Channel Myanmar

Content at random


TV Series

14-year-old Mother(2006) TV Series 8
14-year-old Mother(2006) TV Series Jû yon sai no haha (2006)၁၄ နှစ်အရွယ်ကျောင်းသူလေးတယောက်မှာ ကိုယ်ဝန်ရှိလာတဲ့အခါလွန်ခဲ့တဲ့နှစ်တွေက မြန်မာကားအများစုမှာ အိမ်ထောင်ရေးပြဿနာ တွေ တဒင်္ဂစိတ်လွတ်လို့ ဘဝပါပျက်ရတာတွေကို ဇာတ်ဆင်ဖွဲ့ ရိုက်ကြပေမယ့် ပေါ့ပေါ့လေးရိုက်တဲ့အချိန်မှာ ပေါ့ပေါ့လေးထွက်လာပြီး အနှစ်သာရနဲ့ပညာပေးဆိုတာဘယ်နားနေခဲ့မှန်းမသိပါဘူး။ ဒါပေမယ့် ဒီဇာတ်လမ်းတွဲလေးမှာတော့ တကယ့်ဒရာမာ အရသာစစ်စစ်ကိုခံစားရပြီး ကြည့်ပြီးတဲ့အခါ ကြည့်ရကျိုးနပ်လိုက်တာလို့ခင်ဗျားတို့တွေးနေရပါလိမ့်ဆိုတာ ကျွန်​​တော်​အာမခံရဲပါတယ်။၁၄ နှစ်အရွယ်ကျောင်းသူ အီချိနိုဆေး မီကီ သူကတော့ပေါ့ပေါ့ပါးပါးတက်တက်ကြွကြွနဲ့ အပူအပင်မရှိ နေ့စဉ်ဘဝဖြတ်သန်းနေသူလေး မောင်လေးတယောက်ရှိပြီး အဖေနဲ့အမေနဲ့ကလည်း အလုပ်ကြိုးစားလို့ သာယာချမ်းမြေ့တဲ့ မိသားစုရိပ်မြုံပိုင်ဆိုင်ထားရတယ်။ တဖက်က ဆာတိုရှီ ကီရီနို ဖခင်ဆုံးသွားတဲ့နောက် အမေဖြစ်သူရဲ့ကြီးမားတဲ့မျှော်လင့်ချက်တွေအောက်မှာ ဖိအားတွေနဲ့လှုပ်ရှားနေရသူ။ ဒီကလေးနှစ်ယောက်ဆုံတွေ့မိပြီး မထင်မှတ်ထားတဲ့အခြေအနေတခုမှာ မှားယွင်းမိတဲ့အခါ။အပြင်လောကမှာလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေနဲ့ယှဉ်ပြီး ဆယ်ကျော်သက်မိန်းကလေးအတွက် ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်းနဲ့ အန္တရာယ် နောက်ဆက်တွဲအကျိုးဆက်တွေအကြောင်းကို မြင်သာထင်သာအောင်အကောင်းဆုံး message ပေးထားနိုင်တဲ့ ဇာတ်လမ်းတွဲတပုဒ်ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကိုဘယ်လိုထိန်းသိမ်းသင့်လဲ။ နှစ်ဦးသဘောတူပဲဖြစ်စေ အဓမ္မအပြုခံရသည်ဖြစ်စေ ဒီလိုအခြေအနေရောက်လာရင်ရော ကိုယ်ဆိုရင်ဘယ်လိုဖြေရှင်းမှာလဲ။ ၁၄ နှစ် ၁၅ နှစ်အရွယ်တွေမှာ ချစ်ပိုင်ခွင့်မရှိဘူးလား။ သင်သာ မီကီရဲ့ဆွေမျိုးသားချင်းဖြစ်ခဲ့ရင် ဘယ်လိုအကြံပေးမိမလဲ။ မီကီကရော ပတ်ဝန်းကျင်ကိုရင်ဆိုင်ပြီး ကလေးကိုမီးဖွားနိုင်မှာလား။၂၀၀၆ အောက်တိုဘာ ၁၁ ရက်ကနေ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ NTV ကနေထုတ်လွှင့်ပြသခဲ့တဲ့ ဒီစီးရီးဟာ ကြာချိန် ၄၄ မိနစ် ပျှမ်းမျှနဲ့ အပိုင်း ...
8
TMDb: 8/10 2 votes
tv


2006
Rich Man (2018) TV Series 6
Rich Man (2018) TV Series ကဲ အားလုံး​မျှော်​လင့်​​နေကြတဲ့ EXOရဲ့ Leader ကြီးSuho main lead အဖြစ်​ပါဝင်​ထားတဲ့ Rich Man, Poor Woman ဆိုတဲ့romatic comedy ကား​လေးကိုတင်ဆက်ပေးလိုက်ပါပြီNext In ဆိုတဲ့ ITကုမ္ပဏီတစ်​ခုရဲ့ CEO ဖြစ်​တဲ့ လီယိုချန်း( suho ) ဟာလူငယ်​ကျွမ်းကျင်​ပညာရှင်​​တွေ အလုပ်​ဝင်​ချင်​ဆုံးကုမ္ပဏီကိုတည်​​ထောင်​ထားသူဖြစ်​ပါတယ်​။အသက်​၂၀​ကျော်​နဲ့ ကုမ္ပဏီတစ်​ခုကိုတည်​​ထောင်​ထားတဲ့ လီယိုချန်းဟာကိုယ့်​ကိုကိုယ်​အထင်​ကြီးပြီး လူ​တွေကို​တော်​ရုံတန်​ရုံနဲ့မယုံတတ်တဲ့အပြင်​လူ​တွေရဲ့မျက်​နှာကို မှတ်​မိနိုင်​စွမ်းမရှိပါဘူး။ ဂျယ်​ဂျူကျွန်းမှာ ​မွေးဖွားခဲ့တဲ့ကင်​ဘိုရာ(Ha Yeon-Soo) က​တော့ ထက်​မြတ်​ပြီး မိသားစုကဂုဏ်​ယူရတဲ့​ကောင်​မ​လေးတစ်​​ယောက်​ပါ။ ဆိုလ်းမှာ​ကျောင်းတတ်​​နေတဲ့ သူမကိုမိသားစုက ​အများကြီး​မျှော်​လင့်​ထားပြီး သူမရဲ့အိမ်​မက်​က​တော့Next In မှာအလုပ်​ရဖို့ပါပဲ။ သွက်​လက်​ထက်​မြတ်​တဲ့ ​ကောင်​မ​လေးကင်​ဘိုရာကို သ​ဘောကျတဲ့ Nest In ရဲ့ ဒုဥက္ကဌအဖြစ်​ မင်​ထယ်​ဂျို(Oh Chang Suk)က ပါဝင်​သရုပ်​​ဆောင်​ထားပြီး လီယိုချန်းကိုစိတ်​ဝင်​စား​နေတဲ့ မင်​ထယ်​ရာက​တော့ မင်​ထယ်​ဂျိုညီမ ပြခန်းမှူးတစ်​​ယောက်​ပဲဖြစ်​ပါတယ်​။ဒီကား​လေးက 2012ကထွက်​ရှိထားတဲ့ ဂျပန်​ romatic ကား​လေးကိုပြန်​လည်​ရိုက်​ကူးထားတာဖြစ်​ပြီး ...
6
TMDb: 6/10 1 votes
tv

Rich Man (2018) TV Series

2018
Westworld Season(1) [Complete] အိမ်မက်ကနိုးလာတော့ရော ဘာထူးမယ့်ဘဝကြီးလဲ...နေချင်တဲ့နေရာမှာ စိတ်ချလက်ချပျော်ရွှင်လိုက်ယုံဟာ ကိုယ့်ရှင်သန်မှုလား...ဒါပေမယ့် ဒီအချက်ကိုသိသွားရင်တော့ အရာအားလုံးဟာ အသက်မဲ့...အဓိပ္ပါယ်မဲ့....မှုန်ဝါးပျောက်ကွယ်...တစ်ယောက်က တစ်ယောက်ကို ဖန်ဆင်းရင်း ဘဝရဲ့အဓိပ္ပါယ်တွေဆိုတာ ဖန်ဆင်းရှင်ထက်ပိုလာတယ်...ကိုယ့်ရဲ့တစ်နေ့တာတွေဟာ ရှင်သန်ယုံနဲ့ပဲ အဓိပ္ပါယ်ရှိရောလား...သိပ်ကိုသေချာပါတယ်....ဒါဟာ အိမ်မက်ဘဝကြီးပဲ...Westworld ဟာ ကိုယ်တို့ရှင်သန်နေကြ အိမ်မက်တစ်ခုပါပဲ.....Westworld ဟာ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်လာမယ်...ကိုယ်တို့သမိုင်းကိုပြန်မြင်လာမယ်....ကိုယ့်ခံစားချက်တွေကိုအိမ်မက်နေမယ်...Westworld ဟာ ကိုယ်တို့ ရှင်သန်မှုတွေကို လှောင်ရယ်နေမယ်....သိုဝှက်တတ်တဲ့ဒီစီးရီးကြောင့်ကြောင်တောင်တောင်ဖြစ်ခဲ့ရင် ကိုယ့်ဘဝနဲ့သိပ်ကိုက်နေတယ်ဆိုပြီး တိတ်ဆိတ်စွာ ဆက်ကြောင်နေလိုက်ပါ။HBO ရုပ်သံလိုင်းက တင်ဆက်နေတဲ့ Westworld စီးရီးဟာ နာမည်ကြီး Game of Thrones စီးရီးနဲ့တန်းတူထားတဲ့ ကျော်ကြားမှုရှိပါတယ်။IMDb (8.9) ..Rotten Tomatoes (90%) ရရှိထားတဲ့အပြင် Cast တွေကလဲ နာမည်ကြီးတွေဖြစ်ပါတယ်။မင်းသမီး Evan Rachel Wood ကတော့ ဒီစီးရီးမှာ အထူးတိမ်းညွှတ်စရာပါ။ထူးခြားတဲ့အိုင်ဒီယာတွေနဲ့ နာမည်ကြီးလှတဲ့ ဒီစီးရီးကို Channel Myanmar အနေနဲ့ အဆက်မပြတ်ဆက်လက် တင်ဆက်သွားပါ့မယ်။(ဘာသာပြန်တင်ဆက်ထားသူများကတော့ MgKing , Hein ...

Westworld Season(1) [Complete]

Siren Season 1 [COMPLETE] 7.7
Siren Season 1 [COMPLETE] CM ပရိတ်သတ်တွေထဲမှာရေသတ္တဝါတွေကို စိတ်ဝင်စားတဲ့သူရှိလား..ရေသတ္တဝါထဲမှာမှ ထူးထူးခြားခြားရေသူမကို စိတ်ဝင်စားတဲ့သူရှိလား...ရေသူမတွေကကော အပြင်မှာတကယ်ရှိတာလား...မြန်မာနိုင်ငံမှာဆိုရင် ငပလီကမ်းခြေမှာ ရေသူမရုပ်ကို ရောက်ဖူးသူတိုင်းမြင်ဖူးကြမှာပါ..ရေသူမအကြောင်း ရိုက်ထားတဲ့ Disney က The Little Mermaid ကာတွန်းကားကိုလဲ ရုပ်ရှင်ချစ်သူတိုင်းကြည့်ဖူးကြမှာပါ..ရေသူမက ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်ပါတယ်...ဒီအချိန်ထိ ရေသူမ ရှိလားမရှိလား ကို အတိအကျမသိသေးပါဘူး...ယနေ့ထက်တိုင် ရှာဖွေနေဆဲဖြစ်ပါတယ်...တချို့တွေက ရေသူမဆိုတာအရမ်းလှတယ်တဲ့...တချို့တွေက ရေသူမဆိုတာ အစွယ်တွေနဲ့ လူတွေကို ဒုက္ခပေးတယ်...တံငါသည်နဲ့ ရေသူမပုံပြင်ဆိုပြီး အမျိုးမျိုးပြောကြပါတယ်...ဘယ်လိုပဲဖြစ်ဖြစ် ရေသူမ ဆိုတာနဲ့ လူတိုင်းလိုလို စိတ်ဝင်စားကြပါတယ်...ဒီတခေါက် တင်ဆက်ပေးမယ့် "Siren"ဆိုတဲ့ ဇာတ်လမ်းကလဲ ကြည့်ရှုသူရင်ကို သိမ်းပိုက်မယ့် ဇာတ်လမ်းတစ်ခုဖြစ်ဦးမှာပါ...ဒီကားက မတ်လ ၂၉ရက်နေ့ကမှ ထွက်ရှိထားတာပါ...အညွှန်း- ရေသူမရှိတယ်ဆိုပြီး အစွဲအလမ်းကြီးတဲ့မြို့တစ်မြို့...ရေသူမသူငယ်ချင်းနှစ်ယောက် ရေကူးနေတုန်း သူငယ်ချင်းဖြစ်သူပိုက်ကွန်ထဲပါသွားလို့ ကုန်းပေါ်အထိ တက်ရှာတဲ့ ရင် ဆိုတဲ့ ရေသူမလေး...ရေသတ္တဝါတွေကို စိတ်ဝင်စားပြီး စောင့်ရှောက်ပေးနေတဲ့ ဘန်...ရင် ဟာ နေ့ဘက်ဆိုလူဖြစ်ပြီး ညဘက်ဆို ...
7.7
TMDb: 7.7/10 619 votes
tv

Siren Season 1 [COMPLETE]

2018
Krypton Season 1 [COMPLETE] 7
Krypton Season 1 [COMPLETE] ဒီနေ့မှာ စတင်ပြသပြီး IMDB Rating ….7.4 ရထားတဲ့အပါတ်စဉ်ကြာသပတေးနေ့တိုင်းတစ်ပါတ်ကိုတစ်ပိုင်းထုတ်လွင့်ပြသပေးမယ့် တီဗီစီးရီးလေးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ကျွန်တော်တို့ရဲ့ စူပါဟီးရိုးကြီး စူပါမန်း Kal-El ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေ Krypton ဂြိုလ်နဲ့သူရဲ့အဘိုးဖြစ်သူ ဆဂ်-အယ်လ်တို့အကြောင်း တင်ဆက်ထားတဲ့စီးရီးလေးပါ။ကြည့်ရှုပြီးသူများရဲ့ ၇၅% ကျော်ကဆီကနေလည်း Positive review လေးတွေရထားပါတယ်။တစ်ချို့ကတော့ အာကာသထဲက Game of Throne စီးရီးအလား တင်စားကြပြီးတင်ဆက်မှုကောင်းကောင်း ဇာတ်လမ်းဇာတအိမ််ခိုင်ခိုင်မာမာရှိတဲ့စီးရီးကြည့်ချင်ရင်ဒီစီးရီးလေးကြည့်ကြပါတဲ့ဇာတ်လမ်းအကျဉ်းလေးကတော့…………စူပါမန်းမမွေးဖွားခင် နှစ်ပေါင်း ၂နှစ်ရာကျော်လောက်တုန်းက အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။အဲဒီအချိန်မှာ ခရစ်ပတွန်ဂြိုလ်မှာ The Voice of Rao လို့ခေါ်တဲ့ မျက်နှာဖုံးစွပ်အရှင်သခင်ကြီးကKrypton ဂြိုလ်မှာကြီးစိုးထားပြီး အားလုံးက သူ့သြဇာအာဏာကို နာခံကြရပါတယ်။ဒီစကြာဝဠာတစ်ခုလုံးမှာလည်း Kryptonဂြိုလ်တစ်ခုတည်းသာတည်ရှိနေတယ်လို့ယုံကြည်လက်ခံထားကြပါတယ်။စူပါမန်းရဲ့ အဘေး(Great Great Grandfather) ဗယ်လ်-အယ်လ်ကအတော်ဆုံးသိပ္ပံပညာရှင်သြဇာအာဏာရှိသူတစ်ဦးဖြစ်ပါတယ်။တစ်နေ့မှာတော့ ဒီစကြာဝဠာမှာ သူတို့သာမဟုတ် တခြားဂြိုလ်တွေလည်း ရှိနေသေးတယ်လို့သူ ယုံကြည်လက်ခံလာပါတယ်။ဒီအတွက် ဗယ်လ်-အယ်လ်ကို ပုန်ကန်သူအဖြစ် သေဒဏ်ပေးခဲ့သလိုစူပါမန်းတို့ရဲ့မျိုးနွယ် “အယ်လ်” အိမ်တော်ကိုလည်း ရာထူးရာခံတွေအားလုံး ...
7
TMDb: 7/10 2 votes
tv

Krypton Season 1 [COMPLETE]

2018
The Flash Season (4) [COMPLETE] 8.9
The Flash Season (4) [COMPLETE] Season 3 အပြီးမှာပြသပြီဖြစ်တဲ့ The Flash Season 4 (The Flash Reborn)ဟာRating 8.9 အထိရရှိထားပြီး မူရင်းရုပ်သံလိုင်းကနေပြန်လည်ထုတ်လွှင့်ပြီဖြစ်ပါတယ်စောင့်မျှော်နေကြတဲ့ Flash Fan တို့အတွက်တော့အားရမယ့် Season တစ်ခုတော့ဖြစ်လာလိမ့်မယ်လို့ ထင်ထားမိပါတယ် အားလုံးသိတဲ့အတိုင်း Season 3 နောက်ဆုံးပိုင်းမှာBarry ဟာ Speed Force Prison ထဲကိုဝင်ရောက်သွားခဲ့ပါတယ်အခု Season 4 မှာတော့ ဘယ်ရီတစ်ယောက် Speed Force ထဲကိုဝင်သွားပြီးနောက်6 လအကြာမှာ ဇာတ်လမ်းပြန်စထားပါတယ်..ဘယ်ရီမရှိလို့ ဝေါလီ နဲ့ စစ်စကို တို့၂ယောက်သားမြို့ကိုကာကွယ်နေကြပြီး အိုင်းရစ် ကတော့ ညွှန်ကြားတဲ့အပိုင်းပေါ့ဘယ်ရီမရှိတဲ့အဖွဲ့ဟာလိုအပ်ချက်တွေရှိနေပေမယ့် အကောင်းဆုံးကြိုးစားကြပါတယ်ဒါပေမယ့် Flash နဲ့ စိန်ခေါ်တိုက်ခိုက်လိုတဲ့ ဆာမူရိုင်းတစ်ယောက် ရောက်လာတဲ့အခါKid Flash နဲ့ စစ်စကို တို့လည်းမနိမ်နင်းနိုင်တော့ပါဘူး..ဒီဆာမူရိုင်းဟာလည်းFlash ထွက်မလာရင် မြို့ကိုဖျက်ဆီးပစ်မယ်လို့ဆိုတဲ့အခါမှာတော့အိုင်းရစ် စစ်စကို နဲ့ ဝေါ်လီ တို့ဘာတွေဆက်လုပ်ကြမလဲ..ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာတော့ ...
8.9
TMDb: 8.9/10 votes
tv

The Flash Season (4) [COMPLETE]

2017
Lucifer Season 1 [COMPLETE] 7.3
Lucifer Season 1 [COMPLETE] DC comic ကို အခြေခံထားပြီး လက်ရှိမှာတော့ Imdb 8.7 နဲ့ ရပ်တည်နေပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ဖန်ဆင်းရှင် God ရဲ့ ကောင်းကင်တမာန် စေတန် သို့မဟုတ် The Devil သို့မဟုတ် လူစီဖာ လို့ သိကြတဲ့ ငရဲမင်းကြီးဟာ ငရဲပြည်ကို ပျင်းရိလာပြီး လော့စ်အိန်ဂျလိ ကို ခရီးထွက်လာခဲ့ပါတယ်။အဲဒီမှာပဲ သူ့ရဲ့ မိတ်ဆွေဟောင်း မိန်းကလေးအသတ်ခံရပြီး လူသတ်တရားခံကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ဒီအမှုကို သူကူညီပေးမိတဲ့ စုံထောက်မလေးဟာ ထူးဆန်းစွာပဲ သူ့ရဲ့အစွမ်းတွေကို ခံနိုင်ရည်ရှိနေတဲ့အတွက် စိတ်ဝင်စားမိပြီး.............ဒီဇာတ်လမ်းတွဲကို ကြိုက်ရတဲ့အကြောင်းတွေက အတော်များပါတယ်။ပထမဆုံးအနေနဲ့တော့ အမြဲတမ်း ကြောက်စရာဇာတ်ကောင်ဖြစ်နေခဲ့တဲ့ လူစီဖာ ကို ဇာတ်လိုက်အနေနဲ့ တွေ့ရမှာကိုက စိတ်လှုပ်ရှားစရာပါ။ဒုတိယကတော့ ဒီဇာတ်လမ်းတွဲ အပိုင်း ၁ မှာ ဘာမှ ထူးခြားတဲ့စွမ်းအင် ကြီးမားတဲ့ရန်သူကို မတွေ့ရပါဘူး။ကျတော့် အကြိုက်ဆုံး စူပါနေထရယ်စီးရီးလိုပဲ တဖြည်းဖြည်း ဆွဲခေါ်လာလိမ့်မယ်ထင်ပါတယ်။နောက်တစ်ခုကတော့ ...
7.3
TMDb: 7.3/10 740 votes
tv

Lucifer Season 1 [COMPLETE]

2016
Arrow Season (6)
Arrow Season (6) Arrow Season 6 စပါပြီ... Season 5 ဇာတ်သိမ်းမှာ အေဒရီယန်ချေ့ကြောင့် လိုင်ယန်ယုကျွန်းကြီးတစ်ကျွန်းလုံးပေါက်ကွဲသွားပါတယ်။ ကျွန်းပေါ်မှာကျန်ခဲ့တဲ့သူတွေအားလုံးဟာ တကယ်ပဲသေဆုံးသွားကြမလား။ ဘယ်လိုတွေလုပ်ပြီးလွတ်မြောက်သွားကြမှာလားဆိုတာကို ယခု season 6 episode 1 မှာ မြင်တွေ့ကြရမှာပါ။ အိုလီဗာတစ်ယောက်ဟာလည်း မြို့တော်ဝန်ကောင်းတစ်ယောက်အပြင် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားရတော့မယ့် အခြေအနေကိုရောက်ရှိလို့လာပါတယ်။ canary ၂ ယောက်ရဲ့အားပြိုင်မှုကိုလည်းထပ်ပြီးမြင်တွေ့ကြရမှာပါ Slade Wilson a.k.a Death Stroke ကရော ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုရတော့မှာပါ   Translator....Ye Man Aung Encoder......Moe Myint LwinArrow Season 6 Complete Zip File   Vip  /  Yoteshin[1-12]  / Yoteshin[13-23]

Arrow Season (6)

Gotham Season (2)
Gotham Season (2) Channel Myanmar မှတင်ဆက်ပေးနေတဲ့ DC comic ရဲ့ အထင်ကရ Superhero တစ်ဦးဖြစ်တဲ့ Batman ရဲ့ငယ်ဘဝက Gotham မြို့အကြောင်း ရိုက်ကူးထားတဲ့ Gotham TV Series ကတော့ Season 2 ကိုရောက်ရှိလာခဲ့ပါပြီ။ ဒီ စီဆန် ၂ မှာတော့ ပင်ဂွင်း The Riddler တို့ရဲ့ အခန်းကဏ္ဏတွေက တော်တော် အရေးပါလာပါပြီ။ ဒီဆီစန် ၂ မှာတော့  စီဆန် ၁ ကလောက် ဇာတ်သိပ်မအေးတော့ပဲ မထင်မှတ်ထားတဲ့ ဇာတ်အပြောင်းအလဲတွေနဲ့ စိတ်ဝင်တစားကြည့်ရမှာပါ အမေချစ်သား ပင်ဂွင်းရဲ့ သနားစရာ အဖြစ်အပျက်ကို တွေ့ရမှာပါ ဘာကြောင့် အပေါင်းအသင်းဝင်ဆံ့ချင်ပြီး စိတ်ကောင်း အနည်းငယ်ရှိတဲ့ လူတစ်ယောက်က လုံးဝမညှာတာတက်တော့တဲ့လူတစ်ယောက် ဘယ်လိုဖြစ်သွားလဲဆိုတာ တွေ့ရမှာပါ။ ရာဇဝတ်မှု့တွေ အနိုင်လိုချင်မှု့တွေ လောဘတွေ ပြည့်နှက်နေတဲ့လူတစ်စုနဲ့ အတူဂေါသမ် ကတော့ စုတ်ချက်ကြမ်းကြမ်းနဲ့ ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်လိုဖြစ်နေပါတယ်။ အဲ့မြို့မှာ ဂျင်မ်ဂေါ်ဒွန်လို ဦးဦး အမှန်တရားကြီးတောင် ကောင်ကျစ်တဲ့ ...

Gotham Season (2)

Grand Prince (2017) 7
Grand Prince (2017) အမိုက်စားကိုရီးကား နန်းတွင်းကားသစ်လေးကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ် My flower boy next door (ဘေးအိမ်က ကိုလူချော )ဇာတ်လမ်းလေးမှာ ပရိသတ်စိတ်ဝင်စားမှုရထားတဲ့ Yoon-Si-Yoon ကို ခေါင်းဆောင်မင်းသား တင်ရိုက်ထားတဲ့ကားလေးပါ ဒီလိုပြောလို့ အပြိုင်မင်းသားကိုလည်း လျှော့မတွက်နဲ့ Good Doctor ထဲက ကင်ဒိုဟန်အနေနဲ့သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် Joo Sang-Wook ပါ မင်းသမီးကလည်း ခေသူမဟုတ်ဘူးနော် Doctor strange ကားထဲက နှစ်ကိုယ်ခွဲသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Jin-Se-Yun တစ်ယောက်ပေါ့ တခြား တခြားသောနာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေကလည်း ပံ့ပိုးထားကြသေးတာနော် 4 minute အဖွဲ့ဝင်ဟောင်းတစ်ယောက်လည်း ပါသေးတယ် ဘယ်သူဆိုတာ ဇာတ်လမ်းကြည့်ပြီးအဖြေထုတ်ကြည့်ပါ ဘယ်သူမဆို ကိုယ်ချစ်မိသွားတဲ့ ချစ်ရတဲ့သူ ကိုယ့်ကိုယ်ပြန်ချစ်တာ လိုချင်ကြမှာပါ ဒီအတိုင်းပဲ ချစ်ရတဲ့သူကို အရယူဖို့ ဘာနည်းမဆိုသုံးမယ်ဆိုတဲ့ အချစ်ကြမ်းသူမျိုးရှိသလို ချစ်ရတဲ့သူကို ဘယ်လိုအခြေအနေမျိုးထဲကမဆို စွမ်းစွမ်းတမံ ...
7
TMDb: 7/10 2 votes
tv

Grand Prince (2017)

The Good Witch
The Good Witch    03 Mar 2018 မှာ စတင်ပြသခဲ့တဲ့ ကိုရီးယား ရုပ်သံဇတ်လမ်းတွဲ တစ်ခု နဲ့ CM ပရိတ်သက်ကို မိတ်ဆက်ပေးချင်ပါတယ် ဇတ်လမ်းတွဲနာမည်ကတော့ The Good Witch ဖြစ်ပါတယ် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အပိုင်းသစ်များကို တင်ဆက်ပေးသွားမှာပါ ဒီရုပ်သံ ဇတ်လမ်းတွဲမှာတော့ မြန်မာပြည် ပရိတ်သက်များနဲ့ မစိမ်းတဲ့ ချိုဝမ် (Lee Da Hae) က ၂ ကိုယ်ခွဲ အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... ဇတ်လမ်းပုံစံကတော့ ရဲဝန်ထမ်းကောင်း တစ်ဦး မိသားစု မှာ အမွှာ ညီအစ်မ အဖြစ် ဆန်ဟီး နှင့် ဒိုဟီး ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီး ၂ ယောက် ရှိပြီး သားအမိ သားအဖ ၄ ယောက်ရဲ့ ပျော်ရွှင်စရာ ဘ၀လေး အဖြစ် ရှိနေခဲ့ပါတယ်... တစ်ရက်မှာတော့ အမွှာညီအစ်မ ရဲ့ အဖေဖြစ်သူဟာ တာဝန်ဖြင့် ကင်းလှည့်ရင်း အသတ်ခံလိုက်ရပြီး တရားခံလဲ မပေါ်ခဲ့ပါဘူး ဖခင် မရှိတော့တဲ့ ၂ယောက် အမေကို ...

The Good Witch

Memory Lost (2016)
Memory Lost (2016) ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့ပြီး Season 3 ထွက်တဲ့အထိအောင်မြင်မှုရှိခဲ့တဲ့ တရုတ်စီးရီး Romance Crime အမျိုးအစားဖြစ်ပြီး စိတ်ဝင်စားစရာအမှုမျိုးစုံနဲ့ စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးတဲ့သူကလည်း Love me if you dare, When a snail fall in love တရုတ်စီးရီးကောင်းတွေကို ရေးခဲ့တဲ့သူဖြစ်တာကြောင့် ဒီစီးရီးလေးကလည်း အရင်စီးရီးတွေအတိုင်း စိတ်ဝင်စားစရာ အပြည့်နဲ့စီးရီးလေးပါ။ တခြား မှုခင်းဇာတ်လမ်းတွေနဲ့ ကွဲထွက်နေမှာကတော့ ဒီဇာတ်လမ်းမှာ ရင်ဆိုင်တွေ့ရမယ့် ဗီလိန်တွေဟာ တစ်ဦးတစ်ယောက်တည်း မဟုတ်ပါဘူး။ စိတ်ညှို့ကျွမ်းကျင်ပညာရှင်တွေ ကွန်ပျူတာဟက်ကာသမား လက်ဖြောင့်သေနတ်သမား အဆိပ်ကျွမ်းကျင်ပညာရှင် ဖောက်ခွဲရေးကျွမ်းကျင်ပညာရှင် ပန်းချီကျွမ်းကျင်တဲ့စိတ္တဇလူသတ်သမား အားလုံးပါဝင်နေပြီး တက်ညီလက်ညီစည်းလုံးတဲ့ အဖွဲ့ကြီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ကျော်လွှားကြမှာလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ပါ ဇာတ်လမ်းအကျဉ်းလေးကတော့…....... “ပိုင်ကျင်ရှီး” ဆိုတဲ့ မိန်းမချောလေးက အတိတ်ကိုမေ့နေပေမယ့် တိုက်ခိုက်ရည်စွမ်းရည် အပြည့်နဲ့ သွက်လက်ထက်မြက်တဲ့ရဲမေတစ်ဦးပါ.. ရဲတပ်ဖွဲ့အတွက်မှုခင်းတွေကို ထောက်လှမ်းပေးရင်း ကောက်ကြောင်းပုံဖော်ရတဲ့ မှုခင်းစိတ်ပညာ ကျွမ်းကျင်သူလေးတစ်ဦးလည်းဖြစ်တယ်.. တစ်နေ့တော့ ...

Memory Lost (2016)

2016
Legion Season 2 7.7
Legion Season 2 ကဲ Marvel Fan တွေအတွက် စီးရီးတစ်ခုရောက်လာပါပြီ မနှစ်က စီစန် ၁ထွက်ရှိခဲ့ပါတယ်။Legion ဆိုတဲ့စီးရီးလေးပါ comic တွေထဲမှာ Legion က Professor X ရဲ့သားဖြစ်သူပါ။ အဲ့တော့ သူရဲ့ super power ကိုခန့်မှန်းလို့ရပြီပေါ့နော်စီးရီးအကျဉ်းလေးကတော့ David Haller(Legion)ဟာ စိတ်ရောဂါဆန်ဆန်ဖြစ်နေပြီး သူတွေ့ကြုံနေရတာတကယ်လားအိမ်မက်လားဝေခွဲမရဖြစ်နေပါတယ် အဲ့အချိန်မှာပဲ Mutant အဖွဲ့ကနေလာရောက်ခေါ်ဆောင်သွားပြီးအကူအညီပေးပါတယ် သူရဲ့ပျောက်ဆုံးနေတဲ့မှတ်ဥာဏ်အစိတ်အပိုင်းလေးတွေကိုစုစည်းပြီး သူရဲ့တကယ့်စွမ်းအင်ပြန်ရအောင်ကြိုစားတာပါRotten Tomatos 90% ထိရရှိထားပြီး Audience score 80% ထိရရှိထားတဲ့ဇာတ်လမ်းတွဲလေးပါ  File Size : (350 MB) Quality : WEB-DL 720p Running Time : 1hr  Format : Mp4 Genre : Action, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB.H264-DEFLATE Translated by Hein Min Tun Encoded by Thanhtike ...
7.7
TMDb: 7.7/10 383 votes
tv

Legion Season 2

2017
Legion Season 1 [COMPLETE] 7.7
Legion Season 1 [COMPLETE] Marvel Universe ထဲမှာ Franklin Richards တို့ Phoenix (Jean Grey)တို့လို Omega Level Mutant တွေနဲ့ကောင်းကောင်းကြီးရင်းနှီးနေခဲ့ပေမယ့် အမေ့လျော့ခံ Mutant တစ်ယောက် အထူးသဖြင့် Omega Level Mutant တစ်ယောက်ရှိနေခဲ့တယ်။တော်တော်များများဟာ X-Men ကားတွေကို ကြည့်ပြီးနောက် Professor X ကို လေးစားခဲ့ရမှာ အမှန်ပဲ၊ သူ့စွမ်းအားတွေကိုလည်း အားကျမိခဲ့ကြမယ်၊ ဒါပေမယ့် သူ့ရဲ့သား David Hallerကတော့ ထိန်းချုပ်ဖို့မဖြစ်နိုင်လောက်အောင် စွမ်းအားတွေကြီးလွန်းနေခဲ့တယ်။ငယ်စဉ်ကတည်းက ပုံမှန်မဟုတ်ခဲ့သူ၊ Charles လိုပဲ နေရင်းထိုင်ရင်း ခေါင်းထဲကနေ အသံတွေကြားနေခဲ့ရတယ်၊ သူ့ရဲ့ မကောင်းဆိုးဝါးကိုလည်း အိပ်ရင် မြင်နေခဲ့ရတယ်။” အဲဒီအသံတွေက မင်းကို ဘာလုပ်ရမယ်လို့ ခိုင်းတာလား မဟုတ်ဘူး ကျွန်တော့်ကို တားတာ.. ”တစ်နေ့အသံတွေကြားတာလွန်လာတော့ အရက်တွေသောက်ပြီး သောင်းကျန်း၊ ရဲတွေလာဖမ်းခဲ့၊ စိတ်လွတ်လွန်းသွားခဲ့ပြီး သူ့ရဲ့ စွမ်းအားတွေ ထုတ်သုံးမိသွားခဲ့တယ်။အဲဒီတော့လည်း စိတ္တဇဆေးရုံရောက်လာခဲ့တယ်၊ ကိုယ်ကိုကိုယ် ၀ါယာကြိုးသုံးပြီး ဆွဲကြိုးချသတ်သေဖို့ကြိုးစား၊ ၀ါယာကြိုးလောင်သွားပြီး မသေခဲ့ဘူး၊ နောက်ဆေးရုံတစ်ခုရောက်လာခဲ့ပြန်တယ်၊ အဲဒီနေရာဟာ ...
7.7
TMDb: 7.7/10 383 votes
tv

Legion Season 1 [COMPLETE]

2017
Altered Carbon 8.1
Altered Carbon Netflix က TV Series တွေ ကြည့်ဖူးတဲ့သူတွေကတော့ သိမှာပါ netflix က TV Series တွေ ဆိုရင် ဘယ်လို ရင်သက်ရှုမောနေရအောင် ကောင်းလဲဆိုတာ 13 reasons why လို TV Series မျိုးကို Channel Myanmar ကနေ တင်ဆက်ပေးဖူးပါတယ် လူတိုင်း ရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တယ် အခု Altered Carbon လဲ ထို့အတူပါပဲ ဒါပေမယ့် မတူတာက ဒီ TV Series ဟာ ၁၀ ပိုင်း ထဲ သာ ထွက်ရှိထားပြီး အပိုင်း တစ်ခုတိုင်း လိုလို ကိုယ်လုံးတီး အခန်းတွေ နဲ့ လိင်ဆက်ဆံတဲ့ အခန်းတွေ ပြည့်နှပ်နေပါတယ် ဇတ်လမ်းက အဲ့ဒီလိုကြီးလားဆိုတော့လဲ မဟုတ်ပြန်ပါဘူး အပစ်အခတ်တွေ သွေးသံရဲရဲ မြင်ကွင်းတွေကိုလဲ မြင်ရမှာပါ သေချာသလောက်ကတော့ ဒီ TV Series ကို မိသားစု နှင့်  အတူမကြည့်သင့်ပါဘူး 21+ အဆင့်လောက် ညွှန်းပါရစေ.. ဇတ်လမ်းပုံစံကတော့ နာမည်ကြီးတဲ့ ကြေးစားသွေးအေး ...
8.1
TMDb: 8.1/10 155 votes
tv

Altered Carbon

2018
The End of the F***ing World (2017) Season 1 [COMPLETE] 7.9
The End of the F***ing World (2017) Season 1 [COMPLETE] Wow! စီးရီးနာမည်နဲ့တင် ကြည့်ချင်စရာကောင်းသွားပါပြီ။2017 အောက်တိုဘာလမှာ Netflix မှာ စတင်ထုတ်လွှင့်ပြသခဲ့ပြီး လူငယ် ဆယ်ကျော်သက်ပရိသတ်တွေရဲ့ အားပေးမှုကိုအများဆုံးရရှိထားတဲ့ စီးရီးတစ်ခုဆိုရင်လဲမမှားပါဘူး။ကိုယ့်ကိုယ်ကို စိတ်ဝေဒနာရှင်လို့သတ်မှတ်ထားတဲ့ ၁၇ နှစ်အရွယ် ဂျိမ်းစ်နဲ့ လူတကာကို ဘုကလန့်ဂွစာလုပ်တတ်တဲ့ ၁၇နှစ်အရွယ် အလစ်ဆာတို့ နှစ်ယောက်ဟာ တစ်နေ့တော့ သူတို့အိမ်ကနေ အတူတူထွက်ပြေးလာကြပြီး အလစ်ဆာရဲ့အဖေဆီ သွားဖို့ကြိုးစားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပင်ကိုဗီဇတွေက ဘယ်လိုမျိုးလဲ၊ သူတို့နှစ်ယောက် ဘယ်လိုစတွေ့ခဲ့ကြသလဲ၊ အိမ်ကနေထွက်ပြေးလာပြီး လမ်းမှာ ဘာတွေကြုံတွေ့ရသလဲဆိုတာကို အသေးစိတ်ရိုက်ကူးပြထားတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ ဂျိမ်းစ်နဲ့ အလစ်ဆာတို့ရဲ့ အတွေးလေးတွေကိုပါ ထည့်သွင်းထားတာလေးပါ။ အပြင်မှာစကားပြောလိုက်တာက တစ်မျိုးဖြစ်ပေမယ့် သူတို့စိတ်ထဲမှာကျ နောက်တစ်မျိုးတွေးနေတာကိုပါ ရိုက်ကူးပြထားတဲ့အတွက် ရုပ်ရှင်ကြည့်နေရင်း ကိုယ့်ရှေ့မှာ ဒီ ဆယ်ကျော်သက်ကောင်လေးနဲ့ ကေကာင်မလေး တကယ်ရောက်နေတယ်လို့တောင် ခံစားရလောက်ပါတယ်။ သူတို့ရဲ့စကားလုံးအသုံးအနှုန်းတွေဟာ အတော်ခေတ်ဆန်ပြီး ဟာသပြက်လုံးတွေကလဲ အရွဲ့တိုက်ပြက်လုံးတွေ အများဆုံးပါဝင်ပါတယ်။ ဆယ်ကျော်သက်ဘဝကို သေချာမီးမောင်းထိုးပြနိုင်ပြီး လူငယ်ပရိသတ်တွေ ...
7.9
TMDb: 7.9/10 84 votes
tv

The End of the F***ing World (2017) Season 1 [COMPLETE]

2017
Live 2018
Live 2018 လက်ရှိပြသနေဆဲ ဖြစ်သော TV Series တစ်ခုနဲ့ CM ပရိတ်သက်ကို မိတ်ဆက်ပေးချင်ပါတယ် Live ဆိုတဲ့ TV Series ဖြစ်ပါတယ် တစ်ပတ်မှာ ၂ ပိုင်း ထွက်ရှိပါတယ် ဇတ်လမ်းပုံစံကတော့ စတော့ရှယ်ယာတွေ အလိမ်ခံလိုက်ရတဲ့ လူလတ်ပိုင်း ကောင်လေး တစ်ယောက် နဲ့ မိန်းကလေး ဖြစ်နေပြီး ကျောင်းကောင်းကောင်းက ဘွဲ့မရရင် အလုပ်မရတဲ့ ခေတ်မှာ စိတ်လေနေတဲ့ ကောင်မလေးတစ်ယောက် နောက်ဆုံး ဦးတည်ချက်အနေနဲ့ ရဲဝန်ထမ်းဝင်လုပ်ရင် သက်တောင့်သက်သာ နဲ့ လူအထင်ကြီးလဲ ခံရမယ် လူရိုသေလဲ ခံရမယ်ဆိုပြီး ရဲဝန်ထမ်း စာမေးပွဲ ကို ၀င်ဖြေခဲ့ကြတယ် သူတို့ထင်ထားသလို လွယ်ကူနေမလား ခက်ခဲမလား ? ဒီဇတ်လမ်းကို ကြည့်မိတော့ ရဲဝန်ထမ်းတွေရဲ့ ဘ၀ကို စာနာ နားလည်နိုင်သလို သူတို့ ရဲ့ တာဝန်ယူမှုတွေ ပင်ပန်းမှုတွေကို ပိုပြီး နားလည်လာနိုင်သလို အလုပ်မရှိတဲ့ သူကို မိသားစုအတွင်း အနှိမ်ခံရတာတွေ အပေါင်းအသင်းတွေက အစ အထင်သေးတာတွေက ကိုယ်တွေ မြန်မာနိုင်ငံနဲ့ ကို ထပ်တူကျနေပါတယ် ကြိုပြောပါမယ် မင်းသားရော မင်းသမီးပါ မချောပါဘူး မလှပါဘူး မငယ်ပါဘူး ဇတ်လမ်းက ...

Live 2018

Genres

Archives