Channel Myanmar

Content at random


TV Series

9-1-1 or 911 8.21
9-1-1 or 911 Covid19 ကြောင့် Stay Home နေကြရတဲ့CM Fan တွေ အတွက် အချိန်ကုန်မှန်းမသိအောင်ကြည့်ကောင်းတဲ့ တီဗီဇတ်လမ်းတွဲ တစ်ခု နဲ့မိတ်ဆက်ပေးပါရစေ...9-1-1 ပါတဲ့ ဟုတ်ပါတယ်...9-1-1 ဟာ မြန်မာပြည်က ကူညီပါရစေ လိုပါပဲ ဆိုပေမယ့်ဒီက ကူညီပါရစေလိုမျိုးတော့ မဟုတ်ပါဘူး9-1-1 အုပ်စု မှာ အရေးပေါ် တယ်လီဖုန်းလိုင်းကအော်ပရေတာတွေ ကနေ တဆင့် အမှုအခင်း - သဘာဝဘေး စတဲ့ပြသနာ ပေါင်းစုံကို ဆယ်သွယ်အကူအညီတောင်းတဲ့ အခါမီးသတ် - ရဲ - ဆေးဘက်အကူအညီ နှင့် အပြေးအလွှားကယ်ဆယ်ကြပါရတယ်ဒီ 9-1-1 ဇတ်လမ်းတွဲမှာတော့ ထူးထူးခြားခြား ဖြစ်စဉ်လေးတွေကိုEpisode တစ်ခုစီ အပြီးအစီး ပြထားတာမို့ ဆန့်ငင် ဆန့်ငင် မဖြစ်ပါဘူးဇတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်စီတိုင်းရဲ့ သဘာ၀ ကျတဲ့သရုပ်ဆောင်ချက်တွေ ကြောင့် ဇတ်လမ်းတွဲဟာ ပိုမိုပြီး အသက်ဝင်နေပါတယ်ဒီဇတ်လမ်းတွဲကိုAugust , Sai Wai ...
8.21
TMDb: 8.21/10 2291 votes
tv

9-1-1 or 911

2018
Sunflower Season 1 (2021) 5.6
Sunflower Season 1 (2021) Sunflower (2021) "နေကြာပန်း" IMDb - 7.5/10ZEE5ကထုတ်လွှင့်ခဲ့ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အိန္ဒိယရုပ်သံဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။လက်ပွားမင်းသား သရုပ်ဆောင်ထားတဲ့ Super 30(2019)ကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီးVikas Bahl ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်တာမို့ အရည်အသွေးပိုင်းက စိတ်ချထားလို့ရမှာပါ။ အပိုင်း၁၆ပိုင်းထွက်ရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ဆိုလည်း ဘောလိ၀ုဒ်ပရိသတ်နဲ့ မစိမ်းတဲ့ သရုပ်ဆောင်ထူးချွန်သူတွေမို့ အားလုံး နှစ်သက်သဘောကျဖို့အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဆန်းဖလားဝါး(နေကြာပန်း)ဆိုတဲ့ အဆောက်အဦးတစ်ခုမှာ လူလတ်တန်းစားမိသားစုတွေ နေထိုင်ကြတယ်။အဲဒီအဆောက်အဦးမှာပဲ လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်။ သေဆုံးသူနဲ့ကလည်း အဆောက်အဦးတစ်ခုလုံးက လူတွေနဲ့ ဇာတ်လမ်းလေးတွေရှိ။ သူ့ကိုယ်ပိုင်မိသားစုနဲ့ကလည်း အရှုပ်အရှင်းတွေကများနေတော့ ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ ကြိုးစားတဲ့နောက်ကွယ်က အကြောင်းအရာတွေကို စိတ်ဝင်စားဖို့ကောင်းအောင် တစ်ပိုင်းချင်း ဆွဲခေါ်သွားမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Zwe Yan ~ Yunni ~ Hsuri ~ Alexiaတို့ပဲဖြစ်ပါတယ်)File Size – 600MB (Appx;) @EpisodeQuality – 1080p WEB DLDuration – 44mins (@Episode)Total Episodes: 8Eps (@ ...
5.6
TMDb: 5.6/10 9 votes
tv

Sunflower Season 1 (2021)

2021
The New Look Season 1 (2024) 8.211
The New Look Season 1 (2024) ဒီဘက်ခေတ်မှာ Dior တို့ Coco Chanel အစရှိတဲ့ ပြင်သစ်ဘရန်းတွေဟာ လူတိုင်းနဲ့ ရင်းနှီးပြီးတော့ အမျိုးသမီးတိုင်းအသည်းစွဲရတဲ့ ကမ္ဘာကျော် Luxury Brand တွေအဖြစ် ရပ်တည်နေတာပါ။ ဒီတော့ သူတို့စတင်ဖြစ်တည်လာခဲ့တဲ့ သမိုင်းလေးကို ဗဟုသုတရဖွယ်ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီ series လေးကို လက်လွတ်မခံပါနဲ့နော်။ဇာတ်လမ်းအကျဉ်းဒုတိယကမ္ဘာစစ်နှောင်းပိုင်းမှာ နာဇီတွေဟာ ပြင်သစ်ကို အဓမ္မအုပ်စိုးနေခဲ့ပြီး ပဲရစ်မှာတော့ Christian Dior ဟာ သူ့ရဲ့ တမူထူးခြားစွာ ကွန့်မြူးဆန်းသစ်လာတဲ့ ချုပ်လုပ်မှုဒီဇိုင်းတွေကြောင့် နာမည်တစ်ဟုန်ထိုး ရရှိလာပါတော့တယ်။တစ်ဖက်မှာတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက ရိုးရှင်းမှုကို စံထားတဲ့ အောင်မြင်ကျော်ကြားပြီးသား ဖက်ရှင်ဒီဇိုင်နာ Coco Chanel ဟာ စစ်နှောင်းပိုင်း ကုမ္မဏီအတွင်းရေးပြဿနာ ဖြေရှင်းပြီးတဲ့နောက်မှာ Christian Dior နှင့် အပြိုင် တဖန်ပြန်လည်ဦးမော့လာပါတော့တယ်။တစ်ဖက်မှာလည်း နာဇီအုပ်စိုးမှုကို တော်လှန်နေကြတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်ပတ်သက်နေပါတယ်။ဒီ series လေးမှာ ဒိတ်ဒိတ်ကြဲဖက်ရှင်ဒီဇိုင်နာနှစ်ယောက် အကြိတ်အနယ် ...
8.211
TMDb: 8.211/10 19 votes
tv

The New Look Season 1 (2024)

2024
Wonderful World(2024)
Wonderful World(2024) Wonderful World(2024)**********************အပိုင်း(၁ မှ ၁၄) ထိ စ/ဆုံးVisual လို့ ပြောလိုက်တာနဲ့ မပါမဖြစ်ထည့်သွင်းဖော်ပြခံရတဲ့ Face Genius Cha Eun Woo နဲ့အပိုအလိုမရှိ ဇာတ်ကောင်ကို ပုံဖော်နိုင်စွမ်းရှိတဲ့ မင်းသမီးကြီး Kim Nam Joo တို့ပါဝင်ထားတဲ့ heavy drama ကားလေးကို တင်ဆက်ပေးချင်ပါတယ်။Eun Soo Hyun ဟာ အောင်မြင်ထူးချွန်တဲ့ စိတ်ပညာပါမောက္ခတစ်ယောက်ဖြစ်ပြီးစာရေးဆရာမအဖြစ်လည်း လုပ်ကိုင်တဲ့လူပါ။ သူ့မှာ အရမ်းချစ်ရတဲ့ သားလေးတစ်ယောက်ရှိပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖြတ်သန်းနေသူပေါ့။ ဒါပေမဲ့ သားဖြစ်သူရဲ့ ရုတ်တရက်သေဆုံးမှုကြောင့် သူ့ ဘဝဟာ တစ်ခဏတွင်းချင်း ကမောက်ကမဖြစ်သွားခဲ့ရပါတယ်။သို့ပေမဲ့လည်း သားဖြစ်သူ သေဆုံးမှုအပေါ် တာဝန်ရှိတဲ့လူဟာ ဥပဒေရဲ့ အပြစ်ပေးခြင်းမခံခဲ့ရတာကြောင့်ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ သူကိုယ်တိုင် အဖြစ်မှန်ကိုဖော်ထုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။Kwon Seon yul (Cha Eun Woo) ကတော့ ချမ်းသာတဲ့မိသားစုမှာ ...

Wonderful World(2024)

2024
Fallout (2024) 9.4
Fallout (2024) ကမ္ဘာကျော် အက်ရှင် သိပ္ပံ ဂိမ်းကြီးတစ်ခုဖြစ်တဲ့ Fallout ကိုအခြေခံတဲ့ စီးရီးအသစ်လာပါပြီ။ Halo စီးရီးလိုပဲ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့တင်ဆက်ထားတာပါ။ ပစ်တာခတ်တာ ဖောင်းဒိုင်းတာတွေ ကြမ်းလို့ ကလေးတွေ မပြသင့်ပါဘူး။ဇာတ်လမ်းအကျဉ်းအနုမြူစစ်ပွဲကြီးဖြစ် ကမ္ဘာကြီးပျက်သွားပြီး နှစ် ၂၀၀ ကျော်အကြာကို အခြေခံထားတာပါ။ ကမ္ဘာမျက်နှာပြင်ပေါ်က အနုမြူရောင်ခြည်တွေကြောင့် မြေအောက်မှာ အလုံခန်းကြီးတွေဆောက်နေတဲ့ အလုံခန်းသားတွေရှိမယ်၊ ကမ္ဘာပေါ်မှာပဲ ခပ်ကြမ်းကြမ်းအသက်ရှင်နေတဲ့ မြေပေါ်သားတွေရှိမယ်။ အလုံခန်းတွေကို လိုက်ဓားပြတိုက်နေတဲ့သူတွေ၊ မြေပေါ်က သန္ဓေပြောင်းကောင်တွေ စသဖြင့် အန္တရာယ် အစုံရှိပါတယ်။ဇာတ်လမ်းအစမှာတော့ အလုံခန်း-၃၂ ရဲ့ အုပ်ကြီးဖြစ်သူကို မြေပေါ်ဓားပြတွေက ဖမ်းသွားပါတယ်။ အလုံခန်းသားတွေကလည်း ကြောက်လို့လိုက်မကယ်ချင်ကြသလို၊ ခေါင်းဆောင်ကိုသွားကယ်လိုက်ရင် သူတို့ခေါင်းဆောင်မလုပ်ရမှာစိုးလို့ မကယ်ကြပါဘူး။ အုပ်ကြီးရဲ့ သမီးကတော့ မြေပေါ်ကို ခိုးတက်သွားပြီး သူ့အဖေကို လိုက်ရှာပါတော့တယ်။ တချိန်တည်းမှာပဲ သံမဏိအဖွဲ့ဆိုတဲ့ နည်းပညာထိန်းချုပ်ရေးအဖွဲ့ကလည်း သူတို့ရဲ့ စစ်သည်တော်တွေ စစ်သည်တော်လက်ထောက်တွေနဲ့ စစ်ဆင်ရေးတစ်ခု လွှတ်လိုက်ချိန်မှာ ...
9.4
TMDb: 9.4/10 11 votes
tv

Fallout (2024)

2024
Falling in Love (2024) 10
Falling in Love (2024) Falling In Love ချစ်မိပြီဆိုမှဖြင့် (အညွှန်း)လောကကြီးမှာ မဖြစ်နိုင်တဲ့အချစ်ဆိုတာရှိပါသလား ၊ မဖြစ်နိုင်ရက်နဲ့ရော အချစ်ဆိုတဲ့အရာက ထိန်းချုပ်တားဆီးလို့ရပါရဲ့လား။ဒီဇာတ်လမ်းလေးကတော့ တွေ့ရပါများလည်း မရိုးနိုင်သေးတဲ့ မတူညီတဲ့ဘဝအခြေအနေ ၊ ကွာခြားလှတဲ့အဆင့်အတန်းတွေကြားမှာ ချစ်မိကြတဲ့ ချစ်သူနှစ်ယောက်အကြောင်းပါပဲ။ခါအိုဆိုတဲ့ ကြွေးမြှီများစွာနဲ့ဆင်းရဲတဲ့လယ်သမားလေးဟာ တော်ဝင်ပန်းလေးလို နန်းဆန်တဲ့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ ထုံးကာအိုဆိုတဲ့ မိန်းကလေးလေးကို ချစ်မိသွားလေရဲ့ ဒါပေမဲ့ ချို့တဲ့တဲ့ ခါအိုကို သမီးရှင်မိဘတွေက သဘောမတူကြပါဘူး။မိဘတွေသဘောအရ ဘန်ကောက်ကိုအပို့ခံလိုက်ရတဲ့ ထုံးကာအိုရယ် ၊ မိန်းကလေးတွေကြားရေပန်းစားတဲ့ ခါအိုတို့ရယ် .. ဘေးပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် အဖုအထစ်ကလေးများက ချစ်ခြင်းကို ကွဲကွာစေနိုင်တဲ့အထိဖြစ်လာတဲ့အခါ ...အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Mary, Shin, Cali တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size…  800MB | 350M Format… mp4 Duration….45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kaung, Mary, Shin, Cali Encoder ...
10
TMDb: 10/10 10 votes
tv

Falling in Love (2024)

2024
Apartment 404 (2024) [Complete] 8.5
Apartment 404 (2024) [Complete] Apartment 404 (2024)**********************အပိုင်းသစ် (၈) နောက်ဆုံးပိုင်း အခုတစ်ခေါက်မှာတော့ TvN ရုပ်သံလိုင်းကနေ တင်ဆက်ပြသနေတဲ့"Apartment 404" ဆိုတဲ့ ရသစုံရှိုးလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပါဝင်သူတွေကလည်း Running Man မှ ညီနောင်နှစ်ယောက်ဖြစ်တဲ့Yoo Jae Suk နဲ့ Yang Se Chan၊ Blackpink အဖွဲ့ဝင် Jennie၊Moving မှ Cha Tae Hyun နဲ့ Lee Jung Ha၊Alchemy of souls မှ Oh Nara တို့က ပါဝင်အားဖြည့်ထား​တဲ့အတွက်အကောင်းကြိုက်တဲ့ပရိသတ်တွေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ရှိုးအညွှန်း..."Apartment 404" ဆိုတဲ့နာမည်လေးအတိုင်း တိုက်ခန်းနေထိုင်သူ ၆ ယောက်ဟာသူတို့နေထိုင်ရာတိုက်ခန်းနောက်ကွယ်မှာဖြစ်ပျက်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ပဟေဠိကိုအဖြေရှာဖို့ နည်းလမ်းပေါင်းစုံကြိုးစားကြပုံကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။နေထိုင်သူ ၆ ယောက်ဟာ နှစ်ဖွဲ့စီခွဲပြီး ဂိမ်းတွေကစားရင်း သဲလွန်စတွေကို အရယူကာထူးဆန်းထွေလာဖြစ်ရပ်တွေရဲ့အကြောင်းရင်းကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။တွေးရတာကြိုက်တဲ့ ပရိသတ်တွေအတွက် ကိုယ်တိုင်လိုက်ပါခန့်မှန်းရင်းကြည့်ရှုရမှာဖြစ်လို့လက်မလွှတ်တမ်းအားပေးရမဲ့ ရသစုံရှိုးကောင်းတစ်ခုဆိုလည်းမမှားပါဘူး။အပိုင်းတိုင်းကိုလည်း ...
8.5
TMDb: 8.5/10 2 votes
tv

Apartment 404 (2024) [Complete]

2024
The Regime (2024) 7.909
The Regime (2024)  ငယ်ဘဝရဲ့အချစ်ဦးတစ်ယောက်ဖြစ်ခဲ့တဲ့ Kate Winslet ကိုDomineering female characters အဖြစ် တွေ့မြင်ရမယ့်HBOရဲ့ The Regime miniseries ဒီဇာတ်လမ်းတွဲထဲမှာတော့Kateကို စိတ်ကူးယဉ်ဥရောပနိုင်ငံတစ်ခုက ဝန်ကြီးချုပ်အနေနဲ့တွေ့မြင်ရမှာဖြစ်ပြီးတော့ နိုင်ငံရေးလောကကို သရော်ထားတဲ့ဟာသစီးရီးလေးတစ်ခုဖြစ်ပါတယ်။အယ်လီနာဟာ လောလောလတ်လတ် ရွေးကောက်ပွဲနိုင်ထားတဲ့ဝန်ကြီးချုပ်ဖြစ်ပြီး လက်အောက်ဝန်ထမ်းတွေကြားမှာအလွန်ဇီဇာကြောင်တဲ့သူပေါ့။ ဒါပေမဲ့ နိုင်ငံရေးပါးဝတဲ့နိုင်ငံ‌ရေးသမားပီပီမျက်နှာဖုံးအတု အပြုံးအတု‌တွေနဲ့ တော်ကီကြွယ်တဲ့အယ်လီနာကိုပြည်သူတွေကတော့ ချစ်ကြလေသတည်းပေါ့။ဖြစ်ချင်တော့ ဒီနိုင်ငံမှာ ဒီမိုကရေစီအယောင်ပြနဲ့ မီနီအာဏာရှင်လေးတွေက တက်တက်ပြီး အုပ်ချုပ်ထားတာဆို‌တော့ခေတ်အဆက်ဆက်က အုပ်ချုပ်သူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့်အဘက်ဘက်ကဆုတ်ယုတ်နေပြီးတော့ ပြည်သူတွေအတွက်ဝန်ကြီးချုပ်သစ်အယ်လီနာဟာ လမိုက်ညရဲ့အလင်းရှင်ပေါ့။ပြည်သူတွေဘာနေနေ နိုင်ငံရေးလောကဆိုတာ ဖိုဝါဒီကြီးစိုးတဲ့နေရာဆိုတော့ ခေတ်အဆက်ဆက် စားထားဝါးထားတဲ့ဝန်ကြီးအပေါင်းက အယ်လီနာမကျေနပ်ကြပါဘူး။နိုင်ငံလိုပဲ အဘက်ဘက်ကချွတ်ခြုံကျပြီး မှိုတက်နေတဲ့ နန်းတော်ကြီးကိုပါစိုထိုင်းဆတိုင်းပေးဖို့လူတစ်ယောက်အနေနဲ့ တပ်ကြပ်ဇူဘာ့ခ်ကိုအနားမှာထားဖို့ စီစဉ်လိုက်ပါတော့တယ်။အပြင်ရောအတွင်းပါ အန္တရာယ်အသွယ်သွယ်နဲ့ စိတ်အခြေအနေကပါမတည်ငြိမ်တဲ့အယ်လီနာတစ်ယောက် ဇူဘာ့ခ်ရဲ့အကူအညီနဲ့ပြဿနာပေါင်းစုံကြား သူ့ရဲ့အာဏာကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတာရှုစားကြပါဦး။  File Size –  1.19 GB / 383 MBQuality –WEB-DL 1080p , 720pDuration – ...
7.909
TMDb: 7.909/10 11 votes
tv

The Regime (2024)

2024
Love Adhura (2024) 6
Love Adhura (2024) Love Adhura (2024)"ကံကြမ္မာစေရာ" ============================= (Season 1)အပိုင်း ၄ ပိုင်းပါရှိပြီး တောင်တန်းရှုခင်းအလှတွေကို တဝကြီးခံစားမြင်တွေ့ရမယ့် ဟင်ဒီစကားပြော အချစ်၊ အက်ရှင်ဒရာမာ မီနီစီးရီးလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူမစ်ဟာ ဖခင်ဖြစ်သူ လုပ်ငန်းရှင်ကြီးကို အင်မတန်ကြောက်ရတဲ့ ရိုးရိုးအေးအေး သားလိမ္မာလေးပါ။ သူဟာ တစ်နေ့မှာ တခြားမြို့ကိုသွားရင်းနဲ့ သူ့အဖေသူ့ကိုပေးထားတဲ့ သူ့အမေရဲ့အမွေ ရှေးဟောင်း Vauxhall ကားလေး လမ်းတဝက်မှာ အလုခံလိုက်ရပါတယ်။\အဖေကို အရမ်းကြောက်ရတဲ့ ဆူမစ်ဟာ ကားအခိုးခံခဲ့ရပေမဲ့ သူ့အဖေကို မပြောရဲဘဲ သူ့ရည်းစားကို ကားခဏပေးလိုက်တာပါလို့လိမ်ညာခဲ့ပြီး ကားပြန်တွေ့ပြီးနောက်မှာလည်း အလိမ်ပေါ်မှာဆိုးတဲ့အတွက် ကားခိုးသွားတဲ့ကောင်မလေးနဲ့ ညှိကာ သူတို့ဟာ သမီးရည်းစားတွေပါလို့လိမ်ညာရင်းနဲ့ သူတို့နှစ်ဘက်လုံးမှာရှိတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေတဖြည်းဖြည်းပေါ်လာပြီး ဒီ အချစ်အက်ရှင်ဒရာမာဇာတ်လမ်းတွဲလေး ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, KKKZ, Suri နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်။)File Size – 500MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 31 minute (@Episode)Total ...
6
TMDb: 6/10 2 votes
tv

Love Adhura (2024)

2024
Wedding.con (2024) 5
Wedding.con (2024) Wedding.con (2023) "အိမ်ထောင်ရေးလိမ်လည်မှု" IMDb - 7.0/10Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အချစ်ကိုကိုးကွယ်ကြတဲ့ အမျိုးသမီးလေးတွေ အွန်လိုင်းကနေ လိမ်ညာခံရတဲ့အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဆိုက်ဘာရာဇဝတ်မှုခင်း မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယအမျိုးသမီးလေးတွေဟာ အချိန်တန်အရွယ်ရောက်ရင် အုပ်ထိန်းသူတွေရဲ့ အိမ်ထောင်ဖက်စီစဉ်ပေးတာကို လက်ခံကြရတာ များပါတယ်။ ခေတ်တွေတိုးတက်လာတော့ အွန်လိုင်းမှာ လိုက်ဖက်မဲ့သတို့သားလောင်းရှာကြပါတော့တယ်။ဒီမှာပဲ အိမ်ထောင်ရေးဝက်ဆိုက်ကနေတဆင့် မသိနားမလည်တဲ့သူတွေ၊ တတ်သိနားလည်ပေမဲ့ ယုံကြည်မှုတစ်ခုနဲ့ အချစ်ကိုကိုးစားမှုကြောင့် ခံလိုက်ရတဲ့ လိမ်ညာမှု သစ္စာဖောက်ခံရမှုတွေအကြောင်းပေါ့။ဒီစီးရီးလေးထဲမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ ဆန္ဒရှိတဲ့ အမျိုးသမီးငါးယောက်ကို ဇာတ်ကြောင်းပြန်ပြောတဲ့ပုံစံနဲ့ မှတ်တမ်းရုပ်ရှင်ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာမို့ တမူထူးပြီး စိတ်ဝင်စားဖို့ကောင်းနေတာကြောင့် ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ Alex ~ ToMo ~ Yunniတို့ပဲ ဖြစ်ပါတယ်) File Size – 400MB (Appx;)@Episode Quality – 1080p WEB DL Duration – 27minute (@Episode) Total Episodes: 5Eps Subtitle – Myanmar Hardsub Format ...
5
TMDb: 5/10 1 votes
tv

Wedding.con (2024)

2023
I Woke Up a Vampire (2024) Season2 7.7
I Woke Up a Vampire (2024) Season2 သိပ်မကြာသေးခင်ကမှ တင်ဆက်ခဲ့တဲ့ S1အပြီး ခုလက်ရှိSeason 2 မှာတော့ ကာမီနဲ့ သူ့ရဲ့သွေးနှောသူငယ်ချင်း‌‌တွေဟာ သူတို့ရဲ့ဘဝတစ်ဆစ်ချိုးဖြစ်တဲ့ အထက်တန်းကျောင်းကို ရောက်ရှိလာပါတော့တယ်။အထက်တန်းကျောင်းကိုရောက်လာပြီဖြစ်တဲ့အတွက် လူသစ်တွေနဲ့တွေ့ပြီး မိတ်ဆွေအသစ်တွေဖွဲ့ဖို့ အတွေ့အကြုံအသစ်တွေရဖို့ သူတို့ရဲ့ဘဝကို ပြန်လည်ဖန်တီးဖို့ ကြိုးစားလာကြရပါတယ်။ဒီလိုနဲ့ သူတို့သူငယ်ချင်းတစ်သိုက်ဟာ သူတို့တွေရဲ့သဘာဝလွန်ကိစ္စရပ်တွေကို အတိတ်မှာထားခဲ့ကာ သူတို့ရဲ့အစွမ်းတွေကို ဖုံးကွယ်ထားပြီး ကျောင်းမှာ သာမန်လူနဲ့ အံဝင်ဂွင်ကျဖြစ်အောင် နေဖို့ တစ်ယောက် ပုံစံတစ်မျိုးစီနဲ့ ကြိုးစားကြပါတယ်။ ‌ဒါပေမဲ့လည်းသူတို့ရဲ့ရှုပ်ထွေးလှတဲ့သွေးနှောဘဝတွေက အထက်တန်းကျောင်းအထိ လိုက်လာတဲ့အခါ ၎င်းတို့ကို ရင်ဆိုင်ဖို့ကြိုးစားရပြန်ပါတော့တယ်။ဒီ season မှာတော့ ယခင်သရုပ်ဆောင်တွေအပြင် ထပ်တိုးထားတဲ့ သရုပ်ဆောင်တွေပါလာတာကြောင့် ဇာတ်ကောင်အသစ်တွေကိုလည်း မြင်တွေ့ရမှာပါ။ကာမီရဲ့စွမ်းအားတွေကလည်း ယခင်ကထက်ပိုမိုအားကောင်းလာကာ သဘာဝလွန်သတ္တဝါအသစ်တွေ ရန်သူအသစ်တွေနဲ့ ရင်ဆိုင်လာရပြီး ဇာတ်လမ်းက ပိုအရှိန်တက်လာတာကို မြင်တွေ့ရမှာပါ။File Size – 600MB(Appx;)@EpisodeQuality –1080p WEB DL Duration – 27 minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, Family, Sci-Fi & Fantasy, DramaTranslator –CM ...
7.7
TMDb: 7.7/10 24 votes
tv

I Woke Up a Vampire (2024) Season2

2023
Palm Royale (2024) 8.0
Palm Royale (2024) Palm Royale (2024)==============နာမည်ကျော် ဟာသဝတ္ထုဖြစ်တဲ့ Mr and Mrs American Pie ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Apple Tv+ရဲ့ Palm Royale series1969 ခုနှစ်ကာလကို အခြေခံထားတဲ့ ဒီစီးရီးလေးမှာတော့ ကျွန်တော်တိုရဲ့ဇာတ်လိုက်ကျော်မက်ဆင်းကို ခြုံခြားက‌နေ ဘုံဖျားကိုတက်လှမ်းဖို အမျိုးမျိုးကြံစည်နေတဲ့ social climberအနေနဲ့ မြင်တွေ့ရမှာပါ။ဒါပေမဲ့ ဝတ္ထုဖတ်ဖူးသူတွေဆိုရင်တော့ ဒီsocial climberရုပ်ရှင်လေးက တခြားဇာတ်လမ်းတွေလို ဒရာမာမများဘဲ အခွီတစ်လိုင်းဖြစ်နေတာကိုတွေ့ရမှာပါ။ ဒီတော့ ဇာတ်လမ်းကိုဆက်ကြပါစို။ဇာတ်လမ်းလေးကိုတော့ မက်ဆင်းဆင်မွန်စ်တစ်ယောက် West Palm Beachက Palm Royale ဆိုတဲ့ ဒိတ်ဒိတ်ကြဲသူဌေးမကြီးများ ငွေလာဖြုန်းတဲ့ကလပ်ထဲကိုဝင်ဖို ကြိုးစားနေတာနဲ့ အစပျိုးထားပါတယ်။ ဒါပေမဲ့ နှယ်နှယ်ရရကလပ်မဟုတ်တာကြောင့် ခိုးဝင်ဖို ဝင်ရောဖိုလုပ်ရင်းနဲ့ မက်ဆင်းတစ်ယောက် ဘလက်လစ်သွင်းခံရတဲ့ဆီရောက်သွားပါတော့တယ်။Palm Royale ထဲဝင်ဖိုဆိုရင် ပထမဆုံးလိုအပ်တာက သူ့ကိုထောက်ခံပေးမယ့် အဖွဲဝင်ဖြစ်ပြီးသားသူ ရှိဖိုလိုတာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ကလပ်ထဲဝင်တာ မကြာသေးပေမဲ့ ...
8.0
TMDb: 8.0/10 16 votes
tv

Palm Royale (2024)

2024
Heart Beat (2024) 5
Heart Beat (2024) Heart Beat (2024) "ကာရန်ညီသော အချစ်" IMDb - 6.8/10Disney+ Hotstarကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယဒေါက်တာစီးရီးလေးကို တင်ဆက်ပေးပါရစေ။သိပ်ကိုစည်းကမ်းတင်းကြပ်တဲ့ ဆရာဝန်မကြီးတစ်ယောက်ရှိတယ်။အလုပ်မှာတင်မကဘဲ မိသားစုကအစ အပေါင်းအသင်းနဲ့အဆုံး အရာရာကို စည်းနဲ့ကမ်းနဲ့ လုပ်ကိုင်ဆက်ဆံတတ်တဲ့သူ။ ရှပ်တီးရှပ်ပြာနဲ့ ဆင်းရဲချို့တဲ့ရှာတဲ့ ဆရာဝန်မ ပေါက်စလေးလည်းရှိတယ်။မရည်ရွယ်ပါဘဲ လုပ်သမျှက အလွဲလွဲအချော်ချော်တွေနဲ့ ဘ၀တစ်ခုကိုပိုင်ဆိုင်ထားတဲ့သူ။ သူတို့တွေ တွေ့ဆုံကြတာက အာကေဆိုတဲ့ ဆေးရုံကြီးတစ်ခုမှာ။သူတို့တွေ့ဆုံမှုကနေစတဲ့ဇာတ်လမ်း၊ ရောဂါအမျိုးမျိုး ဇာတ်လမ်းအမျိုးမျိုးနဲ့လူနာတွေကို သူတို့ ရင်ဆိုင်ဖြေရှင်းရပုံတွေ၊ နောက် ထင်မှတ်မထားတဲ့အလှည့်အပြောင်းတွေနဲ့ အချစ်တွေထုံသင်းလာမဲ့ စီးရီးကောင်းလေးမို့ ခံစားကြည့်ရှုကြပါဦး၊(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team) File Size – 500MB(Appx;) @Episode Quality – 1080p WEB DL Duration – 22mins(@Episode) Total Episodes: 24Eps (@ Season) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama ~ Mystery Translator – CM Bollywood ...
5
TMDb: 5/10 1 votes
tv

Heart Beat (2024)

2024
To Be Continued (2024)
To Be Continued (2024) ဆက်ရန် ရှိသေးသည် (၂၀၂၄) အညွှန်းလူအများစောင့်မျှော်နေကြတဲ့ CHANNEL 3 ရုပ်သံလိုင်းရဲ့ ပထမဆုံး Boys Love, BL Series ဆက်ရန်ရှိပါပြီ။"မတော်တဆ အနမ်းတစ်ပွင့်က အရာအားလုံးကို အစပြုခဲ့တယ်"ဒေါက်တာဂျီရဝပ်က အပြောဆိုးပြီး ဒေါသကြီးပေမဲ့ အပြုံးချိုချိုနဲ့ ရိုးသားပွင့်လင်းတဲ့သူလို့ ပြောကြပါတယ်။ အာချီဝစ်ကတော့ အရပ်ရှည်ရှည်နဲ့ ကြည့်ကောင်းတဲ့ နာမည်ကြီးစူပါစတားပေမဲ့ အထီးကျန်ကျန်နဲ့ ရှင်သန်နေသူပါတဲ့။ ကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့ကြတဲ့သူတို့ ၂ ယောက်ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ပြန်လည် တွေ့ဆုံခဲ့ကြပါတော့တယ်။အချိန်တွေကြာပြီးမှ အနည်ထိုင်နေတဲ့ ခံစားချက်တွေကို ပြန်စမ်းသပ်ကြည့်ဖို့ ဖြစ်လာတဲ့အခါ...။ သူငယ်ချင်းနှစ်ယောက်ကြားက သူငယ်ချင်းထက်ပိုတဲ့ မပြီးပြတ်သေးတဲ့ ခံစားချက်တွေကို ဘယ်လိုအဖြေထုတ်မလဲဆိုတာကို ဆရာဝန်လေးနဲ့ နာမည်ကျော်တို့ရဲ့ ဒီဇာတ်လမ်းမှာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Su Myat, Char Ou, Thant တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File ...

To Be Continued (2024)

2024
I Woke Up a Vampire (2023) Season 1 7.7
I Woke Up a Vampire (2023) Season 1 ဒီနေ့ကတော့ Netflix ကလူငယ်စီးရီးလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ကာမီဆိုတဲ့ကောင်မလေးတစ်ယောက်က ၁၃နှစ်ပြည့်မွေးနေ့မှာ စိတ်လှုပ်ရှားစွာနဲ့ အိပ်ရာကထလာတဲ့အခါ လူကလည်းလေပေါ်ပျံနေပြီး ထူးဆန်းတဲ့အရာပေါင်းစုံနဲ့စတင်ကြုံတွေ့ရပါတော့တယ်။သူ(မ)ခံစားတွေ့ကြုံရတာတွေနဲ့ပတ်သက်ပြီးမယုံနိုင်အောင်ဖြစ်နေပါတော့တယ်။ သူ့ရဲ့အချစ်ဆုံး သူငယ်ချင်း ကတ်ဗ်ရဲ့ အကူအညီနဲ့ သူ(မ)ရဲ့ အခြေအနေကိုအဖြေရှာကြည့်ကြတဲ့အခါ သူ(မ)က လူသားတစ်ဝက် ဗန်ပိုင်းယားတစ်ဝက်လို့ခေါ်တဲ့ ဗန်ပိုင်းယားပေါက်လေးဖြစ်နတာကို သိလိုက်ရပါတယ်။ဒီလိုနဲ့ ဒီဖြစ်စဉ်ကို အ‌ဖြေရှာကြည့်ဖို့အစဖော်ကြတဲ့အခါ တကယ်မှာတော့ကာမီက မွေးစားသမီးလေး တစ်ယောက်သာ ဖြစ်ပြီး သူ(မ)ရဲ့ အဖေနဲ့အမေကိုဘယ်သူမှန်းမသိပါဘူး။ တစ်ဖက်မှာတော့ သွေးနှောတွေကိုလိုက်ဖမ်းသူ မုဆိုးမျိုးရိုးဖြစ်တဲ့ ဒိုင်လန်က သူ့ရဲ့မျိုးရိုးစဉ်ဆက်အမွေကို ထူးချွန်စွာဆက်ခံသူတစ်ဦးဖြစ်ပြီး ကာမီတို့ရဲ့ ရပ်ကွက်ထဲကို ပြောင်းရွေ့လာပါတယ်။ ဒီလိုနဲ့ ကာမီက သွေးနှောဗန်ပိုင်းယားပေါက်ကလေး ဆိုတာကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒိုင်လန် သိရှိသွားမလား။သူ(မ)သူငယ်ချင်း ကတ်ဗ်နဲ့ သူတို့ နှစ်ဦး စွမ်းအင်တွေကိုဘယ်လိုထိန်းချုပ်သွားကြမလဲ။ သူမ အလယ်တန်း‌ကျောင်းသား ဘဝပြဿနာ တွေအပြင် ဗန်ပိုင်းယားပေါက်ကလေး ဖြစ်နေတဲ့ ဘဝတစ်ဆစ်ချိုးက သူ(မ)ကို ဘာတွေ ထပ်ဆီးကြို နေမလဲ ။ သူမ ရဲ့ အဖေနဲ့အမေကရော ဘယ်သူလဲ သူမရဲ့ မူလဇာတ်မြစ်မှန်က ...
7.7
TMDb: 7.7/10 24 votes
tv

I Woke Up a Vampire (2023) Season 1

2023
Blank The Series (2024) 7
Blank The Series (2024) နှလုံးသား ကွက်လပ် (2024)GL နှစ်လို့ ပြောရမယ့် ၂၀၂၄ ခုနှစ်မှာ အပြိုင်အဆိုင်ထွက်ကြမယ့် GL seriesတွေကိုကျော်တက်ပြီး Blankက ပွဲဦးထွက် ထွက်ရှိလို့လာပါပြီ။ အသက်ကွာတဲ့ပြဿနာ ဘာညာကွိကွလေးတွေရှိနေပေမဲ့ GAP the seriesရဲ့စာရေးဆရာရဲ့ လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် GAPနဲ့ဆက်စပ်မှုရှိတာကြောင့် အတော်စိတ်ဝင်စားခံနေရတဲ့GL seriesဆိုလည်းမမှားပါဘူး။မျိုးကြီးရိုးကြီးက ဆင်းသက်လာတဲ့ နန်းတော်မှာနေတဲ့ခွန်နွန်ဆိုတဲ့မိန်းကလေးဟာ အဘွားဖြစ်သူရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ကြီးပြင်းခဲ့ရသူပေါ့။ မြင့်မြတ်တဲ့မျိုးရိုးကနေ ဆင်းသက်လာသူပီပီ သူ့နဲ့ထိုက်တန်တဲ့သူမရှိဘူး၊ ဘယ်သူ့ကိုမှမချစ်တော့ဘူးဆိုပြီး မင်္ဂလာပွဲကနေ ထွက်ပြေးလို့ တစ်ကိုယ်တည်းတောက်ပဖို့ ရွေးချယ်ခဲ့တဲ့သူ...အေးခဲနေတဲ့ ခွန်နွန်ရဲ့နှလုံးသားကို တံခါးလာခေါက်တာကတော့ ချစ်ဖို့‌ကောင်းတဲ့အမူအရာနဲ့ နွေးထွေးတဲ့နှလုံးသားနဲ့ ဆွေးရိပ်ထင်‌နေတဲ့မျက်ဝန်းပိုင်ရှင် ကလေးမလေးတစ်ယောက်၊ အားနွန်ကိုမှချစ်တာပါဆိုပြီး တဖွဖွပြောပြီး ပက်ကျိလေးလို တွယ်ကပ်နေတဲ့သူ...ရေခဲရိုက်နှလုံးသားနဲ့ ရင်မခုန်တော့ပါဘူးဆိုတဲ့ မမကြီး၊ လူကပ်တာကိုမကြိုက်တဲ့ တစ်ကိုယ်တည်းနေရတာပျော်တဲ့မမက မနူးမနပ်ကလေးမလေးကိုမှ အကြင်နာတွေပိုပြီး ရင်ခုန်မိတဲ့အခါ...အသက်ကွာဟချက် မျိုးရိုးမြင့်အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေကြား ဒီအမျိုးသမီး‌လေးနှစ်ယောက်ကြားမှာ ပေါက်ဖွားလာမယ့်အချစ်ဇာတ်လမ်းကို Faye-yokoအတွဲက ဘယ်လိုchemistryမိမိပုံဖော်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Mary, Khaing, Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... ...
7
TMDb: 7/10 votes
tv

Blank The Series (2024)

2024
Hightown – Season (01), (02), (03) 6.8
Hightown – Season (01), (02), (03) Hightown - Season (01), (02), (03) ========================= IMDb Rating - 6.8/10နာမည်ကျော်မင်းသမီး Monica Raymund တစ်ယောက် Best Actress Award ဆုရရှိခဲ့တဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေး လိုက်ပါတယ်။ Season 3 ခု အထိ ထွက်ရှိထားပြီ ဖြစ်ပြီး CM မှ ဆက်တိုက် တင်ဆက်ပေးသွားပါမယ်။ဇာတ်လမ်းအကျဉ်း - ဂျက်ကီက အမျိုးသားရေကြောင်းငါးလုပ်ငန်းက အထူးအေးဂျင့် တစ်ယောက်ပါ။ ရာထူးရာခံရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုပေမဲ့ ပီတောင်းလို လောကီအာရုံကာမဂုဏ်တွေနဲ့ ပြည့်စုံနေတဲ့ မြို့လေးမှာ ငါးဖမ်းလှေတွေဆီက ဆက်ကြေးတောင်းလိုက် ရတဲ့ပိုက်ဆံနဲ့ အရက် သောက်လိုက် စော်ရှုပ်လိုက်နဲ့ လုပ်နေတတ်တဲ့ လက်ဖက်ဆီပြန် အရာရှိမလေးတစ်ယောက်ပေါ့။ရေပြင်လို တည်ငြိမ်နေတဲ့ သူ့ဘဝထဲကို ခဲတစ်လုံးကျစေခဲ့တာကတော့ ရှယ်ရီဆိုတဲ့ ကောင်မလေး အသတ်ခံရတဲ့အမှုပါပဲ။ အရုဏ်တက်ချိန်မှာ စော်လေးတစ်ယောက်နဲ့ လင်ဗန်းချင်းရိုက်ပြီး ပြန်လာတဲ့ ဂျက်ကီတစ်ယောက် ကမ်းခြေမှာ သောင်လာတင်နေတဲ့ ရှယ်ရီ့ရဲ့ အလောင်းကို တွေ့လိုက်ရပြီး အရေးပါတဲ့ မျက်မြင်သက်သေတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ရှယ်ရီ အသတ်ခံရတာကလည်း သာမန်လူသတ်မှုမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ ဂိုဏ်းကြီးတစ်ခု ရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့ ...
6.8
TMDb: 6.8/10 5900 votes
tv

Hightown – Season (01), (02), (03)

2020
A Secretly Love (2024)
A Secretly Love (2024) လျှို့ဝှက်ချစ် (၂၀၂၄)ခွန်ပရို့တစ်ယောက် ကျောင်းကစီနီယာအစ်ကိုကြီးကို ကြိတ်သဘောကျနေခဲ့တာ နှစ်ချီနေပြီပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ လူရိုးလူအေးလေးတစ်ယောက် စီနီယာအစ်ကိုကြီးရဲ့ တွေ့ဆုံကြုံကွဲ ပြတ်လိုက်ဆက်လိုက် ဇာတ်လမ်းတွေကိုလည်း အမြဲထိုင်ကြည့်နေရတဲ့ ဘေးလူလည်း ဖြစ်နေရပါသေးတယ်။ သူကသာ ပြတ်တဲ့သူတွေကြည့်ရင်း ရင်တွေကွဲရပေမဲ့ ချစ်ရတဲ့ စီနီယာကတော့ မုအွန်တာကို ထမင်းစားရေသောက်ပါပဲ။ သူအတွက် အခွင့်အရေးမရှိလောက်တော့ဘူးဆိုပြီး တင်းခံနေပေမဲ့ သူငယ်ချင်းတွေရဲ့ မြှောက်ပေးမှုကြောင့် ရဲရင့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ... တအားပလေးတဲ့ ရေခဲတုံးစီနီယာကို ဘယ်လိုအရည်ဖျော်မလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။https://t.me/+VSlIM1n9ukdiYjU1အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Su Myat, Shin, Yin တို့ပဲ ဖြစ်ပါတယ်။Genre.....BL, Drama Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kaung, Su Myat, Shin, Yin Encoder ..... Aaron720pEpisode 01 ...

A Secretly Love (2024)

2024
War of Faith (2024)
War of Faith (2024) အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် ဒီ 2024 ခုနှစ်မှာပဲ ထွက်ရှိလာတဲ့သမ္မတခေတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့ - ၁၉၃၀ နှစ်ကာလတွေထဲက ကူမင်တန်ဗဟိုဘဏ်ဝန်ထမ်းလေး ဝေရော့ဟိုင်(Wang Yibo)က အကြီးတန်းအကြံပေးပုဂ္ဂိုလ် ရှန်ထူနန်(Wang Yang)ရဲ့ အာရုံစိုက်မှုခံခဲ့ရပြီးကူမင်တန်ပါတီအတွင်းက ဘဏ္ဍာရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ရပါတယ်။ ဒီလိုနဲ့ ပါတီအတွင်းက အချင်းချင်းထိပ်တိုက်တွေ့ရတဲ့ကိစ္စတွေမှာ ဝေရော့ဟိုင်နဲ့ရှန်ထူနန် ယုံကြည်ရာလမ်းတွေ ကွဲလွဲလာပါတော့တယ်။ ဝေရော့ဟိုင်က ရှန်ကျင်းကျန်း(Li Qin)နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ရွေးချယ်စရာလမ်းစ ရှိလာခဲ့တယ်။ ဝေရော့ဟိုင်က ကျန်းရှီးနယ်မြေကို ပါတီရဲ့တာဝန်ပေးမှုကြောင့် ပြောင်းရွှေ့သွားရာကနေကူမင်တန်စီးပွားရေးအတွက် အဓိကအရေးပါတဲ့လူဖြစ်လာခဲ့တယ်။ သမ္မတခေတ်ကာလမှာ ကူမင်တန်ပါတီနဲ့ကွန်မြူနစ်ပါတီရဲ့အားပြိုင်မှုတွေကြား ဝေရော့ဟိုင်ရွေးချယ်လိုက်တဲ့ ယုံကြည်ရာလမ်းက ဘာလဲ...ဉာဏ်ကစားခြင်းတွေနဲ့ သွေးသံရဲရဲလမ်းကို အဆုံးထိလျှောက်လှမ်းသွားနိုင်မှာလား... ယုံကြည်ချက်နဲ့ချစ်ခြင်းသံယောဇဉ်က ရစ်နှောင်ဖွဲသွားနိုင်မှာလား... ဆိုတာကို မင်းသားချော Wang Yibo နဲ့ မင်းသမီးချော Li Qin တို ပါဝင်‌သရုပ်ဆောင်ထားတဲ့ War of Faith ဇာတ်လမ်းတွဲမှာ စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီနော်။====================================Quality : WEB-DL 1080p , 720p Total Episodes : 38 Format : mp4 Genres ...

War of Faith (2024)

2024
Manhunt (2024) 7
Manhunt (2024)  လွတ်မြောက်ခြင်းရဲ့ ပြယုဂ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတကြီး အေဗရာဟမ် လင်ကွန်း လုပ်ကြံသတ်ဖြတ်ခံရတာဟာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံး သမိုင်းအချိုးအကွေ့ကြီးဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ လင်ကွန်း သမ္မတအဖြစ်အပ်နှင်းခံရပြီး မကြာခင်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အခါ တရားခံအဖြစ် တစ်ထချ ယူဆရတဲ့ ပြဇာတ်သရုပ်ဆောင် ဂျွန်ဝိတ်ဘုသ်ကို သမ္မတကြီးလင်ကွန်း ယုံကြည်အားကိုးရတဲ့ အတွင်းရေးမှူး အက်ဒဝင် စတန်တွန်က ၁၂ ရက်တာ သစ္စာရှိရှိ ရွပ်ရွပ်ချွံချွံ လိုက်လံစုံစမ်းပြီး ရှာပုံတော်ထွက်တဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာ သမိုင်းပညာပေးအနေနဲ့ ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် လူဖြူ လူမဲခွဲခြားဆက်ဆံခံရတဲ့ခေတ်၊ ကျွန်စနစ်၊ သမ္မတ လင်ကွန်းယူဆောင်လာပေးတဲ့ လူမဲလွတ်လပ်ခွင့်၊ လင်ကွန်းသေဆုံးသွားတဲ့အခါ မျှော်လင့်ချက်ရောင်ခြည်လေး မှေးမှိန်လာမှု၊ တန်းတူညီမျှမှုရှိတဲ့ ခေတ်သစ်ကိုပြောင်းလဲဖော်ဆောင်လိုတာ၊ လူမဲတွေကို နှိပ်ကွပ်ထားတဲ့ ကျွန်စနစ်မဖျက်သိမ်းစေလိုတာ အစရှိတဲ့ နိုင်ငံရေးအင်အားစုတွေ အားပြိုင်မှု စတာတွေကို လုပ်ကြံသတ်ဖြတ်သူ တရားခံကို လိုက်လံဖမ်းဆီးနေတဲ့ဇာတ်အိမ်ကို အဓိကတည်ပြီး ရိုက်ကူးထားတာဖြစ်လို့ စိတ်ဝင်စားစရာ အရမ်းကောင်းတဲ့အတွက် မျက်စိမနှေးဘဲ ...
7
TMDb: 7/10 14 votes
tv

Manhunt (2024)

2024

Genres

Archives