Channel Myanmar

Content at random


TV Series

Universe Ticket (2023)
Universe Ticket (2023) Universe Ticket (2023)အားလုံးပဲမျှော်နေကြတဲ့ Debut Survival Shows ‌တွေကို လုပ်လေ့လုပ်ထမရှိတဲ့ SBS ကနေထုတ်လွှင့်မယ့် Universal Ticket ကို CM က တင်ဆက်ပေးလိုက်ပါပြီ။ စတင်ကြော်ငြာကတည်းက ဆူညံခဲ့ပြီး ၁၂၈ နိုင်ငံက လျှောက်ထားသူအများအပြားရှိခဲ့ပါတယ်။ အခုလို အဆင့်ဆင့်ကျော်ဖြတ်လာပြီး နောက်ဆုံး ၈၂ ယောက်သော ပြိုင်ပွဲဝင်တွေက ဒီနေရာကို ရောက်လာကြပါပြီ။ ကိုရီးယား, တရုတ်, ထိုင်း, ဖိလစ်ပိုင်, မလေးရှား, အင်ဒို, မြန်မာ, ဩစတြေးလျ အစရှိတဲ့နိုင်ငံတွေကနေ လာပြိုင်ကြပြီးတော့ ပျမ်းမျှအားဖြင့် အသက် ၂၀ တောင် မကျော်ကြသေးတဲ့ ဒီကောင်မလေး ၈၂ယောက်ဟာဆိုရင်ဖြင့် အိုင်ဒေါဆိုတဲ့ ခရီးလမ်းလျှောက်လှမ်းဖို့ ပထမခြေလှမ်းစလှမ်းပါတော့မှာဖြစ်ပါတယ်။ Survival Show တွေရဲ့ ထုံးစံအတိုင်း ရက်စက်ကြမ်းတမ်းလှတဲ့ နေရာကြီးမှာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ကြရတော့မှာဖြစ်ပြီး ဒရမ်မာတွေ စတင်လာတော့မှာပါ။ မြန်မာနိုင်ငံသူလေး ရီအယ် (နန်းဧကရီရွှေ) ပါဝင်တဲ့ ဒီရှိုးကို ကြည့်ရှုအားပေးပြီး SBS Universal ဝက်ဆိုဒ်မှာလည်း Vote ပေးသွားပါဦးလို့ ...

Universe Ticket (2023)

2023
Welcome to Samdal-ri (2023) [Complete]
Welcome to Samdal-ri (2023) [Complete] Welcome to Samdal-ri (2023)****************************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး Jo Yong Pil (Ji Chang Wook) က မိုးလေဝသခန့်မှန်းသူတစ်ဦးပါ။မှားယွင်းတဲ့ မိုးလေဝသခန့်မှန်းမှုကြောင့် မိခင်ဖြစ်သူသေဆုံးသွားပြီးတဲ့နောက်မိုးလေဝသခန့်မှန်းသူလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူမှန်တယ်ထင်ရင် အထက်လူကြီးတောင်မကြောက်ဘဲ ပြန်ပြောတတ်တဲ့လူမလို့ ဌာနရဲ့ ပြဿနာအိုး အမွှေစိန်လို့ နာမည်ကြီးပြီးဇာတိမြေကို အရမ်းချစ်တတ်ပြီး သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးတာမလို့လူချစ်လူခင် ပေါများသူပါ။Jo Sam Dal (Shin Hae Sun) ကတော့ ဆိုးလ်မြို့မှာ ဓာတ်ပုံဆရာရဲ့ လက်ထောက်အဖြစ်၈ နှစ်လုံးလုံးကြိုးစားခဲ့ပြီးတော့ အောင်မြင်တဲ့ ဓာတ်ပုံဆရာတစ်ဦးဖြစ်လာခဲ့ပါတယ်။တစ်နေ့မှာတော့ အဖြစ်အပျက်တစ်ခုကြောင့် အရာအားလုံးဆုံးရှုံးလိုက်ရပြီး ဇာတိမြေကိုပြန်လာဖို့ အကြောင်းဖန်လာပါတော့တယ်။Jo Yong Pil နဲ့ Jo Sam Dal က ငယ်ငယ်ကတည်းက သွားအတူ၊ စားအတူသူငယ်ချင်းကနေ ချစ်သူတွေဖြစ်ခဲ့ကြပြီးမှ လမ်းခွဲခဲ့ကြတာပါ ။Sam Dal လေး ...

Welcome to Samdal-ri (2023) [Complete]

2023
Castle in the Time ( 2023 )
Castle in the Time ( 2023 ) ဒီတစ်ခါCMကနေတင်ဆက်ပေးမယ့်ကားလေးကတော့ တရုတ်မှာတောင်ပြသခွင့်မရှိတဲ့ တရုတ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်2016 မှာရိုက်ကူးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး နောက်ဆုံးမှာတော့ ထုတ်လွှင့်လို့လာပါပြီ..မင်းသားအနေနဲ့ကတော့ ဂျပန်နိုင်ငံ သွားလည်ရင်း ဘုရား‌ကျောင်းမှာဓါတ်ပုံရိုက်တဲ့ကိစ္စကြောင့် ပြသခွင့်ပိတ်ခံထားရပြီး ဒါ့အပြင်ကိုရီးယား tv show တွေကို..ပေါက်စီ‌မြေမှာ ဘန်းထားတာကြာပြီဖြစ်ပြီး K drama မင်းသမီး ပါ၀င်တာကြောင့်လို့လဲ သိရပါတယ်တရုတ်မှာပြသခွင့်မရှိပေမယ့်CMကတော့ ပရိတ်သတ်တွေအတွက် မရရအောင်ဘာသာပြန်တင်ဆက်ပေးထားပါတယ်နော်ခေါင်းဆောင်မင်းသားအနေနဲ့ Zhang Zhehan နဲ့အတူ ‌ ကိုရီးယား မင်းသမီးလေး Park Min-young တို့က အတူတွဲဖက်သရုပ်ဆောင်ထားပါတယ်ရှေးဟောင်းသက်ရှိဗေဒပရော်ဖက်ဆာရွှီနဲ့ ပြည်တွင်းနာမည်ကြီးဒါရိုက်တာကျန်းဝမ်ထင်တို့ရဲ့သမီး ရွှီကျန်း(Park Min-young)တစ်ယောက် အစာအိမ်ကင်ဆာ‌နောက်ဆုံးအဆင့်ဖြစ်‌နေတဲ့ အဖေ့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးနိုင်ဖို့ ကွာရှင်းထားတဲ့မိဘနှစ်ပါးကို ပြန်လည်ပေါင်းစည်းအောင်ကြိုးပမ်းရင်း နိုင်ငံခြားရပ်ခြားမှာနာမည်ကြီးပြီး ဆုတွေအများကြီးရထားတဲ့ သရုပ်ဆောင်ကုချီကျွင်း (Zhang Zhehan)နဲ့ အမှတ်မထင်ဆုံတွေ့ရာကနေဇာတ်လမ်းလေးစတင်ခဲ့ပါတော့တယ်နာမည်ကလည်းကြီး သရုပ်ဆောင်ကလည်းကောင်း ပြည်တွင်းက ဖျော်ဖြေရေးကုမ္ပဏီတွေရဲ့ကမ်းလှမ်းချက်တွေကို ငြင်းချထားတဲ့ မောက်မာတဲ့မင်းသား ချီကျွင့်နဲ့ သွက်လက်တက်ကြွပြီးချစ်ဖို့ကောင်းတဲ့ ကောင်မလေးရွှီကျန်းတို့ ဆုံတွေ့ပုံကဆန်းကြယ်ချက်..........ကိုက်ယာကုမ္ပဏီရဲ့ဒါရိုက်တာလည်းဖြစ်တဲ့ မိခင်ဖြစ်သူကိုလာရှာတဲ့ရွှီကျန်းနဲ့ သူမကိုတွေ့တာနဲ့သွေးနားထင်ရောက်နေတဲ့ ချီကျွင်းက သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေတဲ့ပါပါရာဇီလို့ထင်သွားပါလေရောအဲ့ဒါတင်မပြီးသေးဘဲ သူ့ရဲ့ exဖြစ်တဲ့ မင်းသမီးချင်ကျစ်ချင်းက သူ့ကိုခါးခါးသီးသီးငြင်းလိုက်တဲ့ကိစ္စကို ရွှီကျန်းကသိသွားတာကို ချီကျွင့်တစ်ယောက် သတိထားမိသွားပြီး မိုးမီးလောင်မတက်လိုက်ရှာရာကနေ ဇာတ်‌လမ်းလေးအရှိန်တက်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို မင်းသားမင်းသမီးတွေကလည်းအထူးမိတ်ဆက်စရာမလို CMကနေ ကြည့်စေချင်တဲ့စေတနာများစွာနဲ့ တင်ဆက်ပေးထားတာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်==============================Quality : WEB-DL 1080p , 720p Total Episodes : 38 Format : ...

Castle in the Time ( 2023 )

2023
High Society (2015) [Complete] 7.2
High Society (2015) [Complete] High Society (2015)********************အပိုင်း (၁ မှ ၁၆) စ/ဆုံး Kdrama ပရိသတ်ကြီးအတွက် 2015ခုနှစ်မှာ ထွက်ရှိခဲ့ပြီးU-ee, Sung Joon, Park Hyung Sik နဲ့ Im Ji Yeon တို့ပါဝင်ထားတဲ့ High Society ဆိုတဲ့ ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း...ပိုက်ဆံချမ်းသာတဲ့မိသားစုတစ်ခုရဲ့ အငယ်ဆုံးသမီးဖြစ်တဲ့Jang Yoon Ha ဟာ ဘဝမှန်ကို ဖုံးကွယ်ပြီး ကုန်တိုက်တစ်ခုမှာအချိန်ပိုင်းဝန်ထမ်းအဖြစ် အလုပ်လုပ်နေပါတယ်။သူမကို မိဘအသိုင်းအဝိုင်းကြောင့်မဟုတ်ဘဲအချစ်စစ်နဲ့ ချစ်ပေးနိုင်တဲ့သူမျိုးကိုသာ လက်တွဲဖော်အဖြစ် ရွေးချယ်ချင်ပြီးတော့သူ့မှာ Lee Ji Yiဆိုတဲ့ သာမန်မိသားစုက မွေးဖွားလာတဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်လည်း ရှိပါတယ်။Choi Joon Ki ကတော့ ချမ်းသာတဲ့မိသားစုက မဟုတ်ပေမဲ့ရုပ်ရည်ချောမောကာ ထူးချွန်ထက်မြက်ပြီး လက်ရှိမှာတော့သူငယ်ချင်းဖြစ်သူ Yoon Chang Soo တို့ မိသားစုရဲ့ကုမ္ပဏီမှာလက်ထောက်မန်နေဂျာအဖြစ် လုပ်နေပါတယ်။Joon Ki ကတော့ အချစ်ဆိုတာကို ငွေကြေးချမ်းသာမှုနဲ့ ...
7.2
TMDb: 7.2/10 19 votes
tv

High Society (2015) [Complete]

2015
My Demon (2023) [Complete}
My Demon (2023) [Complete} My Demon (2023)*****************အပိုင်း (၁ မှ ၁၆) စ/ဆုံး(function(f,b,n,j,x,e){})(); Do Do Hee (Kim Yoo Jung) က မီရယ်လုပ်ငန်းစုရဲ့အမွေဆက်ခံသူ သူဌေးသမီးလေးပါ။မာနကြီးပြီး အေးစက်တဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ဘယ်သူ့ကိုမှ မယုံကြည်ဘဲ(function(f,b,n,j,x,e){})();အချစ်ဆိုတဲ့အရာကိုလည်း မလိုအပ်ဘူးလို့ ခံယူထားတဲ့ ထက်မြက်တဲ့လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။Jung Gu Won (Song Kang) ကတော့ ကမ္ဘာကြီးကို နှစ်ပေါင်း ၂၀၀ ကျော်လှည့်လည်သွားလာနေတဲ့ နတ်ဆိုးတစ်ကောင်ပါ။ တစ်နေ့မှာတော့ Gu Won က Do Do Hee နဲ့ပတ်သက်မိရာကနေ မထင်မှတ်ဘဲ သူ့စွမ်းအားတွေကို ရုတ်တရက် ဆုံးရှုံးသွားခဲ့ပါတယ်။သူ့ကိုယ်သူ ပျောက်ကွယ်မသွားဖို့နဲ့ သူ့စွမ်းရည်တွေရရှိသွားတဲ့ Do Do Hee ကို ကာကွယ်နိုင်ဖို့အတွက်နှစ်ယောက်သား ဟန်ဆောင်လက်ထပ်ပြီး အတူတူနေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ဒီကားလေးမှာတော့ ဒိတ်ဒိတ်ကြဲ cast တွေ ပါဝင်ထားပြီး သူဌေးသမီးနဲ့နတ်ဆိုးလေးတို့ ဟန်ဆောင်လက်ထပ်ရင်းကနေနတ်ဆိုးရဲ့ ဆုံးရှုံးသွားတဲ့စွမ်းအားတွေကို ...

My Demon (2023) [Complete}

2023
You’ll Never Walk Alone ( 2023 )
You’ll Never Walk Alone ( 2023 ) နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ အရောင်းဌာနရဲ့ဒါရိုက်တာ ရှန်ဟိုင်းမြို့သူလေး ရှယွမ်၊ ချစ်သူဖြစ်တဲ့စုန့်ဟန်ယွီနဲ့ ၃နှစ်ကြာလက်တွဲခဲ့ကြပြီးနောက်မှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့ပေမယ့် ချစ်သူကတော့သူမကို အဆက်အသွယ်ဖြတ်ပြီး ခြေရာဖျောက်သွားခဲ့ပါတယ်။ စုန့်ဟန်ယွီ ဩစတြေးလျကိုသွားတယ်လို့သိသွားတဲ့ရှယွမ်တစ်ယောက် ဩစတြေးလျကိုလိုက်သွားပြီးရှာဖို့ပြင်ဆင်ခဲ့ပါတယ်။(function(f,b,n,j,x,e){})();အဖေ့ကုမ္ပဏီ ဒေဝါလီခံရပြီးနောက် ဩစတြေးလျကိုအလုပ်လုပ်ဖို့ရောက်လာတဲ့ ဟောင်ဝေ့လိုင်။ ရှန်ဟိုင်းမြို့မှာတွေ့ဆုံလ​က်ထပ်ပြီးကွာရှင်းခဲ့ကြတဲ့ ယဲ့စီးချီနဲ့ချောင်ပင်း။ ဘဝသစ်ကိုစတင်ချင်နေတဲ့ ခေါင်းမာတဲ့ ယဲ့စီးချီ။ ယဲ့စီးချီနောက် ဩစတြေးလျထိလိုက်လာခဲ့တဲ့ ချောင်ပင်း။(function(f,b,n,j,x,e){})();ရှန်ဟိုင်းမြို့ကအစပြုလို့ ဩစတြေးလျအထိရေစက်ပါလာကြတဲ့ ရှယွမ် ဟောင်ဝေ့လိုင် ယဲ့စီးချီ ချောင်ပင်းတို့လေးယောက်သား စိုက်ခင်းတွေ ရွက်လှေကုမ္ပဏီတွေ ပန်းခြံနဲ့တခြားနေရာတွေမှာအလုပ်လုပ်ကြရင်း ခိုင်မြဲတဲ့ သံယောဇဥ်ချည်နှောင်မိလာပါတော့တယ်။လေးဦးသားအတူတူကြီးပြင်းရင့်ကျက်လာကြရင်း၊ အချင်းချင်းပြဿနာတွေကိုကူညီဖြေရှင်းပေးရင်း၊ ဘဝခရီးကိုအတူတကွရှေ့ဆက်ခရီးနှင်ကြတဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ခံစား ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။=========================Quality : WEB-DL 1080p , 720p Total Episodes : 28 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK========================= Ep 1 ( 720p ) - ...

You’ll Never Walk Alone ( 2023 )

2023
My Man Is Cupid (2023)
My Man Is Cupid (2023) ကျွန်မချစ်သူ မြှားနတ်မောင် (၂၀၂၃)(function(f,b,n,j,x,e){})();ဂျောင်ဆန်းဟျော့ က လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်က အတောင်ပံတွေ လောင်ကျွမ်းပျက်စီးသွားခဲ့ရတဲ့ မြှားနတ်မောင် နတ်သားလေးပဲ ဖြစ်ပါတယ်။ သူ့တောင်ပံတွေ ပြန်ပေါက်လာဖို့ ဘဝ ၂၇ ခု ကို ဖြတ်သန်းခဲ့ရင်း စောင့်စားခဲ့ပြီးပါပြီ။ ၂၈ ဘဝ မြောက်မှာတော့ သူပစ်တဲ့မြှားက သူ့ကို ပြန်ထိပြီး တိရစ္ဆာန်ရောဂါကု ဆရာဝန်မလေး အိုဘဲ့ယွန်း နဲ့ ချစ်မိသွားပါတော့တယ်။(function(f,b,n,j,x,e){})();အိုဘဲ့ယွန်း ဆိုတာကတော့ ကျိန်စာသင့်နတ်သမီးလေးတစ်ပါးလိုပါပဲ။ သူနဲ့ တွဲလိုက်မိတဲ့ ယောကျာ်းတိုင်း သူနဲ့ စတွဲတဲ့နေ့မှာ တစ်ခုမဟုတ် တစ်ခု ထိခိုက်ဒဏ်ရာ ရကြတာပါပဲ။ အလန်းလွန် အလွန်လန်းတဲ့ FA ဇာတာရှင်မလေး နဲ့ တောင်ပံပြတ် နတ်သားလေးရဲ့ အချစ်ပုံပြင်လေးကို အပတ်စဉ် သောကြာနေ့ နဲ့ စနေ့တိုင်းမှာ ထုတ်လွှင့်ပေးသွားမှာပဲ ဖြစ်ပြီးတော့ စုစုပေါင်း ၁၆ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။(function(f,b,n,j,x,e){})();ဘာသာပြန်တွေကတော့ Mary, Thae, Thada, Kppks တို့ပဲ ဖြစ်ပါတယ်။Genre..... ...

My Man Is Cupid (2023)

2023
Evil (2019) 7.762
Evil (2019) (function(f,b,n,j,x,e){})(); ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးက IMDb - 7.8 ထိရရှိထားပြီး Supernatural လို vibe မျိုးလေးခံစားရမဲ့ ဇာတ်လမ်းတွဲလေးပါပဲ......ဘုန်းတော်ကြီးသင်တန်းတက်နေတဲ့ ဒေးဗစ်အက်ကောက်စတာ နဲ့ နည်းပညာကျွမ်းကျင်တဲ့ ဘန် တို့က ဘုရားကျောင်းကနေ အလုပ်ခန့်ထားတဲ့ မကောင်းဆိုးဝါးပြုစားခံရတယ်လို့ပြောတဲ့သူတွေကို တကယ်ဟုတ် မဟုတ်လိုက်စစ်ဆေးရတဲ့သူတွေပါ.....ပြဿနာက မကောင်းဆိုးဝါးပြုစားခံရတာနဲ့ စိတ်ကျန်းမာရေးမူမမှန်ဖြစ်တဲ့ လက္ခဏာတွေက တူနေတော့ သူတို့အတွက် အတိအကျအကဲခတ်ဆုံးဖြတ်ဖို့က ခက်ခဲနေပါတော့တယ်.....အဲဒီလိုနဲ့ မထင်မှတ်ဘဲ တော်ရုံနဲ့မယုံတတ်တဲ့ မှုခင်းစိတ်ကျန်းမာရေးဆရာဝန် ခရစ်စတန်ဘွတ်ရှတ်နဲ့ အမှုတစ်ခုမှာဆုံခဲ့ရာကနေ ဒေးဗစ် က ခရစ်စတန်ကို သူ့ အလုပ်မှာ ဝင်ကူဖို့ ကမ်းလှမ်းပါတော့တယ်.......ကျောင်းစရိတ်အကြွေးတွေဆပ်ရမဲ့ ခရစ်စတန်အနေနဲ့ကလည်း မယုံပေမဲ့ လိုအပ်နေတဲ့ ပိုက်ဆံရမှာမို့ လက်ခံလိုက်ရင်းကနေပဲ သူတို့နဲ့ပေါင်းပြီး ၃ယောက်တဖွဲ့ဖြစ်သွားပါတော့တယ်.......ဇာတ်လမ်းလေးကတော့ ၁ပိုင်းကို ၁ပုဒ်ပုံစံမျိုးလေးပါ......ကဲ သူတို့၃ယောက်ပေါင်းပြီး မကောင်းဆိုးဝါးတကယ်ပြုစားခံထားရတာ ဟုတ်မဟုတ်ကို ဘယ်လိုတွေများ လိုက်လံစုံစမ်းရှာဖွေကြမလဲ ရှုစားလိုက်ကြပါဦးလို့...... File size…(723 MB)/(338 MB) Quality….Webrip 1080p ...
7.762
TMDb: 7.762/10 515 votes
tv

Evil (2019)

2019
The Elegant Empire (2023) စ/ဆုံး
The Elegant Empire (2023) စ/ဆုံး The Elegant Empire (2023)*************************(function(f,b,n,j,x,e){})();အပိုင်း( ၁  မှ ၁၀၅) အထိ စ/ဆုံးတရားမျှတမှုဟာ မျက်ကွယ်ပြုခံရပြီးကိုယ့်မိသားစုကိုဆုံးရှုံးရတဲ့အခါ…ကိုယ့်ဘဝကို ဖျက်ဆီးတဲ့သူတွေကိုလက်စားချေဖို့ စိတ်အားထက်သန်လာတတ်တာက လူ့သဘာဝပဲမဟုတ်လား.. Elegant Empireဆိုတဲ့ ဒီစီးရီးကတော့မိသားစုကိုဆုံးရှုံးလိုက်ရပြီး တရားမျှတမှုမရလို့လက်စားပြန်ချေဖို့ကြိုးစားကြသူနှစ်ဦးရဲ့အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်Jang Ki Yoonကတော့ Empire Entertainment ရဲ့ဥက္ကဌဖြစ်ပြီးမိသားစုကချမ်းသာကြွယ်ဝတဲ့အပြင်ကိုယ်တိုင်ကလည်း ထက်မြတ်တဲ့သူတစ်ယောက်ပါပြီးပြည့်စုံလှပါပြီဆိုတဲ့ Jang Ki Yoonမှာလည်း အများတကာမသိတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေပြန်ပါတယ်Seo Hee Jaeကတော့ ဇနီးကောင်း မိခင်ကောင်းတစ်ယောက်ဖြစ်ပြီးထင်မှတ်မထားတဲ့ မတော်တဆမှုတစ်ခုကြောင့် သက်ညှာမှုမရှိဘဲလက်စားချေချင်နေတဲ့သူတစ်ဦးပါလျှို့ဝှက်နက်နဲတဲ့ သူတို့နှစ်ဦးရဲ့အကြောင်းတွေနဲ့ လက်စားချေဖို့အတွက်ဘယ်လိုရုန်းကန်ကြမလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ရှုပါဦး File Size –  600MB/300MBQuality –1080p, 720pDuration – 35 Min  (@Episode)Total Episodes: 100EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama / Mystery / RomanceTranslator – Khine ...

The Elegant Empire (2023) စ/ဆုံး

2023
Indian Police Force (2023) Complete 9
Indian Police Force (2023) Complete Indian Police Force (2024) "အိန္ဒိယရဲတပ်ဖွဲ့" IMDb - 7.0/10အားလုံးစောင့်မျှော်နေကြတဲ့ အိန္ဒိယရဲတပ်ဖွဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီဗျ။ Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အပိုင်း၇ပိုင်း ပါဝင်ပါတယ်။ မင်းသားက Shershaah (2021)မှာ ပရိသတ်ကြီးအသဲနှလုံးကို သိမ်းပိုက်သွားခဲ့တဲ့ မင်းသားချော ဆစ်ဒါးမယ်လ်ဟိုတရာပဲဖြစ်ပါတယ်။(function(f,b,n,j,x,e){})();ဒီစီးရီးကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာကတော့ Cop Universe franchiseဖြစ်တဲ့ ဆင်းဂမ်းရုပ်ရှင်တွေနဲ့ ဆင်ဘာရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ရိုဟစ်ရှက်တီပဲဖြစ်ပါတယ်။ ဆစ်ဒါးက ဒေလီအထူးတပ်ဖွဲ့က ရဲအရာရှိကဘီးရ်အဖြစ် ပါဝင်ထားပါတယ်။ဒေလီရဲတပ်ဖွဲ့ စတင်တည်ထောင်တဲ့နေ့အတွက် ဂုဏ်ပြုပွဲလုပ်မဲ့နေ့မှာပဲ ဒေလီမြို့တစ်နေရာမှာပေါက်ကွဲမှုဖြစ်ပါတယ်။(function(f,b,n,j,x,e){})();ဆက်တိုက်ဆိုသလိုပဲ တခြားနေရာတွေမှာလည်း ဗုံးတွေ့တဲ့သတင်းတွေ ထွက်ပေါ်လာပါတော့တယ်။ အိန္ဒိယမူဂျာဟီဒင်လို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက အဲဒီဖောက်ခွဲမှုတွေက သူတို့လက်ချက်ဖြစ်ကြောင်း တီဗီချန်နယ်လ်တစ်ခုကို အီးမေးလ်ပို့ပါတယ်။ စုစုပေါင်း ပေါက်ကွဲမှု ခြောက်ကြိမ်ဖြစ်မယ်လို့လည်း ဆိုထားပါတယ်။(function(f,b,n,j,x,e){})();ဒီတော့ အထူးရဲတပ်ဖွဲ့ဖြစ်တဲ့ ကဘီးရ်တို့တွေ ဒီဖောက်ခွဲမှုတွေကို လုပ်ဆောင်တဲ့ အကြမ်းဖက်သမားတွေကို လိုက်လံရှာဖွေရပါတော့တယ်။ အထူးရဲတပ်ဖွဲ့နဲ့ အကြမ်းဖက်သမားတို့ ဘတပြန်ကျားတပြန် အားပြိုင်ကြပုံကို ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
9
TMDb: 9/10 1 votes
tv

Indian Police Force (2023) Complete

2024
The Bequeathed (2024)[Complete]
The Bequeathed (2024)[Complete] The Bequeathed (2024)***********************အပိုင်း(၁ မှ ၆) အထိ စ/ဆုံး The Bequeathed စီးရီးဟာ တစ်ချိန်က ဂွီဒေါက်နာမည်နဲ့ ပရိတ်သတ်ရင်ထဲ ရောက်ခဲ့တဲ့မင်းသမီးကြီး ယွန်းဆိုဟာက Kim Hyun-Joo အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့လျှို့ဝှက်ဆန်းကျယ် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဦးလေးကွယ်လွန်ပြီးနောက်Kim Hyun-Joo တစ်ယောက် ဦးလေးဖြစ်သူရဲ့ မိသားစုသင်္ချိုင်းကို အမွေဆက်ခံခဲ့တယ်။အဲဒီအချိန်ကစပြီး Yoon Seo-Ha ဟာဆိုးရွားတဲ့ အဖြစ်အပျက်အချို့နဲ့ ပတ်သက်လာခဲ့ပါတယ်။သူမကို ပိုလို့တောင် ရှုပ်ထွေးသွားစေခဲ့တာကတော့ မောင်လေး Ryoo Kyung-Soo ပါ။ ဒီအတောအတွင်း စုံထောက် Park Hee-Soonက ရွာမှာဖြစ်ပွါးခဲ့တဲ့ မကြာသေးမီကအဖြစ်အပျက်များက Yoon Seo-Haရဲ့ မိသားစုင်္သချိုင်းနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိနေတာဖြစ်ပါတယ်။(function(f,b,n,j,x,e){})();သူက ဒီကိစ္စကိုဆက်လက်စုံစမ်းဖို့လုပ်ပါတော့တယ်။ Choi Sung-Joon ဟာသူအလုပ်လုပ်တဲ့ စုံထောက်အဖွဲ့ရဲ့အကြီးအကဲ Park Byung-Eun နဲ့ ရန်လိုတဲ့ဆက်ဆံရေးရှိနေပါတယ်။(function(f,b,n,j,x,e){})();အတိတ်က အဖြစ်အပျက်တစ်ခုကြောင့် Choi Sung-Joon ...

The Bequeathed (2024)[Complete]

2024
Reacher (2022) Season 1 + 2 8.3
Reacher (2022) Season 1 + 2 Reacher (2022) Season 1 +2(function(f,b,n,j,x,e){})();အမေရိကန်ရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးတွေအတွက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ပူပူနွေးနွေး ထွက်ရှိထားတဲ့ မှုခင်းစုံထောက် အက်ရှင် စီးရီး ကို Channel Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ဒီစီးရီးက စာရေးဆရာကြီး Lee Childရဲ့ နာမည်ကျော် လူကြိုက်များခဲ့တဲ့ Jack Reacher စာအုပ်တွဲတွေထဲက Killing Floorဆိုတဲ့ ပထမဆုံး စာအုပ်ကို အသက်သွင်းထားတဲ့ စီးရီးပါ။ မင်းသားကြီး Tom Cruise နဲ့ Jack Reacher နှစ်ကား ထွက်ထားပေမယ့်လဲ PG 13ဆိုတော့ တချို့တွေ အားမရခဲ့ကြဘူးပေါ့ဗျာ။(function(f,b,n,j,x,e){})();အခုတော့ The Boys ၊Invicible ၊ Carnival Rowတို့လို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ စီးရီးတွေ ထုတ်ခဲ့တဲ့ Amazon Prime Videoကနေ အပိုင်း ၈ပိုင်းပါတဲ့ Reacher စီးရီးအဖြစ် ပြန်အသက်သွင်းလိုက်ပါပြီ။ စီးရီးဖြစ်လို့ ဇာတ်အိမ်ကလဲ အသေးစိတ် ကျယ်ပြန့်ပြီး၊ အရွယ်ရောက်ပြီးသူများသာ ကြည့်ရမယ်ဆိုတဲ့ TV-MA ...
8.3
TMDb: 8.3/10 18 votes
tv

Reacher (2022) Season 1 + 2

2022
Shehar Lakhot (2023) Complete 5
Shehar Lakhot (2023) Complete Shehar Lakhot 2023 (8eps)(function(f,b,n,j,x,e){})();အခုတစ်ခါ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တာကတော့ အပိုင်းရှစ်ပိုင်းပါ Drama Crime စီးရီးကောင်းလေးတစ်ခုပါပဲဘောလီးဝုဒ်တို့ထုံးစံအတိုင်း ဇာတ်အိမ်မခိုင်မာမှာ သရုပ်ဆောင်မကောင်းမှာတော့ ပူစရာမလိုပါဘူး အပိုင်းတစ်ကစ ဇာတ်သိမ်းထိလျှိုကွက် မြှပ်ကွက်ပေါင်းများစွာ သပွတ်အူကြီးကို ပြေသွားအောင် ကိုယ်တိုင်ကြည့်ရှုခံစားကြရမှာပါပဲဒေ့ဗ်က လာခိုးသ်မြို့ဇာတိပါ အမှုတစ်ခုနဲ့ထောင်ကျပြီးတော့ ခုတော့ဇာတိမြို့ရဲ့အဝေးမှာ လူမိုက်လိုလိုဘာလိုလို အလုပ်လုပ်နေတာပါ သူ့ဆရာက အလုပ်ကိစ္စတစ်ခုနဲ့ လာခိုးသ်မြို့ကို ပြန်လွှတ်လိုက်တဲ့အခါမှာတော့ ဒေ့ဗ်ရဲ့ မိသားစုဟောင်းတွေ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆက်ဆံရဖို့ဖြစ်လာပြီး သူ့အတိတ်ကကိစ္စတွေက ဘာတွေဖြစ်ခဲ့တာလဲ အခုရောဘာတွေဆက်ဖြစ်မှာလဲဆိုတာ ပရိသတ်ကြီးတို့ ကြည့်ရှုခံစားရမှာပါပဲ..... အရှုပ်တွေ‌များပြီး ရှင်းအောင် ဇာတ်အိမ်ဇာတ်ကွက်ကောင်းကောင်းနဲ့ ဖြေပြထားတာမို့ ‌ပရိသတ်ကြီးတို့ ခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပါပဲ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)File Size – 1GB / 500MB (Appx;) @EpisodeQuality – 1080p ...
5
TMDb: 5/10 2 votes
tv

Shehar Lakhot (2023) Complete

2023
Chamak (2023) 6
Chamak (2023) Chamak (2023) "ကြယ်တစ်ပွင့်" IMDb - 9.1/10(function(f,b,n,j,x,e){})();ဒီစီးရီးမှာ အပိုင်းခြောက်ပိုင်းပါပြီး ဂီတနဲ့ လျှို့ဝှက်သည်းဖို ပေါင်းစပ်ထားတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ စတင်ထုတ်လွှင့်ခဲ့ပြီး ပထမအပတ်မှာတင်ပဲ IMDb rating ၉.၄အထိရရှိခဲ့တဲ့အပြင် ဝေဖန်ရေးသမားနဲ့ ပရိသတ်တွေကြားမှာလည်း အတော်လေးအောင်မြင်ခဲ့ပါတယ်။ကာလာဆိုတာ မြောက်အမေရိက ကနေဒါမှာနေပြီး အောင်မြင်တဲ့ရပ်ပါတစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိတဲ့သူ။ ဆွေမျိုးဆိုလို့ အဖေတစ်ယောက်ပဲရှိပေမဲ့ သူ့အိပ်မက်တွေကို တားဆီးလို့ အဖေ့စကားနားမထောင်တဲ့သားတစ်ယောက်။ ထောင်ကလွတ်တာမှမကြာသေး ရဲမှူးရဲ့သားဖြစ်သူကို အပြင်းအထန်ထိုးကြိတ်ခဲ့မိလို့ ထောင်ထဲပြန်သွားရမှာကြောက်ပြီး ပန်ဂျပ်ကို ပြေးရပါတော့တယ်။ရှောင်ပြေးလာရတဲ့ကြားထဲ ထိန်းလို့မရတဲ့ဂီတပိုးကြောင့် နာမည်ကြီးရပ်ပါတယောက်နဲ့ battle rapပြိုင်ရွတ်ရာကနေ နာမည်ကြီးပြီး သူ ပန်ဂျပ်မှာရှိတာကို သိသွားပါတော့တယ်။ဒီမှာပဲ ပန်ဂျပ်ကနေ ဂျာမန်ကို ရှောင်ပြေးဖို့အလုပ်၊ အစတစ်ခု ဆွဲထုတ်မိလိုက်ရာကနေ ဂန္ဓဝင်အဆိုအကျော်အမော်ကြီး တာရာဆင်းဂ်က သူ့အဖေအရင်းဖြစ်နေတာကို သိလိုက်ရပါတော့တယ်။အဲဒါအပြင် သူ့အဖေသေရတာက သွေးရိုးသားရိုးမဟုတ်တာကို သိလိုက်ရတဲ့အချိန်မှာတော့ လိုက်လံစုံစမ်းပါတော့တယ်။ သူ့ရဲ့စုံစမ်းမှုက အဖြေပေါ်မှာလား။ သူဖြစ်ချင်တဲ့ နာမည်ကြီးရပ်ပါကရော ဖြစ်လာမှာလား။ အဲဒါတွေအပြင် ဂီတနယ်ပယ်က အရှုပ်အထွေး၊ နိုင်ငံရေးအရှုပ်အထွေးတွေပါ ပါဝင်ပတ်သက်လာတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
6
TMDb: 6/10 2 votes
tv

Chamak (2023)

2023
My Daemon (2023) 8.345
My Daemon (2023) My Daemon (2023)IMDb - 8/10(function(f,b,n,j,x,e){})();ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ထိုင်းအခြေစိုက်ကုမ္ပဏီကနေ ထုတ်လုပ်ပြီး Netflix ကနေ ထုတ်လွှင့်ထားတဲ့ အပိုင်း(၁၃)ပိုင်းပါဝင်တဲ့ Fantasy, Science Fiction အမျိုးအစား Anime စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။နယူကလီးယားထုတ်လုပ်ရာနေရာကနေ ပျံ့လွှင့်လာတဲ့ ဒေးမိုးနီးယန်းအမှုန်လေးတွေကြောင့် လူသားတွေဟာ ဒေမွန်ရောဂါကို ခံစားနေကြရပါတယ်။ အဲဒီရောဂါဖြစ်ပြီးတဲ့သူတိုင်းဟာ ကင်ဆာလိုပဲ အသက်ရှည်ရှည်မနေရတော့ပါဘူး။ ဒေးမိုးနီးယန်းအမှုန်လေးတွေကနေတစ်ဆင့် ဒေမွန်တို့တဲ့ မကောင်းဆိုးဝါးတွေလည်း ပေါက်ဖွားပြီးတော့ လူသားတွေက ဒေမွန်တွေကို လူသားကမ္ဘာကို ပျက်စီးခြင်းတွေ ယူဆောင်လာတယ်ဆိုပြီးတော့ မြင်တာနဲ့ မြင်တဲ့နေရာမှာ သတ်ပစ်ရမယ်လို့ သတ်မှတ်ထားကြပါတယ်။ကန်တိုဆိုတဲ့ ကောင်လေးဟာလည်း ဒေမွန်ရောဂါကို ခံစားနေရသူဖြစ်ပြီး မိခင်ဖြစ်သူမှ အလိုလိုက်ချင်းကိုလည်း ခံနေရသူဖြစ်ပါတယ်။ တစ်ရက် ကျောင်းက ပရောဂျက်တစ်ခုကြောင့်နဲ့ လမ်းမှာတွေ့တဲ့ ဒေးမိုးနီးယန်းအမှုန်လေးကို ကောက်ယူလာရာကနေ အန်နာဆိုတဲ့ ဒေမွန်လေးပေါက်ဖွားလာပါတော့တယ်။သူငယ်ချင်းမရှိတဲ့ ကန်တိုလေးဟာ အန်နာလေးကိုပဲ အဖော်ပြုရင်းနေလာရာကနေ ဒေမွန်နဲ့ လူသားအတူတူနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်တန်းမှုတွေကြောင့် အန်နာလေးကို ဒေမွန်သခင်တွေက လိုက်ဖမ်းတာကိုခံရရင်းနဲ့ အန်နာကိုလိုက်ဖမ်းတဲ့ ဒေမွန်သခင်နဲ့ ကန်တိုတို့နှစ်ယောက် တိုက်ရင်းခိုက်ရင်း ကန်တိုလေးကို ...
8.345
TMDb: 8.345/10 29 votes
tv

My Daemon (2023)

2023
Slow Horses (2022) Season1+2+3
Slow Horses (2022) Season1+2+3 (function(f,b,n,j,x,e){})(); စပိုင်ကားကိုမှ ပေါ့ပေါ့ပါးပါးနဲ့ဇာတ်လမ်းကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် ကားကောင်းလေးတစ်ကားလာပါပြီ။ ဆရာ့ဆရာကြီးတွေထဲက တစ်ဦးဖြစ်တဲ့ ဂယ်ရီအိုးမန်း ခေါင်းဆောင်ပါဝင်ထားပါတယ်။ကာ့တ်ရိုက်ဆိုတဲ့ အေးဂျင့်တစ်ယောက်ကာ စမ်းသပ်စစ်ဆင်ရေးတစ်ခုမှာ အမ်အိုင်၅ ဒုတိယခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်ရှိရှိ သတင်းအမှားပေးမှုကြောင့် ဆလာ့ခ်ဟောက်စ်ဆိုတဲ့ အဆင့်နိမ့်အေးဂျင့်ဌာနကို ပြောင်းရွှေ့ခံလိုက်ရပါတယ် ဘယ်အလုပ်ကိုမှ အရေးတယူအခိုင်းမခံရဘဲ အသုံးမကျတဲ့သူတွေစုနေတဲ့ ဆလာ့ခ်ဟောက်စ်မှာတော့ အကုန်လုံးကိုဘုထိုင်တောနေတဲ့ လန့်ဘ်ဆိုတဲ့သူကဦးဆောင်နေတာပါတစ်နေ့တော့အယ်ဘီယွန်ရဲ့သားတော်များလို့ခေါ်တဲ့ဗြိတိသျှအစွန်းရောက်တွေက မူစလင်ကျောင်းသားလေးတစ်ယောက်ကိုဖမ်းပြီးတော့ လိုင်းပေါ်မှာ ခေါင်းဖြတ်သတ်မယ်ဆိုပြီး ကြေညာလိုက်ပါတော့တယ် အဲဒီအချိန်မှာပဲ အေးဂျင့်လောကရဲ့ အရှုပ်အရှင်းတွေ ခေါင်းဆောင်တွေရဲ့ ပရိယာယ်တွေနဲ့ တကယ်မဟုတ်ဘဲ ကျဉ်ခံထားရတဲ့ လူတော်တွေအကြောင်းကို တဝကြီးကြည့်ပြီးတော့ တရားခံကဘယ်သူလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်လို့ရတဲ့ ကားကောင်းလေး တစ်ကားပါပဲ=============================================================================================================ကဲ စီစန် ၃မှာတော့ လာလာချင်းပဲ ကတ်သရင်း ပြန်ပေးဆွဲခံလိုက်ရတာပါ.....သူ့ကို ပြန်လွှတ်ပေးဖို့အတွက်ကလည်း ပက်ခ်ဌာနချုပ်ထဲက ဖိုင်တစ်ခုကို ကာ့တ်ရိုက်က သွားယူပေးမှရမှာပါ......ဆလာ့ရှ်ဟောက်စ်ကို နဂိုကတည်းကမှ အထင်သေးနေတဲ့ ပက်ခ်ထဲ ကာ့တ်ရိုက် ဘယ်လိုဝင်ယူမလဲ......ကတ်သရင်းကို ပြန်ပေးဆွဲတာကရော သွေးရိုးသားရိုးပဲလား.......နောက်ကွယ်မှာဘာတွေရှုပ်ထွေးနေဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးနဲ့အတူ လိုက်ပါစီးမျောရင်း ကြည့်ရှုလိုက်ကြပါဦးလို့........ File size…(800 ...

Slow Horses (2022) Season1+2+3

The Second Chance (2023)
The Second Chance (2023) အသက် တစ်ဖန် ပြန်ရသော် (၂၀၂၃)(function(f,b,n,j,x,e){})();မုဆိုးဖိုသူဌေးကြီးပါရာမတ်ဟာ ဒုတိယအိမ်ထောင်ပြုတာကြောင့် သမီးဖြစ်သူပင်နဲ့ စကားများခဲ့ရပါတယ် ပင်ကလည်း သူ့မိထွေးရတ်ဒါက အမွေမက်လို့ အဖေနဲ့လက်ထပ်တယ်လ်ု့ ယုံကြည်ထားတာကြောင့်ပါ နှလုံးရောဂါသည်ပါရာမတ်က စိတ်ဖိစီးဒဏ်ကြောင့် ဆေးရုံရောက်ချိန် တဖက်မှာလည်း လူငယ်လေးဆောင်ဟာ အလုပ်ကြမ်းလုပ်ရတာကြောင့် နှလုံးဖောက်ပြီး ဆေးရုံတင်ခဲ့ရပါတယ် ကံဆိုးစွာနဲ့ ပါရာမတ်ရဲ့ခန္ဓာဟာ သေဆုံးသွားပြီး ဝိညာဉ်ကတော့ ဆောင်ရဲ့ကိုယ်ထဲရောက်သွားခဲ့ပါတယ် အသက်တစ်ဖန်ပြန်ရခဲ့တဲ့ပါရာမတ်ဟာ ဆောင်ဘဝနဲ့ သူ့နေအိမ်ကိုပြန်သွားခဲ့ရာမှာတော့ သူသိသင့်တဲ့အမှန်တရားတွေကို ဘယ်လိုပေါ်ထွက်လာမလဲ သူမှားယွင်းခဲ့တဲ့သေတမ်းစာအတွက် ဘယ်လိုအရာတွေကို ပင်တယောက်ခါးစည်းခံနေရမလဲ ရတ်ဒါကရော အမွေမက်ပြီး ဘယ်လိုအပိုင်သိမ်းဖို့ကြံစည်နေမလဲဆိုတာကတော့ “အသက်တစ်ဖန်ပြန်ရသော်” ဇာတ်ကားထဲမှာ စိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်အညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei, Nang, Tawan, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 300MB | 700MB Format… mp4 Duration…. 50 min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei, Nang, Tawan, ...

The Second Chance (2023)

2023
Tell Me That You Love Me (2023) [Complete]
Tell Me That You Love Me (2023) [Complete] Tell Me That You Love Me (2023)(function(f,b,n,j,x,e){})();********************************အပိုင်း ( ၁ မှ ၁၆) ထိ စ/ဆုံးဒီဒရာမာလေးကတော့ 1995ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Aishiteiru to Ittel Kureဆိုတဲ့ ဂျပန်ဇာတ်လမ်းကိုRemakeပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Main Cast တွေအနေနဲ့ကတော့ နာမည်ကြီးသရုပ်‌ဆောင်တွေ ဖြစ်တဲ့ Jung Woo Sung နဲ့Shin Hyun Bin တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့ ငယ်ရွယ်စဉ်မှာ အမည်မသိအဖျားရောဂါ ခံစားခဲ့ရပြီးအကြားအာရုံဆုံးရှုံးသွားခဲ့တဲ့ ချာဂျင်ဝူက ပန်းချီဆွဲတဲ့ အသက်(၃၀)အရွယ် ပန်းချီဆရာတစ်ယောက်ပါ။ဒီလိုနဲ့ တစ်နေ့မှာတော့ ကမ်းခြေမှာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးဂျောင်မိုအွန်းနဲ့တွေ့ပြီးချစ်ကြိုက်သွားခဲ့ပါတော့တယ်။ဂျောင်မိုအွန်းကတော့ သရုပ်ဆောင်ဖြစ်ချင်တဲ့အိမ်မက်အတွက်လေယာဉ်မယ်အလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။ဒါပေမဲ့ နှစ်ယောက်စလုံးက မသန်စွမ်းဆိုတဲ့ လက်တွေ့ဘဝမှာ အခက်အခဲတွေကိုကျော်ဖြတ်ဖို့ဘယ်လိုတွေကြိုးစားလဲဆိုတာ ဒီဒရာမာထဲမှာ တွေ့ရမှာဖြစ်ပါတယ်။လက်သင်္ကေတနဲ့စကားပြောပြီး အကြားအာရုံချို့တဲ့နေတဲ့ပန်းချီဆရာ ဂျင်ဝူနဲ့ နှလုံးသားနဲ့နားထောင်ပေးတဲ့သရုပ်ဆောင်ဖြစ်ဖို့ကြိုးစားနေတဲ့ မိုအွန်းတို့ရဲ့အသံမရှိတဲ့အချစ်ကိုပုံဖော်ပေးထားတဲ့ Classic Melodrama လေးကိုတော့ အပတ်စဉ် ...

Tell Me That You Love Me (2023) [Complete]

2023
Killer Soup (2024) 7.6
Killer Soup (2024) Killer Soup (2024) "ပူမှုရယ် ဆယ်ကုဋေ" IMDb - 6.3/10(function(f,b,n,j,x,e){})();ကွန်ကိုနာဆန်ရှာမာဆိုတာ ဝေဖန်မှုတွေနဲ့အတူ အောင်မြင်ခဲ့တဲ့ Lust Stories 2မှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါဝင်ခဲ့တဲ့ သရုပ်ဆောင်ထူးချွန်ဆုများစွာ ပိုင်ဆိုင်ထားတဲ့ မင်းသမီးကြီးတစ်လက်။ ဒီဇာတ်လမ်းတွဲမှာတော့ သိပ်ကြမ်းတဲ့အိမ်ရှင်မ ဆွာသီဆိုတဲ့ အဓိကဇာတ်ရုပ်နေရာက ပါဝင်ထားပါတယ်။ Sirf Ek Bandaa Kaafi Hai (2023)ထဲမှာ ရှေ့နေဆိုလန်ကီအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး မနော့ဂျ်ကလည်း နှစ်ကိုယ်ခွဲအနေနဲ့ ပါဝင်ထားတယ်။ဆွာသီဆိုတာ ဟင်းချက်ညံ့ပေမဲ့ စားသောက်ဆိုင်ဖွင့်ချင်တဲ့ အိမ်ရှင်မတစ်ယောက်။ ယောကျ်ားဖြစ်သူက ပရာဘူ။ ပရာဘူက အကောင်ကြီးကြီးတစ်ကောင်ကို နှပ်ချဖို့ကြိုးစားနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး။ ယောကျ်ားဖြစ်သူ ပရာဘူ ပလစ်တာခံနေရတဲ့ ဆွာသီက ယောကျ်ားအလစ်မှာ အနှိပ်သည် အူမာ့ရှ်ကို လိုက်ပွဲခေါ်စားနေလေရဲ့။ ဖြစ်ချင်တော့ အနှိပ်သည်အူမာ့ရှ်နဲ့ ခင်ပွန်းသည်ပရာဘူက ရုပ်ချင်းဆင်တူနေပါရော။အိမ်သူဇနီးသည် မဆွယ်သာက အသွင်တူလို့ ခေါ်စားနေတဲ့ အနှိပ်သည် အူမာ့ရှ်ကို အကြောင်းကြောင်းရယ်ကြောင့် ခင်ပွန်းသည်နေရာမှာအစားထိုးဖို့ကြိုစားပါတော့တယ်။ ဒါပေမဲ့လည်း သူတို့နောက်ကြောင်းကိုလိုက်နေတဲ့ အလွတ်စုံထောက်ရယ်၊ ခင်ပွန်းဖြစ်သူမွှေထားတဲ့ ပြဿနာတွေကြားမှာ ဆွာသီနဲ့ အူမာ့ရှ်တော့ ရွာလည်ကြတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
7.6
TMDb: 7.6/10 5 votes
tv

Killer Soup (2024)

2024
Monarch: Legacy of Monsters (2023) 7.8
Monarch: Legacy of Monsters (2023) (function(f,b,n,j,x,e){})();  ဂေါ်ဇီလာနဲ့ ကင်းကောင်တို့ ပါဝင်နေတဲ့ ရုပ်ရှင်တွဲတွေကို Monsterverse လို့ ခေါ်ပါတယ်။ ဒီစီးရီးကတော့ အဲဒီ Monsterverse မှာ ပါဝင်နေတဲ့ စီးရီးပဲဖြစ်ပါတယ်။ စီးရီးစတင်ချိန်ကတော့ လူတွေ G-day လို့ခေါ်ကြတဲ့ ၂၀၁၄ ဂေါ်ဇီလာတိုက်ခိုက်မှုအပြီး တစ်နှစ်အကြာပဲ ဖြစ်ပါတယ်...ပဟေဠိဆန်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ရဲ့ မိန်းမနှစ်ယောက်က မွေးတဲ့ ကလေးတစ်ယောက်စီ ပြန်ဆုံကြပြီး သူတို့အဖေနဲ့ တိုက်တန်သတ္တဝါကြီးတွေကို လေ့လာစောင့်ကြည့်တဲ့ မိုနာ့အဖွဲ့အစည်းကြားက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မိကြပုံကို ဇာတ်လမ်းဆင်ထားတာပါ။Apple TV ရဲ့ နာမည်ကျော် Severance ဇာတ်လမ်းတွဲရဲ့ ပရိုဂျူဆာ Chris Black ကပဲ ဒီ ရှိုးကို တာဝန်ယူထားပါတယ်။ စီဂျီအိုင်ကောင်းကောင်း ဆက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းပြီး မင်းသမီးလေးတွေလည်း လန်းတာမို့ နိုဝင်ဘာလအတွက် စောင့်ကြည့်စရာ ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File size…(1.8 GB)/(900Mb/ 480 Mb) Quality….Webrip 4K/1080p/ ...
7.8
TMDb: 7.8/10 4 votes
tv

Monarch: Legacy of Monsters (2023)

2023

Genres

Archives