Channel Myanmar

Content at random


Movies

SEE ALL
Manifest West (2022) 5.4
Manifest West (2022) Manifest West (2022)(1080p ရပါပြီ)Dave က သူ့မိန်းမနဲ့ သမီးလေး ၂ယောက်နဲ့အတူ အိမ်ပြောင်းဖို့လုပ်နေတာပါ။ သူတို့က မြို့ထဲမှာနေပေမဲ့ အလုပ်ပြုတ်သွားပြီး ပိုက်ဆံမရှိတော့တာရော ကုန်ကျစရိတ်တွေများနေတာရောကြောင့် မြို့ထဲကနေ တောင်ပေါ်ကို ပြောင်းဖို့ဆုံးဖြတ်လိုက်ကြတယ်။တောတောင်ပေါ်မှာ အခြေချနေတဲ့သူတွေလို ကိုယ်စားဖို့ကို ကိုယ်တိုင်မွေးမြူစိုက်ပျိုး အမဲလိုက်ပြီး နေဖို့ အိမ်တစ်အိမ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။သမီးလေး ၂ယောက်ကိုလည်း အိမ်မှာပဲစာသင်ပေးမှာပါ။ အဲ့တော့ တောင်ပေါ်မှာနေရင်း သူတို့လိုအခြေချသူတွေနဲ့တွေ့တဲ့အခါ ဘာဆက်ဖြစ်ကြမလဲ ?(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Marie ပါ။)File Size          : 1GB, 386MB, 201MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format          ...
movie

Manifest West (2022)

2022
In Merry Measure (2022) 6.6
In Merry Measure (2022) In Merry Measure (2022) IMDb 6.6 ခရစ္စမတ်နီးပြီးဆိုတော့ ခရစ္စမတ်မှာကြည့်ဖို့ဇာတ်ကားရှာနေသူတွေအတွက် အမေရိကန်သူ နာမည်ကြီးActress,Singer,Dancer တစ်ဖြစ်လဲ Patti Murin ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်သီချင်းဆိုပြိုင်ပွဲဖြစ်တာမို့ အဆိုဝါသနာရှင်ကြည့်ရှုသူတွေအတွက်တော့ တကယ်မိမိုက်နေမှာပါ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ပြီး နယူးယော့ခ်မြို့မှာ တစ်ခေတ်တစ်ခါကအောင်မြင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့ သိသူနည်းလာတဲ့ Pop Star ဒါစီ ... တစ်ခါထပ်ပြီးအောင်မြင်လာဖို့ကတော့သူမရဲ့အိပ်မက်ပေါ့ ကျရောက်တော့မယ့်ခရစ္စမတ်မှ ာ အစ်မဖြစ်သူက မွေးရပ်မြေကိုပြန်ခေါ်လို့ နှစ်ပေါင်းများစွာမပြန်ဖြစ်ခဲ့တဲ့နေရာဆီပြန်လာတဲ့သူမ ..ဒါစီရဲ့တူမဖြစ်သူကလည်းအဆိုဝါသနာရှင်တစ်ယောက် ဒါပေမယ့် အသံစစ်ဆေးပွဲမှာ ကြောက်လန့်နေခဲ့တာကြောင့် ပြုတ်သွားခဲ့လို့ ဒါစီက ဆရာဖြစ်သူကိုသွားရန်တွေ့ရာမှ ဆရာကသူနဲ့အထက်တန်းကျောင်းတုန်းကပြိုင်ဘက်ဖြစ်ခဲ့သူဖြစ်ပါလေရော ဒီလိုနဲ့ဒါစီ အသံစမ်းပွဲမှာပြုတ်ခဲ့တဲ့လူတွေကိုလိုက်စုဆောင်းရင်း သူကတစ်ဖွဲ့ ပြိုင်ဘက်ကတစ်ဖွဲ့နဲ့ ဘယ်လိုယှဉ်ပြိုင်သွားမလဲ သီချင်းဆိုဖို့ကြောက်နေကြတဲ့သူ့အဖွဲ့ကလူတွေကို ဘယ်လို Training ပေးမလဲ ဒီကားမှာ သီချင်းကောင်းတွေပဲသီဆိုသွားကြပြီး အသံတွေကလည်းရှယ်တွေပဲမို့ ခရစ္စမတ်မှာကြည့်ဖို့အသင့်တော်ဆုံးကားပါပဲရှင် File size…1.34GB / 630MB Quality…1080p WEBRIP /720p Format…mp4 Duration….1h 24mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

In Merry Measure (2022)

2022
The Retaliators (2021)
The Retaliators (2021) The Retaliators (2021)~ Rotten Tomatoes - 88% ~ခရစ်စမတ်ကလည်း တဖြည်းဖြည်းနီးလာလေတော့ ပြုံထွက်လာတဲ့ ချိုချိုမြမြ ခရစ်စမတ်ကားတွေကိုကြည့်ရင်း အီစိမ့်နေလောက်ကြရောပေါ့။ ဒီတော့ သွေးထွက်သံယို ခရစ်စမတ်ကားလေး တစ်ဖြတ် ကြည့်လိုက်ကြပါဦး။ဂျွန်ဘစ်ရှော့ဆိုတဲ့ သင်းအုပ်ဆရာဟာ ဆာရာနဲ့ ရေဘက္ကာအမည်ရ သမီးနှစ်ယောက်နဲ့အတူ နေထိုင်တဲ့ တစ်ခုလပ်ဖခင် တစ်ယောက်ပါ။ ခရစ်စမတ်ကာလဖြစ်လို့ သမီးကြီးဖြစ်သူ ဆာရာက ပါတီကို သွားချင်ပါတယ် ပူဆာတာကို ခွင့်ပြုမိရာကစလို့ ဒီအနိဌာရုံတွေ စတင်ပါတယ်။ဆာရာ့ကို ပါတီလွှတ်လိုက်တဲ့ညမှာပဲ သမီးဖြစ်သူဆီက စိုးရိမ်တကြီးနဲ့ လူလိုက်ခံနေရပါတယ်ဆိုပြီး ဂျွန့်ဆီကို ဖုန်းဝင်လာခဲ့ပြီး အဲဒီညမှာပဲ သင်းအုပ်ဆရာကြီးဟာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဂျက်ဆိုတဲ့ စုံထောက်တစ်ယောက် ရောက်လာပြီး သမီးဖြစ်သူ ဆာရာသေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ကြောင်း သိလိုက်ချိန်မှာတော့ ဂျွန်ဟာ ဒီကိစ္စကို စုံစမ်းရင်း ထူးဆန်းတဲ့ အခြေအနေတွေနဲ့ပါ ကြုံလာရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Act Molemy ...
movie

The Retaliators (2021)

2021
Prancer: A Christmas Tale (2022)
Prancer: A Christmas Tale (2022) ကဲ ဒီဇင်ဘာလည်း ရောက်ခါနီးပြီဆိုတော့ UNIVERSAL ကနေ လောလောလတ်လတ်ထွက်ရှိထားတဲ့ Christmas ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ခရစ္စမတ်မှာ မြေးအဘိုး၂ယောက် ထူးဆန်းတဲ့ဒရယ်တစ်ကောင်နဲ့ တွေ့ပြီး တိုင်ပတ်ကြတဲ့အကြောင်းကို ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးထားတာပါ ဒါရိုက်တာကတော့ Star Wars: Originsရဲ့ စာရေးဆရာနဲ့ ဒါရိုက်တာဖြစ်သူ Phil Hawkins ဖြစ်ပြီး To Oliviaထဲက Olivia အဖြစ်သရုပ်ဆောင်ထားတဲ့ Darcey Ewartက မြေးမလေးအဖြစ် ပါဝင်ထားပါတယ် ဒီဇာတ်ကားကို ရိုမေးနီးယားနိုင်ငံမှာ သွားရောက်ရိုက်ကူးထားပြီး ဖွေးဆွတ်နေတဲ့ နှင်းတောကြီးတွေ ထင်းရှူးတောအုပ်ကြီးတွေနဲ့ Christmas Vibe ကို အပြည့်အဝခံစားရမှာဖြစ်လို့ အချိန်ပေးရကျိုးနပ်စေမှာပါဇာတ်လမ်းအကျဥ်း၁၀နှစ်အရွယ် မြေးမလေး ဂလိုရီယာနဲ့ မုဆိုးဖိုဖြစ်ထားတာမကြာသေးတဲ့ ဘတ်ထ်တို့ မြေးအဘိုး၂ယောက် ခရစ္စမတ်မှာဆုံကြရင်း ထူးဆန်းတဲ့ ဒရယ်တစ်ကောင်နဲ့ တွေ့ခဲ့ကြတယ် အဘိုးဖြစ်သူ ဘတ်ထ်က ဒရယ်ကို မှော်ဝင်ဒရယ်လို့ ယုံနေပြီး ဂလိုရီယာကတော့ ...
movie

Prancer: A Christmas Tale (2022)

Man on the Moon (1999) 7.4
Man on the Moon (1999) Man On The Moon =================== ဇာတ်ကားအကြောင်းမပြောခင် သရုပ်ဆောင်တွေကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ The Ture Man Show, The Mask အစရှိတဲ့ဇာတ်ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ဂန္ဓ၀င်ဟာသမင်းသားကြီး Jim Carrey နဲ့အတူ နောက်ထပ်ဂန္ဓ၀င် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Danny DeVito တို့ ပါ၀င်ရိုက်ကူးထားတဲ့အတွက် တကယ့်ကို ကြည့်ရကျိုးနပ်စေပါတယ်။ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ နာမည်ကျော်လူရွှင်တော်ကြီး အန်ဒီကော့ဖ်မန်းရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူဟာ တခါတလေ သူ့ကိုယ်သူ "အဆိုအကလူကြီး" လို့ ခေါ်တတ်ပြီး တခြားလူရွှင်တော်တွေနဲ့မတူ ထူးခြားနေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်မှာ ရှားပါးတဲ့ အဆုတ်ကင်ဆာရောဂါတစ်မျိုးကြောင့် ဆုံးပါးသွားခဲ့ပြီး သူထားရှိခဲ့တဲ့ အနုပညာတွေကတော့ ယနေ့အချိန်အထိ ကျန်ရှိနေဆဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အန်ဒီရဲ့ ဟာသ အပေါ်မြင်တဲ့အမြင်တွေ၊ သဘောထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ပြက်လုံးတွေဟာ ကြည့်ရှုသူတွေကိုပါ ကြောင်တောင်တောင်ဖြစ်အောင် လုပ်နိုင်တာကို တွေ့ရပါမယ်။ ကြည့်ရှုသူတွေတင်မက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချို့ပါ သူ့ဟာသတွေကြောင့် ခနခနဇာတ်တွေရှုပ်ကြရပါတယ်။ ဒီလိုလူရွှင်‌ တော် တစ်ယောက်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အကြောင်းကို တစ်ကားလုံး မပျင်းရအောင် ကြည့်ရှူရမှာဖြစ်တာကြောင့် CM ပရိသတ်တွေအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။ File size…2.8GB  / 1GB Quality…1080p ...
movie

Man on the Moon (1999)

1999
Ordinary Hero ( 2022 ) 6.4
Ordinary Hero ( 2022 ) CM က ပရိတ်သတ်ကြီးကို ဒီနေ့မှာတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုကို ပုံဖော်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်၂၀၂၁ ခုနှစ် ၄ လပိုင်း ၃၀ ရက်နေ့မှာ ကျေးရွာလေးတစ်ရွာက အသက် ( ၇ ) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ လယ်ထွန်စက်နဲ့ လက်မောင်း ညှပ်ပြီးတော့ လက်မောင်းပြတ်ထွက်သွားခဲ့ပါတော့တယ် ကျေးရွာလေးဖြစ်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ဆေးပညာတွေဆိုတာ မဖွံ့ဖြိုးသေးပါဘူး ဒဏ်ရာက ပြင်းထန်တဲ့အတွက်ကြောင့် ဝူလူမုချီ (Ürümqi) မြို့ကို ခွဲစိတ်ကုသခံယူဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ် ခွဲစိတ်မှုလုပ်ရင်လည်း ဒဏ်ရာရတဲ့အချိန်ကနေပြီး စပြီး ခွဲစိတ်မှုလုပ်ချိန်အထိ (၈) နာရီအတွင်းမှာ ပြီးမြောက်ရမယ်ဖြစ်ပြီး အဲ့လိုမှမဟုတ်ရင် ဆဲလ်တွေသေဆုံးသွားပြီး​တော့ ဒဏ်ရာက ကုသလို့မရတော့ဘူးလို့ ဒေသခံဆရာဝန်က ပြောလာခဲ့တဲ့အခါမှာတော့ -❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ❐ မဖွံ့ဖြိုးသေးတဲ့ ကျေးရွာလေးက ဖြစ်တာမို့ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ကြရမှာလဲ? ❐ ကလေးလေးကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ ကြည့်ရှုရမဲ့အပြင် - ❐ (၇) နှစ်အရွယ်ကလေး မိသားစုဝင်တွေရဲ့ ပူပန်မှုတွေ, ❐ ဒုက္ခရောက်နေသူကို အချင်းချင်းရိုင်းပင်းကူညီမှုတွေ, ❐ သူ့တာဝန်နဲ့သူ အသီးသီးကျေပွန်အောင်လုပ်ဆောင်ကြပုံတွေကို အသေးစိတ်ကျကျရိုက်ပြထားထားတာကိုလဲ တွေ့မြင်ရမှာဖြစ်ပါတယ်ရှင် ဒါ့အပြင် “Li Bing Bing,Ma ...
movie

Ordinary Hero ( 2022 )

The Sacrifice Zone (2022) 5.5
The Sacrifice Zone (2022) ခေတ်လူကြီးတွေပြောလေ့ရှိပါတယ် "နိုင်ငံရေးမှာ မတော်တဆဖြစ်တာဆိုတာ" မရှိဘူးတဲ့။ ဒီလိုပါပဲ ၁၉၇၃ခုနစ် ဝင်ဒီနီးပုန်ကန်မှုအရေးမှာ ဌာနေအမေရိကန်တွေဖြစ်ကြတဲ့ မာဗင်နဲ့ဘက်တို့၂ယောက်ဟာ အဖမ်းခံလိုက်ရပါတယ်။ ဗာမင်တို့၂ယောက် အဖမ်းမခံရခင် ၁၀လလောက်အလိုမှာ မာဗင်ရဲ့ဇနီးဖြစ်သူ အန်နာ က ယာဥ်မတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ မာဗင်ကတော့ သူ့ဇနီးသေဆုံးသွားတာကို အသတ်ခံရတာဆိုပြီး တထစ်ချယုံကြည်နေခဲ့ပါတယ်။ သူ့ဇနီးသေဆုံးမှုဟာ သာမန် သွေးရိုးသားရိုးသေဆုံးသွားခဲ့ရတာလား ဒါမှမဟုတ် မာဗင်ယုံကြည်နေသလို သူ့ဇနီးက အသတ်ခံလိုက်ရတာလား၊ ပုန်ကန်မှုတွေ အန်နာရဲ့သေဆုံးမှုတွေမှာ အစိုးရက ဘယ်လိုပါဝင်ပတ်သက်နေမလဲဆိုတာကို နိုင်ငံရေးလှည့်ကွက်တွေကြားမှာ အချစ်၊ အလွမ်း၊ မေတ္တာ၊ Dramaတွေကို တစည်းတလုံးထဲ ဒီရုပ်ရှင်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ဖိနှိပ်ခံခဲ့ရတဲ့ အင်ဒီယန်တွေရဲ့ဘဝကိုထင်ထင်ရှားရှားရိုက်ကူးပြသွားနိုင်ခဲ့သလို အမေရိကန်တွေရဲ့ လူသိမခံစေချင်တဲ့dark secretသမိုင်းတွေကိုလည်းတစ်ပါတည်း တွေ့မြင်ရမှာဖြစ်ပါတယ်။File size…(2.1GB)  / (785MB) / (359MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Thriller Subtitle….Myanmar ...
movie

The Sacrifice Zone (2022)

The Violence Action (2022) 5
The Violence Action (2022) The Violence Action (2022)(1080p ရပါပြီ)Kei ဆိုတဲ့ မိန်းမငယ်လေး တစ်ဦးဟာ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်း ပြုပါတယ်။ အပျော်ကောင်မလေးတွေ ခေါ်တဲ့ website နဲ့ဖုန်းနံပါတ်ထားပြီး အဲ့ဒီကနေ လူသတ်ဖို့ ငှားကြရတာပါKei ကို ချစ်စရာကောင်မလေးအထင်နဲ့ တံခါးဖွင့်လက်ခံပေးကြတဲ့ လူဆိုးတွေ အမြဲအသတ်ခံရကာ Kei ကလည်း အမှားမရှိဘဲ အလုပ်ကို လက်စသတ်နိုင်သူ တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ ဂျပန်က အကြီးဆုံး ရာကူဇာဂိုဏ်းက ခေါင်းဆောင်တစ်ယောက်ကို သတ်ဖို့ ငှားခံရတဲ့အခါ ...ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Marie ပါ။)File Size          : 2.5GB, 991MB, 489MB Quality            : 1080p WEB-DL AC3 5.1CH, ...
movie

The Violence Action (2022)

2022
The Top Secret: Murder in Mind (2016) 5.4
The Top Secret: Murder in Mind (2016) Top secret murder in mindတိုကျိုမြို့တော်ရဲဌာနရဲ့ လက်အောက်မှာ နည်းပညာသစ်ကိုအသုံးပြုပြီး ဆန်းသစ်တဲ့နည်းလမ်းနဲ့ အမှုလိုက်နေတဲ့ "ဌာန၉"ဆိုတာ ရှိပါတယ်။ ဌာန၉က စမ်းသပ်ဆဲဌာနတစ်ခုဖြစ်ပြီး တရားဝင်ဌာနအဖြစ် အသိအမှတ်ပြုမခံရသေးပါဘူး။သူတို့ရဲ့အဓိကအလုပ်ကတော့ သေဒဏ်ကျခံရပြီး သေသွားတဲ့အပြစ်သားရဲ့ဦးနှောက်ကို လူတစ်ယောက်နဲ့ချိတ်ဆက်ကာ scanဖတ်ပြီး မှတ်ဉာဏ်ဟောင်းတွေကို ကြည့်ရှုတာပါ။ ဒီလိုကြည့်ပြီးတော့ ဒီအမှုမှာဘာတွေဖြစ်ခဲ့လဲ တရားခံဟာ ဘယ်လိုနည်းလမ်းတွေသုံးခဲ့လဲဆိုတာကို စမ်းသပ်စစ်ဆေးနေတဲ့ဌာနပါ။ ဒါမှ တရားခံနဲ့ဆက်စပ်ပြီး နောက်ထပ်ပေါ်လာနိုင်တဲ့ပြစ်မှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ဆုယုဂုချိလို့ခေါ်တဲ့သိပ္ပံပညာရှင်က သူ့မိန်းမ၊ယောက္ခမနဲ့ သမီး၂ယောက်ကို ရက်စက်စွာသတ်ခဲ့တာကြောင့် သေဒဏ်ကျခံခဲ့ရပါတယ်။ သူ့ရဲ့ဦးနှောက်ကို ဌာန၉က လွှဲပြောင်းယူပြီး စစ်ဆေးလိုက်တဲ့အခါ တကယ့်လူသတ်သမားက သူမဟုတ်မှန်း သိလာရပါတယ်။ ဆုယုဂုချိရဲ့ သမီးအကြီးကလည်း တကယ်မသေဘဲ ပျောက်ဆုံးနေပါတယ်။ သမီးကြီးဖြစ်သူက ခိုင်နုမလို့ခေါ်တဲ့ သိပ်ကြောက်စရာကောင်းတဲ့ စိတ္တဇလူတစ်ယောက်နဲ့ပါ ပတ်သက်မှုရှိနေတဲ့အခါတကယ့်လူသတ်သမားအစစ်ကို မှတ်ဉာဏ်တွေထဲကနေ အတိတ်ကအမှုကို လျှို့ဝှက်စွာ ပြန်လည်စစ်ဆေးဖော်ထုတ်ကြမဲ့ စုံထောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin ...
movie

The Top Secret: Murder in Mind (2016)

Run Lola Run (1998) 7.7
Run Lola Run (1998) Run Lola Run (1998)IMDb - 7.7/10 နဲ့ Rotten Tomatoes - 93% ရထားတဲ့ ဂျာမန်ကားလေးပါ။ ဒီကားဟာ ထွက်ထွက်ချင်းတုန်းက ဂျာမနီမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့အပြင် ဂျာမန်ရုပ်ရှင်ခေတ်သစ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဥရောပကားလည်းဖြစ် Experimental နည်းနည်းပါတာကြောင့် အသွားနှေးပြီး နားမလည်နိုင်စရာတွေ ကြည့်ရတော့မယ်လို့ ထင်လိုက်မိမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ရုပ်ရှင်နာမည်အတိုင်းပဲ ရှင်းပါတယ်၊ လိုလာဆိုတဲ့ မိန်းကလေး အသားကုန်ပြေးနေတာကို တစ်ကားလုံးနီးပါး တွေ့မြင်ရမှာပါ...။ ဒါပေမယ့် လိုလာလေး ဘာကြောင့်ပြေးရတာလဲ ဘယ်နှကြော့ပြန် ပြေးရမှာလဲ ဘယ်လိုလူတွေကို ဆုံတွေ့ခဲ့ပြီး ဘယ်လိုအကြောင်းအရာတွေကို တူးဆွမိခဲ့မှာလဲ...။ တစ်ကြိမ်ကြည့်ရင် တစ်ကြိမ်ဆိုသလို မတူတာတစ်ခုကို တွေ့နိုင်မှာပါ။ တစ်ကြိမ်ပဲကြည့်မယ်ဆိုရင်လည်း စိတ်လှုပ်ရှားမှု အပြည့်ရနိုင်မှာပါ။ဆုတွေ တစ်သီကြီးရထားတဲ့ ဒီကားနဲ့ပတ်သက်ရင် ပြောချင်တာတွေ အများကြီးရှိပေမယ့် မပြောဘဲထားတာဟာလည်း ကြည့်ဖြစ်ဖို့ အကြောင်းအရင်းတစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အခုပဲ လိုလာလေးကို ...
movie

Run Lola Run (1998)

1998
The Wonder (2022) 6.7
The Wonder (2022) The Wonder(2022) =============== IMDb Rating - 6.7/10ဒီတစ်ခါမှာတော့ Little Women ထဲကမင်းသမီး Florence Pugh ပါဝင်ထားတဲ့ The Wonder ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အချိန်ကတော့ ၁၈၆၂ခုနှစ်ကာလကို အခြေတည်ထားပါတယ်။ မစ္စစ်ရွိုက် ဆိုတဲ့ အင်္ဂလန်က ကျွမ်းကျင်သူနာပြုတစ်ယောက်ဟာ အိုင်ယာလန်ရွာငယ် လေးတစ်ရွာကို အလုပ်ကိစ္စနဲ့လာခဲ့ပါတယ်။ဟ...သူနာပြုပဲ အလုပ်ကိစ္စပါဆိုနေမှ ဆေးကုဖို့ပေါ့လို့ထင်ရင်တော့ နည်းနည်းလွဲပါတယ်။ တကယ်က ကောင်မလေးတစ်ယောက်ကို စောင့်ကြည့် ပေးဖို့ ရွာကကော်မတီဝင်‌တွေက ခေါ်တာပါ။  အဲ့ကောင်မလေးက အစာမစားဘဲ အသက်ရှင်နေနိုင်ပါတယ်။ ဆိုတော့ ရွာမှာ သူ့ကိုလာကြည့်တဲ့လူတွေကြောင့် ရွာလူကြီးတွေက စိတ်ရှုပ်ရလို့ ကျွမ်းကျင်သူနာပြုဖြစ်တဲ့ မစ္စစ်ရွိုက်ရယ်နဲ့ ဝါရင့် သီလရှင်တစ်ပါးရယ်ကိုခေါပြီး ကောင်မလေးကို စောင့်ကြည့်ခိုင်းတာပါ။ စောင့်ကြည့်ကာလကတော့ နှစ်ပတ်ပါ။မစ္စစ်ရွိုက်တစ်ယောက် နှစ်ပတ်အတွင်း ကောင်မလေးကိုစောင့်ကြည့်ရင်း ဘာတွေကြုံတွေ့ရမလဲ။ ကောင်မလေးကရော တကယ်အစာမစားတာ ဟုတ်ရဲ့ လား။ တကယ်မစားဘူးဆိုရင် သူဘယ်လိုအသက်ရှင်နေနိုင်တာလဲ။ နောက်ဆုံး ရွာကော်မတီဝင်တွေက ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.95 ...
movie

The Wonder (2022)

2022
Lamborghini: The Man Behind the Legend (2022) 5.3
Lamborghini: The Man Behind the Legend (2022) Lamborghini: The Man Behind the Legend (2022) ===================================2019 တုန်းက Ford vs Ferrari ရုပ်ရှင်ထွက်လာပြီးတဲ့ နောက် မှာတော့ အခု Lamborghini ထပ်မံထွက်ရှိလာပါပြီမို့ တင်ဆက် ပေးလိုက်ပါပြီ။ လန်ဘိုဂီနီဆိုပြီးဖြစ်အောင် ပြုလုပ်ခဲ့တဲ့ ဖရူချို လန်ဘိုဂီနီဟာဆိုရင် ၁၉၁၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ စစ်ထဲလိုက်ခဲ့ပြီး စက်ပြင်ပညာကိုသင်ယူခဲ့ရပါတယ်။ ဖရူချိုဟာ မိရိုးဖလာအလုပ်ဖြစ်တဲ့ စိုက်ပျိုးရေးကို မလုပ်ကိုင်လိုပဲ ထွန်စက်တွေကို ထုတ်လုပ်ချင်ခဲ့တာပါ။ဒီလိုနဲ့ သူငယ်ချင်းဖြစ်သူ မက်သယ်အိုနဲ့ ကြိုးစားကြရင်း အခက်အခဲတွေ ကြားထဲမှ ထွန်စက်ထုတ်လုပ်တဲ့ လုပ်ငန်းကို ၁၉၄၈ ခုနှစ်မှာ စတင်နိုင်ခဲ့ပါတယ်။ သူထုတ်နိုင်ခဲ့တာက တစ်ခြားထွန်စက်တွေထက်စွမ်းရည်နှစ်ဆသာပြီး ဈေးပိုသက်သာတဲ့ထွန်စက်ပါ၊ နာမည်ကလည်း လန်ဘိုဂီနီဆိုတဲ့နာမည်နဲ့ပါ။ပထမဆုံးထွန်စက်ပေါ်မှာတပ်ဆင်မယ့် လန်ဘိုဂီနီဆိုတဲ့ တံဆိပ်ပြားလေးရဖို့ အတွက် သူပေးဆပ်လိုက်ရတာကလည်း တန်ဖိုးကြီးပါတယ်။ ဖရူချိုဟာ ထွန်စက်တွေ၊ လေအေးပေးစက်တွေ၊ အပူပေးစက်တွေ ထုတ်လုပ်တဲ့လောကမှာ ကျင်လည်ရင်း ဖယ်ရာရီကားတွေတစ်စီးပြီးတစ်စီး သူဝယ်စီးထားနိုင်ခဲ့သလို၊ ကမ္ဘာကျော် လန်ဘိုဂီနီကားတွေထွက်လာဖို့ဆိုတာကလည်း ဖယ်ရာရီကား ကုမ္ပဏီကြောင့်ဆိုရင်မမှားပါဘူး၊ ဘာကြောင့်လဲဆိုတာတော့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းထဲမှာပဲ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin နဲ့ ...
movie

Lamborghini: The Man Behind the Legend (2022)

2022
Yin and Yang Painted Skin ( 2022 ) 6
Yin and Yang Painted Skin ( 2022 ) “လူသားလုလင်ပျိုနဲ့ မြွေမိစ္ဆာမလေးတို့ရဲ့ အချစ်အမုန်း အားပြိုင်မှုလေးတစ်ခု” သက်ရှိတွေအားလုံးကို ဆွဲဆောင်ညှို့ယူထားတဲ့ မြွေမိစ္ဆာမလေး လီချင်းတစ်ယောက် တောင်ပေါ်ကို ဆေးပင်လာခူးတဲ့ ဇနီးမယားရှိပြီးထားသူ ဝမ်ရှန်းကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါမှာတော့ ဇနီးမယားရှိတာကို အာရုံမထားပဲ ဝမ်ရှန်းကို ရယူသိမ်းပိုက်ဖို့ ပြင်ဆင်လာခဲ့ပါတော့တယ်ဝမ်ရှန်းရဲ့ အိမ်တော်ကို နည်းမျိုးစုံနဲ့ဝင်ရောက်ခဲ့ပြီး ဝမ်ရှန်းရဲ့ ဇနီးဖြစ်သူ ရွှီဖန့်နဲ့ လူအရေခွံလဲလှယ်ဖို့ ကြံစည်ခဲ့ပါတယ် လီချင်းရဲ့ အဘွားဖြစ်သူဟာ သူမကို ယောကျာ်းတွေရဲ့ ဝိဉာဥ်စွမ်းအား စုဆောင်းခိုင်းပေမဲ့လဲ အဘွားဖြစ်သူရဲ့ ဆန္ဒကို အတိုက်အခံလုပ်ကာ ဝမ်ရှန်းကို ရဖို့ အခေါက်ခေါက်အခါခါ စွန့်စားခဲ့ပါတယ် တစ်နေ့မှာ ဝမ်ရှန်းတစ်ယောက် လီချင်းသူ့ကို မောင်ပိုင်စီးဖို့ကြိူးစားနေတဲ့ အကြောင်း သိရှိသွားတဲ့အချိန်မှာတော့ -❐ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေက ရှေ့ဆက်သွားလို့ရနိုင်ပါ့မလား ? ❐ မမျှော်လင့်ထားတဲ့ ဘယ်လို အတားအဆီးမျိုးတွေကိုရော ကြုံတွေ့ရဦးမှာလဲ ? ❐ လူသားနဲ့ မိစ္ဆာကြားက အချစ် အမုန်း အားပြိုင်မှုတွေကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ ဒီဇာတ်ကားလေးကို လက်မလွှတ်တမ်းကြည့်ရှုပေးပါဦးနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , ...
movie

Yin and Yang Painted Skin ( 2022 )

Coffin Mountain Ancient Tomb ( 2022 ) 6.3
Coffin Mountain Ancient Tomb ( 2022 ) ဂူသင်္ချိုင်းဖောက်တာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင် ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ -“ဂူသင်္ချိုင်းတည်ထားတဲ့ တောင်ပေါ်မှာရှိတဲ့ မိန်းကလေးမာဆိုသူရဲ့ ခေါင်းတလား ဒဏ္ဍာရီဟာ နေရာစုံကို ပြန့်နှံ့လို့နေခဲ့ပါတယ် ဒဏ္ဍာရီရဲ့ပြောကြားချက်တွေအရ ကျောက်စိမ်းခေါင်းအုံးရှိရင် ခေါင်းတလားကိုဖွင့်နိုင်မှာပဲဖြစ်ပါတယ် ခေါင်းတလားအတွင်းမှာ မသေခြင်းနည်းပညာသာမက ရတနာပေါင်းများစွာရှိနေတယ်ဆိုတဲ့အကြောင်းကြောင့် လူတွေဟာ အသက်ကို မဓာနမထားပဲ လောဘကိုပဲ ရှေ့တန်းတင်လာခဲ့ကြပါတော့တယ် အဲဒီအထဲမှာမှ ရိုင်းစိုင်းလှတဲ့ ပြည်နယ်တပ်နဲ့ ဗိုလ်မှုးချုပ်က အပါအဝင်ပါပဲ အခြေအနေတွေက မတည်ငြိမ် ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ သခင်ကြီးကျန်းစန်းနဲ့ သူ့ရဲ့ တပည့်ဂိုဏ်းသားတွေက အမှန်တရားကို ရှာဖွေခဲ့ကြပါတော့တယ်ဂိုဏ်းရဲ့လျို့ဝှက်နည်းလမ်းတွေကို သုံးပြီး တည်နေရာကိုရှာဖွေကာ ရှေးခေတ်ခေါင်းတလားကို ဖွင့်ကာနီးမှာတော့ ပြည်နယ်စစ်တပ်ရဲ့ ဟန့်တားမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး သူတို့ရဲ့လုပ်ငန်းစဥ်တွေက ထင်သလောက်ခရီးမရောက်ခဲ့ပါဘူး အဲဒီအချိန်မှာပဲ - ”❐ အတားအဆီးမဲ့ဖြစ်နေတဲ့ ရှေးဟောင်းဂူသင်္ချိုင်းတွေ ! ❐ လူတွေကို ထင်ရောင်ထင်မှားဖြစ်စေတဲ့နည်းပညာတွေ ! ❐ ဂူသင်္ချိုင်းအတွင်းက သွေးဆာနေတဲ့ ပင့်ကူတွေ ! ❐ ထူးဆန်းခြောက်ခြားလှတဲ့ အဖြစ်ပျက်တွေ အစရှိတဲ့ အရာတွေကနေပြီးတော့ သခင်ကြီးကျန်းစန်းနဲ့ သူ့ရဲ့တပည့်တွေ လွတ်မြောက်ဖို့ ကြိုးစားကြရင်း -❐ ဒီထူးဆန်းတဲ့ကိစ္စရဲ့နောက်ကွယ်က ဘယ်သူမှမသိကြတဲ့ လျှို့ဝှက်ချက်ကို သူတို့တွေရှာဖွေတွေ့နိုင်ပါ့မလား ? ❐ ...
movie

Coffin Mountain Ancient Tomb ( 2022 )

Blade of the 47 Ronin (2022)
Blade of the 47 Ronin (2022) The Blade of the 47 Ronin (2022)ဒီကားလေးကတော့ ဆာမူရိုင်းတွေ၊ နင်ဂျာတွေကို သဘောကျတဲ့သူတွေအတွက် ကြည့်ကောင်းမယ့်ကားလေး တစ်ကားပါ။ ရှေးခေတ်က ဆာမူရိုင်းတွေကို ဒီဘက်ခေတ်အနေအထားနဲ့ ယှဉ်ရိုက်ပြထားတာ ဖြစ်ပြီးတော့ မင်းသားကြီး Keanu Reeves ရဲ့ နာမည်ကျော် (47) Ronin ရဲ့ spin-off ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ သဘောတရားကတော့ ယူရေဆိုတဲ့ စုန်းမျိုးနွယ် တစ်ယောက်ဟာ ရိုနင်(၄၇)ယောက်ရဲ့ မျိုးဆက်ကို ဖြတ်ပစ်ပြီး ဆာမူရိုင်းတွေ အားလုံးကို ရှင်းပစ်ချင်နေသူပါ။ ယူရေကိုတားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ရိုနင်(၄၇)ယောက်ရဲ့ နောက်ဆုံးမျိုးဆက်ဟာ ထန်ဂူဓားကို ကိုင်ဆွဲပြီး ယူရေကို သုတ်သင်ဖို့ပဲ ဖြစ်ပါတယ်။ ထန်ဂူဓားဆိုတာတော့ အင်မတန်စွမ်းအားကြီးတဲ့ ဓားဖြစ်ပြီး စုန်းဓားနဲ့ စစ်သည်တော်ဓားနှစ်လက်ကို ပေါင်းစည်းမှသာ ရလာနိုင်မယ့် ဓားပါ။ ဒီတော့ ဆာမူရိုင်းတွေ အနေနဲ့ ရိုနင်(၄၇)ယောက်ရဲ့ နောက်ဆုံးမျိုးဆက်ကို ရှာတွေ့နိုင်ပါ့မလား၊ စုန်းဓားနဲ့ စစ်သည်တော်ဓားနှစ်လက်ကိုရော ယူရေထက်အရင် ရှာတွေ့ပါ့မလား စုန်းမျိုးနွယ် ယူရေကိုရော ...
movie

Blade of the 47 Ronin (2022)

2022
The Friendship Game (2022)
The Friendship Game (2022) မြို့ငယ်လေးတစ်ခုက အထက်တန်းပြီးခါစ ဆယ်ကျော်သက်သူငယ်ချင်းလေးယောက်ဟာ Friendship game လို့ခေါ်တဲ့ ထူးဆန်းတဲ့အရာဝထ္ထုတစ်ခုကို ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာ သူတို့ရဲ့ခင်မင်မှုသံယောဇဉ်တွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ စမ်းသပ်ခံရပါတော့တယ်။ ဂိမ်းရဲ့စည်းမျဉ်းအရ အတွင်းစိတ်ထဲက အနက်ရှိုင်းဆုံးဆန္ဒတွေကို အချင်းချင်းပြောပြပြီးတဲ့အခါ သူတို့ရဲ့ခင်မင်မှုကို စမ်းသပ်တဲ့ဖြစ်ရပ်တွေဟာ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာခဲ့တော့တယ်။ ခင်မင်မှုပျက်ပြားခဲ့ရင် လူကိုယ်တိုင်သေဆုံးလိမ့်မယ်ဆိုတဲ့ အဲဒီဂိမ်းကိုကစားခဲ့တဲ့ သူငယ်ချင်းတစ်သိုက် ထိန့်လန့်ခြောက်ခြားဖွယ်ရာအဖြစ်အပျက်တွေကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။File size…(1.49GB)  / (725MB) / (354MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie

The Friendship Game (2022)

Slumberland (2022) 6.6
Slumberland (2022) Slumberland (2022)Jason Momoa ကြီးပါဝင်တဲ့ Slumberland ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။နီမိုဆိုတဲ့ ကလေးမလေးဟာ ကျွန်းတစ်ကျွန်းပေါ်က မီးပြတိုက်မှာ အဖေနဲ့အတူနေလာရင်း တစ်နေ့မှာ သူ့အဖေဆုံးပါးသွားခဲ့ပါတယ်။ ငယ်ငယ်တည်းက အမေဆုံးပါးခဲ့တာဖြစ်ပြီး အဖေပါမရှိတော့တဲ့ နီမိုဟာ တစ်ယောက်တည်းကျန်ခဲ့ကာ သူ့အဖေမသေခင်က ဆန္ဒအတိုင်း မြို့ကြီးပေါ်က သူ့ဦးလေးဆီမှာ သွားနေရပါတယ်။ဒါပေမဲ့ နီမိုဟာ သူ့ဘဝမှာ အဖေတစ်ယောက်တည်းပဲရှိခဲ့တာကြောင့် အိပ်မက်ထဲမှာ သူ့အဖေနဲ့ ပြန်တွေ့ချင်နေရှာပါတယ်။ ဒီအပြင့် သူ့အဖေထားခဲ့တဲ့ လျှို့ဝှက်မြေပုံတစ်ခုရှိပါသေးတယ်။ဒီမြေပုံဟာ အိပ်မောကျတိုင်းပြည်က ပုလဲတွေရှိရာကို ညွှန်ပြပေးတာဖြစ်ပြီး အဲဒီပုလဲရရှိသူဟာ လိုရာဆုတစ်ခုတောင်းရင် အိပ်မက်ကမ္ဘာထဲမှာ ဆန္ဒတွေပြည့်ဝနိုင်ပါတယ်။ ဒီတော့ နီမိုဟာ မြေပုံနဲ့အတူ သူ့အဖေသူငယ်ချင်း ဝရမ်းပြေးကြီးဖလစ်အကူအညီနဲ့ အိပ်မက်တစ်ခုကနေ တစ်ခုဆီ ခုန်ကူးရင်း ပုလဲကိုလိုက်ရှာတဲ့အခါ ...ကျန်တဲ့ နီမိုရဲ့ စွန့်စားခန်းနဲ့ အလွဲလေးတွေကိုတော့ ဇာတ်လမ်းလေးထဲ ခံစားကြည့်ရှုလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။)File Size      ...
movie

Slumberland (2022)

2022
Disenchanted (2022) 6.2
Disenchanted (2022) Disenchanted (2022)(1080p ရပါပြီ)2007 ခုနှစ်ရဲ့ Enchanted ရုပ်ရှင်အဆက်အနေနဲ့ Disenchanted ထွက်ပါပြီ။ ဒစ္စနေးရဲ့ ရုပ်ရှင်အသစ်လေးပါပဲ။ မှော်စိတ်ကူးယဉ်ဇာတ်လမ်းကို သီချင်းလှလှလေးတွေနဲ့ တန်ဆာဆင်ထားလို့ မိသားစုလိုက်ပျော်ပျော်ကြီးကြည့်လို့ရမှာပါ။ဇာတ်လမ်းအကျည်း ... ဂျစ်ဆဲလ်ဟာ အန်ဒလေးရှားတိုင်းပြည်ကနေ နယူးယောက်ကိုရောက်လာခဲ့ပြီး ရောဘတ်နဲ့မော်ဂန်တို့ သားအဖနဲ့တွေ့ဆုံခဲ့တာပါ။ဒီဇာတ်ကားမှာတော့ ရောဘတ်နဲ့ ဂျစ်ဆဲလ်တို့က ဆိုဖီယာဆိုတဲ့ သမီးလေးမွေးလာပြီး နယူးယောက်ကနေ မွန်ရိုဗီးဆိုတဲ့ ကျေးလက်မြို့လေးကို ပြောင်းရွှေ့လာခဲပါတယ်။ကျေးလက်မှာ အခက်အခဲတွေတွေ့ရပြီး မော်ဂန်နဲ့လည်း အဆင်မပြေဖြစ်လာတဲ့အခါ ပုံပြင်ကမ္ဘာထဲမှာ ကြီးပြင်းခဲ့တဲ့ ဂျစ်ဆဲလ်ဟာ အမြဲပျော်နေချင်တဲ့သူဖြစ်တာကြောင့် သူလက်ဆောင်ရတဲ့ ဆုတောင်းနှင်တံလေးကိုသုံးပြီး ပုံပြင်ဘဝမျိုးရပါစေလို့ဆုတောင်းလိုက်မိပါတယ်။ဒါပေမဲ့ ဆုတောင်းရင်သတိထားပါဆိုတဲ့ ဆိုရိုးအတိုင်း ပုံပြင်ကမ္ဘာဆိုတာ ပျော်စရာအပြင် ဗီလိန်တွေလည်း ပါလာတဲ့အတွက် အန္တရာယ်ကြီးတွေရင်ဆိုင်ရတဲ့အခါ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Mr.Anderson ပါ။)File Size          : 2.9GB, 1.1GB, 588MB Quality            ...
movie

Disenchanted (2022)

2022
No content available

Genres

Archives