Channel Myanmar

The Harder They Fall (2021)

DramaWestern

5.5
IMDB: 5.5/10 1954 votes

, ,

355135

Report error

The Harder They Fall (2021)

=====================

IMDb Rating – 5.5/10

ရုပ်ရှင် နာမည်ကတော့ the harder they fall ပါ။ အပြည့်အစုံဆိုရင်တော့ the bigger they are, the harder they fall ပေါ့။

အကောင်ကြီးလေလေ အကျနာလေလေ ဆိုတဲ့အဓိပ္ပါယ်ပါပဲ။ ပိုပိုင်ဆိုင်တဲ့သူတွေက ပိုပြီးဆုံးရှုံးတတ်တယ်လို့လည်း ပြောလို့ရပါတယ်။

ဒီရုပ်ရှင်ကတော့ ကောင်းဘွိုင်ဇာတ်လမ်းပါပဲ။ ဒါကိုမှ လူမည်းတွေအများစုနဲ့ အဓိက ရိုက်ကူးထားပါတယ်။ ဖြစ်ရပ်မှန်မဟုတ်ပေမဲ့

သူတို့တကယ်ရှိခဲ့ကြပါတယ်လို့ ဇာတ်လမ်းအစမှာ စာတန်းထိုးထားခဲ့ပါတယ်။

ကောင်းဘွိုင်ရုပ်ရှင်အများစုဟာ လူဖြူကြီးစိုးတာကြောင့် လူမည်းတွေချည်းပဲ တမင်ရိုက်ကူးခဲ့ပုံပါပဲ။ ဒါပေမဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်ပါပဲ။

ဒီရုပ်ရှင်က ဂန္ဓဝင်တော့မဟုတ်ပေမဲ့ ဖျော်ဖြေရေးအနေနဲ့တော့ တာဝန်ကျေပါတယ်။ ပစ်ခတ်ခန်းတွေလှတယ် ကြမ်းတမ်းတယ်။

ဇာတ်လမ်းကတော့ သိပ်မထူးခြားလှပါဘူး။ သရုပ်ဆောင်တွေကတော့ ဆရာကြီးတွေ ခေါ်သုံးထားတာပါ။ Idris Alba, Regina King

တို့လို နာမည်ကျော်တွေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူးဖက်ဘက် ဆိုတဲ့ နာမည်ကျော်လူဆိုးကြီးသတ်ခဲ့တဲ့

လူတွေထဲက လင်မယားနှစ်ယောက်ရဲ့ သားလေး နသန်နီရယ် လက်ဗ် က သူ့ကိုလက်စားချေဖို့ ကြိုးစားတဲ့ဇာတ်လမ်းပါပဲ။ နသန်နီရယ်

မှာလည်း ကိုယ်ပိုင်အဖွဲ့ရှိပြီး ရူးဖက်စ်မှာလည်း ကိုယ်ပိုင်အဖွဲ့ရှိတယ်။ နှစ်ဖွဲ့လုံးမှာ ဖိုက်တာကြီးတွေပါတယ်။ အားပြိုင်ကြ

အပြန်အလှန်သတ်ကြတယ်ပေါ့။ ကောင်းဘွိုင်ကားတွေနဲ့ အက်ရှင်ကားတွေ ကြိုက်သူတွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။)

 

Quality – 1080p, 720p, 360p WebRip

Duration – 2hrs 10min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Drama, Western

Source : 1080p.WebRip

Translator – Mr.Anderson

Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Harder They Fall (2021)
The Harder They Fall (2021)
The Harder They Fall (2021)
The Harder They Fall (2021)
The Harder They Fall (2021)


No downloads available

Genres



Related movies