Channel Myanmar

Content at random


Movies

Captain (2022) 4.7
Captain (2022) Captain (2022) ===========ဒီတစ်ခေါက်မှာတော့ ထူးခြားတဲ့ဇာတ်အိမ်နဲ့ တောင်ပိုင်းစစ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ကပ္ပတိန် ဗက်ထရီဆယ်လ်ဗန်ဟာ ငယ်ရွယ်စဉ်ကတည်းက တပ်မတော်သင်တန်းကျောင်းတစ်ခုမှာ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရသူပါ။ အိန္ဒိယတပ်မတော်ရဲ့အားကိုးရတဲ့စစ်သားတစ်ဦးဖြစ်ပြီးတော့ အဖွဲ့သားတွေကိုလည်း မိသားစုလိုသံယောဇဉ်ရှိသူဖြစ်ပါတယ်။တစ်ရက်မှာတော့ သူတို့အဖွဲ့သားတွေဟာ Section 42လို့ ခေါ်တဲ့နေရာတစ်ခုမှာတာ၀န်ထမ်းဆောင်ဖို့ စေလွှတ်ခံရပါတော့တယ်။ Section 42 ဆိုတာကတော့ နှစ်ပေါင်းငါးဆယ်လောက် လူသူမနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ထူးဆန်းတာကတော့ သူတို့ထက်အရင်စေလွှတ်ခံခဲ့ရတဲ့အဖွဲ့ဟာ section 42အရောက်မှာ အချင်းချင်းပစ်ခတ်ပြီး သေဆုံးကုန်ကြတာပါပဲ။ ဗက်ထရီတို့အဖွဲ့သားတွေဟာလဲ အဆိုပါနေရာအရောက်မှာ အလားတူဆိုးရွားတဲ့ကံကြမ္မာမျိုးကြုံခဲ့ရပါတော့တယ်။တပ်သားတွေဟာ အဲ့ဒီနေရာကိုရောက်ရင် ဘာလို့အချင်းချင်းပစ်ခတ်ကုန်ကြတာလဲ.... နောက်ကွယ်မှာ ဘယ်လိုထူးဆန်းတဲ့အရာမျိုးရှိနေတာလဲ... ကပ္ပတိန်ဗတ်ထရီတို့အဖွဲ့သားတွေ ဘယ်လိုထူးခြားဆန်းပြားတဲ့ရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့... ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ File size…1.8GB / 883MB Quality…1080p WEB DL /  720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Poe & ThetKo & Shwe Pyae Reviewed by OeliuJ
movie

Captain (2022)

2022
In The Quarry (2019) 5.6
In The Quarry (2019) In the Quarry (2019) ===============ဇာတ်လမ်းအစ သူငယ်ချင်းနှစ်ယောက်နဲ့ အတွဲတစ်တွဲက စွန့်ပစ်ထားတဲ့ ကျောက်မိုင်းကျင်းတစ်နေရာကို အပန်းဖြေခရီးထွက်ကြပါတယ်...... မြို့နဲ့ ၁၀ ကီလိုမီတာကျော်ဝေးပြီး ဘယ်သူမှမလာကြတဲ့အတွက် သူတို့ လေးယောက်အတွက်တော့ အေးဆေးအပန်းဖြေလို့ရတဲ့ နေရာပါပဲ။အာလီနဲ့ ဘရူနိုတို့က ချစ်သူတွေဖြစ်ကြပြီး အာလီက သူ့ရဲ့ငယ်သူငယ်ချင်း မာတင်နဲ့ နောက်ကွယ်မှာ ဖောက်ပြန်နေကြတာပါ။ ဒီကိစ္စကို ဘရူနိုသိသွားတဲ့ အချိန်မှာတော့....အာလီနဲ့ ဘရူနိုတို့ ပြန်အဆင်ပြေပါ့မလား၊ မာတင်နဲ့ ဘရူနို တို့ရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်။ Drama, Thriller ဇာတ်လမ်းမျိုးကြိုက်နှစ်သက်သူများအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.75 GB) / (730 MB) / (420 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 57mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Parris Encoder..........SWM
movie

In The Quarry (2019)

2019
Epic (2013) 6.0
Epic (2013) 2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊ epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့ တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့ ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ သူတို့ဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…1.7GB /  900MB Quality…1080p BluRay /  720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Epic (2013)

2013
Mukden Funeral Shop (2022) 6.2
Mukden Funeral Shop (2022) “ဒီလောကကြီးမှာ သရဲ တစ္ဆေဆိုတာမရှိပါဘူး လူတွေရဲ့ စိတ်နှလုံးထဲမှာ ကြောက်စိတ်ကိန်းအောင်း နေလို့သာ သရဲ တစ္ဆေနဲ့ပတ်သတ်တဲ့ လှည့်စားမှုပေါင်းများစွာက ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်”တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါက်ပေါက်လာချိန် အချိန်ကာလ / တရုတ်ရိုးရာ တစ္ဆေပွဲတော်နေ့တစ်နေ့ ..... ထိုက်ဖျင် တရားရုံးရဲ့ မှောင်ပျပျ ပြဇာတ်ရုံတစ်ခုမှာ "ယင်းတောင်ရဲ့ နတ်ဆိုးအရှင်" ပြဇာတ်ကို ကပြလို့နေခဲ့ပါတယ်တစ်ဆက်ထဲမှာပဲ အဲဒီနေ့က စစ်ဆေးရေးမှူးချုပ် ဖန်းကျန့်ရူ ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်လို့နေခဲ့ပါတယ် ဖန်းကျန့်ရူရဲ့ သားဖြစ်သူဟာ ပြဇာတ်ရုံကို ရုတ်ရုတ်သဲသဲဖြစ်သွားစေဖို့ လူလွှတ်လိုက်ပြီးတော့ ဖခင်ဖြစ်သူရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ပြဇာတ်ရုံကို သိမ်းပိုက်လိုက်ပါတော့တယ်လူတွေအားလုံး ပျော်ရွှင်မှုရဲ့ အငွေ့အသက်တွေကြားမှာ နစ်မြောနေချိန်အတွင်း ......မီးတောက်များစွာနဲ့ လောင်ကျွမ်းနေတဲ့ လူတစ်ယောက်က စင်မြင့်ထက်ကနေပြီး ပြုတ်ကျလာခဲ့ပါတော့တယ် အဲ့ဒီမြင်ကွင်းက တစ္ဆေပွဲတော်နေ့ရက်မှာမှ နတ်ဆိုးအရှင်ကို မီးရှို့ခံရတဲ့မြင်ကွင်းနဲ့ သွားတူလို့နေပါတယ် သိကြတဲ့အတိုင်း လူသားတွေဆိုတာ တစ်ခုခုဆိုရင် အယူသည်းကြတဲ့ အထဲမှာပါလေ့ရှိပါတယ်စင်အောက်က စက္ကူရုပ်တွေနဲ့ အထိန်းအမှတ်ကျောက်တိုင်တွေအားလုံးက မီးကျွမ်းလောင်သွားခဲ့တာမို့ နတ်ဆိုးအရှင် ဒေါသထွက်သွားပြီ ဆိုတဲ့ ကောလဟာလတွေကတစ်ဟုန်ထိုးဆိုသလို ပျံ့နှံ့လို့သွားပါတော့တယ် ဖန်းကျင့်ရူဟာလဲ ဒေါသပုန်ထပြီး ဒီကိစ္စကို စတင်စုံစမ်းခဲ့ပါတယ် ဖုန့်ထျန်း စျာပနပစ္စည်းအရောင်းဆိုင်က ဆိုင်ပိုင်ရှင်ဖြစ်သူ ရွှီစစ်ကျို ဟာလဲ ဖိအားပေးခံရကာ ဒီအမှုကိစ္စမှာ ပါဝင်လာခဲ့ပါတော့တယ် အမှုကိစ္စကဟာ ...
movie

Mukden Funeral Shop (2022)

The Invincible Constable ( 2022 ) 6.1
The Invincible Constable ( 2022 ) "ကျန်ကျောင်းနှင့် ထူးဆန်းသောမီးနတ်ရုပ်ထုခိုးမှု" (2022)ရန်ကျုံးဧကရာဇ်စိုးစံစဥ်ကာလမှာ သူရဲကောင်းကျန်ကျောင်းကို ကြောင်ဘုရင်ဘွဲ့ချီးမြှင့်ခဲ့ပါတယ်။ ဒါကိုမကျေနပ်တဲ့ ကောင်းကင်ကျွန်းကကြွက်ငါးကောင်အဖွဲ့ဟာ ကျန်ကျောင်းကိုဒုက္ခရောက်အောင်ကြံစည်ဖို့ချောင်းနေခဲ့တယ်။ အငယ်ဆုံးကြွက်ဖြစ်တဲ့ ပိုင်ယွီထန်ကတော့ ကျန်ကျောင်းကိုဒုက္ခပေးဖို့စိတ်ဓာတ်အပြင်းပြဆုံးဖြစ်နေပါတယ်။အခွင့်ကြုံလာတဲ့အချိန်ကတော့ မီးနတ်ပွဲတော်ကျင်းပတဲ့အချိန်ပါပဲ။ မင်းကြီးဟာတိုင်းပြည်အတွက်ဆုတောင်းဖို့မီးနတ်ရုပ်ထုကို သွန်းလုပ်ခဲ့ပြီး အဲ့ဒီရုပ်ထုကိုကာကွယ်ဖို့ကျန်ကျောင်းကို​တာဝန်ပေးထားခဲ့ပါတယ်။ ရုပ်ထုဟာအသက်တမျှအရေးကြီးလှတဲ့ရတနာပေါ့။ ပိုင်ယွီထန်ဟာမီးနတ်ရုပ်ထုကိုခိုးယူလို့ရခဲ့ပေမယ့် ပွဲတော်မှာမီးလောင်ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး ပြည်သူအများဒုက္ခရောက်ရပါတော့တယ်။ဒီအမှုကိုဖြေရှင်းဖို့ ကျန်ကျောင်းခေါင်းပေါ်ကျလာတဲ့အခါမှာတော့… မီးလောင်ပေါက်ကွဲမှုကြီးဟာ ကြွက်ငါးကောင်ကြောင့်လား နောက်ကွယ်မှာဘယ်သူရှိနေတာလဲ ဘယ်လိုမြှုပ်ကွက်တွေနဲ့ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Invincible Constable ( 2022 )

No More Chance, My Dear EX (2022) 5.5
No More Chance, My Dear EX (2022) No more chance, my dear Ex (2022)နောင်တဆိုတာ အချိန်လွန်မှ ရတတ်တာမျိုးပါ။ နောင်တတွေ ရနေပြီဆိုရင်တော့ ကိုယ်လျှောက်ခဲ့ဖူးတဲ့လမ်းပေါ်ကို တည့်တည့်မတ်မတ် ပြန်လျှောက်ဖို့ရာ မဖြစ်နိုင်တော့ပါဘူး။အချစ်ဆိုတဲ့ လမ်းကလေးမှာလည်း အသွားမတော် တစ်လှမ်း ဖြစ်လို့ကတော့ နောက်ပြန်လှည့်ဖိုရာ မဖြစ်နိုင်တော့ပါဘူး။အချစ်ဆိုတဲ့ ခရီးလမ်းမှာ အကြုံရဆုံး ခလုတ်ကန်သင်းကတော့ ဒုတိယလူ ပေါ်လာတာပါပဲ။ ဒုတိယလူနောက်ကို ကိုယ့်စိတ်ကလေး တိမ်းသွားရင် အချစ်ရေးမှာ အရာရာ မချောမွေ့တော့ပါဘူး။ကိုယ့်လူတွေကလည်း အထိအတွေ့တို့၊ နားလည်ပေးမှုတို့၊ ဂရုစိုက်ပေးမှုတို့ ပေးလိုက်တာနဲ့ ခဏတဖြုတ်တော့ ဆားတို့ပေးလိုက်တဲ့ တီကောင်လို တွန့်လိမ်တွန့်လိမ်ဖြစ်သွားတာပဲမလား? တွန့်လိမ်တွန့်လိမ် ဖြစ်နေကြတဲ့ ညိုကီတို့ နဲ့ စနိုက်ဆီကနေ စစ်ကြေငြာခံနေရတဲ့ မမတို့အတွက်တော့ ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါဗျ။ဇာတ်လမ်းကတော့ .....၅ နျစ်ကျော် ချစ်သူ သက်တမ်းရှိပြီ ဖြစ်တဲ့ အလုပ်ကြမ်းပိုး ကျီစန်း နဲ့ ကလေးဆန်လွန်းတဲ့ ကျားမင်တို့ အကြောင်းပါပဲ။ကျားမင်တစ်ယောက် အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ ပေကျင်းရောက်သွားတာကနေ ဇာတ်လမ်းကစတော့တာပဲ။ ရိုးသားကြိုးစားပြီး အနေတည်လွန်းတော့ ပေကျင်းမှာစန်းပွင့်နေတဲ့ ကျားမင် နဲ့ သွေးအေးတဲ့ဒဏ်ကိုမခံနိုင်လို့ ပေကျင်းကိုလိုက်လာတဲ့ ကျီစန်း သူတို့ကြားမှာ ပေါ်လာတဲ့ ...
movie

No More Chance, My Dear EX (2022)

2022
The Perfumier (2022) 4.0
The Perfumier (2022) The Perfumier (2022) ==================အကြည်ဓာတ်ရဖို့ လရောင်ခံတာတို့ spell jar ဆောင်တာတို့ဆိုတာ ဒီဇာတ် ကားထဲက ရေမွှေးနဲ့ ယှဉ်ရင်တော့ ပါမွှားလေးပါပဲ။ ဆန်နီ ဆိုတဲ့ မှုခင်းဌာနက ရဲမေတစ်ဦးဟာ ငယ်စဉ်ကတည်းက ဘယ်အနံ့ကိုမှ မခံစားရတဲ့ အနံ့ပျောက် နေတဲ့သူတစ်ဦးပါ။ သူမမှာ ယူရို ဆိုတဲ့ ကလေးနှစ်ယောက်အဖေ အိမ်ထောင်သည် ချစ်သူစုံထောက်တစ်ယောက်လည်း ရှိပါသေးတယ်။ဒိုရီယန်ကတော့ ဘယ်အနံ့မဆို ခွဲခြားသိနိုင်ပြီး ထူးခြားတဲ့ အနံ့ခံစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ရေမွှေးတီထွင်သူ တစ်ဦးပါ။ အချစ်ရေမွှေး လို့ခေါ်တဲ့ စွတ်လိုက် တာနဲ့ အားလုံးက တန်းတန်းစွဲဝိုင်းချစ်ကြမယ့် ရေမွှေးကို တီထွင်ဖို့အတွက် မိန်းမငယ်လေးတွေကို သတ်ဖြတ်ပြီး အနံ့ဂလင်းန်တွေကို ဖြတ်ထုတ်ယူတာ သူ့ရဲ့အလုပ်ပါပဲ။ဆန်နီတစ်ယောက် ဒိုရီယန်ရဲ့ ပြစ်မှုတွေကို ဖော်ထုတ်ဖို့ လိုက်လံကြိုးစားရင်း Sex perfume ဆိုတဲ့ ရမ္မက်ရေမွှေးကို အမှတ်မထင်ရရှိသွားပြီးနောက် သူမ ဘာဆက်လုပ်မလဲဆိုတာကတော့ ဇာတ်သိမ်းထိ စောင့်ကြည့်ရမှ သိရပါလိမ့်မယ်။ 21st September, 2022 မှာ Netflix ကနေ ထွက်ရှိလာတဲ့ psychological drama, crime ...
movie

The Perfumier (2022)

2022
Wolves of War (2022) 4.3
Wolves of War (2022) Wolves of War (2022) =================လူတွေရဲ့အတွင်းစိတ်မှာတိုက်ခိုက်နေတဲ့ ဝံပုလွေဆိုးနဲ့ဝံပုလွေကောင်းတို့ ရှိနေပြီး ပိုအလေးပေးမိတဲ့အကောင်က အနိုင်ရပါသတဲ့...။အဆိုးအကောင်း ဒွန်တွဲနေတဲ့ လူ့စိတ်ကိုထင်ဟပ်ပြထားတဲ့ စကားလေးပါ။ Wolves of War ဟာ စစ်တွင်းနောက်ခံဇာတ်လမ်းပေမဲ့ စစ်ရေးမစ်ရှင်တင်မက အဲဒီလိုအတွေး ရစေမယ့်စကားလေးတွေနဲ့အတူ ဒရမ်မာလေးတွေပါ ခပ်ပါးပါးထည့်ထားတဲ့ စစ်ကားမျိုးပါ။ဒုတိယကမ္ဘာစစ်ပြီးကာစမှာ ဗြိတိသျှအရာရှိဦး‌ဆောင်တဲ့လက်ရွေးစင်အဖွဲဟာ ရန်သူ့နယ်မြေထဲ၀င်ရမယ့် နောက်ဆုံးစစ်ဆင်ရေးကို လုပ်ဆောင်ရပါတယ်။ သူတိုတာ၀န်က နာဇီတိုထိန်းသိမ်းထားတဲ့ အမေရိကန်သိပ္ပံပညာရှင် ပရော် ဖက်ဆာကြီးတစ်ယောက်ကို ခေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ ရန်သူ့နယ်မြေကို အ၀င်မှာပဲ သူတိုအဖွဲ နာဇီယုံကြည်သူ ဒေသခံပြည်သူ့စစ်အဖွဲနဲ့တိုးပါတော့တယ်။စစချင်းမှာပဲ အဖွဲ၀င် ၂ ယောက်လျော့ပြီး ၄ ယောက်သာကျန်တဲ့ သူတိုအဖွဲဟာ လူနည်းနည်းလေးနဲ့ နာဇီတွေကြား ဘယ်လိုတိုး၀င်မလဲ၊ ပရော်ဖက်ဆာကြီးကို ဘယ်လိုရှာဖွေကယ်ထုတ်မလဲ၊ suicide mission တစ်ခုလိုဖြစ်နေတဲ့ သူတိုစစ် ဆင်ရေးကြီးကနေ ဘယ်သူတွေကအိမ်ပြန်ရောက်ပြီး ဘယ်သူတွေက အိမ်ပြန် မရောက်နိုင်တော့ဘူးလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်လိုက်ကြရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.98 GB) / (970 MB) / (610 MB) Quality............WebRip 1080p ...
movie

Wolves of War (2022)

2022
[18+]The Lady Improper (2019) 5.1
[18+]The Lady Improper (2019) ဘ၀မှာဆုံးရှုံးရတာတွေ များလာတဲ့အခါ ဘ၀အသစ်ပြန်စချင်ကြတာပဲ မဟုတ်လားဒီဇာတ်ကားထဲမှာလည်း Siu Man ဆိုတဲ့ ကောင်မလေးက ယောကျ်ားရဲ့စွန့်ပစ်ခြင်းခံရ ၊ ဖခင်ကလည်း ဆုံး သတ်သေချင်စရာလောကထဲကနေဘ၀အသစ်ပြန်စဖို့ စာဖိုးမှူးလုပ် အဖေ့ရဲ့စားသောက်ဆိုင်ကိုပြန်လည်ဖွင့်ဖို့လုပ်ပါတော့တယ်အတွေ့အကြုံမရှိတဲ့သူမို့ အရံစားဖိုမှူးငှားရတာပေါ့ ငှားတဲ့ စားဖိုမှူးက ချောတဲ့အပြင် ဆွဲဆောင်မှု့အပြည့်ရှိနေကာ ဂရုစိုက်မှု့တွေပါကောင်းတော့ ချစ်ကြွမ်း၀◌င်မိသွားတာပေါ့သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို လှိုက်လဲရင်သက်စွာ ကြည့်ရှု့ရမယ့် ဇာတ်ကားလေးမို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူးနော် ။( အညွှန်းရေးသားထားသူကတော့ Dark Devil ပါ )File Size__(1.5GB) / (800MB) Quality__1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:24:00 Type__Adult, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Butterfly Encoded by Dark Devil
movie

[18+]The Lady Improper (2019)

Confess, Fletch (2022) 6.5
Confess, Fletch (2022) Confess, Fletch (2022) ================= IMDb Rating - 6.5/10၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ ဇာတ်လမ်းကောင်းပြီး ရယ်ရတဲ့ ဟာသဇာတ်ကား ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.5, Rotten Tomatoes 85% ရရှိထားပြီးတော့ ဇာတ်အိမ် ခိုင်မာသလို ဟာသများကလည်း ကလိထိုးရယ်စရာမလိုတဲ့ ဟာသတွေပါ။ ဖလက်ချ်ဟာ သတင်းထောက်အလုပ်ကနေ အနားယူရင်း ဥရောပမှာ ခရီးသွားနေတဲ့သူပါ။ အီတလီနိုင်ငံ ရောမမြို့က မြို့စား ကြီးတစ်ယောက်ဟာ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ပန်းချီကားတွေကို ပြန်လည်ရှာဖွေဖို့ ဖလက်ချ်ကို အလုပ်အပ်လာပါတော့တယ်။  မြို့စားကြီးရဲ့ သမီးဖြစ်သူ အန်ဂျလာနဲ့လည်း ချစ်ကြိုက်မိသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ မြို့စားကြီး ပြန်ပေးဆွဲခံလိုက်ရပြီး ပြန်ပေးသမားများက ပြန်ရွေးငွေအဖြစ် ပီကာဆိုရဲ့  ပန်းချီကား တစ်ချပ်ကို တောင်း ဆိုလာပါတယ်။ ထိုအခါမှာ ဖလက်ချ်လည်း ပန်းချီကားများကို မဖြစ်မနေ ပြန်လည်ရှာဖို့ ဖြစ်လာပါတော့တယ်။ဖလက်ချ်ဟာ ပန်းချီကားတွေကို ခြေရာခံလိုက်ရင်း ဘော်စတွန်မြို့ကို ရောက်ရှိပါတယ်။ သူ့ရည်းစား စီစဉ်ပေးတဲ့ အိမ်တစ်အိမ်မှာနေဖို့ ရောက်လာတဲ့အခါမှာ ထိုအိမ်တွင် သေဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ...
movie

Confess, Fletch (2022)

2022
Mutant: Ghost War Girl ( 2022 ) 5.9
Mutant: Ghost War Girl ( 2022 ) CM Chinese ပရိသတ်ကြီးအတွက် ခေတ်လွန်သိပ္ပံ စူပါဟီးရိုးဆန်ဆန်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...... အနာဂတ်ကမ္ဘာမှာ နည်းပညာဟာတဟုန်ထိုးတိုးတက်နေပါပြီ။ ကမ္ဘာပေါ်မှာမီဒူဆာဆိုတဲ့လျို့ဝှက်အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာခဲ့တယ်။ သူတို့ဟာလူသားတွေကိုတရားမဝင်ဖမ်းဆီပြီး သုတေသနခန်းမှာစမ်းသပ်ပစ္စည်းအဖြစ်အသုံးပြုပါတယ်။ဒီအမှုကိုစုံစမ်းသက်သေယူဖို့အတွက် မီဒူဆာအဖွဲ့မှာအသွင်ယူစုံစမ်းရင်း ဝမ်ချင်ချင်ဟာ စမ်းသပ်ခံလူသားအဖြစ်နဲ့ မျိုးရိုးဗီဇာပြောင်းဆေးရည်ထိုးခံရပြီး သာမန်လူတွေထပ်သာလွန်တဲ့အစွမ်းတွေနဲ့ သန္ဓေပြောင်းလူသားဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ကမ္ဘာပေါ်မှာသန္ဓေပြောင်းလူသားတွေပြန်နှံ့လာပြီး မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာအသုံးချခြင်းကိုခံရပါတော့တယ်။သန္ဓေပြောင်းလူသားတွေပြစ်မှုကျူးတာကိုတားဖို့အတွက် နိင်ငံတကာလုံခြုံရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ကောင်းတဲ့သန္ဓေပြောင်းလူသားနဲ့ ဆိုးသွမ်းတဲ့သန္ဓေပြောင်းလူသားတွေရဲ့ တိုက်ပွဲဟာစတင်လာပါတော့တယ်..... ဝမ်ချင်ချင် တစ်ယောက် တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မလဲ...... မီဒူဆာအဖွဲ့အစည်းကြီးကိုရောဘယ်လိုဖျက်ဆီးပစ်မလဲ...... ဆိုတာကိုမမလှလှတွေရဲ့ ဖိုက်တင်ခန်းအမိုက်စားတွေနဲ့ ဝေဝေဆာဆာကြည့်လိုက်ကြပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science Fiction Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Mutant: Ghost War Girl ( 2022 )

Marble Mountains ( 2022 ) 6
Marble Mountains ( 2022 ) ဒီတစ်ခါ CM ရဲ့ တရုတ်ကားကြိုက်သူလေးတွေအတွက် အစဉ်အလာမပျက် စွန်းဝူခုန်းဇာတ်ကြောင်းကို version တစ်မျိုးနဲ့ တင်ဆက်ထားတဲ့ Marble Mountain ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့... စွန်းဝူခုန်းဇာတ်ကြောင်းကို အရင်ဇာတ်ကားတွေလို မက်မွန်သီးခိုးစားလို့ လူ့ပြည်ရောက်လာတာလည်းမဟုတ်... အချစ်ဇာတ်လမ်းလေးကြောင့် စွန်းဝူခုန်းဖြစ်လာတာမျိုးမဟုတ်ဘဲ...လက်နက်မဲ့ ပြည်သူတွေအတွက် စွန့်စွန့်စားစား မိစ္ဆာတွေကို ချေမှုန်းခဲ့ရာကနေမှ တရားစစ် တရားမှန်ကို သဘောပေါက်နားလည်ပြီး စွန်းဝူခုန်းဖြစ်လာခဲ့တာလို့ ပြောင်းလဲ တင်ဆက်ပြထားတာပေါ့...ဒီဇာတ်လမ်းထဲမှာ တခြားဇာတ်ကောင်တွေနဲ့ တခြား ပုံစံဆန်းလေးတွေ တင်ဆက်ပြထားတာမို့ အက်ရှင်ကားတွေကြိုက်ပြီး စွန်းဝူခုန်းကားကိုမှကြည့်ချင်တယ်ဆိုသူတွေ ဒေါင်းကြည့်သင့်တာမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်... Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Adventure , Action Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Marble Mountains ( 2022 )

What She Likes (2021) 6.8
What She Likes (2021) What she likes (2021)Web novel ကို ပြန်လည်ရိုက်ကူးထားတဲ့ တွေးစရာတွေတစ်ပုံကြီးပါတဲ့ ဆယ်ကျော်သက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျွန် အန်ဒိုဆိုတဲ့ကောင်လေးက ဂေးတစ်ယောက်ဖြစ်ပေမဲ့ come out လုပ်မထားရသေးတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူက သူ့ရဲ့ဖြစ်တည်မှုကို အမြဲတမ်းမေးခွန်းထုတ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အသက်ကြီးတဲ့ရည်းစားလည်းရှိပါတယ်။ သူ့ရည်းစားကအိမ်ထောင်သည် ကလေးအဖေဖြစ်ပြီးတော့ အားတဲ့အချိန်မှာ သူနဲ့တွေ့လေ့ရှိပါတယ်။တစ်ဖက်မှာလည်း သူ့ကို ငယ်ငယ်တည်းကခင်တဲ့ ကောင်မလေး မိအူရက ဖွင့်ပြောလာပါတယ်။မိအူရက BLဇာတ်လမ်းတွေကို ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့ ဖူဂျိုရှီလေးပါ။ မိသားစုဘဝကိုမက်မောတဲ့ ဂျွန်က သူ့ဖြစ်တည်မှုကိုမသိတဲ့ မိအူရကိုတွဲဖို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကောင်မလေးကြိုက်တဲ့သူဟာ straightကောင်လေးမဟုတ်ဘဲ ဟိုမိုတစ်ယောက်ဖြစ်နေခဲ့တဲ့အခါမှာတော့... ဂျွန်တစ်ယောက် ကောင်မလေးနဲ့ ရည်းစားကောင်လေးအကြား ခံစားချက်လွန်ဆွဲပွဲတွေ ဘယ်လိုကြုံရမလဲ။သူကိုယ့်ကိုယ်ကိုဖိအားပေးပြီးကြိုးစားယူချင်နေတဲ့ မိသားစုဘဝလေးကရော ဖြစ်မြောက်မှာလား။ ဖူဂျိုရှီလေးရဲ့ စိတ်ကူးယဉ်မှုတွေက လက်တွေ့ဘဝထဲ တကယ်ဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မှာလဲ ။လက်တွေ့ဘဝက ဂေးကောင်လေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေ ခံစားချက်တွေအကြောင်း ကောင်းကောင်းပုံဖော်ထားတဲ့ ဆယ်ကျော်သက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ...
movie

What She Likes (2021)

{21+}Her Older Sister [SSIS-453]
{21+}Her Older Sister [SSIS-453] ဆာတိုရီ နဲ့ အဇီဝါ တို့ ချစ်ခရီးက အခုမှစတာပါ ငယ်ရွယ်သူတွေဖြစ်ကြပြီး အချစ်ကို ရူးရူးမိုက်မိုက်ပဲပေါ့ ချစ်တာတခုပဲသိပြီး ကျန်တဲ့ အရာတွေကို အတွေ့ကြုံမရှိသူတွေ အနမ်းလေးတစ်ပွင့်အတွက်တောင် ခဲရာခဲဆစ်ကြိုးစားနေရသူတွေ အဇီဝဝါရဲ့ အစ်မက တော့ အဲလိုမဟုတ်ပါဘူး သူက ယွန်း တဲ့ယွန်းကတော့ အသက်ရွယ်ရှိပြီး အတွေ့ကြုံများသူလေး တစ်နေ့မှာတော့ သူတို့နှစ်ယောက်အခြေနေကို ရိပ်မိသွားတဲ့ ယွန်း တစ်ယောက် ဆာတိုရီနဲ့ နှစ်ယောက်တည်း တွေ့ဖို့အကြောင်းဖန်လာတဲ့အခါ ရင်ခွင်မှီအရပ် မောင်လေးတွေကို ကြိုက်တဲ့ မမတွေရော အရပ်ရှည်တဲ့ မမတွေကိုမှကြိုက်တဲ့ ကောင်လေးတွေရော လက်မလွတ်တမ်းကြည့်သင့်ပါတယ် File size…2.3GB / 1.3GB Quality…1080p  / 720p Format…mp4  Duration….2 h 32 min Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

{21+}Her Older Sister [SSIS-453]

[17+] Blonde (2022) 6.2
[17+] Blonde (2022) Blonde (2022)=========== IMDb Rating - 6.2/10ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ ...
movie

[17+] Blonde (2022)

2022
Fullmetal Alchemist: The Final Alchemy (2022) 5.3
Fullmetal Alchemist: The Final Alchemy (2022) Fullmetal Alchemist: The Final Alchemy (2022)မန်ဂါအနေနဲ့ရော Animeအနေနဲ့ ရောအောင်မြင်ခဲ့တဲ့ Full Metal Alchemist ကို ၂၀၁၇မှာ Live Action တစ်ကားထုတ်ခဲ့ပြီး 2022မှာမှ သူ့အဆက်ကို ဆက်ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တင်ခဲ့တဲ့ Fullmetal Alchemist: Final Chapter - The Avenger Scarပါ။ အဲဒီကားမှာ ကောင်းခန်းမှာမှ ဖြတ်သွားပြီ တစ်လအကြာမှာ ဇာတ်သိမ်းခန်း Final Alchemist ထပ်ထွက်လာပါတယ်။Animeသမားတွေတော့ ကြိုက်လောက်မှာ မဟုတ်ပေမဲ့ ဒီတိုင်းကြည့်ရင်တော့ ဒီအပိုင်းက ပထမ၂ပိုင်းထက်တောင် တော်တော်လေးကြည့်ကောင်းပါတယ်။ Main Bossပါလာပြီဆိုတော့ Battle Sceneအကြမ်းစားတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ Plot Twistကလေးတွေတောင် ပါပါသေးတယ်။ ဒီသုံးကားဟာ ဇာတ်ကောင်တွေရဲ့ Friendship တွေ ၊ Brotherhood တွေ ၊ Comradeship ...
movie

Fullmetal Alchemist: The Final Alchemy (2022)

A History of Violence(2005) 7.4
A History of Violence(2005) A History of Violence(2005) အညွှန်း*******************************တွန်မ်ဆိုတဲ့လူကတော့ မိသားစုကိုသိပ်ချစ်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပါတယ်။သားသမီးတွေကိုလည်းဂရုစိုက်သလို မိန်းမနဲ့တီတာဖို့မမေ့တဲ့တွန်မ်တစ်ယောက်‌တစ်နေ့မှာကြက်ကန်းတိုးပြီး တိုင်းသိပြည်သိသူရဲကောင်းကြီးဖြစ်လာပါတော့တယ်။နာမည်ကြီးမှုတွေကို တွန်မ်အစကတည်းက စိတ်တိုင်းမကျခဲ့သည့်အလျှောက်တကယ်လည်း နာမည်ကြီးမှုရဲ့နောက်ဆက်တွဲဖြစ်စဉ်တွေဟာတွန်မ်တို့ရဲ့မိသားစုဘဝတစ်ခုလုံးကို ကြီးကြီးမားမားသက်ရောက်လာခဲ့ပါတယ်။ပြဿနာကို တွန်မ်တို့မိသားစုဘယ်လိုရင်ဆိုင်ကြသလဲ?...ဘယ်လိုတွေကြမ်းရမ်းကြမလဲဆိုတာကိုတော့ လျှို့ဝှက်ချက်တွေနဲ့ခေါင်းခြောက်ရမယ့်thriller film ကောင်းတစ်ခုထဲမှာ ဆက်လက်ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။R-rated အမျိုးအစားဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...  File Size :(1.7GB)(648MB) and (196 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:36:00 Genre : Crime , Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hae Areum Encoded by Phyo Pyae
movie

A History of Violence(2005)

Unlock Your Heart – Open (2021) 6.6
Unlock Your Heart – Open (2021) Open / Unlock your heart / Hiraite (2021)ယခုတင်ဆက်ပေးမှာကတော့ 2021ကထွက်ရှိခဲ့တဲ့ ကျောင်းသားdrama ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါပဲအာအီ ဆိုတဲ့ စာတော်ပြီး ချစ်စရာကောင်းတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်... ကျောင်းမှာ ပေါ်ပြူလာ အဖြစ်ဆုံးမိန်းကလေးက မထင်မရှား အတန်းဖော်ကောင်လေး တာတိုအဲကို ကြိတ်ခွက်ရှ်နေပါတယ် ကောင်လေးကလည်း အနေအေးသူဆိုတော့ ချဥ်းကပ်ရခက်နေတယ်တစ်နေ့မှာ တာတိုအဲက စာတစ်စောင်ကို ဖတ်ပြီး သိမ်းလိုက်တာကို မြင်သွားပါတယ် တစ်ကူးတက ညဘက်ကျောင်းထဲထိ ခိုးဝင်ပြီး စာကို ခိုးဖတ်လိုက်တဲ့အခါ သူ့ခွက်ရှ်မှာ လျှို့ဝှက်ရည်းစားရှိနေတာကို သိသွားချိန်မှာတော့ ခွက်ရှ်ရည်းစားဖြစ်တဲ့ မီယူကီကို ချဥ်းကပ်ရင်း ပြတ်စဲသွားအောင် မသိမသာ အကြံတွေထုတ်ရပါတော့တယ်သူဘယ်လိုအကြံတွေထုတ်မလဲ အောင်မြင်နိုင်မလား တာတိုအဲကရော သူ့လိုပဲအနေအေးတဲ့ မီယူကီကို ပစ်ပြီး အာအီနောက် ပါသွားမလားဆိုတာ မိုးအေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ )File ...
movie

Unlock Your Heart – Open (2021)

Limit (2022)
Limit (2022) Limit (2022) ပိုကြည်တဲ့ WEB-DL version ထွက်လာလို့ update ပေးထားပါတယ်ခင်ဗျာ Limit ဆိုတဲ့ Thriller အမျိုးအစား ကိုရီးယား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ကလေးတွေကို ပြန်ပေးဆွဲမှုတွေကျူးလွန်နေတဲ့ ပြန်ပေးဂိုဏ်းတစ်ခုကို အသွင်ယူပြီး စုံစမ်းစစ်ဖို့ တာဝန်ပေးခံရတဲ့ ရဲမေ တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။သူများကလေးတွေကို ကယ်တင်ပေးနိုင်ဖို့ ကြိုးစားနေရရာက သူ့ရဲ့ ကလေးကပါ ပြန်ပေးဆွဲခံလိုက်ရပါတယ်။တစ်ဆက်တည်းမှာပဲ ပြန်ပေးသမားတွေက သာမန်ငွေညှစ်ရုံသက်သက်မဟုတ်ဘဲ ကလေးတွေရဲ့ ကိုယ်တွင်း အင်္ဂါတွေကို တရားမဝင်အရောင်းအဝယ်လုပ်ကိုင်နေတဲ့ ပြန်ပေးဂိုဏ်းဆိုတာ သိလိုက်ရတဲ့အခါ သူ ဘယ်လိုတွေ ဆက်လုပ်မလဲ?ကလေးတွေကို ကယ်တင်နိုင်ဖို့နဲ့ ပြန်ပေးဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းနိုင်ဖို့ ရေကုန်ရေခမ်းကြိုးစားမဲ့ ရဲမေလေး ... နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှုလိုက်ရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Estel ပါ။)File Size          : 1.4GB, ...
movie

Limit (2022)

2022

Genres

Archives