Channel Myanmar

Content at random


Movies

The Ghost Writer(2010) 7.2
The Ghost Writer(2010) The Ghost Writer(2010) အညွှန်း****************************ဒီကားဟာ ဆုပေါင်း ၃၃ ဆုတောင်ရရှိခဲ့ပါတယ်..ဝါရင့်မင်းသမီး Olivia Williams၊ Star wars မင်းသား Evan McGregor နဲ့ James Bond မင်းသားကြီးPierce Brosnan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏကမနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ပြင်ဆင်ရပါတော့တယ်။သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီးပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်းဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့…   File Size :(1.9GB)  (714 MB) and (245 MB) Quality : ...
movie

The Ghost Writer(2010)

Initial D (2005) 6.3
Initial D (2005) Initial D (2005)~ IMDb rating - 6.3/10 ~ {Subtitles error fixed!!!} 1995 လောက်ကစထုတ်လွှင့်ခဲ့တဲ့ Initial D ဆိုတဲ့ Anime စီးရီးလေးကို ထိုင်ဝမ်အဆိုတော်မင်းသား Jay Chou ကပြန်လည်ရိုက်ကူးထားပြီး နာမည်ကြီးဟောင်ကောင်မင်းသားတွေဖြစ်တဲ့ Anthony Wong နဲ့ Edison Chen တို့ပါဝင်အားဖြည့်ထားတဲ့ 2005 ခုနှစ်ထွက် တရုတ်-ဂျပန် ဖက်စပ် ကားဟောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေ...အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ Takumi Fujiwara ဟာ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Itsuki ရဲ့ဖခင်ပိုင်တဲ့ Gas ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ရင်း သူ့ဖခင် Bunta Fujiwara ရဲ့ Toyota AE86 လေးနဲ့ Akina တောင်ပေါ်က အပန်းဖြေစခန်းတွေကို သူ့ဖခင်လုပ်တဲ့ တို့ဟူးတွေကို ပို့ပေးတဲ့အလုပ်လုပ်ရင်းကျောင်းတက်နေတဲ့ကောင်လေးတစ်ယောက်...ကျောင်းသားလူငယ်ပီပီရင်ခုန်စရာဇာတ်လမ်းတွေရှိကြတဲ့အလျောက် Takumi မှာလည်း ချစ်ရတဲ့အတန်းဖော်သူငယ်ချင်းဖြစ်တဲ့ Natsumi နဲ့ချစ်ဇာတ်လမ်းတွေအပြင်....တစ်ဖက်မှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးပြိုင်ကားသမားဖြစ်ချင်တာကြောင့် ...
movie

Initial D (2005)

2005
Rated R (2008)
Rated R (2008) Rated. R (2008) ============ဣတ္ထိယတွေဟာ နားလည်ဖို့ခက်လှတယ်ရယ်လို့ ကျွန်တော်တို့ပုရိသတွေဟာ အမြဲညည်းလေ့ရှိကြတယ်မလား။ တကယ်တော့ ဒီအမျိုးသမီးလေးတွေဟာ ကျွန်တော်ထင်ထားသ‌လောက် ရောရှုပ်ထွေးမှုတွေပြည့်နှက်နေတာဟုတ်ပါ့မလား။ ပုရိသတွေဟာ ခေတ်အဆက်ဆက်မှာ ဖိုဝါဒီကိုလက်ကိုင်ပြုပြီး ဣတ္ထိယတွေကို ဖိနှိပ်အနိုင်ကျင့် သူတို့ရဲ့ကိုယ်ကျိုးအတွက်သာအသုံးပြုနေခဲ့ခြင်းတွေဟာ မှန်ကန်မှု ရှိနေပါရဲ့လား။ယနေ့ခေတ်ထိ နောက်နှစ်ပေါင်းသန်းချီထိ အပေါ်ယံသကာရည်ဖုံးထားလည်း အမြဲမှန်ကန်နေမယ့် သဘောတရားတစ်ခုဖြစ်တဲ့ ခွန်အားကြီးသူသာ နိုင်စတမ်းနဲ့ ခွန်အားနည်းသူတွေကို အနိုင်ကျင့်ခြင်းတွေ၊ ယောက်ျားတွေရဲ့အနိုင်ကျင့်တာထက် အမျိုးသမီးအချင်းချင်းကိုပင် မနာလိုမရှု့စိမ့်၊နိုင်စားမှုတွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ လူသားမျိုးနွယ်တွေ အဆုံးမသတ်ခင် ပျောက်သွားနိုင်ကောင်းပါရဲ့။ကျွန်တော်တို့ပုရိသတွေ စနောက်လေ့ရှိတဲ့ အမျိုးသမီးလေးတွေရဲ့ လိုအင်ဆန္ဒတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အမျိုးသမီးရယ်လို့ဖြစ်လာတာနဲ့ ရရှိလာတဲ့ ဒုက္ခတွေကို ကျွန်တော်တို့ဟာ တစ်ခါလောက်တောင် ဝင်ရောက်စာနာ ပေးဖူးခဲ့ပါရဲ့လား(ကိုယ့်ဒုက္ခမဟုတ်လို့ မစာနာပေးနိုင်တာကိုတော့ လူတိုင်းပြောတတ် ပါတယ် မိတ်ဆွေ)။ ကျွန်တော်တို့ဟာ ဘယ်လိုလူတွေဖြစ်ဖြစ် ဒီအမျိုးသမီးလေးတွေရဲ့ ပဋိသန္ဓေလွယ်ပေးခြင်းတွေကနေ ဖြစ်လာတဲ့သူတွေပဲမလို့ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊ ချစ်ရသူမိန်းကလေးရယ်ကိုမှ တန်ဖိုးထားလေးစားထိုက်တဲ့အမျိုးသမီးတွေ၊ ကျန်တဲ့ အမျိုးသမီး‌တွေကိုအသုံးချစရာသက်သက်တွေ စိတ်ရှုပ်စရာတွေလို့မမြင်စေဘဲ လေးစားတန်ဖိုးထားသင့်ကြောင်း ရိုက်ပြထားတဲ့ စပိန်ကားကောင်းလေးကတော့ ယခုရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကို ဇာတ်ဆောင်မင်းသမီးချောသုံးလက်ကဦး‌ဆောင်ရိုက်ကူးထားပြီး တစ်နယ်တစ်ရပ်ကျေးမှလာတဲ့သူတို့တွေရဲ့မက်ဒရစ်မြို့ကြီးမှာ တွေ့ဆုံကြပုံ၊ မည်သို့မည်ပုံ သံယောဇဉ်တွယ်ကြပုံ၊ ကြုံတွေလာရတဲ့ဒုက္ခသုက္ခတွေနဲ့ လောက ဓံတရားတွေ၊ ဘဝမှာ တစ်ခါတလေ အောင်မြင်ပြီထင်ထားတဲ့သူတွေဟာ ကျရှုံးခြင်း ဆိုက်ရောက်သွားရပုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေကို တွန်းလှန် ကြပုံတွေကို စုံလင်နေအောင်ကြည့်ရမယ့်ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ comedy/ ...
movie

Rated R (2008)

2008
[18+]Chloe(2009)
[18+]Chloe(2009) Chloe(2009) အညွှန်း*******************မိုးအေးအေးလေးမှာ ပျင်းပျင်းနဲ့ ကြည့်လို့ကောင်းမဲ့ erotic movie လေး တစ်ခုကို ညွှန်းပါဆိုရင်Chloe ဆိုတဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ။ erotic ဇာတ်ကားဆိုပေမယ့် ဇာတ်လမ်း plot ကတကယ် မထင်ထားရလောက်တဲ့အထိ မိုက်ပါတယ်။ ကက်သရင်းဆိုတဲ့ midlife အရွယ်သားဖွားမီးယပ်ဆရာဝန်မတစ်ဦးရဲ့ အိမ်ထောင်ရေးဟာ ခလိုးဝီ ဆိုတဲ့ ငယ်ရွယ်လှပပြီး ညှို့အားပြင်းတဲ့အမျိုးသမီးလေးကြောင့် ဘယ်လိုများ ယိမ်းယိုင်သွားမလဲ။ ကက်သရင်းက အသက်ရလာတာနဲ့အမျှ သူ့ခန္ဓာကိုယ်ကိုinsecure ဖြစ်လာတယ် ယောက်ျားနဲ့လည်း ချစ်ကြည် မနူးနိုင်တော့ဘဲ တဖြေးဖြေး ဝေးကွာလာတယ်။တစ်နေ့ သူ့ခင်ပွန်းအတွက် မွေးနေ့ပွဲစီစဉ်ထားရာကနေ သူ့ခင်ပွန်းဖြစ်သူ ဒေးဗစ်က အိမ်အပြန်လေယာဉ်ခရီးကို တမင် နောက်ကျအောင် လုပ်ပြီး အိမ်ပြန် မလာခဲ့ဘူး။ အဲ့မှာစပြီးကက်သရင်းတစ်ယောက် သူ့ယောက်ျားအပေါ် သံသယတွေ စပြီး ဝင်လာခဲ့တယ်။ဒီလိုနဲ့ ခလိုးဝီနဲ့ တွေ့ပြီး သူ့ယောက်ျားကို မြှူစွယ်ဖို့ သူ့ယောက်ျား ဘယ်လိုတုန့်ပြန်လဲဆိုတာတွေကိုသူ့ကို ပြန်တင်ပြဖို့ ...
movie

[18+]Chloe(2009)

Where the Scary Things Are (2022) 5
Where the Scary Things Are (2022) Where The Scary Things Are (2022)အေလာတို့ သူငယ်ချင်းတစ်စုက အထက်တန်းကျောင်းတက်နေတာပါ။ ဆယ်ကျော်သက်တို့ရဲ့ ထုံးစံအတိုင်း အိမ်မှာမနေချင်ကြလို့ ပိတ်ထားတဲ့ ကစားကွင်းဟောင်းကြီးတစ်ခုမှာ သွားသွားအချိန်ဖြုန်းလေ့ရှိကြပါတယ်။အစောင့်က မိသွားလို့ မိဘတိုင်ရုံမက ဘာလုပ်လုပ် သူတို့က အဲဒီကို သွားမြဲသွားဆဲပါပဲ။ တစ်နေ့ ကျောင်းမှာ သမိုင်းဆရာက ယုံတမ်း မကောင်းဆိုးရွားပုံပြင်တွေအကြောင်း ပြောပြပြီး သူတို့ကို အိမ်စာတစ်ခု ပေးလိုက်ပါတယ်။အဲဒါကတော့ သူတို့ကိုယ်တိုင် ယုံတမ်းပုံပြင်တစ်ခု ဖန်တီးဖို့ပါပဲ။ ဒီလိုနဲ့ အဲဒီကစားကွင်းဟောင်းကြီးကို ပြန်သွားကြရင်း အဲဒီမှာ လူမဟုတ် တိရစ္ဆာန်မဟုတ်တဲ့ သတ္တဝါကြီးကို မြင်လိုက်ရတဲ့အခါ ...သူတို့ ဘာတွေ ဆက်လုပ်ကြမလဲ? ဘယ်လို ရင်ဆိုင်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။)File Size : 1.3GB, 517MB & 257MB Quality : 1080p WEB-DL AC3 5.1CH, 720p ...
movie

Where the Scary Things Are (2022)

2022
Dead Alive (1992) 7.5
Dead Alive (1992) Braindead a.k.a Dead Alive (1992)~ IMDb - 7.5/10, Rotten Tomatoes - 89% ~King Kong နဲ့ The Lord of The Rings Trilogy အပြင် The Hobbit Trilogy တို့နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒါရိုက်တာကြီး Peter Jackson ရဲ့ ဒါရိုက်တာပေါက်စဘဝက ရိုက်ခဲ့တဲ့ သူ့​ခေတ်သူ့အခါက တစ်မူထူးပြီးနာမည်​ကျော်ခဲ့တဲ့ Horror Comedy ကား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။" သတိချပ်​စေချင်တာက​တော့ တချို့အခန်း​တွေက အင်မတန်မှ သွေးထွက်သံယို အသတ်အဖြတ် အခုတ်အထစ်ကြမ်းပြီး WTF တ,​ရ​လောက်​အောင် အတော်လေးကို ကြမ်းတမ်းတာမို့ အသည်းငယ်သူများ၊ ရွံတတ်သူများ၊ က​လေးငယ်များ မကြည့်မိဖို့ အကြံပြုချင်ပါတယ်... "ဒါပေမဲ့ အဲဒီ ရွံစရာ​တွေကြား ဟာသ​နှောထားပုံ​​လေးနဲ့ ကြည်နူးစရာလေး‌တွေကိုလည်း ​တွေ့မြင်ရမှာပါ။ ...
movie

Dead Alive (1992)

1992
Magic Crystal (1986) 6
Magic Crystal (1986) Magic Crystal (1986)စတီဖင်ချောင်ရဲ့ နာမည်ကျော် God Of Gamblers ကားတွေ၊ Royal Tramp ကား‌တွေ၊ Tricky Master, Tricky Brain ကားတွေရဲ့ ဒါရိုက်တာ ဝေါင်ကျင်းရဲ့ လက်ရာကားဟောင်းတစ်ကားပါ။ အပေါ်က ကားတွေကို ကြည့်ဖူးတယ်ဆိုရင် ဒီရုပ်ရှင်က ထိုနည်း‌၎င်း Inner Logic ထဲ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ဟောင်ကောင် အက်ရှင်ကားဆိုတာ မြင်သာမှာပါ။အဓိကသရုပ်ဆောင်ကတော့ ဟော‌င်ကောင်ရဲ့ A List စာရင်း၀င်တဲ့ Andy Lau ပေါ့။ သူ့ကိုတော့ ဟောင်ကောင်ပရိတ်သတ်တွေဖြစ်ဖြစ် ဝေါင်ကာဝေးပရိတ်သတ်တွေဖြစ်ဖြစ် သိပ်မစိမ်းကြပါဘူး။ ဟောင်ကောင်ဖန် အတော်များများ သဘောကျကြတဲ့ သူပါပဲ။ ဒါရိုက်တာဖြစ်တဲ့ ၀မ်ကျင်းကိုယ်တိုင် ၀င်သရုပ်ဆောင်ထားတဲ့အပြင် ချောင်ဖန်တွေမစိမ်းတဲ့ Sharla Cheung ပါ အဆစ်ပါပါသေးတယ်။ 1986 ဆိုတော့ As tears ...
movie

Magic Crystal (1986)

1986
F3: Fun and Frustration (2022) 5.1
F3: Fun and Frustration (2022) ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။  File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni
movie

F3: Fun and Frustration (2022)

2022
Death Count (2022) 5
Death Count (2022) Death Count ( 2022)Saw ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်အသစ်ပါပဲ။ Saw franchiseမှာ Mark Hoffmanအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Costas Mandylorကလည်း ဒီ Sawဆန်ဆန်ကားမှာ ကစားပွဲလုပ်တဲ့လူအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီထဲမှာလည်း Sawဆန်ဆန် အပြစ်လုပ်ထားတဲ့လူတွေကိုဖမ်းပြီး ကိုယ့်ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် တစ်ခုခုမလုပ်ရင် သတ်ပစ်တဲ့ Warden ခေါ် ထောင်စောင့်အဖြစ် ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ထားပါတယ်။ Sawလိုကားမျိုးကြည့်ချင်တာဖြစ်ဖြစ် Sawအလွမ်းပြေ ကြည့်ချင်တာဖြစ်ဖြစ် ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။Sawလိုကားမျိုးတွေ ကြည့်ရဲတဲ့သူပဲ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ Sawလောက်နီးနီး ကြမ်းတဲ့ သတ်ခန်းဖြတ်ခန်းတွေကို ဆက်တိုက်ကိုပြနေတာမို့ ကြောက်တတ်ရင်တော့ မကြည့်ကြစေချင်ပါဘူး။ Survival Horrorတွေ Slasherကားတွေ ကြိုက်ပြီး Sawပရိသတ်လည်း ဟုတ်တယ်ဆိုရင်တော့ ကြည့်ကောင်းမယ့် ရုပ်ရှင်အသစ်ပါပဲ။ ဒီလိုကားမျိုးတွေက ထွက်ခဲလှတာမို့ ရှားရှားပါးပါးကြည့်ရမှာလည်း ဖြစ်တဲ့အပြင် Sawထဲက Actorကပါ ပါတာမို့ Sawအရသာနဲ့ ...
movie

Death Count (2022)

Love Accidentally (2022) 5.4
Love Accidentally (2022)   Love Accidentally (2022) စာဖတ်သူရေ ....အွန်လိုင်းကနေ စာတွေ အပြန်အလှန်ပို့ရင်း ပြုံးနေမိပြီလား ... . ပြောတဲ့စကားတွေက အချစ်ရေးတွေ မဟုတ်တာတောင် ဒီလူနဲ့ဆို ပျော်ရွှင်ရလို့ ကိုယ်တိုင် မသိလိုက်ခင်မှာတင် ကိုယ်ရဲ့ တစ်နေ့တာအကြောင်း စာလေးတွေ ပို့မိနေပြီလားအခု ဒီစာလေးဖတ်ရင်း တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ အတွေးထဲမှာ ခွင့်ပြုချက်မရှိဘဲ ၀င်လာနေပြီလား.....ဒါဆို မတော်တဆ ချစ်မိနေပြီလို့ ရာနှုန်းပြည့်ပြောမရရင်တောင် တစ်၀က်တော့  မှန်နေပါပြီ .... တစ်၀က်ကတော့ သင်ကိုယ်တိုင် အတည်ပြုပေးဖို့ လိုပါလိမ့်မယ်.....ဒီအကြောင်းအရာလေးကို လူနှစ်ယောက်ရဲ့ အဖြစ်နဲ့ သက်သေပြပေးချင်ပါတယ်....ဂျေဆင်နဲ့ အလက်ဇာဆိုတာ ကြော်ငြာကုမ္ပဏီတစ်ခုက အရည်အချင်းရှိ  အရောင်းကိုယ်စားလှယ်နှစ်ဦးပါ။ အရာရာမှာ အပြိုင်အဆိုင်နဲ့ သူ့ထက်ငါကျောအောင်အမြဲကြိုးစားနေကြသူတွေပေါ့။ တစ်နေ့မှာ အကြောင်းကိုယ်စီနဲ့ အရောင်းကိုယ်စားလှယ် ရာထူးကနေ စောပစ်ဘဲပစ် ရာထူးပါ နှစ်ယောက်သား ထပ်ရသွားပါတယ်။ပိုပြီးကံဆိုးတဲ့ အလက်ဇာကတော့ ဘဲပစ်ခံရတဲ့နေ့မှာ ဖုန်းကပါ လစ်သွားလို့ ဖုန်းအသစ်တစ်လုံးနဲ့ သူငယ်ချင်းမကို အသည်းကွဲကြောင်း စာအရှည်ကြီးတွေပို့ ဖီးလ်ပါတော့တယ်။နည်းပညာ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ဘယ်သူမှ ဖုန်းနံပါတ်အလွတ်မရတဲ့ ပြဿနာနဲ့ အလက်ဇာတစ်ယောက် သူငယ်ချင်းရဲ့ ...
movie

Love Accidentally (2022)

Paws of Fury: The Legend of Hank (2022) 6.5
Paws of Fury: The Legend of Hank (2022) Paws of Fury: The Legend of Hank (2022) ဆမ်မြူရယ် ဂျက်ဆန်ကြီး ဆာမူရိုင်းအဖြစ် အသံသရုပ်ဆောင်ထားတဲ့ ကာတွန်းရုပ်ရှင်အသစ်ထွက်လာပါပြီ။ အတော်ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ကြောင်အမတ်ကြီး အစ်ကချူဟာ ကြောင်ရှိုးဂန်းကြီးကို ဖားဖို့အတွက် နန်းတော်ကြီးတစ်ခု တည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့ ရှုခင်းမှာ ရှေးဟောင်းကြောင်မြို့လေးတစ်ရွာပိတ်နေလို့ အဲဒီရွာကို ရှင်းပစ်ဖို့ ဘယ်သူမှမသိအောင် ကြောင်နင်ဂျာတွေ လွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်ပါတယ်။အဲဒီအတွက် အဲဒီကာကာမူချိုမြို့သားတွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်းကြောင်ကြီးဆီက ဆာမူရိုင်းတစ်ယောက် တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်ကြီးက အဲဒီတာဝန်ကို အစ်ကချူကိုပဲ ပြန်ပေးလိုက်တာမို့ အစ်ကချူ ကိုယ့်ရှုးကိုယ်ပတ်ပါတော့တယ်။ဒါပေမဲ့ ကြောင်ယုတ်မာ အစ်ကချူက ဆာမူရိုင်းအရမ်းဖြစ်ချင်လို့ ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို ဖမ်းထားရာကနေလွှတ်၊ ဆာမူရိုင်းဘွဲ့ ချက်ချင်းပေးပြီး ကာကာမူချိုမြို့လေးကို ကာကွယ်ဖို့ တာဝန်ပေးလိုက်ပါတော့တယ်။ရည်ရွယ်ချက်ကတော့ အဲဒီမြို့က ကြောင်တွေက ခွေးကိုမုန်းလို့ ခြောက်ချက်ကုတ်ပြီး သတ်လိုက်ရင် သူက အရေးယူဖို့ပါပဲ။ ...
movie

Paws of Fury: The Legend of Hank (2022)

2022
For Jojo (2022) 4.5
For Jojo (2022) For Jojo (2022) ============2022 မှာ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ဂျာမန်ဒရာမာ လူငယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ယိုယို နဲ့ ပေါလ်လာ တို့က ငယ်ငယ်တည်းက ဘယ်သူမှခွဲမရအောင်ကို အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ အရွယ်ရောက်လာတဲ့ အခါ မှာလည်း တစ်အိမ်တည်းနေတဲ့ ဆိုးတူကောင်းဖက်တွေ ဖြစ်လာပါတယ်။တစ်နေ့မှာတော့ ယိုယိုတစ်ယောက် ဒန်နီရယ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို တကယ်ကြီးချစ်မိသွားပြီး လက်ထပ်ဖို့ထိ စီစဉ်လာပါတော့တယ်။ အဲဒီအချိန်မှာ ယိုယို့ကို ဆုံးရှုံးမခံနိုင်တဲ့ ပေါလ်လာက သူတို့ မင်္ဂလာပွဲ မပျက်ပျက်အောင် ဖျက်ဆီးဖို့လိုက်လံကြံစည်တာပေါ့။ ပေါလ်လာက ဒန်နီရယ့်ရဲ့ နောက်ကြောင်းတွေ လိုက်စုံစမ်းပြီး ယိုယို့အတွက်မသင့်တော်ကြောင်း သိလာရတဲ့အခါမှာ ယိုယို့ကို ဒီအကြောင်းတွေ သိလာအောင် ပြောပြဖို့ ကြိုးစားပါတော့တယ်။အချစ်ရဆုံးသူငယ်ချင်းဖြစ်သူ ပေါလ်လာနဲ့ ကိုယ်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော ယောက်ျားလေးဖြစ်တဲ့ ဒန်နီရယ် နဲ့ကြား ယိုယို့ရဲ့ ဗျာများရပုံတွေအပြင် အဆုံးသတ်မှာ ယိုယို ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှု့ရမယ့် ဇာတ်လမ်း ကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ဒီကားလေးမှာတော့ ‌ယိုယို အဖြစ် Nina Gummich၊ ပေါလ်လာ အဖြစ် Caro ...
movie

For Jojo (2022)

2022
Mr. Malcolm’s List (2022) 5.3
Mr. Malcolm’s List (2022) Mr.Malcolm's List (2022)~ Rotten Tomatoes - 82% ~ကျွန်တော်တို့တွေ Marvel ရဲ့ Loki အနေနဲ့ သိကြတဲ့ မင်းသား Tom Hiddleston ရဲ့ မိန်းမ Zawe Ashton ပါတဲ့ ရုံတင်ကားသစ်လေးပါ။၁၈၁၈ခုနှစ် အင်္ဂလန်မှာ လင်ဖမ်းဖို့အသင့်ဆုံးလူတစ်ယောက်ရှိတယ်။ သူတို့စကားအရတော့ ရုပ်ကလည်းချော ငွေကလည်းထောတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ ဒီတစ်ဇာတ်လုံးက ခေတ်ကာလနဲ့လည်းလုံးဝကိုက်ပါတယ်။ ဘာလို့ဆို ဇာတ်က အစအဆုံး မကြာခင်မှာ ကြင်နာမယ်ဆိုပြီး ကိုကို မောင်မောင်မရွေး အချိန်ပြည့် လင်ရှာနေတဲ့ မိန်းမတစ်အုပ်နဲ့ ခုန ပျိုတိုင်းကြိုက်တဲ့ ဘဲကြီးရဲ့ တိုင်ပတ်နေတဲ့ဇာတ်ပါပဲ။ ဘဲကြီးက ဘယ်မိန်းမကိုမှ လက်မခံပါဘူး။ ဒီတော့ မလိုချင်တာလားဆိုတော့ မဟုတ်ဘူး။ သူ့မှာ သတ်မှတ်အရည်အချင်းစာရင်းရှိတယ်။ မယားအဝယ်မှားရင် အလိုက်ပေးပြန်လဲလို့မရလို့ သေချာရွေးတယ်ပေါ့။ ရုပ်ချောရမယ် ဘာညာကအစ မျိုးကောင်းရမယ်အဆုံး ဉာဏ်ကောင်းရမယ် ...
movie

Mr. Malcolm’s List (2022)

2022
The Trouble with You (2018) 6.2
The Trouble with You (2018) The Trouble with You (2018) ===================== IMDb Rating - 6.2/10ဒီတစ်ခေါက်မှာတော့ ၂၀၁၈ က ထွက်ရှိထားတဲ့ comedy drama ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျင်းန် ဆိုတာကတော့ မြို့ရဲ့ အထူးချွန်ဆုံးရဲအရာရှိတစ်ဦးဖြစ်ပြီး ပြစ်မှုတွေကို ဖြေရှင်းရင်း အသက်ပေးလိုက်ရတဲ့ သူတစ်ဦးပါ။ သူ့မှာ အီဗန်ဆိုတဲ့ ဇနီးဖြစ်သူ တစ်ဖြစ်လဲ ရဲ၀န်ထမ်းမ တစ်ဦးနဲ့ သားကလေး တစ်ဦး ကျန်ရှိနေခဲ့တယ်။အီဗန်ဟာ သူတို့ရဲ့ သားလေးကို သူ့အဖေရဲ့ စွန့်စားခန်းတွေကို ညစဉ် အိပ်ယာ၀င်ပုံပြင်အဖြစ် ပြောပြရင်း ဖြတ်သန်းနေတာပေါ့။ တိုက်ဆိုင် ချင်တော့ တစ်နေ့မှာ သူ့ခင်ပွန်းရဲ့ သူရဲကောင်းဘွဲ့ ချီးမြှင့်ပြီး အပြန်မှာ အမှုတစ်ခုနဲ့တိုးပြီး ခင်ပွန်း ဂျင်းန်ဟာ သူထင်ထားသလို ဖြောင့်မတ် မှန်ကန်တဲ့ရဲ မဟုတ်ဘဲ တကယ့် ‌ငပွေဂျပိုး ရဲ တစ်ယောက်ဖြစ်နေမှန်း အီဗန်တစ်ယောက် သိလိုက်ရပါတယ်။တစ်သက်လုံးသိလာရတဲ့ အရာတစ်ခုဟာ အမှန်တရားမဟုတ်တဲ့အတွက် အီဗန်တစ်ယောက် ဆောက်တည်ရာမရဖြစ်ပြီး ဓါးပြမှုတစ်ခုကနေ သူ့ခင်ပွန်း မတရားထောင်ချခဲ့တဲ့ အန်တွမ်ဆိုတဲ့ သူနဲ့ သွားတွေ့ဖို့ ကြိုးစားရင်း ပြဿနာတွေ တောက်လျှောက်တက်လာတဲ့အကြောင်းကို ...
movie

The Trouble with You (2018)

2018
The Wolf and the Lion (2021) 6.0
The Wolf and the Lion (2021) မိသားစုနဲ့ကြည့်လို့ရပြီး တိချစ်သူတွေ သဘောကျစေမယ့် ကားကောင်းပါ။ အယ်မာဆိုတဲ့ ‌ကောင်မလေးတစ်ယောက်ရဲ့ ဘ၀ထဲကို လေယာဉ်ပျက်ကျပြီး ဆပ်ကပ်ပိုင် နှင်းမြေခွေးလေးနဲ့ ခြင်္သေ့ပေါက်လေးရောက်လာပါတယ်။ နှင်းမြေခွေးလေးက မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်ဖြစ်ပြီး ‌တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က လိုက်ရှာနေတာဖြစ်ပါတယ်။ခြင်္သေ့ပေါက်လေးဟာလည်း ဆပ်ကပ်ပိုင်ဖြစ်ပြီး ဆပ်ကပ်အဖွဲ့က အပူတပြင်းလိုက်ရှာနေတာပါ။ သူတို့ နှစ်ယောက်ကို အယ်မာဟာ သံယောဇဉ်တွယ်သွားပြီး ဘယ်လိုကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကိုကြည့်ရမှာပါ ။ ကနေဒါနိုင်ငံရဲ့ တောအုပ်ကြီးထဲမှာ ရိုက်ကူးထားပြီး သဘာ၀ရှုခင်းရိုက်ချက်တွေလည်း အရမ်းလှပါတယ်။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါခင်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing က ရေးသားထားပါတယ်) File size…(2.5GB)/(1.3GB)/(800MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Adventure/ Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Thiha Yan Naing
movie

The Wolf and the Lion (2021)

Wrong Place (2022) 4.0
Wrong Place (2022) Wrong Place (2022) =============== Action, Crime, Thrillerကတုံးမင်းသားကြီး Bruce Willis ပါ၀င်ထားတဲ့ အက်ရှင် ဇာတ်ကြမ်းကားသစ်လေးပါ။ဇနီးဖြစ်သူကို ကားမတော်မဆမှုမှာ ဆုံးရှုံးလိုက်ရတဲ့ ရဲမှူးကြီး ဖရန့်( Bruce Willis)ဟာ ရဲဘ၀ကနေ အနားယူပြီး ကင်‌ဆာ ရောဂါသည် သမီး‌ကို စောင့်ရှောက်ရင်းနဲ့ ဘ၀ကို‌ဇာတ်မြှုပ်နေခဲ့ပါ တယ်။ ဒါပေမယ့် မူးယစ်ဂိုဏ်းတစ်ခုရဲ့ ရန်ပွဲတစ်ခုကိုမျက်မြင်တွေ့ လိုက်ပြီး ၀င်ရောက်ပတ်သတ်မိသွားပါတယ်။ အဲ့ဒီတော့ ဖရန့်ရဲ့ ဘ၀ ထဲကို အန္တာရာယ်တွေ တစ်ဖန်ပြန်လည်ကျရောက်လာတဲ့အခါ တရား ဥပဒေဘက်တော်သားပီပီ ကိုင်တွယ်ဖြေရှင်းပုံကို ပရိတ်သတ်ကြီးကပဲ ဆက်လက်စောင့်ကြည့်ရမှာပါ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(1.92 GB) / (884 MB) / (531 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Thriller Translator.......Thiha Yan Naing Encoder..........SWM
movie

Wrong Place (2022)

2022
Catch The Dragon ( 2022 ) 6
Catch The Dragon ( 2022 ) CM ကနေပြီးတော့ဒီတစ်ခါအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Catch the dragon ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Qin Xiaofeng ကထက်မြက်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီးသူ့အဖေဖြစ်သူကတော့ ခွန်မိုက်တောင်မှာနဂါးရှာပုံတော်ဖွင့်ရင်းပျောက်ဆုံးသွားခဲ့တယ်။ သူ့အဖေပျောက်ဆုံးမှုအမှန်တရားကိုရှာဖွေဖိုနဲ့လက်စားချေဖိုအတွက် Qin Xiaofeng ကနဂါးရှာတဲ့အဖွဲနဲ့ပူးပေါင်းခဲ့တယ်။ဒီလိုနဲ့ Qin Xiaofeng ကတော့သူ့အဖေပျောက်ဆုံးရတဲ့ ဆန်းကြယ်တဲ့လျှိဝှက်ချက်ကိုရှာတွေ့နိုင်တဲ့လိုထင်တဲ့အချိန်မှာ ရုတ်တရက်အရင်တုန်းကသေဆုံးသွားတဲ့အရိုးတွေကိုရှာတွေခဲ့တယ်။ Qin Xiaofeng တစ်ယောက်တဖြည်းဖြည်းချင်း လျှိဝှက်ဆန်းကြယ်တဲ့အရာတွေနဲ့ ရင်ဆိုင်လာရတဲ့အချိန်မှာတော့... ကဲဒီတော့သူ့အဖေပျောက်ဆုံးသွားတဲ့အမှန်တရားကဘာဖြစ်မလဲ ?လူတွေကခွန်မိုက်တောင်သွားရင်နဂါးဖမ်းစားခံရတယ်ဆိုတဲ့ သတင်းတွေကအမှန်လား ? ဘယ်လိုတွေလျှိဝှက် ဆန်းကြယ်တဲ့အရာတွေဖြစ်လာမလဲ? အရာအားလုံးဖော်ထုတ်နိုင်မလားဆိုတာ Catch the dragon ဇာတ်ကားကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် ~  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 13min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK
movie

Catch The Dragon ( 2022 )

JugJugg Jeeyo (2022) 7.4
JugJugg Jeeyo (2022) Jug Jugg Jeeyo (2022) Comedy, Drama, Family IMDb 7.7/10 (29K)ဒီဇာတ်ကားလေးကတော့ လတ်တလောထွက်ရှိထားတဲ့ အိန္ဒိယကားတွေနဲ့ မတူဘဲ အေးအေးလေးနဲ့ ဇာတ်ကို ဆွဲခေါ်သွားမယ့် မိသားစုကားလေးပဲ ဖြစ်ပါတယ်..အဲ..မိသားစုကားဆိုပြီး ကြည့်ကောင်းမှာမဟုတ်ဘူးလို့ စိတ်မပူနေကြနဲ့နော်..ဟာသလေးနှောထားလို့ မြူးမြူးကြွကြွလေးနဲ့ ထိုင်ရယ်နေရမှာနော်...မင်းသားအနေနဲ့ကလည်း ပရိသတ်အချစ်တော် မင်းသားလေး ဗာရွန်းဆိုတော့ သူ့ရဲ့သရုပ်ဆောင်မှုအပိုင်းကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုတော့ပါဘူးမင်းသမီးလေးက ကီယာရာလေးဆိုတော့ သူမရဲ့လှပတဲ့ ရူပါအဆင်းကိုပါ ဆွဲငြိခံစားရမှာဖြစ်ပါတယ်...မင်းသားကြီးအနီလ်ကပူးလည်း ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်က ပိုလို့ကြည့်ကောင်းခဲ့ပါတယ်...ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ ပြည်ပရောက်ဇနီးမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် မရှိတော့လို့ ကွာရှင်းဖို့ဖြစ်လာပါတယ်...အမိမြေမှာ လင်ယောက်ျားရဲ့ညီမဖြစ်သူ မင်္ဂလာပွဲရှိတော့ မင်္ဂလာပွဲပြီးတဲ့အထိ သူတို့ကွာရှင်းမှာကို လူကြီးတွေကို အသိမပေးဘဲ နေခဲ့ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်...ဖြည်းဖြည်းချင်း ညှိနှိုင်းကြမယ်ပေါ့ လူကြီးတွေလည်း စိတ်မညစ်ရအောင် စီစဉ်ကြမယ်ပေါ့...ဒါပေမဲ့ သူတို့ထင်မထားခဲ့မိတာက လင်ယောက်ျားရဲ့ ဖခင်ဖြစ်သူကပါ တိတ်တိတ်ပုန်းလေး ရည်းစားထားပြီး မင်္ဂလာပွဲပြီးတာနဲ့ မိန်းမဖြစ်သူကိုကွာရှင်းပြီး သူ့ရည်းစားနဲ့ လက်ထပ်ဖို့ ကြံနေလေတဲ့အခါ...ကိုယ့်ကိစ္စ သူမသိ..သူ့ကိစ္စကိုယ်ဖြေရှင်းရင်း အခက်အခဲလေးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ...ဖြစ်လာမယ့်အလွဲလေးတွေကို ပါးစပ်မပိတ်တမ်း ရယ်ရမယ့်အပြင် နောက်ဆုံးပိုင်းလေးတွေမှာလည်း ခံစားချက်တွေ တပြုံကြီးနဲ့ ရသတွေပေးသွားမှာမို့ ရယ်လည်းရယ်ရ ငိုလည်းငိုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...လင်နဲ့မယား လျှာနဲ့သွား ဆိုတဲ့အတိုင်း အိမ်ထောင်တစ်ခုမှာ စကားများရန်ဖြစ်ကြတာရှိမယ် အဆင်မပြေမှုတွေများစွာရှိလိမ့်မယ်.. အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှ ...
movie

JugJugg Jeeyo (2022)

2022
{21+}Double D Dude Ranch (2016) 5.8
{21+}Double D Dude Ranch (2016) တစ်ချိန်ကဆွဲဆောင်မှုအရှိဆုံး အလှပဂေးတွေ အပြိုင်ကြဲထားတဲ့ အရှုပ်တော်ပုံ လူကြီးကြည့်စရာဇာတ်ကားလေးဖြစ်ပါတယ်လောကမှာ သူများပစ္စည်း မတရားလိုချင်သူတွေ နောက်ဆုံးရသွားတဲ့ အရာတွေကဘာတွေဖြစ်မယ်ထင်လဲဒိုင်ယာနာဟာ သူ့မိသားစု အစဉ်အဆက်က ပိုင်ဆိုင်လာတဲ့ ဒါဘယ်ဒီ လို့ခေါ်တဲ့ အနားယူအပန်းဖြေ စံအိမ်ကို ဦးစီးနေသူတစ်ယောက်ပါ နေရာကလဲသန်ပြန့်ပြီး ကျယ်ဝန်းလှတာမို့ အနောက်ပိုင်းမှာ နာမည်ကောင်းနဲ့ကျော်ကြားနေတဲ့ အပန်းဖြေနေရာလေးဖြစ်ပါတယ် အဲဒီနေရာကို ဝိသမလောဘနဲ့ ငမ်းငမ်းတက်လိုချင်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိလာပါတယ်သူကကြိုက်ဈေးပေးပေမဲ့ ဒိုင်ယာနာက မရောင်းပါဘူး ဒါပေမဲ့ လူယုတ်မာတို့ထုံးစံအတိုင်း မရမကမကောင်းတဲ့စိတ်တွေနဲ့ရယူဖို့ဆုံးဖြတ်လိုက်ကြပါတယ် ဒီလို မတရားမှုတွေကို ဒိုင်ယာနာ နဲ့ လာလည်တဲ့ဧည့်သည်တွေဘယ်လိုစုပေါင်းပြီး ခုခံကြမလဲဆိုတာ စိတ်ဝင်စားဖွယ်အနု အလှ အကြွ အရွ တွေအစုံနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ File size…2.13GB / 990MB Quality…1080p WEB RIP AAC5.1CH / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki  Mu Chi    
movie

{21+}Double D Dude Ranch (2016)

2016
Woodland Grey (2021) 4.5
Woodland Grey (2021) Woodland Grey (2021) =================ဝီလီယမ်က တောနက်ကြီးက နောက်တွဲယာဉ်တစ်ခုမှာ နေထိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာ အမ်မလီ ဆိုတဲ့ အမျိုးသမီး တစ်ယောက်က သူနေတဲ့နေရာနားမှာ ဘာကြောင့်မှန်းမသိ မေ့လဲ နေတော့ ဝီလီယမ်က သူနေတဲ့နေရာကို ခေါ်လာလိုက်တယ်။ အမ်မလီ နိုးလာတော့ ပြန်မယ်လုပ်ပေမဲ့ ဒဏ်ရာရထားတာကြောင့် သူ့ဆီမှာတစ်ညတည်းလိုက်ရော ‌အဲဒါနဲ့ နောက်နေ့မနက်ရောက်တော့ အမ်မလီတစ်ယောက် သူတို့နေတဲ့နေရာနားက တဲစုတ်လေးတစ်ခုထဲမှာ ကလေးမလေး တစ်ယောက်ကို တွေ့ပြီး တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ Horror Movieတို့ ထုံးစံအတိုင်း ဇာတ်လမ်းစတော့တာပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.4 GB) / (650 MB) / (390 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Khant Sett Naing Encoder..........SWM
movie

Woodland Grey (2021)

2021

Genres

Archives