Channel Myanmar

Content at random


Movies

The Game Plan (2007)
The Game Plan (2007) Scorpion King မင်းသားကြီး The Rock အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Disney ရဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ The Rock က အမေရိကန် Football အားကစားသမားတစ်ဦးပါ။ အောင်မြင်ကျော်ကြားမှုတွေ ခမ်းနားနေတုန်းမှာပဲ သူ့အိမ်ကို ကလေးမလေးတစ်ယောက်ရောက်လာပါတယ်။ ကလေးမလေးက သူ့သမီးပါဆိုပြီး စတင်မိတ်ဆက်လိုက်တဲ့အခါမှာ... တစ်ချိန်က မိန်းမကလဲ ရှိဖူးတော့ ဇဝေဇဝါနဲ့ဖြစ်....တုန်လှုပ်... ဒီကလေးမလေးတစ်ယောက်နဲ့ The Rock တို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ.....။ ကလေးမအဖြစ်သရုပ်ဆောင်တဲ့ Madison Pettis ရော..The Rock ရော သရုပ်ဆောင်တာတွေ ပြောင်မြောက်လို့ အတော်လေးကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဖခင်နဲ့ သမီးကြားက သံယောဇဉ်တွေကို ဟာသနှောပြီးတင်ဆက်ထားတဲ့ မိသားစုဇာတ်ကားလေးပါ။ IMDb Rating (6.2/10) ရရှိထားပါတယ်။ (ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကိုတော့ Ynwa August မှကိုယ်တိုင်ဘာသာပြန် တင်ဆက်လိုက်တာပါ။)File size...(900MB) Quality...WEB-DL Rip 720p Format...mp4 Duration....01:46:27 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung
movie

The Game Plan (2007)

Calendar Girls (2015)
Calendar Girls (2015) Bollywood မှာ စတားတစ်ယောက်ဖြစ်လာဖို့ အိပ်မက်တွေနဲ့ လှပျိုဖြူငါးယောက်..သူတို့တွေ Calendar Girl အဖြစ် အိပ်မက်ပေါင်းများစွာနဲ့ မိမိဌာနေကို စွန့်ခွာလာကြပါတယ်.... သူတို့လေးတွေရဲ့ နုပျိုမှုကို ဝါးမြိုဖို့အသင့်စောင့်ဆိုင်းနေတဲ့ Bollywood အသိုင်းအဝိုင်း...ရေပေါ်စီအသိုင်းအဝိုင်း...စတဲ့စတဲ့ အသိုင်းအဝိုင်းမျိုးစုံ....ပြသနာမျိုးစုံ...စိန်ခေါ်မှုမျိုးစုံကို ဘယ်လို ဖြတ်ကျော်ရှင်သန်ကြမလဲဆိုတာ.........။ လေးဖြူ ရဲ့ သီချင်းနဲ့ပဲညွှန်းလိုက်ချင်ပါတယ်...... "မြို့ပြလို့ ပြောလဲပဲ ...အမှန်တကယ်တမ်းတော့.... တောနက်ကြီးတစ်ခုလိုပါပဲ"File size...(1GB) Quality...DVD-Rip 720p Format...mp4 Duration....02:06:40 Subtitle....Myanmar Subtitle (Hardsub)နမူနာကြည့်ရန်
movie

Calendar Girls (2015)

The Eternal Zero (2013)
The Eternal Zero (2013) The Eternal Zero (Eien no Zero) ဟာ ဒါရိုက်တာ Yamazaki Takashi ရိုက်ကူးပြီး၊ ၂၀၁၃ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ ဂျပန် စစ်-ဒရာမာ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Hyakuta Naoki ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့ စစ်ကြီးပြီးခါနီးမှာ မဟာမိတ်သဘောင်္တွေဆီ စစ်လေယာဉ်တွေနဲ့ အသေခံဝင်တိုက်ခဲ့တဲ့ ခါမိခါဇဲ (Kamikaze) တိုက်ခိုက်မှုအကြောင်းကို အဓိကထားပြီး၊ ဇာတ်လမ်းဆင်ထားပါတယ်။ဇာတ်လမ်းစအဖွင့်မှာတော့ ၂၀၀၄ခုနှစ် ဂျပန်မှာ အသက်၂၆နှစ်အရွယ် Oishi Kentaro ဆိုတဲ့ လူငယ်ဟာ နိုင်ငံတော်အဆင့်ဥပဒေစာမေးပွဲကို အကြိမ်ကြိမ်ကျရှုံးပြီးနောက် စိတ်ဓာတ်ကျပြီး၊ အနာဂတ်မရေမရာ ဖြစ်နေသူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဘွားဖြစ်သူ Matsuno ဆုံးပါးသွားပြီးနောက် အသုဘမှာ Kentaroတစ်ယောက် သူတို့ရဲ့အဖိုးဖြစ်သူ Kenichiro ဟာ သွေးသားတော်စပ်တဲ့အဖိုးအရင်းမဟုတ်ကြောင်း သိလိုက်ရပါတယ်။ အဖိုးအရင်းဖြစ်သူ Miyabe Kyuzo ဟာ ...
movie

The Eternal Zero (2013)

Daddy’s Home (2015) 6.2
Daddy’s Home (2015) Daddy's Home (2015)_____IMDb - 6.2/10  IMDb rating 6.2/10 ရရှိထားပြီး ဖခင်(ပထွေးတယောက်နဲ့ ဖခင်အရင်းတယောက်တို့ရဲ့ မိဘ မေတ္တာကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်) ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ Will Ferrell, Mark Wahlberg မင်းသားကြီး ၂ယောက်က ပါဝင်သရုပ်ဆောင်ထားတာ ဆိုတော့ ဇာတ်ကားက ကောင်းတယ် မကောင်းဖူးကတော့ မပြောတော့ပါဘူး ပရိတ်သတ်ကြီးကပဲ ကိုယ့်ဖာသာဒေါင်းယူကြည့်ပြီး ဆုံးဖြတ်ကြပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ခရစ်စမတ်ကျောင်းကပွဲအတွက် အဖေ ၂ယောက် အပြိုင်အဆိုင် ရွေးချယ်ခံရဖို့ကို ကြိုးစားကြပုံကို ရိုက်ကူးပြထားတာပါ။ ပထွေးဖြစ်သူ Mark Wahlberg ဟာ သူ့ မယားပါ ကလေးတွေကို နားလည်မှုရရှိရန် ကြိုးစားနေတုန်းမှာဘဲ မထင်မှတ်ထားတဲ့ ဆာရာ (Linda Cardellini) ရဲ့ အရင်ယောကျာ်း Will Ferrell, ရောက်ရှိလာတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်လတ်ဖြစ်ပျက်ကြမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ(ဒီဇာတ်ကားမှာ ပထွေးတယောက်ရဲ့ ခံစားချက်ကို ထိထိမိမိပုံဖော်ပြထားလို့ ပထွေးဖြစ်အောင်ကြိုးစားကြည့်ကြပါလို့) File size...(620 MB)   Quality...720p Format...mp4 Duration....01:36:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay    အစမ်းကြည့်ရန် 
movie

Daddy’s Home (2015)

2015
The Other Side Of The Door (2016) မြန်မာစာတန်းထိုး
The Other Side Of The Door (2016) မြန်မာစာတန်းထိုး ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့က ထွက်ရှိခဲ့တဲ့ဒီကားလေးကတော့Horro/Thrill ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ကားလေးပါထွက်ထားတာတော့ကြာပြီဆိုပေမယ့် CM ထုံးစံအတိုင်း ကွာလတီကို မကြိုက်တာကြောင့်မတင်ခဲ့ပါဘူး အခုမှ Blu-ray version ထွက်လာလို့ အမြန်ဆုံးတင်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ မိခင်ဖြစ်သူ မာရီ ဟာ သူ့သား လူစီကို အမှတ်မထင် မတော်တဆမှုတခုမှဆုံးရှုံးလိုက်ပါတယ်ဒါပေမဲ့ မိခင်တို့ ရဲ့ထုံးစံအတိုင်း မိမိတို့ သားဖြစ်သူကို လွမ်းဆွတ်ပြီး တမိုင်မိုင်ဖြစ်နေရာမှစိတ်ပြေလက်ပြောက် ခရီးတစ်ခုထွက်ခဲ့ရာမှ အမှတ်မထင် ဘုရားကျော်ငးတခုမှာသေးဆုံးပြီးသား ၀ိဥာဉ်တွေကို ပြန်လည်ခေါ်ယူတွေ့ဆုံလို့ရတဲ့ သတင်းကိုကြားမိခဲ့ပါတယ်စည်းကမ်းချက်တစ်ခုအနေနဲ့က တွေ့ဆုံနေစဉ်အတွင်း လူ့လောက နှင့် ၀ိဥာဉ်လောကအားပိုင်းခြားထားသော တံခါးအား မဖွင့်ရန်သတ်မှတ်ထားသော်လည်းမိခင် ဖြစ်သူ မာရီက သားသမီးဇောနဲ့ တံခါးကိုဖွင့်လိုက်လေမလားလူစီကရော အိမ်ကို ပြန်ရောက်လာလေမလား ဘယ်လိုတွေဖြစ်ပျက်ကြမယ်ဆိုတာကိုတော့ ဆက်လက်ဒေါင်းယူကြည့်ရှူကြပါအုံးဗျာFile size...(700MB)  Quality...BR-Rip 720pFormat...mp4Duration....01:44:24Subtitle....Myanmar Subtitle (Hardsub)Encoder....Kyaw Ye Aung Download and Watch 720p on PcloudDownload & Watch 720p on G-DriveDownload & ...

The Other Side Of The Door (2016) မြန်မာစာတန်းထိုး

Ugly Duckling Don’t (2015) မြန်မာစာတန်းထိုး
Ugly Duckling Don’t (2015) မြန်မာစာတန်းထိုး ပေါ့ပေါ့ပါးပါးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ထိုင်းဇာတ်လမ်းလေးနဲ့ကိုကြည့်ရှုကြစို့ ဇီရိုးဆိုတဲ့ ကောင်လေးဟာ မဟုတ်မခံ သူ့ကျောင်းမှာဆိုရင်လည်းလူစွာလူမိုက်... အဲ့ဒီကျောင်းကိုရောက်ရှိလာတဲ့ ကျောင်းသူလေး Maewnam.... Maewnam ဆိုတာကလည်း ငယ်ငယ်ကတည်းက သူ့ကို ရုပ်ဆိုးတယ်လို့ပြောရင် ဆိုက်ကိုဝင်ပြီး လူရှေ့သူရှေ့ထွက်မပြရဲသူ.....သူ့မျက်သူတောင်မပြရဲလို့ မျက်နှာကို ကတ်ထူပုံးစွပ် တက်ခံရပေမယ့် ကျောင်းမှာတကယ်ခင်တဲ့သူငယ်ချင်းနဲ့တယောက်ရရှိခဲ့ပြီး ဇီရိုးဆိုတဲ့ ကောင်လေးကရော ရုပ်ဆိုးမလေးနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြအုံးမလဲဆိုတဲ့ သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းတွေဟာဘယ်လိုဆက်ဖြစ်မှာလဲ... သံယောဇဉ်တွေ ကိုပဲအရင်ဆောက်တည်မှာလား...အချစ်ဆိုတဲ့အရာကိုပဲဆောက်တည်မှာလား မေးခွန်းတွေ နဲ့ ကြည့်ရမှာမို့ သူငယ်ချင်းဆိုတဲ့အဖြူရောင်စိတ်ကိုပဲ ဆေးဆိုးကြမှာလားဆိုတာကို စောင့်မျော်ကြည့်ရင်း အားပေးကြပါအုံးစို့ (ဇာတ်လမ်းအညွှန်းကိုတော့ ကိုအောင်ပြေကရေးသားပေးခဲ့တာပါ) အားလုံး အပိုင်း ၇ပိုင်းရှိပြီး ဆက်လက်တင်ပေးသွားမှာမို့ အားပေးလိုက်ကြပါအုံးဗျာ အပိုင်း၆ ကို မြန်မာ အင်္ဂလိပ် ၂ဘာသာဖြင့် Subtitle ထည့်ပေးထားသေကြောင့် Vlc ဖြင့်ကြည့်ပါက Subtitle >> Sub track တွင် Track 2 အားရွေးချယ်ကြည့်ရှူရမည်ဖြစ်ပြီး ဖုန်းဖြင့်ကြည့်ရှူပါက MX Player တွင် Subtitle option တွင် Track 2 အား အမှန်ခြစ်ပေးကြည့်ရှူနိုင်ပါသည်။File size...(400MB) Quality...BR-Rip 720p Format...mp4 Duration....01:44:24 Subtitle....Myanmar Subtitle (Hardsub) Translator .......Wut Mone Encoder.... Aung Pyay Episode ...
movie

Ugly Duckling Don’t (2015) မြန်မာစာတန်းထိုး

Tamasha ( 2015) 7.3
Tamasha ( 2015) IMDb Rating 7.2/10 ရရှိထားပြီး ခပ်လန်းလန်း ဘောလိဝုကားတစ်ကားကို တင်ပေးလိုက်ပါတယ် ပုံပြင်တွေအားလုံးကတော့ အတူတူပါပဲဗျာ ဒါပေမဲ့ ခင်ဗျားရဲ့ကိုယ်ပိုင် ဘ၀ဇာတ်လမ်းကို ထုဆစ်ပုံဖော်တော့မယ်ဆိုရင်တော့ ခင်ဗျား နားထောင်ခဲ့တဲ့ ပုံပြင်တွေ ဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေ စရိုက်တွေရဲ့ လွှမ်းမိုးမှုမခံရဘဲ ကိုယ်ပိုင်အမြင်နဲ့ မိမိဘ၀ကို ကိုယ်တိုင် ထုဆစ်ပုံဖော်သင့်ပါတယ် ငယ်စဉ်ကလေး ဘ၀ ကတည်းက ပါးစပ်ရာဇ၀င်တွေ ပုံပြင်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကောင်လေးတယောက် တကယ့် လူမှုဘ၀ထဲကို ၀င်ရောက်ဖို့ အကြောင်းဖန်လာတော့ ဘယ်လိုတွေများဖြစ်ပျက်မလဲ မမျှော်လင့်ထားတဲ့ ခရီးစဉ်တစ်ခုမှာ မမျှော်လင့်ထားတဲ့ ဒုက္ခတွေကြုံရပြီး သာမန်သူတွေနဲ့ အမြင်မတူသူတယောက်နဲ့ ဆုံတွေ့ခဲ့မိတဲ့ ကောင်မလေးတယောက် သူတို့၂ယောက်ဘာတွေများဆက်ဖြစ်ကြမလဲ လွှမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းတွေကိုဘဲကြုံတွေ့ရမလား ခပ်ကြမ်းကြမ်း ဇာတ်ဝင်ခန်းတွေကိုဘဲ ကြည့်ရှူရမလား သိခြင်ရင်တော့ ဆက်လက်ဒေါင်းယူကြည့်ရှူလိုက်ကြပါFile size...(1GB)   Quality...BR-Rip 720p Format...mp4 Duration....01:44:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Kyaw Ye Aung 
movie

Tamasha ( 2015)

I Spit on Your Grave (1+2+3) မြန်မာစာတန်းထိုး
I Spit on Your Grave (1+2+3) မြန်မာစာတန်းထိုး I Spit on Your Grave (2010) မြန်မာစာတန်းထိုးကားဟောင်းလေးတစ်ကားပါ။တောထဲမှာတစ်ကိုယ်တည်းစာရေးဖို့ ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကို အကျင့်ပျက်ရဲနဲ့ လူတစ်စုက ၀ိုင်းဝန်းနှိပ်စက် မုဒိန်းကျင့်ပြီး သေပြီထင်ခဲ့ပေမယ့် မသေခဲ့တဲ့အခါမှာ သူခံစားခဲ့ရတာထက် ၂ ဆဆိုးအောင် တစ်ယောက်ချင်းကို ပြန်လက်စားချေပါတော့တယ်။ မိသားစုနဲ့အတူမကြည့်သင့်သလို ကြောက်တတ်တဲ့သူ နှလုံးမကောင်းတဲ့သူတွေလည်း မကြည့်သင့်ပါ။ (AP Newschool မှဘာသာပြန်တင်ဆက်ထားပါတယ်။) File size...(695MB) Quality...DVDRip 720p Format...mp4 Duration....01:48:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Little NeoI Spit on Your Grave 2 (2013) မြန်မာစာတန်းထိုးဇာတ်လမ်းအကျဉ်းကတော့ မော်ဒယ်ဖြစ်ချင်တဲ ကေတီတစ်ယောက် ဓါတ်ပုံဆရာတစ်သိုက်ဆီ အလကားဓါတ်ပုံရိုက်ခွင့်ရမယ်ဆိုတဲမျော်လင့်ချက်နဲသွားခဲပါတယ်။အဲဒီမှာပဲ ဓါတ်ပုံဆရာရဲညီ သိပ်ကျပ်မပြည့်တဲ ဂျောဂျီ ဟာသူမကိုမြင်မြင်ချင်ကြိုက်သွားပါတယ်။နဂိုကသိပ်ကျပ်မပြည့်သူဆိုတော့ ကေတီတိုက်ခန်းကိုညဘက်မှာခိုးဝင်ပြီး ကေတီကိုRapeလုပ်ပါတော့တယ်။ကေတီရဲအော်သံကြောင့်အိမ်နီးနားချင်းကောင်လေးရောက်လာတဲအခါ ဂျောဂျီဟာ အဲဒီကောင်လေးကိုပါသက်ခဲပါတယ်။ကိစ္စတွေပြီးတော့မှ သူလုပ်ခဲတာတွေကိုသတိရပြီး သူ့အကိုတွေဆီအကူညီလှမ်းတောင်ပါတော့တယ်။သူ့အကိုတွေဟာ လူသက်မူနဲမုဒိန်းမူကိုဖျောက်ဖျက်ဖို့အတွက်ကေတီကိုဖမ်းခေါ်သွားပြီး လိင်ပိုင်ဆိုင်ရာနိုပ်စက်ခဲကြပါတယ်။ဒါကို ကေတီကဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးမလဲ လူယုတ်မာတွေကိုဘယ်လိုများရက်ရက်စက်စက်ဂလဲစားပြန်ချေမလဲ။ဂလဲစာချေတာရောအောင်မြင်ပါ့မလားဆိုတာကို ရင်တဖိုဖိုနဲကြည့်ရမယ်ဇာတ်ကားကောင်းတစ်ကားပါ။၂၀၁၃ခုနှစ်ကထွက်ရှိခဲတာဖြစ်ပြီး IMDB ကတော့5.7ထိရရှိထားတဲ Horror,Thriller ...
movie

I Spit on Your Grave (1+2+3) မြန်မာစာတန်းထိုး

The Family Fang (2015) မြန်မာစာတန်းထိုး
The Family Fang (2015) မြန်မာစာတန်းထိုး  မိသားစု comedy drama ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Annie နဲ့ Baxterဆိုတဲ့ မောင်နှမ နစ်ယောက်ဟာ public performance တွေနဲ့ နာမည်ကြီး တဲ့ လင်မယား နှစ်ယောက်ရဲ့ သားသမီးတွေ ဖြစ်ကြပြီး သူတို့ကို ငယ်ငယ်တုန်းက သူတို့ မိဘတွေကအသုံးချခဲ့ကြတယ်လို့ပဲ ထင်နေကြတာပါ။ အရွယ်ရောက်လာတဲ့ အထိ အဆိုပါ အစွဲ ကို မဖျောက်နိုင်ကြသေးပါဘူး။ တစ်နေ့မှာ သူတို့ မိဘတွေ ရုတ်တရက် ပျောက်ဆုံး သွားတဲ့ အခါမှာ ကောင်လေးက ရဲတွေကို တိုင်ဖို့ စိတ်ကူးခဲ့ပေမယ့် ကောင်မလေးကတော့ ဒါဟာသူတို့မိဘတွေရဲ့ နောက်ထပ် ဇာတ်လမ်းဆင်ထားတဲ့ လှည့်ကွက် performanceဖြစ်မယ်လို့ ယူဆမိပြီး ကိုယ့်ဘာသာ ရှာဖို့ စီစဉ် ရာမှ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ...File size...(600MB)  Quality...BR-Rip 720p Format...mp4Duration....01:46:21Subtitle....Myanmar Subtitle (Hardsub)Encoder....seniorkaungDownload ...

The Family Fang (2015) မြန်မာစာတန်းထိုး

Norm Of The North (2016) မြန်မာစာတန်းထိုး
Norm Of The North (2016) မြန်မာစာတန်းထိုး အခုတခါတော့ အန်နီမေးရှင်းနဲ့ ဝေးနေတာကြာဘီဖြစ်တဲ့ ပရိတ်သတ်ကြီးအတွက်Norm Of The North ဆိုတဲ့ ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးခြင်ပါတယ်ကျတော် သဘောကျမတာက ကာတွန်းကားလေးက လူတွေကို မိမိတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အသိပညာပေးကားလေးမို့ပါနောက်ထပ်သဘောကျမိတာလေး တစ်ခုက ဇာတ်လမ်းထဲက စီးပွားရေးသောင်းကျန်းသူ မစ္စတာ ဂရင်းနေရာမှာ သုံးထားတဲ့ ကာတွန်းပုံစံလေးပါသုံးထားတဲ့ ပုံစံလေးက အခုလက်ရှိကမ္ဘာပေါ်မှာ စီးပွားရေး အသောင်းကျန်းဆုံးသဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဂရုမစိုက်ဆုံး တရုပ်ကို သရော်ထားတာကိုပါပဲကဲ ဇာတ်လမ်း အကျဉ်းလေးကတော့ အာတိတ်ဒေသရဲ့ ဘုရင်လို့ခေါ်ကြတဲ့ပိုလာဘဲတို့ရဲ့ ဒေသမှာ မစ္စတာဂရင်းက ကွန်ဒိုတွေ ဆောက်ပြီးရောင်းချဖို့ကြံစီရာမှ Norm က နယူးယောက်ထိသွားရောက်ပြီးတာဆီးပုံလေးကို ရယ်မောဖွယ်ရာ ကာတွန်းဇာတ်ကော်ငလေးများဖြင့်ပုံဖော်ပြထားပြီး ကာတွန်းဇာတ်လမ်းထဲမှာ Norm ရဲ့ ၀၀ဖိုင့်ဖိုင့် ချစ်စရာ ဖင်လှုပ်အကကိုလည်း ရှူစားကြပါအုံးလို့ (ဘာသာပြန်ကတော့ ကိုမျိုးမင်းသူသန်းမြင့်ပါ)File size...(700MB)   Quality...BR-Rip 720p Format...mp4 Duration....01:44:24 Subtitle....Myanmar Subtitle (Hardsub) Translator .......Myo Min Thu Than Myint Encoder....Kyaw Ye Aung Download & ...

Norm Of The North (2016) မြန်မာစာတန်းထိုး

Colonia Dignidad (2016) မြန်မာစာတန်းထိုး
Colonia Dignidad (2016) မြန်မာစာတန်းထိုး 2016 ခုနှစ်ထွက် ဖြစ်ရပ်မှန် အခြေခံထားတဲ့ ဇကားလေးတစ်ကားနဲ့ စီအမ် ပရိတ်သတ်ကြီးကို ဒီညအတွက် မိတ်ဆက်ပေးပါရစေ ကျတော်ကတော့ အသဲကျော်လေး အမ်မာဝတ်ဆန်ပါလို့ ဒီကားလေးကိုကြည့်မိပြီး သဘောကျမိတာနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးတာပါ ကဲ ဇာတ်လမ်းအကျဉ်းလေးကို သွားလိုက်ကြရအောင်ဗျာ ဇာတ်လမ်း အကျဉ်းလေးကတော့ ချီလီနိုင်ငံရဲ့ ၁၉၇၃ ခုနှစ်ကာလကို အခြေခံပြီးရိုက်ကူးထားပြီး ချီလီနိုင်ငံက နာမည်ကြီး ကိုလိုနီးယား ဒစ်ကနီဒက် ဆိုတဲ့ ဘုရားရှိခိုးကျောင်းအမည်ခံ စစ်အတွင်း ပုန်ကန်ဆန္ဒပြသူတွေကို ရူးသွပ်သည်အထိနှိပ်စက်ပြီး အသိစိတ်ကင်းမဲ့စေသောဆေးများကြွေးပြီး သူ့ကိုယ်သူ ဘု၇ားနှင့်ဆက်သွယ်နိုင်သည်ဟု ဆိုကာ နှိပ်စက်နေသော ဘုန်းတော်ကြီး Paul Schäfer အကြောင်းကို ရိုက်ကူးပြထားသော ဇာတ်ကားဖြစ်ပြီး ဘုန်းတော်ကြီးPaul Schäfer ကတော့ ၂၀၀၄ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံမှာ အဖမ်းခံခဲ့ရပြီး ကလေးသူငယ်ဆိုင်ရာ လိင်ကျူးလွန်မှုအပါအ၀င် အခြားအမှုပေါင်းများစွာနှင့် ထောင်ဒဏ် ၃၃ နှစ်ချမတ်ခံရပြီး ၂၀၁၀ ခုနှစ်မှာ စန်တီဂို အကျဉ်းထောင်အတွင်းမှာဘဲ ဘ၀ ဇာတ်သိမ်းသွားခဲ့ပါတယ်။ လေယာဉ်မယ် လီနာ တဖြစ်လဲ အမ်မာဝတ်ဆန် ဟာ ချီလီနိုင်ငံကို လေကြောင်းတာဝန်အရ လိုက်ပါခဲ့ပြီး အနားယူရန် ကားဖြင့် ထွက်လာစဉ် ချစ်သူဖြစ်သူ ဒယ်နီရယ် ကိုတွေ့မိပြီး လိုက်ပါသွားခဲ့ရာမှ ဒယ်နီရယ် ...
movie

Colonia Dignidad (2016) မြန်မာစာတန်းထိုး

The Danish Girl (2015) 7.1
The Danish Girl (2015) The Danish Girl (2015)IMDb - 7.1/10_____Rotten - 67%Won 1 Oscar, 31 wins & 79 nominations. ဒီဇာတ်လမ်းဟာ ၁၉၂၆ မှာ ဒိန်းမတ်နိုင်ငံက ပန်းချီဆရာလင်မယားရဲ့ အကြောင်းကို ရိုက်ယူထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုပါတယ်။ ပန်းချီဆိုတာ အရောင်တွေ သုံးပြီး ကင်းဗတ်စပေါ် ရေးတယ် ဆိုတာလောက်ပဲ သိတဲ့ ကျနော့်အတွက်တော့ သူတို့ဆွဲတဲ့ ပန်းချီ အမျိုးအစားအယူအဆတွေ ဘာလဲဆိုတာတော့ မသိပါဘူး။ ယောက်ျားဖြစ်သူ Einar က ရှုခင်းပုံဆွဲပြီး သူ့အမျိုးသမီး Gerda က ပုံတူရေးဆွဲတယ်လို့ပဲ ဆိုပါတော့။ တရက်မှ Gerda ဟာ ပုံတူရေးဆွဲရာမှာ မော်ဒယ်လ်ထိုင်ဖို့ အမျိုးသမီးရောက်မလာလို့ သူ့ယောကျာ်း Einar ကိုပဲ အမျိုးသမီးလို ဆင်ပေးပြီး မော်ဒယ်လ်ထိုင်ခိုင်းခဲ့တယ်။ အမှတ်မထင်ပဲ အဲ့ပန်းချီကားဟာလည်း ...
movie

The Danish Girl (2015)

2015
The Trust (2016) မြန်မာစာတန်းထိုး
The Trust (2016) မြန်မာစာတန်းထိုး မင်းသားကြီး နီကိုလပ်ကေ့စ် ရဲ့ ၂၀၁၆ ထွက် စုံထောက်ကားလေးတကားနဲ့မိတ်ဆက်ပေးပရစေ။ဇာတ်ကားလေးကတော့ IMDb rating 5.4/10 ရရှိထားပြီးစိတ်ဝင်စားဖို့အတော်ကောင်းတာကိုတွေ့ရပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ LVPD ရဲ့ သက်သေခံပစ္စည်းထိန်းသိမ်းရေးတာဝန်ခံ နီကိုလပ်ကေ့စ်ဟာ တရက် မထင်မှတ်ဘဲ ကားတစ်စီးကို သိမ်းမိရာမှာကား အင်ဂျင်ဘလောက်တုန်းအတွင်းမှ ဘိန်းဖြူများအားတွေ့ရှိပြီးဘိန်းမှောင်ခိုဂိုဏ်းကို ဆက်စပ် စုံစမ်းရာမှ ဘိန်းမှောင်ခိုင်ဂိုဏ်း၏ဘိန်းများနှင့် ပိုက်ဆံများအား သိမ်းဆည်းထားရာ နေရာအား စုံစမ်းမိပြီးဘယ်လိုတွေများ လမ်းမှားလိုက်မိမလဲ လောဘတက်ပြီး ဘယ်လိုတွေဖြစ်မလဲဆိုတာ သိခြင်ပါက ဒီ ယုံကြည်မှုလို့ အမည်ရတဲ့ကားလေးကို ကြည့်လိုက်ကြပါလို့အကြံပြုလိုက်ပါရစေ။File size...(600MB)   Quality...BR-Rip 720p Format...mp4 Duration....01:44:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Kyaw Ye Aung Download & Watch On Pcloud

The Trust (2016) မြန်မာစာတန်းထိုး

Genres

Archives