Showdown at the Grand (2023)
~ Rotten Tomatoes – 100% ~
ငယ်ငယ်တည်းက မိသားစုအမွေအနှစ်ဖြစ်တဲ့ ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်ခံခဲ့ပြီး အမှတ်တရတွေပြည့်နေတဲ့ ဂန္ထ၀င်ရုပ်ရှင်ရုံကြီးကို တန်ဖိုးထား ဂုဏ်ယူတဲ့ ဂျော့ရှ်…
အချိန်တွေကြာလာတော့ စီးပွားရေးသိပ်အဆင်မပြေတော့ပေမဲ့ မစွန့်ပစ်ဘဲ ဆက်လက်ထိန်းသိမ်းခဲ့သူ။ ဂျော့ရှ်အကြိုက်ဆုံး အက်ရှင်ကားတွေရဲ့ ဇာတ်လိုက်ကျော်သူရဲကောင်းက ကလော့လုဟယ်လီဒေးဖြစ်ပြီး သူပါသမျှရုပ်ရှင်တိုင်း မလွတ်တမ်းကြည့်ခဲ့ပြီး ပစ္စည်းတွေပါ စုဆောင်းထားပါတယ်။
ပြသာနာက အဖွဲ့အစည်းတစ်ခုက ဂျော့ရှ်တို့ရပ်ကွက်မှာ ခေတ်မီ Facilities တွေ အရာအားလုံးပါ၀င်တဲ့ အိမ်ရာစီမံကိန်းလိုမျိုးဆောက်ဖို့ စီစဉ်တာကနေ စပါတယ်။ ဂျော့ရှ်ရဲ့ရုပ်ရှင်ရုံရော အနားတစ်ဝိုက်က နေရာတွေကိုပါ ၀ယ်ပြီး ဖယ်ခိုင်းတာကြောင့်ပါ။ ဂျော့ရှ်က သူ့အတွက်အရာရာဖြစ်တဲ့ နေရာကိုမရောင်းဘူးငြင်းဆန်တဲ့အခါ… Developers တွေက နည်းမျိုးစုံသုံးပြီး ဖယ်ပေးအောင် ကြိုးပမ်းပါတော့တယ်။ ဂျော့ရှ်ကလည်း တစ်ဖက်မှာ သူ့ရုံလူ၀င်အောင် သူ့ရဲ့သူရဲကောင်းကြီး ဟယ်လီဒေးကို မရရအောင် ဖိတ်ခေါ်ခဲ့ပါတယ်။
ဟယ်လီဒေးရောက်လာတဲ့နေ့မှာပဲ ရန်သူတွေက ၀င်ရောက်အကြမ်းဖက်တဲ့အခါ ဂျော့ရှ်တစ်ယောက် သူ့ရဲ့ရုပ်ရှင်စတားနဲ့အတူ တိုက်ခိုက်ကာကွယ်တာကို ရှုစားရမှာပါ။ ဂျော့ရှ်က ရုပ်ရှင်ခရေဇီဖြစ်တဲ့အလျောက် တစ်ကားလုံး ဂန္ထ၀င်ရုပ်ရှင်ကားနာမည်တွေနဲ့ ဒိုင်ယာလော့တွေပါ ထည့်သုံးပြောသွားတာကိုပါ မြင်ရမှာဖြစ်ပါတယ်။
ပထမဆုံး War Machine ဖြစ်ခဲ့တဲ့ Terrence Howard အပြင် The Mentalist စီးရီးနဲ့ နာမည်ကျော်ခဲ့တဲ့ Amanda Righetti ကိုပါ ပြန်တွေ့ရမှာဖြစ်ပြီး ကိုယ်တွေကလေးဘဝတုန်းက ရုရှားအာနိုးလို့ ခေါ်ခဲ့ကြတဲ့ Dolph Lundgren ကြီးကိုလည်း ပြန်အားပေးနိုင်မယ့်ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 1.85GB, 800MB
Quality – 1080p, 720p
IMDb Rating – 5.4/10
Format – mp4
Duration – 1H 32Min
Genre – Action, Comedy
Subtitle – Myanmar Subtitle (Hardsub)
Translated by Shune Lai KK
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။