Channel Myanmar

Content at random


TV Series

Murderville (2022) 5.8
Murderville (2022) မာဒါဗေးလ်ကို တစ်လမ်းသွားလက်မှတ်လေးဖြတ်လိုက်ကြရအောင် ဘဝအမောတွေပြေပျောက်သွားစေမယ့် စုံထောက်ဟာသကားလေးရောက်ရှိလို့လာပါပြီ စီနီယာစုံထောက်ကြီး တယ်ရီဆီယက်တဲလ်နဲ့ နာမည်ကြီးအနုပညာရှင်တွေတွဲပြီး လူသတ်မှုတွေကိုဖော်ထုတ်ရမှာ အမှုတစ်ခုစီတိုင်းရဲ့ ထူးခြားမှုတွေကို ရယ်စရာလေးတွေနဲ့ ရောယှက်ပြီး ဖော်ကျူးထားတာပါ ငြိမ့်ငြိမ့်လေးပြုံးပြီးခံစားရမယ့် ဟာသလေးတွေပါသလို တဝါးဝါးအော်ပြီး ရယ်ရတဲ့ ဟာသလေးတွေကိုပါ ခံစားရမှာပါ ဧည့်သည်သရုပ်ဆောင်တွေကလည်း နာမည်ကြီးပြီးသားဖြစ်တာကြောင့် တစ်ပိုင်းနဲ့တစ်ပိုင်း ဘယ်လိုပြီးသွားလဲဆိုတာတောင်မတွေးမိဘဲနဲ့ကို စီးမျောခံစားရမှာပါ အဲဒါကြောင့် ဘဝအမောတွေကို နာရီဝက်စာလောက်နဲ့ ဖျောက်ပြေးနိုင်တဲ့ မာဒါဗေးလ်လေးကို အားပေးလိုက်ကြပါဦး  File size…300 Mb Quality….Webrip 720p Format…mp4 Duration….30 Min Genre...Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldEpisode 1 - VIP / Yoteshin/Megaup / Usersdrive / StreamsbEpisode 2 - VIP / Yoteshin/ Megaup / Usersdrive / StreamsbEpisode 3 - VIP / Yoteshin/Megaup / Usersdrive / Streamsb /  MeganzEpisode ...
5.8
TMDb: 5.8/10 16 votes
tv

Murderville (2022)

2022
Husband Overnight (2022)
Husband Overnight (2022) Husband Overnight (2022)     စ / ဆုံးဇာတ်လမ်းအကျဉ်း__________________အရာအားလုံး မျက်စိတစ်မှိတ် တစ်ညအတွင်းမှာ မိုးနဲ့မြေ လိုပြောင်းလဲသွားတဲ့သူမဘဝ...ခပ်အေးအေးနဲ့ ရိုးသားလွန်းတဲ့ သူမ...ဘာမဆို ပြောင်းလဲပစ်ဖို ဆုံးဖြတ်ထားတဲ့ ညမှာတင်ပဲ တိုက်ဆိုင်စွာဖြင့် သူ့ဂုဏ်ပုဒ်ပါ ပြောင်းလဲသွားသော သူမအဖြစ်...ကိုယ် မသိသော သူစိမ်းယောကျာ်းတစ်ယောက်နဲ့ တစ်ညလုံး တစ်ခုတင်တည်း အတူနေမိခြင်းကြောင့်သူမရဲ့ လှပသောကမ္ဘာကြီးဟာ ချက်ချင်းဆိုသလို မှောင်မိုက်ကာ အမေတစ်ခု သားတစ်ခုဘဝဖြင့်ဘဝလမ်းကြီးကို လျှောက်လှမ်းဖို အခြေအနေ ဖြစ်လာသောမခါ....တစ်ညတာ အမှားကြောင့် အကြောင်းဖန်လာသော သူမဘဝကရော ခက်ခဲကြမ်းတမ်းမလား ဖြောင့်ဖြူးမလား?Single mother တွေရဲ့ ဘဝကိုပါ တွင်တွင်ကျယ်ကျယ်ကြည့်ရှုရမှာဖြစ်ပြီးတစ်ညတာအမှားကြောင့် ဖြစ်လာမယ့်အကျိုးဆက်တွေကို ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်ယခု ဇာတ်ကားအား အပတ်စဉ် သောကြာနေ့မှ တနင်္ဂနွေနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။Episodes: 18Aired: Jan.14, 2022Aired On:Fri , Sat & SunGenres:Romance & ...

Husband Overnight (2022)

2022
Monkey Twins (2018) 6
Monkey Twins (2018) Monkey Twins (2018)      စ / ဆုံး_________________________ CM fan တွေအတွက် netflix action ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းမှာတော့ ထိုင်းရိုးရာမွေ့ထိုင်းလက်ဝှေ့ပညာကို အသားပေးရိုက်ကူးထားတဲ့အပြင်ထိုင်းရိုးရာ ပြဇာတ် နဲ့ တရုတ်ရိုးရာပြဇာတ် ပေါင်းစပ်မှုတိုကိုလည်း ရိုက်ကူးပြထားတာဖြစ်ပါတယ်     [ဇာတ်လမ်းအကျဥ်း]မာဝင်းက မူယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက ရဲတစ်ယောက်ဖြစ်တယ်မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ အဖွဲအစည်းကြီးတစ်ခုကို ဖမ်းဆီးဖိုအတွက်ဆေးသမား ထောင်ထွက်အယောင်ဆောင်ရင်း မူးယစ်ရာဇာတွေကိုချဥ်း ကပ်ဖိုကြိုးစားခဲ့တယ်အမှုတွေကိုကွင်းဆက်လိုက်ရင်းနဲ့ အမ်ဖာဝါမြိုကိုရောက်သွားခဲ့တယ်အမ်ဖာဝါမှာလည်း မြိုမျက်နှာဖုံးနိုင်ငံရေးသမား ချန်ချိုင်နဲ့သူ့ရဲ့သားဖြစ်သူ တေးချိုတိုက မြိုမှာမူးယစ်ဆေး အရောင်းအဝယ်မျိုးစုံလုပ်နေကြတယ်မြိုနေပြည်သူတွေရဲ့ မြေတွေကို ဖိအားပေးဝယ်ယူပြီး ငွေဖြူလျှော်ခြင်းတွေ ဆက်တိုက်လုပ်ကြတယ်မာဝင်းလည်း ချန်ချိုင်အကြောင်းစုံစမ်းရင်း အမ်ဖာဝါမြိုရဲ့ ခွန်မျိုးနွယ်ပြဇာတ်အဖွဲဆီကိုမထင်မှတ်ဘဲရောက်ရှိသွားပြီး ရိုးရာမွေ့ထိုင်းလက်ဝှေ့ပညာရပ်ကို သင်ကြားခွင့်ရခဲ့တယ်ခွန်မျိုးနွယ်ရဲ့ခေါင်းဆောင်ဇာတ်မင်းသား နူအာနဲ့ ချန်ချိုင်ရဲ့သားတေးချိုတိုကလည်းအချင်းချင်း ရန်စရှိကြတဲ့သူတွေဖြစ်နေပြန်တယ်.......တေးချိုတိုရဲ့ မူးယစ်ဆေးရောင်းဝယ်မှုတွေကို စုံစမ်းနေတဲ့မာဝင်းနဲ့ တေးချိုကိုလက်တုံပြန်ချင်နေတဲ့ နူအာတိုပေါင်းမိတဲ့အခါသူတိုနှစ်ယောက် ဘယ်လိုဆက်ပြီး ဒုစရိုက်သမားတွေနဲ့ တိုက်ခိုက်မလဲ......?ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပါဦးရှင့်[ဇာတ်လမ်းတွဲ အညွှန်းကို Angel မှရေးသားပေးထားပါသည်] Episodes: ...
6
TMDb: 6/10 1 votes
tv

Monkey Twins (2018)

2018
Young Wallander – Season 01 7.2
Young Wallander – Season 01 Young Wallander - Season 01=======================IMDb Rating - 7.2/10ဆွီဒင်နိုင်ငံ မဲလ်မိုမြို့မှာ အခြေတည်ထားတဲ့ ရဲဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မဲလ်မိုရဲတပ်ဖွဲ့တွင် တာဝန်ကျနေသော သင်တန်းဆင်းကာစ ရဲအရာရှိပေါက်စ ကာ့တ် ဝေါ်လန်ဒါ တစ်ယောက်၊ သူနေထိုင်ရာ ရပ်ကွက်တွင် ရက်စက်သော လူသတ်မှု တစ်ခုကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရလေသည်။ ထိုလူသတ်မှုမှ အစပြုလို့ လူမျိုးရေးခွဲခြားမှုများ၊ နိုင်ငံလုံခြုံရေးပြဿနာများနှင့် ပြောင်း‌‌ရွှေ့ခိုလှုံလာသူပြဿနာ အထိပါ မီးခိုးကြွက်လျှောက် ကြီးထွားလာပါတယ်။ ထိုလူသတ်မှုကရော ပြောင်း‌ရွှေ့လာသူများနှင့် ဘယ်လိုပတ်သတ်နေလဲ။ မတူညီတဲ့ လူမျိုးတွေကြား၊ မတူညီတဲ့အမြင်ပေါင်းများစွာနဲ့ အမှုပေါ် ရှု့မြင်ပုံတွေ၊ ထိုအမှုကို အကြောင်းပြုလို့ အမြတ်ထုတ်ရယူလိုသူတွေနဲ့ သောင်းပြောင်းထွေလာဖြစ်နေပါတော့တယ်။ ရဲအရာရှိ ပေါက်စ ဝေါ်လန်ဒါ တစ်ယောက် ထိုရှုပ်ထွေးပွေလီလှသော ပြဿနာပေါင်းသောင်း ခြောက်ထောင်များအပြင် ဘဝမှာကြုံတွေ့လာတဲ့ အချစ်ရေး၊ လူမှုရေးကိစ္စများကိုပါ ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (800 MB) / ...
7.2
TMDb: 7.2/10 126 votes
tv

Young Wallander – Season 01

2020
Dr. Park’s Clinic (2022)
Dr. Park’s Clinic (2022) ရောဂါရှာဖွေကုသရေးသမားတော်တစ်ယောက်ဖြစ်တဲ့Dr. Park Won Jang တစ်ယောက်ကျွမ်းကျင်တဲ့ physician ဖြစ်လာပြီးငွေအမြောက်အမြားရှာဖို့ဆိုတဲ့ရည်မှန်းချက်နဲ့ ကိုယ်ပိုင်ဆေးခန်းတစ်ခု ဖွင့်လှစ်လိုက်ပါတယ်။ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ဆေးခန်းကိုလူနာတွေ သိပ်မလာတဲ့အပြင် အကြွေးတွေပါ တင်လာပါတော့တယ်။ဒီလိုနဲ့ ဆေးခန်းကို မဆုံးရှုံးရအောင် ကြိုးစားရင်းဆံပင်တွေကျွတ် ထိပ်ပြောင်လာပါရော။တစ်ချိန်တည်းမှာပဲ ဇနီးဖြစ်သူကလည်း မိမိထက်တီဗီမှာလာတဲ့ ဆေးပညာအကြံပြုချက်ပရိုဂရမ်တွေကို ပိုမိုယုံကြည်ပါသတဲ့။"လူနာရဲ့အခြေအနေသက်သာဖို့ထက် ငွေက ပိုအရေးကြီးတာလား" ဆိုပြီးမေးခွန်းထုတ်လိုက်တဲ့ Dr. Park Won Jang တစ်ယောက်wifi ဖိုးလောက်တောင် ကပ်စေးနဲနေတဲ့အခါ.....Cast တွေက နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့အပြင်Reply 1988 ထဲက ဂျန်ဟွမ်ရဲ့ အမေနဲ့ Mr Queen ထဲကအထိန်းတော်ကြီးကလည်း nurse အဖြစ် ပါဝင်သွားမှာဖြစ်လို့ဘယ်လိုအခွီတွေ တွေ့ရမလဲဆိုတာ...Comedy, Medical drama အမျိုးအစားဖြစ်တဲ့Dr Park's Clinic series လေးကိုတော့အပတ်စဉ်တိုင်း cm ကနေဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်လို့အမောဖြေရင်း ကြည့်ရှုအားပေးကြပါဦးနော်။ File Size – ...

Dr. Park’s Clinic (2022)

2022
Our Little Summer Vacation (2020) 9.5
Our Little Summer Vacation (2020) Our Little Summer Vacation (2020)ချွဲဝူရှစ်နဲ့ ဂျောင်ယူမီတို့ရဲ့ ၂၀၂၀ က ထွက်ရှိခဲ့တဲ့healing program လေးနဲ့ ပြန်လည်မိတ်ဆက်ပေးပါရစေ။အရင်ဆုံး main cast လေးနှစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ချွဲဝူရှစ်ကတော့ အားလုံးသိကြတဲ့အတိုင်း our beloved summer ထဲကချွဲအွန်းဖြစ်ပြီး အဲဒီတုန်းကတော့ Parasite ဇာတ်ကားနဲ့ အတော်လေးနာမည်ကြီးနေတဲ့ ကာလပါ။ဂျောင်ယူမီကတော့ Train to Busan မှာ မာဒုန်ဆော့ရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နောက်ဆုံး survivor အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ဝူရှစ်နဲ့လည်း တစ်ကားတည်း သရုပ်ဆောင်ခဲ့တာပေါ့နော်။ကဲ အစီအစဉ်အကျဉ်းလေး ပြောပြပေးပါမယ်။Healing program တို့ ထုံးစံအတိုင်း အလုပ်တွေများပြီး မွန်းကြပ်တဲ့နေ့စဉ်ဘဝကနေ ‌ခဏတာရုန်းထွက်ပြီး ကျေးလက်ကမ်း‌ခြေမြို့လေးမှာ တစ်လနီးပါး သွားနေကြမှာပါ။နယ်မြို့လေးဆိုပေမဲ့ သူတို့ရဲ့ နေ့စဉ်ဘဝက အပ်ကြောင်းထပ်မနေပါဘူး။အိမ်ခြံဝန်းလေးထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းလေးလည်းရှိပြီးတစ်နေ့နဲ့တစ်နေ့ မတူညီတဲ့ ဟင်းလျာအမျိုးမျိုး ချက်စားကြတယ်။မုန့်တွေဖုတ်ကြတယ်။ ဆန်အရက်တွေလုပ်ကြတယ်ပေါ့။ဗုဒ္ဓဘုရားကျောင်းသွားပြီး ထုံးတမ်းဓလေ့တွေလည်း လေ့လာကြတယ်။ကမ်းခြေနဲ့နီးတဲ့အတွက် ...
9.5
TMDb: 9.5/10 2 votes
tv

Our Little Summer Vacation (2020)

2020
Devotion, a Story of Love and Desire (2022) 8.0
Devotion, a Story of Love and Desire (2022) Devotion, a Story of Love and Desire (2022)===============================အချစ်နဲ့ အိမ်ထောင်ရေး ဇာတ်လမ်းမျိုးကို နှစ်သက်သူတွေအတွက် Netflix Italian Original Series လေးလာပါပြီ။ ကာလိုနဲ့ မာဂရီတာက ပေါင်းသင်းလာတာ ငါးနှစ်ရှိနေပြီဖြစ်တဲ့ ဇနီးမောင်နှံပါ ကာလိုက အနုပညာတက္ကသိုလ်က ပါမောက္ခဖြစ်ပြီး စာရေးခြင်းနဲ့ အသက်မွေး ပါတယ်၊ မာဂရီတာကတော့ ဗိသုကာပညာနဲ့ ဘွဲ့ရထားတဲ့ ပညာတတ်ဖြစ်ပေမယ့် အိမ်ခြံမြေအကျိုးဆောင်လုပ်နေတဲ့သူပါ.. ပေါင်းသင်းခဲ့တဲ့ ၅ နှစ်တာလုံး မာဂရီတာ က ကာလိုကိုပဲ ဦးစားပေးခဲ့တယ်ဆိုပါတော့။ကာလိုကလည်း စာမရေးတာလေးနှစ်ရှိပြီဆိုတော့ ဝင်ငွေအများကြီးရှိမနေတာကြောင့် သူတို့နှစ်ယောက်ဟာ အိမ်ငှားဘဝနဲ့နေနေရလို့ ကိုယ်ပိုင်အိမ်လေးတစ်လုံးရှာဖွေနေကြ တာပါ။ ဒီလိုနဲ့ သူတို့ရဲ့နှစ်ယောက်တစ်ကမ္ဘာလေးထဲကို ဆိုဖီယာဆိုတဲ့ (၂၀)အရွယ်ဆယ် ကျော်သက်လေး တစ်ယောက်ဝင်ရောက်လာခဲ့ပါတယ်။ဆိုဖီယာက အသက်ကငယ်ငယ်၊ လှရေးကြွယ်ပြီးနူးညံ့သိမ်မွေ့သူလေးဖြစ်နေတော့ ကာလိုရဲ့စိတ်တွေဟာလည်း ရေကန်ထဲကို ခဲလုံးပစ်ချလိုက်သလို လှုပ်ခါလာပါတော့တယ်။ ငါးနှစ်လုံးမာဂရီတာအပေါ်သစ္စာရှိခဲ့တဲ့ ကာလိုရဲ့သစ္စာတရားဟာ မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပြီး သူ့ကိုအလိုလိုက်ချစ်ခဲ့တဲ့ မာဂရီတာအပေါ်အချစ်တွေလျော့ပစ်ခွာသွားမလား။ သူတို့ရဲ့ငါးနှစ်တာအိမ်ထောင်ရေးကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာကြည့်ရမယ့် အချစ်မေတ္တာနဲ့လိုအင်တပ်မက်မှုအကြောင်း ဇာတ်ကွက်ပုံဖော်ထားပြီး (18+)အခန်းလေးတွေပါပါဝင်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။စုစုပေါင်း(၆)ပိုင်း တစ်ပြိုင်တည်းထွက်ရှိထားတဲ့ ဒီစီးရီးကို CMမှ ဆက်တိုက်တင်ဆက် ပေးသွားပါမည်။ (ဒီစီးရီးရဲ့ အညွှန်းကို May Myat ...
8.0
TMDb: 8.0/10 2300 votes
tv

Devotion, a Story of Love and Desire (2022)

2022
Peacemaker (2022) 7.3
Peacemaker (2022) Peacemaker (2022)==============IMDb Rating - 7.3/10Suicide Squad 2 မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ ပိစ်မိတ်ကာရဲ့ စီးရီးအသစ်ထွက်ပါပြီ။ သရုပ်ဆောင်ကလည်း တွေ့တဲ့အတိုင်း ဂျွန်စီနာ ပါပဲ။ ပိစ်မိတ်ကာဆိုတဲ့ ငြိမ်းချမ်းရေးဖန်တီးရှင်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ခရစ်စ် ဟာ ငြိမ်းချမ်းရေးကို အရမ်းတန်ဖိုးထားသူတစ်ယောက်ပါ။ ငြိမ်းချမ်းရေး ရဖို့အတွက် ယောကျာ်းမိန်းမကလေးသူငယ် ဘယ်လောက်ပဲ သတ်ရသတ်ရ သတ်မယ့်သူပါပဲ။ လက်နက် အားလုံးကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး လူသတ်နိုင်တဲ့ ပါရမီရှင်လည်း ဖြစ်ပါတယ်။ဒီစီးရီးကတော့ Suicide Squid 2 မှာ သူ သေနတ်မှန်ပြီး တိုက်ပိပြီး မသေဘဲ ဆေးရုံတက်နေရတာကနေ စပါတယ်။ ဆေးရုံကဆင်းတဲ့အချိန်မှာ အမန်ဒါ ဝေါ်လာက သူ့ကို သီးသန့် စစ်ဆင်ရေးတစ်ခုလုပ်ဖို့ အဖွဲ့တစ်ဖွဲ့နဲ့ အတူ တာဝန်ပေးလာတဲ့အခါ ဒီစီးရီးဖြစ်လာတာပါပဲ။PS. စကားလုံးတွေ ကြမ်းတမ်းတာရယ် တုံးလုံးအခန်းတွေပါတာရယ်ကြောင့် ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Mr.Anderson, Yoon Sandi Aung, ...
7.3
TMDb: 7.3/10 2300 votes
tv

Peacemaker (2022)

2022
Fishbowl Wives (2022) 8
Fishbowl Wives (2022) Fishbowl Wives (2022) ဇာတ်လမ်းတွဲအညွှန်း**************************************(18+) အပိုင်း (၁ မှ8) အထိ စ/ဆုံး(ပထမဦးစွာ ဒီစီးရီးကို အထူးသတိပေးလိုတာကတော့ မိသားစုနဲ့အတူလုံးဝမကြည့်သင့်သလိုအပိုင်း ၁ စလို့ အစမိနစ်လေးကို အစမ်းသဘောအနေနဲ့ ယောင်လို့တောင် လူကြားထဲမဖွင့်မိပါစေနဲ့လို့ပြောကြားလိုပါတယ်...ဒီလိုပြောလိုက်လို့  ဓာတ်ဆီတစ်ဂါလံ ၃ကားရတဲ့ Adult စီးရီးလို့မထင်လိုက်ပါနဲ့....နာမည်ကြီး Cast တွေသုံးထားတဲ့အပြင် ဇာတ်လမ်းသွားလည်းတကယ်ကိုကောင်းပါတယ်...)ဆာကူရာဟီရာဂါဆိုတဲ့ အမျိုးသမီးတစ်ဦး မတော်တဆမှု တစ်ခုကြောင့်သူမရဲ့ အိပ်မက်ကို လက်လွှတ်ခဲ့ရတယ်။ သူမဟာ အိမ်ထောင်ကျသွားပြီးသူမရဲ့ခင်ပွန်းသည်က hair salon တွေကို ဦးစီးတယ်ပေါ့။အင်မတန်းခမ်းနားထည်ဝါတဲ့ မိုးမြင့်အဆောက်အဦးရဲ့ ထိပ်ဆုံးအလွှာမှာ နေတဲ့လင်မယား၂ဦး။ အမျိုးသမီးတိုင်းဟာ သူမကို အားကျရတယ်။ ဒါပေမယ့်သူမရဲ့ ခင်ပွန်းက အိမ်ထောင်ရေး ပေါ်တင်ဖောက်ပြန်နေပြီး သူမကိုအိမ်တွင်းအကြမ်းဖက်တာမျိုးလုပ်တယ်။ တစ်နေ့မှာ ရွှေငါးလေးတစ်ကောင်ကိုအကြောင်းပြုပြီး သူမက အမျိုးသားငယ်လေးတစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်...အိမ်ထောင်ရှင်မ ဇနီးသည် ၆ဦးရဲ့ ကြုံတွေ့ရတဲ့ အိမ်ထောင်ရေးအခက်အခဲကာမဆက်ဆံရာမှာ ကြုံရတဲ့အခက်အခဲတွေကို ကွင်းကွင်းကွက်ကွက် ပြသပေးမှာပါ။"ယောက်ျားတွေ ဖောက်ပြန်တာကျ ...
8
TMDb: 8/10 1 votes
tv

Fishbowl Wives (2022)

2022
Best Mistake 3 (2021)
Best Mistake 3 (2021) Best Mistake 3 (2021) ဇာတ်လမ်းတွဲအညွှန်း************************************အပိုင်းသစ် - ၁၆ (ဇာတ်သိမ်းပိုင်း)(အစ-အဆုံး ရပါပြီ) အရှေ့က Season 1+2 ထွက်ရှိခဲ့ပြီး တခဲနက်အောင်မြင်ခဲ့တဲ့ Webtoon drama ကောင်းလေး ဒီ Season 3 မှာတော့ uni life ကိုအဓိကရိုက်ကူးထားပြီး Season 2 မှာ ဂျီဟွန်းဟိုလေး သဝန်တိုခဲ့ရမယ့် ဒီ Season မှာတော့ ယွန်းဒူလေးရဲ့ သဝန်တိုခြင်းစတင်တော့မှာပါအရှေ့ပိုင်းမှာ အဆင်ပြေတဲ့နှစ်ယောက် ရုတ်တရက်ကြီး ယွန်းဒူဘက်က လမ်းခွဲစကားပြောခဲ့ပါတယ် အဲအချိန်မှာပဲ တတိယလူတွေထပ်ပေါ်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ယွန်းဒူကရော ဘာလိုလမ်းခွဲတာလဲ ဟွန်းဟိုကရော လက်လျှော့လိုက်ပြီလား? Season 2 က အတွဲလေးတွေလည်း ပြန်ပါထားတာမို ဒီတစ်ခါတော့ အတွဲတွေအများကြီးကို ကြည့်ရတော့မှာပါ နောက်ထပ်လူသစ်တွေလည်း ပါသေးလို အဆင်တွေတစ်သိုက်ကြီး ကြည့်ရဦးမှာပါနော် အရမ်းအရမ်းကို ကြည့်ကောင်းလို လုံးဝလုံးဝကို လက်မလွှတ်လိုက်ဖိုပြောချင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Shoon Thu ...

Best Mistake 3 (2021)

2019
Mirror: A Tale of Twin Cities ( 2022 )
Mirror: A Tale of Twin Cities ( 2022 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတဲ့ ရှေးခေတ်ကားလေး Mirror: Twin cities ပဲဖြစ်ပါတယ်ရှေးဒဏ္ဍာရီစကားတွေအရ နတ်ဘုရားတွေကဘုံခြောက်ဘုံအလယ်မှာ အလွန်အေးချမ်းသာယာတဲ့ယွီဟွမ်ဆိုတဲ့နေရာတစ်ခုကိုဖန်တီးထားကြတယ်တဲ့အလယ်ပိုင်းဒေသမြောင်မျိုးနွယ်ကမိန်းကလေးနာရှန်းဟာရန်ပွဲတွေကြောင့်သူတို့အိုးအိမ်တွေပျက်စီးသွားတဲ့အချိန်မှာယွီဟွမ်ဒေသကိုထွက်လာခဲ့ပါတော့တယ် ရေသူမျိုးနွယ်စူးမော့နဲ့ခုန်းစန်းမျိုးနွယ်ကအိမ်ရှေ့စံမင်းသမီးပိုင်ရင်းတို့ဟာလွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကမျှော်စင်ဖြူမှာ တွေ့ဆုံခဲ့ကြပါတယ်ပိုင်ရင်းက ခုန်းစန်းမျိုးနွယ်အိမ်ရှေ့စံမင်းသားကျန်းလန်နဲ့စေ့စပ်ထားသူဖြစ်ပြီးစူးမော့ကတော့ခုန်းစန်းမျိုးနွယ်တွေဖမ်းထားတဲ့ ပိုင်ရင်းရဲ့အစေခံရေသူမျိုးနွယ်တစ်ယောက်ပါ သုံးနှစ်လောက်အတူတူနေလာပြီးတဲ့အခါမှာတော့ပိုင်ရင်းကစူးမော့ကိုချစ်မိသွားပါတော့တယ်ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးတော့ ပိုင်ရင်းဟာ22kmမြင့်တဲ့မျှော်စင်ဖြူကနေခုန်ချပြီးသတ်သေသွားခဲ့ပါတယ်သူသတိရလာချိန်မှာ ခုန်းစန်းမျိုးနွယ်ကပျက်စီးခါနီးအခြေအနေရောက်နေပါပြီနှစ်ပေါင်းတစ်ရာကြာပြီးနောက် ယွီဟွမ်ဒေသကိုကျန့်လျိုမျိုးနွယ်တွေချုပ်ကိုင်နေချိန်မှာ စူးမော့ဟာသူ့အချစ်ဟောင်းပိုင်ရင်းကိုရှာဖို့ယွီဟွမ်ဒေသကိုပြန်လာခဲ့ပါတယ်အခက်အခဲမျိုးစုံကြားမှာ စူးမော့ဟာသူ့လူမျိုးတွေကိုပြန်ခေါ်ထုတ်ဖို့နဲ့သူ့ချစ်သူပိုင်ရင်းကိုပိုင်ဆိုင်ဖို့လုပ်လာရင်းဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှူခံစားရမှာပါအဓိကသရုပ်ဆောင်တွေအနေနဲ့ Legend of Chusen ထဲကမင်းသားချော Li Yifeng က ပင်လယ်ဘုရင် Su Mo အဖြစ်Heavenly sword and Dragon slaying sabre ထဲကမင်းသမီးချောလေး Chen Yuqi (ကျောက်မိန်)ကသခင်မလေးBai Ying အဖြစ် Love of thousand years ထဲကမင်သား Zheng Yecheng က ခုံစန်းအိမ်ရှေ့စံ Zhen Lan အဖြစ်ပါဝင်ထားကြတဲ့ Mirror :Twin Citiesဆိုတဲ့စိတ်ကူးယဉ်အိမ်မက်ဆန်ဆန်ရိုက်ကူးထားတဲ့ ...

Mirror: A Tale of Twin Cities ( 2022 )

2022
The One and Only (2021) 8.0
The One and Only (2021) The One and Only (2021)===================2021 မကုန်ခင်မှာ CMက ဘာသာပြန်တင်ဆက်ပေးမယ့် နောက်တစ်ကားကတော့ JTBCက ထုတ်လွှင့်ပြသမယ့် melodramaဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ငယ်စဉ်က မိဘစွန့်ပစ်တာခံခဲ့ရပြီး အဘွားလက်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ Pyo In Sook(Ahh Eun Jin)က နာမကျန်းဖြစ်ခဲ့မှုကြောင့် အာရုံခံစားနိုင်မှုတွေ ပျောက်ဆုံး နေပြီး သေခြင်းနဲ့နီးကပ်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ။အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ Woo Cheon(Kim Kyung Nam) ကတော့ လူသတ်မှု တစ်ခုမှာ ပါဝင်ခဲ့ပြီးနောက် အလွတ်စုံထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး တရားမဝင်တဲ့ ကိစ္စတွေကိုတောင် တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်နိုင်သူ... ဘဝမှာဘာအကြောက်တရားမှ မရှိတဲ့ လူတစ်ယောက်။ဒီနှစ်ယောက်ပဲလားဆိုတော့ မဟုတ်ပါဘူး နောက်ထပ် ကိုယ်စီအပူအပင်အပြည့်နဲ့ဇာတ်ကောင် နှစ်ဦးလည်းပါပါသေးတယ်။ သာမန် အိမ်ထောင်သည်ဘဝနဲ့ နေထိုင်ခဲ့ပေမဲ့ အထီးကျန်နေခဲ့ပြီး သေခြင်းရဲ့ဒဏ်ခတ်မှုနဲ့ကိုပါခံနေရသူ Se Yeon(Gang Ye Won)... ဆိုရှယ်မီဒီယာမှာ influencer အနေနဲ့ ရပ်တည်နေသူဖြစ်ပေမယ့်၊ တကယ်တမ်းကျ မကြာခင် သေဆုံးရတော့မယ့် ကောင်မလေး Mi Do(Joy)...မတူညီတဲ့ဇာတ်ကောင်တွေဆိုပေမဲ့ တစ်ဦးစီမှာရှိနေ‌တဲ့ နာကျင်မှုတွေက မထူးမခြားမနားပါပဲ။ ဘဝမှာ ...
8.0
TMDb: 8.0/10 5000 votes
tv

The One and Only (2021)

2021
In From the Cold (2022) 7.7
In From the Cold (2022) ဒီဇာတ်လမ်းလေးကတော့ သူ့နာမည်အတိုင်းပါပဲ စပိုင်လုပ်နေတာကနေ အနားယူထားတဲ့ အန်ညာဆိုတဲ့ ရုရှားစပိုင်မလေးတ်ယောက်ဟာ လင်ယူသားမွေးလုပ်ပြီး ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းနေခဲ့တာပါအနားမယူခင်က သူဟာ ဝစ်စပါလို့ နာမည်ကြီးတဲ့ လူတိုင်းကြောက်တဲ့ စပိုင်လူသတ်သမား ဖြစ်ခဲ့တာပါ။တစ်နေ့ သူ့သမီးရဲ့ ရေခဲ့ပြင်စကိတ်ပြိုင်ပွဲအတွက် စပိန်နိုင်ငံကို ရောက်လာတဲ့အခါမှာတော့ မထင်မှတ်ဘဲနဲ့  CIA က သူ့ကိုဖမ်းလာပြီးသူ့လက်ရာနဲံ့ တစ်ပုံစံတည်း လုပ်နေတဲ့ ထူးဆန်းတဲ့ စပိုင်တစ်ယောက်ကို ပြန်လိုက်ရှာဖို့ အကြပ်ကိုင်တဲ့အခါ စွန့်စားမှုတွေပြန်လုပ်ရတော့တာပေါ့ တခြားစပိုင်ကားတွေနဲ့ မတူတာကတော့ ဒီစပိုင်ရဲ့ လုပ်နိုင်စွမ်းတွေပါပဲ သူကဘာဖြစ်လို့ စပိုင်အလုပ်ကနားရတာလဲ သူ့နောက်ကိုလိုက်နေတဲ့ သူကရော ဘာလို့လိုက်နေရတာလဲ သူတို့၂ယောက်ပေါင်းပြီး ဘယ်သူ့ကို တိုက်ခိုက်ရမှာလည်း ရန်သူရဲ့ အကြံစည်တွေကရော ဘယ်လောက်ထိဆိုးရွားမှာလဲ ဆိုတာတွေကိုတော့ စီးမျောခံစားလို့တကယ်ကောင်းမှာပါ တိုက်ခိုက်ခန်းတွေကြမ်းတာ စကားလုံးကြမ်းတာတွေနည်းနည်းပါတဲ့အတွက် မိသားစုလိုက်ကြည့်လို့မကောင်းပါဘူးFile size…350 Mb Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Sci-fi, Fantasy, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
7.7
TMDb: 7.7/10 25 votes
tv

In From the Cold (2022)

2022
Love and Joy (2021)
Love and Joy (2021) Love and Joy (2021)ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေတစ်ယောက်တို့ခင်မင်မိရင် "သူငယ်ချင်း" ဆိုတဲ့ နာမ်စားတစ်ခု တကယ်ပဲဖြစ်လာနိုင်ပါသလား။Can a man and a woman become friends?ဒီအတွက် အဖြေကတော့ ...ဒီရှိုးလေးဟာတော့ အပေါ်ကမေးခွန်းလေးကို အဖြေရှာကြမယ့် လူငယ်လေးရှစ်ယောက်တို့ ဆုံတွေ့ရာက ဖြစ်ပေါ်လာတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။ပုံမှန် Reality Show တွေနဲ့ ပုံစံလေးတစ်မျိုးကွဲထွက်ပြီးတော့ နာမည်ကြီးတွေလည်း တစ်ယောက်မှ ပါဝင်ထားခြင်း မရှိပါဘူး။Host ပုံစံမျိုးအနေနဲ့ Im La Ra နဲ့ Son Min Soo တို့က တင်ဆက်ပေးထားတာဖြစ်ပြီး Regular Member ရှစ်ယောက်လုံးကတော့ အဆင်တွေကြီးပဲဖြစ်တာမို့ ကြည့်ရတာ မျက်စိအေးစေမယ့် ရှိုးတစ်ခုဖြစ်မှာတော့ အသေအချာပါပဲ။သူငယ်ချင်းဖြစ်နိုင်ပါတယ်လို့ ယုံကြည်သူတွေရှိသလို၊ ဖြစ်မလာနိုင်တဲ့ဖက်က ရပ်တည်သူတွေလည်း ပါဝင်နေတာကြောင့် အဆုံးသတ်ရလဒ်နဲ့အဖြေတွေက အချစ်တစ်ခုလား၊ စစ်မှန်တဲ့ သူငယ်ချင်း ဆက်ဆံရေးလား ဒါမှမဟုတ် ဇုန်တစ်ဇုန်ထဲရောက်သွားမှာလားဆိုတာတော့ အဆုံးထိ ကြည့်ရှုအားပေးရင်း အဖြေထုတ်သွားလိုက်ကြပါဦး။စုစုပေါင်း (၈) ပိုင်း ပါဝင်မှာဖြစ်ပြီး Channel Myanmar ...

Love and Joy (2021)

2021
Victorious (Season 2) (Complete) 8.2
Victorious (Season 2) (Complete) Victorious (Season 2) (Complete) ကျွန်တော်တို့ရဲ့အချစ်တော် Arianna Grande လေးပါဝင်ထားတဲ့ Victorious Season 2 လေးကတော့ ပြန်လည်ရောက်ရှိလို့လာပါပြီ။ အပိုင်း ၁၃ ပိုင်းသာပါပေမဲ့ အပိုင်း ၆ မှာ part 1 နဲ့ part 2 လို့ပါဝင်ထားလို့ ၁၄ ပိုင်းလို့လည်းပြောလို့ရပြီး အပိုင်းတိုင်းရဲ့ အခွီတွေကတော့ တစ်ပိုင်းပြီးတစ်ပိုင်း မရိုးရအောင်ကို ခွီနေရတာမို့ သောက်သောက်လဲ အောင်မြင်နေဆဲပဲဆိုပါတော့ဗျာ။ အဖွင့်အပိုင်းမှာတင် IMDb 8 ကိုအရယူသွားသလို နောက်ထပ် IMDb 8 ရတဲ့အပိုင်းတွေ 8 နားကပ်တဲ့အပိုင်းတွေချည်းပဲမို့ Overrated မဟုတ်တဲ့ ဒီ Season 2 လေးလည်း ဘယ်လောက်ခွီရမလဲဆိုတာ ခန့်မှန်းလို့ရနိုင်လောက်ပါတယ်။ Season 1 ကြည့်ထားပြီးဖြစ်တဲ့သူတိုင်းရော Ariana ရဲ့ပရိသတ်တွေရော ဒီ Season မှာလည်း အကောင်သေးသေး vocal ...
8.2
TMDb: 8.2/10 1333 votes
tv

Victorious (Season 2) (Complete)

2010
Demon Slayer: Kimetsu no Yaiba (Season 2) 8.8
Demon Slayer: Kimetsu no Yaiba (Season 2) အညွှန်း -------------------Season 2 မှာတော့ လူသားစားတယ်လို့ နာမည်ကြီးနေတဲ့ Mugen ရထားကြီးဆီကို မစ်ရှင်လုပ်ဖို့ထွက်လာကြတဲ့ Tanjiro တို့အဖွဲ့ဟာ Flame Hashira ဖြစ်တဲ့ Rengokuနဲ့တွေ့ဆုံပြီး သူတို့အရင်ကတိုက်ခဲ့ဖူးတဲ့ မိစ္ဆာတွေထက်အဆင့်ပိုမြင့်တဲ့မိစ္ဆာနဲ့တိုက်ရမှာပဲဖြစ်ပါတယ် သားကောင်ကို အိပ်မောကျစေပြီးမှ တိုက်ခိုက်တဲ့မိစ္ဆာရဲ့လက်ကနေ Tanjiro တို့တစ်တွေဘယ်လို လွတ်မြောက်အောင်လုပ်ပြီး တိုက်ခိုက်ကြမလဲဆိုတာ....  Note:အဆုံးမဲ့ရထား အခန်း ရဲ့ ပြန်နွှေးတဲ့ အပိုင်းတွေကို ထပ်ပေါင်းထည့်ထားတဲ့ဇတ်ကွက်အသစ်တွေ သီချင်းသစ်တွေနဲ့အတူ တနင်္ဂနွေနေ့တိုင်းထုတ်လွင့်သွားမှာဖြစ်ပါတယ်။ အပိုင်း ၁-၂-၃ ကိုတော့ ဆက်တိုက်ထွက်ရှိထားပြီး အပိုင်း ၄ ကတော့ November 7 ကျမှထွက်ပါမယ် အဲဒီနောက်ကိုတော့ တစ်ပါတ်တစ်ပိုင်းနှုန်းနဲ့ဆက်လွှင့်ပါမယ်။ Recap အနေနဲ့ စုစုပေါင်း 7 ပိုင်းထိ ထွက်ရှိမှာဖြစ်ပြီး 8 ပိုင်းမြောက်ကို‌တော့ ဒီဇင်ဘာ 5 ရက်မှာလွှင့်မယ်လို့သိရပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထွက်မဲ့အပိုင်းသစ်ကတော့ တစ်နာရီကျော်ကြာ အခန်းသစ် အပိုင်းသစ်နဲ့အနေနဲ့ စထွက်လာမှာဆိုတော့ စောင့်ကြည့်ရတာတန်မှာပါ။ အဲဒီနောက် အပိုင်းသစ်တွေကိုတော့ ဒီဇင်ဘာကနေစပြီး ဆက်တိုက်ထုတ်လွှင့်သွားမှာဖြစ်ပြီး 2022 ထိရောက်သွားပါမယ်။ စီစင် ၂ အတွက်ကိုတော့ မန်းဂ ထဲက ‘ဆောင်ကြာမြိုင်ဝန်း’ အခန်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။  File Size ...
8.8
TMDb: 8.8/10 2904 votes
tv

Demon Slayer: Kimetsu no Yaiba (Season 2)

2019
Rocket Boys (2022) Complete 8
Rocket Boys (2022) Complete Rocket Boys (2022)———————————————-1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့Scientific Legendကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ သမိုင်းသစ်ရေးထိုးပုံကိုရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်၁၉၄၇ အိန္ဒိယရဲ့ လွတ်လပ်ရေးကာလက အိန္ဒိယတွေကို ဂုဏ်ယူစေခဲ့တဲ့ သိပ္ပံပညာရှင် သုံးယောက်ဟာအခက်အခဲတွေ အတွေးမတူတာတွေ နိုင်ငံရေးဖိအားတွေ စိတ်သဘောထားကွဲလွဲမှုတွေကြားက အိန္ဒိယရဲ့ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဖော်ဆောင်ခဲ့ကြတဲ့အကြောင်းအသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်အတ္ထုပ္ပတ္တိဆန်ဆန် အပိုင်း ၈ ပ်ိုင်းရိုက်ကူးထားပေမယ့် တစ်ပိုင်းပြီး တစ်ပိုင်းဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင် Scientist တွေရဲ့personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လ်ု့ ပျင်းစရာမကောင်းစေဘဲ ကြည်နူးဖွယ် စိတ်ဝင်စားဖွယ် ဖြစ်နေမှာပါဒီဇာတ်ကားကို ကြည့်ရင်းဆက်ကြည့်ချင်အောင် ဆွဲဆောင်နိုင်မယ့် အချက်တွေက ဒါတွေတင် မကသေးပါဘူးထိုခေတ်ထိုအခါက ...
8
TMDb: 8/10 1 votes
tv

Rocket Boys (2022) Complete

2022
Young Justice Bao 3 ( 2006 )
Young Justice Bao 3 ( 2006 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးမယ့်ဇာတ်လမ်းတွဲလေးကတော့ ငယ်ငယ်တုန်းကအချိန်တွေကိုပြန်ပြီးတမ်းတမိသွားစေနိုင်မယ့် လူငယ်ပေါင်ချိန် အတွဲ ၃ပဲ ဖြစ်ပါတယ်ဒီကားလေးထဲမှာဆိုရင် ပေါင်ချိန်အဖြစ် နာမည်ကြီးသရုပ်ဆောင် Deng Chaoကုန်းစွန်းချဲ့ အဖြစ် Zhao Yangကျန်ကျောင်းအဖြစ် နာမည်ကြီးသရုပ်ဆောင် Chen Xiaolong တို့ ကအဓိကပါဝင်သရုပ်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် တစုန့်ပြည်ရဲ့ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ် ပေါင်ချိန်ဆီကို ထူးဆန်းတဲ့စာတစ်စောင်ရောက်ရှိလာခဲ့ပြီးနောက်မှာ ပေါင်ချိန်ဟာ အိမ်တော်ကနေထွက်သွားခဲ့ပြီးနှစ်နှစ်နီးပါးလောက်ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်သူ့ရဲ့ ညီအစ်ကိုကောင်းတွေ ဖြစ်ကြတဲ့ ယဉ်ကျေးမှုရေးရာအမတ်ကုန်းစွန်းချဲ့နဲ့ သူရဲကောင်းလေး ကျန်ကျောင်းတို့ဟာ နေရာအနှံ့မှာပေါင်ချိန်ကို လိုက်ရှာရင်းနဲ့ နှစ်ယောက်သား အမှုတွေကိုဖြေရှင်းရင်းပေါင်ချိန်ရှိရာ စုန့်ပြည်နဲ့ လျောင်ပြည်နယ်ကြားကမြို့လေးဆီကိုရောက်ရှိလာခဲ့ပြီးအတိတ်မေ့နေတဲ့ ပေါင်ချိန်ကို ရှာတွေ့သွားခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲ ပေါင်ချိန်ဟာ အတိတ်ကိုပြန်သတိရခဲ့ပြီးကုန်းစွန်းချဲ့ ကျန်ကျောင်း အပြင် အတိတ်မေ့စဉ်တုန်းက သိကျွမ်းခဲ့တဲ့ရှောင်မန်တို့နဲ့အတူ မြို့တော်ကို ပြန်လာခဲ့ပါတယ် အဲ့နောက်မှာတော့မင်းကြီးရဲ့အမိန့်အရ ဆန်းကြယ်လှတဲ့ ထျန်းမန်ကို မိတ်ဆွေတွေနဲ့အတူလိုက်လံရှာ‌ဖွေရင်း အမှုတွေကို ဖော်ထုတ်ရင်း မိမိအတိတ်မေ့ခဲ့ရတဲ့အကြောင်းအရင်းကိုပါ ရှာဖွေခဲ့ပါတော့တယ် အမှန်တရားတို့မည်သည်ပျောက်ကွယ်ရိုး ထုံးစံမရှိသည့်အလျောက် ပေါင်ချိန် ကုန်းစွန်းချဲ့ နဲ့ကျန်ကျောင်းတို့ဟာ ...

Young Justice Bao 3 ( 2006 )

2006
The Tudors(2010) Season 4 7.8
The Tudors(2010) Season 4 The Tudors(2010) Season 4ဇာတ်လမ်းတွဲအညွှန်း*******************************************အပိုင်း( ၁ မှ ၁၀ ) ထိ စ/ဆုံး*****အထူးသတိပေးချက်....မိသားစုနဲ့ အတူမကြည့်သင့်ပါ....*****S1,S2 ,3ပြီးလို့ Final S4 လာပါပြီဗျား.... စစ်ပွဲကိုအောင်နိုင်သူသာ သူရဲကောင်းဖြစ်တယ်... သို့မှာသာ လူတွေအားလုံးရဲ့ နှုတ်ဖျားမှာသမိုင်းကို ပြောင်းလဲစေသူ နိုင်ငံဂုဏ်ဆောင်တဲ့သူလို့  မှတ်ကျောက်တင်ခံရမယ်လို့ရှေးယခင်က မှတ်ယူခဲ့ကြတယ်...စစ်ပြေငြိမ်းရေးနဲ့ အမိနိုင်ငံ သာယာဝပြောဖို့အရေးထက်ပြဿနာတစ်စုံတစ်ရာတက်တာနဲ့  စစ်ပွဲကြီးဆီကို အရောက်လှမ်းဖို့ပဲစိုင်းပြင်နေကြတယ်..ဒီစီ:ရီးဟာ အင်္ဂလန်ဘုရင် King Henry VII ရဲ့အကြောင်းကို အဓိက ထားရိုက်ပြထားတာပါ...အဓိက မင်းသားအဖြစ် စူပါမန်း Henry Cavill နဲ့  Jonathan Rhys Meyers တို့ပါဝင်ထားပါတယ်....ဘုရင်တွေရဲ့ နိုင်ငံရေးခံယူချက်.... ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားပုံတွေ...အမျိုးသမီးတွေအပေါ် ဆက်ဆံပုံတွေအမျိုးမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်...  ပြီးတော့  Adults scenes တွေများလွန်းတာပါပဲ.... ဘုရင်က ရာဂလွန်ကဲသူဆိုတော့ဒီလိုအခန်းတွေများတာ မဆန်းပါဘူး...  NATALIE DORMER ဆိုတာ GAME OF THRONES မှာထဲက အဖော်အချွတ်ကြမ်းခဲ့တာ အားလုံးအသိပဲမလား... ညှို့အားတွေတော့ ...
7.8
TMDb: 7.8/10 437 votes
tv

The Tudors(2010) Season 4

2007

Genres

Archives