ်သက်တဲ့သူတွေ ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 751MB Quality ...
movie

Feed Me (2022)

2022
Someone Borrowed (2022) 5.6
Someone Borrowed (2022) Someone Borrowed (2022)Rsတစ်ခုမှာ 6 လကြာရင်တော့ အချစ်စစ်တွေပေါက်ဖွားလာပါတယ်တဲ့(FAတွေတော့ ဘယ်သိမလဲ😂)။ ဒီတော့ အချစ်ဆိုတာကို ကစားစရာလို့ယူဆထားတဲ့ ကိုယ့်ကိုယ်ကိုယ် Gentleman ကြီးလို သတ်မှတ်ထားတဲ့ ပလေးဘွိုင်းကြီး လူဝိဇ်ကတော့ မိန်းကလေး ၁ ယောက်ကို ၃ လထက်ပိုမတွဲဘဲ ရည်းစားတွေမှိုလိုပေါက်အောင် ထားလေ့ရှိသူပါ။ ဒါပေမဲ့ ၃ လကြာရင်ဖြတ်မယ်ဆိုတာကို ကြိုအသိပေးတတ်တဲ့သူ့ကိုယ်သူတော့ ဆရာကြီးက လူကြီးလူကောင်းလို့မှတ်ယူပြီး Mr. Perfect Guyပီပီ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းကြီး ၃ ရပ် ချမှတ်ထားပါသတဲ့။လူဝိဇ်ဟာ အိမ်မှာလည်းအစ်မတွေကြားက အငယ်ဆုံးလေးလည်းဖြစ် တစ်ဦးတည်းသောသားယောက်ျားလေးကလည်းဖြစ်တော့ မားဘွိုင်းလေးဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ အလုပ်မလုပ် မိန်းမလည်းမယူချင်တဲ့ ရေပေါ်ဆီသားဖြစ်သူကို အမေတောင်မှ စိတ်ကုန်ချင်ချင်ရယ်ပါ။ ဒီလိုနဲ့ အမေဖြစ်သူ ၆ လပဲအသက်ရှင်တော့မယ်ဆိုတဲ့ သတင်းဆိုးနဲ့အတူ မိခင်ရဲ့နောက်ဆုံးဆန္ဒက လူဝိဇ်ရဲ့ခံယူချက်တွေအားလုံးရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဇနီးတစ်ယောက်ရှာဖို့ ဖြစ်နေတဲ့အခါမှာတော့ ဇနီးအငှားလိုက်သည်ဆိုတဲ့ မိန်းမချောလေးလီနာနဲ့ဆုံစည်းရဖို့ အကြောင်းဖန်လာပါတော့တယ်။အမေဖြစ်သူကို စိတ်ကျေနပ်စေဖို့ကနေ စတင်လိုက်တဲ့ သူတို့နှစ်ယောက်ကြားက ၆ လပတ်သတ်မှုတစ်ခုနဲ့ ဆန့်ကျင်ဘက်စရိုက်တွေကြားကအလွဲအချော်ပေါင်းစုံကတစ်ဖက်၊ လူဝိဇ်နဲ့မတည့်တဲ့အစ်မဖြစ်သူအင်နက်ဇ်ရဲ့အမျိုးမျိုးစောင့်ကြည့်မှုတွေကတစ်ဖုံကြားက သူရဲ့သတ်မှတ်ချက်အတိုင်း ၆ လအကြာမှာ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်တွေပေါက်ဖွားလာမလားဆိုတာကိုတော့ ...
movie

Someone Borrowed (2022)

2022
Homecoming (2019) 7.4
Homecoming (2019) Homecoming (2019)Homecoming ကတော့ အင်ဒိုနီးရှားရုပ်ရှင်တစ်ကားဖြစ်ပြီး မူရင်းဇာတ်လမ်း နာမည်ကတော့ Mudik ပါ။ အင်ဒိုရုပ်ရှင်ပွဲတော်မှာ Best Original Screenplay နဲ့ တခြား nomination တွေလဲအများကြီးရထားတဲ့ဇာတ်လမ်းကောင်းပါ။ Mudik ရဲ့ အဓိပ်ပ္ပါယ်က 'အိမ်ပြန်ခရီး' လို့အဓိပ္ပါယ် ရပါတယ်။အင်ဒိုနီးရှားမှာတော့ အများစုက အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုးတွေပါ။ အစ္စလာမ်ဘာသာမှာ တစ်နှစ်မှာတစ်လ ရမ်ဇာန်(ဥပုဒ်)လရှိပြီး ရမ်ဇာန်အပြီးမှာတော့ အိဒ်ပွဲတော်ကိုဆင်နွဲဲကြပါတယ်။ အင်ဒိုမှာမြို့ပေါ်အလုပ်လာလုပ်သူအများအပြားက ရမ်ဇာန်လပြီးခါနီးရင် အိဒ်နေ့ကိုမိသားစုနဲ့အတူဆင်နွှဲနိုင်ဖို့အိမ်ကိုပြန်ကြပါတယ်။ ဒီရက်ပိုင်းတွေကိုတော့ အိမ်ပြန်ခရီး Mudik လို့ခေါ်ပါတယ်။ ဒီ Mudik အချိန်အခါမှာ လမ်းတွေ သိပ်ကြပ်ပြီး အက်ဆီးဒန့်ဖြစ်မှုကလဲတစ်နှစ်တာမှာအများဆုံးပါ။ ဒီဇာတ်လမ်းမှာအိုင်ဒါနဲ့ဖေရ်မန်းဆိုတဲ့ လူငယ်စုံတွဲလေးတစ်တွဲကလဲ ကောင်လေးမိဘအိမ်ကိုအိဒ်မရောက်ခင်ငါးရက်အလိုမှာပြန်ကြပါတယ်။ သူတို့အတွဲကလဲသိပ်အဆင်မပြေပုံပေါက်ပြီး အိုင်ဒါကလဲတော်တော်ကြီးညစ်နေပုံပါ။ ကားကိုအိုင်ဒါကမောင်းရင်း လမ်းမှာအက်ဆီးဒန့်တစ်ခုကြုံပြီး လူတစ်ယောက်သေသွားခဲ့ပါတယ်။အဲဒီကိစ္စကိုဖြေရှင်းဖို့ သေသွားတဲ့လူရဲ့ရွာကိုဆက်သွားကြရင်း ဘာတွေဆက်ဖြစ်ကြမလဲ။ ကောင်လေးအိမ်ကို အိဒ်အမှီရောက်ပါ့မလား။ အိဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေက ဆွေမျိုးအသိမိတ်ဆွေကြားမှာ အပြစ်အမှားတွေရှိရင်တောင်းပန်ကြတယ် ခွင့်လွှတ်ပေးကြတယ်။ အိုင်ဒါတစ်ယောက်ရော သူ့အပြစ်တွေကိုခွင့်လွှတ်ခံရပါ့မလား အထူးသဖြင့်သူ့ကိုယ်သူရော ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ရှုစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… ...
movie

Homecoming (2019)

2019
Brahmāstra Part One: Shiva (2022) 5.6
Brahmāstra Part One: Shiva (2022) Brahmastra Part One: Shiva (2022) Action, Adventure, Fantasy IMDb 5.6/10 (96K)ကဲ ကဲ အားလုံးပဲ စောင့်ရကျိုးအတော်နပ်မယ့် ကားကောင်လေးတစ်ကားကို ဦးဦးဖျားဖျား တင်ဆက်ပေးတော့မယ်နော်ဒီဇာတ်ကားမှာ Lead Role တွေအနေနဲ့ ရန်ဗီးကပူး..အာလီယားဘတ်..အမီတာဘဂျမ်းနဲ့ မြွေမင်းသမီးလေး မွန်နီးရွိုင်းတို့က သရုပ်ဆောင်ထားပြီး Cameo အနေနဲ့ ရှာရွတ်ခန်း ဒီပီကားပါဒူကွန် တေလဂူမင်းသားကြီး နာဂဂျွန်နာအခီနယ်နီ စတဲ့မင်းသား မင်းသမီးကြီးတွေအပြင် တခြားသရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ပေးထားပါတယ်...ကဲ...အခု ဇာတ်လမ်းဘက်ကိုလှည့်မယ်တစ်ရက် ဟိမဝန္တာတောင်ပေါ်မှာ တရားကျင့်ကြံအားထုတ်နေတဲ့ ရသေ့ရဟန်းတွေဆီကို အလင်းတန်းတစ်ခုကျရောက်လာခဲ့ပြီး ဘုရားသခင်က သူတို့ကို အက်စသရ(စွမ်းအင်လက်နက်)တွေ ချီးမြှင့်ခဲ့တယ်အဲ့ဒီအက်စသရတွေနဲ့အတူ Lord Shiva ရဲ့ Almighty Weapon ကြီးဖြစ်တဲ့ ဗရမာစသရပါ ပေါ်ပေါက်လာခဲ့တယ် အဲ့ဒီအက်စသရကို ပိုင်ဆိုင်တဲ့သူဟာ လောကခပ်သိမ်းကို အသစ်တစ်ဖန် ဖန်ဆင်းနိုင်သလို အရာခပ်သိမ်းကိုလည်း ဖျက်ဆီးနိုင်စွမ်းရှိတယ်...ဒါကြောင့် ဗရမန့်ချ်ဆိုတဲ့စောင့်ရှောက်ရေးအဖွဲ့အစည်းတစ်ခုက ဒီ ဗရမာစသရကို အပိုင်းသုံးပိုင်းပိုင်းပြီး ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြတယ်ဒီဗရမာစသရကို လိုချင်နေတဲ့ အဖျက်မုဆိုးအဖွဲ့အစည်းတစ်ခုကလည်း ရှိနေတယ်ရှီဗား.. သူကတော့ သူ့ကံကြမ္မာကြီးဟာ ဒီအက်စသရတွေနဲ့ ဆက်နွယ်ထားတယ်ဆိုတာကို သူကိုယ်တိုင်တောင် မသိတဲ့သူတစ်ယောက်ပေါ့... ငယ်ငယ်လေးကတည်းက မိမရှိ ဖမရှိနဲ့ ...
movie

Brahmāstra Part One: Shiva (2022)

2022
4K HEVC
DAEMUGA (2022) 6.5
DAEMUGA (2022) Daemuga (2022)ဒယ်မူဂါဆိုတာက နတ်ဆရာအဖြစ် ချီးမြှောက်ခံရဖို့ ရွတ်ရမယ့်ဂါထာပါတဲ့အလုပ်လက်မဲ့ဖြစ်နေတဲ့ ရှင်းနမ်ဆိုတဲ့ကောင်လေးက ဘယ်လိုမှအလုပ်ရှာဖို့မရတဲ့အဆုံးတော့ နတ်ဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမဲ့ နတ်ဆရာလုပ်ဖို့ ပါရမီမပါလာပေမဲ့ အကြွေးတွေကြောင့် ဆက်လိမ်နေခဲ့ပါတယ် အဲလိုနဲ့ ညာစားလာရင်း အရှုပ်ထုပ်ထဲပါသွားပြီး လက်စပျောက်သွားခဲ့ပါတယ် တကယ့်နတ်ဆရာကြီးဖြစ်တဲ့ မာဆောင်းဂျွန်းနဲ့ လူမိုက် ဆွန်းအစ်ဆူတို့ အဖွဲ့ကတော့ ပိုက်ဆံအချီကြီးရဖို့အရေး ဂွင်ဖန်နေကြတဲ့သူတွေပါ ရှင်းနမ်ပျောက်သွားတဲ့ ကိစ္စမှာ နတ်ဆရာကြီးနဲ့ လူမိုက်တို့ ပါဝင်နေမလား မာဆောင်းဂျွန်းတို့ကရော သူတို့အသည်းအသန်လိုက်နေတဲ့ ကိစ္စကို အောင်မြင်နိုင်မလားဆိုတာ ကြည့်ကြပါဦးနော်မင်းသားကြီး Park Sun Woong, Hospital Playlist ထဲက Park Kyung Ho နဲ့ Ryu Kyung Soo တို့က အဓိကပါဝင်ထားပါတယ်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ််။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.8GB | ...
movie

DAEMUGA (2022)

2022
Enola Holmes 2(2022) 6.6
Enola Holmes 2(2022) နက်ဖလစ်ရဲ့ နာမည်ကြီး စုံထောက်ကားဖြစ်တဲ့ အနိုလာဟုမ်းစ် ရုပ်ရှင်ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ မူရင်းသရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင်ထားပါတယ်။ ဟင်နရီ ကာဗယ်က ရှားလော့ခ်ဟုမ်းစ်အဖြစ် ပါဝင်ထားပြီး Stranger Things ထဲက အချစ်တော်လေး မီလီ ဘော်ဘီ ဘရောင်းကတော့ ရှားလော့ခ်ဟုမ်းစ်ရဲ့ ညီမ အနိုလာဟုမ်းအဖြစ် ပါဝင်ထားပါတယ်။ သူတို့ရဲ့ အစ်ကိုကြီး မိုက်ခရော့ဖ်တော့ ပြန်မပါတော့ပေမဲ့ လော့ဒ် တုစ်ဘူရီနဲ့ အနိုလာတို့ရဲ့အချစ်ဇာတ်လမ်းကိုတော့ ဆက်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်း ================အနိုလာဟုမ်းစ်ရာ မိခင်ပျောက်ရှာပုံတော်အမှုကိုဖြေရှင်းအပြီးမှာ တုစ်ဘူရီအမှုကိုပါ ဖြေရှင်းနိုင်ခဲ့ပြီး ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်သွားတာမို့ ကိုယ်ပိုင်စုံထောက်လုပ်ငန်းတစ်ခု တည်ထောင်လိုက်ပါတော့တယ်။ ဒါပေမဲ့ မိန်းမငယ်လေးတစ်ယောက်ကို ဘယ်သူမှ ယုံကြည်ပြီး အလုပ်မအပ်တော့တာကြောင့် ခွက်ခွက်လန်အောင်ရှုံးပြီး ရုံးခန်းကိုပိတ်ဖို့စီစဉ်လိုက်ရပါတော့တယ်။အဲဒီအချိန်မှာပဲ မီးခြစ်ဆံစက်ရုံအလုပ်သမ ‌ကောင်မလေးတစ်ယောက်က ပျောက်ဆုံးနေတဲ့ သူ့အစ်မကို ရှာပေးဖို့ အမှုလာအပ်ပါတော့တယ်။ ဒါပေမဲ့ အနိုလာဟုမ်းစ်တစ်ယောက် လူပျောက်ရှာရင်းနဲ့ ဒါဟာ သာမန်အမှုမဟုတ်ဘဲ ကြီးမားတဲ့ မသမာမှုကြီးတွေ၊ လာဘ်စားမှုတွေ၊လူသတ်မှုတွေပါ ရောယှက်နေတာကိုတွေ့သွားပြီး အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ.... File size…1.9GB / 800MB Quality…1080p NF WEB DL  / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie

Enola Holmes 2(2022)

2022
Two and One (2022) 7.5
Two and One (2022) (18+) Two and One (2022)BL ဇာတ်လမ်းတွေထဲမှာ ဖိလစ်ပိုင်ဇာတ်လမ်းတွေက တစ်မျိုးတစ်ဖုံ ထူးခြားနေတတ်ပါတယ်။ ဒီဇာတ်လမ်းကလည်း ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ပါပဲ။ ဇာတ်လမ်းနာမည်အတိုင်းပဲ ချစ်သူနှစ်ယောက်ကြားမှာ တတိယလူပေါ်လာတဲ့အကြောင်းပါပဲ။ ဒါပေမဲ့ ဒီချစ်သူနှစ်ယောက်ကပဲ တတိယလူကို အသာတကြည်လက်ခံခဲ့ကြတာပါ။ ချစ်သူနှစ်ယောက်လုံးက အပေါ်ထပ်တွေချည်း ဖြစ်နေတဲ့အခါ ကြားခံအစားထိုးဖို့ အောက်ထပ်တစ်ထပ်ကို ရှာဖွေပါတော့တယ်။ သဘောတူညီထားတာကတော့ ကုတင်ပေါ််ကိစ္စ ဖြစ်တဲ့အချိန်မှာ တတိယလူကို အသုံးချကြမယ်ပေါ့။ ဒါပေမဲ့ မမျှော်လင့်တာတွေ ဖြစ်လာတဲ့အခါမှာတော့ .... ချစ်သူနှစ်ဦးကြားမှာ အက်ကြောင်းတွေ ထလာရပါတော့တယ်။ ဒါကို သူတို့တွေ ဖြေရှင်းနိုင်ပါ့မလား ဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Phantom ပဲ ဖြစ်ပါတယ်။Genre..... Adult, BL, Drama Quality…. 1080p | 720p | 480p File size… 1.4GB | 649MB | 284MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Two and One (2022)

2022
Leio (2022)
Leio (2022) Leio (2022)ကောက်ဝ်နဲ့ဖွန်က ရေရှားပါး မိုးနည်းနယ်ဖြစ်တဲ့ ထန်တဝမ်ရမ်ခရိုင်မှာ ကြီးပြင်းလာခဲ့သူတွေပါ။ဒါပမေဲ့ တစ်နေ့မှာတော့ ဒေသခံတွေ ရေအပူအပင်မရှိရအောင် အမြဲတစေကြိုးပန်းနေခဲ့တဲ့ ကောက်ဝ်ရဲ့အဘိုးဝပ် ဆုံးပါးသွားခဲံပါတယ်။YouTuber​ လေး ဖွန်က ဒီမြေမှာရေထွက်အောင်လုပ်နိုင်ရင် ဘတ်တစ်သန်း ဆုပေးမယ်လို့ Challenge Vlog တင်ခဲ့တယ်လူပေါင်းစုံလာရောက်ယှဥ်ပြိုင်တဲ့အထဲမှာ ကောက်ဝ်၊ ဂျိန် နဲ့ ရိုတို့အဖွဲ့လည်း ပါဝင်ခဲ့ကြပါတယ်အဖွဲ့တိုင်းက မြေအောက်ရေရှိမဲ့နေရာကို သူ့ထက်ကိုယ်အရင်ရှာဖွေနေဆဲမှာပဲ ရေကြောက်တဲ့မြေအောက်တွားသွားသတ္တဝါကြီးက လန့်နိုးလာပြီး သောင်းကျန်းရေးစဆင်းပါတော့တယ်ဧရာမပုတ်သင်ကြီးက လျင်လျင်မြန်မြန်ပဲ လူသားတွေကိုဖမ်းဆိးပြိး သူ့ဂူထဲကတနေရာမှာ မာကျောတဲ့သူ့ရဲံသလိပ်ခဲတွေနဲ့ဖမ်းချုပ်ထားပါတယ်ကောက်ဝ်ကဦးဆောင်ပြီး ဧရာမပုတ်သင်ကြီးကို ဖမ်းပြီး လူတွေကိုကယ်ဖို့ ကြိုးပမ်းခဲ့တဲ့အချိန်မှာတော့ ...အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality…. 1080p | 720p | 480p File size… 1.63GB | 939MB | 458MB Format… mp4 Duration…. 2h 29min Subtitle…. Myanmar Subtitle ...
movie

Leio (2022)

2022
Ready, Steady, Ommm! (2013) 5.2
Ready, Steady, Ommm! (2013) Ready, Steady, Ommm! (2013) ====================== IMDb Rating - 5.2/102013ခုနှစ်က ထွက်ရှိထားတဲ့ ဆွစ်ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စစ်တပ်ထဲမဝင်ချင်တဲ့ ယောဂဆရာ အဲလက်စ်နဲ့ သူ့ရဲ့ မိန်းမ သူနာပြု အန်နာတို့ဟာ သူတို့ရဲ့ သားဦးလေးအတွက် တိုက်ခန်းကောင်းကောင်းလေးတစ်ခု ရှာဖို့လိုအပ်လာပါတယ်။ နောက်ဆုံးကြံရာမရတဲ့အဆုံး အန်နာရဲ့ဖခင်ဖြစ်သူ ဒု-ဗိုလ်မှူးကြီး ရိုင်ကာ အိမ်မှာ နေရဖို့ဖြစ်လာပါတော့တယ်။ရိုင်ကာဟာလည်း စစ်တပ်မွန်းမံရေးသင်တန်းလုပ်ဖို့ ကြိုးစားနေတဲ့ အချိန် ဆိုတော့ အလဲအလှယ်အနေနဲ့ အိမ်ပေးပြီး သမက်ကိုတပ်ထဲ ခေါ်လာခဲ့ပါ တယ်။ တပ်ထဲမှာ အဲလက်စ်တစ်ယောက် ဘယ်လိုဗရုတ်သုတ်ခတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ဟာသဆန်ဆန် မြင်တွေ့ရမှာမို့ စိတ်အပန်းဖြေလို သူတွေ ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File Size..........(1.89 GB) / (854 MB) / (495 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Zaw Myo Thu Encoder..........SWM
movie

Ready, Steady, Ommm! (2013)

2013
Kung Fu Hustle (2004) 7.7
Kung Fu Hustle (2004) 2004 ခုနှစ်ကထွက်ရှိခဲ့တဲ့ စတီဖင်ချောင်ပါဝင်တဲ့ Kung Fu Hustle ဆိုတဲ့ ဇာတ်ကားလေးကို အသစ်တစ်ဖန် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဂိုဏ်းစတားတွေ နာမည်ကြီးတဲ့ခေတ်တစ်ခုမှာ လူမိုက်ဂိုဏ်းတွေထဲက ပုဆိန်ဂိုဏ်းသားတစ်ယောက်ဖြစ်ချင်တဲ့ လူငယ်လေးတစ်ယောက်ဟာ တကယ့်သိုင်းဆရာကြီးတွေ ဇာတ်မြှုပ်နေတဲ့ ရပ်ကွက်တစ်ခုမှာ ပြဿနာသွားရှာမိရာကနေ ဇာတ်လမ်းစတော့တာပါပဲ စတီဖင်ချောင်ရဲ့ ထုံးစံအတိုင်း ဟာသတွေနှောရင်း အပီအပြင်ဆော်ကြနှက်ကြတဲ့ သိုင်းကားတွေကို ကြည့်ချင်တဲ့သူတွေအတွက်ကတော့ ပြန်ကြည့်တိုင်း မရိုးနိုင်တဲ့ ဇာတ်ကားတွေထဲက တစ်ခုပါပဲ ဒီဇာတ်ကားကို စတီဖင်ချောင်ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားခဲ့ပြီးတော့ ဒီကားနဲ့ပတ်သက်လို့ သိပြီးသားတွေထဲက လူသိနည်းတဲ့ စိတ်ဝင်စားစရာ အချက်တချို့ကိုတင်ပြရရင် ၁ - ဇာတ်ကားထဲက ဝက်ယာတောလို့ခေါ်တဲ့ ရပ်ကွက်ဟာ စတီဖင်ချောင် ကြီးပြင်းခဲ့တဲ့ ဟောင်ကောင်က တိုက်ခန်းအိမ်ယာတစ်ခုကို ပုံစံယူတည်ဆောက်ထားတာပါ ၂- ပုဆိန်ဂိုဏ်းခေါင်းဆောင်ကို တခြားလူမိုက်တွေနဲ့ မတူအောင်လုပ်ဖို့ စတီဖင်ချောင် စဉ်းစားခဲ့တဲ့နေရာမှာ သရုပ်ဆောင်သူဟာ အကသမားဖြစ်နေတဲ့အတွက် ဇာတ်ကားထဲမှာ ဂိုဏ်းသားတွေ ကတဲ့အခန်းတွေပါလာတာဖြစ်ပါတယ် ၃- လူသတ်သမားနှစ်ယောက်ကို ငှားတဲ့အခန်းမှာ မူလဇာတ်လမ်းအရ ရေအောက်ငမန်းသိုင်းကွက်တွေ လုပ်ဖို့ ရှိခဲ့ပေမယ့် CGI သမားတွေ မတတ်နိုင်တာကြောင့် စောင်းနဲ့ပဲ တိုက်ခိုက်တာကို ပြောင်းလဲခဲ့တာပါ ၄- ...
movie

Kung Fu Hustle (2004)

Genres

Archives