Channel Myanmar

White Noise 2: The Light (2007)

FantasyHorrorThriller

5.7
IMDB: 5.7/10 votes

36630

Report error

အမေရိကန်နိုင်ငံမှာ နေ့စဉ်လူတစ်သောင်းနီးပါးဟာအကြောင်းအမျိုးမျိုးနဲ့သေဆုံးလျက်ရှိပြီး သေဆုံးမှုအများစုဟာ မြို့ပြဝန်းကျင်မှာဖြစ်ပါတယ်။လူတစ်ဦးကိုသေဆုံးပြီလိုအတည်ပြုအပြီး သတိပြန်မလည်လာခင်အချိန်မှာ မျက်စိကွယ်လုနီးပါးတောက်ပတဲ့အဖြူရောင်အလင်းတန်းကိုတွေ့မြင်ရတဲ့အတွေ့အကြုံကိုသေလုနီးပါးအတွေ့အကြုံ(NDE)လို့ခေါ်ဆိုပြီး ပျှမ်းမျှအနေနဲ့ အမေရိကန်မှာ သေလုနီးပါးအတွေ့အကြုံ (NDE) ကိုကြုံဆုံရသူ တစ်နေ့ကို ၇၇၄ ဦးဝန်းကျင်ရှိတယ်လို့သိရပါတယ်။ဒီမှာဆိုရင်သေရွာပြန်လို့ခေါ်တဲ့လူမျိုးဖြစ်ပါလိမ့်မယ်။

Abe ဟာ သူ့ဇနီး၊သားတို့နဲ့အတူ မနက်စာထွက်စားနေတဲ့အချိန်မှာ လူတစ်ယောက်က သူ့ဇနီးနဲ့သားကို သေနတ်နဲ့အသေအချာချိန်ရွယ်ပစ်ခတ်ခဲ့ပြီး သူ့ကိုတောင်းပန်ကာ သူ့ကိုယ်သူလည်းသေနတ်နဲ့ပစ်သတ်သွားခဲ့ပါတယ်။ ဝေခွဲမရတဲ့စိတ် ယူကျုံးမရစိတ်တွေနဲ့ ဖြေမဆည်နိုင်တဲ့ Abe ဟာဆေးအလွန်အကျွံသောက်ပြီး သူ့ကိုယ်သူသတ်သေဖို့ကြိုးစားခဲ့ပေမယ့် သူ့သူငယ်ချင်းက အချိန်မှီသိရှိကယ်တင်နိုင်ခဲ့ပြီး သတိပြန်လည်မလာခင်အချိန်မှာ NDE အတွေ့အကြုံကိုရရှိခဲ့တဲ့နောက် Abe ဟာသေဆုံးတော့မယ့်လူတွေကိုသူတို့ဘေးမှာဖြာထွက်နေတဲ့အဖြူရောင်အလင်းတန်းတွေကတစ်ဆင့်ကြိုမြင်နိုင်စွမ်းရှိလာခဲ့ပါတယ်။

ဒီလိုနဲ့ အဲ့ဒီအစွမ်းကိုအသုံးချပြီးသေဘေးဆိုက်တော့မယ့်လူတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် သူဟာကြီးမားတဲ့အမှားတွေတစ်ခုပြီးတစ်ခုကျူးလွန်နေခဲ့တာတွေကိုသိရှိလာရပြီးတဲ့နောက် သူ့ဇနီးနဲ့သားကိုပစ်သတ်သွားတဲ့သူဘာကြောင့် အဲ့ဒီလိုလုပ်ခဲ့ရတယ်ဆိုတဲ့အဖြေကိုပါ နားလည်လာတဲ့အခါမှာတော့..။မူရင်းဇာတ်ကားကို မှီရုံတင်မက မူရင်းထက်ပါ ပိုသာတဲ့ ရှားရှားပါးပါး Sequel တွေထဲက တစ်ခုဖြစ်ပါတယ်။မူရင်းဇာတ်ကားနဲ့ ချိတ်ဆက်မထားတဲ့ Stand alone sequel တစ်ခုလည်းဖြစ်တဲ့အတွက် Horror ပရိသတ်တွေလက်လွတ်မခံသင့်တဲ့ကားကောင်းတစ်ကားပါ။

File size…(1.6 GB)/(811 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:39:00
Genre…Thriller, Horror, Fantasy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Alias



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

White Noise 2: The Light (2007)
White Noise 2: The Light (2007)
White Noise 2: The Light (2007)


No downloads available

Genres



Related movies