ငယ်စဉ်ကလေးဘဝတုန်းက
ကျွန်တော်တို့ပါးစပ်ဖျားထက်မှာစွဲခဲ့တဲ့
ပါရာနာဝေးလို့လူသိများခဲ့တဲ့ Only the strong
ဇာတ်ကားဟာဆိုရင် 1993 ခုနှစ်မှာထွက်ရှိခဲ့တဲ့
ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီးIMDb rating 6.7
အထိရရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်…
မင်းသားကြီး Mark Dacascos နဲ့ မင်းသမီး
Stacey Travis တို့အဓိကသရုပ်ဆောင်ထားပြီး
Geoffrey Lewis နဲ့ Paco Christian Prieto
တို့အပြင် သရုပ်ဆောင်များစွာပါဝင်တဲ့
ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ လူးဝစ်စတီဗင် (Mark Dacascos) က
သူ့ဒေသကနေ နှစ်အတော်ကြာခွဲခွာပြီး
စစ်သားတစ်ယောက်အဖြစ်တာဝန်ထမ်းနေရာက
သူ့ဒေသ ဖလော်ရီဒါပြည်နယ်ကိုပြန်ရောက်လာတယ်…
သူတက်ခဲ့တဲ့လင်ကွန်အထက်တန်းကျောင်းက
ဆရာ့ဆီမှာအကူအညီတောင်းဖို့သွားရင်းကနေ သူ့ကျောင်းက
ကျောင်းသားတွေက ဆေးစွဲ အကြမ်းဖက်ဂိုဏ်းတွေနဲ
့ပေါင်းပြီးဆိုးသွမ်းပျက်စီးနေကြတာ တွေ့လိုက်ရတယ်…
အဲ့ကျောင်းမှာ ဆရာပြန်လုပ်ဖြစ်ရာက
ကလေးတွေကိုစိတ်ပိုင်းဆိုင်ရာပြုပြင်မှုတွေလုပ်ပေးခဲ့တယ်…
Capoeira ဆိုတဲ့ ဘရာဇီးရိုးရာသိုင်းပညာနဲ့
ကလေးတွေပျက်စီးမှုရဲ့အဓိကတရားခံဖြစ်တဲ့ မူးယစ်ဆေးဈေးကွက်ကို
အုပ်စိုးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဆေးလ်ဗရီယို (Paco Christian Prieto) ကို
ဘယ်လိုတွန်းလှန်ဖို့ကြိုးစားခဲ့လဲဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်…
ဆရာတပည့်ချစ်ခြင်းမေတ္တာတွေနဲ့
လူငယ်တွေကိုပြုပြင်ပေးတဲ့ကားကောင်းလေးတစ်ကားဖြစ်လို့
နှစ်သက်ကြမယ်ထင်ပါတယ်
1993 ခုနှစ်က ထွက်ခဲ့တဲ့ကားဖြစ်တဲ့အတွက်ကြောင့်
အကြည်လင်ဆုံးရနိုင်တဲ့ ကွာလတီကိုတင်ဆက်ပေးလိုက်ရပါတယ်
————————————————————-
ငယ်စဉ်ကလေးဘ၀တုန်းက
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။