Channel Myanmar

Content at random


Movies

Rustom: 3 shoots (2016) 7.3
Rustom: 3 shoots (2016)   ကဲဗျာ ဒီတခေါက်တော့ အလန်းစား Bollywood တကားကိုတင်ပေးလိုက်ပါတယ်ဗျာ ဇာတ်ကားလေးက တော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးပါ ရပ်စတန်ဆိုတဲ့ ရေတပ်ဗိုလ်အရာရှိဟာ တာဝန်ပြီးလို့ အိမ်ကိုပြန်လာရာမှာ မထင်မှတ်ပဲ သူ့မိန်းမ နဲ့ သူငယ်ချင်းဖြစ်သူ ရဲ့ စာပေးစာယူ တွေကို လက်ပူးလက်ကြပ်မိရာမှ သူ့မိန်းမရဲ့ အပြင် လူကို မထင်မှတ်ပဲ လက်လွန်ပြီးသက်မိသွားခဲ့ရာမှ ကိုယ်တိုင် ရဲစခန်းမှာ သွားရောက်ဝင်ခံ အဖမ်းခံခဲ့ပါတယ် သူ ကိုယ်တိုင်သတ်ခဲ့မိတာလား ဒါမှ မဟုတ်တခြားတယောက်က သတ်ခဲ့တာကိုများ ကြားထဲက ၀င်ရောက် အဖမ်းခံရတာလား ဒါတွေရဲ့ နောက်ကွယ်မှာ မထင်မှတ်ထားတဲ့ လှည့်ကွက်ကြီးရှိနေသောအခါမှာတော့ .....................   (ဘာသာပြန်သူကတော့ သာရစ် အယ်လ် ၀ါကာဖြစ်ပါတယ်)
movie

Rustom: 3 shoots (2016)

2016
Nerve (2016) 7.0
Nerve (2016) Nerve (2016)Trailer Review လေးရေးမလို့:D “Nerve” သရုပ်ဆောင်တွေ က Emma Roberts နဲ့ Dave Franco ။ ဒီနေရာမှာ ရုပ်ရှင်အကြောင်းထက် သရုပ်ဆောင်အကြောင်းအရင်ပြောချင်တယ်။ ဒီကား Trailer ကြည့်ပြီးတဲ့ သဘောကျသွားတဲ့တစ်ချက်ကတော့ မင်းသား မင်းသမီး ရွေးချယ်မှုပဲ (juz my opinion) ... Dave Franco 2010 နောက်ပိုင်း ကောင်မလေးတွေ ကြွေတဲ့စာရင်းမှာ ပါလာတဲ့ မင်းသားတစ်လက်ဆိုမမှားပါဘူး။သူ့ကို လူသိများလာစေတဲ့ရုပ်ရှင်တွေက 21JumpStreet, 22JumpStreet, Now You See Me, Now You See Me 2 and Neighbors ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ခဲ့တာမျိုးတော့ မဟုတ်ဘူး။ အခု NERVE က သူ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်မယ့်ဇာတ်လမ်း ။ ဟုတ်ပြီ Emma Roberts အကြောင်းဆက်ပြောမယ်။ Emma Roberts ကိုယ့်အနေနဲ့ပြောရမယ်ဆိုရင်တော့ AQUARMARINE ထဲမှာတည်းက ကြွေတာ ။ မင်းသမီးသုံးယောက်ထဲမှာ သူ့ကို အကြိုက်ဆုံး ...
movie

Nerve (2016)

2016
30+ Single On Sale (2011) မြန်မာစာတန်းထိုး 6.1
30+ Single On Sale (2011) မြန်မာစာတန်းထိုး   အချစ်မှာ အသက်အရွယ်ကြီးတာငယ်တာ မလိုဘူးဆိုတာ လက်ခံပါသလား... တခါတလေ ကိုယ်လိုက်ရှာနေတဲ့အရာတွေထက် ကိုယ့်ဆီရောက်လာတဲ့ အရာတွေကပိုတန်ဖိုးရှိပါတယ်... ၇နှစ်ကြာတွဲခဲ့ပြီး ထားသွားခံခဲ့ရတဲ့ အပျိုကြီး မမ Ing ဟာ အသဲကွဲပြီး ဖူးစာရှင်နဲ့ထပ်တွေ့ဖို့ ဗေဒင်မေးရင်း အသားကင်ဗေဒင်ဆရာလေးနဲ့တွေ့ပါတော့တယ် အသားကင်ဗေဒင်ဆရာလေးရဲ့ ယတြာတွေချေရင်း နှောင်ကြိုးတွေသွယ်မိရာမှ မမျှော်လင့်ဘဲ Tan ဆိုတဲ့ ရုပ်ရှိရေလျှံပြီး Ing လိုချင်တဲ့ ပုံစံကိုက် ယောကျာ်းတယောက်က ဘဝထဲဝင်လာခဲ့ပြီး လက်ထပ်ခွင့်တောင်းသောအခါ....... ၃၃နှစ်အရွယ်အပျိုကြီး မမ Ing ဟာ ဗေဒင်ဆရာချောချောလေးကိုပဲ နှလုံးသားနှင့်ရွေးချယ်မလား ဥစ္စာပေါရုပ်ချောလေးကိုပဲ ဦးနှောက်နဲ့ရွေးချယ်မလားဆိုတာကိုတော့............ ( ဘာသာပြန်နဲ့ အညွှန်းကိုတော့ ၀တ်မှုန်က ရင်နဲ့ခံစားပြီးရေးသားပေးခဲ့တာပါ)
movie

30+ Single On Sale (2011) မြန်မာစာတန်းထိုး

2011
Before I Wake (2016)
Before I Wake (2016) Before I Wake ဇာတ်ကားဟာ စက်တင်ဘာလ (၉)ရက်နေ့က ရုံတင်ပြသသွားတဲ့Drama , Fantasy, Horror ဇာတ်ကားအမျိုးအစားပါ။ဇာတ်လမ်းကတော့....သားတစ်ဦးကို ဆုံရှုံးခဲ့ရတဲ့ လူငယ်လင်မယားနှစ်ဦးဟာ မိဘမဲ့ ကလေးတစ်ဦးကို မွေးစားခဲ့ပါတယ်။အဲ့ဒီ ကလေးဟာ နေခင်းဘက်မှာ အကောင်းပကတိဖြစ်နေပေမယ့် ညဖက်ဆိုရင် ခန္ဓာကိုယ်တွေ လှုပ်ရှားသွားပြီးတစ္ဆေသရဲများကို မြင်တွေ့ရလေ့ရှိပါတယ်။တစ်နေ့တော့ သူ့ရဲ့အိမ်မက်တွေ အမှန်တကယ်လိုဖြစ်လာခဲ့ပြီးသူတို့ မိသားစုတွေ ထိတ်လန့်စရာကောင်းတဲ့ အရာများနှင့်ဘယ်လိုကြုံတွေ့ရမလဲဆိုတာ....။Superman Returns၊ Still Alice တို့ရဲ့ မင်းသမီးချော Kate Bosworth ဦးဆောင်ပါဝင်ထားပြီးIMDb Ratings 6.1 ထိရရှိထားပါတယ်။(Poe Thinzar Kyaw မှဘာသာပြန်တင်ဆက်ထားတာပါ။) File size…(800MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:36:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

Before I Wake (2016)

Gulliver’s Travel (2010) မြန်မာစာတန်းထိုး 4.9
Gulliver’s Travel (2010) မြန်မာစာတန်းထိုး စာရေးဆရာကြီး Jonathan Swift ရဲ့ Gulliver's Travel ၀တ္ထုကို ပြန်လည်မှီငြမ်းကာရိုက်ကူးထားပြီး imdb rating 4.9 သာရရှိထားပေမယ့် အလွန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ လီမြူရယ် ဂါလီဗာ ဟာ နယူးရောခ့်ဒေးလီး သတင်းစာတိုက်ရဲ့ စာပို့ဌာနမှာ ဆယ်နှစ်ကြာ အလုပ်လုပ်လာသူဖြစ်ပါတယ်။ တကယ်တမ်းတော့ သူဟာ အဲ့ဒီနေရာကနေထုတ်ပယ်ခံရမှာကြောက်နေသူ အရှုံးသမားတစ်ယောက်ဖြစ်မှာကိုကြောက်ရွံ့နေသူတစ်ယောက်ပဲဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့ စာပို့ခန်းငယ်လေးထဲကို အလုပ်သမားရောက်လာချိန်မှာတော့ သူအထင်သေးထားတဲ့အလုပ်သမားသစ်က မမျှော်လင့်ပဲ သူ့ထက်ရာထူးတိုးသွားပြီး စိတ် ဓာတ်ကျနေချိန်မှာ သတင်းစာတိုက်ရှိ သူတိတ်တခိုးချစ်နေရတဲ့အယ်ဒီတာ မလေး ဒါစီ ဟာ ဘာမြူဒါတြိဂံဒေသတွင်းက ကျွန်းတစ်ကျွန်း ကိုလေ့လာရန်လွှတ်လိုက်ရာမှ လှေပျက်ကာ မမျှော်လင့်ပဲ ငလက်မလေးများနေထိုင်ရာ လီလီပွတ် ကျွန်းသို့ရောက်သွားပြီး အထင်မှားကာဖမ်းဆီးခြင်းခံထားရာကနေ သူ့ရဲ့ အမှတ်မထင် လုပ်ရပ်တွေကြောင့် သူရဲကောင်းဖြစ်ကာ သူကောင်းပြုခြင်းခံခဲ့ရာမှ သူ့ကို ချစ်သူတွေရှိလာသလို သူ့ကိုမုန်းသူတွေလည်းရှိလာပြီး သူ့ကိုမုန်းသူတွေက ဘယ်လိုတွေရန်ရှာချောက်တွန်းမလဲ သူကရော သူနေထိုင်တဲ့ မြို့ကိုပြန်ရောက်နိုင်ပါမလား ...
movie

Gulliver’s Travel (2010) မြန်မာစာတန်းထိုး

2010
TimeRiader(2016) မြန်မာစာတန်းထိုး 4.9
TimeRiader(2016) မြန်မာစာတန်းထိုး   တရုတ်ဇတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါ တယ်ရှေးဟောင်းပစ္စည်းတွေလျို့ ဝှက်ချက်ဇတ်ကား တွေကိုကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ ကွက်တိပါပဲအလွန်ပင်ရှေးကျတဲ့သဘာဝလွန်မြွေဧ ကရီမရဲ့ဂူဗိမ္မာန်ကိုရှာဖွေတဲ့ရတနာမုဆိုးတစ်သိုက် ရဲ့ကံကြမ္မာကိုရိုက်ကူးထားတာပါမြွေဧကရီမရဲ့ဂူဗိ မ္မာန်ကိုလူတွေဘာလို့သဲသဲမဲမဲရှာဖွေနေကြတာလဲဂူ ဗိမ္မာန်ထဲမှာကောဘာတွေရှိနေသလဲရတနာတွေ လားတခြားအဖိုးမဖြတ်နိင်တဲ့အရာတွေလားရတနာ မုဆိုးတွေထိုဂူကြီးထဲမှာလွယ်လွယ်ကူကူဝင်ထွက် နိင်မှာလားဒါမှမဟုတ်ဘယ်လိုအန္တရယ်တွေကကော ဂူအတွင်းထဲမှာစောင့်ကြိုနေမှာလဲအလွန်စိတ်ဝင်စား ဖို့ကောင်းပါတယ်စွန့်စားမှုတွေကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့လက်မလွတ်သင့် တဲ့ဇတ်ကားလေးလို့ပြောပါရစေအသစ်အသစ်တွေ အကောင်းအကောင်းတွေကိုမှနှစ်သက်တဲ့ပရိတ် သတ်တွေအတွက်ကျွန်တော်(စိုးထွေး)ရယ်ညီလေး (ဂျွန်လရောင်)ရယ်ပူးပေါင်းပြီးအလျင်အမြန်ပရိတ် သတ်တွေဆီပို့ပေးလိုက်ပါပြီဒေါင်းဖို့ကတော့ပရိတ် သတ်တွေရဲ့သမိုင်းပေးတာဝန်ပါပဲလို့ပြောကြားရင်း အလွန်ကောင်းမွန်တဲ့ဇတ်ကားလေးကိုဒေါင်းလိုက်ပါ လို့ပဲပြောလိုက်ရပါတယ်Download On Pcloud   
movie

TimeRiader(2016) မြန်မာစာတန်းထိုး

2016
The Devil’s Double (2011)
The Devil’s Double (2011) IMDb (7.1/10) အီရတ် အာဏာရှင် ဆက်ဒမ်ဟူစိန်ရဲ့ အကြီးဆုံးသား အူဒေး ဟူစိန်အကြောင်းကို ရိုက်ကူးပြခဲ့တဲ့ ဇာတ်ကားဖြစ်ပါ တယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖို့အတွက် အီရတ်နိုင်ငံသား လာတစ်ဖ်ရာဟိုင်း ရေးသားထားတဲ့ စာအုပ်ကို အခြေခံခဲ့တာ ဖြစ်ပါတယ်။ စာအုပ်နာမည်ကလည်း The Devil’s Double ပါပဲ။ လာတစ်ဖ် ရာဟိုင်း ဆိုတာက အူဒေးဟူစိန်နဲ့ရုပ် ချင်းဆင်ပြီး အူဒေးရဲ့ ကိုယ်ပွားလူတစ်ဦးအဖြစ် နေထိုင်ခဲ့ရ သူပါ။ အီရန်-အီရတ်စစ်ပွဲကာလမှာ အီရတ်စစ်မှုထမ်းတစ် ဦးဖြစ်ခဲ့ပြီး နိုင်ငံတကာ ဥပဒေ ပညာပါရဂူဘွဲ့ ရရှိထားတဲ့ အီရတ်ဘလောဂါ၊ စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ လာတစ်ဖ် ကိုယ်တိုင်က ဆက်ဒမ်ကို ထောက်ခံခဲ့သူတစ် ဦးဖြစ်ပေမဲ့ ဆက်ဒက်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို မြင်တွေ့ ပြီးချိန်မှာ ဆက်ဒမ်အစိုးရအဖွဲ့ကို မုန်းတီးစိတ်ဝင်လာခဲ့ပါ တယ်။ အီရန်-အီရတ်စစ်ပွဲက ပြန်ရောက်လာချိန်မှာ အူဒေး ရဲ့ အကြပ်ကိုင်စေခိုင်းမှုကို ...
movie

The Devil’s Double (2011)

The Shallows (2016) 6.3
The Shallows (2016) The Shallows (2016)IMDb - 6.3/10_____Rotten - 78%  ကျွန်တော်တို့ငယ်စဉ်ကကြည့်ရှု့ခဲ့ဖူးတဲ့ Jaw တို့ Deep blue sea တို့လိုဇာတ်ကားမျိုးကို ကြိုက်ခဲ့မယ်ဆိုရင် ဒီဇာတ်ကားကိုသင်သေချာပေါက်နှစ်သက်မှာပါ ပုံမှန်ကြည့်နေကြဇာတ်ကားတွေနဲ့ ကွဲထွက်နေတာကတော့ လူတစ်ယောက်နဲ့ငါးမန်းတစ်ကောင်ပဲအဓိကပါဝင်ထားပါတယ် ဇာတ်လမ်းဖွဲ့စည်းပုံကရိုးစင်းလွန်းပြီး ရှင်သန်မူဆိုတဲ့အရာကိုပါးပါးလေးရိုက်ပြထားတာပါ  ဇာတ်လမ်းက- Nancyဆိုတဲ့ဆေးကျောင်းသူမိန်းကလေးတစ်ယောက်ဟာရေလွှာလျှောစီးရတာအလွန်ဝါသနာပါသူတစ်ယောက်ပါ သူမရဲ့အမေဟာလည်းရေလွှာလျှောစီးသမားကောင်းတစ်ယောက်ဖြစ်ပြီး သူမလေးစားအားကျရတဲ့သူတစ်ယောက်ပေါ့ မက္ကဆီကိုနိုင်ငံမှာရှိတဲ့လူသူအရောက်ပေါက်နည်းတဲ့ကမ်းခြေတစ်ခုကို သူမရဲ့အမေသွားခဲ့ဖူးတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင်ရောက်အောင်သွားပြီး ရေလွှာလျှောစီးဖို့သွားပါတော့တယ် ဟိုရောက်တော့သူမရဲ့ပျော်ရွှင်မူတွေကိုဖျက်ဆီးပစ်မယ့်အရာတစ်ခုမထင်မှတ်ပဲရောက်လာတဲ့အခါမှာတော့..... ???????????? (သိချင်ရင်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဗျာ spoiled ဖြစ်သွားမှာစိုးလို့) Action, Horror, Thriller အမျိုးအစားပါ IMDB မှာ 6.3 တောင်ရထားတယ်ဆိုတော့ ကြည့်မကောင်းမှာတော့ပူစရာမလိုပါဘူး (ps-မင်းသမီးကကျွန်တော်တို့ Deadpool မင်းသားကြီး Ryan Reynolds ရဲ့ ချစ်ဇနီးချောလေးဖြစ်ပါကြောင်း)။   Review Credit>>> Phyothu Aung's FB (ဒီဇာတ်ကားကို Myominthu Thanmyint မှ ဘာသာပြန်တင်ဆက်ထားတာပါ။)      File size…(2.09GB) Quality…HEVC 1080p Format…mp4 Duration….01:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant 
movie

The Shallows (2016)

2016
Phobia (2016) ျ 7.0
Phobia (2016)ြ   IMDb 7.0 ရထားတဲ့ Thrill ဘောလိဝုတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်ကားလေးက တော့ အရင် အတိတ်ဘ၀ကဖြစ်ပျက်ခဲ့တာတွေကို စိတ်စွဲလန်းပြီး ဥပါဒ်ဒဏ်ကြောင့် ဥပါတ်ရောက်ဆိုသလိုပဲ စိတ်ထင်ရာကိုစွဲလန်းမိပြီး မဖြစ်သင့်တာတွေဖြစ်ပျက်ရပုံတွေကို ရိုက်ကူးပြထားတာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ကောင်မလေးတယောက်ဟာ ပါတီပွဲတစ်ခုမှာ အပြောင်အပျက် သူမဟာ အရင်ဘ၀က ခွေးဖြစ်ခဲ့ပြီး မထင်မှတ်ထားပဲ ကားကြိတ်ခံရပြီးသေဆုံးခဲ့ကြောင်း မယုံလျှင် လည်ပင်းမှာ အရင်ဘ၀က အမှတ်အဖြစ် ကားကြိတ်ခံခဲ့ရသော ဒဏ်ရာကို အမှတ် အဖြစ်တွေ့မြင်နိုင်ကြောင်းပြောကြားပြီး နောက်ပြောင်ခဲ့ရာမှ ထို အရာတွေဟာ တကယ်ပဲဖြစ်ပျက်လာလေ မလားဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ရှူရမှာဖြစ်ပါတယ်Download On Vip Link 720p/360p
movie

Phobia (2016)ြ

2016
Supergirl Tv Series (Season 1 Complete) 6.5
Supergirl Tv Series (Season 1 Complete) မကြာသေးခင်ကမှ အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲအသစ်နဲ့ မိတ်ဆက်ပေးပါရစေ Supergirl ဇာတ်လမ်းတွဲဟာ လွန်ခဲ့တဲ့ တနင်္လာနေ့ ညကမှ တရားဝင်ထွက်ရှိလာခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်... Man of Steel ခေါ် Superman ရဲ့ ဘ၀ဇာတ်ကြောင်းကို လူတိုင်းသိကြမှာပါ။ ဒါပေမယ့် သူကမ္ဘာမြေပေါ်စေလွှတ်ခံရတဲ့အချိန်မှာ သူတစ်ယောက်ထဲမဟုတ်ပဲ ၀မ်းကွဲအစ်မ ကာရာပါ ပါလာခဲ့တာကို ခုတွေ့ရပါတော့မယ်။ ကာရာ က ကမ္ဘာမြေပေါ်ကို ဘာကြောင့် ဘယ်လိုပုံစံနဲ့ရောက်လာမယ်ဆိုတာရယ် ဘယ်လို Superhero ဖြစ်လာမယ်ဆိုတာရယ်။ သူမနဲ့အတူ ပါလာတဲ့ အကြီးမားဆုံး အန္တာရာယ်တွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာရယ်ကို ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်တို့ စောင့်ကြည့်ရပါတော့မယ်...IMDb rating 6.3/10 ထိ ရရှိထားပြီး ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါကြောင်းပြောကြားရင်းနဲ့ အားပေးကြည့်ရှုကြပါဦးလို့….ဒီဇာတ်ကားအတွက် ဘာသာပြန်ပေးသူကတော့ Ye' Kyaw Htet ပဲဖြစ်ပါတယ်Season 1 EP 01 EP 02 EP 03 EP 04 EP 05 EP 06 EP 07 EP 08 EP 09 EP ...
movie

Supergirl Tv Series (Season 1 Complete)

2015
Dishoom (2016) 5.5
Dishoom (2016) ဒီတစ်ခါတော့ CM ပရိတ်သတ်တွေ တောင်းဆိုမှုများနေတဲ့ Bollywood ဟာသ အက်ရှင် စွန်းစားခန်း တွေပါဝင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ် ဇတ်လမ်းအစမှာတော့ အိန္ဒိယနိုင်ငံရဲ့ အတော်ဆုံးခရစ်ကတ်ကစားသမားဟာ အရှေ့ အလယ်ပိုင်းသွားရင်း ပျောက်ဆုံးသွားခဲ့ပါတယ် မင်းသားချော John Abraham နဲ့ ရဲငပေါ အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Varun Dhawan တို့အဖွဲ့ဟာ အဖမ်းဆီးခံ ခရစ်ကတ် ကစားသမားကို ၃၆ နာရီအတွင်းဘယ်လို ရှာဖွေပြီး ဘယ်လိုဖမ်းမိမလဲ ? ခရစ်ကတ်သမားကို ဖမ်းထားတဲ့ လူဆိုးကလည်း ဘယ်လိုနိပရိယာယ်တွေသုံးပြီး ရဲတွေကို လှည့်စားမလဲ ? ကျွန်တော်အကြိုက်ဆုံး အိန္ဒိယ ခရစ်ကတ်ကစားသမား ပြောသွားတဲ့စကားကတော့ "ကျွန်တော့်မိဘတွေက ဘာဘာ/ညာညာဖြစ်ဖို့ ဘယ်တော့မှမမှာဖူး တိုင်းပြည်ကိုသစ္စာမဖောင်ဖို့ပဲမှာတယ်" ဆိုတဲ့စကားလုံးပဲ 2016 မှာထူးထူးခြားခြား ကြည့်ရမဲ့ ဟာသ အက်ရှင် စွန်းစားခန်းတွေပါဝင်တဲ့ဇာတ်ကားကောင်းဖြစ်တာမို့ ခုပဲဒေါင်းကြည့်လိုက်ကြပါတော့ဗျာ ???? File Size         :  1GB Quality           : Blu ray 720P Running Time : ...
movie

Dishoom (2016)

2016
Makkhi Eega (2012) 7.9
Makkhi Eega (2012) Channel Myanmar ပရိတ်သတ်တွေတကယ်အကြိုက်တွေ့စေမယ့် ဘောလိဝုဒ်ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် Makkhi Eega ဇာတ်ကားဟာ 2008 ခုနှစ်မှာထွက်ခဲ့ပြီးတော့ IMDbRate7.9 အထိရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ် နာနီဆိုတဲ့ကောင်လေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကိုချစ်မိတဲ့အတွက်အသက်ဆုံးရှုံးရတဲ့ဇာတ်ကြောင်းအပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားခြင်းဖြစ်ပါတယ်.အဲ့မိန်းကလေးကလည်းသူ့ကိုပြန်ချစ်ပါတယ်သူတို့ကြားထဲမှာအကြီးမားဆုံးအနှောက်အယှက်ကတော့ သူတို့မြို့ရဲ့နာမည်ကြီးလုပ်ငန်းရှင်သူဌေးတစ်ဦးက သူ့ကိုချစ်နေခြင်းသာဖြစ်ပါတယ် အဲ့ဒီသူဌေးရဲ့မနာလိုမှုကနေတဆင့် နာနီကိုဝိုင်းရိုက်ရာကနေ လက်လွန်ပြီး နာနီသေဆုံးခဲ့ရပါတယ် ဒီအကြောင်းတွေကိုမိန်းကလေးကမသိပါဘူးနောက်ပိုင်းမှာတော့ နာနီဟာ ယင်ကောင်တစ်ကောင်အဖြစ်ပြန်လည်မွေးဖွားလာပြီး သူ့ကိုသတ်တဲ့လူကိုဘယ်လိုလက်စားချေမလဲ..သူချစ်တဲ့မိန်းကလေးကိုဘယ်လိုကာကွယ်မလဲဆိုတာတွေနဲ့အတူ ဇာတ်လမ်းအရသာကိုကောင်းကောင်းခံစားလိုက်ပါ....ဘောလိဝုဒ်ထုံးစံအတိုင်းအကအခုန်သီချင်းတွေခံစားရမှာဖြစ်ပေမယ့် အနည်းငယ်သာပါဝင်ပါတယ်..တချို့နေရာလေးတွေဟာသဆန်လို့သဘောကျမိမှာဖြစ်သလို ရင်နင့်သွားစေမယ့်ဇာတ်ဝင်ခန်းလေးတွေလည်းပါဝင်ပါတယ်..ရသမျိုးစုံပေးပြီး ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ကြောင်းအသိပေးလိုက်ပါတယ် Filesize : 1.1 GBQuality : Bluray -720p HDRun Time : 145 MinSubtitle : Myanmar Subtitle ( Hardsub )Encoded By LK 
movie

Makkhi Eega (2012)

2012
Udta Punjab (2016) 8.0
Udta Punjab (2016)    IMdb 8.0/10 ရထားတဲ့ အိန္ဒိယ အလန်းဇာတ်ကားတကားကို ဘောလိဝုဒ် ပရိတ်သတ်ကြီး အတွက်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကား က ပန်ဂျပ်ပြည်နယ်မှာဖြစ်ခဲ့တဲ့ မူးယစ်ဆေးဝါး အကြမ်းဖက်မှုတွေ အကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပြီး ယခုနှစ် ဂျွန်လ ၁၇ ရက်နေ့မှာ ထွက်ရှိထားတာဖြစ်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေကလည်းဘောလိဝုဒ် ပရိတ်သတ်ကြီးနဲ့မစိမ်းတာမို့ မိတ်မဆက်ပေးတော့ပါဘူး ဒီဇာတ်ကားဟာ ကုန်ကျစရိတ် ၅.၉ သန်းကုန်ကျခဲ့ပြီး ၁၅သန်းထိအောင် ၀င်ငွေရရှိကာ ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်ကားတကားဆိုလည်းမမှားပါဘူး ဇာတ်လမ်း အကျဉ်းလေးကတော့ တော်မီဆင်းလို့ သိကြတဲ့ ရှာဟစ်ကူးပါး ဟာ လန်ဒန်ဖွား ပန်ချာပီတယောက်ဖြစ်ပြီး အော်မြင်တဲ့ အဆိုတော်တယောက်ပါ တနေ့မှာ သူဟာ ဆေးသမား တာယာဂျီနဲ့ ဆုံတွေ့မိပြီး ဆေးစသုံးခဲ့မိပါတယ် ဘာဟာရီ သူကတော့ စိုက်ခင်းကအလုပ်သမလေးဖြစ်ပြီးသူ့အိမ်မက်ကတော့ နိုင်ငံတော်အဆင့်ထိရွေးချယ်ခံထားရတဲ့ လက်ရွေးစင် ဟောကီကစားသမားတယောက်ဖြစ်ဖို့ပါ တနေ့မှာသူဟာ စိုက်ခင်းထဲမှာ အထုပ်တထုပ်ကိုတွေ့ပြီးဖွင့်ကြည့်ခဲ့မိပြီး ကံဆိုးမိုးမှောင်ကျ ပြီးဘယ်လိုတွေများဆက်ဖြစ်မလဲ ပရီရှာနီ သူကတော့ ဆရာဝန်တတယောက် သူ့အဓိကအလုပ်က ဆေးဖြတ်တဲ့ဆေးရုံမှာ အလုပ်လုပ်တာပါ သူ့သူငယ်ချင်း ဆာတာဆင်းဂ်ျ ကတော့ ဆေးမှောင်ခိုမှုတွေနဲ့ ပတ်သတ်ပြီး နာမည်ကြီးတဲ့ ရဲတယောက်ပါ တနေ့မှာတော့ ...
movie

Udta Punjab (2016)

2016
ံHormone Episode 01 (မြန်မာစာတန်းထိုး)
ံHormone Episode 01 (မြန်မာစာတန်းထိုး) ကဲ ဒီတစ်ခါတော့ ထိုင်းကျောင်းသား ဟာသ ဖန်စီ မီနီစီးရီးလေးကိုတင်ပေးလိုက်ပါတယ် ဗျ ဇာတ်ကားလေး နာမည်က ဟော်မုန်းတဲ့ဗျ မင်းသားမင်းသမီး သရုပ်ဆောင်တွေကလဲ စွန်းဖိုင်းတာကို အကုန် ချစ်စရာကလေးတွေကြီးပဲ (ယောကျာ်းလေးတွေမပါ ဘူးနော် :P ) ဇာတ်လမ်း သဘောလေးကတော့ အထက်တန်းကျောင်းမှာ ဖြစ်တတ်ပျက်တတ်တဲ့ သဘောတရားလေးတွေကို ရိုက်ပြထားတာပါ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်တွေသာမက လူကြီးကြိုက်ပုံစံလေးဖြစ်တာမို့ အခုပဲ အမြန် ပြေးဒေါင်းလိုက်ပါအုံး နော် (စာတန်းထိုးဖိုင်ကိုတော့ မမသစ်ဆန်းခန့်က စီစဉ်ပေးခဲ့တာပါဗျ) Download Ep 01 Download Ep 02 Download Ep 03 Download Ep 04 Download Ep 05 Download Ep 06 Download Ep 07 Download Ep 08 Download Ep 09 Download Ep 10 Download Ep 11 Download Ep 12 Download Ep 13
movie

ံHormone Episode 01 (မြန်မာစာတန်းထိုး)

No Breathing (2013) 6.5
No Breathing (2013) ဒီဇတ်ကားလေးကတော့ ကိုရီးယားနိုင်ငံမှာ ၂၀၁၃ တုန်းက ရိုက်ကူးခဲ့တဲ့ ဇတ်ကားကောင်းလေးပါ မင်းသားတွေကတော့ အခုလောလောဆယ် အရမ်းကို ခေတ်စားနေတဲ့` w ´ကားထဲက မင်းသားလေးLee jung suk နဲ့ အခု အချိန်မှာ Shopping king ဆိုပြီးခေတ်စားနေတဲ့ဇတ်ကားထဲက မင်းသားလေး Soe In Guk တို့ဖြစ်ပြီး မင်းသမီးလေးကတော့ SNSDအဖွဲ့က Yu RI တို့ဖြစ်ပါတယ် ဇတ်လမ်းလေးကတော့ အိုလံပစ်ပြိုင်ပွဲကနေ ပြသနာတွေဖြစ်လို့ ထုတ်ခံလိုက်ရလို့ ပြန်ပြီးပြိုင်ပွဲ ဝင်ဖို့ ကြိုးစားနေတဲ့ ဂျောင်ဝူဆန်း  နဲ့ ငယ်ငယ်လေးကတည်းက ပြိုင်ပွဲတွေမှာ ပထမ အမြဲရခဲ့ပေမယ့် ဖခင်ကိုအထင်လွဲပီး ရေမကူး တော့ပေမယ့် နောက်ပိုင်းမှာ အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုဝူအီ သီချင်းတွေကိုချစ်မြတ်နိုးတဲ့အတွက်အဆိုတော်ဖြစ်ဖို့ကြိုးစားနေတဲ့ ဂျိုဝူအီ ရဲ့ရေကူးနည်း နည်းပြကြီးရဲ့  သမီးလေးဂျောင်အွန်း   သူတို့တွေ တွေ့ဆုံကြပြီး နောက်ပိုင်း ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးနဲ့ ...
movie

No Breathing (2013)

2013
Kingsglaive: Final Fantasy XV (2016)
Kingsglaive: Final Fantasy XV (2016)  လောကကြီးမှာ... ဂိမ်းမဆော့ဘူးတဲ့လူဆိုတာမရှိနိုင်ပါဘူးလို့ ပြောရမလိုပါပဲ ၊ ဂိမ်းတွေဆိုတာလည်းတစ်ခေတ်ပြီး တစ်ခေတ် အဆင့်ဆင့်ကျော်လွှားခဲ့ပြီး လူတွေ နှလုံးသားထဲနေရာယူထားဆဲပါ။ ရာထောင်သောင်းချီတဲ့ ဂိမ်းတွေထဲမှာ အအောင်မြင်ဆုံးဂိမ်းတွေ ဆိုတာ လက်ချိုးရေတွက်လို့ ရနိုင်ပါတယ်။ အဲ့ဒီဂိမ်းတွေထဲကမှ Final Fantasy ဆိုတာလည်း အဲ့ဒီထဲက နာမည်ကြီးတစ်ခုမဟုတ်ပါလား . . .အခုဒီဇာတ်ကားလေးဟာ ၂၀၁၆ ထွက်ဖြစ်ပြီး IMDb rating 7.0/10 ထိရရှိထားပါတယ်။  Entertainment Weekend C+ တိုက်ပွဲတွေကြောင့် အသက်တွေ သွေးတွေ ချောင်းစီးခဲ့ရပြီးနောက်မှာKingsglaive အဖွဲ့ဟာ Lucis ကို အသက်ပေးပြီး လာရောက်တိုက်ခိုက်သမျှ ရန်သူတွေကောင်းဆိုးဝါးတွေကိုပြင်းပြင်းထန်ထန်တော်လှန်တိုက်ခိုက်နေခဲ့ပါတယ်။ နောက်တော့ ရန်သူ့တပ်မတော်က သူတို့ကဲ့သို့တပ်ဖွဲ့တွေကိုမှော်အစွမ်းတွေနဲ့ စွမ်းရည်မြင့်မားလာအောင်လုပ်ဖို့အတွက် မှော်ဝင်သလင်းတုံးကို ရှာဖွေနေခဲ့ပါတယ်။ဒါပေမယ့် ထုံးစံအတိုင်းပဲ ...... ဒီကားဟာ Franchise တစ်ခုအနေနဲ့ အပိုင်းတွေ အများကြီးထွက်ရှိပြီးခဲ့တဲ့နောက်ဒါဟာ ၂၀၁၆ ခုနှစ်မှာ ...
movie

Kingsglaive: Final Fantasy XV (2016)

A Brand New Life (2009) 7.6
A Brand New Life (2009) A Brand New Life ဇာတ်ကားဟာဆိုရင် IMDb ratting 7.6 အထိ ရရှိထားပါတယ်...မိဘရဲ့ စွန့်ပစ်ခြင်းကိုခံရပြီး မေတ္တတရားငတ်မတ်နေတဲ့ ကလေးတယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပါ... ဇာတ်လမ်းအစမှာတော့ ဖခင်ဖြစ်သူက သူ့သမီးလေးဂျင်ဟီးကို မိဘမဲ့ဂေဟာမှာ သွားပို့လိုက်ပါတယ်...ပတ်ဝန်းကျင်အသစ်ဖြစ်တဲ့ မိဘမဲ့ဂေဟာမှာ ဂျင်ဟီးတယောက်တခြားကလေးအဆင်ပြေနိုင်ပါ့မလား...ဖခင်ဖြစ်သူက တနေ့ကျရင် ပြန်လာခေါ်မယ်လို့ တထစ်ချယုံကြည်နေတဲ့ ဂျင်ဟီး သူ့အဖေကရောသူ့ကိုပြန်လာခေါ်ပါ့မလား...ကလေးဘ၀ကတည်းက ကတိဆိုတဲ့ စကားတလုံးကို ယုံကြည်နေတဲ့ဂျင်ဟီးရဲ့ မျော်လင့်ချက်တွေဖြစ်လာပါ့မလား... မိဘမဲ့ဂေဟာမှာ လာရောက် မွေးစားမယ့်သူကို စောင့်နေကြတဲ့ကလေးတွေများနေပေမယ့် ဂျင်ဟီးတယောက်ကတော့ သူ့အဖေတယောက်တည်းကိုသာ စောင့်မျော်နေရင်း.... ဒီဇာတ်ကားမှာ ကလေးတွေရဲ့ ပီပြင်စွာသရုပ်ဆောင်ထားချက်ကြောင့် ဇာတ်လမ်းရဲ့ ရသရော ပေးချင်တဲ့ မတ်ဆေ့ရောကို ထင်ထင်ရှားရှားတွေ့မြင်ရမှာပါ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော.  Aung Pyay  ဖြစ်ပါတယ်) File Size         :  700 MB Quality           : DVD Rip Running Time : 1hr 32 minute Format           : Mp4 Genre             : Drama Encoder         : Thanhtike Zaw
movie

A Brand New Life (2009)

2009
Taken(1+2+3) Package
Taken(1+2+3) Package Taken (2008)________IMDb - 7.8/10ဒီဇာတ်ကားက ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကိုပြောရရင်........ မင်းသားက အရင်တုန်းက CIA ကစုံထောက်၊ ၁၇နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ Liam Neeson က သူသျှို၊စုံထောက်ဆိုတော့ မိသားစုအတွက် အချိန်မပေးနိုင်လို့ မိန်းမနဲ့ကွာရှင်းပြီးနောက် သမီးလေးကိုပါ မိန်းမလက်ထဲထည့်ပေးလိုက်ရပါတယ်။ သူက သူ့သမီးလေးကိုအရမ်းချစ်တော့ CIA ကနေ အနားယူပြီး သမီးလေးနားမှာနေနိုင်အောင် ကြိုးစားနေတဲ့ အဖေနေရာက သရုပ်ဆောင်တာပါ။ Bryan (Liam Neeson ရဲ့ဇာတ်ကောင်) ရဲ့သမီး Kim (Maggie Grace ရဲ့ဇာတ်ကောင်) က တစ်နေ့မှာ သူငယ်ချင်းရယ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုသွားလည်ဖို့ ဖခင်ကိုတောင်းဆိုပါတယ်။ (အမေရိကားမှာ ၁၈နှစ်အောက်ကလေးတွေက ပြည်ပခရီးသွားချင်ရင် မိဘခွင့်ပြု့တဲ့လက်မှတ်ပါမှ သွားလို့ရပါတယ်)။ သူ့အဖေက မသွားစေချင်ပေမယ့် နောက်ဆုံးမှာ မတတ်သာလို့ခွင့်ပြုလိုက်ရပါတယ်။ ပဲရစ်ကိုရောက်ရောက်ချင်းမှာပဲ Kim နဲ့သူ့သူငယ်ချင်း က ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ...
movie

Taken(1+2+3) Package

Love O2O (2016) N/A
Love O2O (2016) ကျန်းရွှေဝူးရှန်း အွန်လိုင်းဂိမ်းတစ်ခုတွင် အဆင့်(၇)ရရှိထားသော လူဝေဝေ့ဝေအဖြစ်Computer မေဂျာရဲ့နတ်သမီး ...ဂိမ်းသရဲမလေး ... ပေဝေဝေ.....။ထိုဂိမ်းတွင် ထိပ်တန်းဇာတ်ကောင်ဖြစ်နေသော ရီရှောင်းနိုင်ခဲ အဖြစ်Computer ဆရာကြီး ...ဘက်စုံထူးချွန်.. ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်.. ရှောင်းနိုင်....။သူတို့နှစ်ယောက် မြင်မြင်ချင်း ချစ်ကြိုက်မိသောအခါ Love O2O (Love online to online) ဇာတ်ကားဖြစ်လာပါတယ်။ဒီဇာတ်လမ်းက စီးရီးအနေနဲ့လဲ ထွက်ရှိထားပါတယ်။ Movie နဲ့မတင်းတိမ်နိုင်သူတွေ စီးရီးကို ထပ်ကြည့်ကြပါကုန်။ရှောင်းနိုင်အဖြစ်...Jing Boranပေဝေဝေအဖြစ်...Angelababy တို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ်။(Sid Moe Eain မှခံစားတင်ဆက်ထားတာပါ။) File size…(900MB) Quality…WEB-Rip 720p Format…mp4 Duration….01:43:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Download and Watch 720p and 360p (VIP Link) (or) Download 720p HD (900MB) Download 360p(360MB)
movie

Love O2O (2016)

2016

Genres

Archives