Channel Myanmar

Udaan(2010)

Udaan    

NOT RATED 134 min CrimeDrama

8.2
IMDB: 8.2/10 35,715 votes

, , , , ,

13 wins & 21 nominations.

India

5870

Report error

mmbusticket

Udaan(2010)

IMDb….8.2

တစ်ချို့သောမိဘတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာ၊သားသမီးအပေါ်ထားတဲ့ စေတနာ၊အကြင်နာတွေကို ကလေးအိပ်ပျော်သွားတဲ့အချိန်ရောက်မှ ခိုးနမ်းရင်း ပြကြတယ်…

ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ကြလဲမေးရင် သူတို့ရဲ့ပျော့ညံမှုကို သားသမီးတွေ မမြင်စေလိုတာရယ်တစ်ကြောင်း တစ်အားချစ်မှန်းသိရင်

ကလေးကို ဆုံးမရခက်မှာစိုးရိမ်လို့ဆိုတဲ့စကားမျိုးဖြေကောင်းဖြေကြပါလိမ့်မယ်….မိဘတစ်ချို့ဟာ ကလေးစကားစပြောတတ်ပြီဟေ့ ဆိုတာနဲ့

အများဆုံးဘာသင်လဲဆိုတော့ သားလေး သမီးလေး ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အမေးစကားကို ဆရာဝန်ကြီးလုပ်မယ်…

အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့အဖြေစကားပါပဲ….ဧည့်သည်တွေ ဆွေမျိုးတွေကြားထဲမှာ ဒီကလေးတွေရဲ့အဖြေဟာ ဂုဏ်ယူစရာဖြစ်ခဲ့သလို

အရွယ်ရောက်လာရင်လည်း ဒီလိုမျိုးတွေဖြစ်လာဖို့  ပြုစုပျိုးထောင်ပုံသွင်းကြတယ်…တစ်ချို့သောကလေးတွေအတွက် အဆင်ပြေပေမယ့် ၀ါသနာနဲ့နှလုံးသားရဲ့မြတ်နိုးရာ

လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့ကလေးတွေအတွက် အနာဂတ်ဟာေ၀၀ါးသွားတတ်တယ်..

..နားလည်ပေးနိုင်တဲ့မိဘမျိုးဆိုအဆင်ပြေပေမယ့် အတ္တအနည်းငယ်ကြီးတဲ့မိဘမျိုးရှိသူ ကလေးအတွက်တော့ လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်..

..ဒီကားက အင်ဂျင်နီယာကြီးဖြစ်စေချင်တဲ့ မိဘနဲ့ စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ သားတစ်ယောက်အကြောင်းရိုက်ပြထားတာပါ…..

အိန္ဒိယရုပ်ရှင်တွေရဲ့အကောင်းဆုံး

(၄၆)ကားစာရင်းထဲပါခဲ့သလို၊အကောင်းဆုံးရုပ်ရှင်ဆု၊အကောင်းဆုံးဇာတ်လမ်းဆု၊အကောင်းဆုံးဇာတ်ပို့ဆုနဲ့အခြေားဆုပေါင်းများစွာရရှိထားပါတယ်.

…ဒီကားမဒေါင်းခင်ကြိုပြောလိုတာက မင်းသမီးမပါသလို ခမ်းနားထည်ဝါတဲ့ အကတွေ သမီးရည်းစားအချစ်ခန်းတွေမပါဘူး….

ပညာပေးကားတွေရိုက်တဲ့နေရာမှာ အိန္ဒိယကားတွေဟာ အဆန့်အတန်းရှိကြောင်းခင်ဗျားဟာဒီကားကြည့်ပြီးသတိထားမိသွားလိမ့်မယ်.

.အယ် အစကထဲက သတိထားမိပြီးသားဆိုရင်လည်း ခင်ဗျားတို့ကြိုက်တဲ့ အဆင့်အတန်းရှိပညာပေးကားစာရင်းမှာ

Udaan ဆိုတဲ့ကားကို စာရင်းထပ်သွင်းလိုက်မှာ ကျွန်တော်ရဲရဲကြီးအာမခံရဲတယ်….ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့

Lyric Lynn Khant ဖြစ်ပါတယ်…..

File Size…(900MB) and (400MB)
Quality…BluRay 720p
Format…mp4
Duration…02:14:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…..Phyo Pyae
Translated by  Lyric Lynn Khant

Udaan(2010)
Udaan(2010)


No downloads available

Related movies