Sisu movieက ဖင်လန်ကွန်မန်ဒိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့
Jorma Tommilaနဲ့ Schützeအဖြစ်သရုပ်ဆောင်ခဲ့တဲ့သားဖြစ်သူ
Onni Tommila တို့ရဲ့ သားအဖနှစ်ယောက်သရုပ်ဆောင်ထားတဲ့
ခရစ်စမတ်အချိန်အခါ သည်းထိတ်ရင်ဖိုဇာတ်ကားတခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်။
အချိန်ကတော့ ခရစ်စမတ်မတိုင်ခင် ၂၄ရက်အလိုမှာပေါ့။ဥရောပ
မြောက်ပိုင်း စကန်ဒီနေးဗီးယားနိုင်ငံတွေရဲ့အာတိတ်စက်ဝိုင်းနဲ့
အနီးဆုံးဖြစ်တဲ့ လက်ပ်လန်းဆိုတဲ့ဒေသ။ အထူးသဖြင့် ဖင်လန်နိုင်ငံနဲ့
ရုရှားနိုင်ငံတို့ကြားကကော်ဗာ တွန်တူရီဆိုတဲ့တောင်မှာ တူးဖော်
နေကြတဲ့အမေရိကန်-ဗြိတိန်အဖွဲ့က ဒေသခံ ဆာမီလူမျိုးတွေရဲ့
ရှေးဟောင်းသင်္ချိုင်းတခုကိုရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ကိုချောင်းကြည့်
နေခဲ့တာက ပီရဲတာရီနဲ့ ဂျူးဆိုဆိုတဲ့ ကောင်လေးနှစ်ယောက်။
ပီရဲတာရီယုံကြည်ထားတာ ဒီတောင်ဟာဆာမီလူမျိုးတွေက ဆိုးသွမ်းတဲ့
ကလေးတွေကိုနှိပ်စက်တတ်တဲ့ ဆန်တာ ကလော့အစစ်အမှန်ကို
ဖမ်းဆီး မြေမြှုပ်ထားတဲ့နေရာပဲ။ တောင်ပေါ်ကတူးဖော်နေတာတွေရပ်သွားတဲ့
အချိန်မှာပဲသူ့ရဲ့ရွာနားမှာ သမင်တွေအကုန်လုံးနီးပါးသေကြေနေတာတွေ
ပစ္စည်းတွေပျောက်ကုန်လာတာတွေကလေးတွေပျောက်ကုန်တာအပြင်
လူထူးလူဆန်းတယောက်ကိုပါ သူ့အဖေရဲ့ ထောင်ချောက်မှာမိလာတဲ့
အချိန်မှာတော့ပီရဲတာရီနဲ့ ပီရဲတာရီရဲ့အဖေတို့က ဒီကိစ္စကိုအဖြေရှာဖို့
ဖြစ်လာပါတော့တယ်။ သမင်တွေဘာလို့သေကုန်တာလဲ။
ဒီဖမ်းမိထားတဲ့သူကဘာလဲ။ကလေးတွေဘယ်ရောက်ကုန်တာလဲ။
တောင်ပေါ်မှာကဘာလို့တိတ်ဆိတ်သွားရတာလဲ။ဒီခရစ်စမတ်ကို
သူတို့တွေကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုRare Exports ဆိုတဲ့
ဒီဇာတ်ကားလေးမှာရှုစားပေးပါဦးခင်ဗျ။
File size…1.68GB / 727MB
Quality…Blu-Ray 1080p 5.1CH/ 720p
Format…mp4
Duration….1h 24m
Genre ….. Adventure , Fantasy , Horror
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Brackman
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။