Channel Myanmar
Blu-Ray 720p Toilet – Ek Prem Katha (2017)
Report error

Toilet – Ek Prem Katha (2017)

Toilet - Ek Prem Katha    

155 min BollywoodComedyDrama

7.6
IMDB: 7.6/10 7,495 votes

, , , , , , ,

India

9783

Report error

mmbusticket

“Toilet”လို့​ပြောလိုက်​တာနဲ့ပရိသတ်​ကြီးပိုပြီးစိတ်​ဝင်​စားလာသလိုနည်းနည်းလည်း​ကြောင်​သွားမယ်​ထင်​တယ်​ဗျ

မြန်​မာလိုအဓိပ္ပာယ်​ပြန်​ရရင်​​တော့သန့်​စင်​ခန်း (သို့)​ရေအိမ်​​ပေါ့ဗျာအရပ်​အ​ခေါ်​တော့”အိမ်​သာ”​ပေါ့

ဇာတ်​ကားနာမည်​ထက်​ပိုအံ့သြဖို့​ကောင်းတာက အိန္ဒိယနိုင်​ငံမှာသန့်​စင်​ခန်းတစ်​ခု​ကြောင့်​အစိုးရအထိဂယက်​ရိုက်​ခဲ့ရတယ်​ဆိုတာပါပဲ

ဇာတ်​လမ်းအကျဉ်းက​တော့ မန်​ဂါဝန်​ဆိုတဲ့ရွာတစ်​ရှာမှာ ဓ​လေ့တစ်​ခုရှိပါတယ်

အဲ့ဒါကဘာလဲဆို​တော့ မနက်​အ​စောအာရုဏ်​မတက်​ခင်​ အမျိုးသမီး​တွေစုပြီးလိုတာပါတီလို့​ခေါ်တဲ့​ရွာနဲ့ခပ်​လှမ်းလှမ်းကို​ရေအိမ်​စု​ဝေးသွားကြတဲ့ဓ​လေ့ပါ

အမျိုးသား​တွေက​တော့ကြုံရာကျပန်း​ပေါ့ဗျာ

သူတို့ရဲ့အယူသည်းတဲ့ယဉ်​​ကျေးမှုရအိမ်​တိုင်းမှာသန့်​စင်​ခန်းဆိုတာမရှိကြပါဘူး

သန့်​စင်​ခန်း​တွေကိုအိမ်​ထဲမှာ​ဆောက်​ရင်​ နိမိတ်​မရှိဘူး ညစ်​ပတ်​တယ်​ ရွံစရာ​ကောင်းတယ်​စသဖြင့်​အယူအစွဲ​တွေနဲ့သမုတ်​ထားကြတာပါ

ရွာထဲက Akshay Kumar (Kesav)က​​တော့စက်​ဘီး​ရောင်းတဲ့သူပါ

တ​စ်​​နေ့စက်​ဘီးမှာတာသွားပို့ရင်း Jaya လို့​ခေါ်တဲ့BCA​ကျောင်းသူ(ကွန်​ပြူတာ​ကောလိပ်​​ကျောင်းသူ)​လေးတစ်​​ယောက်​နဲ့ဆုံခဲ့ပါတယ်

ဒီမိန်းက​လေးနဲ့​တွေ့မှသူ့ရဲ့နှလုံးသားဟာပြန်​အသက်​ဝင်​လာခဲ့ပါတယ်

သူဘာလို့ အသက်​၃၆နှစ်​ထိမိန်းမမရတာလဲဆိုတာ​တော့စိတ်​ဝင်​စားစရာတစ်​ပိုင်း​ပေါ့ဗျာ

ဒီလိုနဲ့အသက်​ကြီး​ပေမယ့်​မပျက်​စီး​သေးတဲ့သူ့ရဲ့အချစ်​​တွေကနှလုံးသားက​နေတစ်​ဆင့်​ပါးစပ်​ဖျား​က​တော်​ကီ​တွေအဖြစ်​ရောက်​လာလို့​​နောက်​ဆုံး​​ကောင်​မ​လေးနဲ့ညားသွားပါတယ်(​ တကယ်​​တော့ချစ်​တတ်​ဖို့ပဲလိုတာပါ​ဗျာ…..ငိငိ )

မင်္ဂလာ​ဦးညမှာတင်​အခက်​​တွေ့​တာတစ်​ခုက အ​စောကကျွန်​​တော်​​ပြောခဲ့တဲ့လိုတာပါတီပဲ​ကောင်​မ​လေးက ကီရှက်​ဖ်​နဲ့အိမ်​မှာ သန့်​စင်​ခန်းမရှိတာမသိဘူးဗျ

လူကလည်းပညာတတ်​/ အယူမသည်းတဲ့သူ /ဒီလိုအပြင်​ထွက်​ပြီးကိစ္စဝိစ္စရှင်းရ​တော့မယ်​ဆို​တော့သူလည်း ပျားတုတ်​​တော့တာပဲ

ဒီလိုနဲ့အချစ်​​တွေပြည့်​​ဝနေတဲ့သူတို့ရဲ့အိမ်​​ထောင်​​ရေးက သန့်​စင်​ခန်းဆိုတဲ့ဗီလိန်​​ကြောင့်​အချိန်​ကြာလာ​တော့လည်းမ​ကျေနပ်​စရာ​တွေဖြစ်​လာတာ​ပေါ့

အေ​ရး​ပေါ်အစီအစဉ်​​တွေနဲ့ ​ဖြေရှင်းခဲ့​ပေမယ့်​လည်းအဆင်​မ​ပြေခဲ့ပါဘူး

နောက်​ပိုင်း သူတို့လင်​မယားကွဲရမယ့်​အ​ခြေအ​နေအထိဖြစ်​သွားခဲ့ပါတယ်

ဒီသန့်​စင်​ခန်းမရှိတာနဲ့ပတ်​သတ်​ပြီး လင်​မယားကွဲရတယ်​လို့​ပြောရင်​ဘယ်​သူယုံမှာလဲဗျာ

သန့်​စင်​ခန်းမရှိတာများ​ဆောက်​လိုက်​​ပေါ့လို့​​ဖြေကြမှာပါ

ဒီဇာတ်​ကားလေးကြည့်​လိုက်​ရင်​​တော့ယုံသွားမှာအ​သေအချာပါပဲ

ဒါ​ပေမယ့်​အဲ့ဒီသန့်​စင်​ခန်း​လေးတစ်​ခု​ဆောက်​ရဖို့အ​ရေးတစ်​ဖက်​ကလည်း မိန်းမ တဖက်​ကလည်း​ရှေးရိုးစွဲ​နေတဲ့ရွာခံ​တွေနဲ့ကီရှက်​ဖ်​ရဲ့အ​ဖေ ဒီကိစ္စ​တွေကြားမှာတိုင်​ပတ်​သွားတာက ကီရှက်​ဖ်​နဲ့ဂျာရာ​ပေါ့သူတို့၂​ယောက်​​ပေါင်းပြီးဒီလိုမှားယွင်းနဲ့အယူအဆ​ရှေးရိုးအစဉ်​အလာ​တွေကိုဘယ်​လိုအတူရင်​ဆိုင်​​ဖြေရှင်းကြမလဲဆိုတာက​တော့……………….,

ပညာ​ပေးဇာတ်​ကားဖြစ်​သလို ဟာသ/ အချစ်​/ အလွမ်း​တွေပြည့်​နှက်​​နေတဲ့ဇာတ်​ကား​ကောင်း​လေးတစ်​ကားပါ

(ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)

 

File Size : (1.3 GB) and (560 MB)
Quality : Blu-Ray 720p
Running Time : 2hr 35min
Format : Mp4
Genre :Comedy, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Pyae Xeinn Sett
Encoded by Thanhtike Zaw

Toilet – Ek Prem Katha (2017)
Toilet – Ek Prem Katha (2017)
Toilet – Ek Prem Katha (2017)
Toilet – Ek Prem Katha (2017)
Toilet – Ek Prem Katha (2017)
Toilet – Ek Prem Katha (2017)


No downloads available


Related movies

Like Us!