Channel Myanmar

Content at random


TV Series

Legion Season 1 [COMPLETE] 7.7
Legion Season 1 [COMPLETE] Marvel Universe ထဲမှာ Franklin Richards တို့ Phoenix (Jean Grey)တို့လို Omega Level Mutant တွေနဲ့ကောင်းကောင်းကြီးရင်းနှီးနေခဲ့ပေမယ့် အမေ့လျော့ခံ Mutant တစ်ယောက် အထူးသဖြင့် Omega Level Mutant တစ်ယောက်ရှိနေခဲ့တယ်။တော်တော်များများဟာ X-Men ကားတွေကို ကြည့်ပြီးနောက် Professor X ကို လေးစားခဲ့ရမှာ အမှန်ပဲ၊ သူ့စွမ်းအားတွေကိုလည်း အားကျမိခဲ့ကြမယ်၊ ဒါပေမယ့် သူ့ရဲ့သား David Hallerကတော့ ထိန်းချုပ်ဖို့မဖြစ်နိုင်လောက်အောင် စွမ်းအားတွေကြီးလွန်းနေခဲ့တယ်။ငယ်စဉ်ကတည်းက ပုံမှန်မဟုတ်ခဲ့သူ၊ Charles လိုပဲ နေရင်းထိုင်ရင်း ခေါင်းထဲကနေ အသံတွေကြားနေခဲ့ရတယ်၊ သူ့ရဲ့ မကောင်းဆိုးဝါးကိုလည်း အိပ်ရင် မြင်နေခဲ့ရတယ်။” အဲဒီအသံတွေက မင်းကို ဘာလုပ်ရမယ်လို့ ခိုင်းတာလား မဟုတ်ဘူး ကျွန်တော့်ကို တားတာ.. ”တစ်နေ့အသံတွေကြားတာလွန်လာတော့ အရက်တွေသောက်ပြီး သောင်းကျန်း၊ ရဲတွေလာဖမ်းခဲ့၊ စိတ်လွတ်လွန်းသွားခဲ့ပြီး သူ့ရဲ့ စွမ်းအားတွေ ထုတ်သုံးမိသွားခဲ့တယ်။အဲဒီတော့လည်း စိတ္တဇဆေးရုံရောက်လာခဲ့တယ်၊ ကိုယ်ကိုကိုယ် ၀ါယာကြိုးသုံးပြီး ဆွဲကြိုးချသတ်သေဖို့ကြိုးစား၊ ၀ါယာကြိုးလောင်သွားပြီး မသေခဲ့ဘူး၊ နောက်ဆေးရုံတစ်ခုရောက်လာခဲ့ပြန်တယ်၊ အဲဒီနေရာဟာ ...
7.7
TMDb: 7.7/10 383 votes
tv

Legion Season 1 [COMPLETE]

2017
Altered Carbon 8.1
Altered Carbon Netflix က TV Series တွေ ကြည့်ဖူးတဲ့သူတွေကတော့ သိမှာပါ netflix က TV Series တွေ ဆိုရင် ဘယ်လို ရင်သက်ရှုမောနေရအောင် ကောင်းလဲဆိုတာ 13 reasons why လို TV Series မျိုးကို Channel Myanmar ကနေ တင်ဆက်ပေးဖူးပါတယ် လူတိုင်း ရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တယ် အခု Altered Carbon လဲ ထို့အတူပါပဲ ဒါပေမယ့် မတူတာက ဒီ TV Series ဟာ ၁၀ ပိုင်း ထဲ သာ ထွက်ရှိထားပြီး အပိုင်း တစ်ခုတိုင်း လိုလို ကိုယ်လုံးတီး အခန်းတွေ နဲ့ လိင်ဆက်ဆံတဲ့ အခန်းတွေ ပြည့်နှပ်နေပါတယ် ဇတ်လမ်းက အဲ့ဒီလိုကြီးလားဆိုတော့လဲ မဟုတ်ပြန်ပါဘူး အပစ်အခတ်တွေ သွေးသံရဲရဲ မြင်ကွင်းတွေကိုလဲ မြင်ရမှာပါ သေချာသလောက်ကတော့ ဒီ TV Series ကို မိသားစု နှင့်  အတူမကြည့်သင့်ပါဘူး 21+ အဆင့်လောက် ညွှန်းပါရစေ.. ဇတ်လမ်းပုံစံကတော့ နာမည်ကြီးတဲ့ ကြေးစားသွေးအေး ...
8.1
TMDb: 8.1/10 155 votes
tv

Altered Carbon

2018
The End of the F***ing World (2017) Season 1 [COMPLETE] 7.9
The End of the F***ing World (2017) Season 1 [COMPLETE] Wow! စီးရီးနာမည်နဲ့တင် ကြည့်ချင်စရာကောင်းသွားပါပြီ။2017 အောက်တိုဘာလမှာ Netflix မှာ စတင်ထုတ်လွှင့်ပြသခဲ့ပြီး လူငယ် ဆယ်ကျော်သက်ပရိသတ်တွေရဲ့ အားပေးမှုကိုအများဆုံးရရှိထားတဲ့ စီးရီးတစ်ခုဆိုရင်လဲမမှားပါဘူး။ကိုယ့်ကိုယ်ကို စိတ်ဝေဒနာရှင်လို့သတ်မှတ်ထားတဲ့ ၁၇ နှစ်အရွယ် ဂျိမ်းစ်နဲ့ လူတကာကို ဘုကလန့်ဂွစာလုပ်တတ်တဲ့ ၁၇နှစ်အရွယ် အလစ်ဆာတို့ နှစ်ယောက်ဟာ တစ်နေ့တော့ သူတို့အိမ်ကနေ အတူတူထွက်ပြေးလာကြပြီး အလစ်ဆာရဲ့အဖေဆီ သွားဖို့ကြိုးစားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပင်ကိုဗီဇတွေက ဘယ်လိုမျိုးလဲ၊ သူတို့နှစ်ယောက် ဘယ်လိုစတွေ့ခဲ့ကြသလဲ၊ အိမ်ကနေထွက်ပြေးလာပြီး လမ်းမှာ ဘာတွေကြုံတွေ့ရသလဲဆိုတာကို အသေးစိတ်ရိုက်ကူးပြထားတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ ဂျိမ်းစ်နဲ့ အလစ်ဆာတို့ရဲ့ အတွေးလေးတွေကိုပါ ထည့်သွင်းထားတာလေးပါ။ အပြင်မှာစကားပြောလိုက်တာက တစ်မျိုးဖြစ်ပေမယ့် သူတို့စိတ်ထဲမှာကျ နောက်တစ်မျိုးတွေးနေတာကိုပါ ရိုက်ကူးပြထားတဲ့အတွက် ရုပ်ရှင်ကြည့်နေရင်း ကိုယ့်ရှေ့မှာ ဒီ ဆယ်ကျော်သက်ကောင်လေးနဲ့ ကေကာင်မလေး တကယ်ရောက်နေတယ်လို့တောင် ခံစားရလောက်ပါတယ်။ သူတို့ရဲ့စကားလုံးအသုံးအနှုန်းတွေဟာ အတော်ခေတ်ဆန်ပြီး ဟာသပြက်လုံးတွေကလဲ အရွဲ့တိုက်ပြက်လုံးတွေ အများဆုံးပါဝင်ပါတယ်။ ဆယ်ကျော်သက်ဘဝကို သေချာမီးမောင်းထိုးပြနိုင်ပြီး လူငယ်ပရိသတ်တွေ ...
7.9
TMDb: 7.9/10 84 votes
tv

The End of the F***ing World (2017) Season 1 [COMPLETE]

2017
Live 2018
Live 2018 လက်ရှိပြသနေဆဲ ဖြစ်သော TV Series တစ်ခုနဲ့ CM ပရိတ်သက်ကို မိတ်ဆက်ပေးချင်ပါတယ် Live ဆိုတဲ့ TV Series ဖြစ်ပါတယ် တစ်ပတ်မှာ ၂ ပိုင်း ထွက်ရှိပါတယ် ဇတ်လမ်းပုံစံကတော့ စတော့ရှယ်ယာတွေ အလိမ်ခံလိုက်ရတဲ့ လူလတ်ပိုင်း ကောင်လေး တစ်ယောက် နဲ့ မိန်းကလေး ဖြစ်နေပြီး ကျောင်းကောင်းကောင်းက ဘွဲ့မရရင် အလုပ်မရတဲ့ ခေတ်မှာ စိတ်လေနေတဲ့ ကောင်မလေးတစ်ယောက် နောက်ဆုံး ဦးတည်ချက်အနေနဲ့ ရဲဝန်ထမ်းဝင်လုပ်ရင် သက်တောင့်သက်သာ နဲ့ လူအထင်ကြီးလဲ ခံရမယ် လူရိုသေလဲ ခံရမယ်ဆိုပြီး ရဲဝန်ထမ်း စာမေးပွဲ ကို ၀င်ဖြေခဲ့ကြတယ် သူတို့ထင်ထားသလို လွယ်ကူနေမလား ခက်ခဲမလား ? ဒီဇတ်လမ်းကို ကြည့်မိတော့ ရဲဝန်ထမ်းတွေရဲ့ ဘ၀ကို စာနာ နားလည်နိုင်သလို သူတို့ ရဲ့ တာဝန်ယူမှုတွေ ပင်ပန်းမှုတွေကို ပိုပြီး နားလည်လာနိုင်သလို အလုပ်မရှိတဲ့ သူကို မိသားစုအတွင်း အနှိမ်ခံရတာတွေ အပေါင်းအသင်းတွေက အစ အထင်သေးတာတွေက ကိုယ်တွေ မြန်မာနိုင်ငံနဲ့ ကို ထပ်တူကျနေပါတယ် ကြိုပြောပါမယ် မင်းသားရော မင်းသမီးပါ မချောပါဘူး မလှပါဘူး မငယ်ပါဘူး ဇတ်လမ်းက ...

Live 2018

Spy (2015)
Spy (2015) Viki 8.5 IMDB 6.5 ရရှိထားတဲ့ Kdrama စီးရီးတစ်ခုနဲ့မိတ်ဆက်ပေးပါ့မယ်... မြောက်ကိုရီးယားနိုင်ငံရဲ့ထူးချွန်တဲသူလျိုတစ်ဦးဖြစ်တဲ့ဆိုဟေးဟာ အလုပ်ကနေထွက်ပြေးစွန့်ခွာပြီး တောင်ကိုရီးယားနိုင်ငံအတွင်းမှာ ပတ်ဟေးရင်းလို့အမည်ပြောင်းကာသိုသိုဝှက်ဝှက်မိသားစုနဲ့အတူနေထိုင်ရင်း သားတစ်ယောက်သမီးတစ်ယောက်ရရှိခဲ့ပါတယ်... သားကတော့ မိခင်ရဲ့ထူးချွန်မှု့နဲ့ဥာဏ်ကောင်းမှု့ကိုဆက်ခံပြီး စုံစမ်းရေးကိုလည်း ၀ါသနာပါတာကြောင့် မိဘများမသိအောင်အလုပ်ကိုလိမ်ကာ NIS အထူးရဲတပ်ဖွဲမှာလုပ်ကိုင်ရင်းကနေထူးချွန်တဲ့အေးဂျင့်တစ်ဦးဖြစ်လာပါတယ်.... ပတ်ဟေးရင်းရဲ့အတိတ်ကို မြောက်ကိုရီးယားစပိုင်အဖွဲ့ကခြေရာခံလိုက်ကာ သူ့ကိုရှာဖွေ့တွေ့ရှိရင်း သားဖြစ်သူကိုအလုပ်စေခိုင်းဖို့ ခြိမ်းခြောက်ပြီး ပတ်ဟေးရင်းကိုဖောက်ခွဲရေးအလုပ်တွေ သတင်းအချက်အလက်တွေ ခိုးယူတဲ့အလုပ်ကိုစေခိုင်းပါတော့တယ် သူသိပ်ချစ်တဲ့အမေက မြောက်ကိုရီးယားနိုင်ငံရဲ့အထူးအေးဂျင့်မှန်းသိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ... ကင်ဆန်ဝူးသိပ်ချစ်ရတဲ့ယွန်းဂျင်ကကော ဘယ်လိုလူမျိုးလဲ မေတ္တာတရားတွေ အချစ်စစ်တွေက မတရားတာတွေကိုအနိုင်ယူနိုင်ပါ့မလား နိုင်ငံရေးဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားလို့ အထူးသရုပ်ဆောင်ချက်တွေကိုလည်းမြင်တွေ့ရမှာပါ.... TVXQ အဖွဲ့ဝင်ဟောင်း JYJအဖွဲ့ရဲ့ဟီးရိုးတစ်ဦးဖြစ်တဲ့ Kim Jae Joong ရဲ့ အထူးသရုပ်ဆောင်ချက်တွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်... Translators ..... Eainmat Phyulay , Aye Nyein Thu , Khin Chan Myae Tun   Episode (1) Yoteshin Link / Openload Link / Solid Drive Link  Episode (2) Yoteshin Link / Openload Link / Solid Drive LinkEpisode (3) Yoteshin Link / Openload ...

Spy (2015)

The Return of the Condor Heroes (2006) 6.2
The Return of the Condor Heroes (2006)  သိမ်းငှက်သူရဲ ကောင်းဇာတ်လမ်းတွဲ=======================သိုင်းဇာတ်လမ်းတွဲတွေကို တီဗွီအစီအစဉ်တစ်ခုအနေနဲ့ မပြသခင်အချိန် သိုင်းဇာတ်လမ်းတွဲများကို ဘာသာပြန် စာရေးဆရာကြီးများ စတင်ဘာသာပြန် ထုပ်ဝေခဲ့တဲ့ အချိန်ကစလို့ယနေ့ ကွန်ပျူတာ အင်တာနက်ခေတ်တိုင်အောင် သိုင်းဝတ္တူကို ချစ်မြတ်နိုးသူ သိုင်းဇာတ်လမ်းတွဲများအား နှစ်သက်သူ သိုင်းလောကသားတွေကြားမှာ နာမည်တစ်လုံးနဲ့ ယနေ့တိုင်ရပ်တည်ခဲ့တဲ့ ဇာတ်လမ်းတွဲကြီးတစ်ခုရှိခဲ့ပါတယ်။ဇာတ်လမ်းတွဲကြီးလို့ ပြောရခြင်းကတော့ သူ့မှာ ခေတ်သုံးခေတ် အပိုင်းသုံးပိုင်းပါဝင်ပြီး အချို့ fan theory များအရ ခေတ်လေးခေတ် အတွဲလေးတွဲတောင် ဖြစ်နိုင်ပါသေးသတဲ့ဗျာ fan theory အချို့ကိုပြောရရင် ပထမဆုံးဇာတ်လမ်းက လွမ်းငွေ့ဝေဖြာသိုင်းကမ္ဘာ (တိမ်လွှာနဂါး သူရဲကောင်းများလို့လည်း သိကြမှာပါ)…သူ့ရဲ့ ဇာတ်လမ်းအခင်းအကျင်းအရ သူတောင်းစားဂိုဏ်းချုပ်ချောင်ဖုန်းသုံးခဲ့တဲ့ နဂါးနိုင်လက်ဝါးသိုင်းကို နောက်ဆုံးသူချောက်နက်ထဲခုန်ချသွားပြီးနောက် တစ်နည်းတစ်ဖုံ မသေပဲ ဟုန်ချစ်ကုန်းကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့ပါသတဲ့ နောက်တစ်ချက်က တလိ့ပြည်မှ အရိပ်မဲ့ဓါးပညာများ လက်ညိုးဓါးပညာများဟာလည်း နောက်ပိုင်းဇာတ်လမ်းတွဲများမှာ ပြန်လည်ပါဝင်လာခဲ့ပါသေးတယ်။ဒုတိယ ဇာတ်လမ်းတွဲ အနေနဲ့( အခိုင်အမာပြောနိုင်တာကတော့ ဒီဇာတ်လမ်းက ကနဦး ပေါ့ဗျာ)သိန်းငှက်သူရဲကောင်း(၁)ကော်ကျင့်နဲ့ ဟွမ်းယုံ တို့ခေတ်ကို ရောက်ရှိလာပါပြီ တရုပ်ပြည်မကြီးကို ကျင်းလူမျိုးတွေက ဝင်ရောက်ကျူးကျော်နေချိန်မှာ မြေပြန်သိုင်းလောကသားများမှ ကျင်းလူမျိုးများကို မွန်ဂိုတို့နဲ့ ပူးပေါင်းလို့ တစ်တပ်တစ်အား တိုက်ထုပ်နေတဲ့အချိန်ကို အချစ် အလွမ်း သူရဲကောင်းတို့နှလုံးသား အာဏာ ရမက် စတာတွေနဲ့ တန်ဆာဆင်လို့ စာဖတ်ရတဲ့သူရော ...
6.2
TMDb: 6.2/10 14 votes
tv

The Return of the Condor Heroes (2006)

2006
Jumong (2006) 8
Jumong (2006) Jumong (2006)ဇာတ်လမ်းတွဲ (စ/ဆုံး) ဒီဇာတ်လမ်းတွဲဟာ IMDb...7.2,,,AsianWiki....91 ရရှိထားပါတယ်.....ဂျူမုံကားလာချိန်ဆို မိသားစုတွေ တစ်စု တစ်ဝေးနဲ့တီဗွီရှေ့မှာ စောင့်ခဲ့ကြရတာမှတ်မိကြဦးမယ်ထင်ပါတယ်.... အပိုင်းလေးတစ်ပိုင်းလောက်လွတ်သွားတာနဲ့ အရာအားလုံးကိုဒေါသထွက်မိတဲ့ အခိုက်အတန့်တောင်ရှိခဲ့ကြမယ်ထင်တယ်.... .အားလုံးက ဂျူမုံကားဆိုရင် မကြည့်ဖူးရင်တောင်မှ ဂျူမုံမင်းသားဆိုပြီးရင်းနှီးနေမယ်ထင်ပါတယ်. ....ဒီကားဟာ ကိုရီးယားဘုရင် ဂျူမုံရဲ့ သမိုင်းကိုအခြေခံပြီးရိုက်ကူးခဲ့တာပါ... မူလအစက အပိုင်း(၆၀)သာ ရိုက်မယ်လို့ စီစဉ်ခဲ့ပေမယ့် လူကြိုက်များလွန်းတဲ့အတွက်အကြောင့်(၈၁)ပိုင်းထိ ရိုက်ကူးခဲ့ပါတယ်. .အာဏာကိုရူးသွပ်မှုကြောင့် လူအမျိုးသေကြေပျက်စီးခဲ့ရတာတွေ....လွဲမှားတဲ့အယူစွဲတွေကြောင့် ဆိုးယုတ်မှုတွေ... .အများအကျိုးရှေးရှူပြီး ကောင်းမွန်တဲ့စိတ်ထားတွေကြောင့် အားလုံးကိုအောင်နိုင်ကာ တိုင်းပြည်ဥသျောင်ဖြစ်ခဲ့တာတွေကိုအကောင်းမွန်ဆုံး သရုပ်ဖော်ရိုက်ကူးနိုင်တာကြောင့် ဆုပေါင်းများစွာလည်း ရရှိသလို ယနေ့အထိပရိတ်သတ်တွေကြားမှာ ဂျူမုံကားဟာ ရှိနေဆဲပါ... ဒါကြောင့် အရင်တုန်းက အေးဆေးမကြည့်ခဲ့ရတဲ့သူတွေအတွက်ရော အားလပ်ချိန်လေးမှာ ဂျူမုံဇာတ်လမ်းတွဲနဲ့ အပန်းဖြေအနားယူချင်တဲ့သူတွေအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်... File Size…(500 MB)@Episode Quality…450p Format…mp4 Duration…00:60:00 @ EpisodeSubtitle…Myanmar Subtitle(Hardsub)Subtitled by  Yangon Movie StoreEncoder…Phyo PyaeComplete Zip File  VIP  /  Yoteshin[1-9]  /  Yoteshin[10-18]  /  Yoteshin[19-27]  /  Yoteshin[28-36]  /  Yoteshin[37-45]  /  Yoteshin[46-54]  /  Yoteshin[55-63]  ...
8
TMDb: 8/10 3 votes
tv

Jumong (2006)

2006
A Korean Odyssey (2017)
A Korean Odyssey (2017)           IMDb Rating 8.9 ရထားတဲ့ tvN က လက်ရှိအပါတ်စဉ်စနေတနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ ကိုးရီးယားစီးရီးလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးမှာ မိနစ် ၉၀စာ အပိုင်း ၂၀ ပါဝင်မယ်လို့ ပြောပါတယ်။စီးရီးအမျိုးအစားကတော့ Romance Comedy Horror Fantasy ရသစုံပါဝင်တဲ့ စီးရီးလေးပါ။tvN က ကိုးရီးယားပြည်တွင်းမှာ ထုတ်လွှင့်ပြသနေသလိုNetflix ကလည်း Globally distributor အနေနဲ့ တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပြသနေတဲ့စီးရီးလေးပါ။အစကနဦးက ဒါရိုက်တာတစ်ဦးထဲရိုက်ကူးခဲ့ပေမယ့် အာရှသာမကကမ္ဘာအနှံ့ထုတ်လွှင့်ပြသမှာဖြစ်တာကြောင့် နောက်ထပ်နာမည်ကျော်ဒါရိုက်တာနှစ်ယောက်လည်းပါဝင်လာတာကြောင့် စုစုပေါင်း ဒါရိုက်တာ ၃ ဦး ကောင်းမွန်သေသပ်တဲ့ CGI effectတွေနဲ့အတူအကောင်းဆုံးလက်စွမ်းပြထားတဲ့စီးရီးဖြစ်သလို ဇာတ်ညွှန်းရေးတဲ့သူကလည်း ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Master’s sun , My girlfriend is a Nine-Tailed Fox ,My girl အစရှိတဲ့စီးရီးတွေကို ရေးခဲ့တဲ့နာမည်ကျော် Hong ...

A Korean Odyssey (2017)

Todome no kiss
Todome no kiss (English title Kiss that kills) ဒီဇာတ်ကားဟာ ၁လပိုင်း ၇ရက်နေ့မှာစထွက်ခဲ့တာပါအပတ်တိုင်း တနင်္ဂနွေနေ့တွေမှာ ဂျပန်က NTV Network မှာပြသပါတယ်Rating ကလဲမြင့်ပါတယ် စာဖိုင်ထွက်တာနောက်ကျလို့ ခုမှတင်ပေးရပါတယ် ဒီကားမှာအဓိကဆွဲဆောင်မှုကတော့ ဂျစ်တီးဂျစ်ကန်အပြုံးလေးတွေနဲ့ဖမ်းစားတတ်တဲ့Death Note ကားထဲမှာ L အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Yamzaki kento ပါပဲမြန်မာနိုင်ငံမှာတော့ သူ့ကိုချစ်စနိုးနဲ့ ken ken လို့ခေါ်ကျပါတယ်ဒီကားမှာသူကအဓိကသရုပ်ဆောင်ထားပါတယ် မင်းသမီးကလဲ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ချစ်စရာကောင်းတဲ့Mugi Kadowaki ကသရုပ်ဆောင်ထားပါတယ်(မင်းသမီးအကြောင်းတော့ ကိုယ်ကသိပ်စိတ်မဝင်စားလို့မသိဘူး မင်းသားပဲစိတ်ဝင်စားတယ်)ဒါဖြင့်ရင် ဇာတ်လမ်းလေးအမြည်းကျွေးပါမယ် မင်းသားမှာကညီလေးရှိတယ်ငယ်ငယ်လေးမှာ မတော်တဆမှုတစ်ခုကသူ့မျက်စိရှေ့တင်ဖြစ်ပြီးပါသွားတာတွေ့ခဲ့ရတယ်ဒီလိုနဲ့ ကြီးလာရတဲ့ Ken Ken လေးက လောကကြီးမှာ အချစ်မရှိမှသာယာမယ်ငွေနဲ့ သူကြိုက်တဲ့ပစ္စည်းတွေရှိမှသာ ပျော်ရွှင်ရမယ်လို့ ဆိုတဲ့အတွေးအခေါ်ရှိတဲ့ဧည့်ကြိုကောင်လေးဖြစ်လာတယ် ဧည့်ကြိုဆိုတာ ယဉ်အောင်ပြောတာတကယ်တော့မမတွေကိုကပ်ခြူစားတဲ့ ကလပ်ကဝန်ထမ်းကောင်ချောလေးပေါ့သူကမမတွေဆီကရသမျှအကုန်ယူတယ် အဲ့မှာပဲ ထူးထူးဆန်းဆန်းပြစ်မှုတစ်ခုဖြစ်လာတယ် မိန်းမတစ်ယောက်က နှုတ်ခမ်းကိုအဆိပ်သုတ်ပြီးယောင်္ကျားတွေကို နမ်းပြီးသတ်နေတာတဲ့ ပိုင်းလုံးတွေ ဖောက်ပြန်တဲ့သူတွေကိုဆိုတော့အken လေးတစ်ချက်တွေသွားသေးတယ် ဒါပေမယ့်သူကမမူဘူး ပြီးမှသူလက်တွေ့ကြုံရတော့တယ်ထူးထူးဆန်းဆန်းမိန်းမက ...

Todome no kiss

Transit Girls
Transit Girls   ဒီတစ်ခါတော့ 2015ကထွက်ခဲ့တဲ့ Transit girlsဆိုတဲ့ GL ကားလေးတင်ပေးချင်ပါတယ်   ဇာတ်လမ်းလေးက တော်တော်လေးကို ချစ်ဖို့ကောင်းတာရယ် ဇာတ်ဆောင် နှစ်ယောက်ကလည်း   Height differenceက အစ အသည်းယားစရာလေးတွေရယ် ကြည့်ဖြစ်အောင်ကြည့်ကြပါလို့   (ဒါကတော့ ကြော်ညာဝင်တာပါ Review က အောက်မှာ XD )   ဒီကားလေးကတော့18နှစ်အရွယ် Sayuriဆိုတဲ့ကျောင်းသူလေးနဲ့ အသက်21အရွယ်photographer မမလှလှလေးyui   (ကျနော်ကတော့ဒီတစ်ယောက်ကို ဒဲ့ကြီးကြွေတာရယ် အဟိ)   တို့ရဲ့အချစ်ဇာတ်လမ်းလေးပါ အိမ်ထောင်ဖက်တွေမရှိကြတော့တဲ့ Yuiမေမေနဲ့sayuriဖေဖေတို့က   အိမ်ထောင်ပြုတဲ့အခါမှာတော့ Yuiနဲ့ sayuriဟာ တစ်အိမ်ထဲအတူတူနေရဖို့ အကြောင်းဖန်လာပါတယ်   တကယ်တော့yuiကအဲ့အချိန်မတိုင်ခင်ကတည်းက sayuriကို တစ်ခါတွေ့ဖူးပြီးသတိထားမိနေခဲ့တာပါ   မိဘတွေလက်ထပ်တော့လည်း Yuiကတော့ကြည်ကြည်ဖြူဖြူ နဲ့   နားလည်ပေးခဲ့ပေမဲ့ sayuriဘက်ကကျတော့ မတူပါဘူးး အမေ မရှိတော့ကတည်းက   အဖေ့ရဲ့အချစ်တွေ အကုန်လုံးသိမ်းပြီး နေလာတဲ့   sayuriက သူ့ဖေဖေနောက်အိမ်ထောင်ပြုတာကို မလိုလားခဲ့ဘူးဆိုပေမဲ့ ......   Yuiက sayuriကို ဖြောင်းဖြဖို့ကြိုးစားတဲ့အခါ နောက်ပိုင်းမှာsayuriတစ်ယောက်   ဘယ်လိုပြောင်းလဲလာမလဲဆိုတာ.....   ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ့်ဟာကိုပဲကြည့်လိုက်ကြတော့နော်   ဒီဇတ်လမ်းတွဲကို ဘာသာပြန်ပေးထားသူကတော့ Chu Chu (mglp) ဖြစ်ပြီး ဇတ်လမ်းတွဲ အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်....   Thit San Khant   EP 01 EP 02 EP 03 EP 04 EP 05 EP ...

Transit Girls

Advance Bravely Season 2
Advance Bravely Season 2  BL ပရိသတ်​​တွေအားလုံး​စောင့်​​မျှော်​​နေကြတဲ့ Chinese BL Series တစ်​ခုဖြစ်​တဲ့ Advance Bravely ကို မြန်​မာစာတန်းထိုးနဲ့တင်​ဆက်​​ပေးလိုက်​ပါပြီ Season 1ပြီး​တော့ Season 2​မျှော်​​နေကြတဲ့ပရိသတ်​​တွေ​အားလုံး​ပျော်​နိုင်​ပါပြီ တစ်​ရက်​ခြား ၁ပိုင်းတင်​​ပေးသွားမှာပါ ဇာတ်​လမ်းက​တော့ အားလုံးသိကြတဲ့အတိုင်းပါပဲ ရဲအရာရှိရှ​ယောင်းနဲ့ လုံခြုံ​ရေးဆိုင်​ရာကုမ္ပဏီသူ​ဌေး ယွမ်​ကျုံ့တို့ season 2မှာ ဘယ်​လိုဇာတ်​လမ်းဆက်​ကြမလဲ...ယွမ်​ကျုံ့ညီမဖြစ်​သူ ယွမ်​ရူက​ရော အစ်​ကိုနဲ့အပြိုင်​ရှ​ယောင်းကို ဘယ်​လိုလွန်​ဆွဲမလဲဆိုတာ ​ပျော်​ရွှင်​ရယ်​​မော​စောင်​ကိုက်​ရင်းကြည့်​ရှုနိုင်​ပါပြီ..... ရုပ်​ထွက်​အကြည်​လင်​ဆုံး ဘာသာပြန်​အ​ကောင်းဆုံးဖြစ်​​အောင်​ကြိုးစားတင်​ဆက်​​ပေးထားပါတယ်​   Episode 01    Episod 02   Episode 03    Episode 04  

Advance Bravely Season 2

Erased
Erased Bokudake ga Inai Machi 2017 ======================= ဒီ Japan Mini TV Series လေးဟာအပိုင်း ၁၂ ပိုင်းပဲ ထွက်ရှိထားပြီး IMDb 8.1 ထိ ရရှိထားပါတယ် English Title ကတော့ Erased ပါတဲ့... ဇတ်လမ်း ပုံစံကတော့ ဆာတိုရူ ဆိုတဲ့ ကောင်လေးဟာ သူ့ ငယ်ဘ၀ မှာ ကျောင်းနေဘက် သူငယ်ချင်း တစ်ချို့ကို ကလေးလူသတ်သမား က ကွင်းဆက် သတ်ဖြတ်မှု အဖြစ် တစ်ယောက်ချင်းကို ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရတယ် ဒီလို အတွေ့အကြုံတွေနဲ့ ဆာတိုရူ ဟာ အသက်ကြီးလာခဲ့တယ် ကံကောင်းစွာနဲ့ အဲ့ဒီအထဲ သူတော့ မပါခဲ့ပါဘူး ဘာလို့လဲ ဆိုတော့ ကွင်းဆက် လူသတ်သမားကို ဖမ်းဆီးသွားကြလို့ပါ ဖမ်းဆီးသွားကြတဲ့ ကွင်းဆက်သမား လူသတ်သမားဆိုသူကလဲ လူသတ်သမားလို့ ထင်လောက်စရာမရှိတဲ့ သာမန်လူရိုး လူအေး တစ်ဦးပါပဲ ဒီလိုနဲ့ ဆာတိုရူ အရွယ်ရောက်လာတဲ့ အခါ သူ့မှာ ထူးခြားတဲ့ ဖြစ်ရပ်ဆန်း တစ်ချို့ ဖြစ်ပျက်လာပါတော့တယ်... အာ့တာကတော့ ...

Erased

Gotham Season 1 (Complete) 6.9
Gotham Season 1 (Complete)    Fox ရုပ်သံမှ 2014 စက်တင်ဘာလတွင်စတင်ထုတ်လွှင့်ခဲ့တဲ့ Gotham ရုပ်သံဇာတ်လမ်းတွဲကတော့ နာမည်ကျော်စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်တဲ့ Batman ရဲ့ ငယ်ဘဝက Gotham ကိုအခြေခံထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Batman တဖြစ်လဲ ဘရုစ်ဝိန်း ရဲ့ ငယ်ဘဝကိုတွေ့မြင်နိုင်ပြီးတော့ ရှုပ်ထွေးပွေလီပြီး ဒုစရိုက်မှုတွေပေါများလှတဲ့ ဂိုသမ်မြို့ အကြောင်းကိုလည်း သေချာသိနိုင်မှာပါ။ လက်ရှိတော့ Season 4 အထိ ထွက်ရှိထားပြီး ဆက်ထွက်ရှိနေအုံးမှာ ဖြစ်လို့ CM က မှန်မှန် ပြန်တင်ဆက်သွားပေးမှာလဲဖြစ်ပါတယ်။ အခုဒီ Season (1) မှာတော့ အခုမှ စကြည့်တဲ့သူတွေအတွက် အနည်းငယ် အေးတယ်လို့ထင်ရပေမဲ့ ဆက်လာမဲ့ Season 3 တွေ 4 တွေ အတွက် သေချာ ဇာတ်အိမ် တည်ထားတာဖြစ်ပါတယ်။မထင်မှတ်ထားတဲ့ Plot တွေနဲ့ လူကိုဆွဲခေါ်သွားနိုင်တာကတော့ ချီးကျုးဖို့ ကောင်းတယ်လို့်ပြောရမှာဖြစ်ပါတယ်။ ဒီ Season (1) မှာတော့ Batman ရဲ့ အဓိက ဗီလိန်တွေဖြစ်တဲ့ ...
6.9
TMDb: 6.9/10 704 votes
tv

Gotham Season 1 (Complete)

2014
Black Knight (2017) 4.3
Black Knight (2017) KBS ရုပ်သံလိုင်းက အပါတ်စဉ် ဗုဒ္ဓဟူးကြာသပတေး ထုတ်လွင့်ပြသပေးမယ့် Black Knight ထူးဆန်းထွေလာအချစ်ဇာတ်လမ်းတွဲသစ်လေးပါ။Love story in Harvard(တစ်ခါတုန်းက တက္ကသိုလ်) ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်အသဲစွဲဖြစ်ခဲ့ပြီး ဒေါက်တာဇာတ်လမ်းတွဲရဲ့ မင်းသား Kim-Rae Won အဓိက ခေါင်းဆောင်ပါဝင်ထားပါတယ်။မင်းသမီးကတော့ Bride of the Water God ကားရဲ့ မင်းသမီးလေး Shin Se Kyung နဲ့အတူ Whisper, Jelousy incarnate တို့နဲ့နာမည်ရလာတဲ့မင်းသမီးလေး Soe Ji-Hye 2nd Lead အနေနဲ့ပါဝင်ထားပါတယ်။ရှေးရေစက်ဆိုတာကို ယုံကြည်ကြပါသလား။တစ်ခါတစ်လေ လူတစ်ယောက်ကို အကြောင်းမဲ့မုန်းနေတာမျိုး ကြည့်မရတာမျိုးဖြစ်တတ်သလို တစ်ခါတစ်လေ မြင်မြင်ချင်းခင်မိပြီး ဘာလုပ်လုပ်အပြစ်မမြင်ဘဲ သဘောကျနေတတ်တာတွေလည်းရှိတတ်ပါတယ်။ဒါတွေက ရှေးရေစက် ဆုတောင်းတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။အချစ်ကြီးသူတွေဟာ ဒီဘ၀မှာ ဒီတစ်ယောက်တည်းကိုသာ သစ္စာရှိရှိချစ်ခဲ့သလို နောက်ဘ၀တွေမှာလည်း ရေစက်ဆုံဖို့ ဆုပန်တတ်ကြတယ်။ ...
4.3
TMDb: 4.3/10 2 votes
tv

Black Knight (2017)

2017
City Hunter (2011)
City Hunter (2011) ဒီစီးရီးလေးကတော့ F4 ဇာတ်လမ်းတွဲနဲ့နာမည်ကြီးလာတဲ့ မင်းသားလီမင်ဟိုရဲ့ဒုတိယအအောင်မြင်ဆုံးစီးရီးတစ်ခုဆိုရင်လည်းမမှားပါဘူး...ဒီစီးရီးလေးရဲ့အကြောင်းကိုပြောရမယ်ဆိုရင် ဇာတ်လမ်းစထားကတည်းကကျွန်တော်တို့မြန်မာပြည်အကြောင်းနဲ့စထားတာပဲဖြစ်ပါတယ်....မြန်မာခေါင်းဆောင်ကြီးတွေရဲ့ဗိမာန်ကိုလာဂါရဝပြုတဲ့ တောင်ကိုရီးယားသမ္ပတကိုမြောက်ကိုရီးယားဘက်ကလုပ်ကြံတဲ့အတွက်ကြောင့် မြန်မာလူမျိုးများအပါဝင်တောင်ကိုရီးယားရဲ့ခေါင်းဆောင်ပိုင်း သံရုံးဝန်ထမ်းအချို့သေဆုံးခဲ့ရပါတယ်...ဒီလုပ်ရပ်ကြောင့် တောင်ကိုရီးယားအထက်ပိုင်းအရာရှိကြီးများမခံရပ်နိုင်ဖြစ်ကာမြောက်ကိုရီးယားဘက်ကိုသုတ်သင်ရှင်းလင်းရေးတပ်ဖွဲ့တိတ်တဆိတ်စေလွှတ်ခဲ့ရာကနေပြီးတော့ဇာတ်လမ်းကိုပထမပိုင်းတည်းကနေ အရှိန်တက်အောင်စွဲဆောင်ထားနိုင်ခဲ့ပါတယ်.....Rating 8.3 ရှိတဲ့ ဒီစီးရီးလေးဟာ တောင်ကိုရီးယားနိုင်ငံတွင်ရိုက်ကူးခဲ့ရုံမဟုတ်ပဲထိုင်းနိုင်ငံမှာပါ အမြင်ဆန်းအောင်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်...ဒီစီးရီးကိုညွှန်းရမယ်ဆိုရင်တော့ ဇာတ်လမ်းတစ်ခုလုံးကိုပြောရမှာဖြစ်လို့ ကြည့်ရှု့ပြီးကိုယ်တိုင်သာဆုံးဖြတ်ကြပါ...ကြာနေပြီဖြစ်တဲ့ ဒီစီးရီးလေးကို အမှတ်မထင်ကြည့်မိတာကနေ ကြိုက်မိသွားလို့မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်ကော ကြည့်ပြီးသွားတဲ့ ပရိသတ်တွေပါQuality ကောင်းကောင်းဘာသာပြန်ကောင်းကောင်းနဲ့ပြန်လည်ကြည့်ရှု့နိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်...Review by Moe Myint LwinDuration ...... 1 hourQuality ...... HDTV 720pTranslator ...... Moe Myint LwinEncoder ...... Moe Myint Lwin Episode (1)  Yoteshin Link / Userdrive Link  Episode (2) Yoteshin Link / Userdrive Link Episode (3) Yoteshin Link / Userdrive Link  Episode (4) Yoteshin Link / Userdrive Link Episode(5) Yoteshin Link ...

City Hunter (2011)

Black Lightning (2018)
Black Lightning (2018)   ဒီတစ်ခါတော့ CW ကနေအသစ်ထွက်ရှိထားတဲ့ SuperHero စီးရီးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်.... ထူးခြားတာကတော့ ဒီ Hero ကကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်တဲဂျက်ပဲဖြစ်ပါတယ်... သူဟာ Black Lightning ဖြစ်နေခဲတာကိုလှို့ဝှက်နေခဲ့ရပါတယ်... ဘာလို့လဲဆိုတော့ သူ့မိန်းမဟာသူ Black Lightning ဖြစ်နေတာကိုလက်မခံနိုင်ခဲ့လို့ပါ.... ဒါကြောင့်လည်းသူတို့လင်မယားနှစ်ယောက်ကွာရှင်းခဲ့ရပြီး သမီးတွေကိုအဝေးကနေပဲ တစ်ယောက်ချင်းစီအုပ်ချုပ်နေခဲ့ကြရပါတယ်... ဒါပေမယ့် သမီးဖြစ်သူတွေကို လူရမ်းကားအုပ်စုတစ်စုကနေပြီးတော့ ပြသနာရှာတာကနေစပြီး သူအနှစ်နှစ်အလလ ဖုံးကွယ်ထားခဲ့တဲ့  သူ့ရဲ့ Black Lightning ဘ၀ကိုပြန်စဖို့အတွက် အကြောင်းဖြစ်လာပါတော့တယ်... ဒီစီးရီးဟာ Rating 7.2 ရရှိထားပြီးတော့ ၂၀၁၈ မှာစတင်ပြသတဲ့ စီးရီးအသစ်ဖြစ်ပါတယ်.... တစ်ပတ်တပိုင်းထွက်တဲ့စီးရီးမို့ ထွက်သမျှ အပိုင်းတိုင်းကို အချိန်မှီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်....   Translator..... Pyae Phyo Hein Encoder ..... Moe Myint LwinEpisode (1) Yoteshin Link / Openload Link / SolidDrive Link Episode (2) Yoteshin Link / Openload Link Episode (3) Yoteshin Link / Openload Link ...

Black Lightning (2018)

Genres

Archives