Channel Myanmar

Content at random


TV Series

The Autumn Ballad
The Autumn Ballad The Autumn Balladဒီတစ်ခါ CMကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကားလေးကတော့နန်းတွင်းဇာတ်ကားလေးဖြစ်တဲ့ The Autumn Ballad ပဲဖြစ်ပါတယ်ဒီကားလေးမှာတော့လက်ရှိ CM မှာပြသနေတဲ့ Dream Garden ထဲကမင်းသမီးချောလေး Qiao Xin က (ချိုးယန်း)အဖြစ် Novoland:castle in the sky 2 ထဲကမင်းသားချော Xu Zheng Xi က (လျန်ရိ)အဖြစ်အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ချိုးမိသားစုရဲ့အချစ်မခံရတဲ့ချိုးယန်းမမလေးကတစ်နေ့မှာဖိအားပေးလက်ထပ်ခြင်းခံခဲ့ရတယ်ကံမကောင်းစွာနဲ့မင်္ဂလာဆောင်တဲ့နေ့မှာပဲ သတို့သားလောင်းဟာ သေသွားခဲ့ပြီးချိုးယန်းဟာလည်း အခန်းထဲမှာပိတ်လှောင်ထားခံခဲ့ရပါတယ်ချိုးယန်းကသူမရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ဇွဲလုံ့လဝိရိယကိုသုံးပြီးပိတ်လှောင်ထားရာကနေလွတ်မြောက်အောင်ကြံဆောင်နိုင်ခဲ့ပါတယ်ဒါပေမယ့်လည်း အဲ့ကိစ္စကမပြီးသေးဘဲ တစ်စတစ်စပိုပိုရူပ်ထွေးတဲ့အမှုဖြစ်လာပါ‌တော့တယ်အဲ့အမှုကိုစုံစမ်းရင်းအခက်အခဲတွေကြုံတွေ့လာတဲ့အချိန်မှာအေးတိအေးစက်နိုင်တဲ့ ဦးရီတော်လျန်ရိနဲ့ရင်းနှီးကျွမ်းဝင်ခဲ့ပါ‌တော့တယ်လက်ရုံးရည်ရောနှလုံးရည်နဲ့ပါပြည့်စုံတဲ့ လျန်ရိနဲ့ဉာဏ်ရည်ထက်မြက်တဲ့ချိုးယန်းတို့နှစ်ယောက်အပြန်အလှန်ဖေးမကူညီပေးရင်းအမှုတွေ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီရင်းအချိန်တွေကြာလာတာနဲ့အမျှလျန်ရိနဲ့ချိုးယန်းတို့ရဲ့ချစ်ခြင်းမေတ္တာတွေဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့CMကနေ မကြာခင်မှာတင်ဆက်ပေးတော့မယ့် The Autumn Ballad ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~    Episode 1 Yoteshin / MegaUp / Usersdrive /  VIP   Episode 2 Yoteshin / MegaUp / Usersdrive /  VIP   Episode ...

The Autumn Ballad

2022
Rudra: The Edge Of Darkness (2022) Complete 8
Rudra: The Edge Of Darkness (2022) Complete Rudra:The edge of darkness(2022)ဒီဇာတ်လမ်းတွဲကတော့ အင်္ဂလိပ်စီးရီးတစ်ခုဖြစ်တဲ့ Luther ကိုအန္ဒိယဇာတ်လမ်းတွဲအဖြစ်ပြန်လည်အသက်သွင်းထားတဲ့ Crime/Thriller စီးရီးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအစအဆုံးတစ်ထေရာထဲပြန်ရိုက်ထားတာတော့မဟုတ်ပေမယ့် Remake လို့ပြောထားတာကြောင့်ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကြောရိုးတချို့ကတော့ဆင်တူနေမှာပါ။ မူရင်း Luther စီးရီးကတော့ ၂၀၁၀ ခုနှစ်ထဲကစတင်ပြီးSeason(5) ခုထွက်ရှိထားပြီး အခုအိန္ဒိယဇာတ်လမ်းတွဲက တော့ Season(1) ကို အပိုင်း(6)ပိုင်းနဲ့ထွက်ရှိလာတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မွန်ဘိုင်းမြို့တောင်ပိုင်းက ရူဒရာဆိုတဲ့ရဲတစ်ယောက်ဟာသေနတ်လုံးဝမကိုင်တဲ့ရဲဆိုပြီးနာမည်ကျော်ပါတယ်။ ဟုတ်ပါတယ် သူဟာလူသတ်မှု၊ပြန်ပေးဆွဲမှု စတဲ့အမှုကြီးတွေကိုကိုင်တွယ်ရပေမယ့်လည်း သေနတ်ကိုလုံးဝမကိုင်ပဲMind game တွေကိုသာသုံးပြီးအမှုတွေကိုဖြေရှင်းလေ့ရှိတာပါ။ ဒီလိုအရည်အချင်းရှိတဲ့ရဲတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်ဘဝမှာတော့အမြဲအဆင်ပြေမနေခဲ့ပါဘူး။ကွဲခါနီးဖြစ်နေတဲ့အိမ်ထောင်ရေးတစ်ခု၊ ဖြေရှင်းစရာကျန်နေတဲ့အမှုတွေကြားမှာသူဘယ်လိုကျော်လွှားမလဲ။ အမှောင်လောကနဲ့ရင်ဆိုင်ရင်း ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကိုရောရူဒရာတစ်ယောက် ထိန်းချုပ်နိုင်ပါ့မလား။ အဲဒါတွေနဲ့အတူ စိတ္တဇဆန်ဆန်မှုခင်းတွေနဲ့ plot twist တွေmind game တွေကို ဝေဝေဆာဆာကြည့်ရှုရမယ့်စီးရီးတစ်ခုဖြစ်တဲ့အပြင် နဂိုအင်္ဂလိပ်ဇာတ်လမ်းရဲ့ကြောရိုးကိုအိန္ဒိယစတိုင်ပြန်ရိုက်ထားတာကလည်းကြည့်ရတာ အရသာတစ်မျိုးဖြစ်တာကြောင့် မှုခင်း/စုံထောက်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအနေနဲ့လက်လွှတ်မခံသင့်တဲ့စီးရီးတစ်ခုလို့ပဲညွှန်းလိုက်ပါရစေ။ File Size – 600MB @Episode / 300MB@EpisodeQuality – 1080p / 720pDuration – minute ...
8
TMDb: 8/10 1 votes
tv

Rudra: The Edge Of Darkness (2022) Complete

2022
Space Force(2020) 7
Space Force(2020) Space Force (2020)ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း(၁ မှ ၁၀ )ထိ စ/ဆုံး(zip file ဖြင့်လည်း ပြုလုပ်ပေးထားပါသည်...)Space Force ဆိုတာ အစတော့ လေတပ်ရဲ့တပ်ဖွဲ့ခွဲတစ်ခု။ Air Force Space Command လို့ခေါ်တယ်။ ၁၉၄၅ ကနေ ၁၉၈၂ ထိတော့ Military Space Program လို့ခေါ်ခဲ့ပေမယ့် ၁၉၈၂ မှာတော့ Air Force Space Program လို့ ပြောင်းလိုက်တာဖြစ်တယ်။အဲဒီအဖွဲ့ကို လေတပ်ရဲ့အာကာသဌာနခွဲအဖြစ်ကနေ လုံးဝခွဲထုတ်ပစ်လိုက်ပြီး သီးခြားတည်ရှိနေတဲ့ လွတ်လပ်သောဌာနကြီးအဖြစ် ၂၀၁၉ ဒီဇင်ဘာမှာပြောင်းလဲဖွဲ့စည်းခဲ့တယ်။ ဒီနှစ် ၂၀၂၀ မေလ ၁၅ရက်နေ့မှာတော့ US Space Force လို့ အမည်ရတဲ့ အမေရိကန်အာကာသတပ်ဖွဲ့ရဲ့ အလံကို ဒေါ်နယ်ထရန့်က တရားဝင်ထုတ်ပြန်ကြေညာလိုက်တယ်။Space X နဲ့ NASA ရဲ့ Crew Dragon ...
7
TMDb: 7/10 32 votes
tv

Space Force(2020)

2020
Space Force S02 (2022) 6.6
Space Force S02 (2022) Space Force (2020)ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း(၁ မှ ၇ )ထိ (အစ-အဆုံး)Space Force ဆိုတာ အစတော့ လေတပ်ရဲ့တပ်ဖွဲ့ခွဲတစ်ခု။ Air Force Space Command လို့ခေါ်တယ်။ ၁၉၄၅ ကနေ ၁၉၈၂ ထိတော့ Military Space Program လို့ခေါ်ခဲ့ပေမယ့် ၁၉၈၂ မှာတော့ Air Force Space Program လို့ ပြောင်းလိုက်တာဖြစ်တယ်။အဲဒီအဖွဲ့ကို လေတပ်ရဲ့အာကာသဌာနခွဲအဖြစ်ကနေ လုံးဝခွဲထုတ်ပစ်လိုက်ပြီး သီးခြားတည်ရှိနေတဲ့ လွတ်လပ်သောဌာနကြီးအဖြစ် ၂၀၁၉ ဒီဇင်ဘာမှာပြောင်းလဲဖွဲ့စည်းခဲ့တယ်။ ဒီနှစ် ၂၀၂၀ မေလ ၁၅ရက်နေ့မှာတော့ US Space Force လို့ အမည်ရတဲ့ အမေရိကန်အာကာသတပ်ဖွဲ့ရဲ့ အလံကို ဒေါ်နယ်ထရန့်က တရားဝင်ထုတ်ပြန်ကြေညာလိုက်တယ်။ Space X နဲ့ NASA ရဲ့ Crew Dragon Demo-2 မစ်ရှင်အကြောင်း အားလုံးလည်း သိကြမယ်ထင်ပါတယ်။ ...
6.6
TMDb: 6.6/10 330 votes
tv

Space Force S02 (2022)

2020
Damo ( 2003 ) 8
Damo ( 2003 ) ချယ်အို့ ဆိုတဲ့အမျိုးသမီးလေးဟာ ဂျိုဆွန်းခေတ် စစ်ဆေးရေးဌာနရဲ့ထက်မြတ်တဲ့ ဒါမိုတစ်ယောက်ပါ။ ဒါမိုတွေဟာ စစ်ဆေးရေးဌာနမှာလုပ်ကိုင်ရတဲ့အမျိုးသမီးစစ်ဆေးရေးမှူးတွေဖြစ်ပေမယ့် အဆင့်အတန်းကတော့လက်ဖက်ရည်ဆက်သရတဲ့အစေခံတွေနဲ့မခြားမနားပါပဲ။ချယ်အို့ရဲ့အထက်အရာရှိဖြစ်သူ ဟွမ်ဘိုယွန်းကတော့ ချယ်အို့ကိုငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့သူဖြစ်ပြီး မေတ္တာသက်ဝင်နေသူပါ။တိုင်းပြည်ကိုကမောက်ကမဖြစ်စေတဲ့ ဒုစရိုက်မှုတွေနဲ့ အထက်တန်းလွှာတွေရဲ့အုပ်စိုးမှုကို တော်လှန်ဖို့ကြိုးစားနေသူကတော့ ဂျောင်ဆောင်းဘဲ့ဆိုတဲ့သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ ဟွမ်ဘိုယွန်းရဲ့လက်အောက်ကနေ ဒုစရိုက်မှုတွေကို အမြစ်ပြတ်တွန်းလှန်ဖို့ကြိုးစားနေတဲ့ချယ်အို့တစ်ယောက် အမှုတွေကိုစုံစမ်းရင်းနဲ့ သူနဲ့ သူပုန်ခေါင်းဆောင်ဂျောင်ဆောင်းဘဲ့တို့အကြားဆက်နွယ်မှုတစ်ခုရှိနေတာသိလိုက်ရပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ Chae ok အဖြစ်သရုပ်ဆောင်ထားတဲ့Ha Ji Won တစ်ယောက် အနှိမ်ခံလူတန်းစားအနေနဲ့ဘယ်လိုရပ်တည်ချက်တွေနဲ့ အထက်တန်းလွှာတွေကို ဆန့်ကျင်မလဲ ?အထက်အရာရှိကိုမှ မြတ်နိုးမိနေတဲ့ သူ့အချစ်ရေးကရောကြည်နူးစရာဖြစ်လာမှာလား ကြေကွဲစရာဖြစ်လာမှာလား ?သူပုန်ခေါင်းဆောင်ဖြစ်နေတဲ့ အစ်ကိုဂျောင်ဆောင်းဘဲ့နဲ့ရောဘယ်လိုတွေ ရင်ဆိုင်သွားမလဲ ? ဆိုတာတွေကို Ha Ji wonရဲ့အမိုက်စားဓါးသိုင်းတွေနဲ့အတူ ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။တွဲဖက်သရုပ်ဆောင်တွေအနေနဲ့လည်း Yi San အဖြစ် ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ တစ်ခေတ်တစ်ခါက ပါးချိုင့်မင်းသားကြီးLee Seo Jinနဲ့ ဗီလိန်အနေနဲ့ ပရိသတ်တွေလူသိများကြတဲ့၏Jang Sung Baek တို့က ပါဝင်ထားတာမို့ ...
8
TMDb: 8/10 5 votes
tv

Damo ( 2003 )

2003
Secrets of Summer (2022) 8.5
Secrets of Summer (2022) Secrets of Summer (2022)====================IMDb Rating - 6.9/10"Secrets of Summer " နွေရာသီလျှို့ဝှက်ချက်များဆိုတဲ့ အမည်လေးအတိုင်း နွေရာသီအချိန်အခါကိုနောက်ခံထားရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။နွေရာသီ ဆိုတာက မိုးလေကင်းစင်ပြီးပူပြင်းခြောက်သွေ့တာက ဓမ္မတာပါပဲ။ ဒီလိုရာသီမျိုး ဆိုတာက ရေနဲ့ပတ်သက်တဲ့အားကစားသမားတွေအတွက်အကြိုက်ဆုံးရာသီတစ်ခု ပေါ့။ ဒီဇာတ်ကားလေးထဲမှာဆိုရင်လည်း Cielo Grandeလေးမှာ (၁၂)နှစ်ကြာမကျင်းပဖြစ်တဲ့ Summer Crush ဆိုတဲ့ ရေလှိုင်းစီးပြိုင်ပွဲလေးတစ်ခုကို နွေရာသီမှာကျင်းပဖို့ဟန်ပြင် နေကြတာပေါ။ ဒီပြိုင်ပွဲလေးနဲ့အတူ Sky Vibes ဆိုတဲ့ ကာရာအိုကေဘားလေးကိုပါ ပြန် အသက်သွင်းရင်း Cielo Grandeကိုအရင်ကလိုပြန်ဖြစ်အောင်ကြိုးစားနေကြတာပေါ့။ ဒီလိုပြန်အသက်သွင်းဖို့လုပ်နေတဲ့ Cielo Grande ဆိုတဲ့နေရာလေးဆီ ပရော်ဖက်ရှင်နယ် ရေလှိုင်းစီးသမားလေး Steffiကလည်း သူ့မိသားစုရဲ့လျှို့ဝှက်ချက်လေးကိုရှာဖွေဖို့ရောက် လာတော့ Cielo Grandeက အရင်လိုလှုပ်ရှားအသက်ဝင်လာမလား။ Steffiကလည်း သူရှာနေတဲ့အရာကိုတွေ့သွားမလားဆိုတာကို စိတ်အပန်းဖြေကြည်နူးစွာကြည့်ရမယ့် Family and drama ကားလေးပါလို့ ညွှန်းပါရစေ။(စုစုပေါင်း ၁၁ ပိုင်းရှိတဲ့ ဒီစီးရီးကို cm မှဆက်တိုက်တင်ဆက်သွားပါမည်။)(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size ...
8.5
TMDb: 8.5/10 2 votes
tv

Secrets of Summer (2022)

2022
Ran Dok Ngiew (2022)
Ran Dok Ngiew (2022) Ran Dok Ngiew(2022) စ / ဆုံး***********************ဇာတ်လမ်းအကျဥ်းမိန်းမသားတစ်ယောက်ရဲ့ ခန္ဓာကိုယ် နဲ့နှလုံးသားကိုကောက်ကျစ်စဥ်းလဲတဲ့ယောင်္ကျားတစ်ယောက်ရဲ့ လက်ထဲမှ ာအစိတ်စိတ်အမြွှာမြွှာဖြစ်အောင်နင်းခြေခံလိုက်ရတဲ့အချိန်မှာတော့ .......အဲ့ဒီမိန်းကလေးတစ်ယောက်ရဲ့ ရင်ထဲမှာနာကျည်းမှုတွေ အငြိုးအတေး တွေက ဖုံးလွှမ်းသွားပါတော့တယ် ......ဒါကြောင့် သူမဟာ သူ့ရဲ့ ကျန်ရှိနေတဲ့ဘဝအစိတ်အပိုင်းမှာလက်စားချေနိုင်ဖိုအတွက် လိမ်လည်လှည့်ဖျားခြင်းနဲ့အတူ သူ့မရဲ့ခန္ဓာကိုယ်ကိုလက်နက်အဖြစ်သုံးခဲ့ပါတယ်။အဲ့ဒီအငြိုးအတေးတွေကလည်း လူမှူအသိုင်းအဝိုင်းကြားထဲမှာဖြစ်ပေါ်နေတဲ့ ကျား-မ ခွဲခြားမှုဆိုတဲ့ ခေါင်းစဥ်ကိုဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေဖြစ်စေမလဲ..........ဇာတ်ကောင်တဦးချင်းဆီရဲ့ အခြေခံမိသားစုဘဝတွေကို ပုံဖော်တင်ဆက်ထားတာကသင့်အတွက် အံ့အားသင့်ဖွယ် သင်ခန်းစာတွေနဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်းတွဲလေးကိုCM မှ Ongoing အမှီ ဘာသာပြန်တင်ဆက်ပေးမှာဖြစ်ပါတယ် စောင့်မျှော်အားပေးကြပါဦးရှင်...........[ဇာတ်လမ်းအကျဥ်းကို Tinme me soe & Zoe မှရေးထားပါတယ် ]Episodes: TBAAired: Jan.1, 2022– TBAAired On: Mon to ThurGenres: Romance, DramaTranslated by Zoe , May Thu & Tin Me Me ...

Ran Dok Ngiew (2022)

2022
Game of Thrones Season 4 [COMPLETE] 8.2
Game of Thrones Season 4 [COMPLETE] ဒီ TV Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “A Song of Ice and Fire” စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ…. နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေ…မကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေတိုက်ခိုက်ကြမှာ ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီးသတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။ အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။တကယ်လဲ လူ့လောကကြီးဆိုတာ အင်အားကြီးသူက အနိုင်ကျင့်ဗိုလ်ကျတဲ့ တောနက်ကြီးတစ်ခုပဲ မဟုတ်လား။ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့် နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် စီးရီးမျိုးဖြစ်ပါတယ်။Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က (9.5/10) ထိရရှိထားတာဖြစ်ပါတယ်။ Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ TV ...
8.2
TMDb: 8.2/10 7882 votes
tv

Game of Thrones Season 4 [COMPLETE]

2011
Arcane(2021) Complete 9.7
Arcane(2021) Complete နာမည်ကျော် PC ဂိမ်းကြီးတစ်ခုဖြစ်တဲ့ League of Legends ဂိမ်းကြီးကိုပရိသတ်တော်တော်များများ သိကြမှာပါ... ဒီဂိမ်းဟာ MOBA ဂိမ်းတစ်ခုဖြစ်ပြီးတော့ကမ္ဘာတစ်ဝှမ်းဆော့ကစားသူပေါင်းသန်းချီရှိနေတဲ့ Playerbase အများဆုံးဂိမ်းလည်း ဖြစ်ပါတယ်...ထူးခြားတာကတော့ ဒီဂိမ်းကိုပိုင်တဲ့ Riot ကုမ္ပဏီက Fan service ပေးရမှာ အင်မတန်ကို နာမည်ကြီးတာပါ...ဂိမ်းထုတ်လုပ်ရုံတင်မကပဲ ဂိမ်းနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေ ရှိုးတွေ အလှူပွဲတွေအပြင် Kpop band လို အဆိုတော်အဖွဲ့တွေပါ ဖွဲ့ထားတာပဲဖြစ်ပါတယ်...အခုတော့ နောက်တစ်ဆင့်အနေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေဘက်ပါ ခြေဦးလှည့်လာပြန်ပါတယ်...ဒါကတော့ အခုတင်ဆက်ပေးမယ့် 'Arcane' ဆိုတဲ့ စီးရီးပါ... LOL အခြေတည်ရာကမ္ဘာကတော့Runeterra ဆိုတဲ့ ကမ္ဘာကြီးဖြစ်ပြီး နောက်ခံသမိုင်းဇာတ်ကြောင်းတွေ ဇာတ်လမ်းတွေနဲ့ အင်မတန်ကျယ်ပြန့်တဲ့universe ကြီးတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်... ဂိမ်းထဲမှာပါဝင်တဲ့ ချန်ပီယံတွေရဲ့ ဘဝဇာတ်ကြောင်း..နေရာဒေသတွေရဲ့ သမိုင်း..စတာတွေဟာ LOL ဆော့ကစားရာ Players တွေအတွက် သီးသန့်ကမ္ဘာတစ်ခုဖြစ်နေပြီး စိတ်ဝင်စားစရာလည်း အပြည့်နဲ့ပါ...ဒီ universe ကြီးကို ...
9.7
TMDb: 9.7/10 6 votes
tv

Arcane(2021) Complete

2021
Dream High Season 1 and Season 2 7.3
Dream High Season 1 and Season 2 Dream High Season 1 (2011)Dream Highလို့ပြောလိုက်တာနဲ့ ငယ်ငယ်က ကျူရှင်အပြီးမှာ အိမ်အပြေးပြန်ပြီး ကြည့်ခဲ့ဖူးတဲ့ အမှတ်တရတွေပြန်တွေးမိနေပြီလား?တကယ်လည်း 2011ကထွက်ရှိခဲ့တဲ့ ဒီကားလေးက Kdrama ချိုးကပ်တွေနဲ့ မစိမ်းတဲ့ကားလေးပါနော်။အိပ်မက်‌တွေဆီကို အရောက်လှမ်းနိုင်ဖို့ အထောက်အပံ့တစ်ခုဖြစ်တဲ့ နာမည်ကြီး ဂီရင်းအနုပညာကျောင်းတော်ကြီးမှာပုံစံမတူ၊အခြေအနေမတူကြတဲ့ လူငယ်တွေစုဝေးနေပြီး သူတို့အားလုံးမှာ တူညီတာတစ်ခုက ပွဲဦးထွက်ပြီး တောက်ပတဲ့ကြယ်ပွင့်‌လေးတွေ ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုတည်းပါပဲ။လူအများရှေ့မှာ လင်းလက်နေချင်တဲ့ အလင်းရောင် ထွက်ပေါ်ခါစ ကြယ်ပွင့်လေးတွေရဲ့ တစ်လှမ်းချင်းလှမ်းရင်း တလက်လက်တောက်ပလာပုံကို ကြည့်နေရတာက ဒီကားရဲ့အရသာဆိုတာ ရင်းနှီးတဲ့လူတိုင်း သိလောက်မှာပါ။အရည်အချင်းရှိရင်ရှိသလောက် ကြိုးစားရင်ကြိုးစားသလောက် ဘယ်လောက်ပဲမြင့်မားတဲ့အိပ်မက်ဖြစ်နေပါစေ ကြိုးစားနေသ၍ အောင်မြင်မှုဆိုတာ ရှိစမြဲပဲဆိုတာကို ပြောပြပေးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ပါဝင်အားဖြည့်ထားတဲ့ Cast တွေကလည်း လက်ရှိမှာဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ နာမည်ကြီးအနုပညာရှင်တွေပါပဲ။- ကျေးတောရွာလေးက အရည်အချင်းရှိတဲ့ လူငယ်လေးအဖြစ်(Kim Soo Hyun) - မွေးကတည်းက ရွှေဘုံနန်းစံလေး ဖြစ်ပြီး အထိမခံ မာန‌ခဲလေးအဖြစ်(Bae Suzy) - အရည်အချင်းရှိရဲ့သားနဲ့ အိပ်မက်ကိုတက်လှမ်းဖို့ လမ်းစပျောက်နေတဲ့ လူငယ်လေးအဖြစ် (2PM-Ok Taecyeon) - ဘုရားပေးတဲ့ဆုလာဘ်အနေနဲ့ ချိုသာတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ ကောင်မလေးအဖြစ် (IU) - အရည်အချင်းရှိပြီး အလားအလာကောင်းတဲ့ ...
7.3
TMDb: 7.3/10 30 votes
tv

Dream High Season 1 and Season 2

2011
Snowpiercer ( 2020 to 2022 ) Season 1 + 2 + 3 8
Snowpiercer ( 2020 to 2022 ) Season 1 + 2 + 3 Parasite ကားနဲ့ အော်စကာ ရခဲ့တဲ့ ဒါရိုက်တာကြီး ဘွန်ဂျိုဟိုရဲ့ နာမည်ကျော်လက်ရာ တစ်ခု ကြည့်ခဲ့ဖူးလား မသိဘူး။ Snow Piercer လို့ ခေါ်တဲ့ ရုပ်ရှင်ပါ။အခု အဲဒီဇာတ်လမ်းကိုပဲ စီးရီးအနေနဲ့ ရိုက်ကူးထားပါပြီ။ တစ်ပတ်ကို တစ်ပိုင်း ထွက်တာမို့ အပတ်စဉ် တင်ပေးထားတာပါ။စနိုးပီရာဆာ မကြည့်ဖူးသေးတဲ့လူတွေအတွက် အကျဉ်းလေး ပြောပြပါ့မယ်။အနာဂါတ်ကာလတစ်ခုမှာ ကမ္ဘာကြီး တစ်ခုလုံး အနုတ် ၁၁၉ ဒီဂရီအထိ အေးခဲသွားပြီး တစ်ကမ္ဘာလုံးမှာ သက်ရှိတွေအကုန် သေဆုံးသွားပါပြီ။ဒါပေမယ့် ဒီအဖြစ်ကို ကြိုမြင်တဲ့ ဝဲလ်ဖို့ဆိုတဲ့ လူကြီးက အတွဲပေါင်း ၁၀၀၁ တွဲ ပါတဲ့ ဧရာမ ရထားကြီးကို တည်ဆောက်ထားခဲ့တယ်။အဲဒီရထားကြီးကို လုံးဝမရပ်နားဘဲ ကမ္ဘာကြီးကို တစ်ပတ်ပြီး တစ်ပတ် ပတ်နေခဲ့တာ ၇ နှစ်တိုင်လာခဲ့တယ်။ရထားမောင်းနေတဲ့ အရှိန်ကနေ စွမ်းအင်ကိုထုတ်ပြီးသုံးတယ်။ ရထားတွဲတွေမှာ စိုက်ပျိုးရေး မွေးမြူရေးတွေ အကုန်ပါတယ်။ကမ္ဘာပျက်ချိန်မှာ အဲဒီရထားပေါ်ကို ...
8
TMDb: 8/10 36 votes
tv

Snowpiercer ( 2020 to 2022 ) Season 1 + 2 + 3

2020
Game of Thrones Season 3 [COMPLETE] 8.2
Game of Thrones Season 3 [COMPLETE] ဒီ TV Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “A Song of Ice and Fire” စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ…. နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေ…မကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေတိုက်ခိုက်ကြမှာ ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီးသတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။ အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။တကယ်လဲ လူ့လောကကြီးဆိုတာ အင်အားကြီးသူက အနိုင်ကျင့်ဗိုလ်ကျတဲ့ တောနက်ကြီးတစ်ခုပဲ မဟုတ်လား။ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့် နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် စီးရီးမျိုးဖြစ်ပါတယ်။Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က (9.5/10) ထိရရှိထားတာဖြစ်ပါတယ်။ Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ TV ...
8.2
TMDb: 8.2/10 7881 votes
tv

Game of Thrones Season 3 [COMPLETE]

2011
Touch (2012) 6.6
Touch (2012)  ရုပ်ရှင်စီးရီးတွေထဲမှာ လူတိုင်းကြည့်ဖူးပြီး ကြိုက်ကြတဲ့ နာမည်ကျော်စီးရီးတွေရှိသလို စီးရီးချစ်သူတစ်ယောက်ချင်းစီမှာ သီးခြားအကြိုက်ဆုံးလေးတွေ ရှိတတ်တာပါပဲ။ ဒါကတော့ အက်မင်ရဲ့ ကိုယ်ပိုင် ဖေးဘရိတ်စီးရီးပါပဲ။ တင်ပေးချင်ပေမဲ့ မအားတာနဲ့ အကြောင်းအမျိုးမျိုးနဲ့ နောက်ဆုတ်နောက်ဆုတ်ဖြစ်နေတာပါ။ အခုတော့ အစအဆုံးတင်ပေးပါတော့မယ်။ စုစုပေါင်း စီစန် ၂ ခုပဲ ရှိပြီး တစ်ခုကို ၁၃ ပိုင်းပဲရှိပါတယ်။ Manifest လို ပဟေဠိဆန်တဲ့စီးရီးမျိုးကိုကြိုက်တဲ့သူတွေအတွက်ပါပဲ။၂၀၁၂ခုနှစ်က ပြသခဲ့တာဖြစ်ပြီး IMDb 7.4 အထိရခဲ့ပါတယ်။ကမ္ဘာမြေကြီးပေါ်မှာ တည်ရှိနေမှုတွေ ဖြစ်ပျက်နေမှုတွေက ပရမ်းပတာ ကျပန်းဖြစ်ပျက်နေတယ်လို့ ထင်ပါသလား? တကယ်လို့ စကြဝဠာကြီးရဲ့ဖွဲ့စည်းပုံ၊ ပန်းကလေးတွေရဲ့ဝတ်ဆံ၊ ခရုခွံလေးတွေရဲ့ အရစ်လေးတွေကအစ ကိန်းဂဏန်းတွေနဲ့ ဆက်စပ်ပြီးတိကျစွာဖြစ်တည်နေတယ်ဆိုရင်ရော? ဒါဆိုရင် အဲဒီ ကိန်းဂဏန်းတွေအတွက် တိကျတဲ့ ကိန်းစဉ်လေးတစ်ခုရှိပါလိမ့်မယ်။ အဲဒီကိန်းစဉ်နဲ့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ လှပတဲ့ဆက်နွယ်မှုကြီးကို မြင်နိုင်စွမ်းရှိလာတဲ့အခါ ဒီနေ့ လူဘယ်နှယောက်မွေးဖွားမယ်၊ဘယ်နှယောက်သေဆုံးမယ်၊ လူတွေ စကားဘယ်နှခွန်းပြောပြီး၊ စာဘယ်နှစောင်ပို့ကြမယ်ဆိုတာကို ကြိုတင်ဆုံးဖြတ်နိုင်လာပါလိမ့်မယ်။ အလွယ်ပြောရရင် အနာဂါတ်ကို အလှပဆုံးနည်းလမ်းနဲ့ ကြိုတင်တွက်ဆနိုင်သွားပါလိမ့်မယ်။ ဥပမာ ...
6.6
TMDb: 6.6/10 195 votes
tv

Touch (2012)

2012
Young Wallander – Season 02 7.2
Young Wallander – Season 02 Young Wallander - Season 02=======================IMDb Rating - 7.2/10Season 01 မကြည့်သေးသူများအတွက် အခုအညွှန်းက Spoiler ဖြစ်နိုင်ပါတယ်။ စုံထောက်ဇာတ်လမ်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် Young Wallander Season 2 ပြန်လာပါပြီ။ ဒီ season မှာတော့ ရဲတပ်ဖွဲ့ကနေ ထွက်ခဲ့တဲ့ Kurt Wallander တစ်ယောက် ရှေ့ဆက်ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေခဲ့ပါတယ်။ ရဲအလုပ်ကနေရတဲ့ စိတ်ဒဏ်ရာနဲ့ မှတ်ဉာဏ်ဆိုးတွေကြောင့် ညတိုင်း အိပ်မက်ဆိုးတွေ မက်နေခဲ့ပါတယ်။ နဂို နေထိုင်ရာ ရပ်ကွက်မှလည်း ချစ်သူရှိရာ တစ်ခြားရပ်ကွက်သို့ ပြောင်းရွေ့နေထိုင်ဖို့ ဖြစ်လာ ခဲ့ပါတယ်။  Frida Rask ရဲ့ နားချမှုကြောင့် ရဲတပ်ဖွဲ့ထဲ ပြန်ဝင်ဖို့ စိတ်ပြန်လည်သွားခဲ့ပြီး။ ရဲအလုပ်က သူ့ကိုထပ်ပြီး စိတ်ဒဏ်ရာမပေးစေရဘူးလို့ ဆုံးဖြတ်ပြီး ရဲတပ်ဖွဲ့ထဲပြန်ဝင်ခဲ့ပါ တယ်။ ပထမဆုံးပြန်ကိုင်ရတဲ့ အမှုကတော့ နိုက်ကလပ်အပြင်ဖက်မှာ ကားနဲ့ တိုက်ပြီး ထွက်ပြေးသွားတဲ့ အမှုပါ။ အမှုကရိုးရှင်းသည်ဟုထင်ရသော်လည်း သေဆုံးသူမှာ လွန်ခဲ့တဲ့ ၈ နှစ်က Frida ...
7.2
TMDb: 7.2/10 2250 votes
tv

Young Wallander – Season 02

2022
The Secret Life of My Secretary(2019) 8.3
The Secret Life of My Secretary(2019) The Secret Life of My Secretary(2019) ဇာတ်လမ်းတွဲအညွှန်း*****************************************************အပိုင်း (၉ မှ ၁၆ ) ထိ(အစ/အဆုံး ရပါပြီ) Mobile Media Company တစ်ခုရဲ့ CEO ရာထူးကို မဲပေးရွေးချယ်ကြဖို့ အချိန်ကျခါနီးမှာဥက္ကဋ္ဌဖြစ်ရဲ့တူဖြစ်သူဟာ လုပ်ရည်ကိုင်ရည်အမြင့်ဆုံးဖြစ်နေတာကြောင့် မဲအများဆုံးရနိုင်ခြေရှိနေပါတယ်,,,သူ့ရဲ့ထူးခြားမှုကတော့ အတွင်းရေးမှူးတစ်ယောက်ကို တစ်နှစ်ထက်ပိုပြီးထားခြင်းမရှိတာပါပဲ ....ဘာမဆိုသည်းခံပြီး အလုပ်အရမ်းကြိုးစားတဲ့ အတွင်းရေးမှူးမလေးကတော့အမြဲတမ်းဝန်ထမ်းဖြစ်ဖို့မျှော်လင့်နေပေမယ့်လည်း တစ်နှစ်တာစာချုပ်ပြည့်ပြီးတာနဲ့အလုပ်ဖြုတ်ခံလိုက်ရတဲ့အတွက် ပြဿနာသွားရှာဖို့ အရက်မူးပြီးအလာမှာ လုပ်ကြံခံရလုနီးနီးဖြစ်နေတဲ့သူ့သူဌေးကိုတွေ့လိုက်ရပါတယ်...မတော်တဆမှုကြောင့် ဦးခေါင်းဒဏ်ရသွားပြီး မျက်နှာတွေကိုမမှတ်မိနိုင်တော့ဘဲကူကယ်ရာမဲ့နေချိန်မှာ သူအလုပ်ဖြုတ်လိုက်တဲ့ အတွင်းရေးမှူးမလေးကိုသာ မှတ်မိတော့တဲ့အခါ....  Episodes: 16Quality : WEB-DL 1080p,720pFile Size: 1.3 GB & 450MBGenres:Drama ,Romance, ComedyTranslated by  EiPhyu Khin, Hnin Pale, Lwin Lwin Aung , Hnin Wut Ye & ...
8.3
TMDb: 8.3/10 12 votes
tv

The Secret Life of My Secretary(2019)

2019
My Teenage Girl (2021)
My Teenage Girl (2021) My Teenage Girl (2021)Idol အိပ်မက်ကို အမြန်ဆုံးဖန်တီးပေးနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးဆိုတာ survival show တွေမှာပဲ ရှိတာမဟုတ်လားအားလုံးစောင့်မျှော်နေကြတဲ့ “My Teenage Girl ”ကို Channel Myanmar ကနောက်မကျစေရဘဲ တင်ဆက်ပေးချင်ပါတယ်ကိုရီးယားတင်မကဘဲ ကမ္ဘာတစ်ဝန်းက အသက် 11 မှ 23 ကြား မိန်းကလေး ပြိုင်ပွဲဝင်တွေဟာ debut နိုင်မယ့်အခွင့်အရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်သွားကြမယ့် survival show တစ်ခုပဲဖြစ်ပါတယ်Auditions အတွက် လျှောက်ထားသူပေါင်း 30000 ကျော်ထဲက မိန်းကလေး 83ယောက်ကသာ ဆန်ခါတင်ရွေးချယ်ခံခဲ့ရပြီး အသက်အရွယ်အလိုက် အုပ်စုလေးစုကာ ပထမအဆင့် အရင်ယှဉ်ပြိုင်စေမှာပါအဓိက show မှာပါဝင်ယှဉ်ပြိုင်ခွင့်ကိုတော့ အုပ်စုတစ်စုစီက မိန်းကလေး 10 ယောက်စီကသာ ရရှိမယ့် survival showပါတင်ဆက်ပေးသွားမယ့် MC ကတော့ Yoon Kyun Sang ဖြစ်ပြီး Mentors တွေအနေနဲ့- Nation's girlgroup SNSD ရဲ့ KwonYuri - ...

My Teenage Girl (2021)

2021
The Fame Game (2022)
The Fame Game (2022) The Fame Game (2022)ဒီလထဲမှာ Netflix ကတင်ဆက်လိုက်တဲ့ ဘောလိဝုဒ် series တစ်ခုဖြစ်ပါတယ်။အပိုင်းရှစ်ပိုင်းပါဝင်ပြီးတော့ Thriller series ဖြစ်ပြီးIMDB 7.3/10 ရရှိထားတဲ့ series ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ကမ္ဘာကျော်စူပါစတားတစ်ယောက်၊ဇနီးကောင်းမိခင်ကောင်းတစ်ယောက်အဖြစ် နေထိုင်နေတဲ့ Anand ဟာရုတ်တရက်သတင်းအစအန ရှာမရပဲပျောက်ဆုံးသွားခဲ့ပါတယ်။သူ့ပတ်ဝန်းကျင်ကမိသားစုဝင်တွေနဲ့ ရဲတွေကလည်း ရေကုန်ရေခမ်းကြိုးစားရှာဖွေကြရင်းအကျည်းတန်လှတဲ့အမှန်တရားတွေနဲ့ သူလိမ်ညာဖုံးကွယ်ထားတဲ့ကိစ္စတွေကလည်း တစ်ခုချင်းပေါ်လာခဲ့ပါတော့တယ်။အောင်မြင်မှုရဲ့နောက်ကွယ်မှာလည်းလူတွေထင်မှတ်မထားတဲ့အမှန်တရားတွေရှိနေပြီးထင်မှတ်မထားတာတွေတစ်ခုပြီးတစ်ခု ဘူးပေါ်သလိုပေါ်လာတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ။သူ့ရဲ့ပျောက်ဆုံးမှုနောက်ကွယ်မှာရော ဘယ်လိုအကြောင်းခံတွေရှိနေမှာလဲဆိုတာကတော့စိတ်လှုပ်ရှားစရာဇာတ်ရှိန်အတက်အကျတွေ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့တူတူ ပရိသတ်ကိုယ်တိုင်ပဲရှုစားကြည့်လိုက်ကြပါဦး။ အရည်အသွေးမြင့်တဲ့ Thriller seriesတစ်ခုဖြစ်တာကြောင့် ရှစ်ပိုင်းပြီးသွားရင်တောင် ကြည့်မဝဖြစ်ကျန်ခဲ့မှာတော့ကျိန်းသေပါပဲ။ File Size – 300MB@EpisodeQuality – 720p WEB DLDuration – 44minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama Translator – Yate & Haruko & HM ...

The Fame Game (2022)

2022

Genres

Archives