Channel Myanmar

The Aura (2005)

CrimeDramaThriller

7.1
IMDB: 7.1/10 14000 votes

79167

Report error

The Aura (2005)
=============
IMDb Rating – 7.1/10

The Aura ဆိုတဲ့ psychologic ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
လက်တင်စကားနဲ့ ကားမလို့ ကြည့်နေကျ English ကားတွေနဲ့တော့ တူမှာမဟုတ်ပါ
ဘူး။ ဒါပေမဲ့ အာဂျင်တီးနားမှာတော့ ဆုတွေတသီကြီး ရထားတဲ့ ကားကောင်းတစ်ကား
ပါလို့ ပြောပါရစေ။ အာဂျင်တီးနားရဲ့ နာမည်ကြီး ဒါရိုက်တာဖြစ်တဲ့ Fabian Bielinsky
ကိုယ်တိုင် ဇာတ်ညွန်းရေး ကိုယ်တိုင်ရိုက်ကူးထားပြီး၊ Main Character အနေနဲ့
အာဂျင်တီးနား ရုပ်ရင်လောကရဲ့ GOAT တစ်ယောက်လို့ တင်စားရတဲ့ Ricardo Darin
ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ ဒါရိုက်တာ Fabian မကွယ်
လွန်ခင် ဖန်တီးခဲ့တဲ့ နောက်ဆုံးသော အနုပညာလက်ရာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ Darin ဟာ မွေးရာပါဝက်ရူးပြန်ရောဂါ ခံစားနေရသူ
တစ်ဦးဖြစ်ပြီး ထုံးစံအတိုင်း Psycho လည်းရှိတဲ့သူပေါ့။ ဒါပေမဲ့ သူ့မှာ တစ်ခုခုကိုတစ်ခါ
မြင်လိုက်ရုံနဲ့ မှတ်မိနိုင်တဲ့ မှတ်ဉာဏ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ တစ်ရက်သား
စိတ်အပန်းဖြေရအောင် သူငယ်ချင်းဖြစ်သူနဲ့ အမဲလိုက်ထွက်ဖို့လိုက်သွားရင်း သူငယ်ချင်း
နဲ့ စကားများပြီး တစ်ယောက်တည်းတောလည်ဖို့ဖြစ်လာတဲ့နောက်မှာ ရောဂါထဖောက်ပြီး
သမင်ကိုပစ်မယ့်အစား တောထဲကတခြားမုဆိုးကိုမတော်တဆပစ်မိပြီး လူသတ်မှုဖြစ်သွား
ပါတော့တယ်။ အဲတော့ သူသတ်လိုက်မိတဲ့သူကရောဘယ်သူဖြစ်မလဲ Darin တစ်ယောက်
ဘာတွေဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Thetti Tun ဖြစ်ပါတယ်)

File Size……….(968 MB)
Quality…………WEB-RIP 720p
Duration………2Hr 14Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Crime, Drama, Thriller
Translator……Thetti Tun
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Aura (2005)
The Aura (2005)
The Aura (2005)
The Aura (2005)


No downloads available

Genres



Related movies