Channel Myanmar

Content at random


TV Series

First Love, Again (2022)
First Love, Again (2022) First Love, Again (2022)သင့်အတွက် "အချစ်ဦး" ဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုး၊ ဘယ်လိုဖြစ်တည်မှုမျိုးပါလဲ။ကိုယ့်ရဲ့ပထမဆုံးချစ်သူလား...ကိုယ့်နှလုံးသားထဲမှာ အမှတ်မိနေဆုံးသူလား... အများကြီးသဘောကျခဲ့ရပေမဲ့ ပိုင်ဆိုင်ခွင့်မရခဲ့တဲ့သူလား... အဖြူစင်ဆုံးနှလုံးသားနဲ့ ချစ်ခဲ့မိတဲ့သူလား။သေချာတာတစ်ခုကတော့ "မြေးဦးရတဲ့အထိ မမေ့နိုင်တဲ့ အချစ်ဦး" ဆိုတာ နှလုံးသားထဲမှာစွဲကျန်နေတဲ့ အမှတ်တရအပိုင်းအစလေးတစ်ခု ဖြစ်နေမှာပါ။အခုတင်ဆက်ပေးမယ့် "FIrst Love, Again" Dating Show လေးကတော့ အကြောင်းအမျိုးမျိုးနဲ့ဝေးကွာခဲ့ကြရတဲ့ ကိုယ့်ရဲ့အချစ်ဦးနဲ့ ပြန်လည်တွေ့ဆုံကြမယ့် အစီအစဉ်လေးဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချစ်ဦးနဲ့ဝေးခဲ့ကြရတဲ့ ပါဝင်သူ ၄ ယောက်ဟာ ဒုတိယတအကြိမ်ရရှိတဲ့ ဒီအခွင့်အရေးမှာ သူတို့ရဲ့အချစ်ဦးနဲ့ ပြန်လည်ပေါင်းစည်းနိုင်သွားကြမလား ဒါမှမဟုတ် အချစ်သစ်ကိုပဲ ရှာဖွေတွေ့ရှိသွားကြမှာလား ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ခံစားကြရမှာပါ။ပါဝင်သူတွေအကုန်လုံးကလည်း အချောလေးတွေချည်းပဲမို့ Dating Show ကြိုက်တဲ့ ပရိသတ်ကြီးအနေနဲ့ လက်လွှတ်မခံသင့်တဲ့ Show တစ်ခုပါပဲ။အညွှနးကိုတော့ Hmwe Thet Winn က ရေးထားပေးပြီတော့ ဘာသာပြနထားတာကတော့ CM Variety Team ပဲ ဖြစပါတယ်။Genre..... Reality, Daing Quality…. 1080p | 720p File ...

First Love, Again (2022)

2022
Black Snow(2023) 6.706
Black Snow(2023)     1994 ခုနှစ်က အက်ရှ်ဖို့ဒ့်မြို့မှာအထက်တန်းကျောင်းသူတစ်ယောက်အသတ်ခံရတဲ့အမှုဟာ တစ်မြို့လုံးကိုထိတ်လန့်စေခဲ့ပါတယ်။သက်‌သေမလုံလောက်မှုကြောင့် အမှုကိုမဖြေရှင်းနိုင်ပဲရှိနေရာမှ တစ်နေ့မှာ အက်ရှ်ဖို့အထက်တန်းကျောင်းနှစ်100 ပြည့်အထိမ်းအမှတ်အနေနဲ့ အချိန်စုဘူးကိုဖွင့်လိုက်သောအခါ သဲလွန်စထွက်လာကာ အမှုကိုပြန်လည်စုံစမ်းဖို့ဖြစ်လာပါတော့တယ်။စုံထောက် ဂျိမ်းစ်က အမှုကို သာမန်ထက်ပိုစိတ်ဝင်စားကာ အမှုလိုက်ဖို့ကြိုးစားပါတော့တယ်။အမှုတရားခံက ဘယ်သူလဲစုံထောက် ဂျိမ်းစ်ကရော အမှုကိုဘာလို့စိတ်ဝင်စားတာလဲ စသဖြင့်‌မေးခွန်းပေါင်းများစွာနဲ့စီးမြောခံစားရမယ့် မှုခင်းဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ် File size…(917 MB)/(471 Mb) Quality…. 1080p / 720p Format…mp4 Duration….52 m Genre...Crime , Drama , Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice  Download Link  Episode 1 720p  -  Yoteshin / Megaup / Meganz / Streamsb / Usersdrive / Streamvid Episode 1 1080p  -  Yoteshin / Megaup / Meganz / ...
6.706
TMDb: 6.706/10 17 votes
tv

Black Snow(2023)

2023
Modern Farmer (2014) 8.6
Modern Farmer (2014) Modern Farmer (2014)ဟိုးအရင် အခွေတွေနဲ့ကြည့်ကတည်းက ကျွန်တော်တို့တွေ တစ်ပိုင်းမှမလွတ်အောင်ကြည့်ခဲ့ရတဲ့ ဒရာမာလေး တင်ဆက်ပေးပါဦးမယ် ဟာသကားကြိုက်တတ်တဲ့သူတွေတော့ အကုန်မှတ်မိကြမယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ မင်ဂီတို့ သူငယ်ချင်းလေးယောက်က ဟုန်းဒယ်မှာ နာမည်ကြီးလို့အမည်တပ်ခံရတဲ့ rock band ဖြစ်ခဲ့ရာက နောက် ၇ နှစ်လည်းကြာတော့ တစ်ယောက်တစ်နေရာစီနဲ့ ငမွဲတွေဖြစ်သွားကြတယ်မွဲတကာ့ထိပ်ခေါင်တွေဖြစ်နေတုန်းမှာပဲ အယ်လ်ဘမ်အသစ်ထုတ်ချင်နေတဲ့ မင်ဂီက သူရဲ့အဘွား အမွေပေးထားတဲ့ လယ်မှာ မုန်ညင်းထုပ်စိုက်ရောင်းမယ်ဆိုပြီး မင်ဂီကပဲ သူငယ်ချင်းတွေကို လိုက်စည်းရုံး ရွာပြန်ပြီး လယ်လုပ်ကြတာက ဇာတ်လမ်းစတာပါပဲရော့ခ်စတား မြို့သားကြီးတွေ ရွာပြန်လယ်စိုက်တော့ တစ်နေ့တစ်မျိုးမရိုးရအောင်ကို အမှားတွေရော အလွဲတွေရော ဖြစ်ကြရော... ရွာသားတွေကလည်း မခေဘူး တစ်ယောက်တစ်မျိုးဇာတ်လမ်းတွေနဲ့... နောက်ဆုံးကျ မင်ဂီတို့ သူတို့မျှော်လင့်ထားသလို အချီကြီးပွပြီး နောက်ထပ် အယ်လ်ဘမ်ထုတ်နိုင်ဦးမလားဆိုတာကို ကြည့်ရမှာပါပြောရရင် ဒီဇာတ်လမ်းတွဲက K drama ကြည့်နေကျမဟုတ်တဲ့သူတွေတောင် သဘောကျတဲ့ဇာတ်လမ်းပါ ဟာသကြိုက်တဲ့လူတွေအတွက်တော့ ကလိမထိုးဘဲရယ်ရမယ့် ဇာတ်လမ်းမျိုးပါCast တွေကလည်း Lee Ha Nee, Lee Hong Ki. Park Min ...
8.6
TMDb: 8.6/10 7 votes
tv

Modern Farmer (2014)

2014
Cunk On Earth (2023) 7.8
Cunk On Earth (2023) Netflix နဲ့ BBC တို့ ပူးပေါင်းတင်ဆက်ထားတဲ့ Mockumentary ဇာတ်လမ်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ BBC ရဲ့ Cunk on Britain ရဲ့ အောင်မြင်မှုအပြီးမှာ Cunk on earth ဆိုပြီး ကမ္ဘာပေါ်က ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းတွေကို မှတ်တမ်းရုပ်ရှင်ပုံစံတင်ဆက်ထားတဲ့ ဟာသဇာတ်လမ်းအဖြစ် ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ သတင်းထောက် ဖီလိုမီနာ ကန့်ခ်က ရှေးဦး‌ဂူအောင်းလူသားခေတ်ကစပြီး ဒီနေ့ဆိုရှယ်မီဒီယာခတ်အထိ ကြားထဲမှာဖြစ်ပွားခဲ့တဲ့ အရေးကြီးအဖြစ်အပျက်တွေ ဥပမာ- အလယ်ခေတ်အကြောင်း၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတို့ ပေါ်ပေါက်လာပုံအကြောင်း၊ တစ်ကျော့ပြန်ခေတ် (the Renaissance)အကြောင်း၊ ပြီးတော့စက်မှုခေတ်ရောက်လာပုံ အစရှိတဲ့ သမိုင်းအဖြစ်အပျက်တွေကို တကယ်ဖြစ်ခဲ့တာတွေနဲ့ ပြက်လုံးတွေပေါင်းပြီး ဟာသနှောတင်ဆက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအဖြစ်အပျက်တွေနဲ့ဆိုင်တဲ့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ၊ ပါမောက္ခတွေကို မေးမြန်းတာတွေ ပါပါတယ်။ အဲဒီအပိုင်းက ပရိတ်သတ်တွေတော်တော်များများ သဘောကျကြတဲ့အပိုင်းဖြစ်ပါတယ်။ သတင်းထောက် Cunk က ...
7.8
TMDb: 7.8/10 22 votes
tv

Cunk On Earth (2023)

2018
Taj: Divided by Blood (2023)
Taj: Divided by Blood (2023) Taj: Divided by Blood (2023) History IMDb 7.9/10 (2.6K)အခုတစ်ခါမှာတော့ အိန္ဒိယရာဇဝင်စီးရီးလေးတစ်ခုကို တင်ဆက်ပေးပါတော့မယ်။ဒီစီးရီးလေးက ၁၆ရာစုအတွင်း အိန္ဒိယနိုင်ငံမှာ ဩဇာအရှိန်အဝါကြီးမားခဲ့တဲ့ မဂိုအင်ပါယာ ဧကရာဇ်မင်းကြီး အက်ကဘရ်နဲ့ သားတော်၃ပါးဖြစ်တဲ့ ဆလင်းမ် မူရားဒ်နဲ့ ဒါနီယားလ်တို့ရဲ့စစ်ပွဲအောင်နိုင်မှုတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးလေးတစ်ခုဖြစ်ပြီး မဂိုအင်ပါယာကြီးရဲ့အမှောင်ဘက်ခြမ်းကိုလည်း အကွက်ကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။ဒီဇာတ်လမ်းထဲမှာ အန္တရာယ်များတဲ့နိုင်ငံရေးလောကအကြောင်း..ကဗျာဆန်တဲ့အလှတရားတွေ..ရမ္မက်ပြင်းထန်တဲ့ ချစ်ကြည်နူးမှုတွေ..သွေးအေးအေးနဲ့သစ္စာဖောက်မှုတွေနဲ့ သွေးချောင်းစီးမှုတွေအကြောင်းကို ဖေါ်ပြထားပါတယ်။မဂိုအင်ပါယာကြီးအတွင်းရှိ ဇာတ်ကောင်တစ်ခုချင်းစီရဲ့အရှုပ်တော်ပုံတွေကိုပါ ဖြည်ပြထားတာမို့ ဗဟုသုတရမယ့်အပြင် မင်းဆက်ပေါင်းများစွာနဲ့အောင်မြင်ချိန် ကျရှုံးချိန်တွေကိုပါ ရိုက်ကူးတင်ဆက်ပြသထားပါတယ်။အလှတရားနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းကို သိမြင်ချင်ရင်တော့ ဒီဇာတ်လမ်းလေးကို ရှုစားတော်မူကြပါဦးနော်။Quality : 1080p / 720pTotal Episodes : 10EpsFormat : mp4Genres : HistoryDuration : 45minsSubtitle : Myanmar Subtitle ( Hardsub )Translated by BpL~Taylor ~ Yunni~ThaikSan~Khin KhinEncoded by YK 720p Episode 1 - ...

Taj: Divided by Blood (2023)

2023
Crash Course In Romance(2023)
Crash Course In Romance(2023) Crash Course In Romance(2023)*****************************အပိုင်း( ၁ မှ ၁၆ ထိ ) စ/ဆုံးဒီဇာတ်ကားလေးကတော့ တစ်နှစ်ကို စာသင်ကြားရင်း ၁ထရီလီယံ ရှာနိုင်လို့ "၁ ထရီလီယံတန် အမျိုးသား"လို့‌တောင်တင်စားကြပြီးတော့ ပုဂ္ဂလိကပညာရေးလောကရဲ့ BTSလို့တောင် ဆိုနိုင်တဲ့ အရမ်းကို တော်ပြီးနာမည်‌ကျော်ကြားတဲ့ ဆရာတစ်ယောက်နဲ့ ယခင်က နိုင်ငံ့လက်ရွေးစင် လက်ပစ်ဘော ကစားသမားဖြစ်ခဲ့ပြီးတော့ လက်ရှိမှာတော့ "နိုင်ငံ့လက်ရွေးစင် အရံဟင်း"ဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်‌နေတဲ့အမျိုးသမီးတစ်ဦးအကြား ကြည်နူးဖွယ် ဝမ်းနည်းဖွယ်တွေ ရောနှောနေကြတဲ့အချစ်ဇာတ်လမ်းလေးကို နောက်ခံထားပြီး ဖန်တီးထားပါတယ်..ပုဂ္ဂလိကပညာရေးနယ်ပယ်မှာ BTS‌ လောက်နီးနီး ရေပန်းစားတဲ့ Choi Chi Yeolက အလုပ်လည်းအလွန်ကြိုးစားပြီးတော့ စာသင်ကြားရာမှာလည်း ကျောင်းသားတွေရဲ့ အာရုံကို ဆွဲဆောင်ပြီး သင်ကြားတတ်တဲ့ ဆရာ‌တစ်ယောက်ဖြစ်တယ်...လူအများကြားမှာ ‌နာမည်ကျော်ကြား ရေပန်းစားတဲ့ ဆရာတစ်ယောက်အဖြစ် ကြွယ်ဝချမ်းသာမှုတွေ ကျော်ကြားမှုတွေ တိုးလာ‌သလောက် လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့သူတွေလို ခပ်တန်းတန်းပဲ ဆက်ဆံတတ်လာတယ်ဒီလို နာမည်ကျော်ဆရာတစ်ယောက်နဲ့ စိတ်လှုပ်ရှားလွယ်တဲ့ စားသောက်ဆိုင် ပိုင်ရှင်အမျိုးသမီးတို့ဆုံတွေ့ကြတဲ့အခါမှာ ဘယ်လို ခါးသက်သက် ဇာတ်လမ်းလေးတွေ ...

Crash Course In Romance(2023)

2023
Rise of Empires: Ottoman (2020) 7.354
Rise of Empires: Ottoman (2020) Rise Of Empires: Ottoman Season 1 (2020)သမိုင်းဖြစ်ရပ်မှန်များကို စိတ်ဝင်စားသူတွေ မဖြစ်မနေကြည့်ရမယ့် series တစ်ခုလာပါပြီ။ အော့တမန်အင်ပါယာကို အင်အားကြီးစေပြီး သမိုင်းလမ်းကြောင်းကိုလဲ ကြီးကြီးမားမားပြောင်းလဲစေခဲ့တဲ့ အော့တမန်ဘုရင် စူလ်တန်မာမက်ရဲ့သမိုင်းကြောင်းပါ။ စူလ်တန်မာမက်ကတော့ သူ့ခမည်းတော်နတ်ရွာစံအပြီးမှာ ၁၉ နှစ်အရွယ်နဲ့နန်းတက်ခဲ့တဲ့စူလ်တန်ငယ်တစ်ပါးပါ။ အသက်အရွယ်ငယ်တော့ သူ့အင်ပါယာတွင်းကရော အပြင်ကရန်သူကပါ သွေးတိုးစမ်းမှုတွေနဲ့ကြုံရပါတယ်။ မာမက်ကလဲ သူ့စွမ်းရည်ကိုပြသဖို့ရာအတွက် ဘိုင်ဇင်တိုင်းအင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ ကွန်စတန်တီနိုပယ်ကိုသိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘိုင်ဇင်တိုင်းအင်ပါယာကတော့ အရှေ့ရိုမန်အင်ပါယာပါပဲ။ သူတို့မြို့တော် ကွန်စတန်တီနိုပယ်က ခရစ်ယာန်ဘာသာရေးအရ အထွတ်အမြတ်နေရာလဲဖြစ်ပြီး ဒီမြို့ကိုသိမ်းပိုက်ချင်ခဲ့တဲ့တခြားတပ်ပေါင်း၂၃ တပ်က အရှုံးပေးလက်လျှော့ပြန်ခဲ့ရတဲ့မြို့ပါ။ အဲ့ဒီတပ်တွေထဲမှာ မာမက်ဖခမည်းတော် စူလ်တန်မူရက်ဒ်ရဲ့တပ်လဲအပါအဝင်ပါပဲ။ ဒီဇာတ်လမ်းမှာတော့ ၁၉နှစ်သားအရွယ်စူလ်တန် မာမက်ရဲ့ကွန်စတန်တီနိုပယ်ကို ကြိုးပမ်းမှုအကြောင်းအဓိကကြည့်ရမှာပါ။ ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ Docudrama အဖြစ်ဖန်တီးထားခြင်းပါပဲ။ ဒီဒရာမာဇာတ်လမ်းသွားထဲမှာပဲ ပညာရှင်တွေရဲ့အမြင်တွေရှင်းလင်းချက်တွေကို တစ်ပါထဲထည့်ပေးထားတော့ ဒီသမိုင်းကြောင်းကိုကိုယ်သိမထားရင်တောင် ဂူဂဲလ်သွားရှာစရာမလိုပဲ အဆင်ပြေပြေကြည့်နိုင်သွားသလို ပါဝင်တဲ့ဇာတ်ကောင် အဲ့ဒီခေတ်ရဲ့အနေအထား အယူအဆတွေကိုလဲတစ်ပါထဲသိရမှာပါ။ ရုပ်ရှင်ကြည့်နေရင်း ကိုယ်သိချင်တဲ့မေးခွန်းတွေကိုလဲဖြေပေးမယ့် စပွိုင်လာလဲမပေးမယ့်သူမျိုး ဘေးမှာရှိနေသလိုပေါ့။အဲ့ဒါအပြင် နောက်ခံစကားပြောသူကလဲ GOT ထဲက အားလုံးသဘောကျနှစ်ခြိုက်ရသူကြီး တိုင်ဝင်လန်နစ်စတာ (Charles Dance) ဆိုတော့ သူ့အသံပါဝါ အနိမ့်အမြင့် အစွဲအငင်တွေရဲ့ ပံ့ပိုးမှုကလဲ ဒီစီးရီးကိုအသက်ဝင်စေတာမို့ တော်တော်ပြည့်စုံတဲ့စီးရီးတစ်ခုပါပဲ။အညွှန်းကိုတော့ ...
7.354
TMDb: 7.354/10 240 votes
tv

Rise of Empires: Ottoman (2020)

2020
Midnight Series : Moonlight Chicken (2023)
Midnight Series : Moonlight Chicken (2023) ကျင်မ် အဖြစ် Earth Pirapat Watthanasetsiriဝိန် အဖြစ် Mix Sahaphap Wongratchဇာတ်လမ်းအကျဉ်းကျင်မ်က လမင်းကြက်ဆီထမင်းဆိုင်ပိုင်ရှင် တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကြက်ဆီထမင်းဆိုင်လေးက ကိုဗစ်၁၉ ဖြစ်ပွားဆဲကာလတွေမှာ စားသုံးသူတွေအတွက်ထည့်တွက်ပေးတာမို့ နာမည်ကြီးနေတဲ့ စားသောက်ဆိုင်တစ်ခုလည်းဖြစ်ပါတယ်လပြည့်ညတစ်ညမှာ ကျင်မ်ဟာ သူ့ဆိုင်ငယ်​လေးမှာ လာမူးနေတဲ့ ဝိန်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ်အရမ်းမူးနေတဲ့ ဝိန်ကို ကျင်မ်တစ်ယောက် အိမ်ခေါ်သွားခဲ့ရာမှ မမျှော်လင့်ဘဲ တစ်ညတာအချစ်တစ်ခုဖြစ်ပွားလာခဲ့ပါတော့တယ်One Night Stand ရှိတာ ပြဿနာမဟုတ်ဘဲ အချင်းချင်း ခံစားချက်တွေဖြစ်ပေါ်လာပြီး တွယ်တာသွားခဲ့တာကမှ ပြဿနာဆိုတဲ့အတိုင်း ကျင်မ်နဲ့ဝိန်တို့ကြား မထားသင့်တဲ့ခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါ...ဝိန့်မှာလည်း ဆိုင်သူရှိနေပြီးသားဖြစ်နေတဲ့အခါ..မရည်ရွယ် မထင်မှတ်ပဲ ဖြစ်ပေါ်လာခဲ့တဲ့အချစ်ဇာတ်လမ်းလေး ဘာတွေဖြစ်လာမလဲဆိုတာ Midnight Series ရဲ့ နောက်ဆုံးအတွဲဖြစ်တဲ့ "Moonlight Chicken" ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်❤( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) Native Title: Midnight Series : Moonlight ...

Midnight Series : Moonlight Chicken (2023)

2023
George & Tammy (2022) Complete 7.9
George & Tammy (2022) Complete George & Tammy (2022) Completed Limited Series ~ IMDb 7.5/10, Rotten Tomatoes - 85% ~ ပထမဆုံး ပြောချင်တာတော့ စီးရီးတစ်ခုလုံးကို ဘာသာပြန်လို့ပြီးတဲ့အချိန် ကျွန်တော့်အတွက်တန်ဖိုးထားစရာ သီချင်းကောင်းတွေနဲ့အတူ မြတ်နိုးချင်စရာ အနုပညာရှင်နှစ်ယောက် တိုးလာတယ်ဆိုတာပါပဲ... ကန်းထရီးဂီတနဲ့ အဆက်ပြတ်နေတာကတစ်ကြောင်း၊ ခေတ်ကွာတာကတစ်ကြောင်းကြောင့် George Jones နဲ့ Tammy Wynette ဆိုတဲ့ ကန်းထရီးစတားတွေကို ဒီကားမရေးရခင်ထိ မသိခဲ့ရိုးအမှန်ပါ... နှစ်ယောက်အတူဆို သိပ်ကိုအင်အားကောင်းတဲ့ လူနှစ်ယောက်ရဲ့အကြောင်းကို သိလိုက်ရတဲ့အတွက်လည်း ဒီစီးရီးက ကျွန်တော့်အတွက် သုတရော ရသပါ ပေးတဲ့ စီးရီးတစ်ခုလို့ ပြောလို့ရခဲ့ပါတယ်... ဒီစီးရီးမှာ ဂျော့ဂျ်နဲ့ တမ်မီတို့ရဲ့အနုပညာခရီး အချစ်ခရီးနှစ်ခုလုံးကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ဂျော့ဂျ်နဲ့တမ်မီတို့ရဲ့ သမီးဖြစ်သူ ကိုယ်တိုင်ရေးထားတဲ့... '' The Three of Us: Growing Up with Tammy and ...
7.9
TMDb: 7.9/10 9 votes
tv

George & Tammy (2022) Complete

2022
Someday or One Day (2019) 8.8
Someday or One Day (2019) Someday or One Day (2019)“ရှင် ဘယ်ရောက်နေလဲ? ကျွန်မကိုမေ့သွားပြီလား ? ကျွန်မမွေးနေ့မှာ အမြဲတမ်းရှိနေမယ်ဆို.... ကျွန်မနဲ့ ဘယ်တော့မှမခွဲတော့ဘူးဆို... ပုံပြင်တွေပြောခဲ့တဲ့ ရှင်ရယ်... အခုတော့ ဘယ်ရောက်နေပြီလဲ? ကျွန်မလွမ်းတယ်.. ရှင့်ကို အရမ်းအရမ်းလွမ်းပါတယ်....”ဟွမ်ယွီရွှမ်းဟာ သူအရမ်းချစ်ရတဲ့ချစ်သူ ဝမ်ချွမ်ရှန့်ကို လွန်ခဲ့တဲ့နှစ်နှစ်က ဆုံးရှုံးခဲ့ပြီး စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်နဲ့ တစ်နှစ်ကျော်လောက်ကို ပြိုလဲခဲ့ရပါတယ်။ အခုမှစိတ်သစ်လူသစ်နဲ့ အလုပ်ပြန်လုပ်နိုင်တာပါ။ အများအမြင်မှာ အဆင်ပြေနေပေမယ့် ချစ်သူကိုသတိရစိတ်က အချိန်ပြည့်စိုးမိုးထားတဲ့ အချစ်ကြီးသူတစ်ယောက်ပေါ့။တစ်နေ့မှာ အကြားအမြင်ဆရာမနဲ့ စကားပြောဖြစ်တော့ ဟွမ်ယွီရွှမ်းကို နံပါတ် ၃၂ နဲ့ပတ်သက်ပြီး အာရုံရတယ်လို့ပြောခဲ့ပါတယ်။ သူရှာဖွေနေတဲ့ အရေးကြီးဆုံးအရာကို နံပါတ် ၃၂ နဲ့ဆက်စပ်ပြီး ရှာတွေ့နိုင်ပါတယ်တဲ့။ သိပ်အလေးမထားခဲ့ပေမယ့် သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက နံပါတ် ၃၂ နဲ့တိုက်ဆိုင်နေပါတယ်။အဲ့ဒါအပြင် သူနဲ့တစ်ပုံစံတည်းတူတဲ့ကောင်မလေးက ဝမ်ချွမ်ရှန့်နဲ့တစ်ပုံစံတည်းတူတဲ့ကောင်လေးနဲ့ ၃၂ အခွေဆိုင်ရှေ့မှာ တွဲရိုက်ထားတဲ့ ဓါတ်ပုံကို အင်တာနက်ပေါ်ကနေ ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီဓါတ်ပုံကနေ စတင်လိုက်တဲ့ လျှို့ဝှက်ချက်တွေ၊ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့အတူ ဟွမ်ယွီရွှမ်းတစ်ယောက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ဆက်ကြည့်လိုက်ပါတော့နော်...ဒီကားလေးက Parallel Universe နဲ့ Time ...
8.8
TMDb: 8.8/10 25 votes
tv

Someday or One Day (2019)

2019
Dragons: The Nine Realms – Season (01)(02)(03)(04) 5.6
Dragons: The Nine Realms – Season (01)(02)(03)(04) Dragons: The Nine Realms - Season (01)(02)(03)(04) =====================================ကလေးဘ၀ကအရမ်းကြိုက်ခဲ့ကြတဲ့ How to train your dragon Trilogy လိုပါပဲ၊ ဒါပေမဲ့ ဒီစီးရီးက DreamWorks ရဲ့ လက်ရာမဟုတ်ပေမယ့် Hulu က အကောင်းဆုံးရိုက်ပြထားပြီး စီစန် 4 ခုထိထွက်ရှိထားတာမို့ တစ်၀ကြီးကြည့်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1300 ကျော်က ဗိုက်ကင်းနဲ့ နဂါးတွေ ယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ How To Train Your Dragon Animation တွေ ဟာ ဒီထဲမှာတော့ ဒဏ္ဍာရီသက်သက်ဖြစ်သွားပါပြီ။ အိုလီဗီယာ နဲ့ သောမတ်စ် ကလာဆန်ဆိုတဲ့ သားအမိက မီးတောင်ချောက်ကြီး တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲ့ဒီနေရာမှာ သိပ္ပံစမ်းသပ်ချက်တွေလုပ်ဖို့ ရက်ခ်‌ခရော့ကော်ပိုရေးရှင်းအဖွဲ့သားတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ဒဏ္ဍာရီတွေရ အဲ့ဒီချောက်ကြီးဟာ နဂါးတွေကျက်စားခဲ့သလို သော မတ်စ်ဟာ ဗိုက်ကင်းမျိူးနွယ်ကဆင်းသက်လာတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ကလေးသဘာ၀ စူးစမ်းလိုတဲ့ သောမတ်စ်ဟာ တစ်နေ့ ချောက်ထဲဆင်းရင်း Night Fury. မျိုးစိတ် လျှပ်စီးနဂါးတစ်ကောင်‌နဲ့ တွေ့ရှိခင်မင်သွားပါတယ်။ အဲ့ဒီနဂါးနဲ့လျှောက်သွားရင်း ...
5.6
TMDb: 5.6/10 1622 votes
tv

Dragons: The Nine Realms – Season (01)(02)(03)(04)

2021
The Chestnut Man (2021) Season 01 7.7
The Chestnut Man (2021) Season 01 The Chestnut Man (2021) S01 ~ IMDb - 7.7/10, Rotten Tomatoes - 100% ~ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့စီးရီးကတော့ ပရိသတ်နဲ့သိပ်ရင်းနှီးမှာမဟုတ်တဲ့ ဒိန်းမတ် စီးရီးလေးတစ်ခုပါပဲ။ ဒီစီးရီးကို Netflix ကတင်ဆက်ထားတာဖြစ်ပြီး Season 1 မှာတော့ အပိုင်းခြောက်ပိုင်းပါဝင်လာပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်... ဒိန်းမတ်နိုင်ငံအနှံ့အပြားမှာ အသက်လတ်ပိုင်းအမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက်သတ်ခံရတဲ့ ကွင်းဆက်လူသတ်မှုတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအမှုကိုစုံစမ်းဖို့ သူလင်မ်ဆိုတဲ့စုံထောက်အမျိုးသမီးနဲ့ ဟက်စ်ဆိုတဲ့နယ်ပြောင်းစုံထောက်အမျိုးသားတစ်ဦးက ဘယ်လိုလိုက်ဖြေရှင်းကြမလဲဆိုတာရှုစားရမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ထဲက Chestnut Man ဆိုတာကတော့ အဲဒီလူသတ်မှုတွေအားလုံးနဲ့ဆက်စပ်နေတဲ့တစ်ခုထဲသောသဲလွန်စက တရားခံဟာ သစ်အယ်သီးကိုတုတ်လေးတွေထိုးပြီးလုပ်ထားတဲ့ အရုပ်လေးတွေကို အခင်းဖြစ်ပွားရာတိုင်းမှာ ချန်ခဲ့တတ်လို့ပါပဲ။ ဒီသဲလွန်စတစ်ခုကိုခြေရာကောက်ပြီး သစ်အယ်သီးလူသားလို့အမည်တပ်ထားတဲ့ ကွင်းဆက်လူသတ်တရားခံကို သူလင်မ်နဲ့ဟက်စ်တို့ ဘယ်လိုရှာဖွေဖော်ထုတ်ကြမှာလဲ... ဘာကြောင့်ဒီအရွယ်အမျိုးသမီးတွေကိုမှ လူသတ်သမားကပစ်မှတ်ထားတာလဲ... ဆိုတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်ကွက်နဲ့  Plot Twist တွေကလည်း ဟာကနဲ၊ ဟင်ကနဲ ဖြစ်ရလောက်အောင် ကောင်းမွန်ပြီး အဆင့်သတ်မှတ်ချက်ကောင်းတွေလည်းရရှိထားတာကြောင့် လက်မလွှတ်သင့်တဲ့ လျှို့ဝှက်သည်းဖို၊ ...
7.7
TMDb: 7.7/10 404 votes
tv

The Chestnut Man (2021) Season 01

2021
Tomorrow with You(2017) 6.7
Tomorrow with You(2017) Tomorrow with You(2017)*************************အပိုင်း ( ၁ မှ ၁၆ ) အထိ စ/ဆုံးဒီတစ်ခါမှာတော့ အစ်မကြီးအင်ရဲ့အချောဆုံးကောင်လေး၀မ်တောင်းကျီရဲ့ Time Travel စီးရီးဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်.... မင်းသားချော Lee Je-Hoon နဲ့ အတူ ပါးချိုင့်လှလှလေးနဲ့မင်းသမီးချောလေး Shin Min-A လည်း ပါ၀င်သရုပ်ဆောင်ထားတာမို့တခြားပြောစရာလိုတော့မယ်မထင်ပါဘူး နှစ်ယောက်ရဲ့ visual ကိုငေးရရုံနဲ့တင် ကြည့်ရတာတန်နေပြီဖြစ်တဲ့ ဇာတ်ကားလေးလို့ပဲ ဆိုချင်ပါတယ်....ဇာတ်လမ်းအကျဉ်း....ယူဆိုးဂျွန် (Lee Je-Hoon) ဟာ အနာဂတ်ကို အချိန်ခရီးသွားနိုင်သူဖြစ်ပါတယ်...တစ်နေ့ ဆိုးဂျွန်တစ်ယောက် အချိန်ခရီးသွားရင်း သူသေဆုံးမဲ့နေ့ရက်ဆီကို ရောက်သွားပြီးတော့မတော်တဆမှုဖြစ်ပြီး သေဆုံးသွားတဲ့ 'အနာဂတ်ရဲ့ဆိုးဂျွန်'ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပါတော့တယ်....တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုးဂျွန်နဲ့ အတူတူ မတော်တဆမှုဖြစ်ပြီး တစ်ချိန်တည်းမှာသေဆုံးသွားတဲ့ ဆုန်းမာရင်းဆိုတဲ့မိန်းကလေး (Shin Min-A) လည်း ရှိနေခဲ့ပါတယ်...ဆိုးဂျွန်နဲ့ မာရင်းက ဘာကြောင့် တစ်ရက်တည်း တစ်ချိန်တည်းမှာ အတူတူသေဖို့ ‌ဖြစ်လာရတာလဲသူတို့နှစ်ယောက်ရဲ့ သေခြင်းတရားကိုရော ဆိုးဂျွန်တစ်ယောက် ...
6.7
TMDb: 6.7/10 23 votes
tv

Tomorrow with You(2017)

2017
You Touched My Heart (2023) 9.0
You Touched My Heart (2023) ကီ့ခွန် အဖြစ် Push Puttichai အန်ယာမနီ(အန်) အဖြစ် Patricia ဖင်မ် အဖြစ် Pear Pitchapa ချနွတ် အဖြစ် Ball Kummunဇာတ်လမ်းအကျဉ်း“အန်ယာမနီ” က ယောက်ျားလေးတွေကသာ မိန်းကလေးတွေသာ သာလွန်တယ်လို့ မှတ်ယူထားတဲ့ မိသားစုက မြေးမလေးတစ်ယောက်ဖြစ်ပါတယ်သမီးမိန်းကလေးဖြစ်တာကြောင့် သူမရဲ့မိခင်က အဖိုးဖြစ်သူထံမှာ မျက်နှာမရခဲ့သလို အန့်ကိုလည်း အစ်ကိုဖြစ်သူနဲ့ယှဉ်နှိမ်ခံရတာမို့ အန်တစ်ယောက် နိုင်ငံခြားကို ပညာတော်သင်ထွက်လာခဲ့တယ်တစ်ချိန်တည်းမှာပဲ ချစ်သူနှစ်ဦးဖြစ်တဲ့ “ကီ့ခွန်”နဲ့ “ဖင်မ်”ဆိုဟာ ဖင်မ့်ဆန္ဒအရ လမ်းခွဲခဲ့ကြပြီး ဖင်မ်ဟာ အန့်အစ်ကို ချနွတ်နဲ့ လက်ထပ်သွားခဲ့တယ်၈ နှစ်ကြာပြီးနောက် ကီ့နဲ့ ချနွတ်တို့က စီးပွါးရေးပြိုင်ဖက်တွေအနေနဲ့ တွေ့ဆုံလာတဲ့အပြင် အန်ကပါ အစ်ကိုနဲ့ အဖိုးကို ပြန်လက်စားချေဖို့ ကီ့ ကုမ္ပဏီရဲ့ စီးပွါးရေးအကြံပေးအဖြစ် နိုင်ငံခြားက ပြန်လာခဲ့ချိန်မှာတော့ကီ့နဲ့ အန်တို့ ကြား ဘာတွေဆက်ဖြစ်လာမလဲကီ့ကရော ဖင်မ့်အပေါ်ခံစားချက်တွေကျန်နေသေးတာလားချနွတ်၊ဖင်မ်၊ကီ့၊အန်တို့လေးယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ “နှလုံးသားတစ်ခုလုံးနဲ့ ချစ်ရသူ” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရအောင် ...
9.0
TMDb: 9.0/10 votes
tv

You Touched My Heart (2023)

2023
18 Mongkut Sadud Love (2023) 8.0
18 Mongkut Sadud Love (2023) "ချစ်ရသူလူလိမ်မလေး" မြန်မာစာတန်းထိုးစအင့်/အွန်းအင်း အဖြစ် Jackie Jacqueline ပေ့ အဖြစ် Phet Thakrit Tawanpongဘဝသမားလေးစအင့်က ပထွေးဖြစ်သူနဲ့အတူ လူတွေကိုလိုက်လိမ် အကွက်ဆင်ပြီး ငွေညစ်ရင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရသူပါသူမဟာ ဒီဘဝကနေရုန်းထွက်ဖို့ရာ သူ့အမေမဆုံးခင်ကပြောခဲ့တဲ့ သူ့အ​​ဖေရဲ့ သက်သေတွေနဲ့အတူ အဖေကိုရှာဖို့ ဘန်ကောက်တက်လာပါတော့တယ်သူမပထွေးရဲ့လိမ်လည်ရောင်းစားခဲ့တဲ့ သူဌေးလိတ် ဆီကနေ ထွက်ပြေးစဥ် လမ်းမှာ သူမဟာ ဉီးလေးတစ်ယောက်ကို လိမ်လည်ပြီးပိုက်ဆံတွေခိုးခဲ့မိပါတယ်သူမလိမ်လည်ခဲ့သူဟာ ပေ့အဖေမှန်းသိခဲ့ရချိန်မှာလူလိမ်ဖမ်းဆီးရေးပေ့ချ်ပိုင်ရှင်ပေ့နဲ့ လူလိမ်မလေးစအင့်တို့ကြား ဘယ်လိုအတားအဆီးတွေနဲ့ရင်ဆိုင်ရမလဲစအင့်ရဲ့နောက်ကြောင်းမှန်းကိုသိသွားရင် ဘာဆက်ဖြစ်ကြမလဲစအင့်တစ်ယောက် သူ့အဖေကိုတွေ့ရပါ့မလားဆိုတာကိုတော့ရသအစုံခံစားရမဲ့ ချစ်ရသူလူလိမ်မလေး ဇာတ်ကားကို ကြည့်ရှုရအောင်ပါ(အညွှန်းရေးသားသူကတော့ Wan ပါ)Native Title: 18 มงกุฎสะดุดเลิฟ Episodes: 15 Aired: Jan 23, 2023 - ? Aired On: Monday, Tuesday, Wednesday, Thursday, Friday Original Network: Channel 3 Duration: 1 hr. 30 min.Translated by ...
8.0
TMDb: 8.0/10 votes
tv

18 Mongkut Sadud Love (2023)

Something in the Rain (2018) 7.75
Something in the Rain (2018) Something in the Rain (2018)****************************(စ-ဆုံး)K-Drama လောကကို မောင်လေးရောဂါထစေခဲ့တဲ့ 2018 ခုနှစ်က JTBC ရဲ့Something In The Rain ကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းလေးကတော့ အသက် 30ကျော်လာပြီဆိုပေမယ့် အချစ်စစ်ရယ်လို့မရရှိခဲ့ဖူးတဲ့နွေးထွေးကြင်နာတဲ့နှလုံးသားပိုင်ရှင်ယွန်းဂျင်အာ ~အရာရာပြီးပြည့်စုံပြီး ပျော်ရွှင်နေတယ်လို့ထင်ရပေမယ့် အထီးကျန်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့သူ့ဘဝထဲကို ဂျွန်ဟီးဆိုတဲ့ ကောင်ကလေးရောက်ရှိလာတဲ့အခါ ... မြင်သူငေး ရွှေရင်အေးလေးလို့ ပြောရမယ့် ဂျွန်ဟီးကတော့အပြုံးချိုချိုနဲ့ နိုင်ငံခြားပြန် ဂိမ်းဒီဇိုင်းနာအဖြစ်လုပ်ကိုင်နေတဲ့ကောင်လေးဖြစ်ပါတယ် ။အစ်မဖြစ်သူရဲ့ သူငယ်ချင်းဖြစ်တဲ့ ယွန်းဂျင်အာအတွက် မောင်လေးတစ်ယောက်လိုဖြစ်နေတဲ့ ဂျွန်ဟီး~ရင်းနှီးမှုသံယောဇဉ်တွေ အရောင်ပြောင်းလဲသွားရာကနေလှပတဲ့အချစ်သံစဉ်တေးသွားလေးတစ်ပုဒ်ဖြစ်လာမယ့် Something In The Rain.. Episodes: 16File Size:905M B, 364MBQuality :Web-DL  1080p,720PGenres: Drama, RomanceTranslated by  YeeWai,A Htet,Thynn,Tiff,Khine Khine Wai & MiriEncoded by  HYAN >>>>TELE LINK ><>>>> Episode 01  [720p]     »»»  ...
7.75
TMDb: 7.75/10 70 votes
tv

Something in the Rain (2018)

2018
Between the World and Us (2022) 5
Between the World and Us (2022) Between the World and Us (2022) (စ-ဆုံး)********************************ကမ္ဘာကျော် Erkenci Kuş (Early Bird) ဆိုတဲ့ တူရကီ ဇာတ်လမ်းတွဲလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။လှလွန်းလို့ မိန်းကလေးတွေတောင် ကြိုက်ရတဲ့ ဇာတ်ဆောင်မင်းသမီး Demet Ozdemir ရဲ့၂၀၂၂ မှာ ထွက်ခဲ့တဲ့ အပိုင်း ၈ ပိုင်းပါဝင်တဲ့ ရိုမန့်စ် ဇာတ်လမ်းလေး ဖြစ်တဲ့ "Between the World and Us"ဇာတ်လမ်းအကျဉ်းလေးကတော့နာမည်ကြီး မဂ္ဂဇင်းတိုက်တစ်ခုမှာ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်နေပြီး ယုံကြည်မှုသတ္တိနဲ့ အရာရာ ပြည့်စုံနေတဲ့ အမျိုးသမီးလေး "အီကင်"ဇာတ်လမ်းတွဲတစ်ခုတည်းနဲ့ အရမ်းနာမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသား "တိုဂါ"သူတို့ ၂ ဦး အမှတ်မထင် ချစ်ကြိုက်မိပြီး ကာလ ရှည်ကြာလာတဲ့ relationship တစ်ခု ဖြစ်လာတဲ့အချိန်မှာတစ်ဖက်မှာလည်း အရမ်းထက်မြက်တဲ့ အမျိုးသမီးတစ်ဦး တစ်ဖက်မှာလည်း မင်းသားက ဇာတ်လမ်းတွဲတစ်ခုတည်းရိုက်နေလို့သရုပ်ဆောင် အရည်အချင်းကို ...
5
TMDb: 5/10 7 votes
tv

Between the World and Us (2022)

2022
Engga Hostel (2023) 2
Engga Hostel (2023) Engga Hostel (2023)IMDb-6.4/10အဆောင်တစ်ခုမှာ လူတိုင်းကိုအနိုင်ကျင့်တတ်တဲ့ bully တစ်ကောင် အူကြောင်ကြားနဲ့ဂေါက်နေတဲ့တစ်ကောင် နေရာတကာဆရာလိုက်လုပ်တတ်တဲ့ စဆရက တစ်ကောင် စသည်စသည်ဖြင့် မတူညီတဲ့ ဆဌဂံ ဗဟုဂံထောင့်တွေလို မတစ်ထောင်တစ်ကောင်ဘွား ကျောင်းသားတွေရှိကြမှာပါယခုဇာတ်ကားလေးထဲမှာလည်းအဆောင်နေအင်ဂျင်နီယာကျောင်းသားတွေရဲ့ လူငယ်ဘဝ အချစ် ပညာရေး ‌လိင်မှုရေးရာ အရာအားလုံးကို စူးစမ်းသိချင်နေတဲ့ကျောင်းသားလေးတွေအကြောင်းပါ သူတို့ရဲ့ စူးစမ်းမှုတွေနဲ့ မတူညီတဲ့လူပေါင်းများစွာစုပေါင်းထားတဲ့ ပတ်ဝန်းကျင်အသစ်ရဲ့ရိုက်ခတ်မှုတွေကို တင်ဆက်ပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်American pie အိန္ဒိယဗားရှင်းဆန်ဆန်မို့ ဟာသလေးတွေက ရိုင်းသလိုဖြစ်နေပေမယ့် သဘာဝကျကျနဲ့ ရယ်နေရမှာပါ ကျောင်းသားဘဝသရုပ်‌ဖော်စီးရီးဇာတ်ကားလေးကို ပရိသတ်ကြီးတို့ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်( လိင်မှုရေးရာစကားလုံးများပါ၀င်တာကြောင့် မိသားစုနှင့်အတူ ကြည့်ရှူရန်မသင့်ပါ)Quality : 1080p / 720pTotal Episodes : 5EpsFormat : mp4Genres :Comedy , DramaDuration : 34minSubtitle : Myanmar Subtitle ( Hardsub )Translated by CM Bollywood TeamEncoded by YK 720p Episode 1 - Yoteshin / Userdrive ...
2
TMDb: 2/10 1 votes
tv

Engga Hostel (2023)

2023
The Law According to Lidia Poët (2023) 7.5
The Law According to Lidia Poët (2023) The Law According to Lidia Poët (2023) ============================ IMDb Rating 7.5/10 Rotten Tomatoes 86%သွယ်ဝိုက်နာမည်တပ်ရမယ်ဆိုရင် "ရှေ့နေမလေးလေဒီယာနှင့် သူ၏အမှုတွဲများ"ပေါ့။ဒီဇာတ်လမ်းတွဲဟာ နာမည်လေးဖတ်ကြည့်ပြီး အရမ်းရိုးရှင်းမယ်၊ ပေါ့ပေါ့ပါးပါးလေးပါလို့ ထင်ရသလောက်ကို မရိုးရှင်းတဲ့၊ မပေါ့ပါး လှတဲ့ စီးရီးတစ်ခုပါ။ အီတလီတင်မက ကမ္ဘာနဲ့ချီပြီး ဒီစီးရီး ရေပန်း စားနေရတဲ့ အဓိကအကြောင်းအရင်း‌တွေထဲက တစ်ခုကတော့ တ ကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာကြောင့်ပဲ ဖြစ်လိမ့်မယ်ထင် ပါတယ်။ဤလောကမြေကမ္ဘာမှာ ကြီးမားလှတဲ့ ပြောင်းလဲမှုပေါင်းများစွာ ရှိခဲ့ပါတယ်။ ယခုနှစ်ဆိုရင်လည်း AI တွေ ထွန်းကားတော့မယ့် နှစ်ပဲ ဆိုပါတော့ဗျာ။ ဒီလိုပြောင်းလဲမှုပေါင်းများစွာထဲမှာ အသိမ်မွေ့ဆုံးနဲ့ အလှပဆုံးပြောင်းလဲမှုကို ပြောပါဆိုရင် ဖိုဝါဒီကို တိုက်ထုတ်ဖို့ကြိုး စားခဲ့ကြတဲ့ အမျိုးသမီးထုကြီးတွေရဲ့ကြိုးပမ်းမှုတွေ ဖြစ်လိမ့်မယ်။ ဒီအမျိုးသမီးတွေဟာ သဘာဝတရားကြီးကြောင့် အားနည်းတဲ့ပုံပေါ် နေကြသော်ငြား၊ အမှန်တကယ်အားနည်းကြသော်ငြား မာကြောဖို့ လိုလာပြီဆိုရင်လည်း သူမတူအောင်မာကျောနိုင်စွမ်းရှိကြတယ်ဆို တာကို နိုင်ငံအနှံ့အပြားက အမျိုးသမီးတွေရဲ့ကြံ့ကြံ့ခံတွန်းလှန်ခဲ့မှု တွေက သက်သေပြခဲ့ကြပြီးပြီလည်းဖြစ်ပါတယ်။ဒါဆို ဒီစီးရီးကရော ဘယ်ရပ်ဘယ်ဝန်းကျင်မှာ အမျိုးသမီးတွေဘယ်လို ရုန်းကန်ရတာလဲဆိုတာကို ခန့်မှန်းမိကြလိမ့်မယ်ထင်ပါတယ်။ လေဒီ ယာဟာ ဥပဒေအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့သမီးဖြစ်တာနဲ့ အညီ ရှေ့နေတစ်ယောက်ဖြစ်ရဖို့ကို ငယ်ငယ်တည်းက စိတ်ကူးယဉ် အိပ်မက်ခဲ့ရသူပါ။ သို့ပေမဲ့လို့ ...
7.5
TMDb: 7.5/10 2800 votes
tv

The Law According to Lidia Poët (2023)

2023
Brain Works (2023)
Brain Works (2023) Brain Works(2023) *****************************************အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံး ရှင်းဟာရူ (ဂျောင်ယုံးဟွာ)က ဦးနှောက်နဲ့အာရုံကြောဆိုင်ရာသိပ္ပံပညာရှင်တစ်ဦးပါ။ဆရာဝန်မျိုးဆက် ၃ဆက်ရှိတဲ့မိသားစုကနေလာပြီးတော့ ဆက်ခံရရှိထားတဲ့အမွေတွေကြောင့်ကြွယ်ဝချမ်းသာသူပဲဖြစ်ပါတယ်။ ရှင်းဟာရူဟာ ကိုယ်ပိုင်ခံယူချက်အတိုင်း ပြောဆိုပြုမူတတ်တဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိတဲ့သူတစ်ဦးဖြစ်ပေမဲ့ ပေါ့ပေါ့နေပေါ့ပေါ့စားလုပ်တတ်တဲ့သူတွေကိုတော့သနားကရုဏာမထားတတ်ပါဘူး။ဂွမ်မြောင်ဆယ် (ချာထယ်ဟျွန်း)က စုံထောက်တစ်ဦးပါ။ လူတွေကိုရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံတတ်ပြီးတော့သူနဲ့မရင်းနှီးတဲ့သူတွေကဆို သူ့ကို လာဘ်စားတဲ့ရဲလို့မြင်ကြပါတယ်။အမှန်တော့ ဂွမ်မြောင်ဆယ်က ကြင်နာတတ်ပြီးတော့ အမှန်တရားကိုမြတ်နိုးတဲ့ စုံထောက်တစ်ယောက်ပါ။သူက ဂင်မိုရန် (ရဲဂျီဝန်)နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။ ဂင်မိုရန်ကတော့ ကာမစိတ်အလွန်ပြင်းပြတဲ့သူဖြစ်ပါတယ်။ရှင်းဟာရူနဲ့ ဂွမ်မြောင်ဆယ်တို့က စိတ်ပညာရှင် ဆောလ်ဆိုဂျောင် (ဂွက်ဆွန်းယောင်း)ရဲ့ အကူအညီနဲ့ရာဇဝတ်မှုတွေကို အတူတူဖြေရှင်းကြမှာပဲဖြစ်ပါတယ်။mystery, comedy အမျိုးအစားဖြစ်ပြီးတော့ အပတ်စဉ် တနင်္လာနဲ့အင်္ဂါနေ့တိုင်း KBS2ကနေထုတ်လွှင့်ပြသမှာပဲဖြစ်ပါတယ်။ အပိုင်းအနေနဲ့ ၁၆ပိုင်း ပါဝင်ပါမယ်။Episodes: 16File Size:1.1GB, 500MBQuality :HDTV 1080p,720PGenres:Drama, ComedyTranslated by  Khine Khine Wai, Eiphyu Khin, Chothet_mlmt & WindiEncoded by  Phyo Pyae  >>>>TELE LINK ...

Brain Works (2023)

2023

Genres

Archives