Channel Myanmar

Content at random


Movies

SEE ALL
Kapalit (2024) 6.4
Kapalit (2024) အော်ဒရေးက တစ်ချိန်မှာတိုင်းတစ်ပါးကိုအလုပ်သွားလုပ်ဖို့စိတ်ကူးယဉ်ကြိုးစားနေတဲ့ သူနာပြုမလေးပါ။လတ်တလောမှာတော့ နိုင်ငံခြားသွားဖို့ချိတ်ထားတဲ့အလုပ်ရှာဖွေရေးအေဂျင်စီက အလိမ်ကုမ္ပဏီတစ်ခုဆိုတာ သိလိုက်ရပြီး ရရာအလုပ်ဖြစ်တဲ့ အိမ်ကြီးတစ်လုံးမှာ မေ့ဆေးဆရာဝန်ရဲ့ဇနီးသည်ကိုပြုစုစောင့်ရှောက်ပေးရသူအဖြစ်အလုပ်ဝင်ခဲ့ပါတယ်။မကျန်းမာတဲ့ဇနီးသည်ကို အစစအရာရာ၀တ္တရားကျေလွန်းတဲ့၊အောင်မြင်ချမ်းသာရုံမက ရုပ်ရည်ပါပြည့်စုံတဲ့ အိမ်ရှင်အမျိုးသားဖြစ်သူကို သဘောကျသထက်ကျလာတဲ့ အော်ဒရေးဟာ အဲ့ဒီလူကိုအပိုင်ရထားတဲ့ သူ့ဇနီးသည် ဒေမီကို မနာလိုစပြုလာတယ်။အဲ့ဒီကနေ အလုပ်ရှင်သူဌေးကို သူ့ဘ၀ထွက်ပေါက်တစ်ခုအဖြစ်မြင်လာတဲ့ နောက်ဖြစ်တဲ့နည်းနဲ့ဝင်အောင်းဖို့ကြံစည်မိချိန်မှာ..။( အညွှန်းရေးသားထားသူကတေ့ာ alias ပါ )File size_(1.2GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:52:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Kapalit (2024)

Frankenstein’s Army (2013) 5.4
Frankenstein’s Army (2013) Frankenstein's Army (2013)IMDb - 5.4/102013 မှာထွက်ရှိထားပြီး ကြည့်ရှုသူ Viewer ​တွေကြား ရွံစရာ​​ ​ကြောက်စရာ မနှစ်မြို့စရာ​​ကောင်းတယ်ဆိုတဲ့ Review ​တွေရထားတဲ့ Frankenstein's Army ဆိုတဲ့ကား​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်ဗျဇာတ်လမ်းအညွှန်းဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ရုရှားစစ်သား​တွေ ဂျာမနီရွာ​လေးတစ်​ရွာမှာရှိတဲ့ လျို့ဝှက်ဓါတ်ခွဲခန်းထဲ မျှား​ခေါ်ခံလိုက်ရပြီး သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းတစ်​ယောက်တီထွင်ထားတဲ့ လူ့တစ်ပိုင်းသံတစ်ပိုင်း​တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါ​တော့တယ်ဒါ​ပေမယ့် ဒီလျို့ဝှက်ဓါတ်ခွဲခန်းကိုဘယ်သူကမျှား​​ခေါ်ခဲ့တာလဲ ဒီဟာ​တွေရဲ့​နောက်ကွယ်မှာ ဘာရည်ရွယ်ချက်​တွေရှိလဲဆိုတာ​တွေကိုဘယ်သူမှ မသိခဲ့ရပါဘူးသိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းဟာလည်း သူ့အဖိုး အ​ဖေ​တွေရဲ့ နည်း​တွေက​နေ ​​သွေဖယ်ပြီး ဘာရည်ရွယ်ချက်​ကြောင့် ဒီလို လူတစ်ပိုင်းသံတစ်ပိုင်းအရာ​တွေကို တီထွင်​​နေရလဲဆိုတာ​တွေကို ရိုက်ကူးပြသထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပဲ ဖြစ်ပါတယ် )File size_(1.8GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror , Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB
movie

Frankenstein’s Army (2013)

The Monster Is Coming ( 2024 ) 5.7
The Monster Is Coming ( 2024 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ပင်လယ်နယ်နိမိတ်အတွင်းမှာ နိုင်ငံတကာက ပူးပေါင်းထူထောင်ထားတဲ့ ခါအော်စီးကျွန်းဟာ ပတ်ဝန်းကျင်လှပပြီး သဘာဝအရင်းအမြစ်ပြည့်ဝတဲ့ ရှားပါတောရိုင်းတိရစ္ဆာန်တွေ ရှင်သန်ရာ နယ်မြေလေးတစ်ခု ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ လက်ဝါးကြီးအုပ်ထားတဲ့ ဟော်ကျုံနည်းပညာကုမ္ပဏီရဲ့ အပေးအယူတစ်ခုမှာ ဗီဇပြောင်းတိရစ္ဆာန်ကြီး ၂ ကောင်က လွတ်မြောက်သွားခဲ့ပြီး လူသားတွေကို အန္တရာယ်ပြုနေခဲ့ပါတယ်။ဇီဝဗေဒပညာရှင် စုန်နန်ဟာလည်း ဒီကိစ္စကို လိုက်လံစုံစမ်းချိန်မှာ သူ့သမီးလေးရှောင်ထင်ကို တိရစ္ဆာန်ကြီးက ဖမ်းခေါ်သွားခဲ့ပါတယ်။ စုန့်နန်အတွက် မထင်ထားရဆုံးအဖြစ်က ဒီတိရစ္ဆာန်ကြီး ၂ ကောင်ကို တီထွင်ဖန်တီးသူက သူ့ရဲ့ ဇနီးဟောင်းဖြစ်သူ ကျိုးချန့်ပဲ ဖြစ်နေပါတယ်။ ရှာဖွေစုံစမ်းမှုတွေနဲ့ တိရစ္ဆာန်ကြီးတွေကို ပြန်လည်ထိန်းသိမ်းဖို့ ရှောင်ထင်ကို ကယ်တင်ဖို့ တာဝန်ကြီးက စတင်ရပါတော့တယ်။ဒီလို အန္တရာယ်တွေကို စုန့်နန်တစ်ယောက် ဘယ်လို ဖြေရှင်းမလဲ...... သူ့ကို ဘယ်လို အန္တရာယ်အသစ်တွေကရော စောင့်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Adventure Runtime ...
movie

The Monster Is Coming ( 2024 )

Irish Wish (2024) 5.5
Irish Wish (2024)  ၂၀၂၄ မတ်လ ၁၅ ရက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့Irish Wish ဆိုတဲ့ အချစ်ဟာသဇာတ်မြူးကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဆွဲဆောင်မှုက မင်းသမီး Lindsay Lohanဆိုရင်လည်း မမှားပါဘူး။ အချိန်အကြာကြီးအနားယူနေခဲ့တဲ့Lindsay Lohan ရဲ့ Netflix နဲ့ဒုတိယမြောက်လက်တွဲရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။Kirsten Hansen ရေးသားပြီး Janeen Damianရိုက်ကူးထားတဲ့အမေရိကန်ရုပ်ရှင်ဇာတ်ကားဟာအိုင်ယာလန်မှာအခြေတည်ထားတာဖြစ်ပြီး အိုင်ယာလန်ရဲ့လှပတဲ့ရှု့မျှော်ခင်းများစွာပါဝင်ပါတယ်။ မင်းသမီးLindsay Lohan နဲ့တင် ကြည့်ရတာတန်တဲ့ရုပ်ရှင်ဖြစ်တယ်လို့ဝေဖန်ရေးသမားတွေက ဆိုထားပါတယ်။ဇာတ်ကားထွက်ရှိလာပြီးနောက်တစ်ရက်မှာပဲ Netflix ရဲ့လူကြည့်အများဆုံးရုပ်ရှင်စာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************** ဝတ္တုအယ်ဒီတာမလေးမတ်ဒဲလင်ကယ်လီဟာသူတည်းဖြတ်ပေးရတဲ့စာအုပ်ရဲ့စာရေးဆရာပေါလ်ကနေဒီကို ကြိတ်ကြိုက်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ပေါလ်ကမတ်ဒဲလင်ရဲ့သူငယ်ချင်းအမ်မာကိုမြင်မြင်ချင်းချစ်မိသွားတဲ့အခါ ပေါလ်နဲ့အမ်မာဟာအိုင်ယာလန်မှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။သတို့သမီးအရံလုပ်ရမယ့်မတ်ဒဲလင်က အိုင်ယာလန်ကိုလိုက်သွားရင်း မှော်ကျောက်ကုလားထိုင်တစ်ခုပေါ်မှာပေါလ်နဲ့လက်ထပ်ရမယ့်သူဟာ သူပဲဖြစ်ပါစေလို့ဆုတောင်းလိုက်မိပါတယ်။ မထင်မှတ်ဘဲ မတ်ဒဲလင်ရဲ့ဆုတောင်းပြည့်ပြီး သတို့သမီးနေရာကိုရောက်သွားတဲ့အခါမတ်ဒဲလင်ရဲ့ကံကြမ္မာလည်း ပြောင်းလဲသွားခဲ့ရပါတော့တယ်။  File size…1.96GB / 949MB Quality…NF. WEB-DL 1080p 5.1CH /  720p Format…mp4 Duration….1h 33m Genre ….. Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Irish Wish (2024)

Followers (2024) 5.5
Followers (2024)  Social media influencer တစ်ယောက်ဖြစ်တဲ့ဟယ်သာဟာ သူမရဲ့​Daily Life ကို​အမြဲတမ်းမျှဝေလေ့ရှိသူပါတစ်နေ့မှာ​တော့​ဟယ်သာ ဆမ်နဲ့ရိုင်လေတို့သူငယ်ချင်းသုံးယောက်ဟာ Hiking ထွက်လာခဲ့ပါတယ်.မရောက်ဖူးမသွားဖူးတဲ့နေရာကို သွားကြရင်း မျှော်လင့်မထားတဲ့အန္တရာယ်ဆိုးကြီးကိုကြုံတွေ့ ခဲ့ကြရပြီး ကံကောင်းစွာနဲ့လွတ်မြောက်လာခဲ့ကြပါတယ်..ဒီလိုနဲ့တစ်နှစ်ခွဲလောက်ကြာတော့ သူတို့ရဲ့ဖြစ်ရပ်မှန်Documentary ကို​influencer ဖြစ်သူဟယ်သာကတင်လိုက်ချိန်မှာတော့ပေါက်​သွားပြီး​ဟယ်သာ့မှာလည်းfollower တွေတိုးလာပါတော့တယ် မဆုံဖြစ်တာကြာတဲ့ဟယ်သာတို့ သူငယ်ချင်းသုံးယောက်​ပြန်ဆုံကြဖို့အတွက်ဟယ်သာကသူ့ကောင်လေးရဲ့မိဘတွေအိမ်မှာ အတူပြန်ဆုံကြဖို့ချိန်းရင်း သူတို့သုံးယောက်ပြန်ဆုံဖို့ဖြစ်လာပါတော့တယ်သူတို့မသိတာက ဟယ်သာ့ရဲ့ influencer အလုပ်ကသူတို့အပေါ်ဘယ်လိုသက်ရောက်နေလဲဆိုတာကိုပါသူတို့ရဲ့ပြန်လည်တွေ့ဆုံမှုမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့........ File size…1.55GB / 676MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….2h 5m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Followers (2024)

Addicted to Love (1997) 6.1
Addicted to Love (1997)  Addicted to Love ဇာတ်ကားလေးဟာဆိုရင် ၁၉၉၇ ခုနှစ်မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Griffin Dunne က ရိုက်ကူးထားတဲ့ရိုမန်းတစ်ဟာသ အချစ်ဇာတ်မြူးလေးဖြစ်ပါတယ်။ ဒီကားထဲမှာနာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Matthew Broderick၊Kelly Preston၊ Linda တို့က အဓိကပါဝင်ထားပြီး လူသားတယောက်ရဲ့အချစ်ပုံသဏ္ဍန်ကို အဓိပ္ပာယ်များစွာနဲ့ ဖော်ကျူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း***************Sam က နက္ခတ္တ‌ဗေဒပညာရှင်တယောက်ဖြစ်ပြီးတော့ သူ့ရဲ့စေ့စပ်ထားတဲ့ချစ်သူ Linda ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပါတယ်။Linda ကတော့ ကျောင်းဆရာမအလုပ်ကို ပျော်မွေ့တဲ့သူဖြစ်ပါတယ်။နယူးယောက်မြို့မှာ ကျောင်းဆရာမအလုပ်ကို သွားလုပ်တဲ့ Linda ရဲ့လမ်းခွဲနှုတ်ဆက်စာကို ဖတ်ပြီးချိန်မှာ Sam တယောက် ရတက်ပွေပြီးသူ့ချစ်သူနောက်ကို ခြေရာခံလိုက်ပါတော့တယ်။Linda က နယူးယောက် စားသောက်ဆိုင်ပိုင်ရှင်သူဌေး Anton နဲ့အချစ်သစ်ရှာတွေ့သွားခဲ့တာဖြစ်ပြီး Sam က သူတို့နှစ်ယောက်ကိုလျှို့ဝှက်စောင့်ကြည့်ဖို့ စက်ကိရိယာအသစ်တခုတီထွင်လိုက်ပါတော့တယ်။ဒီအခါမှာ Anton ရဲ့ရည်းစားဟောင်း Maggie ကလည်း သူ့ဘဝကိုအသုံးချပြီးသစ္စာဖောက်သွားတဲ့ Anton ကို လက်စားချေဖို့ ကြံစည်နေတာပါ။အဲဒီမှာပဲ Sam ...
movie

Addicted to Love (1997)

The Pumpkin Man (2023)
The Pumpkin Man (2023)   ငယ်ငယ်တုန်းက အပျော်အပျက်သဘောနဲ့သရဲခေါ်တမ်း ကစားဖူးပါသလား ?The Pumpkin 2023 ရုပ်ရှင်မှာတော့ အဲဒီလိုမျိုးလက်တည့်စမ်းချင်တဲ့ ကလေးတစ်သိုက်ရဲ့ အဖြစ်အပျက်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။ခရုမ်းဝဲလ်လို့ ခေါ်တဲ့ မြို့ကလေးမှာ ဖရုံသီးလူသားဆိုတာဟောလိုးဝင်းအချိန်ရောက်တိုင်း နာမည်ကြီးလာနေကျဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်သလို မြို့ရဲ့ အတိတ်ဆိုးတစ်ခုလို့လည်း ပြောလို့ရပါတယ် ။ သည်းထိပ်ရင်ဖိုတွေကိုစိတ်ဝင်စားတဲ့ ကတ်သရင်းလို့ ခေါ်တဲ့ ကလေးမလေးဟာသူငယ်ချင်းဖြစ်သူ ဂျန်းနီနဲ့အတူ သရဲအိမ်ဝင်ရင်း ဖရုံသီးလူသားနဲ့ ဆက်စပ်နေတဲ့ စာရွက်ပိုင်းလေးတစ်ခုကိုရှာတွေ့ခဲ့ပါတယ် ။ ကလေးပီပီ စပ်စုချင်စိတ်တွေက ဒီမှာတင်ရပ်တန့်မသွားခဲ့ဘဲ နောက်ဆုံးမှာ ကတ်သရင်း ၊ ဂျန်းနီတို့အပြင် နောက်ထပ် သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ မိုက်ကယ်နဲ့တီနာကိုပါ အဖော်ညှိပြီး ဖရုံသီးလူသားကို ဆင့်ခေါ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ် ။အပျော်သဘောနဲ့ စမ်းကြည့်တဲ့ သူတို့လုပ်ရပ်ကြောင့်တကယ်ပဲ ဖရုံသီးလူသားက ရောက်လာမှာလား ?မကြာခင်မှာပဲ တီနာတစ်ယောက် ပျောက်ချင်းမလှပျောက်သွားရပါတော့တယ် ။ တီနာကို တကယ်ပဲဖရုံသီးလူသားက ခေါ်သွားတာလား ။ ကျန်တဲ့ သူငယ်ချင်းတွေကရော ...
movie

The Pumpkin Man (2023)

School Society (L’école est à nous) (2022) 6.2
School Society (L’école est à nous) (2022) ဒီဇာတ်ကားလေးကတော့ နိုင်ငံအများစုမှာ ကျင့်သုံးနေတဲ့ ပညာရေးစနစ်နှင့် မိဘတွေ မှားယွင်းစွာ စွဲမြဲနေတဲ့ အကျင့်စရိုက်တွေကြောင့် အနာဂါတ်ခေါင်းဆောင်လေးတွေဖြစ်တဲ့ ကလေးငယ်လေးတွေ အညွန့်ချိုးခံနေရတဲ့အဖြစ်ကို မီးမောင်းထိုးရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ်ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမစ္စ ဗာဂျင်နီသီဗနုက အရင်က တက္ကသိုလ်မှာ အဆင့်မြင့်သင်္ချာဘာသာရပ်ကို သင်ကြားတဲ့ တက္ကသိုလ်ဆရာမ ဖြစ်ပေမယ့် သူ့အတန်းကကျောင်းသားတစ်ယောက်ဟာ ဖိအားများလွန်းပြီး သတ်သေသွားတာကြောင့် စိတ်ဒဏ်ရာရပြီး အလယ်တန်းကျောင်းလေးကို သာမာန်သင်္ချာဆရာမအဖြစ် ပြောင်းလာပါတော့တယ်။ဒီလိုနဲ့ သူမရောက်ပြီး မကြာပါဘူး၊ ဒီအလယ်တန်းကျောင်းလေးမှာ ပညာရေးဘုတ်အဖွဲ့က ရန်ပုံငွေကိုလျှော့ချလိုက်တဲ့ အတွက် ကလေးတွေကို အဓိကဘာသာရပ်တွေကလွဲပြီး တခြားဘာသာရပ်တွေကို လျှော့ချဖို့လုပ်တဲ့အခါမှာ ဆရာတွေရော ကျောင်းသားမိဘတွေပါ ကျောင်းမတက်ဘဲ ဆန္ဒပြပါတော့တယ်။ ဒါပေမဲ့ တချို့မိဘတွေက သူတို့သားသမီးက ဆန္ဒပြကာလအတွင်းမှာလည်း ကျောင်းတက်စေချင်တဲ့အတွက် ဒီကလေးအချို့ကို မစ္စသီဗနုနှင့် စက်မှုဆရာက ထိန်းရပါတော့တယ်၊ဒီအချိန်မှာ မစ္စသီဗနုအနေနဲ့ ကလေးတွေအတွက် မွန်းကြပ်စရာကောင်းတဲ့ ကျောင်းကြီးကို ကလေးတွေ လာချင်စိတ်ဖြစ်အောင် ဘယ်လိုသင်ကြားမလဲ၊ မိဘတွေရဲ့ လောင်းရိပ်တွေ ဆရာဝန်မှ ...
movie

School Society (L’école est à nous) (2022)

My Norwegian Holiday (2023) 6.6
My Norwegian Holiday (2023) ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ နော်ဝေးနိုင်ငံသား ဟင်နရစ်နဲ့ JJဆိုတဲ့ ကောင်မလေးရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်JJ ဟာ ဒေါက်တာဘွဲ့ရရှိအောင် ကြိုးစားနေသူဖြစ်ပြီး လက်ရှိမှာတော့ အထက်တန်းကျောင်းမှာ ဆရာမလုပ်ရင်း စာတမ်းပြုစုနေသူတစ်ဦးပါ။ သိပ်မကြာခင်အချိန်က အဘွားဖြစ်သူကို ဆုံးရှုံးထားရပြီး ဘဝမှာလမ်းပျောက်နေသလို ခံစားနေခဲ့ရသူလည်းဖြစ်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ သူ ကော်ဖီဆိုင်ထိုင်နေချိန် ကောင်မလေးတစ်ယောက်နဲ့ စကားများရင်း ကျန်ရစ်ခဲ့တဲ့ ဟန်နရစ်‌နဲ့ တွေ့ဆုံခဲ့ပါတယ်။အကျိုးအကြောင်းတိုက်ဆိုင်ပြီး ဟန်နရစ်ကို ထားခဲ့တဲ့ကောင်မလေးနဲ့  JJ နာမည်တူနေတဲ့အချိန်မှာ ဟန်နရစ်ဟာ အပိုရှိနေတဲ့ လေယာဉ်လက်မှတ်ကို JJ ကိုပေးပြီး နှစ်ယောက်သား အတူတူ နော်ဝေးကိုသွားဖို့ အကြောင်းဖန်လာတဲ့အခါ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်း စတင်လာပါတော့တယ် File size…(1.4 GB)/(689 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

My Norwegian Holiday (2023)

Weak Layers (2023)
Weak Layers (2023)  ခေါင်းဆောင်မင်းသမီး Katie Burrell ကိုယ်တိုင်ရေးသားရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားတစ်ကားဖြစ်ပါတယ်။ Katie Burrell အပြင် Jadyn Wong ၊Evan Jonigkeit နဲ့ Neal Bledose တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ နှင်းလျှောစီးအပန်းဖြေစခန်းရှိရာမြို့တွေကို ခရီးသွားတွေနဲ့ကြေးစားနှင်းလျှောစီးအားကစားသမားတွေရောက်ရှိလာချိန်မှာ ဒေသခံတွေအတွက်ပေးတဲ့မေတ္တာစာတစ်စောင်လို လွမ်းမောဖွယ်ရာခံစားချက်မျိုးရရှိစေတဲ့အတွက် အော်ဟစ်ရယ်မောနေရတဲ့ဟာသ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်း***************ပါတီကိုခုံမင်လွန်းတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ဟာငှားနေတဲ့အိမ်ကနေနှင်ထုတ်ခံလိုက်ရပြီးတဲ့နောက် နှင်းလျှောစီးရုပ်ရှင်ပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ပြိုင်ပွဲကရရှိတဲ့ဆုကြေးငွေနဲ့အိမ်ငှားရမှာဖြစ်ပေမယ့် နာမည်ကျော်ရုပ်ရှင်ရိုက်ကူးသူတွေ၊ ကြေးစားနှင်းလျှောစီးသမားတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အမျိုးသားတွေကြီးစိုးထားတဲ့နှင်းလျှောစီးအားကစားလောကကိုနောက်ခံထားပြီး တောင်ပေါ်မြို့လေးမှာ သူငယ်ချင်းသုံးယောက်ရဲ့ဗရုတ်သုတ်ခဟာသတွေကိုကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ File size…1.37GB / 701MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Weak Layers (2023)

Urban Legends: Bloody Mary (2005) 5.0
Urban Legends: Bloody Mary (2005) Urban Legends: Bloody Mary (2005) ===========================Urban Legends: Bloody Mary ဟာ Urban Legends ဇာတ်ကား တွဲတွေရဲ့တတိယနဲ့နောက်ဆုံးကားဖြစ်ပြီး ပထမနှစ်ကားနဲ့လည်း ဘာ အဆက်အစပ်မှမရှိတော့တာကိုတွေ့ရပါလိမ့်မယ်။ ထူးခြားတာက ဒီ ဇာတ်ကားမှာ သဘာ၀လွန်အယူအဆတွေကိုထည့်သုံးထားပြီး လူသတ် မှုတွေကိုလိုက်ပါစုံစမ်းပြီး နောက်ကွယ်က လက်သည်ကိုဖော်ရာမှာ အစောပိုင်း supernatural ဇာတ်လမ်းတွဲတွေရဲ့အငွေ့အသက်ကိုရနေ တာပါပဲ။၁၉၆၉ မှာ ဝါသင်တန်အထက်တန်းကျောင်းရဲ့ကပွဲမှာ ကျောင်းဘောလုံး အဖွဲ့ဝင်အုပ်စုဟာ သူတိုရဲ့ပွဲတက်ဖော်တွေကို ဆေးခတ်ဖမ်းခေါ်သွားဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်မှာ တစ်ခြားမိန်းကလေးတွေပြန်လွတ် မြောက်လာခဲ့ပေမယ့် သူတို့ထဲ မေရီဆိုတဲ့တစ်ယောက်ကိုတော့ လုံး၀ရှာ မတွေ့တော့တာ အခုချိန်ထိဖြစ်ပါတယ်။နောက်ထပ် ၃၅ နှစ်အကြာမှာ အဲ့ဒီလိုအဖြစ်မျိုးထပ်တူပြန်ဖြစ်ခဲ့ပြီး ဒီတစ် ကြိမ်မှာတော့ အားလုံးပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပြန်လွတ် လာပြီးနောက်မှ သူတို့သူငယ်ချင်းအုပ်စုထဲကလူတွေထူးဆန်းတဲ့နည်းနဲ့ တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာခဲ့ချိန်မှာတော့ ၊bloody mary ဒဏ္ဍာရီဟာ ဒီဖြစ်ရပ်တွေနဲ့ဆက်စပ်နေမလား? လွန်ခဲ့တဲ့ ၃၅ နှစ်က မေရီ တစ်ယောက် ဘယ်လိုအဖြစ်မျိုးကြုံခဲ့ရလဲ အဲ့ဒီအဖြစ်အပျက်တွေရဲ့လက် သည်အမှန်ဟာ ဘယ်သူဖြစ်မလဲ အစရှိတာတွေကို ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.3 GB) / (1.1 GB) Quality............WEB-DL ...
movie

Urban Legends: Bloody Mary (2005)

2005
Urban Legends: Final Cut (2000) 4.4
Urban Legends: Final Cut (2000) Urban Legends: Final Cut (2000) =========================Urban Legends: Final Cut ဟာ Urban Legends ဇာတ်ကား တွဲတွေရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကျော် ရုပ် ရှင်ကျောင်းတစ်ကျောင်းဖြစ်တဲ့ အယ်လ်ပိုင်းတက္ကသိုလ်ကျောင်းသူ အေမီမေဖီးလ်ဟာ ကျောင်းကိုတင်သွင်းရမယ့် Thesis ဇာတ်ကား အတွက် ပါးစပ်ရာဇဝင်တွေထဲကပုံစံအတိုင်း လူသတ်မှုတွေ ကျူး လွန်တဲ့ လူသတ်သမားအကြောင်းရိုက်ဖို့စိတ်ကူးရပြီး အကောင်အ ထည်ဖော်ဖြစ်ခဲ့ပါတယ်။ဇာတ်ကားစတင်ရိုက်ကူးချိန်ကစလို့ သူ့သူငယ်ချင်းတွေ ရိုက်ကူးရေး အဖွဲ့ဝင်တွေဟာ ရုပ်ရှင်ထဲကလိုနည်းလမ်းတွေနဲ့ တစ်ဦးပြီးတစ်ဦး သေဆုံးလာခဲ့ချိန်မှာတော့ ဒီအမှုတွေရဲ့နောက်ကွယ်က လက်သည်ကို ကိုယ်တိုင်ဖော်ထုတ်ဖို့ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း သွေးထွက် သံယိုပြကွက်တွေ လှည့်ကွက်တွေနဲ့ သည်းထိတ်ရင်ဖိုခံစားရမယ့် old but gold တစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.8 GB) / (900 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery Translator.......Alias Encoder..........SWM
movie

Urban Legends: Final Cut (2000)

2000
Urban Legend (1998) 5.6
Urban Legend (1998) Urban Legend (1998) ===============အမြို့မြို့အနယ်နယ်မှာ ပါးစပ်ရာဇဝင်လို့ခေါ်ကြတဲ့ ဇာတ်လမ်းတွေ၊ အချင်းချင်း လက်ဆင့်ကမ်းလာခဲ့တဲ့ပုံပြင်တွေကိုယ်စီရှိတတ်ကြပါတယ်။ အဲ့ဒါတွေဟာ အမှန် တကယ်လား စိတ်ကူးယဉ်လား ဆိုတာ ဘယ်သူမှစေ့စေ့စပ်စပ်စုံစမ်းလေ့မရှိကြ ပေမယ့် ပြောတဲ့သူတိုင်းကတော့ ကိုယ်တွေ့ကြုံသလိုပြောလေ့ရှိကြတာပါပဲ။အဖြစ်အပျက်တွေက ပန်ဒယ်တန်တက္ကသိုလ်ကျောင်းသူ မီချယ်မန်စီနီဆိုတဲ့ကောင် မလေးတစ်ယောက် ကားနောက်ခုံမှာ ပါလာတဲ့လူသတ်သမားရဲ့ခေါင်းဖြတ်သတ်ခံ လိုက်ရချိန်မှာစတင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကျောင်းဝင်းတစ်ခုလုံးကို တုန်လှုပ်သွား စေခဲ့ပေမယ့် ထုံးစံအတိုင်းယုံကြည်တဲ့သူတွေ မယုံကြည်ပဲလှောင်ပြောင်သူတွေနဲ့ဝိဝါဒ ကွဲပြားနေကြတုန်းပါပဲ။ အဲ့ဒီမီချယ်နဲ့အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့သူ နက်တလီကတော့ ဒီဖြစ်ရပ်ကြောင့်အထူးတုန်လှုပ်သွားခဲ့ရပါတယ်။သူ့ဘေးက လက်လှမ်းမီသူတွေကို သတိပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သူ့သူငယ်ချင်း တွေ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ရာဇဝင် ဇာတ်လမ်းတွေထဲက အတိုင်း ဆင်တူနည်းလမ်းတွေနဲ့ အသတ်ခံလာရတဲ့အချိန်မှာတော့ နက်တလီတစ်ယောက် ကိုယ့် အားကိုယ်ကိုးပြီးလူသတ်သမားကိုဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ်။ ဂန္ဓဝင် Slasher Films တွေထွက်ခဲ့တဲ့ 90s ကာလက နာမည်ကျော်တွေထဲက တစ်ကားဖြစ်ပါတယ်။ Horror ပရိသတ်တွေအတွက်အချိန်ပေးရကျိုးနပ်မယ့်ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.76 GB) / (751 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 39Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Alias Encoder..........SWM
movie

Urban Legend (1998)

1998
Mami Wata (2023) 6.6
Mami Wata (2023) Mami Wata (2023) =============== IMDb Rating - 6.6/10"Mami Wata"ဆိုတဲ့ ဇာတ်ကားလေးဟာ အရမ်းကိုခေတ်နောက် ကျကျန်နေခဲ့တဲ့ အီရီရွာလေးကို အခြေတည်ပြီးရိုက်ကူးထားတဲ့ ပညာပေးဆန်ဆန်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကိုးကွယ် ယုံကြည်မှုမှာရော၊ လူတွေကိုယုံကြည်တဲ့နေရာမှာရော ဘယ်အရာ ကိုမှ အစွန်းမရောက်သင့်ဘူးဆိုတဲ့သင်ခန်းစာ‌လေးကို မီးမောင်းထိုး ပြသွားတာပေါ့။ ထူးခြားတာက တစ်ကားလုံး အဖြူနဲ့အမည်းကာ လာပဲမို့လို့  ဇာတ်ကားကပေးချင်တဲ့မက်ဆေ့ဂ်ျကို ပိုပြီးပေါ်လွင်သွား စေတယ်လို့ထင်ပါတယ်။အီရီရွာလေးက "Mami Wata"ဆိုတဲ့ ရေနတ်ဘုရားမကိုကိုးကွယ် ကြပြီး စာသင်ကျောင်းလည်းမရှိ၊ အနောက်တိုင်းဆေးပညာကိုလည်း မယုံ၊ သူများတွေ ဂန်းနဲ့ဆော်နေချိန် သူတို့က လျှပ်စစ်မီးတောင်မရ သေးတဲ့ ရွာလေးတစ်ရွာ။ အီရီရွာမှာ ရေနတ်ဘုရားမရဲ့ကိုယ်စားပြု သဘောမျိုးဖြစ်တဲ့ မေမေကြီးအိဖ်ဆိုတာရှိတယ်။ တစ်နေ့တော့ သူ့ မွေးစားသမီးက ပင်လယ်ထဲကနေ လူတစ်ယောက်ကိုကယ်လာခဲ့ရာ ကနေ သူတို့ရွာလေးရဲ့ကံကြမ္မာ တစ်မျိုးတစ်ဖုံပြောင်းလဲဖို့ဖြစ်လာပါ တော့တယ်။ IMDb rating 6.6/10နဲ့ Rotten Tomatoes 100% ထိ ရရှိထားတဲ့ကားလေးမို့ ကြည့်ရှုခံစားကြည့်လိုက်ကြပါဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (900 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar ...
movie

Mami Wata (2023)

2023
Highlander (1986) 7.0
Highlander (1986) Highlander (1986) ================ IMDb Rating - 7.0/10Highlander 1986 ဇာတ်ကားကတော့ စိတ်ကူးယဥ် Fantasy ကားပါ။ စကော့နလန်ဓားသမားတစ်ယောက်ဟာ သူ့ကိုယ်သူ မသေမျိုးဖြစ်နေမှန်းသိလာခဲ့ပါတယ်။ သူတို့လိုမသေမျိုးတွေဟာ နောက်ဆုံးတစ်ယောက်ပဲ ရှင်ကျန်ရစ်တဲ့အထိ တိုက်ခိုက်ရတာမျိုး ပါ။ လူတွေက မသေချင်ကြပါဘူး။ ဒါပေမယ့် ကော်နာမက်ခလောက်စ် တစ်ဖြစ်လဲ နက်ရှ်ကတော့ အသက်ရှင်နေရတာကို ငြီးငွေ့လို့နေပါ တယ်။ သူချစ်ရတဲ့ အမျိုးသမီးတွေဟာ သေမျိုးဖြစ်နေတော့ တစ် ယောက်တည်း ရှင်ကျန်ရစ်ခဲ့ရတာမျိုးပါပဲ။ ချစ်ခြင်း ၊ တိုက်ခိုက်ခြင်း၊ ရှင်သန်ရခြင်းတွေနဲ့တွဲဖက်ရိုက်ထားတာပါ။ ဒါရိုက်တာ Russell Mulcahy က ရိုက်ကူးထားတာဖြစ်ပြီး ဆုအတွက် နှစ်ကြိမ်တောင် တင်သွင်းခံရပါတယ်။ IMDB rating 7.0 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(2.5 GB) / (1.0 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Fantasy Translator.......Thy Santa Encoder..........SWM
movie

Highlander (1986)

1986
Hanu-Man (2024) 8.4
Hanu-Man (2024) Hanu-man (2024) Imdb8.4/10 Rtscore 86%လက်ရှိမှာ ဟင်ဒီအသံဖြင့်သာ အကြည်ထွက်ရှိလာသေးတာမလို့ ဟင်ဒီအကြည်ဗားရှင်းဖြင့်သာ တင်ဆက်ပေးထားပါတယ် ======================== စူပါမျောက်မင်း ဟာနုမန်ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ တီလဂူလ်စူပါဟီးရိုးကားလေးပဲ ဖြစ်ပါတယ် အမြတ်ငွေလည်း ၃၅၀ ကုဋေလောက်ရရှိခဲ့ပြီး 2024 မှာ ဒုတိယရုံဝင်ငွေအကောင်းဆုံးကားဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောရရင် rating တွေ ကြည့်ရုံနဲ့ မခေလှတာကိုတော့ တွေ့မှာပါပဲ အထူးပြုလုပ်ချက်ဘာညာကလည်း ရိုးရာလဲမပျက် ခေတ်လဲမှီတဲ့ပုံစံလေးမို့ မဆိုးဘူးလို့ပဲ မှတ်ချက်ပေးရမှာပါ တစ်ခုပြောပြရမှာကတော့ ဗီလိန်ကတော့ ဆရာဘတ်နဲ့အဲဖရက်ကို Ref ယူထားတာပါ ဆရာဘတ်လိုမိဘတွေသေမှ စူပါဟီးရိုးဖြစ်မှာဆိုပြီး ကိုယ့်မိဘကိုယ်ပြန်သတ်တဲ့ ဆရာဘတ်အဇာတသတ် ဗားရှင်းကဗီလိန်ကြီးပါ အဲ့ချိန်မှာ မင်းသားတို့ရဲ့ရွာလေးမှာလည်း ရွာကိုအနိုင်ကျင့်စားနေတဲ့ လူမိုက်ခေါင်းဆောင်နဲ့ သူ့တပည့်တွေရှိပါတယ် အဲ့ကောင်တွေက မင်းသားရဲ့ကောင်မလေးနဲ့ ပြသနာဖြစ်လို့ အဲ့ကောင်မလေးကို သတ်ဖို့လုပ်တာကို မင်းသားကအချစ်စွမ်းအားနဲ့ ကြားကဝင်တားတာ ဟိုကောင်တွေက ချောက်ထဲကိုကန်ချလိုက်ပါတယ် ချောက်ထဲပြုတ်ကျပြီး သိုင်းကျမ်းမရပဲ အစွမ်းရသွားတဲ့ စူပါဟာနုမန်နဲ့ စူပါဟီးရိုးဖြစ်ချင်လှတဲ့ ဆရာဘတ်အတုတို့ ရင်ဆိုင်ကြရတဲ့အခါမှာတော့..... ပရိသတ်ကြီးပဲ အာရှစူပါဟီးရိုးကားလေးကို အားပေးကြပါဦး အခြေအနေကောင်းရင် စူပါဒဿဂီရိတွေ ထပ်ထွက်လာနိုင်ပါသေးတယ်...အညွှန်းနဲ့ဘာသာပြန်ကတော့ Saii ~ BpL ~ V ~ Thaik San တို့ပဲ ဖြစ်ပါတယ် File size…3.12GB / ...
movie

Hanu-Man (2024)

2024
61* (2001) 7.7
61* (2001) IMDb raing - 7.7/10အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ M&M boys လို့ဘေ့စ်ဘောသမိုင်းမှာ legendary most valuable players တွေလို့ကိုတင်စားထားတဲ့ Roger Maris နဲ့ Mickey Mantle တို့ သူတို့ရဲ့သမိုင်းမှတ်တိုင်ဖြစ်တဲ့ home run- 61 ခု မှတ်တိုင်ကိုဘယ်လိုစိုက်ထူခဲ့လဲဆိုတာကိုကြည့်ရမယ့် biography, drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။တကယ့်ကိုအချိန်ပေးရထိုက်တန်တဲ့ Motivation အပြည့်အဝရနိုင်တဲ့ဇာတ်လမ်းလေးဆိုရင်လည်းမမှားပါဘူး။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့....Babe Ruth ဟာ Base Ball Single-season တစ်ခုတည်းနဲ့ home run record မှတ်တမ်းဝင်ထားတဲ့ most valuable player တစ်ယောက်ပါ။ ဒီ record ကိုချိုးဖျက််နိုင်တဲ့သူဟာ အမေရိကန်ပရိတ်သတ်တွေ တစ်ခဲနက်အားပေးကြတဲ့ ထူးချွန်တဲ့ Mickey Mantle ဖြစ်မယ်လို့အားလုံးကယူဆထားကြပါတယ်။ ဒီအချိန်မှာတော့ အသင်းဝင်အသစ်လေး Roger Maris တစ်ယောက်က အသင်းသားတွေနဲ့တွဲဖက်ညီညီဆော့နိုင်တဲ့အပြင် Mickey Mantle ...
movie

61* (2001)

Exodus (2023) 7.4
Exodus (2023) လူဖြစ်လာပြီးရင် ကမ္ဘာပေါ်မှာ ကိုယ်ဟာ နေရာ တစ်နေရာ ပိုင်ဆိုင်ရမှာပါပဲ။ ဒါပေမယ့် Syria လိုစစ်ဖြစ်နေတဲ့ တိုင်းပြည်တွေမှာတော့ ကိုယ့်အတွက် နေရာဆိုတာ အုတ်ဂူလား လို့ပဲ မေးစရာ ရှိပါတယ်။ဘဝရှင်သန်ရေးအတွက် တခြားနိုင်ငံကို ပြေးရင်း နိုင်ငံရေးခိုလှုံရတဲ့ ဒုက္ခသည်တွေထဲမှာလိုရာ ပန်းတိုင်ကို ရောက်သွားတဲ့သူတွေက အတော်ကံကောင်းသူတွေပါ။ ဘာလို့လဲဆို လမ်းခရီးမှာတင်ပဲ ကံမကောင်းစွာနဲ့ အသက်ဆုံးရှုံးကြရလို့ပါပဲ။ ဒါတောင်မှပဲ ဒုက္ခသည်တွေဟာ မှောင်ခို လူပို့ပေးတဲ့သူတွေနဲ့ ဆက်သွယ်ပြီး တခြားနိုင်ငံတွေကို ခိုးဝင်ရပါတယ်။ဒီဇာတ်လမ်းဟာ Swedenကို ဝင်ဖို့လာရင်းနဲ့ မိသားစုနဲ့ ကွဲသွားတဲ့ ဒုက္ခသည် ကလေးမလေး Amal နဲ့ မှောင်ခိုလူပို့တဲ့သူ Sam တို့ရဲ့ အကြောင်းဖြစ်ပါတယ်။Sam က တူရကီကို ကွန်တိန်နာစီးပြီး ရောက်လာတဲ့ Amalကို သူ့အစ်မတွေ ရောက်သွားတဲ့ Sweden နိုင်ငံဆီ နိုင်ငံတွေ ကျော်ဖြတ်ရင်း လိုက်ပို့ပေးတာကို ကြည့်ရမှာပါ။ သနားစရာလည်းကောင်းပြီး ...
movie

Exodus (2023)

The Snow Walker (2003) 7.3
The Snow Walker (2003) ၂၀၀၃ ခုနှစ်က ထွက်​ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ ကနေဒါနိုင်ငံအနောက်​မြောက်ပိုင်းက ရာသီဥတု​အေးစက်​ကြမ်း​တမ်းပြီး သစ်ပင်​တောင်ပေါက်ရောက်နိုင်ခြင်းမရှိတဲ့ ကမ္ဘာ့မြောက်ဘက်ခြမ်း​ အအေးပိုင်းစိမ့်မြေတွေကို ကျော်​ဖြတ်​ပြီး အသက်ရှင်သန်ဖို့ကြိုးစားကြတဲ့ လူဖြူ​လေယာဉ်မှူး​နဲ့ ဒေသခံအက်စကီးမိုး မိန်းကလေးတစ်ဦးအကြောင်း ရိုက်​ကူးထားတာဖြစ်ပါတယ်။၁၉၅၂ ကာလတွေကို တည်​ထားတာဖြစ်ပြီး ဖြစ်​ရပ်​မှန်​ကို တစိတ်တပိုင်းအခြေခံထားတဲ့ Walk Well Brother​ ဆိုတဲ့​ ဝတ္ထု​တိုကို ရုပ်​ရှင်​အဖြစ်​ အသက်​သွင်း​ထားတာဖြစ်ပါတယ်။ဇာတ်လမ်း​အကျဉ်းက ချာ​လီ​ဟောလီးဒေးက ဒုတိယ​ကမ္ဘာ​စစ်အတွင်းက ကနေဒါ​လေတပ်မှာ ဗုံးကြဲ​လေယာဥ်​မှူးအဖြစ် ထမ်း​ဆောင်​ခဲ့သူဖြစ်ပြီး စစ်အပြီးမှာ ဒေသခံကုမ္ပဏီတစ်ခုမှာ Bush Pilot အဖြစ်ဆောင်ရွက်နေပါတယ်။ တစ်နေ့မှာ​ အလုပ်​ကိစ္စ​တစ်ခုအတွက် လေယာဥ်​မောင်း​လာရင်း လမ်းခုလတ်မှာ ဒေသခံ​ Inuk အက်​စကီး​မိုး​လူမျိုး​တစ်စုနဲ့တွေ့ပြီး ဖျားနာ​နေတဲ့ ဒေသခံ​မိန်းကလေးတစ်ဦးကို ဆေးရုံ​ပို့ဖို့ Yellowknife မြို့​ကို ပို့ပေးရမဲ့အကြောင်းဖန်လာပါတယ်။လမ်း​မှာ လေယာဉ်​ပျက်ကျပြီး ကျယ်​ပြောလှတဲ့အအေးပိုင်းစိမ့်မြေလွင်ပြင်ပေါ်မှာ နှစ်ယောက်​သား သောင်​တင်နေပါတော့တယ်။ အင်္ဂလိပ်​စကား​ကောင်းကောင်းမပြောတတ်တဲ့ အက်​စကီး​မိုးမလေး Kanaalaq နဲ့ အကျိုး​အမြတ်​လိုချင်​လို့သာ မိန်း​ကလေး​ကို ...
movie

The Snow Walker (2003)

Thundu (2024) 5.5
Thundu (2024) Thundu (2024) ရဲအရာရှိဘေဘီIMDb-5.7/10ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်း‌လုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး...။ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size…1.5GB /  771MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ...
movie

Thundu (2024)

2024
Unpredictable Family(2023)
Unpredictable Family(2023) Unpredictable Family(2023)*************************အပိုင်းသစ်( ၁၂၇ )လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်က ရန်သူတွေအဖြစ် လမ်းခွဲခဲ့ကြတဲ့ လင်မယားနှစ်ယောက်ဟာ ဟိုဘက် ဒီဘက် သားသမီးနှစ်ယောက်ရဲ့ချစ်ခြင်းကြောင့် ခမည်းခမက်ဆက်ဆံရေးအဖြစ် ပြန်ပြီးတွေ့ဆုံကြရတဲ့အခါ....ပဋိပက္ခဟောင်းတွေနဲ့ ရန်လိုမုန်းတီးစိတ်တွေကို ဆေးကြောပြီး စစ်မှန်တဲ့မိသားစုလေးအဖြစ် တစ်ဖန်ပြန်လည်မွေးဖွားလာမလားဆိုတာကို အူတက်အောင်ရယ်မောရင်း ကြည့်ရှုရမယ့် ဟာသမိသားစုဒရာမာလေးဖြစ်ပါတယ်ဒီဒရာမာလေးကို တနင်္လာနေ့ကနေ သောကြာနေ့အထိ ငါးရက်ဆက်တိုက် ထုတ်လွှင့်သွားမှာ ဖြစ်တဲ့အပြင် အပိုင်း ၁၂၀ တောင်ပါဝင်မှာမို့ ပေါ့ပေါ့ပါးပါး မိသားစုဒရာမာလေးကိုမှ တစ်ဝကြီးကြည့်ချင်တဲ့သူတွေအတွက် Channel Myanmar က အသင့်ရှိနေပါပြီနေပါပြီ..အညွှန်းကိုတော့ Hsu Pyae မှရေးသားပေးထားပါတယ်..Episodes: 120 Aired: Sep 18, 2023 - ? Aired On: : Monday To Friday Original Network: SBS Duration: 35min. Genres: Comedy, Romance, Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Miri, Hnin Wai Oo, Hsu Pyae  & Thinn Thinzar Encoded ...

Unpredictable Family(2023)

2023
The Third Marriage (2023)
The Third Marriage (2023) The Third Marriage (2023)**************************အပိုင်းသစ် (၉၉) လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လေးလာပါပြီ ။ဇာတ်ကားအညွှန်း...Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ လက်စားချေဖို့အတွက်ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီးမြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီးအပိုင်း၁၂၀ တောင် ပြသသွားမှာဆိုတော့ ခေါင်းမီးကျွမ်းတဲ့အထိ ...

The Third Marriage (2023)

2023
The Invincible (2024)
The Invincible (2024) ကြီးမြတ်သော အောင်နိုင်သူ (၂၀၂၄)ကလဲ့စားချေလိုတဲ့ အငြိုးအတေးတွေနဲ့ ပြည့်နက်နေတဲ့ ဆီယာဖတ် နဲ့ မဟုတ်မခံ တရားဥပဒေတိုင်း လုပ်ဆောင်တတ်တဲ့ ရဲအုပ်ကရထင်း တို့ရဲ့ ရန်သူကို နှိမ်နင်းမယ့် အက်ရှင်ဇာတ်လမ်းလေးပါဖတ်ငယ်ငယ်တုန်းက ဂိုဏ်းစတားအဖွဲ့၀င်တစ်ယောက်ဖြစ်တဲ့ ဟန်ဆိုတဲ့သူက ရွာသားတွေကို ဓါးပြတိုက်ပြီး လိုက်ဒုက္ခပေးခဲ့ပါတယ် ဟန်က မှော်အစွမ်းတွေလည်း တတ်မြောက်ထားတဲ့သူပါ တစ်နေ့ မမျှော်လင့်ဘဲ ဖတ်ရဲ့အမေ အသတ်ခံလိုက်ရပါတယ် ဖတ်က အဲဒီမြင်ကွင်းကို မြင်ခဲ့ရပြီး ဟန်ဆိုတဲ့လူကို လက်စားချေဖို့ အငြိုးတေးထားပါတယ်ဒါကြောင့် ဖတ်တစ်ယောက် ဟန်ကို တိုက်ခိုက်နိုင်ဖို့ ကိုယ်ခံပညာတွေနဲ့မှော်အစွမ်းတွေကို လေ့ကျင့်ခဲ့ပါတယ် ဖတ် အရွယ်ရောက်လာတော့ ဟန်ကို ချေမှုန်းဖို့ သူနဲ့အစွမ်းတူတဲ့ နောက်တစ်ယောက်နဲ့ ပူးပေါင်းမှ နိုင်နိုင်ချေရှိမှာပါ အဲ့တစ်ယောက်ကတော့ ရဲအုပ်ကရထင်းပါ ဆိုတော့ တစ်ယောက်က ဆီယာ တစ်ယောက်ကရဲ ဖြစ်နေတဲ့ ဖတ်နဲ့ကရထင်းတို့ ပူပေါင်းနိုင်ပါ့မလား ဟန်ကိုရော ချေမှုန်းနိုင်ပါ့မလားဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei, Nang, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... ...

The Invincible (2024)

2024
To Be Continued (2024)
To Be Continued (2024) ဆက်ရန် ရှိသေးသည် (၂၀၂၄) အညွှန်းလူအများစောင့်မျှော်နေကြတဲ့ CHANNEL 3 ရုပ်သံလိုင်းရဲ့ ပထမဆုံး Boys Love, BL Series ဆက်ရန်ရှိပါပြီ။"မတော်တဆ အနမ်းတစ်ပွင့်က အရာအားလုံးကို အစပြုခဲ့တယ်"ဒေါက်တာဂျီရဝပ်က အပြောဆိုးပြီး ဒေါသကြီးပေမဲ့ အပြုံးချိုချိုနဲ့ ရိုးသားပွင့်လင်းတဲ့သူလို့ ပြောကြပါတယ်။ အာချီဝစ်ကတော့ အရပ်ရှည်ရှည်နဲ့ ကြည့်ကောင်းတဲ့ နာမည်ကြီးစူပါစတားပေမဲ့ အထီးကျန်ကျန်နဲ့ ရှင်သန်နေသူပါတဲ့။ ကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့ကြတဲ့သူတို့ ၂ ယောက်ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ပြန်လည် တွေ့ဆုံခဲ့ကြပါတော့တယ်။အချိန်တွေကြာပြီးမှ အနည်ထိုင်နေတဲ့ ခံစားချက်တွေကို ပြန်စမ်းသပ်ကြည့်ဖို့ ဖြစ်လာတဲ့အခါ...။ သူငယ်ချင်းနှစ်ယောက်ကြားက သူငယ်ချင်းထက်ပိုတဲ့ မပြီးပြတ်သေးတဲ့ ခံစားချက်တွေကို ဘယ်လိုအဖြေထုတ်မလဲဆိုတာကို ဆရာဝန်လေးနဲ့ နာမည်ကျော်တို့ရဲ့ ဒီဇာတ်လမ်းမှာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Su Myat, Char Ou, Thant တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File ...

To Be Continued (2024)

2024
Twist of Fate (2024) 5
Twist of Fate (2024) သဲသောင်ယံဝယ် (၂၀၂၄)တဝမ်နဲ့ထိဝါက မိသားစုပြိုကွဲရင်း ကွဲကွာခဲ့ရတဲ့အမြွှာတွေပါ မိဘချင်းနားလည်မှုကွဲလွဲခဲ့ပြီး သူတို့ချင်း အမြွှာရှိနေမှန်းတောင် မသိခဲ့ကြသူတွေပါ အဖေ့လက်ထဲကြီးလာတဲ့ ရဲအုပ်ထိဝါနဲ့ အမေ့အုပ်ချုပ်မှုအောက်မှာ ရှိခဲ့ရတဲ့စီးပွါးရေးသမားတဝမ်တို့ဟာ ဝီးမာလာကိုချစ်မိတာကနေ ပြန်ဆုံဆည်းဖို့ဖြစ်လာကြရာမှာတော့ဝီးချစ်သူအဖြစ်ရှိနေပြီးသား ထိဝါနဲ့ တဝမ်လို ဝီး ဒုက္ခရောက်ချိန်မှ တွေ့ရတဲ့သူကြားမှာ ဝီးတစ်ယောက် အဆုံးသတ်ကျ ဘယ်သူ့ကိုရွေးချယ်ခဲ့မလဲစိတ်ဝင်စားစရာ အမြွှာဇာတ်ကားလေး “သဲသောင်ယံဝယ်”မှာပဲ ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size…  500MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, Lei Wutyi Tun, Fake Love Encoder ..... Aaron720pEpisode 01 - ...
5
TMDb: 5/10 1 votes
tv

Twist of Fate (2024)

2024
Angels Fall Sometimes
Angels Fall Sometimes Lin Yi ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် March လကတော့ တကယ်ကိုပျော်စရာအကောင်းဆုံးလဖြစ်နေတော့မှာပါပဲ ။ Every one loves me ကိုပြနေတုန်းမှာပဲလင်ယိကောကောရဲ့ Angels fall sometime ဆိုတဲ့နောက်ထပ်ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပြန်ပါပြီ ။ ဒီကားလေးထဲမှာ လင်ယိက Lin Tuo ဆိုတဲ့ကောင်လေးအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ -Lin Tuo ဆိုတဲ့ကောင်လေးက သူ့ရဲ့လူငယ်ဘဝအစပြုနေတဲ့အချိန်မှာ ဂျူနီယာနှစ်နွေရာသီအလုပ်သင်ခေါ်ယူခြင်း အစီအစဉ်မှာ ပါဝင်ရင်း An Zhi Yue ဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ် ။နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့ကြပါတယ် ။ဒီလိုနဲ့ ဘွဲ့ယူရမဲ့အချိန်ကလည်းနီးလာပြီး နှစ်ယောက်လုံးကလည်း ခံစားချက်တွေတည်ဆောက်ရင်းတကယ့်လက်တွေ့ဘဝထဲမှာ အလုပ်တွေလုပ်ရင်းနဲ့ အနာဂတ်ကိုပုံဖော်အစပျိုးနေကြတဲ့အချိန်ပေါ့ ။ဒါပေမဲ့ ဘဝကအမြဲတမ်း သာယာမနေတတ်ခဲ့ပါဘူး ။ အရာအားလုံးအဆင်ပြေနေပြီလို့ထင်နေတဲ့အချိန်မှာပဲ Lin Tuo မှာ ALS လို့ခေါ်တဲ့ အာရုံကြောရောဂါတစ်မျိုးရှိနေကြောင်းဆေးစစ်ချက်အဖြေထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့ စိတ်ဓာတ်မာကျောတဲ့ Lin ...

Angels Fall Sometimes

2024
Legend of the Hidden Land (2024)
Legend of the Hidden Land (2024) လျှို့ဝှက်ကျွန်း ရဲ့ ဒဏ္ဍာရီ (၂၀၂၄)ဘန်ဘွန်တိုင်းပြည်ခေါ်တဲ့ မှော်၀င်တိုင်းပြည်ကြီးမှာ နယ်နိမိတ် လေးခုနဲ့ ဖွဲ့စည်းထားပါတယ် မြွေဘုရင် ဆင်ဘုရင် သိမ်းငှက်ဘုရင်နဲ့ ကျွဲရိုင်းဘုရင်တို့က အသီးသီးအုပ်ချုပ်ကြပါတယ် ဘုရင် လေးယောက်မှာ မြွေဘုရင်က ရတနာကိုးပါးစီမံထားတဲ့ နုတ်ဖရတ်တုတ်တံကို ပိုင်ဆိုင်ခွင့်ရထားပါတယ် ဒါကြောင့် ဘန်ဘွန်တိုင်းပြည်မှာ မြွေဘုရင်က အင်အားအကြီးဆုံးဖြစ်ပါတယ် ကျန်သော ဘုရင်သုံးပါကလည်း နုတ်ဖရတ်တုတ်တံကို ပိုင်ဆိုင်လိုစိတ် ရှိကြပါတယ် ထိုထဲမှာမှ သိမ်းငှက်ဘုရင်က အဆိုးဆုံးပါ ‌နုတ်ဖရတ်တုတ်တံကို လုယူဖို့ နှစ်ပေါင်းများစွာ ကြံစည်ခဲ့ပါတယ် တစ်နေ့မှာ သိမ်းငှက်ဘုရင်က သူ့သားဖ့စ်တဲ့ ခမ်းဖာကို မြွေဘုရင်ရဲ့ သမီးနာရင်နဲ့ ချစ်ကြိုက်စေဖို့ မြွေအသွင်ဖန်ဆင်းပြီး စေလွှတ်ခဲ့ပါတယ် နာရင်နဲ့ ချစ်ကြိုက်သွားပြီးနောက် နာရင်မှာကိုယ်၀န်ရှိခဲ့ပါတယ် ခမ်းဖာတစ်ယောက် သူ့အဖေ လုယူခိုင်းတဲ့ နုတ်ဖရတ်တုတ်တံကို လုယူဖို့ ဆုံးဖြတ်ချက်တွေ မပြတ်သားခဲ့ပါဘူး ဒီအကြောင်းကို သိမ်းငှက်ဘုရင်တို့ အုပ်စု သိသွားတော့ မြွေဘုရင်နယ်မြေကို လာတိုက်ခိုက်ပါတော့တယ် မြွေဘုရင်က နုတ်ဖရတ်တုတ်တံကို သိမ်းငှက်ဘုရင်ကို မပိုင်ဆ်ုင်စေလိုသောကြောင့် နေရောင်ခြည်ရဲ့ အလင်းတန်းနှင့် တုတ်တံကို ဖျက်စီးပစ်ခဲ့ပါတယ် တုတ်တံထဲက ရတနာကိုးပါးလည်း ပေါက်ကွဲထွက်သွားပြီး နေရာအနှံ့ကိုရောက်သွားပါတယ် နုတ်ဖရတ်တုတ်တံကို အရင်လည်း ရတနာကိုးပါနဲ့စုစည်းနိုင်မယ့်သူက နာရင်မွေးလာမယ့် ...

Legend of the Hidden Land (2024)

2024
The Midnight Studio (2024)
The Midnight Studio (2024) The Midnight Studio (2024)***************************အပိုင်းသစ် (၃)Hotel Deluna လိုမျိုး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းလေး စောင့်မျှော်နေကြတဲ့သူတွေအတွက် ဇာတ်လမ်းတွဲအသစ်လေး ထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်းSeo KiJoo က သေးငယ်တဲ့ ဓာတ်ပုံစတူဒီယိုလေးတစ်ခု ဖွင့်လှစ်ထားတဲ့ ဓာတ်ပုံဆရာလေးဖြစ်ပြီးတော့ စတူဒီယိုရဲ့ ၇ယောက်မြောက် ပိုင်ရှင်ဖြစ်ပါတယ်။ထူးခြားချက်ကတော့ အဲဒီဓာတ်ပုံစတူဒီယိုလေးက လူသားတွေအတွက် မဟုတ်ဘဲ တစ္ဆေသရဲတွေအတွက် ဖွင့်လှစ်ထားတယ်ဆိုတာပါပဲ။KiJoo က သေဆုံးပြီးနောက် သူ့ဆိုင်ကို ရောက်ရှိလာတဲ့ ဝိဉာဥ်တွေကို ဘဝခရီးရဲ့နောက်ဆုံးပုံလေး ရိုက်ကူးပေးလေ့ရှိပါတယ်။Ki Joo တို့ရဲ့ Midnight Photo Studio လေးမှာ လက်ထောက်မန်နေဂျာဂိုနဲ့ Baek NamGu လို့ခေါ်တဲ့ ဝန်ထမ်းလေးနှစ်ယောက်ရှိပါတယ်။လက်ထောက်မန်နေဂျာဂိုကတော့ စတူဒီယိုအတွက် ဖောက်သည်အဖြစ် တစ္ဆေသရဲတွေကိုခေါ်ဆောင်လာဖို့ တာဝန်ယူထားပြီးNam Gu ကတော့ စတူဒီယိုနဲ့ပတ်သတ်သမျှ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးတဲ့သူဖြစ်ပါတယ်။Han Bom ဆိုတဲ့ ရှေ့နေမလေးကတော့ အလုပ်ကြိုးစားသူဖြစ်ပြီး မတရားမှုကို သည်းမခံတတ်တဲ့သူလေးဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ...

The Midnight Studio (2024)

2024
Beauty Newbie (2024)
Beauty Newbie (2024) အလှတရားတစ်ခု မွေးဖွားခြင်း (၂၀၂၄)Win Metawin နဲ့ Baifernတို့ Main castအဖြစ်နဲ့ပွဲထွက်လာလို့ ရိသတ်ကြား အပြောများနေတဲ့ Beauty NewbieStory ကလည်း My ID is Gangnam beautyဆိုတဲ့ ဝက်ဝက်ကွဲအောင်မြင်ထားတဲ့ k- drama remake ဆိုတော့ cast‌ ရော storyပါ မိမိုက်နေတဲ့ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါပြီ။နှလုံးသားအလှက အရေးအကြီးဆုံးပါလို့ပြောနေပေမဲ့ အပြင်ပန်းရုပ်ရည်ကို အလေးပေးတာကပိုများနေတဲ့လောကကြီးမှာ သာမန်ရုပ်ရည်နဲ့Liuကတော့ လူတကာရဲ့အနိုင်ကျင့်ခံ နင်းပြားသာသာပေါ့ဒီလိုဒုက္ခတွင်းက လွတ်မြောက်ဖို့အတွက် Liuရွေးချယ်လိုက်တဲ့လမ်းကတော့ plastic surgeryဒါပေမဲ့ plastic surgeryကြောင့် ပြီးပြည့်စုံလွန်းတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားရပြန်တော့ ကြိတ်မနာလိုနေတဲ့BFFအယောင်ဆောင် သူငယ်ချင်းFaye အပါအဝင် မနာလိုသူတွေရဲ့ပစ်မှတ်ဖြစ်လာပြန်တဲ့အခါ....တစ်ချိန်က အိပ်မက်ဆိုးတွေလိုအဖြစ်မျိုး ဒုတိယအကြိမ်ကြုံလာရချိန်မှာတော့ ငယ်စဉ်က ကျောင်းတူတူတက်ခဲ့ပြီး သူ့ကိုအနိုင်ကျင့်တဲ့သူတွေနဲ့အတူတူလို့ Liuသတ်မှတ်ခဲ့တဲ့Guyဆိုတဲ့ကောင်လေးက သူ့ကို ကာကွယ်မယ့်သူဖြစ်နေချိန်မှာ ဘာတွေဆက်ဖြစ်မလဲ ရှုစားကြပါဦးအညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Hmwe, Mary, Blue တို့ပဲ ဖြစ်ပါတယ်။Genre..... ...

Beauty Newbie (2024)

Wedding Impossible (2024)
Wedding Impossible (2024) Wedding Impossible (2024)****************************အပိုင်းသစ် (၇) ဒီဇာတ်လမ်းတွဲလေးကတော့ Under the Queen's Umbrella,Duty after school ထဲက မင်းသား Moon Sang Min နဲ့Ballerina, Call ထဲက မင်းသမီး Jeon Jong Seo တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်မြူးကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း...Na Ah Jeong (Jeon Jong Seo)ဟာ အရည်အချင်းရှိပေမဲ့အသိအမှတ်ပြုမခံရတဲ့ ဇာတ်ရံမင်းသမီး‌တစ်ယောက်ပါ။သူမမှာ ၁၅နှစ်ကြာ ရင်းနှီးလာတဲ့ Lee Do Hanဆိုတဲ့ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။Lee Do Han (Kim Do Wan)ကတော့ LJ လုပ်ငန်းစုရဲ့သားကြီးဖြစ်ပြီးမိသားစုရဲ့ လက်ထပ်ဖို့ တွန်းအားပေးမှုကို ခံနေရပေမဲ့သူ့မှာ လက်မထပ်နိုင်တဲ့လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ဒါကြောင့်လည်း သူ့ သူငယ်ချင်းမလေးကို ဟန်ဆောင်လက်ထပ်ဖို့အကူအညီတောင်းပါတော့တယ်။Lee Ji Han (Moon Sang Min)ကတော့ LJလုပ်ငန်းစုရဲ့ သားငယ်ဖြစ်ပြီးသူ့အစ်ကိုကို LJလုပ်ငန်းစုရဲ့ ဆက်ခံသူဖြစ်လာစေချင်နေတဲ့သူပါ။ဒါပေမဲ့ ...

Wedding Impossible (2024)

2024
The Legend of ShenLi
The Legend of ShenLi ရှေးခေတ်က နတ်ဘုရားများစွာ သေဆုံးသွားပြီးတဲ့နောက်တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"ဟာရှင်ယွင်ဆိုတဲ့နာမည်နဲ့ လူသားမျိုးနွယ်ခန္ဓာကိုယ်ကို သုံးပြီး လူ့ပြည်မှာတစ်ကိုယ်တည်း ဇာတ်မြှုပ်ကာ အသက်ရှင်နေထိုင်လျက်ရှိပါတယ်။တစ်ဖက်မှာ ဝိညာဥ်လောကမှ ကျောက်စိမ်းသခင် "ရှန်လီ"ဟာသူမရဲ့အသက်တစ်ထောင်ပြည့်မွေးနေ့မှာ ထိမ်းမြားဖို့ စီစဥ်ခံရတာကြောင့်ထွက်ပြေးရာမှ တိုက်ခိုက်ခံရပြီး မူလဇာမဏီငှက်ပုံသဏ္ဍာန် ပြန်ဖြစ်သွားခဲ့ပါတယ်။ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ လူ့ပြည်ကိုကျသွားတဲ့ "ရှန်လီ"ဟာ ‌ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"နဲ့ လူ့ပြည်မှာ မတော်တဆဆုံတွေ့ဆုံခဲ့ရာမှာ သူတို့နှစ်ဦးကြားမှာချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ လောကကြီးရဲ့ ငြိမ်းချမ်းမှုနဲ့အရာခပ်သိမ်းကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ ရှေးဟောင်းနတ်ဘုရား ရှင်ကျစ်နဲ့မျိုးနွယ်စုတစ်ခုလုံးကို ကာကွယ်ဖို့ တာဝန်ရှိသလို ကြီးမားတဲ့ တာဝန်တွေကိုပုခုံးပေါ် ထမ်းထားရတဲ့ ဇာမဏီအရှင်မ "ရှန်လီ"တို့ သမိုင်းပေးတာဝန်တွေနဲ့ချစ်ခြင်းမေတ္တာကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမှာလဲ အဆုံးမှာတစ်ဦးနဲ့တစ်ဦး ပေါင်းဖက်ရပါ့မလားဆိုတာတော့ CM ပရိသတ်ကြီး စောင့်မျှော်အားပေးကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Fantasy Runtime : ...

The Legend of ShenLi

2024
A Sign of Affection (2024) 8
A Sign of Affection (2024) A Sign of Affection (2024) (Original Title - Yubisaki to Renren) Genre – Anime, Comedy, Drama, Romance IMDB – 7.8/10 MyAnimeList – 8.3/10 ကျွန်မ ကမ္ဘာလေးထဲမှာ မွေးဖွားလာကတည်းက အသံတွေဆိုတာ မရှိခဲ့ပါဘူး…။ဟုတ်ပါတယ် ကျွန်မက ဆွံ့အနားမကြားတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်ပါ။နာမည်က Yuki တဲ့ ပြောရမယ်ဆို နှင်းစက်လေးပေါ့။အဲဒါကြောင့် စဉ်းစားမိသေးတယ် အချစ်ဆိုတာလည်းကောင်းကင်ပေါ်က ဆင်းသက်လာတဲ့ နှင်းစက်လေးတွေလိုအရည်ပျော်သွားသလားပေါ့လေ။ အချစ်အကြောင်းဆိုလို့ တစ်ရက်ကျ မီးရထားပေါ်မှာ စကားမပြောတတ်တဲ့ကျွန်မကို နိုင်ငံခြားသားတစ်ယောက်က လမ်းလာမေးပါလေရော…စကားမပြောနိုင်တဲ့လူမို့ လက်ဟန်ခြေဟန်နဲ့ ဒုက္ခရောက်နေတုန်းအရပ်ရှည်ရှည် ဆံပင်ငွေရောင်နဲ့ ယောက်ျားတစ်ယောက်ကကူညီပေးသွားခဲ့ပါတယ်။ သူ့ကို ကျွန်မရဲ့ လက်ဟန်ပြဘာသာစကားနဲ့ ကျေးဇူးတင်နေတုန်းမှာကျွန်မကို ထူးဆန်းတဲ့သတ္တဝါလေးတစ်ကောင်လိုတအံ့တသြနဲ့ စူးစူးစိုက်စိုက် ကြည့်သွားခဲ့ပြီး ခေါင်းကိုလည်းသာသာလေးပုတ်ခတ်သွားကာ နောက်မှတွေ့မယ်နော်ဆိုပြီးထွက်ခွာသွားချိန် ကျွန်မရဲ့ နှလုံးသားတစ်စုံလည်းသူနဲ့အတူတူ ပါသွားလေရဲ့…။ ဘာများဆက်ဖြစ်လာမလဲ နောက်ထပ်တွေ့ခွင့်ရှိမလားကျဉ်းမြောင်းတဲ့ကျွန်မရဲ့ ကမ္ဘာလေးက ကျယ်ပြန့်လာမလားနှင်းစက်တွေလိုပဲ အရည်ပျော်သွားမှာလား ဆိုတာကတော့…..။ရိုမန်တစ်ဆန်တာမျိုး ကြည့်ချင်သပဆိုတဲ့လူများ ...
8
TMDb: 8/10 4 votes
tv

A Sign of Affection (2024)

2024
One Piece(1999) 8.712
One Piece(1999)  IMDb 8.9/10 Crunchyroll 4.9/5 MyAnineList 8.7/10 ဂျပန်ကာတွန်း​တွေရဲ့ကြီးသုံးကြီးမှာပါတဲ့ one pieceဟာစထွက်ရာက​နေအခုထိ ပရိသတ်​တွေတိုးပွား​နေဆဲပါ။ဂျပန်ကာတွန်း​တွေထဲမှာ​ berserkတို့၊ AoTတို့ဆိုရင် ဇာတ်လမ်းပိုင်းအ​ကောင်းဆုံး​တွေလို့သတ်မှတ်ကြသလိုပဲ one pieceကိုလည်းအ​ကောင်းဆုံး adventureစီးရီး၊ mangaကို animeအဖြစ်အသက်သွင်းတဲ့​နေရာမှာလည်း one pieceက အ​ကောင်းဆုံးလို့​ပြောရင်မှားမယ်မထင်ပါဘူး။ ပြီး​တော့ ဒီစီးရီးဘယ်​လောက်​တောင်​ကောင်းလဲညွှန်းရမယ်ဆိုရင် အပိုင်း၁​ထောင်​ကျော်​နေပြီဆို​ပေမဲ့ one piece fan​တွေဟာ ဇာတ်လမ်းပြီးမှာ​တောင် စိုးရိမ်မိကြတဲ့အထိ လွှမ်းမိုးနိုင်​နေတာပါ။ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ချမ်းသာမှု၊ ​ကျော်ကြားမှု၊ သြဇာရှိမှု​တွေကို ပိုင်ဆိုင်တဲ့ ​ပင်လယ်ဓါးပြ​ဘုရင်ကြီးကို ​ရေတပ်ကဖမ်းဆီးပြီး ကွပ်မျက်ဖို့လုပ်ခဲ့ပါတယ်။မကွပ်မျက်ခင်မှာ ကွပ်မျက်ပွဲကိုလာကြည့်တဲ့ လူ​တွေထဲက​နေ ​ကျော်ကြီးဟာ ပင်လယ်ဓါးပြဘုရင်ကြီးကို​မေးခွန်းတစ်ခုလှမ်း​မေးခဲ့ပါတယ်။"ဘဲကြီးခင်ဗျားပိုင်တဲ့ရတနာ​တွေဘယ်မှာထားခဲ့လဲ။ one pieceဆိုတာ​​ရောတကယ်ရှိလား""သိပ်ရှိတာ​ပေါ့။ ညိုကီ​ရာငါပိုင်ဆိုင်တဲ့ရတနာ​တွေကိုအဲ့ဒီ​နေရာမှာထားခဲ့ခဲ့....ဗျစ်"ဆိုပြီး​ပြော​နေတုန်းမှာ ​ရေတပ်ကကွပ်မျက်ခဲ့တာ​ကြောင့် စကား​တောင်မဆုံးခဲ့ရှာပါဘူး။ဒါ​ပေမဲ့ one pieceရှိတယ်ဆိုတာကိုအတည်ပြုခဲ့တာ​ကြောင့်ပင်လယ်ထဲကိုလူ​တွေအသီးသီးထွက်ကုန်တာ​ကြောင့် ပင်လယ်ဓါးပြ​ခေတ်ကြီးတ​ခေတ်ထလာခဲ့ပါ​တော့တယ်။ အဲ့ဒီလူ​တွေထဲမှာငဖီဆို​တော့ အ​ရှေ့ပင်လယ်ပြာက ​တောသား​လေးလည်းပါပြီးပင်လယ်ထဲရွက်လွှင့်ကာ ပင်လယ်ဓါးပြအဖွဲ့ဖွဲ့ဖို့ အဖွဲ့သားသစ်​တွေစု​ဆောင်းရာက​နေ one pieceဆိုတဲ့မဟာဇာတ်ထုပ်ကြီးဖြစ်​​ပေါ်လာပါ​တော့တယ်..... File Size –  336MB/173MB  @EpisodeQuality – 720p / 1080pDuration ...
8.712
TMDb: 8.712/10 3524 votes
tv

One Piece(1999)

1999
Ninja Kamui (2024) 10
Ninja Kamui (2024) အပိုင်း ၁ ရဲ့ ပထမဆုံး Fight Scene နဲ့တင် ကြွေဆင်းပြီး အသည်းခိုက်သွားမယ့်အမိုက်စား Anime စီးရီးအသစ် လာပြီဗျာ…။ချတဲ့အခန်းတွေဆို သောက်ရမ်းတွေမိုက်ပြီး ရုပ်လုံးတွေကြွလို့Animation တွေလန်းလို့ ဒါရိုက်တာ ဘယ်သူများလဲ အောက်မေ့တယ်Jujutsu Kaisen 0 ရုပ်ရှင်ကို ရိုက်ထားတဲ့ Sunghoo Park ဖြစ်နေတယ်။လောလောလတ်လတ် အသစ်ထွက်ထားတာဖြစ်ပြီးတစ်ပတ် ၁ ပိုင်းအနေနဲ့ ၁၂ ပိုင်း ထွက်မယ်တဲ့ဗျာ..။ဇာတ်လမ်းကတော့ အကျဉ်းချုံးပြောရမယ်ဆို အမေရိကန်မှာအဖေရယ် အမေရယ် သားလေးတစ်ယောက်ရယ်အေးဆေးနေနေတဲ့ မိသားစုလေး ရှိတယ်။အဲဒီအချိန်မှာ ပက်ပက်စက်စက် အသတ်ခံထားရတဲ့လူသတ်မှုတွေကလည်း နိုင်ငံတလွှား ဖြစ်ပျက်နေတာပေါ့။ဒီလိုနဲ့ တစ်ညကျတော့ အေးချမ်းစွာ နေနေတဲ့ မိသားစုလေးဆီကိုလုပ်ကြံရေးသမား နင်ဂျာကောင်တွေလာပြီးတစ်မိသားစုလုံးကို သတ်သွားခဲ့တယ်။ ဒါပေမဲ့ ဘဲကြီးက သေပြီဆိုပြီးမှ ထူးထူးခြားခြား ပြန်ပြီးအသက်ရှင်လာတဲ့အခါမှာတော့ သူ့ မိသားစုကို ရက်ရက်စက်စက်သတ်သွားတဲ့နင်ဂျာကောင်တွေကို ကမ္ဘာမြေအဆုံးလိုက်ဖြုတ်တာကို ရှယ်အလန်း ကြည့်ရမှာပါ။လက်ရှိအပိုင်း ၁ မှာတော့ ...
10
TMDb: 10/10 3 votes
tv

Ninja Kamui (2024)

2024
Burning Flames
Burning Flames ဒီတစ်ခါမှာ CM ပရိသတ်တွေကော Ren Jia Lun ပရိသတ်တို့အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Wu Geng Ji ဆိုတဲ့ Anime ကိုပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ မီးလျှံကြားမှသူရဲကောင်းဝူကန်း ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းရာကတော့ လူ့ပြည်မှာအလွန်အေးချမ်းသာယာလွန်းလှတဲ့ ရှင်းတိုင်းပြည်မှာ ဝူကန်းဆိုတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ ဒီလိုအေးချမ်းသာယာလွန်းတဲ့ ရှင်းတိုင်းပြည်ကိုတနေ့မှာတော့ ကံဆိုးခြင်းပေါင်းများစွာသယ်ဆောင်လာခဲ့ပါတော့တယ်။ ဒါကတော့ လူသားဆိုတာကထာဝရနတ်မျိုးနွယ်ရဲ့ ကျေးကျွန်လို့ခံယူထားကြတဲ့နတ်မျိုးနွယ်တွေကရှင်းတိုင်းပြည်ကိုလာခြယ်လှယ်ကြရင်းသွေးချောင်းစီးတဲ့ စစ်ပွဲဖြစ်ခဲ့ကြတယ်။ စစ်မြေပြင်မှာတင် ဝူကန်းရဲ့ခမည်းတော်ဘုရင်က နတ်ရွာစံသွားပြီးဝူကန်းရဲ့မယ်တော်ကတော့ နတ်စွမ်းအားပိုင်ဆိုင်ထားတဲ့လူသားမျိုးနွယ်စုဝင်ဖြစ်တာကြောင့် သူ မသေဆုံးခင်မှာဝူကန်းကိုနတ်စွမ်းအားတွေလွှဲပေးခဲ့တယ်။ ဒီလိုနဲ့တိုင်းပြည်ပျက်သုဉ်းသွားတဲ့အခါ ဝူကန်းဟာတိုင်းပြည်မင်းသားဘဝကနေအနိမ့်ကျဆုံးအစေခံဘဝထိရောက်သွားပြီး ခက်ခဲကြမ်းတမ်းစွာရုန်းကန်းနေပေမဲ့လည်း တိုင်းပြည်ပျက်သုဉ်းပြီးမိဘနှစ်ပါးသေဆုံးခဲ့တဲ့ရန်ငြိုးကတော့မပျက်ပြယ်ပဲ ခိုင်မာတည်ရှိနေခဲ့တယ်။ဒီရန်ငြိုးကိုလက်စားချေဖို့ရာ ဝူကန်းကအဖိုးဖြစ်သူ ဖူရှီးနောက်လိုက်ပြီးသိုင်းပညာတွေကော နတ်စွမ်းအားတွေကိုပါ ကျင့်ကြံလေ့ကျင့်အားထုတ်ခဲ့တယ်။ ဒီလိုလေ့ကျင့်ရင်းနဲ့သနားကြင်နာတတ်တဲ့ ပိုင်ချိုက်မိန်းကလေးနဲ့ ဝူကန်းရဲ့ဦးလေးဖြစ်သူ ကျီယွီတို့သင်ပေးမှုအောက်မှာ အန္တရာယ်အခက်အခဲဘေးဒုက္ခတွေအတူတူရင်ဆိုင်ဖြေရှင်းကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။လူ့ပြည်နဲ့နတ်ပြည်စစ်ပွဲကြီးဘယ်လိုအဆုံးသတ်လိုက်ကြမလဲ။ မိဘနှစ်ပါးနှင့်တိုင်းပြည်ပါ ဆုံးရူံးရတဲ့ရန်ငြိုးကိုဘယ်လိုလက်စားချေကြမလဲ။ ပျက်သုဉ်းသွားတဲ့အမိတိုင်းပြည်ကို ဘယ်လိုပြန်တည်ထောင်မလဲစတဲ့ အမိုက်စားဇာတ်ကွက်တွေနှင့်သာမက သိုင်းလောကပရိသတ်တွေအကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်။====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Action, Fantasy, Mystery Runtime : 45 min Subtitle : Myanmar ...

Burning Flames

2024
In Blossom (2024)
In Blossom (2024) 2024 အတွက် မျှော်လင့်ရတဲ့ Ongoing ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ In Blossom လေးကို CM မှဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့-ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးဖြစ်တဲ့ ဖန်းယွဲ့(Liu Xue Yi) ဟာ လူတိုင်းက မုန်းတီးနေတဲ့ ယန်ချိုင်ဝေး(Ju Jing Yi) ကို လက်ထပ်ယူခဲ့ပါတယ်။ မင်္ဂလာပွဲနေ့မှာပဲ ယန်ချိုင်ဝေးက အသတ်ခံလိုက်ရပြီး သူ့ကိုသတ်တယ်လို့ သံသယဖြစ်ခံရတဲ့သူက ဖန်းယွဲ့ဖြစ်နေပါတယ်။ သေရွာကပြန်လာတဲ့ ယန်ချိုင်ဝေးဟာ ရှန့်ကွမ်းကျီ အနေနဲ့ ပြန်လာခဲ့ပြီး ဖန်းယွဲ့ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ဒါပေမဲ့ အမှုဟောင်းတွေ တစ်ခုချင်းစီကို စုံစမ်းဖြေရှင်းခဲ့တဲ့ တစ်လျှောက်မှာ သူတို့နှစ်ယောက်ရဲ့ နှလုံးသားချင်း ပြန်နီးကပ်သွားခဲ့ပါတယ်။ ယန်ချိုင်ဝေးကလည်း သူ့ကိုသတ်တဲ့ တရားခံက တခြားလူ ဖြစ်ပြီး ဖန်းယွဲ့က သူ့ကို တကယ်ချစ်မြတ်နိုးခဲ့တာကို သိခဲ့ရပါတယ်။ တရားခံ အစစ်က ဘယ်သူ ဖြစ်မလဲ...... သူတို့ နှစ်ယောက်ကို ဒုက္ခပေးနေတဲ့ နောက်ကွယ်က လူကရော ဘယ်သူ ဖြစ်မလဲ......ဆိုတာကို မင်းသမီးချောလေး Ju ...

In Blossom (2024)

2024
Grudge: The Revolt of Gumiho (2010) 4.5
Grudge: The Revolt of Gumiho (2010) Grudge: The Revolt of Gumiho (2010) ***********************************စ/ဆုံး ဒီတစ်ခါ Channel Myanmar ကနေ တင်ဆက်ပေမဲ့ drama လေးကတော့ supernatural နဲ့ historical movie genre ကြိုက်သူတွေအကြိုက်ဖြစ်နိုင်လောက်မဲ့ ဂျိုဆွန်းခေတ်အခြေတည်ထားတဲ့ Grudge: The Revolt of Gumiho (2010) ကားလေးပဲ ဖြစ်ပါတယ် ဒီကားက မင်မင်တို့ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ကားလေးတစ်ကားပါ ဒီဇာတ်လမ်းထဲမှာ MY DEMON ထဲ အသည်းကျော်လေး YOO JUNG ပေါက်စကိုလည်း မြင်ကြရဦးမှာပါ အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့ကတော့ မင်းသမီးကြီး Han Da Gam မင်းသမီးအငယ်လေးနှစ်ယောက်ဖြစ်တဲ့ Kim Yoo Jung, Seo Shin Ae, မင်းသားကြီး Jang Hyun Sung တို့နဲ့အတူ အခြား နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်း _______________ခင်ပွန်းဖြစ်သူ လူသားတစ်ယောက်ရဲ့ ကတိမတည်မှုကြောင့် လူသားတစ်ယောက်ဖြစ်နိုင်မဲ့ အခွင့်အရေးကို ဆုံးရှုံးလိုက်ရတဲ့ ဂူမီဟိုမလေး ဂူဆန်း(Han Da Gam)နဲ့ ...
4.5
TMDb: 4.5/10 2 votes
tv

Grudge: The Revolt of Gumiho (2010)

2010
Tokyo Vice (2024) Season 2 7.8
Tokyo Vice (2024) Season 2 Tokyo Vice [Season 2](Season 1 ကြည့်ဖို့ လိုပါသည်)Tokyo Vice ဆိုတာကတော့ စာရေးဆရာ Jake Adelstein ရဲ့ စာအုပ်ကို ဇာတ်လမ်း ပြန်ဖန်တီးထားတဲ့ IMDb 8 တောင် ရရှိထားတဲ့ Crime/Drama စီးရီးကောင်းတစ်ခုပါ။The Fault in Our Stars, Baby Driver အစရှိတဲ့ နာမည်ကြီး ဇာတ်လမ်းတွေမှာ ပါဝင်ဖူးသူ မင်းသား Ansel Elgort က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ဂျိတ်ဆိုတဲ့ အနောက်တိုင်းသားတစ်ယောက်က ဂျပန်နိုင်ငံ တိုကျိုမြို့ကို သတင်းထောက်တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ ရောက်လာရင်းက ရာကူဇာဂိုဏ်းတွေရဲ့ နောက်ကြောင်းသတင်းတွေကို လိုက်မိရင်း ပြဿနာတွေ ရှုပ်တာမျိုးပါ။ယခု စီစန် ၂မှာတော့ စီစန် ၁ တုန်းက လိုက်စုံစမ်းခဲ့တဲ့ ရာကူဇာတသ်ယောက်ရဲ့ သတင်းကို ဖော်နိုင်ခါနီး အခြေအနေနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒါပေမဲ့လည်း သိတဲ့အတိုင်း ဒုစရိုက်သားတို့ရဲ့ သက်ဆိုးရှည်တတ်တဲ့ထုံးစံအတိုင်း ...
7.8
TMDb: 7.8/10 162 votes
tv

Tokyo Vice (2024) Season 2

2024

Sponsored

Genres

Archives